Chapter 100
(ရှန့်ကျန်း၏ အလုပ်ကိစ္စ)
သူ့အဖေကိုယ်တိုင် ဖြေရှင်းမည်ဆို၍ ဝေ့ရွှယ် ဝမ်းသာသွားသည်။ သို့သော် အပြင်ပန်းကမူ သူမက စိတ်ရှုပ်ဟန်ဆောင်ထားကာ
“ဒါပေမယ့် အဖေ၊ အစ်မ စုမုန့်က အစ်ကို့ကို အရမ်းသဘောကျတယ်...အရင်တုန်းက သူမက အစ်ကို့အနားမှာ အမြဲရှိနေဖို့ကလွဲလို့ ဘာကိုမှ မလိုချင်ခဲ့ဘူး...အခုတော့ ကွာရှင်းဖို့ သဘောတူလိုက်ပြီဆိုတော့ အစ်ကို နောင်တရအောင် ပညာပေးတာ ဖြစ်နိုင်တယ်"
“ပြီးတော့ အခုတစ်ခါသွားပြောရင် သူမက အစ်ကို့ကို မကွာပေးရင် ဘယ်လိုလုပ်မလဲ..သမီး သူမဆီကို နောက်ဆုံးသွားတုန်းက အစ်ကိုနဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတာ... ကွာရှင်းဖို့ မရည်ရွယ်ထားဘူးလို့တောင် ပြောတယ်”
ဝေ့ရွှယ် သည် ထိုနေ့က စုမုန့် နှင့် ဝေ့ထင်တို့ကြားမှ အဖြစ်အပျက်ကို ပြောပြလိုက်သည်။
သို့သော်၊ အဖေဝေ့က တစ်ထစ်ချ ပြောလေသည်။
“ဘာပဲဖြစ်ဖြစ် သူတို့ ကွဲကိုကွဲရမယ်"
စုမုန့်သည် နေ့ခင်းတစ်ခင်းလုံး အေးချမ်းစွာ အိပ်မောကျခဲ့ပြီး ညမှောင်လာမှ နိုးလာခဲ့သည်။သူမ အောက်ထပ်ကို မဆင်းခင် ရေအေးနှင့် ရေချိုးလိုက်၏။
ကောရှန်း ပြန်လာချိန်ကို သူမ မသိလိုက်။ယခု ကောရှန်းသည် ကောင်တာရှေ့မှာထိုင်ပြီး စာရင်းများ တွက်နေသည်။ရှန့်ကျန်းက ကောရှန်း နှင့်အတူ စာရင်းများကြည့်ရင်း ဘေးနားရှိ ပစ္စည်းများကို ခွဲထုတ်သည်။
နှစ်ယောက်စလုံး အောက်ထပ်မှ သူမ ဆင်းလာသံကို ကြားလိုက်ရပြီး အတူတူ ခေါင်းမော့လာကြသည်။
" မင်းအကြာကြီးအိပ်ထားတာ ဗိုက်ဆာနေမှာပေါ့၊ ကိုယ် မင်းအတွက် စားစရာတစ်ခုခု နွှေးပေးမယ်...ဒီတစ်ခါ အဘိုးက မင်းအတွက် ချက်ပေးထားတာ...အားလုံး မင်းအကြိုက်ချည်းပဲ"
ရှန့်ကျန်းသည် စုမုန့် အောက်ထပ်သို့ဆင်းလာသည်ကိုမြင်ပြီး ပြုံးပြုံးလေးနှုတ်ဆက်ပြီးနောက် မီးဖိုခန်းထဲသို့ ပြေးသွားခဲ့သည်။
စုမုန့် တစ်ကယ် ဗိုက်ဆာနေရသည်။ချက်ချင်းပင် သူမဗိုက်က အော်မြည်လာသဖြင့် ရှန့်ကျန်း၏ အလိုက်သိတတ်မူအတွက် အလွန်ကျေနပ်နေမိ၏။
ကောရှန်း သူ့လက်ထဲက စာရင်းစာအုပ်ကို ဘေးနားမှာ ချထားလိုက်ကာ သူမ နံဘေးသို့ လျှောက်သွားပြီး
“ ရှန့်ကျန်းက မင်းအကြောင်း ပြောပါတယ်... နေကောင်းရဲ့လား…ငါက ဈေးခဏသွားဝယ်တာ...ငါဝယ်ပြီးတာနဲ့ မင်းက အိပ်ပျော်နေပြီ...ငါ နှိုးတာ မရတာနဲ့ အိပ်ပါစေဆိုပြီး ထားလိုက်တာ"
စုမုန့်က ကောရှန်းအား ဝေ့ထင်နှင့်ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။သို့သော် စိုးရိမ်နေမည်စိုး၍ အန္တရာယ်များသောအပိုင်းတို့ကို ချန်လှပ်ထားခဲ့သည်။
“အစ်ကိုဟုန်မှာ ဒီလောက်ကိစ္စတွေ အများကြီးဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး”
သူမ သက်ပြင်းချရင်း ဆိုလိုက်၏။
“ဒီကလေးရဲ့ ကံကြမ္မာက မဆိုးပါဘူး... သူ့ဘဝရဲ့တစ်ဝက်မှာ အတားအဆီးတွေနဲ့ ပြည့်နှက်နေပေမယ့် အဲဒီအတားအဆီးတွေကို ကျော်ဖြတ်လိုက်ရင် ဒုတိယတစ်ဝက်ဟာ ချောမွေ့နေမှာပါ..."
ကောရှန်းကလည်း ဟုန်စစ်ကို ပထမဆုံးတွေ့တုန်းက သူခန့်မှန်းခဲ့သည့် ဖုန်းရွှေအဖြေကိုပြန်ပြောပြလိုက်သည်။
....
“အဲဒါ မဆိုးဘူး။”
ဟုန်စစ်ကို လင်းအိုက်က ခေါ်သွားကြောင်း စုမုန့် သတိရမိသည်။ဟုန်စစ်အပေါ် လင်းအိုက်၏ သဘောထားကို ကြည့်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးသည် မရိုးသားနိုင်ပေ။ဟုန်စစ်၏ဘဝအနာဂတ်သည် သူမ၏ဆရာပြောခဲ့သည့်အတိုင်း အမှန်တစ်ကယ်ဖြစ်ကောင်းဖြစ်နိုင်သည်။
နှစ်ယောက်သား စကားစမြည်ပြောဖြစ်ကြစဥ် ရှန့်ကျန်းက အစားအစာကို အမြန်နွှေးပြီး ယူလာပေးသည်။ ပြီးလျှင် ရှန့်ကျန်း သည် စုမုန့်ကို တချိန်လုံး ပြုံးစိစိ စိုက်ကြည့်နေ၍ သူမတောင် လန့်သွားသည်။
"ရှင် ပိုက်ဆံကောက်ရခဲ့တာလား ဒါမှမဟုတ် ကံကောင်းလာတာလား"
ဤအချက်နှစ်ချက်မှလွဲ၍ ရှန့်ကျန်း အား ဝမ်းသာစွာ ပြုံးနိုင်စေမည့် အခြားအရာများကို သူမ မတွေးတတ်ပေ။
“မဟုတ်ပါဘူး၊ တစ်ခုမှ မဟုတ်ပါဘူး”
ကောရှန်း သူ့ကို ကြောင်စီစီကြည့်လိုက်သည်။ရှန့်ကျန်း သူနှင့်အတူ တစ်နေ့လည်ခင်းလုံး ပုံမှန်အတိုင်းရှိနေသော်လည်း စုမုန့်ကိုတွေ့ပြီးနောက်မှ အချိုးပြောင်းနေခြင်းပင်။
“ပြုံးမနေနဲ့…ရှင် ဆက်ပြီးပြုံးနေရင် ကျွန်မအပြင်ထွက်ရင် ရှင့်ကိုမခေါ်တော့ဘူး”
စုမုန့်၏ခြိမ်းခြောက်မှုက တစ်ကယ်ထိရောက်၏။ရှန့်ကျန်း ထိုစကားကိုကြားသောအခါ အပြုံးရပ်လိုက်သည်။သို့သော် သူ့မျက်လုံးများက အလွန်ပျော်နေပြီး ရယ်ချင်နေကြောင်း ထင်ရှားနေသေးသည်။သူမ ထမင်းတောင်မစားနိုင်ဘဲ တူများကို ချလိုက်ပြီး မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာနှင့်
“ရှင် ဘာပြောစရာရှိလဲ ...ပြောသာပြော"
ရှန့်ကျန်း သူမ စကားကိုကြားသောအခါ သူ့အပြုံးက ပို၍ပင် ပီပြင်လာကာ ပါးစပ်က နားရွက်နားကို ရောက်လုနီးနီးပင်။သူက စုမုန့်အတွက် သစ်သီးဖျော်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး
"ကိုယ် ဆိုလိုချင်တာက တစ်ယောက်ယောက်ရှိခဲ့ရင်... သူ့အလုပ်က သိပ်အလေးအနက်ကြီး မဟုတ်ပေမယ့် သူ့ဖုန်းရွှေပြဿနာကို ဖြေရှင်းဖို့ တို့ကို ဖိတ်ခေါ်ချင်တာမျိုးကို လက်ခံမှာလား...ငွေကတော့ အများကြီးပေးမှာပါ...စိတ်ချ"
ရှန့်ကျန်း၏မျက်နှာကို ကြည့်ရုံဖြင့် သူ မပြောလျှင်ပင် ငွေကြေးအများကြီးရနိုင်မည်ဟု စုမုန့် သိနေသည်။
"ဒါကို ရှင်က ရယ်နေတာလား"
ယခုမှပဲ အလုပ်ကိစ္စဆို၍ သူမ စိတ်ထဲမှာ သက်သာရာရသွားသလို ခံစားလိုက်ရသည်။
“နောက်တော့၊ အကူအညီတောင်းတဲ့လူက အထူးအလုပ်တစ်ခုရှိတယ်လို့ ပြောတယ်...မင်း စိတ်ဆိုးမှာစိုးလို့ မမေးရဲဘူးဖြစ်နေတာ"
“သူတို့မှာ ပိုက်ဆံရှိတယ်ဆိုရင်တော့ ကျွန်မ သိပ်စိတ်မ၀င်စားပါဘူး...ဒါပေမယ့် လူသတ်သမား ဒါမှမဟုတ် လူကုန်ကူးသူမားဆိုရင် သူ့ကို ကူညီလိုက်ရင် ကိုယ်ပဲ သေတွင်းထဲကျရလိမ့်မယ်"
စုမုန့် ပြောပြောဆိုဆို ထမင်းတစ်လုတ်ကို တူဖြင့်ညှပ်၍ စားလိုက်လေတော့၏။
(ဝေ့ထင်ဟု ထင်ရသည်...)
ရှန့်ကျန်းက အခွင့်အရေးတစ်ခုရှိတာကို သိသွားသော ကြောင့် အလျင်စလိုထပြောလိုက်သည်။
" သေချာပေါက်မဟုတ်ဘူးပေါ့...ကိုယ်အဲ့ဒီလိုလူကို လက်မခံနိုင်ဘူး...ကိုယ်လက်ခံမယ့်လူရဲ့ အလုပ်က...အဲ့လိုပုံစံမျိုးပဲ " ရှန့်ကျန်းက ကျယ်လောင်စွာထုတ်မပြောခဲ့ပေ။ သူက မြေကြီးကိုသာ ညွှန်ပြနေသည်...။
ဒီလှုပ်ရှားမှူတစ်ခုနှင့်ပင် စုမုန့်က ချက်ချင်းနားလည်သဘောပေါက်သွားတော့သည်။ "သင်္ချိုင်းတူးဖော်သူ..."
ရှန့်ကျန်းက စုမုန့်ရဲ့အဖြေကို အနည်းငယ်အံ့ဩသွားသည်..။
"စုမုန့် မင်းဒီအဖြေကိုတောင် ခန့်မှန်းနိုင်တာပဲ.. မင်းက စုမုန့်ပီသပါပေတယ်...မင်းက အရမ်းကိုအံ့ဩစရာကောင်းတာပဲ!..ဒါပေမဲ့ မင်းဒါကို ဘယ်လိုသိတာလဲ.."
စုမုန့်က ဘာသိဘာသာလေး ပုခုံးတွန့်လိုက်သည်...။
"ရှင်က ဒီလောက်ရှင်းရှင်းလင်းလင်း အရိပ်အမြွက် ပေးထားတာပဲ...ဒါကို ကျွန်မမခန့်မှန်းနိုင်ဘူးဆိုရင် ကျွန်မအရမ်းညံ့ရာကျသွားမှာပေါ့..."
ရှေးဟောင်းသုတေသနပညာရှင်တွေနဲ့ ဈာပန၀န်ဆောင်မှုလုပ်ငန်းတွေက ဥပဒေနဲ့သက်ဆိုင်ပြီး လေးစားထိုက်သည့် အလုပ်များပင်ဖြစ်သည်...။မြေအောက်နှင့်သက်ဆိုင်သည့် တစ်ခုတည်းသောအရာက သင်္ချိုင်း တူးဖော်ခြင်းပဲမဟုတ်လား...။လူတွေရဲ့သင်္ချိုင်းတွေကို သားစဥ်မြေးဆက် ပိုက်ဆံအတွက် တူးဆွပြီးဖျက်ဆီးနေတဲ့အလုပ်က သင့်တော်တဲ့ အသက်မွေး၀မ်းကြောင်းတစ်ခု မဟုတ်ပေ...။
စုမုန့်၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် ရှန့်ကျန်းက ရုတ်ကရက် အနည်းငယ်ကြောက်ရွံ့သွားသလို ခံစားလိုက်ရသည်။
" စုမုန့် မင်းအဲ့တာကို လက်ခံဖို့ သေချာသွားပြီလား..."
" ပိုက်ဆံက ဘယ်လောက်ရမှာလဲ "စုမုန့်က ချက်ချင်းသဘောမတူခဲ့ပေ..ဒါပေမဲ့ ရမယ့်ပိုက်ဆံကိုအရင်ဆုံးမေးလိုက်သည်။
ရှန့်ကျန်းက စုမုန့်နားကို ချဉ်းကပ်လာပြီး သူမကို လက်နှစ်ချာင်းထောင်ပြလိုက်သည်။
"၂ သိန်း"
၂သိန်းက တကယ်တော့ နည်းတဲ့ ငွေပမာဏမှ မဟုတ်ပဲ ...ဒါပေမဲ့ အရမ်းများနေတာတော့မဟုတ်ပေ။ ဘယ်လောက်များပြားတယ်ဆိုတာ ကိစ္စအခက်အခဲပေါ်မှာ မူတည်နေပေသည်။
သူမ ကျိုးမိသားစုနဲ့ အလုပ်တွဲလုပ်ပြီး ဖုန်းရွှေပညာရှင်ဖြစ်လာကတည်းက သူမ၏ နာမည်ဂုဏ်သတင်းက ကျော်ကြားလာေလသည်။ပြသနာတွေကို ဖြေရှင်းဖို့ သူမဆီကို ရောက်လာတဲ့လူတွေက များသာအားဖြင့် အလွန်ဆိုးဝါးတဲ့ ဒုက္ခပြသနာတွေနဲ့ ကြုံတွေ့နေကြရတဲ့သူတွေဖြစ်သည်။ထို့ကြောင့်ဆုကြေးငွေတွေကလည်း အတော်အသင့်မြင့်သည်။
အခြားပါတီက ၂သိန်းပဲ ပေးမည်ဆိုလျှင် သူမ ကူညီသင့်ရဲ့လား ဆိုတာကို သေချာစဉ်းစားဖို့ လို့အပ်ပေမည်...။
စုမုန့်၏ခန့်မှန်းအဖြေကိုကြားပြီးသောအခါ ရှန်းကျန်းက သူ့ရဲ့ခေါင်းကိုယမ်းလိုက်သည်...။
" ၂သိန်း...ပြီးတော့ အဲ့ဒီလူက ကိုယ်ရေးကိုယ်တာ ကူညီဖြေရှင်းဖို့ မင်းကို မလိုအပ်ဘူးလို့ ပြောခဲ့တယ်....မင်းက သူ့ကို ဖြေရှင်နည်းပြောပြလိုက်ရင် သူကိုယ်တိုင် အဲ့တာကို လုပ်လိမ့်မယ်....အဲ့တာကြောင့် ငါတို့က ဒီပိုက်ဆံတွေကို အလကားယူလိုက်တာနဲ့ အတူတူပဲ... အဲ့ဒီတော့ စုမုန့် မင်းလုပ်ချင်လား..."
" လုပ်မယ် "
ရှန့်ကျန်း စကားပြောလို့မပီးသေးခင်မှာ စုမုန့်ကချက်ချင်းသဘောတူလိုက်သည်...။သူမ ပျော်ရွှင်နေသည်...။သူမ တစ်စက္ကန့်လောက် နောက်ကျသွားမယ်ဆိုလျှင် ထိုပိုက်ဆံတွေအဝေးကို ရောက်သွားပေလိမ့်မည်...။
ရှန့်ကျန်း: "..."
မျှော်လင့်ထားသကဲ့သို့ ယခင်ကလို သောကရောက်စရာမလို တော့ပေ..။စုမုန့်ရဲ့ စရိုက်လက္ခဏာအရ သူမရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုမဖောက်ဖျက်သရွေ့ ပိုက်ဆံရှိနေသရွေ့ကာလပတ်လုံး အရာအားလုံးကို ညှိနှိုင်းနိုင်သည်...။
" စုမုန့် ဒီပြသနာက ဒုက္ခပေးမှာကို မင်းမကြောက်ဖူးလား.."
စုမုန့်က သဘောတူပြီးနောက် ရှန့်ကျန်းက ထပ်မံ အတည်ပြုခဲ့သည်.."
" အဆင်ပြေတယ်...ဘယ်လောက်ဒုက္ခရာက်ေရာက်ကိစ္စမရှိဘူး..."
ကောရှန်းက သူမ ရှေ့မှာ ဘာစွမ်းရည်မှ ထုတ်မပြခဲ့သော်လည်း သူမနားမလည်တဲ့ မေးခွန်းတွေရှိတဲ့အခါတိုင်း ကောရှန်းကိုမေးပြီးအဖြေတွေ ရလေ့ရှိသည်။ကောရှန်းရဲ့ဦးနှောက်က အရမ်းကိုအသုံး၀င်တဲ့ အချက်အလက်တွေ ပြည့်နေတဲ့ရတနာသိုက်ကြီးလို့တောင် ပြောလို့ရသည်။
" မင်းက ပိုက်ဆံအရမ်းလောဘကြီးတာပဲ "
ကောရှန်းက လူနှစ်ယောက် စကားပြောနေတာကို နားထာင်နေသည်။ထို့နောက် စုမုန့်က သူ့အကြောင်း ပြောနေတာကို သူကြားသွားတဲ့အခါ သူမသိမသာလေးပြုံးလိုက်သည်။
" ကောင်းပြီ...စုမုန့်အတည်မပြုခင်ကတည်းက ကိုယ်သူ့ကို ချက်ချင်းဆက်သွယ်ပြီးသွားပြီ...ပြီးတော့ အချိန်လဲ ညှိပြီးသွားပြီ..."
ရှန့်ကျန်းက ဖုန်းခေါ်ဖို့အတွက် စိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်သွားသည်။စုမုန့်ထမင်းစားပြီးနောက် သူမဘာမှလုပ်စရာရှိမနေပေ။ထို့ကြောင့် သူမက ပြတင်းပေါက်နားမှာ ထိုင်လိုက်ပြီး မီး ရောင်တွေနဲ့ လင်းထိန်နေတဲ့ လမ်းလေးကို ကြည့်နေသည်။
စုမုန့်က နေ့တစ်နေ့ရဲ့ တစ်၀က်ကျော်မျှ အိပ်စက်တတ်သည်။ယခုအချိန်တွင်တော့ သူမသည်လုံး၀အိပ်မချင်မနေပေ။ပြတင်းပေါက်မှာ ထိုင်ပြီးအချိန်ခဏတာမျှကြည့်နေပြီးနောက် အပေါ်ထပ်မှာရှိတဲ့ သူမရဲ့အခန်းကိုသွားပြီး သူမရဲ့ပစ္စည်းကိရိယာတွေကို ထုတ်ပိုးဖို့ ဆုံးဖြတ်လိုက်သည်။သူမက အချိန်တော်တော်ကြာ မယ်မယ်ရရ အလုပ်တစ်မျှ မပြီးမြောက်ခဲ့ပုံပါ်သည်။
စုမုန့်က သူ့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးနေစဉ် ရှန်းကျန်းက ထိုလူနဲ့ မနက်ဖြန်မနက်ချိန်းဆိုထားခြင်းအကြောင်းနှင့် သူမကိုဘယ်အရာကမှ မ နှောက်ယှက်နိုင်ဘူးဆိုတာ အသိပေးရန် ရောက်လာသည်။
သူမရဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီးနောက် စုမုန့်က ဖုန်းရွှေရဲ့ စာအုပ်တစ်အုပ်ကို တွေ့သွားပြီး အချိန်အတော်ကြာဖတ်လိုက်သည်။ နောက်ဆုံးတွင် ညည့်နက်လာပြီးဖြစ်၍ သူမအိပ်ချင်လာေလပြီ။
သူမက အိပ်ဖို့အတွက် လိုက်ကာတွေကို ပိတ်ဖို့ လုပ်နေသည်။ပြီးနောက် သူမ ပြတင်းပါက်ဆီကိုလမ်းလျှောက်သွားလိုက်သည်။ထို့ေနာက်သူမ၏ အိမ်အောက်တွင် ကားတစ်စီးရပ်လိုက်သည်ကို တွေခဲ့သည်။ဝေ့ထင်ရောက်လာပုံပေါ်သည်...။
" ညအချိန်မတော်ကြီးကို သူဘာလုပ်ဖို့ ဒီကိုလာနေတာလဲ "
စုမုန့်က တိုးတိုးလေးပါးစပ်ကန ရေရွတ်နေသည်။ကံကောင်းစွာနဲ့ သူမ မီးတွေကို ပိတ်လိုက်ေသာေကြာင့် အခန်းက လုံး၀အမှောင်ကျသွားသည်။သူမကို အပြင်ကလူတွေ မြင်သွားမှာ မဆိုးရိမ်ရတော့ပေ ထို့ကြောင့် သူမ ပြတင်းပါက်မှာ မတ်တပ်ရပ်ကာ အပြင်ကိုလှမ်းကြည့်နေလိုက်သည်။
ဘယ်သူမှ ကားထဲက ထွက်မလာတဲ့အပြင် ကားကလည်း ရွေ့လျားမနေခဲ့ပေ။ကားထဲတွင် ဘယ်သူမှ ရှိမနေသလိုပင်ထင်ရသည်။
စုမုန့်မမှားကြောင်း သေချာသည်။အဘယ်ကြောင့်ဆိုသော် ဝေ့ထင်စီးသည့် ကားမှာ အရေအတွက်ကန့်သတ်ထားတဲ့ ကားဖြစ်သည်။တစ်ကမ္ဘာလုံးမှာမှ အနည်းငယ်ပဲ ရှိလေသည်...။ဒါပေမယ့်လည်း အခြားသူများ၏ကားနှင့် ဝေ့ထင်၏ ကားကပုံစံတူနေတာလဲ ဖြစ်နိုင်ေလသည်.။ချမ်းသာတဲ့လူတွေသည် ရှေးဟောင်းလမ်းပေါ်က တန်ဖိုးကြီးပစ္စည်းတွေကို၀ယ်ယူသည်မှာ အဆန်းတော့မဟုတ်ပေ။
xxxxx