အပိုင်း၁၀၁
Viewers 7k

Chapter 101

(ဆိုင်‌ဖျက်စီးခံရခြင်း)


အချိန်အတော်ကြာကြည့်နေပြီးနောက် အောက်ထပ်တွင် ဘာလှုပ်ရှားမှုမျှမရှိတော့‌ေပ။စုမုန့် နောက်ထပ် ဂရုစိုက်မနေတော့ပဲ လိုက်ကာတွေကို ပိတ်လိုက်ပြီး အိပ်ရာ၀င်ဖို့အတွက် အိပ်ရာဆီကိုပြန်လာခဲ့သည်။ထိုဖြစ်စဥ်ထဲတွင် ဝေ့ထင်ဟုတ်လား မဟုတ်ဘူးလားဆိုသည်မှာလည်း သူမနှင့်ဘာမှမဆိုင်ပေ။


ညကို အေးချမ်းစွာအိပ်စက်၍ ဖြတ်ကျော်လာခဲ့ပြီး နောက်တစ်နေ့တွင် စုမုန့်က အစောကြီးနိုးလာခဲ့သည်.။သူမနိုးလာသည်မှာ လုံ့လ၀ီရိယရှိ၍တော့ မဟုတ်ပေ။အိမ်အောက်ထပ်ရှိ ရှန့်ကျန်း၏ မနက်စောစောတွင် ရူးကြောင်ကြောင်လုပ်တတ်သော ဆိုးဝါးသော ဆူညံသံများကြောင့်ဖြစ်သည်။အရမ်းဆူညံလွန်း၍ သူမအိပ်မရတော့ခြင်းဖြစ်လေသည်။


စုမုန့်က အဝတ်အစားတွေလဲလိုက်ပြီး အိမ်အောက်ထပ်ကို စိတ်တိုတိုနှင့်ဆင်းလာသည်။ရှန့်ကျန်းရဲ့ လုပ်ရက်အတွက် အပြစ်ပေးရန် ဖြစ်သည်။သို့သော်လည်း သူမ လှေကားအလယ်သို့ရောက်‌ေသာအခါ အောက်ထပ်က မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်နှင့် ချက်ချင်း ထိတ်လန့်သွားပြီး ထိုနေရာတွင်မတ်တပ်ရပ်နေခဲ့သည်...။


ရှန့်ကျန်းက အသံချဲ့စက်တစ်ခုကိုယူပြီး တံခါးကနေလှမ်းအော်နေသည်။အလုပ်ထဲက အလုပ်သမားအချို့က ပစ္စည်းတွေသယ်ဖို့ နံရံကို အပေါက်ဖောက်နေသည်.။


သို့သော် သူမကိုထိတ်လန့်အောင် လုပ်လိုက်တဲ့အရာက အလုပ်လုပ်နေသည့်အလုပ်သမားများမဟုတ်ပေ။ပြိုကျနေတဲ့ ရှေးဟောင်းဆိုင်၏ တံခါးမကြီးပင်.။


တံခါးကြီးပြိုကျရုံသာမက တံခါးပတ်လည်က နံရံတွေကလည်း အပေါက်ကြီးဖြစ်နေပြီး ပျက်စီးသွားသည်.။တစ်ခုခုက ဖျက်စီးသွားပုံပေါ်သည်။ပထမထပ်မှာရှိသည့် စင်တွေကလဲ အားလုံးပျက်စီးနေပြီး ကြမ်းပြင်တစ်ခုလုံးကလဲ ရှုပ်ပွနေတော့သည်။ကြမ်းပြင်ပေါ်ရှိပစ္စည်းများသည် ဆိုင်၏ရှေးဟောင်းပစ္စည်းတွေမဟုတ်‌ေကြာင်း ကို စုမုန့်၏ စူးရှတဲ့မျက်လုံးတွေက သတိပြုမိလိုက်သည်။အကုန်လုံးပျက်စီးနေပြီ...အလုပ်သမားနှစ်ယောက်က ပစ္စည်းအပိုင်းအစတွေကို လိုက်ကောက်နေပြီး အပြင်ကိုထုတ်သွားသည်။


အိမ်ထဲကို သူခိုး၀င်သွားခြင်းလား ဒါမှမဟုတ် လုယက်မှုတစ်ခုဖြစ်သွားခြင်းလား...


သို့သော်လည်း ရှေးဟောင်းလမ်းက ရဲတွေနဲ့ချိတ်ဆက်ထားသည်။များသောအားဖြင့် သူခိုးဓားပြတွေက ပေါ်ပေါ်ထင်ထင် လုယက်မှာမဟုတ်ဘူး...ဟုတ်တယ်မလား...


စုမုန့် အစကစိတ်ပူနေခဲ့သည်။သို့သော်လည်း ဆိုင်ရဲ့အဝင်ပေါက်မှာ အေးအေးဆေးဆေးမတ်တပ်ရပ်နေသည့် ရှန့်ကျန်းကိုတွေ့လိုက်သည်။.သူမ နည်းနည်းစိတ်သက်သာရာ ရသွားသည် ။အကယ်၍ ဆိုင်ထဲမှာ တစ်ခုခုအမှန်တကယ်ဖြစ်ခဲ့တယ်ဆိုလျှင် ရှန့်ကျန်းက အခုလို အေးဆေးနေလိမ့်မည် မဟုတ်ပေ...။


" မင်းတို့ ဘာလုပ်နေကြတာလဲ "


 စုမုန့်က စိတ်ရှုပ်ရှုပ်နှင့် မေးလိုက်သည်။


အလုပ်သမားများသည် စုမုန့်၏စကားကို ကြားလိုက်‌ေသာအခါ သူတို့လုပ်နေသည့်အလုပ်တွေကို ရပ်လိုက်ပြီး သူမကိုနှုတ်ဆက်ကြသည်။


" မင်္ဂလာပါ သခင်မငယ်လေး "


ထိုကဲ့သို့ ပုံမှန်အတိုင်းပြောဆိုပြီးနောက် အလုပ်သမားများသည် စုမုန့်ကို အာရုံမစိုက်ကြတော့ပဲ ခေါင်းငုံ့ပြီးသူတို့အလုပ်ကိုသူတ်ို့ဆက်လုပ်နေကြသည်။


ကြည့်ရသည်မှာ ထိုအလုပ်သမားများသည် သူမကို စကားဆက်ပြောရန် ရည်ရွယ်ချက်ရှိနေပုံ မပေါ်သောကြောင့် စုမုန့်ဆက်မမေးတော့ပဲ အိမ်အောက်ထပ်ကိုသာ လမ်းလျှောက်သွားတော့သည်။


တံခါးမှာ စီစဥ်သူလုပ်နေသည့် ရှန်းကျန်းက စုမုန့်ဆင်းလာသည်ကို မြင်လိုက်သည်။သူက အသံချဲ့စက်ကို ဘေးဘက်သို့ မြန်မြန်ပစ်လိုက်ပြီး ပြေးလာသည်။ 


" စုမုန့် မင်းအစောကြီးနိုးနေတာပဲ...ချိန်းဆိုထားတဲ့အချိန်က တော်တော်လိုသေးတယ်...မင်းဘာလို့ဆက်မအိပ်တာလဲ..."


…..


" ဒီအသံနဲ့ ကျွန်မဆက်အိပ်နိုင်မယ်လို့ရှင်ထင်နေတာလား..." 


စုမုန့်က သူမမျက်လုံးတွေကိုလှန်ပြီး လှောင်ပြောင်လိုက်သည်...။


 " အိုး..ဟုတ်တာပေါ့... အသံက နည်းနည်းတော့ကျယ်တယ်နော်..ဒါပေမဲ့ စောစောထတာလည်း ကောင်းတာပဲ...မနက်ခင်းလေက အသန့်ရှင်းဆုံးနဲ့စိတ်ပြေပျောက်ဖို့ အကူအညီပေးနိုင်တယ်လေ...."


 ရှန့်ကျန်းက သူ့ခေါင်းကိုပုတ်၍ ပြောသည်...။


" ငါအခု စိတ်ခံစားချက်ကောင်းတဲ့ပုံပေါ်နေလား " 


စုမုန့် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမစိတ်ကိုလျှော့လိုက်သည်။ရှန့်ကျန်းလို မိုက်မဲတဲ့သူတစ်ယောက်နဲ့ စိတ်ဆိုးနေတာ မသင့်လျော်ပေ။


စိတ်ဖြေလျှော့ရန် သက်ပြင်းချပြီးနောက် စုမုန့်က သူ့ကိုမေးလိုက်သည်။


" ဘာတွေဖြစ်နေတာလဲ...ဆိုင်က လုယက်ခံရတာလား...ဆရာကရောဘယ်မှာလဲ...သူဘာလို့ဒီမှာ မရှိတာလဲ..."


စုမုန့်ရဲ့ မေးခွန်းတွေကို ကြားပြီးတဲ့နောက်မှာ ရှန်းကျန်းရဲ့မျက်နှာက ရုတ်တရက် ထူဆန်းသွားသည်။ငိုတစ်၀က် ရယ်တစ်၀က်ဖြစ်နေသည်.။အခုအချိန်မှာ သူဘယ်လိုခံစားနေရတယ်ဆိုတာ စုမုန့်အတိအကျမပြောတတ်ချေ။


ရှန်းကျန်းက အချိန်အတော်ကြာသည့်တိုင် စကားမပြောပေ။စုမုန့် စိတ်မရှည်တော့မှ နောက်ဆုံးတွင် ရှန်ကျန်းက စကားပြောတော့သည်။


ရှန့်ကျန်းက တံခါးကို ညွှန်ပြလိုက်ပြီး မေးလိုက်သည်။


" စုမုန့် ဒီအပေါက်ကြီးကို မင်းမြင်လား...ဘာဖြစ်ခဲ့တယ်လို့ ထင်လဲ "


စုမုန့်ဘာမှမပြောခဲ့ပေ။သူမ ရှန်းကျန်းကိုပဲ ငြိမ်ငြိမ်လေးကြည့်နေသည်။ရှန်းကျန်းက အမှန်တော့ စုမုန့်ဆီက အဖြေကို မလိုချင်ခဲ့ပေ။သူက ဆက်ပြောလိုက်သည်။


" အဲ့ဒါက တကယ်အံ့သြစရာကောင်းတာပဲ...ရှေးဟောင်းလမ်းမှာ တစ်ယောက်ယောက် ကားမောင်းတာကို ဒါပထမဆုံးမြင်ဖူးတာ...ဒီလူက တော်တော်သောက်လာခဲ့တဲ့ပုံပဲ...သူက ကိုယ်တို့ဆိုင်ကို တည့်တည့်ကို ၀င်တိုးခဲ့တာ..."


ရှန့်ကျန်းက အသက်ကိုပြင်းပြင်းရှူလိုက်သည်။


"အဲ့ဒီအချိန်တုန်းက အဘိုးနဲ့ ကိုယ်က မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေကြတာ...အဲ့ဒါကြောင့် ကားကကိုယ်တို့ကို မတိုက်ခဲ့တာ...ကိုယ်တို့သာ ဒီမှာရှိနေမယ်ဆိုရင် မင်းကိုယ်တို့ကို အခုမြင်ရမှာမဟုတ်တော့ဘူး..."


စုမုန့်က မျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ဆိုင်ထဲကို ထိုပမာဏနဲ့ ဝင်တိုက်တဲ့ထိ ကားရဲ့အရှိန်က ဘယ်လောက်တောင် မြန်တာလဲ။ဆရာနဲ့ ရှန်းကျန်းဘာမှမဖြစ်သွားတာ ကံကောင်းပေသည်။


" ဆရာ ဘယ်မှာလဲ " 


စုမုန့်က မေးလိုက်သည်။


" ဆိုင်လဲ ပျက်စီးသွားပြီး ရှေးဟောင်းပစ္စည်းအများကြီးထိခိုက်ပျက်စီးသွားတယ်...အဘိုး နဲ့ ကားသမားက ပျက်စီးတာတွေကို စစ်ဆေးဖို့ သွားတယ်...ပြီးတော့ ကားသမားက ပျက်စီးတာတွေအတွက်လဲတောင်းပန်တယ်...အကုန်လုံးကိုလဲ သူတာ၀န်ယူမယ်တဲ့..."


ရှန့်ကျန်းပြောပြီးနောက် သူက အိမ်ထဲကနေရာအချို့ကို ညွှန်ပြပြီး အလုပ်သမားတွေကို ပြောလိုက်သည်။


" စင်တွေက ရွဲ့ကုန်ပီ...ငါတို့ အဲ့ဒါတွေကို ထပ်ပြီးအသုံးပြုလို့မရတော့ဘူး...စင်အသစ်တွေ သွားဝယ်ပြီး ဒီနားမှာ တပ်ဆင်လိုက်..."


လမ်းညွှန်မှု ပေးပြီးနောက် ရှန့်ကျန်းကစုမုန့်ကိုပြောလိုက်သည်။


" စုမုန့်...မနက်ခင်းကတည်းကဆိုင်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ...ဒါပေမဲ့ မင်းမနိုးဘူး...မင်းရဲ့ အအိပ်စွမ်းရည်ကတော့ တကယ်အံ့မခန်းပဲ..." 


တစ်ချိန်တည်းမှာပဲ သူက သူမကိုလက်မထောင်ပြလိုက်သည်။စုမုန့်က မျက်မှောင်ကြုပ်လိုက်သည်။ထိုအရာက  အနည်းငယ်ထူးဆန်းနေပေသည်။သူမအိပ်တဲ့အခါ ထိုကဲ့သို့ ဘယ်တော့မှမဖြစ်ဘူးပေ။များသောအားဖြင့် သူမရဲ့ပတ်၀န်းကျင်မှာ ဆူညံသံအနည်းငယ်ရှိလျှင် သေချာပေါက်နိုးတတ်သည်။သည်အချိန်တွင်တော့ သူမဘာအသံတစ်ခုမျှမကြားခဲ့ပေ။


" ပြစ်မှူကျူးလွန်သူက ထွက်ပြေးမယ့်အစား လျှော်ကြေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ အဘိုးကပြောတယ်...ပထမထပ်က ပျက်စီးသွားပေမယ့်လည်း အန္တရာယ်လည်းမရှိတော့ ပြသနာအကြီးစားတော့မဟုတ်ပါဘူး...အဲ့ဒါကြောင့် သူက မင်းကိုခေါ်မနေနဲ့လို့ ငါ့ကိုမှာခဲ့တယ်..မင်းအလုပ်ကိုပဲ မင်းလုပ်သင့်တယ်လို့လည်း မှာခဲ့တယ်...ဆိုင်ကိစ္စအားလုံးကို သူဂရုစိုက်လုပ်လိမ့်မယ်..."


" ဘယ်လို လျှော်ကြေးပေးမလဲဆိုတာ ဆွေးနွေးပြီးပြီလား "


 စုမုန့်က မေးလိုက်သည်။ရှန့်ကျန်းက ခေါင်းညိတ်ပြလိုက်ပြီး စုမုန့်ရဲ့ဘေးကို ကပ်လိုက်သည်။သူက အသံတိုးတိုးလေးနဲ့ ပြုံးပြီးပြောလိုက်သည်.။ 


"သူက ပျက်စီးသွားတဲ့အရာအားလုံးအတွက် ကိုယ်တို့ကို အလျော်ပေးလိမ့်မယ်...မူလစျေးအတိုင်းပဲ ပေးလိမ့်မယ်...ပြီးတော့ ဆိုင်ကိုပြန်လည်ပြုပြင်ဖို့အတွက် နောက်ရက်အနည်းငယ်လောက်ကြာမယ်ဆိုတော့ ကိုယ်တို့ဆိုင်ကို မဖွင့်နိုင်သေးဘူး...အဲ့ဒီရက်တွေအတွင်း ကိုယ်တို့ ခံခဲ့ရတဲ့ဆုံးရှုံးမှူတွေအတွက်လည်း လျော်ကြေးပေးလိမ့်မယ်...ဒီလူက ဆိုးတဲ့ပုံတော့မပေါ်ဘူး...သူ့အမှားကို သူတာ၀န်ယူရမှန်းသိတယ်...ပြီးတော့ ရှောင်လဲမပြေးဘူး...အဲ့ဒါကြောင့် အဘိုးက ရဲကိုမခေါ်ခဲ့တာ သဘောတူစာချုပ်မှာ လက်မှတ်ထိုးပြီး ကျေးအေးပေးလိမ့်မယ်...သူက နောက်ဆုံးမှာ လိမ်လည်လှည့်စားသွားမယ်ဆိုရင် ကိုယ်တို့ ရဲလက်ကို အပ်ကြတာပေါ့..."


" ကောင်းပြီ " 


စုမုန့်က ထိုရလဒ်ကို အရမ်းကျေနပ်နေသည်။ ဘာမှမဖြစ်ခဲ့ဘဲ ထိုလူက လျော်ကြေးပေးဖို့ ဆန္ဒရှိသည့်အတွက်ကြောင့် ပြဿနာကြီးကြီးမားမားမရှိပေ။


သို့သော် စုမုန့် တံခါးကအပေါက်ကြီးကို တွေ့တုန်းက သူမက အခြားပြသနာတစ်ခုကို ရုတ်တရက်စဥ်းစားမိခဲ့သည်။ယခုတွင် ဆိုင်က ဤအခြေအနေရောက်နေသောကြောင့် ဆိုင်ထဲတွင် နေ၍မရတော့ပေ.။နောက်ရက်အနည်းငယ်အထိ သူတို့ဘယ်မှာနေကြရမှာလဲ.။


သူမ အိမ်တစ်လုံး၀ယ်ချင်ခဲ့တာ အချိန်တော််တော်ကြာ‌ေပပြီ...သို့သော် သင့်တော်တဲ့ အိမ်တစ်လုံးကို သူမရှာမတွေ့ခဲ့ပေ။မကြာသေးမီက သူမတွင် လုပ်စရာအရာများ များစွာရှိခဲ့သောကြောင့် အချိန်နှောင့်နှေးသွားရခြင်းပင်။ယခုတွင်မူ ဘယ်နေရာမှာနေရမလဲဆိုတာ ပြသနာတစ်ခုဖြစ်နေသည်။အချို့အရာတွေက နှောင့်နှေးနေလို့ မဖြစ်တာသေချာသည်.။တစ်နည်းအားဖြင့် တစ်နေ့နေ့သူမလိုအပ်လာတဲ့အချိန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်လာနိုင်တာမျိုးပင်။


စုမုန့်က လက်ပိုက်ပြီး စဥ်းစားချင့်ချိန်နေသည်.ယ။နံရံတွေ ပျက်စီးသွားပြီ ရက်အနည်းငယ်နဲ့ ပြုပြင်နိုင်မယ့်ပုံလည်း မပေါ်ချေ...။အိမ်ထဲက ပျက်စီးမှူတွေကိုကြည့်ရတာ အချိန်နည်းနည်းတော့ယူရပေမည်။ဟိုတယ်တွင် နေရန်လည်းမသင့်တော်ပေ.။သူမ အိမ်တစ်လုံးငှားရမည့်ပုံပေါ်သည်.။


ရှန့်ကျန်းက စုမုန့်ရဲ့အတွေးကို သိိနေပုံပေါ်သည်။သူ့ရဲ့လက်တွေကို ဆန့်ထုတ်လိုက်ပြီး စုမုန့်ရဲ့မျက်စိရှေ့မှာ ဝှေ့ယမ်းလိုက်ကာ သူမရဲ့အာရုံတွေ ပြန်ရောက်လာဖို့အတွက် ပြုလုပ်လိုက်သည်။ထို့နောက် သူကဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။


" စုမုန့် ကိုယ်တို့ဒီညဘယ်မှာနေရမှာလဲဆိုတာ မင်းတွေးနေတာမလား...မစိုးရိမ်ပါနဲ့...အဘိုးက အဲ့ဒီ့လူနဲ့ ဆွေးနွေးပြီးသွားပါပြီ...သူ့မှာ ဒီနေရာနဲ့မနီးမဝေးမှာ စံအိမ်တော်တစ်ခုရှိတယ်လို့ အဲ့ဒီ့လူကပြောတယ်...သူ့နာမည်နဲ့ ပစ္စည်းဥစ္စာတွေအများကြီးရှိတယ်... ဒါ့ကြောင့် သူက ကိုယ်တို့ကို အချိန်အတိုင်းအတာတစ်ခုအထိနေဖို့ ခွင့်ပြုလိမ့်မယ်..."


 " ပြီးတော့ ညဘက် ဆိုင်ထဲမှာ ဘယ်သူမှမရှိတဲ့ ပြသနာကို ဖြေရှင်းဖို့ စဥ်းစားထားပြီးသား...ညဘက်မှာဆိုင်ကို စောင့်ကြည့်ဖို့ လုံခြုံရေးအစောင့်နှစ်ယောက်ကို ထားခဲ့မယ်လို့ သူကပြောတယ်...ကိုယ်တို့က နေ့ဘက်ပဲ ဒီကိုလာရမယ်...စုမုန့် ဒီလူက တကယ်ထူးဆန်းတယ်...သူကအရမ်းချမ်းသာတယ် ပြီးတော့ ကားဆရာကို အရက်သောက်ပြီး ကားမောင်းတာကို ခွင့်မပြုခဲ့ဘူး...နောက်ဆုံးကျတော့ ကားမောင်းနေရင်း မတော်တဆမှူ ဖြစ်ခဲ့တယ်..."


ရှန့်ကျန်းရဲ့စကားကို ကြားပြီးနောက် စုမုန့်က မျက်မှောင်ကြုတ်ပြန်သည်။ဘာလို့လဲဆိုတာ သူမမသိပေ။ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူမသိလိုက်သည်.။သို့သော် သူမ ထိုအကြောင်းအရာကို သေသေချာချာ စဥ်းစားကြည့်သောအခါ ပြသနာတစ်ခုတော့ မဟုတ်ပေ။ဒီလူက တကယ်ကောင်းတဲ့အကျင့်စရိုက်ရှိတာဖြစ်နိုင်ပြီး ရုတ်တရက် မတော်တဆမှုဖြစ်ခဲ့သည်။ဒါ့ကြောင့် သူက လျော်ကြေးပေးဖို့ အစွမ်းကုန်ကြိုးစားနေတာလား...


" ကျွန်မတို့ဆိုင်ကို ၀င်တိုက်ခဲ့တဲ့ကားက ဘာအမျိုးအစားလဲ..." 


စုမုန့်က မေးခွန်းတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားပြီး ရှန့်ကျန်းကို မေးလိုက်သည်။


…..


ရှန့်ကျန်းက မေးခွန်းကြောင့် ဆွံ့အသွားသည်။ထို့နောက် အချိန်ခနကြာစဥ်းစားပြီးနောက် ပြောလိုက်သည်။


" အမှန်တကယ်တော့ ကိုယ်ကားတွေအကြောင်းကို အများကြီးမသိဘူး...လူကြိုက်များတဲ့ ကားနာမည်တွေကိုပဲသိတာ...ဒီလူမောင်းလာတဲ့ကားကို နည်းနည်းတော့ ရင်းနှီးနေတယ်... ဒါပေမဲ့ အဲ့ဒီလိုကားကို အရင်ကဘယ်မှာမြင်ဖူးမှန်းမသိဘူး...ဒါပေမယ့် အဲ့ဒါက ဇိမ်ခံကားဆိုတာတော့ သေချာတယ်...ပြီးတော့ အရမ်းတန်ဖိုးကြီးတယ်ဆိုတာ ငါပြောနိုင်တယ်...သာမန်ကားတစ်စီးဆိုရင် ကိုယ်တို့ဆိုင်ကို ဒီပုံစံနဲ့ ၀င်တိုက်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


" ကားရောဘာဖြစ်သွားလဲ..." 


စုမုန့်က ဆက်မေးလိုက်သည်။ရှန့်ကျန်းက သူ့လက်ကို ယမ်းပြပြီး ပြောလိုက်သည်။


" ကားက တော်တော်ဆိုးဆိုး၀ါး၀ါး ပျက်စီးသွားပြီး အဲ့ဒီ့လူကပဲ ကားကို ဆွဲယူသွားတယ်...ပြီးတော့ စောင့်ကြည့်ကင်မရာတွေကနေ အဲ့ဒီဖြစ်စဥ်ကို အမိအရရိုက်ကူးထားသင့်တာ...မင်း ဘာလို့စောင့်ကြည့်ကင်မရာတွေကို သွားမကြည့်တာလဲ..."


စုမုန့်က ခေါင်းကို ယမ်းလိုက်သည်။ပြစ်မှူကျူးလွန်သူက ထွက်မပြေးပဲ ပြသနာတွေကို အားတက်သရော ဖြေရှင်းနေတယ်ဆိုကတည်းက သူမ သွားကြည့်ဖို့ကိုမလိုတော့ပေ။


" စုမုန့် မင်းဗိုက်ဆာပြီလား...မင်းအတွက်စားစရာအချို့ ကိုယ်သွားယူလိုက်အုံးမယ်...အပြင်ပိုင်းက ဖျက်ဆီးခံလိုက်ရပေမဲ့ မီးဖိုချောင်ကတော့ ဘာမှမဖြစ်သွားဘူး...မင်းအရင်ဆုံး စားလိုက်ပါ...မင်းဗိုက်ပြည့်သွားတဲ့အချိန်ဆိုရင် အဘိုးလဲ ပြန်ရောက်လောက်ပြီ...ကိုယ်တို့ စျေး၀ယ်သူရဲ့အိမ်ကို သွားရမယ်..."


ရှန့်ကျန်းက စုမုန့်ကို ပြောပြီးနောက် မီးဖိုချောင်သို့ ပြေးသွားသည်။စုမုန့်စားပြီးပြီးချင်း ကောရှန်းကဂုဏ်သရေရှိလူ တစ်ယောက်နဲ့ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။


ထိုလူက ငွေဘောင်ခတ်ထားတဲ့ မျက်မှန်ကို တပ်ထားပြီး သူ့ရဲ့ဆံပင်ကို သေသေချာချာဖြီးထားသည်။ပိုးနဲ့ပြုလုပ်ထားသည့် အနောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင်အပြုံးလှလှလေးကို ဆင်မြန်းထားသည်...။ သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုကြည့်ရသည်မှာ ဘယ်လိုသောက်ရ ဘယ်လိုကားမောင်းရတယ်ဆိုတာ သိတဲ့ပုံ မပေါ်ပေ။သို့သော် စာအုပ်တစ်အုပ်ကို ၎င်း၏ မျက်နှာဖုံးနှင့် ဆုံးဖြတ်၍ မရပေ။


ထိုလူက တစ်ချိန်လုံးပြုံးနေပြီး လူကြီးလူကောင်းဆန်သည့်ပုံပေါ်သည်။ဤလူက ဝေ့ထင်နဲ့ လုံး၀မတူတဲ့ခံစားချက်ကို ပေးနိုင်သည်။သို့သော် ထိုခံစားချက်သည် စုမုန့်ကို  သက်တောင့်သက်သာမဖြစ်စေပေ။



xxxxxx