အပိုင်း ၁၀၂
Viewers 7k

Chapter 102

(ထိုလူကအရမ်းထူးဆန်းသည်)


ထိုခံစားချက်က အလွန်ထူးဆန်းလှသည်။ဘာဖြစ်နေတယ်ဆိုတာ သူမမပြောနိုင်ပေ သို့သော် သူမရဲ့ပုံမှန်စိတ်ခံစားမှုကတော့ ထိုသို့မဟုတ်ပေ.။သူနဲ့ယှဥ်ရင် ဝေ့ထင်က ပိုပြီးသက်တောင့်သက်သာရှိသည်ဟု သူမခံစားရသည်.။


" ဒါက မစ္စစုမုန့်ပဲဖြစ်ရမယ်...ကျွန်တော် တကယ်တောင်းပန်ပါတယ်...မနေ့ညက ကျွန်တော်နည်းနည်းသောက်ပြီး ကားမောင်းခဲ့မိတယ်...ကျွန်တော် အခုလိုမတော်တဆမှုကြီးကို အမှားလုပ်မိသွားတယ်...ကျွန်တော် မင်းရဲ့ အချိန်တွေကို ဖြုန်းမိသွားတယ်...ဒါပေမဲ့ မစိုးရိမ်ပါနဲ့...မင်းတို့ရဲ့ပျက်စီးမှု ဘယ်လောက်ပဲများပါစေ ကိစ္စမရှိဘူး...ကျွန်တော်ပြန်လျော်ပေးပါ့မယ်..."


ထိုလူက စုမုန့်ဘေးကိုလမ်းလျှောက်လာပြီး သူမကို လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။သို့သော် စုန်မုန့်က မလှုပ်မယှက်နှင့် သူ့ကို စိမ်းကားစွာကြည့်နေခဲ့သည်။


ထို့သို့မြင်သော်လည်း ထိုလူကြီးက ရှက်မသွားပေ။သူက စုမုန့်ကိုပြုံးပြလိုက်ပြီး သူ့ရဲ့လက်ကို ပုံမှန်အတိုင်းပြန်ချလိုက်သည်။


 " မစ္စတာကျဲ ကျွန်တော်တို့ သဘောတူစာချုပ်မှာလက်မှတ်ထိုးပြီးသွားပြီးဆိုတော့ လျော်ကြေးကိစ္စကို စာချုပ်အတိုင်းပဲ လိုက်နာရလိမ့်မယ်...အကယ်၍ နောက်ဆုံးမှာ မင်းရဲ့ကတိကို ဖောက်ဖျက်မယ်ဆိုရင် တရားဥပဒေအတိုင်း လုပ်ရလိမ့်မယ်..." 


ကောရှန်းက သူ့ရဲ့လက်ထဲက စာချုပ်ကို ယမ်းပြပြီး ထိုလူကြီးကို အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။


နာကျဲ က ခေါင်းညိတ်ပြပြီး တောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။


"သေချာပေါက် မဖောက်ဖျက်ပါဘူး...မင်းတို့ဘယ်မှာ နေရမယ်ဆိုတာလဲ စိုးရိမ်စရာမလိုပါဘူး...နေ့လည်ကျရင် မင်းတို့ကို ခေါ်ဖို့အတွက် ကျွန်တော်ကားဆရာလွှတ်လိုက်ပါမယ်...ပြီးတော့ ဆိုင်ကို စောင့်ကြည့်ဖို့အတွက်လဲ အစောင့်တွေထားပေးပါ့မယ်..."


စုမုန့်နှင်ါ အခြားလူများပါ မကန့်ကွက်ကြပေ။နာကျဲ ကပြောလိုက်သည်။


" ကျွန်တော် တခြားနေရာမှာ လုပ်စရာတွေရှိသေးတယ်...မင်းတို့မှာ ပြသနာတစ်ခုခုရှိရင် အချိန်မရွေးဖုန်းဆက်နိုင်ပါတယ်...တကယ်လို့ ကျွန်တော်ဖုန်းမကိုင်ဘူးဆိုရင် အစည်းအဝေးခန်းထဲရောက်နေတာ ဖြစ်လိမ့်မယ်...ကျွန်တော်အချိန်ရရင် ပြန်လာခဲ့ပါ့မယ်...အခြားဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော်အရင်သွားတော့မယ်နော်..."


 နာကျဲက မဝံ့မရဲပြောလိုက်သည်။ကောရှန်းက ခေါင်းညိတ်ပြီးပြောလိုက်သည်။


" ကောင်းပြီ...မင်းမှာလုပ်စရာရှိတယ်ဆိုရင် မင်းအရင်သွားနိုင်ပါတယ်..." 


ရှန့်ကျန်းက စုမုန့်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။


" စုမုန့် ကိုယ်တို့လည်းသွားသင့်ပြီ..."


ရှန့်ကျန်းရဲ့ စကားကိုကြားသော် နာကျဲကသူ့ရဲ့မျက်ခုံးတွေကိုပင့်ပြီး မေးသည်။


." မစ္စစု အပြင်သွားမလို့လား...မင်းဘယ်ကိုသွားမယ်ဆိုတာ အဆင်ပြေရင် ကျွန်တော့်ကို ပြောပြနိုင်မလား...လမ်းသင့်ရင် မင်းကိုခေါ်သွားလို့ရပါတယ်...ကားဆရာက ကားမောင်းပေးမှာမလို့ စိတ်ချရပါတယ်..."


နာကျဲရဲ့စကားလုံးတွေက အတော်စိတ်၀င်စားဖို့ ကောင်းသည်။ရှန့်ကျန်းက ထိုစကားကို ကြား‌ေသာအခါ ဝင်မကူညီတဲ့အပြင် ပြုံးစိစိလုပ်နေသည်။နာကျဲက လူကောင်းတစ်ယောက်လို့ သူစဥ်းစားမိသည်။ထို့ကြောင့် သူက နာကျဲကို တည့်တိုးပြောလိုက်သည်။


" ကျွန်တော်တို့ အရှေ့ဆင်ခြေဖုံးရပ်ကွက် ကိုသွားမလို့ပါ..."


" အရှေ့ဆင်ခြေဖုံးရပ်ကွက်လား...တော်တော်တိုက်ဆိုင်တာပဲ...ကျွန်တော့  ကုမ္ပဏီကအဲ့ဒီနားလေးမှာပဲ...လမ်းသင့်တယ်ဆိုတော့ ကျွန်တော်လိုက်ပို့ပါ့မယ်...မင်းတို့ပြန်လာရင်လည်း ကျွန်တော်လာခေါ်ပါ့မယ်...ပြီးတော့ လုံခြုံရေးအစောင့်လည်း ထားပေးပါ့မယ်..."


ရှန့်ကျန်းရဲ့မျက်လုံးတွေ အရောင်လက်သွားပြီး သူကပျော်ရွှင်စွာပြောခဲ့သည်။


" တကယ်လား...အဆင်မပြေမဖြစ်ဘူးမလား..." 


ထိုသို့ပြောပြီးနောက် သူက စုမုန့်၏နား နားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။


" စုမုန့် ကိုယ်တို့ အကြုံလိုက်စီးရအောင်...ဓာတ်ဆီဖိုးက အခု အရမ်းစျေးကြီးတယ်...ကိုယ်တို့ ဓာတ်ဆီဖိုးချွေတာရာ ရောက်တာပေါ့..."


…..


စုမုန့် : " ရှင်အရင်တုန်းက ဓာတ်ဆီဖိုးအတွက် စိတ်ပူတယ်လို့ ကျွန်မတစ်ခါမှ မကြားဖူးပါဘူး..."


" အရင်တုန်းက ကိုယ်တို့မှာ ရွေးချယ်စရာမှမရှိခဲ့ပဲ...ကိုယ်တို့ အခုလိုက်စီးဖို့အခွင့်အရေးရပြီလေ...မဟုတ်ဘူးလား..."


 ရှန့်ကျန်းက စုမုန့်ကို သဘောတူရန် မျက်ခုံးပင့်ပြီး အချက်ပြနေသည်။သို့သော်လည်း စုမုန့်က သူ့ကိုလျစ်လျူရှုလိုက်ပြီး တိုက်ရိုက် ငြင်းဆန်လိုက်သည်။


" ရှင့်ကိုကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မတို့ကိုလိုက်ပို့ဖို့မလိုပါဘူး...ကျွန်မတို့ ကိုယ့်ဘာသာကိုသွားနိုင်ပါတယ်..."


စုမုန့်က သူ့ကိုငြင်းဆန်‌ေနသည်ကို ရှန့်ကျန်းမြင်သောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။စုမုန့်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ရှန့်ကျန်းက အမြဲတစေထိုကဲ့သို့ပင်။သူမ ရှန့်ကျန်းကို ရောင်းစားမယ်ဆိုရင်တောင် သူက သူမကို ပိုက်ဆံရေတွက်ရန် ကူညီပေးသည်အထိ မိုက်မဲနေလိမ့်မည်။


နာကျဲလို့ခေါ်တဲ့ ထိုလူကြီးက သူမကို အလွန်ဆိုး၀ါးသောထင်မြင်ချက်ရစေသည်။သူမရဲ့ဆဌမအာရုံသည် အမြဲတမ်း မှန်ကန်သည်။သို့သော် သူမ နာကျဲကိုပထမဆုံးသေချာတွေ့တဲ့အချိန် ဘယ်အရာက သူမကို ထူးဆန်းစေတာလဲ...သူက သူမကို ဘာလို့ စိုးရိမ်စေတဲ့အာရုံကို ပေးနေတာလဲ...


သူမစိတ်ထဲတွင် ထိုကဲ့သို့သောလူဆိုတာ တကယ်မရှိခဲ့သော မှတ်ဉာဏ်ကို ဂရုတစိုက် ပြန်လည်တွေးတောကြည့်သည်။ထိုအန္တာရာယ်ရှိတဲ့ အာရုံက ဘယ်ကနေဖြစ်လာသည်ဆိုတာ သူမမသိပေ။သို့သော် သူနှင့်ခပ်ဝေးဝေးနေလျှင်တော့ အန္တရာယ်မရှိနိုင်ချေ။


" မစ္စစု ကိုယ်တကယ်မင်းကိုလိုက်ပို့ဖို့မလိုဘူးလား..." 


နာကျဲကထပ်မေးခဲ့သည်။စုမုန့်က သူမရဲ့ခေါင်းကိုယမ်းပြီး ငြင်းဆန်လိုက်ပြန်သည်။


" မလိုပါဘူး...ကျွန်မကိုယ်တိုင် အဲ့ဒီ့ကိုကားမောင်းပြီး သွားမယ်..."


နာကျဲက စုမုန့်ကိုတည့်တည့်စိုက်ကြည့်လိုက်သည်။သူ့အမူအရာက ခဏတာမျက်နှာပျက်သွားပေမယ့် အရင်မျက်နှာအမူအယာသို့ မြန်မြန်ပြန်ဖြစ်လာခဲ့သည်။သူက ကြင်နာတဲ့အပြုံးကို ထိန်းထားပြီး ပြောသည်။


" အဲ့ဒါဆိုလဲ ကျွန်တော်အရင်သွားတော့မယ်..."


သူထွက်မသွားခင် သူက စုမုန့်ကို သေချာပြန်ကြည့်လိုက်သည်။သူက သူမကိုတစ်ခုခုပြောချင်နေပေမယ့် တုံ့ဆိုင်းနေသည်။စုမုန့်က အနီးကပ်တစ်ချက်ကြည့်လိုက်သောအခါ နာကျဲက သူ့ရဲ့ခေါင်းကို လှည့်ပြီးနေပြီး သူမကိုကျောခိုင်း၍ အကွာအဝေးတစ်ခုအထိ လမ်းလျှောက်ပြီးနေပြီဖြစ်သည်။


" ဒီလူက တကယ်ထူးဆန်းတယ်..." 


စုမုန့်က တိုးတိုးလေးပြောလိုက်သည်။ရှန့်ကျန်းက သူမပြောတာကို ရှင်းရှင်းလင်းလင်း မကြားပေမယ့် ကောရှန်းကတော့ ကြားလိုက်သည်။သူကလည်း ခေါင်းညိတ်သဘောတူသည်။


" အဲ့ဒါက တကယ်နည်းနည်းတော့ ထူးဆန်းနေတယ်...သူသောက်ထားလို့ ကားမတော်တဆမှူ ဖြစ်ခဲ့တယ်လို့သူပြောတယ်...ဒါပေမဲ့ ကားမတော်တဆမှုဖြစ်ပြီးတော့ သူက သောက်ထားတဲ့ပုံ လုံး၀ပုံမပေါ်ဘူး...ပြီးတော့ မတော်တဆဖြစ်ခဲ့ပုံလဲ မပေါ်ဘူး..."


သို့သော် တမင်သက်သက်ပြုလုပ်ခဲ့လျှင်လည်း သူတို့အတွက် မည်သည့်ကောင်းကျိုးမျှ ရမည်မဟုတ်ချေ။ကောရှန်းနားမလည်ပေမယ့် နာကျဲက ယခုကိစ္စကို ကောင်းကောင်း ကိုင်တွယ်နေတာကို ကြည့်ခြင်းဖြင့် သူက ထိုကိစ္စကို အရေးကြီးခွင်ကျယ်လုပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်လိမ့်မည်မဟုတ်ပေ။


ဘယ်လိုပဲဖြစ်ဖြစ် အခြားပါတီက ကားမတော်တဆမှုအတွက် ပေးပြီးသားဖြစ်သည်။ထို့ကြောင့် သူဘာမှမဆုံးရှုံးသည့်အတွက် ထိုအရာနှင့် ပတ်သတ်ပြီး အရေးကြီးခွင်ကျယ်လုပ်စရာ အကြောင်းမရှိပေ။


( ထိတ်လန့်ဖွယ်လူကြီး)


စုမုန့်နဲ့ ရှန့်ကျန်းက ဖောက်သည်၏အိမ်ကိုသွားနေစဥ်မှာ ကောရှန်းက ဆိုင်ကိုစောင့်ကြည့်ဖို့နေခဲ့သည်။


သူတို့နှစ်ယောက်က မြေပုံလမ်းညွှန်အတိုင်း ဖောက်သည်ရဲ့အိမ်ကို အပြေးအလွှားသွားသည်။သူတို့ရဲ့ ဦးတည်ရာကို ရောက်သောအခါ ချိန်းထားတဲ့အချိန်မတိုင်ခင် ၅မိနစ်လိုသေးသည်။ပြီးနောက် အချိန်ကျလာ‌ေပပြီ။


အရှေ့ဆင်ခြေဖုံးရပ်ကွက်ဆိုသည်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက တိုးတက်ဖွံ့ဖြိုးပြီးသော ရပ်ကွက်တစ် ခုဖြစ်သည်။အနီးအနားမှာ အဆောက်အအုံတွေအများကြီးရှိသော်လည်း လူဦးရေများများစားစားမရှိပေ။ထိုအရပ်လေးသည် အေးချမ်းတိတ်ဆိတ်ပြီး လေကောင်းလေသန့်ရသည့်အပြင် ပတ်၀န်းကျင်လည်း သန့်ရှင်းလှသည်။


စုမုန့်က အဆောက်အအုံမြင့် တစ်ခုရှေ့မှာ ကားကိုရပ်လိုက်သည်။သူမ ကားထဲကထွက်ပြီး အပေါ်ကိုမော့ကြည့်လိုက်သည်။ထိုအဆောက်အအုံကြီးသည် အနည်းဆုံး အထပ် ၄၀ မှ ၅၀ အထိ မြင့်ပြီး အဆောက်အအုံ၀န်းကျင်တွင်လည်း ကင်းလှည့်နေသည့် လုံခြုံရေးအစောင့်များရှိသည်။


" စုမုန့်...ဖောက်သည်က ကိုယ်တို့ကို အထပ်နဲ့အိမ်နံပါတ်ပို့ထားတယ်...သူက ကိုယ်တို့ကို ကိုယ်တိုင်တက်လာဖို့ပြောတယ်...လုံခြုံရေးအစောင့်တွေကို ကိုယ်တို့ကို ဓာတ်လှေကားဆီခေါ်သွားဖို့ ခိုင်းလို့ရတယ်လို့ သူကပြောတယ်..."


 ရှန့်ကျန်းက စုမုန့်ကို ဖုန်းကြည့်နေရင်းပြောလိုက်သည်။


ဖောက်သည်သည်  ဘုရားသခင်ဖြစ်သည်။စုမုန့် အခြားသောအရာများကို လုံး၀ ခေါင်းထဲမရှိပေ။သို့သော်လည်း ရှန့်ကျန်းက နည်းနည်းမကျေနပ်ချေ။သူက မသဲမကွဲပြောလိုက်သည်။


" မနေ့ကဖုန်းပြောတုန်းကကျတော့ သူကတော်တော်ဖော်ရွေတယ်...အခုကျ သူ့ရဲ့စိတ်သဘောထားက ဘာလို့ အေးစက်သွားတာလဲ...ကိုယ်တိုင်အပေါ်ကို တက်လာဖို့နည်းလမ်းကိုပဲ ပြောတယ်...ရိုသေလေးစားမှု တော်တော်မရှိတာပဲ..."


" သူက ကျွန်မတို့ကို လှေကားနဲ့တက်လာခိုင်းတာမှ မဟုတ်တာ...ကျွန်မတို့ ဓာတ်လှေကားစီးသွားလို့ရတာပဲ မကျေနပ်စရာ ဘာရှိလို့လဲ..." 


စုမုန့်၏ အသံအနေအထားက ပုံမှန်ပဲဖြစ်သည်။ထိုသို့ပြောပြီးနောက် သူမရဲ့ ခြေထောက်ကိုမြှောက်ပြီး အဆောက်အအုံထဲသို့ လမ်းလျှောက်သွားလိုက်သည်။


ရှန့်ကျန်းက မြန်မြန်လိုက်သွားသည်။လုံခြုံရေးအစောင့်က စကားပြောရတာ အရမ်းအဆင်ပြေသည်။စုမုန့်လည်း သူမ သွားချင်သည့်အထပ်ကိုပဲ သူ့ကိုပြောလိုက်သည်။အစောင့်က ပြုံးပြပြီး ဓာတ်လှေကားခလုတ်ကို နှိပ်ရန် ကူညီပေးသည်။


စျေး၀ယ်သူက 32 ထပ်တွင်နေပြီး ဓာတ်လှေကားရောက်ရန် အချိန်အတော်ကြာသည်။ဓာတ်လှေကားတံခါးပွင့်သွားသည်။သူမ၏ခြေထောက်ကိုမြှောက်ပြီး ထွက်ရန်ပြင်လိုက်သောအခါ တံခါးရှေ့တွင် အ၀တ်အစား သပ်သပ်ရပ်ရပ်၀တ်ဆင်မထားသည့် လူတစ်ယောက်မတ်တပ်ရပ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပ။သူ့ရဲ့ဆံပင်တွေက ငှက်သိုက်လို ရှုပ်ပွနေပြီး သူ့ရဲ့မျက်နှာက အဖြူအမည်းဖြစ်နေသည်။အသက်မပါတဲ့ မျက်လုံးကြီးတစ်စုံက စုမုန့်ကိုကြောင်တောင်တောင် စိုက်ကြည့်နေသည်။


စုမုန့် ထိုလူကြောင့် ကြောက်လန့်သွားပြီး ခြေတစ်လှမ်းပြန်ဆုတ်လိုက်ရာ ရှန့်ကျန်းရဲ့ ခြေထောက်တည့်တည့်ပေါ်ကို တက်နင်းမိသွားသည်။ရှန့်ကျန်းက နာကျင်စွာအော်ဟစ်လိုက်သည်။


" စုမုန့် ကိုယ်ရိုးရိုးရှူးဖိနပ်ကိုပဲ စီးလာတာ...မင်းတကယ်ရက်စက်တယ်...တော်တော်နာသွားပီကွ"


…..


ရှန့်ကျန်းက သူ့ခြေထောက်ကို ခါလိုက်ပြီးနောက် စုမုန့် မသွားသေးတာကို သတိပြုမိသွားသည်။သူက မကူညီပဲ ဓာတ်လှေကားကြမ်းပြင် အခင်းအကျင်းကိုကြည့်နေသည်။ထို့နောက် သူက စူးစမ်းချင်စိတ်ပြင်းစွာ မေးခဲ့သည်။


"စုမုန့် ကိုယ်တို့ရောက်နေပီလေ...ဘာလို့မသွားသေးတာလဲ....အား..."


ရှန့်ကျန်းမော့ကြည့်လိုက်သောအခါ ဓာတ်လှေကားတံခါး၀က လူကိုမြင်သွားသည်။ သူက အလန့်တကြားနဲ့ ထအော်ပြီး စုမုန့်ရဲ့နောက်မှာ ချက်ချင်းပုန်းလိုက်သည်။တစ်ချိန်တည်းမှာပဲ ကြောက်ကြောက်လန့်လန့်နဲ့ တီးတိုးပြောလိုက်သည်။


 "  စုမုန့် ......"


ရှန့်ကျန်းကို ထိုသို့မြင်ရသောအခါ စုမုန့်၏ ခေါင်းထဲတွင် စိတ်ပူပန်မှုများ ပြည့်လာသည်။ရှန့်ကျန်းက သူမကို ကာကွယ်ပေးနိုင်မည့်ပုံ တစ်စက်မှ မပေါ်ပေ။


 " ဆရာ ကျေးဇူးပြုပြီး ဘေးကိုဖယ်ပေးလို့ရမလား...ကျွန်မတို့ ထွက်မလို့ပါ..."


 စုမုန့်က သူမကိုယ်သူမ စိတ်တင်းပြီး ပြောလိုက်သည်။ထိုလူက အပေါ်ကိုတက်လိမ့်မည်ဟု တွေးမိသည်။ဓာတ်လှေကားပြန်ကျမလာခင် သူအပေါ်ကိုတက်သွားဖို့ကိုပဲ စောင့်နေချင်မိသည်။သို့သော် သူမနေရာ ဖယ်ပေးပြီးသားဖြစ်နေသည်။ ပြီးနောက် ထိုလူက ဓာတ်လှေကားတံခါး၀တွင် မလှုပ်ပဲ ရပ်နေသည်။


ထိုလူက ဓာတ်လှေကားတံခါးကို ပိတ်ပြီးရပ်နေသည်။သူ့နားတွင် နေရာလွတ်ရှိသော်လည်း သူ့ခန္ဓာကိုယ်က အလွန်ညစ်ပတ်နေသည်။စုမုန့် သူ့ကိုမထိချင်ပေ။ထို့ကြောင့် သူမက သူ့ကိုဘေးသို့ဖယ်ပေးရန် တောင်းဆိုခဲ့သည။


" မင်းကစုမုန့်လား..." 


ထိုလူ၏ ငါးသေမျက်လုံးကဲ့သို့ မျက်လုံးများဖြင့် စုမုန့်ကို စိုက်ကြည့်နေသည်။စုမုန့်စကားပြောပြီးနောက် နောက်ဆုံးတွင် သူက ကွဲအက်နေသောအသံဖြင့် မေးခဲ့သည်။


စုမုန့်က သူရဲ့မေးခွန်းကို မဖြေခဲ့ပေ။သူက သူမနာမည်ကို သိနေပြီး ဓာတ်လှေကားတံခါးမှာ ရပ်နေတုန်းပင်။သူက သူမ၏ ဧည့်သည်ဖြစ်ပုံပေါ်သည်။ထို့ကြောင့် သူမက ပြန်မေးခဲ့သည်။


" ရှင်က မစ္စတာဝမ်လဲ့လား..."


ထိုလူက ခေါင်းညိတ်ပြသည်။ထိုအချိန်မှာပဲ စုမုန့် ဟုတ်မဟုတ်ကို အတည်ပြုနိုင်ခဲ့သည်။သူ၏ မူလက အေးစက်နေသောမျက်နှာအမူအယာသည် ချက်ချင်း ပြောင်းလဲသွားသည်။သူက ပြုံးရယ်ပြီးနောက် ထငိုတော့သည်။


" ဆရာမ မင်း နောက်ဆုံးတော့ဒီနေရာကို ရောက်လာပြီ...ငါ့ကိုမြန်မြန်ကယ်တင်ပေးပါ...ကျေးဇူးပြုပြီးကယ်ပေးပါ...ငါတကယ် မခံနိုင်တော့ဘူး..."


၀မ်လဲ့က ငိုပြီး စုမုန့်ကိုဖက်ရန် လုပ်လိုက်ပေမဲ့ စုမုန့်က သူ့၏ ညစ်ပတ်တဲ့ လက်တွေကို ရှောင်ဖို့အတွက် နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။ရှန့်ကျန်းက ထိုလူရဲ့လုပ်ရက်ကို မကြိုက်၍ စုမုန့်ရှေ့ကနေ ချက်ချင်းပိတ်ရပ်လိုက်သည်။


" မစ္စတာ၀မ်လဲ့အပြင်မှာပြောရအောင်...ကျွန်တော်တို့ကို အပြင်ထွက်ဖို့ အရင်ခွင့်ပြုနိုင်မလား..."


အဘယ်ကြောင့်ဆိုသော် စုမုန်နှင့် အခြားလူများပါ အပြင်မထွက်ရသေးပေ။ဓာတ်လှေကားတံခါးက မပိတ်သေးသောကြောင့် အသံမြည်လာသည်။


ထိုလူက ရှန့်ကျန်းစကားကို ကြားသောအခါ ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပြီး ဘေးကိုဖယ်လိုက်သည်.။သို့သော်လည်း အဝေးသို့ရောက်မသွားပေ။သူ့ရဲ့အကြည့်တွေက စုမုန့်ဆီမှာပဲရှိနေပြီး သူက အချိန်မရွေး စုမုန့်ပေါ်ကို ခုန်တက်ရန် အသင့်ဖြစ်နေသည်။


ရှန့်ကျန်းက စုမုန့်ရဲ့ဘေးကနေ နိုးနိုးကြားကြား စောင့်ကြပ်နေပြီး ထိုလူစိုက်ကြည့်နေတာကို ကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားနေသည်။


စုမုန့် ဓာတ်လှေကားထဲက ထွက်လာသောအခါ ၀မ်လဲ့က ရှန့်ကျန်းကိုအဝေးကို တွန်းထုတ်လိုက်ပြီး စုမုန့်ကို ဖက်ရန် လုပ်နေပြန်သည်။


စုမုန့်က နောက်သို့ ခြေလှမ်းအနည်းငယ် မြန်မြန်ဆုတ်လိုက်ပြီး ထိုလူ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။


သူက စုမုန့်ကို ထိတွေ့မရမှန်းသိသွားသောအခါ ၀မ်လဲ့က သူ့ရဲ့အကြည့်တွေကို ရှန့်ကျန်းဘက်သို့ လှည့်လိုက်သည်။


 ရှန့်ကျန်းက ၀မ်လဲ့ရဲ့ ပြင်းပြတဲ့အကြည့်တွေ့နဲ့ စိုက်ကြည့်ခြင်းကို ခံနေရသည်။ယောကျာ်းတစ်ယောက်ဖြစ်နေသော်လည်း ထိုအကြည့်ကို သူမခံနိုင်ပေ။သူက ခြေလှမ်းအနည်းငယ်နောက်ဆုတ်၍ သူ့ရဲ့ဖုန်းကိုထုတ်ကြည့်ပြီးနောက် ၀မ်လဲ့ကိုကြည့်သည်။သူက နားမလည်သောကြောင့် မေးလိုက်သည်။


" မင်းက ၀မ်လဲ့လား...ဒါပေမဲ့ ဘာလို့ ဒီလိုပုံစံဖြစ်လာတာလဲ...မင်းရဲ့ ဓာတ်ပုံနဲ့ လုံး၀ကို ကွာခြားနေတယ်..."



xxxxxx