Chapter 103
( ရှန့်ကျန်းတိုက်ချခံလိုက်ရခြင်း)
၀မ်လဲ့ ၏မျက်လုံးတွေက အသက်မရှိသလိုပင်။သူက ' ဓာတ်ပုံ ' ဆိုသော စကားလုံးကို ကြားလိုက်သောအခါ သူ့အကြည့်တွေက ချက်ချင်းပဲ ပြာယာခတ်သွားသည်။သူ့အိမ်တံခါးဆီကို သူခိုးတစ်ယောက်ကဲ့သို့ ခိုးကြောင်ခိုး၀ှက်လမ်းလျှောက်မသွားခင် ပတ်၀န်းကျင်ကို စိတ်လှုပ်ရှားစွာလှည့်ပတ်ကြည့်လိုက်သည်။
တံခါးဖွင့်လိုက်ပြီးနောက် သူက စုမုန့်နဲ့ ကျန်တဲ့သူတွေကို ၀င်ဖို့ လက်ဟန်ခြေဟန်ဖြင့် ပြသည်။
"မြန်မြန်အထဲ၀င် မြန်မြန်...မဟုတ်ရင် သူမ၀င်လာပြီး ငါတို့ကိုအတူတူတွေ့သွားရင် မင်းတို့တောင် ပြီးသွားလိမ့်မယ်..."
သူပြာယာခတ်နေပုံ ကိုကြည့်ရတာ သူဟန်ဆောင်နေသည့်ပုံတော့ မပေါ်ပေ။
ရှန့်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။သူတို့သဘောတူခဲ့တဲ့ ပုံစံနဲ့ ဘာလို့ ကွဲပြားနေရတာလဲ...ထိုနေ့တွင် သူတို့က ဖုန်းရွှေပြသနာအချို့ကိုဖြေရှင်းရန်သာ လိုအပ်သည်ဟု သူရှင်းရှင်းလင်းလင်း ပြောခဲ့သည်။သို့သော် ယခုပုံစံကြည့်ရသည်မှာ သူက တစ်စုံတစ်ယောက်ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရပုံပေါ်သည်။
ဖုန်းရွှေပြသနာက မှန်သော်လည်း တစ်စုံတစ်ယောက်နှင့် အမှန်တကယ် ပတ်သတ်မှု ရှိနေတယ်ဆိုရင် ပိုက်ဆံမရှာတာက ပိုကောင်းသည်။
ယခင် လူစီ ရဲ့ကိစ္စကနေ သင်ခန်းစာရပြီးနောက် ယခုအချိန်တွင်မူ သူ သတိ၀ီရိယရှိစွာနေခဲ့သည်။သူက အိမ်ထဲသို့ အပြေးအလွှားမ၀င်ပဲ ကိစ္စကိိုဦးစွာမေးရန် စီစဥ်ထားသည်။
" မစ္စတာ၀မ် , သူမဆိုတာ ဘယ်သူလဲ...သူမက မင်းရဲ့ရန်သူလား...ငါတို့ ဖုန်းရွှေပြသနာကိုသာ ဖြေရှင်းရမယ်လို့ အစက သဘောတူခဲ့တာလေ...ငါတို့က လူတွေရဲ့ ရန်ငြှိုးနဲ့ ပတ်သတ်တဲ့ ကိစ္စကို တာ၀န်မယူဘူး...ပြီးတော့ ငါတို့မှာ အဲ့ဒါတွေကို ဖြေရှင်းနိုင်စွမ်းမရှိဘူး..."
" မြန်မြန်၀င်ပါ...မင်းတို့မှာ တစ်ခုခုပြောစရာရှိတယ်ဆိုရင် အထဲကိုအရင်၀င်ပါ...သူမရောက်လာတဲ့အခါအားလုံးပြီးသွားလိမ့်မယ်...မြန်မြန်လုပ်ပါ...သူမမကြာခင် ရောက်လာလိမ့်မယ်..."
၀မ်လဲ့က ရှန့်ကျန်းကိုပြန်ဖြေမယ့်အစား သူနဲ့ စုမုန့်ကို စိုးရိမ်တကြီး ကြည့်နေပြီး အိမ်ထဲကို ၀င်ရန်တဖန်ပြောဆိုနေသည်။
စုမုန့်က သူ့လက်ကို ရှောင်လိုက်သည်။သူမ၏မျက်နှာပေါ်တွင် မည့်သည့် ဟန်ပန်အမူအရာမှ မရှိသော်လည်း ၀မ်လဲ့၏အိမ်သို့ နေရာကွက်လပ်ကို ဖြတ်ပြီးကြည့်လိုက်သည်။ထိုလူက ယခုအချိန်တွင် ဖရိုဖရဲဖြစ်နေသော်လည်း အိမ်က အလွန်သန့်ရှင်းပြောင်လက်နေလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။
ရှန့်ကျန်းသည် ၀မ်လဲ့ ဆီက အဖြေတစ်ခုမှမရပဲ မကျေမနပ် ဆက်မေးနေသည်။စုမုန့်က ၀မ်လဲ့အိမ်ရဲ့ အပြင်အဆင်ကိုမြင်သောအခါ သူမ ၀င်ရန်တွန့်ဆုတ်မနေတော့ပေ။
" ဟေး စုမုန့် "
ရှန့်ကျန်းက မေးနေဆဲဖြစ်သည်.။ စုမုန့်တိတ်တိတ်လေး လမ်းလျှောက်သွားနေသည်ကို သူမြင်သောအခါ သူမနောက်ကနေ မြန်မြန်လိုက်လာသည်။
" စုမုန့် ,မ၀င်ခင်မှာ မင်းမေးရအုံးမယ်မဟုတ်လား..."
" ရတယ်...ဘာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် ရှင်က ကျွန်မနဲ့ အတူတူရှိနေလိမ့်မယ်..."
စုမုန့်ရဲ့အသံက သာမန်ပင်။
ရှန့်ကျန်း : " ... "
…..
သို့သော်လည်း သူ ဘယ်လိုအရာကိုမှ မဖြစ်စေချင်ပေ။သူက ထိုသို့ပြောသောအခါ ရုတ်တရက် ညှိုးငယ်သွားသည်။သူ စုမုန့်နဲ့ အလုပ်စလုပ်ကတည်းက စုစုပေါင်း ပုံစံနှစ်ခု သိရှိခဲ့သည်။ထိုပုံစံတွေနဲ့ ဖောက်သည်တွေအားလုံးက ပုံမှန်မဟုတ်ပေ။သူတို့အကုန်လုံးကရူးကြောင်ကြောင်နှင့် ကြောက်စရာပုံတွေဖြစ်သည်။
ယခင်လူစီရဲ့ကိစ္စတုန်းကလည်း အမှန်တကယ် လူသတ်မှူတစ်ခုဖြစ်သည်။၀မ်လဲ့ဘယ်သူဆိုတာလဲ သူမသိပေ။သူနဲ့ စုမုန့်ရဲ့ လုံခြုံမှုကိုထိပါးမလာရန် သူမျှော်လင့်မိသည်။
သူ အမြဲတမ်းကံမကောင်းတတ်ပေ။သူ့ကံကြမ္မာကြောင့်ဖြစ်နိုင်လား...
အကယ်၍ အခွင့်အရေးရှိမယ်ဆိုရင် သူ့ကံကြမ္မာကို ချိုးဖျက်ဖို့အတွက် ကူညီပေးနိုင်မည့် ကျွမ်းကျင်သူတစ်ယောက်ကို ရှာဖို့ သူဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားသည်။ကံကောင်းစွာဖြင့် စုမုန့်က သူ့ဘေးတွင်ရှိနေသည်။တစ်နေ့ သူ့ဘေးမှာ စုမုန့်မရှိတော့ဘူးဆိုရင် သူဘယ်လောက် ကံဆိုးမှုတွေနဲ့ ကြုံတွေ့ရမည်ဆိုတာ သူမသိပေ။
ယခင်အဖြစ်အပျက်၏ အရိပ်ကြောင့် စုမုန့်နဲ့ဝေးဝေးမှာ ရှန့်ကျန်းမနေရဲပေ။ဝေးဝေးနေမည့်အစား သူမရဲ့ဘေးကနေ အနီးကပ်လိုက်နေသည်။
စုမုန့်က သူ့ရဲ့ စိုးထိတ်မှုကို သတိထားမိပြီး တိုးတိုးလေး ရှင်းပြသည်။
" ရှင် ကျွန်မကို ကာကွယ်နိုင်မယ်လို့ကျွန်မ မျှော်လင့်နေတုန်းပဲ...ရှင်ဘာလို့ သတ္တိနည်းတဲ့သူ တစ်ယောက်လိုဖြစ်နေတာလဲ..."
ရှန့်ကျန်းက ပြုံးပြပြီး သူ့ကိုယ်သူ ကာကွယ်နေသည်။
" စုမုန့် ကိုယ်က နောက်ဆက်တွဲပြသနာတွေကို ရှင်းလင်းပေးဖို့ မင်းကိုကူညီပေးနေတာ...တကယ်လို့ အန္တရာယ်ရှိရင် မင်းနောက်ကနေ ကာကွယ်ပေးပါ့မယ်...ကိုယ်မင်းကို ဘေးကင်းကင်းနဲ့ လွတ်မြောက်စေမှာ သေချာတယ်..."
စုမုန့် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်ပေ။အမှန်တော့ သူမ ရှန့်ကျန်းဆီက ဘာကိုမှ မမျှော်လင့်ထားပေ။
စုမုန့် အခန်းထဲကို ၀င်ပြီးနောက် တံခါးကိုမှီပြီး ချောင်းကြည့်ပေါက်ကနေ အပြင်ကိုကြည့်နေသည့် ၀မ်လဲ့ကို လှမ်းကြည့်ပြီး တိုးတိုးလေးမေးလိုက်သည်။
"မစ္စတာဝမ် ရှင် ဘာဖြစ်တာလဲဆိုတာ ကျွန်မကို ပြောပြပါ..."
ဝမ်လဲ့က သေချာစီစဥ်ထားတဲ့ တိုက်ခိုက်မှုတစ်ခုကို ခံခဲ့ရပြီး ယခုလို ညစ်ညစ်ပတ်ပတ်နှင့် ပြန်လာရသည်ဟု သူမပြောနိုင်သည်။
သူမရဲ့ ခန့်မှန်းချက်မှန်ရင် ဝမ်လဲ့က သူမကိုမရှာခင် အခြားဖုန်းရွှေပညာရှင်ကို ရှာခဲ့သည်။ဘာကြောင့်လဲဆိုတော့ သေချာစီစဥ်ထားတဲ့ အချက်အလက် အနည်းဆုံးနှစ်ခုရှိနေသော်လည်း တစ်၀က်သာပြီးသေးသည်ဟု သူမခံစားရသောကြောင့်ဖြစ်သည်။
" အား...အား...အား..သူမဒီမှာ..သူမဒီမှာ...ဆရာမငါ့ကိုကယ်ပါ...သူမကို အဝေးကို မောင်းထုတ်နိုင်မယ်ဆိုရင် မင်းလိုချင်တာမှန်သမျှ ပေးပါ့မယ်..."
ဝမ်လဲ့ ချောင်းကြည့်ပေါက်မှ ကြည့်နေသည်။စုမုန့်က သူမရဲ့စီရင်ချက်ပြီးသွားသည်နှင့်တပြိုင်နက် ဝမ်လဲ့က ကြောက်စရာတစ်စုံတစ်ရာကိုတွေ့လိုက်ပုံပေါ်သည်။သူက အော်ဟစ်ပြီး တံခါးကနေထွက်ပြေးသွားသည်။တစ်ချိန်တည်းမှာပဲ စုမုန့်ဆီကို အပြေးအလွှားသွားလိုက်သည်။
စုမုန့်က သူ့ကိုသေချာစွာ စောင့်ကြည့်နေသည်။သူရဲ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသောအခါ သူမက ဝမ်လဲ့ရဲ့ ခန္ဓာကိုယ်ကို ရှောင်ရန် ခြေနှစ်လှမ်းဘေးကို ချက်ချင်းတိုးလိုက်သည်။သို့သော် တချိန်လုံးသူမရဲ့နောက်မှာ ပုန်းနေတဲ့ရှန့်ကျန်းကတော့ ကံမကောင်းလှပေ။
စုမုန့် ရုတ်တရက်ထွက်ခွာသွားသောအခါ ရှန့်ကျန်းက ၀မ်လဲ့ပြေးလာသည်ကို ရှောင်ရန် အချိန်မရှိတော့ပဲ သူ့ကိုတည့်တည့်၀င်တိုက်မိသွားသည်။
၀မ်လဲ့က ကြွက်သားတွေနှင့် တောင့်တောင့်ဖြောင့်ဖြောင့်ဖြစ်သည်။သူ့ရဲ့ပုံပန်းသွင်ပြင်ကိုအကဲဖြတ်ကြည့်လျှင် သူ့အလေးချိန်သည် ရှန့်ကျန်းနှင့် စုမုန့်နှစ်ယောက်ပေါင်းအလေးချိန်လောက်ရှိသည်။ရှန့်ကျန်းက ၀င်တိုက်မှုဖြင့် နောက်ပြန်လဲကျသွားသောကြောင့် အစောင့်က လှမ်းဖမ်းလိုက်သည်။သူတို့နှစ်ယောက်လုံး ဆိုဖာပေါ်ကိုလဲကျသွားသည်။
(သူ့စည်းမျဥ်းနှင့်သူ ရှိသည်...)
" အ..."
ရှန့်ကျန်းက ဖိအားကြောင့် အသက်ရှူကြပ်ပြီး သူ့ခေါင်းက တုန်နေသည်။ကံကောင်းစွာဖြင့် ဝမ်လဲ့က သတိရှိနေဆဲဖြစ်သည်။စက္ကန့်အနည်းငယ်ကြာသောအခါ ရှန့်ကျန်းရဲ့ ခန္ဓာကိုယ်ပေါ်က နေမြန်မြန်ထလိုက်သည်။
ရှန့်ကျန်းက ဖိခံရသောကြောင့် နာကျင်နေသော ရင်ဘတ်ကို ဖုံးအုပ်လိုက်သည်။သူ အံကြိတ်ပြီး တံခါးဆီကို လျှောက်သွားသည်။
" အပြင်က ဘယ်အရာက မင်းကိုအဲ့ဒီလောက်ကြောက်စေတာလဲ..."
ရှန့်ကျန်းက အပေါက်အနီးကိုသွားပြီး အပြင်သို့လှမ်းကြည့်လိုက်သည်။သို့သော် ဝမ်လဲ့ရဲ့ ယခု အမူအရာကြောင့် ရှန့်ကျန်းက ကြောက်နေသည်။ထို့ကြောင့် သူက ချောင်းကြည့်ပေါက်နှင့် အနည်းငယ်ဝေးသောနေရာတွင်နေ၍ သူ့ဖုန်းကင်မရာကိုဖွင့်လိုက်ပြီး ကင်မရာမှန်ဘီလူးကို အပေါက်တွင်ချိန်လိုက်သည်။
ဤနည်းလမ်းသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသောနည်းလမ်းတစ်ခုပြီး ချောင်းကြည့်ပေါက်အပြင်ကို မြင်နိုင်ရုံသာမက လုံခြုံသောနည်းလမ်းတစ်ခုဖြစ်သည်။အကယ်၍ ချောင်းကြည့်ပေါက်ကို အပြင်ကလူဆိုးတွေဖျက်ဆီးလိုက်လျှင် အပေါက်က ပျက်စီးမှုတွေကို ကာကွယ်နိုင်သည်။
ရှန့်ကျန်းက အပေါက်ကနေ အချိန်အတော်ကြာကြည့်နေပေမဲ့ မည်သည့်အရာမှ မတွေ့ပေ။ထို့ကြောင့် သူက ရှေ့ကိုတိုးလိုက်ပြီး သူမျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
အပြင်မှာ လင်းထိန်နေပြီး မြင်ကွင်းတွင် ဘာမှမရှိပေ။သူက စုမုန့်ဘက်ကိုလှည့်ပြီး စိတ်ရှုပ်ထွေးနေတဲ့ အကြည့်နှင့် ကြည့်လိုက်သည်။
စုမုန့်က သူမရဲ့ရင်ဘက်တွေကို လက်နဲ့ကြက်ခြေခတ်ပုံစံ ကာလိုက်ပြီး မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်
" ရှင်သိချင်စိတ်ပြင်းပြနေတယ်ဆိုရင် တံခါးကိုဖွင့်ပြီး ကြည့်လိုက်..."
ရှန့်ကျန်းက ချက်ချင်းခေါင်းခါလိုက်ပြီး ပြောသည်။
" နိုး.နိုး..နိုး...ငါမသိချင်ပါဘူး...တံခါးကိုဖွင့်ဖို့ မလိုပါဘူး..."
သူတံခါးဖွင့်ပြီး ကြည့်လိုက်လျှင် အဆင်ပြေသည်။သို့သော် အပြင်မှာ တစ်ခုခုအမှန်တကယ်ဖြစ်လာလျှင် ဒါက သူ့ရဲ့ အဆုံးသတ်မဟုတ်ပေဘူးလား...
ရှန့်ကျန်းတံခါးမဖွင့်တာကို စုမုန့်မြင်သောကြောင့် သူမက ကိုယ်တိုင်တံခါးဖွင့်ရန် လမ်းလျှောက်သွားသည်။သူမ၏လှုပ်ရှားမှူက ဝမ်လဲ့နဲ့ ရှန့်ကျန်းကို ကြောက်ရွံ့စေပြီး သူတို့နှစ်ယောက်လုံး အတူတကွ သူမကို ရပ်တန့်ခိုင်းလိုက်သည်။
" ဆရာမ "
" စုမုန့် "
စုမုန့်က မြန်မြန်လှုပ်ရှားပြီး သူတို့နှစ်ယောက်မတားခင် တံခါးကိုဖွင့်လိုက်သည်။သူတို့သုံးယောက်လုံး အပြင်ကိုလှမ်းကြည့်သည်။စင်္ကြံန်လမ်းသည် သူတို့မ၀င်ခင်အခြေအနေနှင့် မကွာခြားပေ။ အပြင်တွင် လူတစ်ယောက်မှ မရှိပေ။
…..
" မစ္စတာဝမ် မစိုးရိမ်ပါနဲ့...ရှင့်ကို အနှောင့်အယှက်ပေးနေတဲ့ တစ်ယောက်က အခုထွက်မလာသေးပါဘူး..."
စုမုန့်က သူ့ကို စိတ်သက်သာရာ ရစေသည်။ဝမ်လဲ့ရဲ့ အမူအရာက နည်းနည်းစိတ်အေးသွားပြီဆိုမှ စုမုန့်က ဆက်ပြောလိုက်သည်။
" များသောအားဖြင့် ယခုလို လှုပ်ရှားမှုက ညမှာပဲ ဖြစ်တတ်တယ်..အဲ့ဒါကြောင့် ရှင် ညကျရင်တော့ ဂရုစိုက်ဖို့လိုတယ်..."
ဝမ်လဲ့ : "... "
ရှန့်ကျန်း : "... "
စုမုန့်က သူ့ကို စိတ်ပျက်စေမည်မဟုတ်တာသေချာသည်။
ဝမ်လဲ့က သူ့နှုတ်ခမ်းတွေကိုပွတ်သပ်လိုက်သည်။ကြည့်ရတာ သူငိုတော့မည်။စုမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး အေးဆေးစွာပြောသည်။
" မစ္စတာဝမ် ကျွန်မ ရှင်ကြောက်ရွံ့နေတာကို သိပါတယ်...ဒါပေမဲ့ ရှင်ရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ကျွန်မတို့ကို ဒီကို ခေါ်ထားတာရှင်သိမှာပါ...ရှင်ကြောက်နေတာကို ကြည့်ဖို့မဟုတ်ဘူး...ရှင်က ခေါင်းစဥ်ကို ပြောင်းနေတာပဲ...ဒါပေမဲ့ ဘာဖြစ်တယ်ဆိုတာ ကျွန်မတို့ကို မပြောပဲ...ကျွန်မတို့က ဘယ်လိုကူညီရမှာလဲ..."
ရှန့်ကျန့်က ဘေးကနေ လိုက်ပြောသည်။
" အဲ့ဒါမှန်တယ် မစ္စတာ၀မ်...ဘာဖြစ်တယ်ဆိုတာကို ငါတို့ကို မြန်မြန်ပြောပါ...အဲ့တာမှ ငါတို့က ပြသနာဖြေရှင်းဖို့ နည်းလမ်းကို ကူစဥ်းစားပေးနိုင်မှာ..."
" မစ္စတာ ငါ မင်းအကြောင်းကို ကြားဖူးတယ်...မင်းက အရမ်းအင်အားကောင်းတယ်ဆိုတာ ငါသိတယ်...ယခုကိစ္စက သာမန်မဟုတ်ဘူး...ကျေးဇူးပြုပြီး အရင်ထိုင်လိုက်ပါ...ငါမင်းတို့အတွက် ရေတစ်ခွက်ထည့်ပေးပြီး ဖြည်းဖြည်းချင်းပြောပြမယ်..."
ဝမ်လဲ့က ရှန့်ကျန်းနဲ့ စုမုန့်ကို ထိုင်ဖို့ဖိတ်ခေါ်လိုက်သည်။သူက ရေတစ်ဘူးယူရန် မီးဖိုချောင်သို့သွားပြီး သူတို့နှစ်ယောက်လုံးအတွက်လောင်းထည့်ပေးသည်။
အားလုံးလုပ်ပြီးနောက် သူ မကျေနပ်ဖြစ်နေပုံပေါ်ပြီးမေးသည်။
" ဆရာမ မင်းဗိုက်ဆာပြီလား...မင်းတစ်ခုခုစားချင်လား..."
စုမုန့်က မျက်မှောင်ကြုတ်လိုက်သည်။ဝမ်လဲ့က ခဲယဥ်းတဲ့ ပြသနာတစ်ခုကို အမှန်တကယ် ရင်ဆိုင်ခဲ့ရသည်ဟု သူမခံစားရသည်။သို့သော် သူ့ပုံစံကိုကြည်ရသည်မှာ ထိုပြသနာကို သူမဖြေရှင်းပေးရန်အလျင်စလို ဖြစ်မနေပေ။၎င်းအစား သူက အချိန်ဆွဲနေပုံပေါ်သည်။
" မလိုအပ်ဘူး...ကျွန်မအလုပ်ကိုပဲ ကျွန်မလုပ်နေတယ်...မစ္စတာ၀မ် ဘာဖြစ်နေတယ်ဆိုတာ အခုပြောပြပေးနိုင်မလား..."
စုမုန့် နည်းနည်းစိတ်မရှည်တော့ပေ။ဝမ်လဲ့၏ အပြုအမူက တကယ်ထူးဆန်းနေသည်။သူမှ မပြောပဲ အချိန်ဆက်ဖြုန်းနေအုံးမယ်ဆိုလျှင် သူမဒီအစီအစဉ်ကို ထပ်မလိုချင်တော့ပေ။
စုမုန့်တိုက်တွန်းပြီးနောက် ဝမ်လဲ့၏ အမူအရာသည်ရုတ်တရက် နည်းနည်းကိုးရို့ကားရားဖြစ်လာသည်။သူဘေးကို လာမထိုင်ခင် ခဏတာ ဘေးကျပ်နံကျပ် ဖြစ်နေပုံပေါ်သည်။ပြီးနောက် သူရင်ဆိုင်ခဲ့ရသော ပြသနာကိုစပြောသည်။
" ဆရာမ မင်းငါ့ရဲ့ အလုပ်အကိုင်ကို သိပြီးသားဖြစ်မယ်ဆိုတာ သေချာတယ်...ငါက လူသေတွေကို တူးဖော်ပြီး တန်ဖိုးရှိပစ္စည်းတွေကိုရှာဖွေတဲ့သူပါ...အဲ့ဒါကြောင့် မင်းလို လူအများလက်ခံထားတဲ့ ဖုန်းရွှေပညာရှင်တစ်ယောက်က ငါ့ကိုအနည်းနဲ့အများ ဝေဖန်နိုင်ပါတယ်...ဒါပေမဲ့ မစိုးရိပ်ပါနဲ့ ငါက စည်းမျဥ်းစည်းကမ်းတွေကို အမြဲတမ်းလိုက်နာခဲ့တဲ့ လူတစ်ယောက်ပါ...ပြီးတော့ တားမြစ်ချက်တွေကို ဘယ်တော့မှမချိုးဖျက်ပါဘူး..."
" လူသေတွေကို တူးဖော်ပြီး တန်ဖိုးရှိ ပစ္စည်းတွေရှာတဲ့ နေရာမှာ စည်းမျဥ်းစည်းကမ်းတွေရှိတယ်...ဒါပေမဲ့ တစ်ယောက်ယောက်ကိုမြှုပ်နှံထားတဲ့ နေရာကို တူးဖော်ဖို့ တားမြစ်ချက်ရှိရမယ်မဟုတ်လား..."
ရှန့်ကျန်းမကူညီနိုင်ပေ။သို့သော် ဝမ်လဲ့ရဲ့စကားကိုကြားေသာအခါ တိုးတိုးလေး ငြီးတွားလိုက်သည်။
ဝမ်လဲ့က သူ့စကားကိုကြားလိုက်ေသာအခါ သူ့ရဲ့မျက်နှာက ချက်ချင်းနီသွာပြီး ရှက်ရှက်နှင့်ရှင်းပြသည်။
" မစ္စတာရှန့် မင်းမှန်ပေမဲ့ ဒါက ငါတို့အလုပ်လေ...အဲ့ဒါကို ရှောင်လွှဲလို့မရဘူး...ငါတို့အလုပ်က ထူးခြားတဲ့အတွက် စည်းမျဥ်းစည်းကမ်းတွေအများကြီးရှိတယ်..."
" ငါတို့အလုပ်မှာ အကြီးဆုံးတားမြစ်ချက်တွေက လူသေတွေကို မလေးစားရဘူး ပြီးတော့အထက်စီးဆန်ရမယ်...အကြံဉာဏ်တွေကို နားမထောင်ရဘူး...မြှုပ်နှံထားတဲ့ လူခန္ဓာကိုယ်တွေကို တူးဖို့သွားတဲ့အချိန်တိုင်း စည်းမျဥ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာရတယ်...ဒါပေမယ့် နောက်ဆုံးအကြိမ်မှာတော့ လွန်ခဲ့တဲ့ လတစ်၀က်က အောက်ကိုဆင်းသွားပြီးတဲ့နောက်မှာ ထူးဆန်းတဲ့အရာတစ်ခုနဲ့ တွေ့ကြုံခဲ့ရတယ်..."
xxxxxxx