အပိုင်း ၁၀၄
Viewers 7k

Chapter 104

(လူသေတွေကို တူးဖော်တဲ့ ဖြစ်စဥ်)


ဝမ်လဲ့က ထိုနေ့တွင်ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများကို အသေးစိတ်ပြောပြသည်။


လူသေတူးဖော်တဲ့အလုပ်သည် အုတ်ဂူထဲကိုမ၀င်ခင် လူတစ်ယောက်က နယ်မြေကိုစောင့်တဲ့ မြေနတ်ဘုရားကို ပူဇော်ပသရသည်။အချို့လှူဖွယ်ပစ္စည်းများအပြင် အမွှေးတိုင်ငါးတိုင်ကိုပါ ထွန်းညှိပူဇော်ရသည်။


အမွှေးတိုင်များက သာမန်အတိုင်းလောင်ကျွမ်းနေမယ်ဆိုလျှင် လူတစ်ယောက်က မြေထဲသို့ဆင်းနိုင်သည်ဟု ဆိုလိုသည်။သို့သော်ငြားလည်း အမွှေးတိုင်များက ဆိုးဆိုး၀ါး၀ါးလောင်ကျွမ်းနေလျှင် ဘယ်သူမှ ဆင်း၍မရနိုင်ဟု ဆိုလိုသည်။


ထိုနေ့တွင် ဝမ်လဲ့နှင့် သူ့ရဲ့သူငယ်ချင်းတွေက အမွှေးနံ့သာမီးရှို့ခြင်း အလေ့အကျင့်ကို ပြုလုပ်ခဲ့ပြီး သူတို့အောက်ကိုမဆင်းခင်မှာ မြေနတ်ဘုရားကို လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့သည်။သူတို့ အချိန်ခဏ စောင့်ပြီးနောက် အမွှေးတိုင်များက သာမန်အတိုင်းလောင်ကျွမ်းသည်ကို တွေ့ခဲ့သည်။ထို့နောက် သူတို့ အောက်သို့ဆင်းသွားခဲ့ကြသည်။


မြေနတ်ဘုရားကို အရင်ဆုံး၀တ်ပြုဆုတောင်းခြင်းသည် ပထမဆုံးခြေလှမ်းတစ်ခုသာဖြစ်သည်။ထိုအရာက မြေနတ်ဘုရားရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိရန် ဆုတောင်းခြင်းပင်ဖြစ်သည်။သူတို့ဆင်းပြီးနောက် လမ်းကြောင်းရှာဖွေရန် အမွေးနံ့သာများကို အုတ်ဂူရဲ့ဝင်ပေါက်မှာ ထွန်းညှိခဲ့သည်။အမွှေးနံ့သာများက လင်းထိန်းစွာ တောက်လောင်နေဆဲဖြစ်သည်။သူတို့က သုံးကြိမ်တိုင် မီးတောက်အောင်မလုပ်နိုင်လျှင် ဂူထဲသို့ ၀င်ရန်လက်လျှော့ဖို့သာ တတ်နိုင်တော့သည်။ရတနာတွေ ဘယ်လောက်ပဲများများရှိနေပါစေ သူတို့မသွားနိုင်ပေ။


တစ်နည်းအားဖြင့်ဆိုသော် အမွှေးတိုင်များက ပထမအကြိမ်တွင် တောက်ပစွာလောင်ကျွမ်းနေပြီး အဆုံးထိတိုင် လောင်ကျွမ်းလျှင် သူတို့ ဂူထဲသို့၀င်နိုင်သည်ဟု အဓိပ္ပါယ်ရသည်။


၀မ်လဲ့နဲ့ သူ့ရဲ့သူငယ်ချင်းက ထိုအရာကိုမြင်သောအခါ အရမ်းပျော်ရွှင်သွားသည်။သူတို့နှစ်ယောက်လုံး ပစ္စည်းကိရိယာတွေ ပြင်ဆင်ပြီးနောက် ဖယောင်းတိုင်တွေ ယူသွားပြီး အထဲသို့ ၀င်သွားခဲ့သည်။


သူနဲ့ သူ့သူငယ်ချင်းက အုတ်ဂူထဲသို့ အောင်အောင်မြင်မြင် ရောက်ရှိသွားသည်။ဝမ်လဲ့ရဲ့ မှတ်ဉာဏ်များအရ အုတ်ဂူက ဟန်မင်းဆက်ရဲ့အုတ်ဂူဖြစ်ခဲ့ပုံပေါ်သည်။အုတ်ဂူအတွင်းတွင် အလွန်ကျယ်၀န်းသော်လည်း မည်သည့်ရတနာမှမရှိပေ။ဆီမီးခွက်များသည်သာ ငွေတန်ဖိုးရှိနေဆဲ ပစ္စည်းများဖြစ်သည် ။


အုတ်ဂူထဲတွင် နရံပေါ်က ဆီမီးခွက်တွေအပြင် အလယ်မှာ ကျောက်စိမ်းအခေါင်းတစ်ခုကို ထားရှိထားသည်။အခေါင်းက နက်မှောင်တောက်ပနေပြီး ဘာပျက်စီးမှုမှမရှိ‌ေပ။ထိုအခေါင်းက ကြီးမားတဲ့ကျောက်စိမ်း၊ရွှေအစိတ်အပိုင်းများနှင့် စီခြယ်ထားသည်။အတော်ခမ်းနာထည်၀ါသည့်ပုံပေါ်သည်။


အုတ်ဂူများတူးဖော်သည့် စည်းမျဥ်းများအရ အခေါင်းမှလွဲ၍ ကျန်တဲ့ပစ္စည်းများကို အုတ်ဂူထဲမှ ယူဆောင်သွားလို့ရသည်။အခေါင်း၏အချိန်သက်တမ်းကြာမြင့်လေလေ အန္တရာယ်ပိုများလေဖြစ်သည်။


ထိုလုပ်ငန်းတွင် လောဘကြီးသည့် သင်္ချိုင်းတူးဖော်သူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ထိုလူက အုတ်ဂူထဲရှိ ရတနာများကို ယူမသွားချင်ခဲ့ပဲ သူထွက်မသွားခင်မှာ အခေါင်းကိုဖွင့်ကြည့်ချင်ခဲ့သည်။အခေါင်းကိုဖွင့်ပြီးနောက် အထဲမှာရှိတဲ့အလောင်းက သက်ရှိလူတစ်ယောက်၏ အငွေ့အသက်ရလာပြီး ဇွန်ဘီအဖြစ်သို့ပြောင်းလဲသွားသည်။ထိုလူက အုတ်ဂူထဲက လွတ်မြောက်သွားပြီး လုံခြုံသည်ဟုထင်ခဲ့သည်။သို့သော် မကြာမီ သူ့ခန္ဓာကိုယ်သည် တစ်ခုခုက စုပ်ယူခံလိုက်ရပုံပေါ်သည်။ညတစ်ညတွင် သူ့အိမ်မှာပဲ သေဆုံးသွားခဲ့သည်။


ထိုအရာက မှန်လားမှားလားဆိုသည်ကို မည်သူမှ မသိပေ။သို့သော် အခေါင်းကို မထိရဘူးဆိုသည်ကို လူတိုင်းသဘောတူလက်ခံကြသည်။ဝမ်လဲ့က ထိုကိစ္စကို အမြဲတမ်းအမှတ်ရသည်။သူနှင့်သူ့သူငယ်ချင်းက အုတ်ဂူထဲမှာ ဘာရတနာမှမရှိတာကို မြင်သောအခါ သူကစိတ်ပျက်လက်ပျက်ဖြစ်သွား‌ေသာ်လည်း အခေါင်းကိုထိရန် ရည်ရွယ်ချက် လုံး၀မရှိခဲ့ပေ။

…..


သို့သော် သူ့သူငယ်ချင်းက မရိုးသားသော ရည်ရွယ်ချက်ရှိခဲ့သည်။သူတို့နှစ်ယောက်စလုံး လုပ်ငန်းအတွင်းက ချိတ်ဆက်မှုတွေကို အသုံးပြုပြီး ထိုဂူကိုရှာတွေ့ရန် တစ်နှစ်ပတ်လုံးအချိန်ယူခဲ့ရသည်။ထိုအရာနှင့်အတူ မြှုပ်နှံထားသည့် ရတနာအများကြီးရှိမည်ဟု ထင်ခဲ့သည်။သူတို့ပေါများကြွယ်၀အောင် ပြုလုပ်နိုင်မည်ထင်ခဲ့သည်။သို့သော်အဆုံးမှာတော့ ဘာမှရှာမတွေ့ခဲ့ပေ။

.

သူတို့ အများကြီးကြိုးစားအားထုတ်ခဲ့သော်လည်း လက်ဗလာနှင့် ပြန်လာခဲ့ရသည်။သူ့သူငယ်ချင်းက မကျေမနပ်ဖြစ်သွားသည်။သူက အခေါင်းကိုမထိဘူးလို့ ဝမ်လဲ့ကို ကတိပေးခဲ့ပေမယ့် ဝမ်လဲ့သည် အုတ်ဂူရဲ့အခြားနေရာတွေကို စစ်ဆေးဖို့သွားနေသည့်အချိန်မှာ သူ့သူငယ်ချင်းက သူ့နောက်ကနေ အခေါင်းကို တိတ်တိတ်လေးဖွင့်လိုက်သည်။


သူပြန်‌ေရာက်‌လာ‌ေသာအခါမှ အနီရောင်ဂါ၀န်နဲ့ ခြောက်ကပ်နေတဲ့ မိန်းမအလောင်းနှင့် အခေါင်းရဲ့ဘေးမှာ မတ်တပ်ရပ်နေတဲ့ သူ့သူငယ်ချင်းကိုတွေ့လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက အခေါင်းရဲ့အတွင်းကို စိုက်ကြည့်နေခဲ့သည်။


ဝမ်လဲ့က သူ့ကို့ အကြိမ်ကြိမ်အော်ခေါ်နေပေမယ့်လည်း ဘာတုံ့ပြန်ချက်မှမရှိပေ။သူ့သူငယ်ချင်း၏ မျက်လုံးတွေက အသက်မရှိတော့သလို ဖြစ်နေသည်။သင်္ချိုင်းတူးဖော်သူတွေရဲ့ စကားအရထူးဆန်းတဲ့အရာတစ်ခုက စိတ်ဝိဉာဥ်ဆွဲယူသွားခြင်းမျိုးဖြစ်သည်။အမှန်တကယ်တော့ ထိုအရာက ရုတ်တရက်တုန်လှုပ်သွားပြီးနောက် ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်မှု ယန္တရားပင်ဖြစ်သည်။ထိုအချိန်တွင် လူက အံသြမှင်သက်နေပုံပေါ်ပြီး ဘယ်အရာကိုမှ တုံ့ပြန်ခြင်းမရှိတော့ပေ။


ထိုကဲ့သို့အခြေအနေတွင် သူတို့ကို တိုက်ရိုက်ထိ၍မရပေ။ယင်းအစား ကြက်ဖ သို့မဟုတ် ခွေးနက်တစ်ကောင်၏သွေးကို လက်ပေါ်တွင်လိမ်းကျံပေးရမည်။ထို့နောက် ထိုလူ၏ပုခုံးနှင့်ခေါင်းကို သုံးကြိမ်တိုင်တိုင်ပုတ်ရမည်။ဤသည်မှာ နတ်ဆိုးများကို နှိမ်နင်းရန် လူ၏ဦးခေါင်းနှင့် ပခုံးပေါ်ရှိ မီးတောက်များကို ပို၍ပြင်းထန်စွာ လောင်ကျွမ်းစေသည်ဟု ဆိုသည်။


ခွေးနက်၏သွေးသည် သင်္ချိုင်းတူးဖော်တဲ့လူတိုင်းအတွက် မရှိမဖြစ်ဖြစ်ပြီး ဝမ်လဲ့တွင် အခြားရွေးချယ်စရာမရှိပေ။သူ့သူငယ်ချင်းရဲ့ ပုံပန်းသွင်ပြင်ကို မြင်သောအခါ အိတ်ထဲကနေ ခွေးနက်ရဲ့သွေးကိုမြန်မြန် ထုတ်လိုက်ပြီး သူ့ကို အပေါ်ကနည်းလမ်းအတိုင်း ပုတ်လိုက်သည်။သုံးကြိမ်မြောက် ပုတ်ပြီးနောက် သူ့သူငယ်ချင်းက ချက်ချင်းနိုးထလာသည်။


သူက သူ့ရဲ့လက်ပေါ်မှာ အမျိုးသမီး မံမီရုပ်အလောင်းကိုမြင်သောအခါ အော်ပြီး ထိုမံမီရုပ်ကို ဝမ်လဲ့လက်ပေါ်သို့ ပစ်လိုက်သည်။ဝမ်လဲ့သည် အရမ်းလန့်သွားသည်။ခြောက်ကပ်နေသော အမျိုးသမီးအလောင်းက သူအနားကို ချဥ်းကပ်လာသောအခါ သူ့စိတ်တွေ လွတ်သွားသည်။သူက ထိုအလောင်းကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။


သူက အရမ်းသန်မာသောကြောင့် ထိုခြောက်နေသောအမျိုးသမီးရုပ်အလောင်းက ကျိုးပဲ့သွားသည်။သူမက မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး သူ့တွန်းချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားသည်။


ရုပ်အလောင်း အစိတ်စိတ်အမွှာမွှာကျိုးပဲ့သွားသော အချိန်တွင် ကောင်းစွာလောင်ကျွမ်းနေသည့် ဖယောင်းတိုင်က ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်။တောက်ပနေတဲ့ အ၀ါရောင်မီးတောက်က စပြီးတော့ အပြာရောင်ပြောင်းလာ‌ေလသည်။အုတ်ဂူထဲတွင် လေမရှိသော်လည်း ဖယောင်းတိုင်သည် လေတိုက်ခံနေရသည့်ပုံပေါ်နေပြီး အကြိမ်ပေါင်းများစွာ မီးငြိမ်းတော့မလို ဖြစ်နေသည်။


(အမျိုးသမီးအလောင်းကြောင့် စိတ်ရှုပ်ထွေးခဲ့ရသည်)


စည်းမျဥ်းစည်းကမ်းများအရ အုတ်ဂူတစ်ခုကို တူးဖော်ခိုးယူနေတဲ့အချိန်မှာ တစ်ယောက်က ဖယောင်းတိုင်ကို မီးမငြိမ်းအောင် ကာကွယ်ရမည်။အကယ်၍ သူတို့ တစ်ခုခုအမှားအယွင်းဖြစ်ပြီဆိုလျှင် ဘေးကင်းရာသို့ ချက်ချင်းပြောင်းရွှေ့ရမည်။ဖယောင်းတိုင်ကို မီးငြိမ်းခွင့်မပြုရပေ.။


ဖယောင်းတိုင်၏ ထူးဆန်းသောပုံစံကိုမြင်လျှင် ဝမ်လဲ့နှင့် သူ့သူငယ်ချင်းက အလွန်ထိတ်လန့်သွားခဲ့သည်။သူတို့က ကျိုးပဲ့သွားသော အမျိုးသမီးရုပ်အလောင်းကို ဂရုမစိုက်ခဲ့ပေ။သူတို့နှစ်ယောက်လုံး ဖယောင်းတိုင်ကို ကာကွယ်ရန် သွားပြီး မီးမငြိမ်းအောင် ပြုလုပ်ခဲ့ကြသည်။


ဖယောင်းတိုင်မီးတောက်သည် ကြည့်နေရင်းနှင့်ပင် အားနည်းပြီးရင်း အားနည်းလာသည်။သူတို့နှစ်ယောက်လုံးသည် ထိုနေရာတွင် အချိန်ကြာကြာမနေသင့်တော့ပဲ ချက်ချင်း ဘေးကင်းရာသို့သွားရန် လိုအပ်သည်ကို သိသည်။


ယခုကဲ့သို့ပြုလုပ်ခြင်းသည် အုတ်ဂူပိုင်ရှင်ကို မရိုသေရာကျသော်လည်း သူတို့နှစ်ယောက် အသက်ရှင်ကျန်ဖို့အတွက် ထွက်ခွါခဲ့ရသည်။နှစ်ယောက်လုံးထွက်သွားပြီးနောက် မည်သည့်ထူးဆန်းတဲ့အရာမျှ မတွေ့ကြုံခဲ့ရပေ။အားလုံးအဆင်ပြေနေသည်။ ဝမ်လဲ့၏သူငယ်ချင်းက အခေါင်းထဲက ရတနာတွေကို စဥ်းစားပြီး သူ့နှလုံးသားက တရွရွ ဖြစ်လာပြန်သည်။


ရက်အနည်းငယ်ကြာသော် သူက ဝမ်လဲ့ဆီကို ရောက်လာပြီး ထိုနေရာကို ပြန်သွားချင်ကြောင်း ရတနာတွေကိုယူချင်ကြောင်း ပြောသည်။ပထမတော့ ဝမ်လဲ့တွင် တားမြစ်ချက်အချို့ရှိသေးသည်။နောက်ဆုံးအကြိမ်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် အလွန်ထူးဆန်းသည်ဟု သူခံစားရ၍ ထိုသို့ပြန်မသွားချင်တော့ပေ။သို့သော် သူ့သူငယ်ချင်းက သူ့ကို ဆွဲဆောင်ရန် ကြိုးစားနေပြီး ရတနာအများစုက သူတို့အပိုင်ဖြစ်လာလိမ့်မည်ဟု ပြောသည်။


ဝမ်လဲ့က ထိုပစ္စည်းတွေက်ို မကြိုက်ပေမဲ့ သူလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။သူ့သူငယ်ချင်းက သူ့ကို ငွေပမာဏအများကြီးပေးမည်ဟု ပြောသောကြောင့် သူငြင်းဆန်ရန် မလွယ်ကူလှပေ။ဆင်းရဲခြင်းထက် ပိုကြောက်ဖို့ကောင်းသောအရာ ဘာများဖြစ်နိုင်လို့လဲ...ထိုသို့စဥ်းစားပြီး အံကြိတ်ကာ သွားဖို့ဆုံးဖြတ်လိုက်သည်။


ယခုအချိန်မှာတော့ မြေနတ်ဘုရားအတွက် အမွှေးနံ့သာကို မီးရှို့နေချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခုဖြစ်ပျက်ခဲ့သည်။ထိုအရာက ဖြစ်ပျက်ပြီးသားဖြစ်ပေမဲ့ ၀မ်လဲ့နှင့် သူ့သူငယ်ချင်း၏ခြေလှမ်းတွေကို မရပ်တန့်နိုင်ခဲ့ပေ။


နောက်ဆုံးတွင် သူတို့နှစ်ယောက်လုံးအုတ်ဂူသို့ ပြန်လာခဲ့သည်။ဂူက သူတို့ထွက်ခွါမသွားခင်က ပုံစံအတိုင်းရှိနေသည်။ဘာမှမပြောင်းလဲသွားပေ။အမျိုးသမီးရုပ်အလောင်း၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်မှာပဲ ရှိနေဆဲဖြစ်သည်။


ယခု သူတို့ရောက်လာတဲ့အချိန်မှာတော့ ဖယောင်းတိုင်က မပြောင်းလဲပဲ တောက်ပစွာလောင်ကျွမ်းနေသည်။သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားသည်။အခေါင်းထဲက ရတနာပစ္စည်းအချို့ကို ယူရန် ကြိုးစားပြီး အချို့ကိုယူလာခဲ့သည်။အရာရာတိုင်းသည် ပုံမှန်ဖြစ်နေသည်ကိုတွေ့သောကြောင့်  သူတို့နှစ်ယောက် ရဲရင့်သွားပြီး အခေါင်းထဲရှိ ရတနာအားလုံးကို ယူလာခဲ့သည်.။


နှစ်ယောက်လုံး ရိက္ခာအပြည့်ဖြစ်သွားသည်။သူတို့ထွက်ခွါဖို့ ပြင်နေတုန်းမှာ ဝမ်လဲ့က မြေပြင်ပေါ်မှာ လဲလျောင်းနေသော အမျိုးသမီးရုပ်အလောင်းကိုမြင်ပြီး ရုတ်တရက် အနည်းငယ်ရှက်သလိုခံစားရသည်.ယ။သူမရဲ့အသုဘပစ္စည်းတွေကို သယ်ယူဖို့က တစ်ခုတည်းသော အရာဖြစ်ပေမယ့် သူမကို မြေကြီးပေါ်မှာ ဆက်အိပ်ခွင့်မပြုနိုင်ပေ။


" သူမကို အခေါင်းထဲ ပြန်ရွှေ့ကြရအောင်...သူမကို မြေပြင်ပေါ်မှာ ဒီတိုင်းထားခဲ့တာ မကောင်းဘူးနော်...ပြီးတော့ သူမရဲ့ခန္ဓာကိုယ်က ငါတို့ကြောင့်ပျက်စီးသွားရတာ..."


ရတနာတွေကိုရပြီးတဲ့အခါ ဘယ်သူတွေက လူသေအလောင်းကို ဂရုစိုက်လို့လဲ...သူ့သူငယ်ချင်းက အမျိုးသမီးရုပ်အလောင်းကိုထိရန် ခွင့်မပြုခဲ့ပေ။အရင်အချိန်ကဖြစ်ပျက်ခဲ့သော မကောင်းဆိုး၀ါးအဖြစ်အပျက်ကို တဖန်ကြောက်ရွံ့နေသည်။ထို့ကြောင့် သူက ဝမ်လဲ့ကို မြန်မြန်ဆွဲထုတ်သွားသည်။


သို့သော် ဤတစ်ကြိမ်တွင်လည်း အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။သူတို့ထွက်ခွါပြီး ဂူအ၀ကိုရောက်လာသောအခါ လက်ထဲက ဖယောင်းတိုင်က ရုတ်တရက်ဆိုသလို မီးငြိမ်းသွားသည်။

…..


ဖယောင်းတိုင်က ဘာအကြောင်းပြချက်မှမရှိပဲ မီးငြိမ်းသွားပြီး ဂူက ရုတ်တရက်မှောင်ပိန်းသွားသည်။သူတို့နှစ်ယောက်လုံး ဘာမှမပြင်ဆင်ခဲ့ရပေ။မြန်မြန်ထွက်လာခဲ့ပေမယ့် ဖယောင်းတိုင်မီးငြိမ်းသွားသည့်အချိန်မှာတော့ သူတို့ရပ်တန့်သွားခဲ့သည်။


ထို့နောက် ဖယောင်းတိုင်ကိုမီးပြန်ညှိလိုက်သည်။သို့သော် ဖယောင်းတိုင်မီးစွဲအောင် မပြုလုပ်နိုင်ပေ။နှစ်ယောက်လုံး ထိတ်လန့်သွားသည်။ပြီးနောက် ဖယောင်းတိုင်မီးထွန်းရန် မကြိိုးစားတော့ပဲ ဂူထဲမှ ပြေးထွက်လာခဲ့သည်။


သူတို့ အဆင်ပြေချောမွေ့စွာ ထွက်လာနိုင်ခဲ့ပြီး ဘာသရဲမှ မတွေ့ခဲ့ရပေ။သူတို့ထွက်လာပြီးနောက် အလျင်စလိုကားမောင်း၍ ပြန်လာခဲ့သည်။ထိုအချိန်တွင် မှောင်မဲနေပြီး လမ်းကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။သူတို့က တောင်တွေထဲမှာပဲ ရှိသေးသော်လည်း သူတို့နှစ်ယောက်လုံး အဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းနေသည်ဟု ခံစားရသည်။


ကံကောင်းစွာဖြင့် လမ်းပေါ်တွင် မည်သည့်ပြသနာမျှ မကြုံတွေ့ခဲ့ရပေ။ထို့နောက် ဟိုတယ်သို့ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်။


သို့သော် ထူးထူးတန်းဆန်းကြုံတွေ့ခဲ့ရသောကြောင့် ရတနာအိတ်ကို တံခါးမှာ ထားလိုက်သည်။မီးဖွင့်ထားပြီး ထိုရတနာအိတ်ကို တစ်ညလုံး စိုက်ကြည့်နေခဲ့သည်။


နောက်တစ်နေ့ရောက်သောအခါ သူတို့၏ အဆက်အသွယ်များမှ တစ်ဆင့်၀ယ်သူတစ်ယောက်ကို မြန်မြန်ရှာပြီး ရတနာအားလုံးကို စျေးချိုချိုနှင့်ရောင်းခဲ့သည်။


ပထမတော့ ၀ယ်သူက ပစ္စည်းတွေကို အတုတွေလို့ထင်ပြီး ပစ္စည်းအရေအသွေးကိုစစ်ဆေးပြီးစျေးဖြတ်ရန် စျေးဖြတ်သူကို တောင်းဆိုခဲ့သည်။ရတနာများက အစစ်တွေဆိုတာကို သိပြီးနောက် သူကအပြုံးတစ်ခုနှင့် ထွက်ခွါသွားခဲ့သည်။


ပစ္စည်းတွေကို ရောင်းချပြီးသောအခါ ဝမ်လဲ့နှင့် သူ့သူငယ်ချင်းက ပိုက်ဆံတွေကို ခွဲဝေယူကြသည်။သဘောတူညီချက်အရ ဝမ်လဲ့က များပြားသော ရှယ်ယာကိုရပြီး သူ့သူငယ်ချင်းက ပမာဏနည်းနည်းကိုသာရသည်။ပိုက်ဆံကို ခွဲဝေပြီးနောက် သူတို့နှစ်ယောက်လည်း လမ်းခွဲလိုက်သည်။


ဝမ်လဲ့က အိမ်မှာ ခဏတာတိတ်တဆိတ်နေရန် ဆုံးဖြတ်ထားသည်။ရတနာတွေက အလွန်များပြားသောကြောင့် စျေးချိုချိုနှင့်ရောင်းလိုက်လျှင်တောင်မှ နှစ်အနည်းငယ်လောက် သက်တောင့်သက်သာနေရန် ပိုက်ဆံလုံလောက်သည်။သူ့၏သူငယ်ချင်းကတော့ နိုင်ငံခြားမှာ ခဏတာတိတ်တဆိတ်နေရန် စီစဥ်ထားသည်။


နှစ်ယောက်သားကွဲသွားပြီးနောက် ထူးဆန်းသောအရာများ တစ်ခုပြီးတစ်ခု စတင်ဖြစ်ပျက်လာသည်။


ဝမ်လဲ့ အိမ်ကိုပြန်ရောက်ပြီးနောက် အပြင်သို့ လုံး၀မထွက်တော့ပေ။သို့သော် ညစဥ်ညတိုင်း ညည့်နက်လာပြီဆိုလျှင် တံခါးခေါက်သံကိုကြားရသည်။သူကြည့်ဖို့ ထွက်လိုက်လျှင် အပြင်တွင် ဘယ်သူမှမရှိသည်ကို တွေ့ရသည်။သူတံခါးပိတ်ပြီးသောအခါ တံခါးခေါက်သံကို ပြန်ကြားရသည်။


သူညအိပ်ပြီဆိုလျှင် ပိုပြီးဆန်းကြယ်လာသည်။ညတိုင်း တူညီတဲ့အိပ်မက်ကိုပဲ မက်သည်။အိပ်မက်ထဲတွင် အုတ်ဂူထဲက အမျိုးသမီးရုပ်အလောင်းကိုမြင်ရသည်။သူမမှာ မျက်နှာအရိုးစုရှိပြီး သူ့ကိုကြည့်နေသည်။


ဝမ်လဲ့က ထိုအရာသည် အမျိုးသမီးရုပ်အလောင်းတစ်ခုဖြစ်သည်ဟု သိရသည့်အကြောင်းပြချက်က သူမက အနီရောင်တောက်တောက်နှင့် မင်္ဂလာဆောင်ဂါ၀န်ကို ၀တ်ဆင်ထားပြီး သူမ၏ သေနေသည့်ပုံစံက လိမ်ကွေးနေသည်။သူမကို အရှင်လတ်လတ်မြှုပ်နှံထားပုံပေါ်သည်။



xxxxxx