အပိုင်း ၁၀၅
Viewers 7k

Chapter 105

(သင်္ချိုင်းသို့ တဖန်သွားခြင်း)


ဝမ်လဲ့က ညစဥ်ညတိုင်း အမျိုးသမီးရုပ်အလောင်းကို အိပ်မက်မက်နေသောကြောင့် ကောင်းကောင်းမအိပ်နိုင်ပေ။သူ့ဉာဏ်ရည်သည် အားနည်းပြီးရင်းအားနည်းလာသည်။


ဒါတင်မကသေး သူပြန်လာကတည်းက အလွန်ကံမကောင်းဖြစ်လာသည်။မီးဆိုင်းကြီး သူ့ပေါ်ပြုတ်ကျရုံသာမက လမ်းလျှောက်နေစဥ် ရုတ်တရက် ချောလဲသည်။ထို့ကြောင့် ပိုပြီးအားနည်းလာသည်ဟု ခံစားရလာရသည်။


သင်္ချိုင်းတူးဖော်တဲ့ အလုပ်မှာကတည်းက သူ ထိုအကြောင်းကို သိသည်။ ဟိုးအရင်ကတည်းကစကားပုံတွေက အဓိပ္ပါယ်မရှိဘူးဟု သူတွေးပေမဲ့ ဒုက္ခမရောက်စေဖို့အတွက် သူတတ်နိုင်သလောက်လိုက်နာခဲ့သည်။ယခုဖြစ်ရပ်က အတော်ထူးဆန်းသည်။သူ့ကိုယ်သူ ဒုက္ခတွင်းထဲကို ခေါ်လိုက်မိပြီဆိုတာ သူသိသည်။


ထို့ကြောင့် သူ့ကိုကူညီရန် ဖုန်းရွှေပညာရှင်အချို့ကို ရှာခဲ့သည်။သို့သော် ထိုဖုန်းရွှေပညာရှင်တွေက ကျော်ကြားပေမဲ့ အစွမ်းမထက်ပဲနေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့‌ေပ။ဘယ်သူကမှ သူ့ကိုမကူညီနိုင်ခဲ့ပေ။


စုမုန့်ရဲ့သတင်းကို မမျှောလင့်ပဲ လက်ခံရရှိခဲ့သည်မှာ ရက်အနည်းငယ်သာရှိသေးသည်။ထို့ကြောင့် သူမကို ဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့သည်။


ဝမ်လဲ့ပြောပြတာကို နားထောင်ပြီးနောက် စုမုန့်က ကိစ္စအကြောင်းစုံကို ချက်ချင်းနားလည်သွားသည်။ထိုပြသနာက တကယ်ကို ဖြေရှင်းရန်ခက်ခဲလှသည်။ထိုအရာက အနည်းငယ်စိတ်အနှောင့်ယှက်ဖြစ်စေသည်။သူမ နှလုံးသားထဲတွင် အဖြေတစ်ခုကို အမြန်တွေးလိုက်မိသည်။


သို့သော် ဝမ်လဲ့ကို ဘာလုပ်ရမည်ဆိုတာကို ချက်ချင်းမပြောပေ။ထိုအစား သူမက သူ့ကိုမေးလိုက်သည်။


" ရှင် အစတုန်းက ကျွန်မကိုမသိဘူးလို့ ရှင်ပြောခဲ့တယ်...ပြီးတော့ နောက်ပိုင်းမှာ ကျွန်မအကြောင်းက်ို ရှင်ဘယ်လိုရှာခဲ့လဲ..."


ဝမ်လဲ့က စုမုန့်ထိုမေးခွန်းကို မေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။သူ အချိန်ခဏကြာ ငြိမ်သက်သွားသည်။ထို့နောက် အထစ်ထစ်အငေါ့ငေါ့နှင့် ရှင်းပြသည်။


" အဲ့..အဲ့ဒါက...ဆရာမစုက အရမ်းကျော်ကြားတယ်...ငါ ဆရာအချို့ကိုရှာခဲ့ပေမဲ့ အကုန်လုံးက အသုံးမ၀င်ခဲ့ဘူး...အဲ့ဒီ့နောက်မှာ မင်းက လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူတို့ကပြောတယ်...ဒါ့ကြောင့် ငါ မင်းကိုဆက်သွယ်ဖို့ ကြိုးစားခဲ့တာ..."


" မင်းက အမြဲတမ်းအလုပ်ရှုပ်နေပြီး ချိန်းဆိုမှု ရဖို့မလွယ်ဘူးလို့ သူတ်ို့ကပြောတယ်...မင်းဒီလိုအလွယ်တကူ လက်ခံလိမ့်မယ်လို့ ငါမမျှော်လင့်ခဲ့ဘူး..." 


ဝမ်လဲ့ပြောပြီးနောက် ရေတစ်ငုံသောက်လိုက်သည်.။


ရှန့်ကျန်းက စုမုန့်ကို မျက်လုံးမှိတ်ပြသည်။ရှန့်ကျန်းဘာကိုဆိုလိုသည်ဆိုတာ စုမုန့်သိသည်။ပိုက်ဆံအများကြီးရလို့ ထိုအလုပ်ကို လက်ခံခဲ့ခြင်းဖြစ်၍ စုမုန့်ကိုရယ်နေသည်။


သူမ၏အားထုတ်မှုမလိုအပ်သော အလုပ်တစ်ခုက တိုက်ရိုက် ပိုက်ဆံ၂သန်းရရှိနိုင်သည်။သူမက အဓိကလူလို့ သူမထင်သည်။ပိုက်ဆံမရှာလျှင် မိုက်မဲတဲ့လူတစ်ယောက်ဖြစ်လိမ့်မည်.။


စုမုန့်က ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်ပြီးပြောလိုက်သည်။


" အမှန်တကယ်တော့ ဒီပြသနာက အရမ်းရိုးရှင်းပါတယ်...ဒါကို ဖောက်ထွင်းမှုတစ်ခုလို့ လက်ခံထားကြတာဖြစ်ပြီး အိမ်ပိုင်ရှင်ရဲ့ ရိုက်နှက်ထိုးကြိတ်မှုကိုတောင်  ခံရနိုင်တယ်... အိမ်ပိုင်ရှင်က သာမန်လူတစ်ယောက်မဟုတ်ဘူး...ပြီးတော့ ရှင်က အခြား သူခိုးဓားပြတွေလောက် အားမကောင်းဘူး..."


" ရှင်ဒီပြသနာကို ဖြေရှင်းချင်တယ်ဆိုရင် အုတ်ဂူပိုင်ရှင်ရဲ့ခွင့်လွှတ်မှုကို ပထမဆုံးတောင်းခံရမယ်... ရှင်က သူမရဲ့ပစ္စည်းတွေကိုခိုးယူခဲ့တယ် ပြီးတော့ သူမရဲ့ခန္ဓာကိုယ်ကို ကျိုးပဲ့စေခဲ့တယ်...အရေးကြီးဆုံးကတော့ ရှင် သူမကို သူ့နေရာနဲ့သူပြန်မထားခဲ့ပဲ သူမတစ်ယောက်ထဲ ချန်ခဲ့တယ်..."


" အမှန်တော့ အုတ်ဂူပိုင်ရှင်က အရမ်းကြင်နာတတ်တယ်...သူမ ရှင့်ကို ဘာမှမလုပ်ခဲ့ဘူး...သူက ရှင့်ကိုကြောက်ပြီး ရှင့်ရဲ့ ယန်ချီအနည်းငယ်ကို စုပ်ယူဖို့ ကြိုးစားခဲ့တာ"


 စုမုန့်ပြောတာကို ကြားသောအခါ ဝမ်လဲ့က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။


" အဲ့ဒါဘာကိုဆိုလိုတာလဲ..."


စုမုန့်က ပြုံးပြီးပြောလိုက်သည်။


" သင်္ချိုင်းတူးဖော်သူတစ်ယောက်အနေနှင့် အုတ်ဂူထဲမှာရှိတဲ့ အခင်းအကျင်းဆိုတာကို မသိဘူးလား...ရှင် အရင်တုန်းက တူးဖော်ခဲ့တဲ့ အုတ်ဂူတွေက သေးငယ်မယ်ဆိုရင် အဲ့ဒါတွေကို တွေ့နိုင်တယ်..."


" ဆရာတစ်ယောက် မျှော်လင့်ထားသလိုပဲ မင်းက ဒါကိုတောင်လုပ်နိုင်တာပဲ..." 


ဝမ်လဲ့က ချီးကျူးစကားဆို၍ ပြောလိုက်သည်။


" အမှန်တကယ်က ငါနဲ့ငါ့သူငယ်ချင်းက ခရီးတစ်၀က်ကနေစပြီး အတူတူအလုပ်လုပ်ခဲ့တာ...ငါတို့က အမြဲတမ်း သင်္ချိုင်းသေးသေးလေးတွေကို ရောက်ဖူးတယ်...ပြီးတော့ အများစုကို လူတွေက တံမြက်စည်းလှည်းကျင်းပေးတယ်...။ငါတို့ မတော်တဆမှုတွေကနေ လေ့လာခဲ့ရတဲ့ အရာတစ်ခုရှိတယ်...ငါတို့ တစ်နေရာကိုမသွားခင် အချိန်အကြာကြီး ရှာဖွေခဲ့ရတယ်...ဒီသင်္ချိုင်းက ငါတို့တူးဖော်ခဲ့တဲ့တာတွေထဲမှာ အကြီးဆုံးပဲ..."


စုမုန့်က ခေါင်းညိတ်ပြီး ဆက်ပြောသည်။


" ကျွန်မက ယေဘုယျအတွေးအမြင် ကိုပဲသိတယ်...ကျွန်မ အဲ့ဒီကိုသွားဖို့လိုအပ်တယ်...အထဲမှာရှိတဲ့ အခင်းအကျင်းက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မမြင်ချင်တယ်..."


"အ...မင်းသွားချင်နေတုန်းပဲလား..."


" ကိုယ်တို့ တကယ်သွားရမှာလား..."


ရှန့်ကျန်းနဲ့ ဝမ်လဲ့က တစ်ချိန်တည်းမှာပဲ မေးလိုက်သည်။ဝမ်လဲ့ပြောတာကို ကြားပြီးကတည်းက ထိုအရာက အလွန်ကြောက်စရာကောင်းသည်ဟု ရှန့်ကျန်းခံစားရသည်။အခုတော့ သူတို့ တစ်ယောက်ယောက်ရဲ့ အုတ်ဂူကို တကယ်သွားရတော့မည်။အရမ်းအိုဟောင်းနေပြီး မည်းမှောင်သည်ဟု ခံစားရသည်။ထိုအရာက အလွန်ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည်...။


ဝမ်လဲ့က မကြာသေးမီကမှ အမျိုးသမီးရုပ်အလောင်း၏ ခြောက်လန့်မှုကိုခံထားရတဲ့အတွက်အချိန်တိုင်းအချိန်တိုင်း သူမကို လက်တွေ့မှာပင် မြင်နေရသလို ခံစားနေရသည်။ထိုကိစ္စက သူ့ဘ၀တစ်ခုလုံးမှာ အရိပ်တစ်ခုလို ခြောက်လန့်နေလိမ့်မည်။ထိုအရာအားလုံးကို ဆေးကြောပစ်ချင်သည်။ပြီးတော့ ဂူကိုလည်း ဘယ်တော့မှပြန်မသွားဖို့ ဆုံးဖြတ်ထားသည်။


သို့သော် စုမုန့်က ထိုဂူကိုတဖန်သွားဖို့အတွက် တောင်းဆိုနေသည်။ထိုအရာက သူ့ဘ၀ကို သတ်နေတာ မဟုတ်ဘူးလား...


ဝမ်လဲ့က သနားစရာကောင်းစွာ ကြည့်နေသည်။သူ ထိုနေရာကို ပြန်မသွားချင်သည့်ပုံပေါ်သည်။


စုမုန့်က သူ့ကိုတွန်းအားမပေးပေ။သူမက သာမန်အတိုင်းပြောလိုက်သည်။


" မစ္စတာဝမ် ရှင်သွားချင်လား မသွားချင်ဘူးလားဆိုတာ ကိုယ့်ဘာသာကို ဆုံးဖြတ်နိုင်ပါတယ်...ရှင်မသွားချင်ဘူးဆိုရင် ကျွန်မ တွန်းအားပေးမှာ မဟုတ်ပါဘူး...သို့သော် ရှင်မသွားဘူးဆိုရင် အဲ့ဒီနေရာက အခင်းအကျင်းကို ကျွန်မမြင်ရလိမ့်မယ်မဟုတ်ဘူး...အဲ့ဒါကြောင့် ဒီပြသနာကိုမဖြေရှင်းနိုင်တဲ့အတွက် ကျွန်မကိုခွင့်လွှတ်ပါ...အခြားပိုတော်တဲ့တစ်ယောက်ယောက်ိုပဲ ရှင်ရှာလိုက်ပါ..."


ထိုသို့ပြောပြီးနောက် စုမုန့်က ထလိုက်ပြီး တံခါးဆီသို့လမ်းလျှောက်သွားသည်။သူမက ဝမ်လဲ့ကို ကူညီဖို့မကြိုးစားတော့ပဲ အမှန်တကယ် ထွက်သွားမည့်ပုံပေါ်သည်။


(အမျိုးသမီးရုပ်အလောင်း)


စုမုန့်၏လက်တွေက တံခါးလက်ကိုင်ဘုကို ကိုင်လိုက်သည်ကို မြင်သောအခါ ဝမ်လဲ့က မြန်မြန်သဘောတူလိုက်သည်။


" ဆရာမ...ဆရာမ... ငါ့ကိုပစ်မထားခဲ့ပါနဲ့....ငါသွားပါ့မယ်...ခရီးစရိတ်တွေကိုလည်း ငါပေးပါ့မယ်...ဒီခရီးကို မင်းအတွက် ငါဒုက္ခခံပေးပါ့မယ်..."


သူအပြေးအလွှားသွားသည်။သူ့လက်တွေက စုမုန့်ကိုကိုင်ပြီးပြီးချင်းမှာပင် စုမုန့်ရဲ့ဖျက်ခနဲအကြည့်တစ်ချက်ကြောင့် သူကြောက်ရွံ့သွားသည်။


သူက ခေါင်းငုတ်ပြီး သူ့လက်ကိုကြည့်လိုက်သည်။သူ ရေမချိုးရသည်မှာ လတစ်၀က်လောက်ရှိပြီဖြစ်သည်။သူ့လက်တွေကိုတောင်မှ မဆေးဖြစ်ပေ။လက်တွေက အမှိုက်ကောက်ထားသလို အရမ်းညစ်ပတ်နေတော့သည်။


" ဟီး ဟီး..ဆရာမ ငါတကယ်တောင်းပန်ပါတယ်...အိမ်မှာ ငါတစ်ယောက်ထဲပဲနေတာပါ...ငါမကြာခဏ အမျိုးသမီးရုပ်အလောင်းကို မြင်နေရတယ်...အိမ်သာသွားတဲ့အချိန်မှာတောင်မြင်တယ်...အဲဒါကြောင့် ငါအိမ်သာကို မသွားရဲဘူး...အိမ်သာထဲမှာရှိတဲ့ ယင်ချီက အားအကောင်းဆုံးလို့ ငါကြားဖူးတယ်...အဲ့ဒီ့အရာတွေက ဟိုနားဒီနာ ရွေ့လျားနေမှာ..."


ဝမ်လဲ့က အမျိုးသမီးရုပ်အလောင်းအကြောင်းပြောတဲ့အခါ ကြောက်ပြီး ခန္ဓာကိုယ်တောင် တုန်လှုပ်နေသည်။သူ့ခန္ဓာကိုယ်ပေါ်က အမွှေးတွေကလည်း ထောင်ပြီး ကြက်သိမ်းတွေထနေသည်။


၀မ်လဲ့ကသွားဖို့ သဘောတူလိုက်တာကို စုမုန့်ကြား‌ေသာအခါ တံခါးလက်ကိုင်ပေါ်က သူမရဲ့လက်တွေကိုအောက်ချလိုက်ပြီး သူ့ကိုမေးဖို့အတွက်လှည့်လိုက်သည်။


" အမျိုးသမီးရုပ်အလောင်းက ရှင့်ကို တစ်ခုခုလုပ်ခဲ့လား...ရှင်ကျွန်မကို ပိုပြီးအသေးစိတ်ပြောပြသင့်တယ်လို့ ကျွန်မထင်တယ်...အဲ့ဒါမှ ရှင့်ကို သေချာကူညီနိုင်မှာ..."


စုမုန့်နဲ့ အချိန်အတော်ကြာ အတူရှိလာခဲ့တဲ့အတွက် ရှန့်ကျန်းက သူမကို ကောင်းကောင်းနားလည်သဘောပေါက်သည်။သူမ၏မေးခွန်းကိုကြားသောအခါ သူက စုမုန့်ဘာကိုဆိုလိုသည်ဆိုသည်ကို ချက်ချင်းသဘောပေါက်သည်။ဝမ်လဲ့က တစ်ခုခုကို ဖုံးကွယ်ထားပုံပေါ်သည်။ထို့ကြောင့် ရှန့်ကျန်းက ကြားဖြတ်၀င်ပြောလိုက်သည်။


" မစ္စတာ၀မ် ငါတို့က မင်းကိုကူညီဖို့ ဒီမှာရှိနေတာ...မင်းတကယ်ပဲ ဒီပြသနာကိုဖြေရှင်းချင်တယ်ဆိုရင် ငါတို့ကို အသေးစိတ်ရှင်းပြတာ ပိုကောင်းမယ်...မဟုတ်ရင် အဆုံးထိ မင်းပဲဒုက္ခတွေခံစားရမှာ..."


သူ့မှာဖုံးကွယ်ချက်ရှိနေတာကို စုမုန့်သိနေလိမ့်မည်လို့ ဝမ်လဲ့မမျှော်လင့်ခဲ့ပေ။သူမက တကယ်ကို အရည်အချင်းရှိပုံပေါ်သည်။သူထုတ်မပြောပေမဲ့ သူ့စိတ်ထဲမှာ အနည်းငယ်လေးစားမိသည်။


စုမုန့်က သူတစ်ခုခုဖုံးကွယ်ထားတာကို သိပြီးသားဖြစ်သည်။အမှန်တော့ အဆုံးမှာ ဒုက္ခရောက်မည့်သူက ၀မ်လဲ့ပင်ဖြစ်သည်။သို့သော် သူဘာကိုဖုံးကွယ်ထားသည်ဆိုတာ ပြောပြရန် နည်းနည်းတော့ခက်ခဲသည်။သူ့စိတ်ထဲတွင် အချိန်ခဏတာ စဥ်းစားနေပြီး အဆုံးတွင် သူ့လုံခြုံမှုအတွက် ပြောပြရန်ဆုံးဖြတ်လိုက်သည်။ဝမ်လဲ့မပြောခင်မှာ မျက်နှာကနေ နားရွက်အထိ နီရဲလာသည်။


သူက အင်္ကျီထောင့်စွန်းကို လက်နှင့်တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့်ပြောသည်။


" အဲ့ဒါက အမျိုးသမီးရုပ်အလောင်းမဟုတ်လား...ယသူမက မင်္ဂလာဆောင်ဂါ၀န်ကို ၀တ်ဆင်ထားဆဲလေ...လက်ထပ်ပြီးတဲ့နောက် သူမကအရှင်လက်လက်မြှုပ်နှံခံရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ သူမက နည်းနည်းအထီးကျန်နေတယ်...သူမမှာ အသားမရှိဘူး အရိုးတစ်စုံပဲရှိတယ်... ဒါပေမဲ့ စကားပြောနိုင်နေတုန်းပဲ...ပြီးတော့ သူမရဲ့အသံက အရမ်းသာယာချိုမြနေတာပဲ..."


ထိုအချိန်တွင် ဝမ်လဲ့ရဲ့မျက်နှာက ပို၍ပင် နီရဲလာသောကြောင့် သူခနရပ်လိုက်သည်။ပြီးနောက်ဆက်ပြောသည်။


" အမှန်တော့ ပထမတုန်းက ငါသူမကို အိပ်မက်ထဲမှာပဲတွေ့တယ်...ဒါပေမဲ့ သူမက ငါ့ကိုဘာမှမလုပ်ဘူး...ငါထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ...သူမက ငါ့အပေါ်ကိုအရမ်းနူးညံ့တယ်...အဲ့ဒီ့အချိန်မှာပဲ ငါသူ့ကို လုံး၀မကြောက်တော့ဘူး...ငါ....သူမနဲ့ ဟိုလိုဆက်ဆံရေးမျိုးတောင် ရှိခဲ့တယ်..." 


…..


စကားလုံးတွေက အရမ်းကို ရှင်းလင်းလွန်းလှသည်။ရှန့်ကျန်းရဲ့ ဦးနှောက်က အရမ်းမထက်မြက်ပေမဲ့ သူအဓိပ္ပါယ်ကို ချက်ချင်းနားလည်သဘောပေါက်သည်။သူကကူညီနိုင်ပေမဲ့ ချီးမွမ်းစကားဆိုလိုက်သည်။


" မစ္စတာ၀မ် မင်းက အမျိုးသမီးရုပ်အလောင်းနဲ့ အိပ်ရဲတဲ့ သတ္တိရှိတယ်...ဒါဖြင့် မင်းအခု ဘာလို့သူမကို ကြောက်နေရတာလဲ...မင်းသူ့ကို အဲ့ဒီိလိုလုပ်လိုက်လို့ သူမက လက်စားချေနေတာလား..."


ဝမ်လဲ့ : "... "


မင်းက ဘာလို့နှလုံးသားမရှိတဲ့လူတစ်ယောက်ဖြစ်နေရတာလဲ...အခြားတစ်ဘက်က လူမှမဟုတ်ပဲ...


၀မ်လဲ့၏ အမူအယာက အနည်းငယ် ကိုးရို့ကားယားဖြစ်သွားပြီး သူဘာမှ ဆက်မပြောတော့ပေ။ထ်ိုအရာက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုဖြစ်လေသည်။အစကတည်းက သူမပြောပြချင်ပေ။ ထိုကိစ္စက အလွန်ရှက်စရာကောင်းလှသည်။အခုတော့ ရှန့်ကျန့်က သူ့ကိုဟာသလုပ်နေပေသည်။သူပိုရှက်လာပြီး ချက်ချင်းပါးစပ်ပိတ်သွားသည်။


စုမုန့်က ရှန့်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ပိတ်ဖို့ ပြောလိုက်သည်။ပြီးနောက် သူမက ၀မ်လဲ့ကို တည်ငြိမ်တဲ့အမူအယာနှင့်ပြောလိုက်သည်။


" မစ္စတာ၀မ် တကယ်တော့ ရှင်ရှက်နေစရာ မလိုပါဘူး...ဒါက သာမန်ဖြစ်ရပ်တစ်ခုပါပဲ...မင်းက ဒီလိုကိစ္စမျိုးကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးလူမဟုတ်ပါဘူး...လူတွေအိပ်နေတဲ့အချိန်မှာ သူတို့ရဲ့ ယန်ချီက အားအနည်းဆုံးပဲ...အဲ့ဒီအချိန်မှာ ထိုအရာတွေရဲ့ သံလိုက်စက်ကွင်းကြောင့် အခုလိုအကျိုးသက်ရောက်ဖို့ အရမ်းလွယ်ကူသွားတာ..."


" ရှင်ဒီလိုအရာတွေ လုပ်ခဲ့ပေမဲ့ ရှင်ဆန္ဒရှိလို့လုပ်ခဲ့တာလို့ မဆိုလိုဘူး...ပြီးတော့ အိပ်မက်ထဲမှာ ရှင်လုပ်နေတဲ့ အရာကို မထိန်းချုပ်နိုင်ဘူး..."


စုမုန့်က တကယ်မှန်တဲ့ ဖြစ်ရိုးဖြစ်စဥ်အတိုင်းပြောပြသည်။သူမရဲ့ပုံစံက လိမ်ညာနေသည့်ပုံမပေါ်သောကြောင့် ၀မ်လဲ့ ခံစားချက်အနည်းငယ်ပိုကောင်းလာသည်...။


သူကမေးလိုက်သည်။


" ဆရာမ...ဒါက လူအများကြီး ဖြစ်ဖူးတာလား..."


" ဟုတ်တာပေါ့...အဲ့ဒါကြောင့် ရှင်ရှက်စရာမလိုဘူး...ကျွန်မတို့ကို ကောင်းကောင်းယုံကြည်စိတ်ချလို့ရပါတယ်...ကျွန်မတို့က ဖောက်သည်တွေရဲ့ ပြသနာတွေကို ဘယ်သူ့ကိုမှ မပြောပြပါဘူး...ရှင်ဒီကိစ္စအတွက် စိတ်ချထားနိုင်ပါတယ်..." 


စုမုန့်က သူ့ကိုစိတ်သက်သာရာရစေပြီးနောက် ၀မ်လဲ့က ရှက်စရာလို့ မခံစားရတော့ပေ။ပြီး‌ေနာက်သူမကို အားလုံးအသေးစိတ်ပြောပြတော့သည်။


" အစတုန်းကတော့ ဒါက သူမအကြောင်းမက်တဲ့ သာမန်အိပ်မက်တစ်ခုပါပဲ...အိပ်မက်ထဲမှာ သူမလုပ်ခဲ့တဲ့အရာတွေကလွဲလို့ ငါ့ဘ၀မှာ ဘာမှထူးခြားတာမရှိပါဘူး...သူမ ပြန်ရောက်လာပြီး လေးငါးရက်အကြာမှာတော့ မှားယွင်းတဲ့ကိစ္စတွေ စဖြစ်လာတယ်..." 


" ငါ့ခန္ဓာကိုယ်က ဆိုးရွားပြီးရင်း ဆိုးရွားလာတယ်...နောက်ဆုံးမှာတော့ ငါမအိပ်နေတဲ့အချိန်မှာတောင် သူမကို မြင်နေရတယ်... နတ်ဆိုးတစ်ကောင်ရဲ့အငွေ့အသက်တွေက ငါ့ခန္ဓာကိုယ်ထဲကို၀င်ရောက်နေပြီလို့ ဖုန်းရွှေပညာရှင်တွေကပြောတယ်...ငါ့ခန္ဓာကိုယ်ပေါ်မှာ ပူဇော်ထားတဲ့ အမွှေးနံ့သာရဲ့ ပြာကို လိမ်းကျံရမယ်...ပြီးတော့ ရေမချိုးရဘူး...အချိန်ကြာလာရင် သူမက ငါ့ရဲ့အငွေ့အသက်ကို အာရုံခံစားလ်ို့မရတော့ပဲ ထွက်သွားလိမ့်မယ်...အို့...ဟုတ်တယ်...ငါ့အတွက် အချက်အလက်တည်ဆောက်မှု တစ်ခုလုပ်ပေးခဲ့တဲ့ ဖုန်းရွှေပညာရှင်တစ်ယောက်လည်းရှိတယ်..."



xxxxx