အပိုင်း ၁၀၆
Viewers 15k

Chapter 106

(ပိုက်ဆံမရှိပေ...)


စုမုန့်က သူမရဲ့ပတ်၀န်းကျင်ကို ခြုံငုံလေ့လာလိုက်သည်။ထိုအခန်းထဲတွင် စီစဥ်ထားသော အချက်အလက်တည်ဆောက်မှုတစ်ခု အမှတ်တကယ်ရှိနေသည်။ဒါပေမယ့်ထိုအရာက ချွတ်ယွင်းနေသည်။ထိုအရာက အသုံးမ၀င်သည့်အပြင် ရလဒ်ကိုပင်ပြောင်းပြန်ဖြစ်စေနိုင်သည်။


၀မ်လဲ့က ဆက်ပြောသည်။


" ဒီအချက်အလက်တည်ဆောက်မှုက အများကြီးအသုံး၀င်မဲ့ပုံ မပေါ်ဘူး...နောက်ပိုင်းကျတော့ ငါ့အခြေအနေကို မတိုးတက်တဲ့အပြင် ပိုပြီးတောင်ဆိုး၀ါးလာတယ်..."


" ဒီအချက်အလက်တည်ဆောက်မှုက တစ်၀က်ပဲပြီးသေးတယ်...အဲ့ဒါကအသုံးမ၀င်တဲ့အပြင် ဒီလိုအချိန်တိုအတွင်းမှာ ပိုပြီးဆိုး၀ါးလာတဲ့ အကြောင်းရင်းက ထိုအချက်အလက်တည်ဆောက်မှုနှင့် ဆက်စပ်နေတယ်..."


" ငါ တကယ်လိမ်လည်ခံလိုက်ရတယ်...ဆရာမ...ငါဘာလုပ်သင့်လဲ...ငါလုံခြုံနိုင်သေးလား...ငါကျိန်ပြောနိုင်တယ်...အခုအချိန်မှာ ငါပြန်ကောင်းလာမယ်ဆိုရင် သင်္ချိုင်းတွေကို တူးဖော်ဖို့ ဘယ်တော့မှလုပ်မှာမဟုတ်တော့ဘူး..."


စုမုန့်က ခေါင်းညိတ်ပြသည်။


" သင်္ချိုင်းတစ်ခုကို တူးဖော်တာက လူတစ်ယောက်အတွက် အန္တရာယ်များလွန်းတယ်...ရှင်အချိန်မှီရပ်တန့်နိုင်ရင် ကောင်းတယ်..."


" ဆရာမ...ငါတို့ဘယ်အချိန်သွားကြမလဲ...ငါက အချိန်တိုင်းအားတယ်...ငါ ဆရာမပြောတာကို နားထောင်မှာပါ...ဒါပေမယ့် ငါတို့သွားပြီးရင် အထဲကို၀င်ရမှာလား..."


 ၀မ်လဲ့က ဂရုတစိုက်မေးသည်။သူပုံစံက သင်္ချိုင်းကို တဖန်သွားရန် စိတ်ပူနေပုံပေါ်သည်။စုမုန့်က အချိန်ကိုကြည့်လိုက်သည်။အချိန်က ညရောက်ခါနီးနေပြီ။သူမက ဒီနေရာမှာ အချိန်အတော်ကြာနေဖို့ မမျှော်လင့်ထားပေ။၀မ်လဲ့က အရမ်းနှေးလွန်း၍သာ ယခုလိုအချိန်ကြာသွားရသည်။သူက သူမကို အကြောင်းပြချက်တစ်ခုပေးပြီး အသုံးမ၀င်တဲ့အကြောင်းအရာတွေကို လှည့်ပတ်ပြောနေခဲ့သည်။အဆုံးမှာတော့ သူမက အရေးပါသော မေးခွန်းတွေကိုမေးခဲ့သူတစ်ယောက်ဖြစ်သည်။


စုမုန့်က ခေါင်းညိတ်ပြသည်။


" ဟုတ်တာပေါ့...ကျွန်မတို့ အထဲကို၀င်မယ်...ကျွန်မတို့အထဲ၀င်ရုံတင်မကဘူး သူမကိုတောင်းပန်ပြီးတော့ သူမရဲ့ခွင့်လွှတ်မှူကို တောင်းဆိုရမယ်...ကျွန်မတို့မသွားခင် ရှင်အချို့အရာတွေကို ပြင်ဆင်ဖို့လိုတယ်...ရှင်အဆင်သင့်ဖြစ်တာနဲ့ ကျွန်မတို့ချက်ချင်းသွားမယ်...ကျွန်မတို့ အချိန်ကြာကြာဆွဲလေ ရှင့်အတွက်ပျက်စီးမှူပိုများလေပဲ...အနာဂတ်မှာ ဒီကိစ္စက ဖြေရှင်းဖို့အတွက် ဒုက္ခအကြီးအကျယ်ဖြစ်လိမ့်မယ်..."


စုမုန့်က ၀မ်လဲ့ကို ခေါင်းကနေ ခြေဖျားထိမှန်းဆတိုင်းတာလိုက်သည်...၀မ်လဲ့က အခုအချိန်မှာ အရမ်းကို ဆတ်ဆတ်ထိမခံဖြစ်နေသောကြောင့် စုမုန့်မပြောပြသေးတဲ့ အရာတစ်ခုရှိနေသည်...အနည်းငယ် လှုပ်ရှားမှုလေးကပင် သူ့ကိုသေသည်အထိကြောက်ရွံ့စေလိမ့်မည်...သူမပြောလိုက်လျှင်  ၀မ်လဲ့သေသည်အထိ ကြောက်ရွံ့နေလိမ့်မည်ကို သူမစိုးရိမ်နေမိသည်...။


၀မ်လဲ့၏ခန္ဓာကိုယ်က အားနည်းလာသည်...။ထိုကိစ္စတွေက သာမန်ပြသနာတွေဖြစ်သည်။ယခုအချိန်တွင်အကြီးဆုံးပြသနာသည် ယင်ချီတွေကြောင့် သူသည်အချိန်အတော်ကြာ ခံစားနေရပြီး သူရဲ့ဘ၀ကို အနည်းငယ်ပြောင်းလဲမှုဖြစ်စေခဲ့သည်။ထိုပြသနာဖြေရှင်းပြီးသွားလျှင်တောင် ၀မ်လဲ့ရဲ့ဘ၀က အနာဂတ်မှာ ငြိမ်းချမ်းတော့မည်မဟုတ်ပေ။


သူ့ခန္ဓာကိုယ်ထဲက ယန်ချီက အလွန်အားနည်းနေသည်။သူသည်အနာဂတ်တွင် ညလယ်ခေါင်အပြင်ထွက်၍မရနိုင်ပေ။ပြီးတော့ သူက ဆိုးယုတ်တဲ့အရာတွေကို ပြုလုပ်ပြီး သူ့ဘ၀ကို အလွယ်တကူဆုံးရှုံးရလိမ့်မည်။


စုမုန့်က ၀မ်လဲ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးရန် ဆုံးဖြတ်လိုက်သည်။သူစိုးရိမ်သောကများ လျော့ပါးသွားသည့်အချိန်မှာ သူမက ထိုအကြောင်းကိုပြောပြလိမ့်မည်။ပြီးတော့ သူလိပ်ပြာလွင့်မတတ်ကြောက်နေမည်ကို သူမတကယ်စိုးရိမ်သည်။


" ဆရာမ...ငါဘာတွေကိုပြင်ဆင်ရမှာလဲ...ငါမနက်ဖြန် သွား၀ယ်မယ် ပြီးရင် ငါတို့သွားကြမယ်...ဒီကိစ္စကို ရှင်းလင်းပြီးသွားရင် သူမကငါ့ကိုထပ်ပြီး စိတ်အနှောင့်အယှက်မပေးတော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား..."


 ၀မ်လဲ့၏မျက်လုံးတွေက တောက်ပနေပြီး စုမုန့်ကို မျှော်လင့်တကြီးနှင့် မေးသည်။


စုမုန့်ခေါင်းညိတ်လိုက်သောအခါ သူ့နှလုံးသားထဲကနေ ၀မ်းပန်းတသာပြုံးလိုက်သည်။သူ့ရဲ့ပုံစံသည် ရေနစ်နေတဲ့လူတစ်ယောက်က သူ့ဘ၀ကိုကယ်တင်ပေးမည့် လှေတစ်စီးကိုတွေ့လိုက်ရသည့်ဟန် ဖြစ်နေတော့သည်။နောက်ဆုံးမှာတော့ သူ သူမကို နေ့တိုင်း စိုးရိမ်နေစရာမလိုတော့ပေ။


သို့သော် သူပျော်နေတဲ့အချိန်အတွင်းမှာပဲ အခြားပြသနာတစ်ခုကို စဥ်းစားမိသွားပြီး ရုတ်တရက် သူထပ်မပြုံးနိုင်တော့ပေ။သူက စုမုန့်ကိုမေးလိုက်သည်။


" ဒါပေမယ့် ဆရာမ...ငါတို့ ဒီကိစ္စကို ဖြေရှင်းဖို့ ရက်အနည်းငယ်လောက်လိုသေးတယ်...ဒါကို မဖြေရှင်းခင် ငါဘာလုပ်သင့်လဲ...ငါသူမကို မြင်နေရအုံးမှာလား...ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါအုံး...ငါတကယ်သူမကို မမြင်ချင်တော့ဘူး..."


ထိုအချိန်တွင် ကောင်းကင်က တဖြည်းဖြည်းနှင့် မည်းမှောင်လာသည်။နေ့တာအတွင်းမှာ အဆင်ပြေပေမယ့်တခါတရံတွင် သူမကိုတွေ့ရသည်။ဒါပေမယ့် ညမှာတော့ သူဘယ်နေရာမှာပဲရှိရှိ သူမကို အချိန်တိုင်းမြင်နေရသည်။သူ့စိတ်ထဲတွင်တစ်ခုခုမှားယွင်းနေသည်ဟုပင် သူသံသယ၀င်မိသည်။အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်ပဲ အချိန်တိုင်းမြင်နေရပီး အခြားသူများကဘာမှမမြင်ရသောကြောင့်ဖြစ်သည်။


စုမုန့်က သူမရဲ့အိတ်ထဲကနေ အဆောင်တစ်ခုကိုထုတ်ယူလိုက်သည်။ထိုအဆောင်သည် အနီရောင်အရည်ပါ၀င်သော လက်မအရွယ်အစားရှိဖန်ပုလင်းတစ်ခုဖြစ်သည်။စုမုန့်က ထိုအထဲသို့ စုတ်တံတစ်ခုကို နှစ်လိုက်ပြီး ၀မ်လဲ့လက်ထဲကိုမပေးခင် လက်ဖွဲ့အဆောင်ပေါ်တွင် အကြိမ်အနည်းငယ်တို့လိုက်သည်။


 ၀မ်လဲ့က ထိုအရာကိုယူဖို့ လျှောက်လှမ်းလာသောအခါ စုမုန့်က သူမရဲ့လက်ကို ရုတ်တရက် ရုတ်သိမ်းလိုက်သည်။


" မစ္စတာ၀မ်...ဒီလက်ဖွဲ့အဆောင်က အလကားပေးတာမဟုတ်ဘူး...ရှင်တစ်ခုခုပေးရမယ်..."


၀မ်လဲ့က ချက်ချင်း နားလည်သွားသည့်ပုံစံဖြင့် ပြောသည်။


" ငါသဘောပေါက်ပြီ ငါသဘောပေါက်ပြီ..." 


သူပြောပြီးနောက် ငွေစက္ကူတစ်အုပ်ကို သူ့ဘေးက ဘီရိုထဲက ယူ၍ စုမုန့်ကို ပေးလိုက်သည်။


" ဆရာမ ...မင်းဒါကို တစ်ချက်လောက်ကြည့်ပေးနိုင်မလား..."


ထိုငွေအုပ်က ပါးပါးလေးဖြစ်ပုံတော့မပေါ်  အနည်ဆုံးယွမ်ထောင်ဂဏန်းလောက်ရှိသည်။၀မ်လဲ့က ထိုသို့သဘောထားကြီးလိမ့်မည်ဟု သူမမထင်ခဲ့ပေ။သို့သော် စုမုန့်က ကြည့်ရုံသာကြည့်ပြီး မယူခဲ့ပေ...။


" မစ္စတာ၀မ် ကျွန်မ ပိုက်ဆံမလိုချင်ဘူး...ဒါပေမယ့် ကျွန်မ ထိုအပေါ်ကို သွေးစက်အနည်းငယ်ချဖို့အတွက် ရှင့်သွေးလိုအပ်တယ်...ဒီအရာက မင်းကို ဖော်ညွှန်းပြီးသားဖြစ်သွားမယ်...ရှင်က စိတ်အနှောင့်ယှက်ပေးတာကို မခံချင်ဘူးဆိုရင် ရှင့်ရဲ့သွေးနဲ့ ဒီအဆောင်ကို အိပ်ခန်းတံခါးဘောင်ပေါ်မှာ ထိုးထားလိုက်...ဒီနည်းလမ်းနဲ့ဆိုရင် ရှင် ညကျရင် အေးအေးချမ်းချမ်းအိပ်နိုင်လိမ့်မယ်...ပြီးတော့ သူမကို ထပ်ပြီးအိပ်မက်မက်မှာမဟုတ်တော့ဘူး..."


(ဘရိတ်ပေါက်သွားပြီ...)


" ဟုတ်ပြီ မင်းဘယ်လောက်လိုချင်လဲ..." 


၀မ်လဲ့က မီးဖိုချောင်ဆီသို့ လှည့်ပြေးသွားသည်။သူက မီးဖိုချောင်သုံးဓားတစ်လက်ကို ယူလာ၍ သူ့ရဲ့လက်ကို ဆန့်ထုတ်လိုက်ပြီး အပေါ်ကနေ လှီးရန် အသင့်ဖြစ်နေသည်။


ရှန့်ကျန်းက ထိုအရာကိုမြင်သောအခါ သူ့ကိုတားရန် ချက်ချင်း အပြေးအလွှားသွားသည်။


" မစ္စတာ၀မ်...မင်းရဲ့သွေးစက်အနည်းငယ်ကိုပဲ လိုတယ်လို့ စုမုန့်ကပြောတာပါ...မင်းကိုမင်း သေလောက်တဲ့အထိ ဖြတ်စရာမလိုပါဘူး..."


စုမုန့်က ၀မ်လဲ့ရဲ့သနားစရာကောင်းတဲ့ပုံစံကို မြင်သောအခါ သူဘယ်လောက်ကြောက်နေသည်ဆိုတာ အထင်းသားတွေ့နေရသည်။သူ့ကိုယ်သူ ဓားနဲ့လှီးရန်ကိုပင် တုံ့ဆိုင်းမနေပေ။


၀မ်လဲ့က ရှက်ရှက်နှင့် ပြုံးပြသည်။သူက မီးဖိုးချောင်သုံးဓားကိုကိုင်ထားပြီး ဘာလုပ်ရမလဲ မသိဖြစ်နေသည်။


စုမုန့်က သူ့ရဲ့ဆုံးရှုံးမှုကိုမြင်ပြီး သက်ပြင်းချလိုက်သည်။သူမရဲ့အိတ်ထဲကနေ ခေါက်ဓားတစ်ခုကိုထုတ်လိုက်ပြီး လက်ကို ဆန့်ထုတ်ပေးရန် ၀မ်လဲ့ကိုတောင်းဆိုသည်။သူမက သူ့ရဲ့လက်ချောင်းကို ညင်သာစွာ ထိုးစိုက်လိုက်ပြီး ၀မ်လဲ့ကို အဆောင်ပစ္စည်းအားယူပြီး သွေးစက်ချစေသည်။


အရာအားလုံးလုပ်ပြီးနောက် စုမုန့်က ဓားကို ဘေးကစားပွဲပေါ်တင်လိုက်သည်။စုမုန့်ရဲ့ လမ်းညွှန်မှုအတိုင်း ၀မ်လဲ့က လက်ဖွဲ့အဆောင်ကို တံခါးဘောင်ပေါ်တွင် ဂရုတစိုက်ထိုးစိုက်လိုက်သည်။


" ဆရာမ ငါဒါကို ထိုးစိုက်ထားမယ်ဆိုရင် သူမနှောင့်ယှက်တာကို ငါတကယ်မခံရတော့ဘူးလား...ညကျ ငါအိပ်ခန်းအပြင်ကိုထွက်ရင်ရော ဘာဖြစ်မှာလဲ..."


 ၀မ်လဲ့က ဆက်မေးသည်။စုမုန့်ကပြောလိုက်သည်။


" အာရုံမတက်ခင် မထွက်တာအကောင်းဆုံးပဲ...အပြင်မှာဘာဖြစ်ဖြစ် ကိစ္စမရှိဘူး...ရှင်မကြားချင်ဟန်ဆောင်ရုံပဲ...ပြီးတော့ တံခါးအပြင်ကို ခြေချလိုက်တာနဲ့ အရာအားလုံးက အချည်းအနှီးဖြစ်သွားလိမ့်မယ်...."


အိမ်သာမသွားရတာက အရမ်းသက်တောင့်သက်သာမဖြစ်ပေမဲ့ သူ့ဘ၀က ပိုပြီးအရေးကြီးနေသည်။ဝမ်လဲ့က ညမှာ ဘာကိစ္စပဲဖြစ်ဖြစ် အပြင်မထွက်ဖို့နားလည်သည်ကို ဖော်ပြရန် ထပ်ခါထပ်ခါ ခေါင်းညိတ်ပြသည်။

.

စုမုန့်က နောက်ထပ်လမ်းညွှန်မှုအချို့ကို ပေးခဲ့သည်။အားလုံးပြီးသွားသောအခါ အပြင်မှာ လုံး၀မှောင်နေပေပြီ။စုမုန့်ရဲ့ဆရာက ဆိုင်ထဲကနေ သူမကိုစောင့်နေမည်ကို သူမအသေအချာသိသည်။စုမုန့်က သူမရဲ့ဆရာကို တွေးမိသောကြောင့် အိမ်ပြန်ဖို့ ပြင်ဆင်တော့သည်။


၀မ်လဲ့က သူမကို အစကတည်းက လိုက်ပို့ချင်ပေမဲ့ စုမုန့်က ငြင်းသည်။သူမကြည့်နေတဲ့အချိန်မှာပဲ ၀မ်လဲ့ကို အိပ်ခန်းထဲသို့၀င်စေပြီး တံခါးပိတ်လိုက်သည်။


၀မ်လဲ့ထွက်မလာသ၍ ညကအဆင်ပြေနေလိမ့်မည်။စုမုန့်မသွားခင် သူမက နောက်ထက်လမ်းညွှန်မှုအချို့ကို ပေးခဲ့သည်။၀မ်လဲ့က ထပ်ခါထပ်ခါကတိပေးပြီးမှ ရှန့်ကျန်းနှင့် ထွက်ခွါလာခဲ့သည်။


…..


ထိုအဆောက်အအုံမြင့်သည် တည်ဆောက်ပြီးဖြစ်ပေမယ့်ပြောင်းရွှေ့ပြီးသောအိမ်ထောင်စု အများကြီးမရှိပေ။စုမုန့်နှင့် ရှန့်ကျန်း အောက်ဆင်းလာပြီးနောက် စားပွဲပေါ်မှာလှဲပြီး တစ်ရေးအိပ်နေသည့် လူခြုံရေးအစောင့်တစ်ယောက်ကိုသာတွေ့ရသည်။ထိုအစောင့်သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။စုမုန့်နှင့် ရှန့်ကျန်းထွက်သွားတာတောင်မှ သူဘာမှ မတုံ့ပြန်ပေ။


စုမုန့်က အဆောက်အအုံအပြင်ကို ရောက်ပြီးနောက်  အဆောက်အအုံကို မော့ကြည့်လိုက်သည်။ထိုအဆောက်အအုံတွင် အထပ်များဒါဇင်နဲ့ချီရှိပြီး ပြတင်းပေါက်အချို့ကသာ မီးထွန်းထားသည်။မီးထွန်းထားသောပြတင်းပေါက်များသည် ဝေးကွာနေပြီး အထီးကျန်နေပုံပေါ်သည်။


အဆောက်အအုံက သီးခြားဖြစ်နေပြီး အနီးအနားတွင် လူနေဧရိယာ နှစ်ခုသာရှိသည်။သို့သော်လည်း ထိုလူနေဧရိယာများသည် တစ်၀က်သာတည်ဆောက်ပြီးသေးသည်။ယခုအချိန်တွင် အတွင်းထဲမှာ မှောင်အတိဖြစ်နေပြီး ချောက်ချားဖွယ်ကောင်းသည်။


အရေးအကြီးဆုံးမှာ အဆောက်အအုံမှ ကားပါကင်အထိလမ်းလျှောက်သွားရသောအချိန်ဖြစ်သည်။သူတို့ လူတစ်ယောက်ကိုမျှမတွေ့ရပေ။ကြီးမားလှသော ကားပါကင်တွင် စုမုန့်၏ကားတစ်စီးသာရှိနေသည်။


ရှန့်ကျန်းသည်လည်း ထိုပတ်၀န်းကျင်အခြေအနေကို သတိထားမိသည်။ဘာမှမရှိသော ပတ်၀န်းကျင်ကိုကြည့်၍ သူက တုန်လှုပ်စွာပြောသည်။


" မစ္စတာ၀မ်က နတ်ဆိုးကို တွေ့တယ်လို့ပြောတယ်...ဒီလိုလူမနေတဲ့ နေရာတစ်ခုမှာ နေနေတာကို နတ်ဆိုးမတွေ့ရင် သာမန်မှမဟုတ်ပဲ..."


စုမုန့်က ကားထဲတွင်ထိုင်လိုက်သည်။စုမုန့်က ရှန်ကျန်း၏စကားကို ပြန်မချေပတာ ရှားသည်.ယ။သူမ သဘောတူစွာ ခေါင်းညိတ်ပြီးပြောသည်။


" မှန်တယ်...ဒီနေရာက သင်္ချိုင်းတစ်ခုဖြစ်နိုင်တယ်...ဒါက အလေးလံဆုံးယင်ချီ ရှိတဲ့နေရာပဲ...အိမ်ထောင်စုများများစားစားလဲ မရှိသေးဘူး...ဒီနေရာမှာ ဆိုး၀ါးတဲ့အရာတစ်ခုခု သိပ်မကြာခင်ဖြစ်လာလိမ့်မယ်..." 


ရှန့်ကျန်းက အံ့သြတကြီးနှင့်ပြောသည်။


" စုမုန့် ဒီနေရာက တော်တော်လေးမြင့်တဲ့ပုံပဲ...စျေးချိုမှာမဟုတ်တာတော့ အသေအချာပဲ...ဒီလိုအိမ်မျိုးနေနိုင်တဲ့ သူတွေက အရမ်းချမ်းသာတဲ့သူတွေပဲ ဖြစ်လိမ့်မယ်...ဆောက်လုပ်သူက အဲ့လိုလူတွေကို လိိမ်ညာလှည့်စားလိုက်တာများလား..."


စုမုန့်က ခေါင်းညိတ်ပြီးပြောသည်။


" ဆောက်လုပ်သူတွေက အဲ့ဒီလိုလူတွေကို လှည့်စားရတာကြိုက်တယ်...ဒါပေမဲ့ ဒါက ပြသနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး...ကျောင်းအများစုက သင်္ချိုင်းနယ်မြေတွေပေါ်မှာ ဆောက်ကြတာပဲ..လူအများကြီးရှိနေသ၍ သဘာ၀အတိုင်းအဆင်ပြေနေမှာပဲ..."


သူတို့နှစ်ယောက်က ပြန်လာတဲ့လမ်းတစ်လျှောက်စကားပြောလာသည်။လမ်းကြီးက ကျယ်၀န်းပြီး လမ်းပေါ်တွင် ကားတစ်စီးမှမရှိသောကြောင့် စုမုန့်က မြန်မြန်မောင်းလာသသည်။ပထမတော့ အရာရာက ပုံမှန်ပင် ဖြစ်သည်။ဒါပေမယ့် သူတို့မီးပွိုင့်ကိုရောက်တဲ့အခါ တစ်ခုခုဖြစ်နေပြီဆိုတာ စုမုန့်သိလိုက်သည်။ဘရိတ်ပေါက်သွားပြီ။


ကံကောင်းစွာဖြင့် ထိုနေရာတွင် ကားတစ်စီးမှမရှိ‌ေပ။ထို့ကြောင့် စုမုန့် တိုက်မိမှာကို မစိုးရိမ်ပေ။သူမ ဦးတည်ရာကို ကောင်းကောင်းထိန်းချုပ်နိုင်သ၍ အချိန်တိုအတွင်းမှာ ဘာပြသနာမှရှိလမ့်မည်မဟုတ်။


သူမက ကားကိုရပ်ရန် နည်းလမ်းတစ်ခုခု စဥ်းစားရမည်။


အရှေ့မှာ မီးနီပြောင်းသွားသော်လည်း စုမုန့်က ရပ်တန့်ရန် ရည်ရွယ်ချက်မရှိသည်ကို ရှန့်ကျန်း မြင်လိုက်ရသည်။သူမစိတ်တွေ ပျံ့လွင့်နေသည်ဟု ထင်ပြီး သူမကိုမြန်မြန်သတိပေးလိုက်သည်။


" စုမုန့် မီးနီပြနေပြီ...မင်းကားကိုရပ်တော့လေ..."


" ဘရိတ်ပေါက်သွားပြီ...ရှင့်မှာ ကားကိုရပ်နိုင်မဲ့ နည်းလမ်းတစ်ခုခုရှိလား..." 


သူမရဲ့အာရုံကို အရှေ့မှာပဲစုစည်းထားပြီး စိတ်မလျှော့ရဲပေ။စုမုန့်က တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ရှန့်ကျန်းက ဘရိတ်ပေါက်သွားသည်ကို ကြားသောအခါ သူကပြောသည်။


" ဘာ...ဘရိတ်ကတကယ်ပေါက်သွားတာလား...ငါတို့ရဲ့ကားက အရမ်းမြန်နေတယ်...သွားပြီ...သွားပြီ...ငါတို့မကြားခင် ယာဥ်တိုက်မှု ဖြစ်တော့မယ်မဟုတ်လား...စုမုန့်...ဒီလိုအခြေအနေမှာတောင် မင်းဘာလို့ တည်ငြိမ်နေနိုင်ရတာလဲ..."



xxxxxx