အပိုင်း ၁၀၇
Viewers 15k

Chapter 107

(စုမုန့် ယာဥ်တိုက်မှု ဖြစ်ခဲ့တယ်...)


ရှန့်ကျန်းက အလွန်ကြောက်ရွံ့နေပြီး ဘေးကနေ စုမုန့်ကို ပိုစိတ်အနှောင့်အယှက်ဖြစ်အောင်ပင် စူးစူး၀ါး၀ါးအော်ဟစ်နေသည်။


သူမက လှည့်၍ပင်မကြည့်ပေ။သူမက ရှေ့တည့်တည့်ကို စူးစိုက်ကြည့်နေပြီး ဆူငေါက်လိုက်သည်။


" ပါးစပ်ကိုပိတ်ထား...ရှင်အခု စိတ်တည်ငြိမ်မနေဘူးဆိုရင် မြန်မြန်သေရလိမ့်မယ်...ကျွန်မဒီလို ပြောရတာက ရှင့်ကို ဖြေရှင်းဖို့နည်းလမ်းရှာစေချင်လို့...ပြီးတော့ ရှင့်ရဲ့စူးစူး၀ါး၀ါးအော်သံကို မကြားချင်ဘူး..."


ရှန့်ကျန်းက ဘရိတ်ပေါက်သွားသည်ဟု ကြားသောအခါ သူ့ရဲ့စိတ်က တွေဝေနေသည်။သူက စိုးရိမ်တကြီးမေးလိုက်သည်။


" ဒါပေမယ့် ကိုယ်လဲမသိဘူး...ကိုယ်တို့ဘာလုပ်သင့်လဲ...ကိုယ်ဒီလိုအခြေအနေမျိုး တစ်ခါမှ မကြုံဖူးဘူး..."


စုမုန့်က ရှန့်ကျန်းကို သတ်ပစ်ချင်သည်အထိ စိတ်တိုနေသည်။သူမက စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။


" ရှင့်ဖုန်းကို သုံးပြီး အင်တာနက်ကို စစ်ကြည့်...အခု လမ်းပေါ်မှာ ကားတစ်စီးမှမရှိဘူး...အဲ့ဒါကြောင့် အချိန်တိုအတွင်း ဘာမှဖြစ်မှာမဟုတ်ဘူး...ဒါပေမယ့် ရှင်ဆက်ပြီးအချိန်ဖြုန်းနေမယ်ဆိုရင် ကျွန်မတို့ မြို့ထဲကိုရောက်တဲ့အခါ ဒုက္ခရောက်မှာက ကျွန်မတို့နှစ်ယောက်ပဲ မဟုတ်ဘူး..."


စုမုန့်သတိပေးပြီးနောက် အဆုံးမှာရှန်းကျန်း စတင်လှုပ်ရှားတော့သည်။သူ့ရဲ့ဖုန်းကို မြန်မြန်ထုတ်လိုက်သည်။ကံကောင်းစွာဖြင့် ထိုနေရာတွင် အင်တာနက်က ကောင်းနေဆဲဖြစ်သည်။သူ ရှာဖွေရန်အတွက် အွန်လိုင်းပေါ်မြန်မြန်သွားသည်။တစ်ချိန်တည်းမှာပဲ သူကပြောသည်။


" ရက်စ်...ရက်စ်...ကိုယ်တို့ အွန်းလိုင်းပေါ်မှာ ရှာလို့ရတယ်....ဘရတ်ပေါက်ရင် ဘာဖြစ်မှာလဲ...ငါဘာလုပ်သင့်လဲ....မြန်မြန်ထွက်လာစမ်းပါ...အင်တာနက်လိုင်းက ဘာလို့အဲ့ဒီလောက်ဆိုးရတာလဲ..."


ထိုအချိန်တွင် စုမုန့်ကလည်း စိတ်လှုပ်ရှားနေသည်။သို့သော် သူမကိုသူမ စိတ်တည်ငြိမ်အောင် သတိပေးနေသည်။သူမ ကားပတ်၀န်းကျင်အခြေအနေကို သေချာလေ့လာရမည်။ထိုမှသာ အနီးအနားတွင် အခြားကားများရှိလျှင် သူမ မြန်မြန်ရှောင်ရှားနိုင်လိမ့်မည်။


ရှန့်ကျန်းနားပူနားဆာလုပ်တာကို ခံရပြီးနောက် သူမက သူ့ကိုထပ်မတိုက်တွန်းတော့ပေ။ထိုအချိန်တွင် မည်သူမဆို ထိတ်လန့်နေလိမ့်မည်။သူမက သူ့ကို အလွန်အကျွံတိုက်တွန်းနေလျှင် မကောင်းသောရလဒ်များဖြစ်လာလိမ့်မည်...။


ကားက လမ်းမပေါ်တွင် အလွန်လျှင်မြန်စွာ မောင်းနှင်နေသည်။ပုံမှန်အခြေအနေဆိုလျှင် လီဗာကိုမနှင်းထားသ၍ ကားအရှိန်သည် နှေးကွေးနေလိမ့်မည်...။ကံမကောင်းစွာဖြင့် စုမုန့်မောင်းနှင်နေသော လမ်းသည် ကုန်းဆင်းဖြစ်နေသည်။ကားကအရှိန်မလျော့သည့်အပြင် ပို၍ပင် မြန်နေသည်။


ရှန့်ကျန်းက စကားပြောနေသော်လည်း သူ့လက်တွေက ရှာဖွေခြင်းကို မရပ်ပေ။အချိန်ခဏကြာရှာဖွေပြီးနောက် နောက်ဆုံးတွင် သူနည်းလမ်းတစ်ခုကိုရှာတွေ့သည်...။သူ စုမုန့်ကို မြန်မြန် ပြောပြသည်...။


" စုမုန့် ဂီယာကိုမြန်မြန်ချိန်းလိုက်...ဘရိတ်ပေါ်ကို အကြိမ်များများနင်းလိုက်...အဲ့ဒါက အလုပ်မဖြစ်ရင်တောင်မှ ဘရိတ်ကိုဖိထား..." 


ရှန့်ကျန်းက အင်တာနက်ပေါ်က နည်းလမ်းအတိုင်း လမ်းညွှန်သည်။စုမုန့်ကလည်း ထိုကဲ့သို့ ပြုလုပ်သည်။ပြီးနောက် ကားရဲ့အရှိန်က အမှန်တကယ် အနည်းငယ်လျော့သွားသည်။


ရှန့်ကျန်းက သက်ပြင်တစ်ချက်ချပြီး ပြောသည်။


" စုမုန့်... ကိုယ်တို့ဘ၀က မပြီးသေးဘူးထင်တယ်...ကားအရှိန်က လျော့သွားပြီ...ဒါကိုကြည့်တာ ကားက ခဏနေရင် ရပ်သွားလိမ့်မယ်..."


ရှန့်ကျန်းစကားပြော မပြီးသေးခင်မှာပဲ သူ့ရှေ့က လမ်းကိုမြင်သွားသည်။သူချက်ချင်း နှုတ်ဆိတ်သွားရသည်။


…..



လမ်း၏အလယ်တွင် ကြီးမားသော ခြံစည်းရိုးကြီးရှိနေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ခြံစည်းရိုးသည် လမ်းကိုပိတ်လုနီးပါး ဖြစ်နေပြီး ဘေးနှစ်ဘက်တွင် နေရာလွတ်သေးသေးလေးသာ ရှိသည်။


အရေးကြီးဆုံးအချက်မှာ ပိတ်ထားသောလမ်းပေါ်တွင် ဘာဆိုင်းဘုတ် ဘာသင်္ကေတေမှ ရှိမနေပေ။ခြံစည်းရိုးသည် အနက်ရောင်ဖြစ်သည်။စုမုန့်က ပိုနီးလာသောအခါမှသာ ထိုအရာကိုမြင်လိုက်ရသည်။


" စုမုန့် အရှေ့မှာတစ်ခုခုရှိနေတယ်..."


 ရှန်းကျန်းက အံ့အားသင့်စွာပြောသည်။


" ငါလည်းမြင်တယ်..." 


စုမုန့်က ရှန့်ကျန်းပြောတဲ့နည်းလမ်းအတိုင်း ကားကို ဆက်ထိန်းချုပ်နေသည်။သို့သော်လည်း ယခုအချိန်က ကုန်းဆင်းကြီးဖြစ်နေသည်။ထိုနည်းလမ်းက အလုပ်ဖြစ်လျှင်တောင်မှ အချိန်နောက်ကျသွားပေပြီ။


စုမုန့် ထောင့်ကိုမကွေ့လိုက်နိုင်ပဲ ကားက လမ်းဘေးကိုတည့်တည့်ဆင်းသွားသည်။ထိုအချက်က ကားကို မှောက်စေနိုင်ပြီး ပို၍ပင်အန္တရာယ်များသည်။


စုမုန့်က တိတ်တဆိတ်အံကြိတ်လိုက်သည်။သူမစိတ်ကို ပြင်ဆင်လိုက်ပြီး တိုက်ရိုက်၀င်တိုက်ရန် ဆုံးဖြတ်လိုက်သည်။ခြံစည်းရိုးက နံရံတစ်ခုမဟုတ်ပေ။သူမက ၀င်တိုက်လိုက်လျှင် ကားက ပျက်စီးသွားလိမ့်မည်။သို့သော် သူတို့အန္တရာယ်ကင်းလျှင် ဘယ်လိုဖြစ်ဖြစ်အဆင်ပြေသည်။


သို့သော် ခြံစည်းရိုးပေါ်တွင် ကြီးမားသော သံချောင်းများရှိနေလိမ့်မည်ဟု စုမုန့်မမျှော်လင့်ခဲ့ပေ။စုမုန့်ခြံစည်းရိုးကို ၀င်တိုက်ပြီးနောက် သံချောင်းအချို့က ကားတာယာများကို ထိုးဖောက်သွားသည်။ကားကို ထိန်းချုပ်၍မရတော့ပဲ လမ်းဘေးဆီသို့ ထိုးဆင်းသွားသည်။


ထိုနေရာသည် လုံး၀မပြင်ဆင်၍မပြီးသေးပေ။လမ်းဘေးနှစ်ဖက်လုံးတွင် လျှိုမြောင်များရှိနေပြီး အကာအကွယ်များ မပြုလုပ်ရသေးပေ။စုမုန့်က ကားကိုငြိမ်ရန် အကောင်းဆုံးကြိုးစားသည်။သို့သော် သူမ ဘယ်လောက်ခက်ခက်ခဲခဲကြိုးစားနေပါစေ ကားတိုက်မိသောအချိန်တွင် သူတို့နှစ်ယောက်လုံး ထိခိုက်ဒဏ်ရာရသည်။


ပြင်းထန်လွန်းသော သက်ရောက်မှုကြောင့် စုမုန့်နဲ့ ရှန့်ကျန်းက ချက်ချင်းသတိလစ်သွားသည်။


စုမုန့်နိုးလာသောအခါ သူမက ဆေးရုံမှာ လဲလျောင်းနေပြီးသားဖြစ်သည်။အခန်းက ဆေးနံ့ပြင်းတွေနဲ့ ပြည့်နေပြီး ထိုအနံ့က သူမကို ပျို့အန်ချင်စေသည်။


ကောရှန်းက သူမမျက်လုံးတွေပွင့်လာသည်ကို မြင်သောအခါ ၀မ်းသာစွာပြောသည်။


" မိန်းကလေး...မင်းနိုးလာပြီ...မလှုပ်နဲ့ ငြိမ်ငြိမ်နေပါ...ဆရာ ဆရာ၀န်ကိုခေါ်လိုက်မယ်..." 


ကောရှန်းက လှမ်းလာပြီး အိပ်ရာဘေးက ခလုတ်ကိုနှိပ်လိုက်သည်။သိပ်မကြာခင်မှာပဲ ဆရာ၀န်နှစ်ယောက် ၀င်လာသည်။


စုမုန့်နိုးလာပေမဲ့ သူမ၏မျက်လုံးများကိုသာဖွင့်နိုင်သေးသည်။သူမဘာမှမလုပ်နိုင်ပေ။ဆရာ၀န်က စုမုန့်၏စိတ်ကို ဖတ်ပြီး သူမကိုနှစ်သိမ့်ပေးသည်။


" မစ္စစု မစိုးရိမ်ပါနဲ့...မင်းပြင်းပြင်းထန်ထန် ထိခိုက်ထားပေမဲ့ မသေစေနိုင်ပါဘူး...အချိန်တစ်ခုလောက် ကုသပြီးရင်တော့ ပြန်နလန်ထူနိုင်လာလိမ့်မယ်..."


စုမုန့် အဆင်ပြေသည်ကို ကြား‌ေသာအခါ အနည်းငယ်စိတ်သက်သာရာရသွားသည်။သို့သော် သူမကိုသူမထက် ရှန့်ကျန်း၏အခြေအနေကို မေးချင်သည်။သို့သော် ယခုအချိန်တွင် သူမစကားမပြောနိုင်ပေ။သူမ၏လည်ချောင်းက တစ်ခုခုနှင့် တိုက်မိထားပြီး မချိမဆန့်နာကျင်နေသည်။


ကောရှန်းက သူ့တပည့်အကြောင်းကို သဘောပေါက်သည်။သူက စုမုန့်၏နှုတ်ခမ်း မသိမသာလှုပ်သွားသည်ကို မြင်သော် သူမကို မြန်မြန်နှစ်သိမ့်ပေးသည်။


" စိတ်မပူပါနဲ့...ရှန့်ကျန်းက ပြသနာကြီးကြီးမားမားမရှိပါဘူး...ဆေးရုံမှာအနားယူပြီးကုသလိုက်ရင် ဘာပြသနာမှ ရှိမှာမဟုတ်ပါဘူး..."


( မင်းကဘာလို့ဒီမှာရှိနေတာလဲ...)


ထိုသို့ကြားသောအခါ စုမုန့်စိတ်သက်သာရသွားသည်။သူမ နိုးတာမကြာသေးသော်လည်း သူမပြန်အိပ်ပျော်သွားသည်။


သူမ ဘယ်လောက်ကြာကြာအိပ်ပျော်သွားသည်ဆိုတာ သူမမသိပေ။စုမုန့်က ဆူညံသံအချို့ကြောင့်နိူးလာသည်။သူမ၏ပင်ပန်းနေသောမျက်လုံးများကို ဖွင့်ရန်ခက်ခဲစွာ ကြိုးစားနေသည်။သူမမျက်လုံးတွေကို ဖွင့်လိုက်သောအခါ သူမအမုန်းဆုံးလူတစ်ယောက် ( ဝေ့ရွှယ် ) ကိုတွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


သူမဘာလို့ဒီမှာရှိနေတာလဲ...


ဝေ့ရွှယ်က ဘေးနားရှိ ဒေါက်တာကို စကားပြောနေသည်။စုမုန့်နိုးနေသည်ကို သူမသတိမထားမိပေ။စုမုန့်က မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေချိန်တွင် သူမက စကားဆက်ပြောနေသည်။တစ်ချိန်တည်းမှာပဲ စုမုန့်သည် ဝေ့ရွှယ်က ဒေါက်တာ့ကို ဘာပြောနေသည်ဆိုတာ နားထောင်နေသည်။


" ဒေါက်တာ...စုမုန့်ရဲ့ခန္ဓာကိုယ်က ဆိုးဆိုး၀ါး၀ါးအခြေအနေဘာမှမရှိတာ သေချာလား...သူမတကယ်ပဲ အဆင်ပြေတာလား...သူမသေသွားမှာဆိုးတယ်..."


 ဝေ့ရွှယ်၏အသံက စုမုန့်ကို အမှန်တကယ်စိတ်ပူနေသကဲ့သို့ အလွန်စိုးရိမ်နေသည့်အသံဖြစ်သည်။ဒေါက်တာက ပြုံးပြီးပြောသည်။


" မစိုးရိမ်ပါနဲ့ မစ္စဝေ့...ကျွန်တော်တို့ဒေါက်တာတွေက အမြဲတမ်းလက်တွေ့ကျပြီး ရိုးသားပါတယ်...ကျွန်တော်တို့လိမ်ညာပြီး မုသားစကားတွေကိုမပြောပါဘူး...မင်းရဲ့မိသားစု၀င်ကို စိတ်ပူတာကိုနားလည်ပါတယ်...ကျွန်တော်တို့ မစ္စစုရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပြီးပါပြီ...အမှန်တကယ်ကိုပဲ ပြသနာကြီးကြီးမားမားမရှိတာပါ...နောက်ပိုင်းမှာ ကောင်းကောင်းကုသမှုခံယူမယ်ဆိုရင် အရင်လိုကျန်းမာတဲ့ခန္ဓာကိုယ်ကို ပြန်ရရှိပါလိမ့်မယ်..."


" ပြီးတော့ ကျွန်တော်တို့ မစ္စတာဝေ့ကို လိမ်လည်လို့မရဘူးလေ...ဟုတ်တယ်မလား...စိတ်မပူပါနဲ့..."


" ကောင်းပါပြီ...ကောင်းပါပြီ..."


 ဝေ့ရွှယ်က သက်ပြင်းချလိုက်ပြီး ဒေါက်တာကို ကျေးဇူးတင်စကားဆိုလိုက်သည်။


" ကျေးဇူးတင်ပါတယ်...ရှင်တို့အလုပ်ကို ရှင်တို့ဆက်လုပ်ကြပါ...ကျွန်မ စုမုန့်နဲ့ ခဏလောက်နေပေးလိုက်ပါအုံးမယ်..."


" ကောင်းပါပြီ မစ္စဝေ့...အကြောင်းတစ်ခုခုရှိလျှင် ကျွန်တော်တို့ကို အချိန်မရွေးခေါ်လိုက်ပါ...ကျွန်တော်တို့ အခုသွားလိုက်ပါအုံးမယ်..."


" ဟုတ်ကဲ့ ကျေးဇူးပါ..." 


ဝေ့ရွှယ်က ဒေါက်တာ့ကို ချိုသာစွာ ကျေးဇူးစကားဆိုပြီး အပြင်ကိုလိုက်ပို့သည်...။ဒေါက်တာထွက်သွားပြီးနောက် သူမက တံခါးကိုပိတ်လိုက်သည်...။


စုမုန့်က မျက်လုံးမှေးပြီး ဝေ့ရွှယ်ကို တိတ်တဆိတ်စောင့်ကြည့်နေသည်။ဝေ့ရွှယ်၏သရုပ်ဆောင်ချက်က အလွန်ကောင်းသည်။သူမ၏စိတ်ရင်းအမှန်ကို မသိပါက သူမလှည့်စားသည်ကို ခံရပေလိမ့်မည်။


ဝေ့ရွှယ် ဒေါက်တာနှင့်စကားပြောနေတုန်းက သူမက အရမ်းတုန်လှုပ်ပြီးစိတ်ပူချင်ယောင်ဆောင်နေသည်။သို့သော် စုမုန့်အားလုံးအဆင်ပြေသည်ဟု သူမကြားသောအခါ ဝေ့ရွှယ်က ခဏတာ သိသိသာသာစိတ်ပျက်သွားပုံပေါ်သည်။သို့သော် သူမထိုအမူအယာကို ချက်ချင်းဖုံးကွယ်လိုက်သည်။

 

ဝေ့ရွှယ်က ဒီနေရာကိုဘာလို့လာတာလဲ...မစ္စတာဝေ့ကအခုဒီမှာလို့ ဒေါက်တာပြောတာကိုလည်း သူမကြားလိုက်သည်။သူမကို ဆေးရုံပို့ပေးသည့်သူက ဝေ့ထင်များဖြစ်နေမလား...


…..


ဝေ့ရွှယ် သူမနောက်ကို ဒီနေရာထိလိုက်လာကတည်းက ဝေ့ထင်အပြင်အခြားဘယ်သူမှမဖြစ်နိုင်ပေ...။


စုမုန့် စိတ်ထဲကနေ တွေးတောနေသည်။သူမသတိလစ်နေဆဲဟု ဝေ့ရွှယ်ထင်နေသည်။ထို့ကြောင့် သူမက စုမုန့်ဘေးကို လမ်းလျှောက်လာပြီး ဘေးနားတွင်ထိုင်လိုက်သည်။သူမပုံစံက အရင်ကလို ရိုသေလေးစားမှုမရှိသည်အပြင် စက်ဆုပ်ရွံရှာဖွယ် မျက်နှာအမူအယာဖြစ်နေသည်။


" အစ်မစုမုန့် ငါ့ကိုပြောပါအုံး နင်ဘာလို့ကံဆိုးရတာလဲ...နင်အခု အားလုံးအဆင်ပြေပါတယ်...ဒါပေမယ့် နင်ကားမတော်တဆမှု ဖြစ်ခဲ့တယ်...နင်အတော်ကံကောင်းတယ်...ကားမတော်တဆဖြစ်တဲ့နေရာက အရမ်းကြေကွဲစရာကောင်းတယ်...ဒါပေမဲ့ နင်က ဒဏ်ရာဆိုးဆိုး၀ါး၀ါးမခံစားရဘူး...နင့်ရဲ့မျက်နှာကိုတောင်မှ မထိခိုက်သွားဘူး...အဲ့ဒီ့အချိန်တုန်းက ငါနင့်မျက်နှာကို သွေးတွေအပြည့်နဲ့မြင်ခဲ့တာ...နင်ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီီလို့ ငါထင်ခဲ့တာ..."


အချိန်ခဏကြာ စကားပြောပြီးနောက် စုမုန့်က မျက်လုံးမှိတ်ထားဆဲ ဖြစ်သည်ကို ဝေ့ရွှယ်မြင်ပြီး သူမပျင်းလာသည်။


" ဟူး...သနားစရာကောင်းလိုက်တာ...နင်သတိလစ်နေတုန်းပဲလား...ငါ့မှာ နင့်ကိုပြောစရာတွေအများကြီးရှိတယ်...နင်သတိလစ်နေတဲ့အချိန်မှာ ပြောရတာအရမ်းပျင်းစရာကောင်းတာပဲ...နင်ကြားနိုင်ရင် သိပ်ကောင်းမှာပဲ..."


ဝေ့ရွှယ်က စုမုန့်ဘေးကနေ သက်ပြင်းချနေသည်။သူမကိုယ်သူမ နားပူနားဆာလုပ်နေသည်ကိုသာ စုမုန့်မြင်သည်။သူမ တော်တော်များများပြောပြီးသွားပြီ။သို့သော် ဘာတစ်ခုမှအသုံးမ၀င်ပေ။အားလုံးက အဓိပ္ပါယ်မရှိပေ။စုမုန့်က သူမ၏မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူမနိုးလာလျှင် ဝေ့ရွှယ်ဘာပြောမည်ဆိုတာ သိချင်သည်။


စုမုန့်မျက်လုံးပွင့်လာသည်ကို မြင်လျှင် ဝေ့ရွှယ်က ၀မ်းသာအားရ အမူအယာဖြင့် အံံ့သြစွာပြောသည်။


" ယောက်မ နင်သတိရလာပြီ...မဟုတ်ဘူး ငါတောင်းပန်ပါတယ် ငါမေ့သွားတယ်...နင်နဲ့ ငါ့အစ်ကိုက မကြာခင် တရား၀င်ကွာရှင်းတော့မှာပဲ...အခုနင့်ကို အစ်မစုမုန့်လို့ ခေါ်တာပိုကောင်းပါတယ်..."


စုမုန့်က ဘာအမူအယာမှမပါပဲ သူမကိုတိတ်တိတ်လေး ကြည့်နေသည်။


" အစ်မစုမုန့်  နင်နိုးလာပြီဆိုတော့ ငါဒေါက်တာကို ခေါ်ပေးရမလား...ပြီးတော့ နင်က အခု ပြင်းပြင်းထန်ထန်ထိခိုက်ထားတယ်...နင်မသန်မစွမ်းဖြစ်သွားရင် မကောင်းဘူးနော်..."


ဝေ့ရွှယ်က ဟန်ဆောင်ပန်ဆောင်အမူအယာနှင့် စကားအများကြီးပြောနေသည်။သို့သော် သူမပြောရုံသာပြောနေသည်...။လက်တွေ့မှာတော့ သူမမှာ စုမုန့်အကူအညီဖြစ်စေရန် ဒေါက်တာခေါ်ပေးဖို့ရည်ရွယ်ချက် လုံး၀မရှိပေ။


" ငါတောင်းပန်ပါတယ် အစ်မစုမုန့်...အစ်ကို ဝေ့ထင်က ငါဗိုက်ဆာတယ်ဆိုလို့ စားစရာသွား၀ယ်နေတာပါ...အဲ့ဒါကြောင့် သူဒီနေရာမှာ မရှိတာပါ...သူ့ကို အထင်မလွဲပါနဲ့..." 


ဝေ့ရွှယ်က မတ်တပ်ရပ်လိုက်ပြီး သူမမျက်နှာပေါ်မှာ အပြုံးတစ်ခုနှင့် စုမုန့်ကို စောင်သေချာခြုံပေးရန် ကူညီသည်။


သူမ စုမုန့်ကို စောင်ခြုံပေးနေစဥ်တွင် စုမုန့်၏ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ်မျှ မတော်တဆ တိုက်မိဟန်ဆောင်သည်။စုမုန့်က ဘာမှမတုံ့ပြန်သောကြောင့် သူမ တိတ်တဆိတ်ပျော်နေသည်။ စုမုန့်က ထုံကျင်နေသည့် အခြေအနေဟုထင်သည်။သူမ၏ဒဏ်ရာပေါ်ကို ထိတွေ့တာတောင်မှ ဘာတုံ့ပြန်မှုမှ မရှိပေ။


" အစ်မစုမုန့် မင်းစကားပြောလို့ အဆင်မပြေဘူးလား..." 


စုမုန့်စကားမပြောသေးသည်ကိုကြည့်ပြီး သူမကရယ်မောပြီး ကိုယ်ချင်းစာချင်ယောင်ဆောင်သည်။


" အဲ့ဒါမဖြစ်နိုင်ဘူး အစ်မစုမုန့်...ဒီကားမတော်တဆမှုကြောင့် ဆွံ့အသွားတာလား..."


စုမုန့်က အကောင်းပကတိအတိုင်းရှိနေဆဲဖြစ်သော်လည်း ဆွံ့အပြီးစကားမပြောနိုင်တာက ပိုကောင်းပုံပေါ်သည်။စဥ်းစားကြည့်လျှင် ဝေ့ရွှယ်က ပို၍ပင်ပျော်နေလိမ့်မည်။


" အစ်မစုမုန့် စိတ်မပူပါနဲ့..."


ဝေ့ရွှယ်က စုမုန့်ကို စကားဆက်ပြောချင်သော်လည်း သူမမပြီးခင်မှာ တံခါးက ရုတ်တရက်ပွင့်လာသည်။စုမုန့်နဲ့ ဝေ့ရွှယ်က တံခါးဆီကို လှမ်းကြည့်သည်။ကောရှန်းနဲ့ ဝေ့ထင် အတူတူလမ်းလျှောက်၀င်လာသည်ကို မြင်လိုက်ရသည်။


ဝေ့ရွှယ်က စုမုန့်ဘေးကနေထိုင်နေသည်ကိုမြင်လျှင် ဝေ့ထင်က မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။


" မင်းဘာလို့ ဒီမှာရှိနေတာလဲ..."



xxxxxx