Chapter 108
(စုမုန့် စကားပြောသည်...)
" အစ်ကိုထင် ညီမက အစ်မစုမုန့်ကိုစိတ်ပူလို့ပါ...သူမကားမတော်တဆ ဖြစ်တယ်လို့ကြားလို့ သူမကိုစောင့်ရှောက်ဖို့လာခဲ့တာပါ...ညီမက သူမအတွက်လိုအပ်တဲ့အရာတွေကို ယူလာခဲ့တယ်...ကံကောင်းစွာပဲ အစ်မစုမုန့်ရဲ့ဒဏ်ရာတွေက အရမ်းမဆိုးပါဘူး...ကောင်းကောင်းအနားယူပြီးရင် သူမသက်သာသွားမှာပါ..."
ဝေ့ရွှယ်က စုမုန့်အပေါ် မကောင်းတဲ့စိတ်ဓာတ်တွေကို ပြောင်းလဲလိုက်ပြီး ဝေ့ထင်ကို ပြောခဲ့သလို စိတ်ပူချင်ယောင်ဆောင်နေသည်။
" ဒါပေမယ့်...."
ဝေ့ရွှယ်က သူမရဲ့မျက်ရည်တွေကို သုတ်ချင်ယောင်ဆောင်သည်။သူမက ငိုရှိုက်ပြီးပြောသည်။
" အစ်မစုမုန့်ရဲ့မျက်နှာက ဒဏ်ရာတွေကို ညီမမြင်ခဲ့တယ်...အနာဂတ်မှာ သူမရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာကို ညီမကြောက်တယ်...အဲ့ဒါက တကယ်သနားစရာပဲ...အစ်မစုမုန့်က တကယ် အရမ်းလှတာပါ...သူမရဲ့မျက်နှာသာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
စုမုန့်က အိပ်ရာပေါ်မှာ လှဲပြီး ဝေ့ရွှယ်ရဲ့စကားတွေကို နားထောင်နေသည်။သူမ အန်တောင်အန်ချင်လာသည်ထိုမိန်းမက အမှန်တကယ် သူတော်ကောင်းယောင်ဆောင်နေသည်။သူမဟန်ဆောင်ကောင်လွန်းသည်။သူမမရှက်ဘူးလား...အရှက်မရှိသောလူများသည် ကမ္ဘာပေါ်တွင် မကျရှုံးတတ်ကြပေ...
ဝေ့ထင်က စုမုန့်၏အိပ်ရာဘေးရှိ စားပွဲပေါ်က အာဟာရမုန့်ထုတ်များကို ကြည့်နေသည်။
" မစ္စတာဝေ့ ငါ စုမုန့်ကို ဂရုစိုက်လိုက်ပါ့မယ်...မင်းသူမကို စိုးရိမ်စရာမလိုပါဘူး...သူမရဲ့ခန္ဓာကိုယ်ပြန်ကောင်းလာရင် မင်းကိုကျေးဇူးတင်စကားပြောခိုင်းလိုက်ပါ့မယ်...မင်းမြန်မြန်သွားပြီး ကိုယ့်အလုပ်ကိုလုပ်သင့်ပြီ..."
ကောရှန်းက ဝေ့ထင်လက်ထဲက ပစ္စည်းတွေကို ယူလိုက်သည်။ဧည့်သည်ကို မောင်းထုတ်ချင်နေသည်မှာ သိသာလွန်းနေသည်။
စုမုန့်က ဝေ့ထင်ကို အမြဲတမ်းမုန်းနေသည်ဆိုတာ သူသိသည်။ယခုအချိန်တွင် သူမ အေးအေးဆေးဆေးကုသမှုခံရန် လိုအပ်သည်။ထိုလူနှစ်ယောက်ကို သူမရှေ့မှာ နေ့တိုင်းလမ်းလျှောက်ခွင့်ပေးမယ်ဆိုလျှင် သူမဘယ်အချိန်မှပြန်ကောင်းလာမလဲဆိုတာ ဘယ်သူသိမလဲ...
ဝေ့ထင်က ကောရှန်းစကားရဲ့ နောက်ကွယ်က အဓိပ္ပါယ်ကို နားလည်သည်။စုမုန့်တွင် ပြသနာကြီးကြီးမားမားမရှိသည့်အတွက် သူခေါင်းညိတ်ပြီး ပြောသည်။
" အကယ်၍တစ်ခုခုဖြစ်ရင် အချိန်မရွေးဆက်သွယ်လိုက်ပါ...ကျွန်တော်မနက်ဖြန် သူမကိုလာတွေ့ပါမယ်..."
" အစ်ကို...ညီမအစ်ကိုနဲ့အတူ ပြန်လိုက်မယ်..."
ဝေ့ထင်ပြန်လှည့်သွားပြီး ဝေ့ရွှယ်ကို မခေါ်ပဲထွက်သွားသည်ကို မြင်၍ ပြောလိုက်သည်။သူမ သူ့ကိုမြန်မြန်လှမ်းခေါ်ပြီး နောက်ကပြေးလိုက်သွားသည်။
စုမုန့်က သူတို့စကားပြောသည်ကို နားထောင်နေသည်။ဝေ့ထင်နဲ့ ဝေ့ရွှယ် ထွက်သွားသည်ကို ကြားသောအခါ သူမရဲ့လည်ချောင်းကိုရှင်းလိုက်ပြီး စကားပြောရန် ကြိုးစားလိုက်သည်။ပူသောခံစားချက်က ပို၍နေကောင်းလိမ့်မည်ဟု သူမမထင်ခဲ့ပေ။အခု သူမ အသံထွက်နိုင်လာေပပြီ။
" ဆရာ..."
စုမုန့်က ကွဲအက်နေသောအသံဖြင့် လှမ်းအော်သည်။လူနာဆောင်က အလွန်တိတ်ဆိတ်နေသောကြောင့် စုမုန့်၏အသံက တိုးလွန်းသော်လည်း ဝေ့ထင်နှင့်အခြားလူများပါ သူ့အသံကိုကြားရသည်။ဝေ့ထင်က လူနာဆောင်ထဲမှ ခြေတစ်လှမ်းလှမ်းပြီးနေသည်။စုမုန့်အသံကိုကြားပြီးနောက် သူ့ခြေလှမ်းများကို ပြန်နောက်ဆုတ်ပြီး စုမုန့်ကို လှည့်ကြည့်သည်။
စုမုန့်ခေါ်တာကို ကောရှန်းကြားသောအခါ သူက ဆေးရုံကုတင်ဆီသို့ အလျင်အမြန် ပြေးလွှားသွားသည်။စုမုန့်စကားပြောနိုင်သည်ကို မြင်သောအခါ သူ့မျက်လုံးထဲတွင် မျက်ရည်များနှင့် ပြုံးပြီးပြောသည်။
" ဘာဖြစ်လို့လဲ ...မိန်းကလေး...ဆရာဒီမှာရှိတယ်..."
စုမုန့်က အပြေးအလွှားလာနေသည့် ကောရှန်းကိုကြည့်နေသည်။သူမ ဘယ်လောက်ကြာကြာသတိမေ့နေသည်ဆိုတာ သူမမသိပေ။ကောရှန်း၏ပုံပန်းသွင်ပြင်အရ သူရက်တော်တော်များများအနားမယူရသေးသည့်ပုံပေါ်သည်။သူက မူလက ကျန်းမာကြံ့ခိုင်သော်လည်း ယခုတွင်မူ မျက်တွင်းများချောင်ကျနေသည်။သူက အရင်ရက်အနည်းငယ်ကထက် ၁၀နှစ်စာလောက်အသက်ကြီးသွားသည့်ပုံဖြစ်နေသည်။သူ့ရဲ့ဆံပင်တွေကလည်း ဖြူနေသည်။သူမ ဆရာ့ကို အတော်စိတ်ပူအောင်လုပ်မိသွားပုံပေါ်သည်။
စုမုန့်၏နှလုံးသားက ကျေးဇူးတင်စိတ်များနှင့် ပြည့်နှက်နေသည်။သူမအမှားတွေလုပ်ပြီး ဘယ်လိုပဲဆရာ့အပေါ်ဆက်ဆံနေပါစေ သူမရဲ့ဆရာက သူမကိုအမြဲတမ်းခွင့်လွှတ်ပြီး ချစ်သည်။စုမုန့်က မျက်လုံးတွေကိုမှိတ်လိုက်ပြီး သူမရဲ့မျက်ရည်တွေကို ထိန်းရန် အတတ်နိုင်ဆုံးကြိုးစားနေသည်။ကောရှန်း သူမကိုပိုပြီးစိတ်ပူရအောင် မလုပ်ချင်ပေ။
ကောရှန်းက စုမုန့်၏မျက်လုံးများရုတ်တရက်မှိတ်သွားပြီး လှုပ်ရှားမှုမရှိတော့သည်ကို မြင်လိုက်သည်။သူမထပ်ပြီး သတိလစ်သွားသည်ဟု ထင်ပြီး သူမကို စိုးရိမ်တကြီးခေါ်သည်။
" မိန်းကလေး မင်းအခု ဘယ်လိုခံစားနေရလဲ...မင်းနေလို့မကောင်းဘူးလား...မင်းအဆင်ပြေတယ်ဆိုရင် မျက်လုံးကိုဖွင့်ပြပါ...မင်းမျက်လုံးမဖွင့်ဘူးဆိုရင် ဆရာချက်ချင်း ဒေါက်တာကို ခေါ်လိုက်မယ်..."
စုမုန့်က အသက်ပြင်းပြင်းတစ်ချက်ရှုပြီး သူမ၏မျက်လုံးများကို ဖြေးဖြေးချင်းဖွင့်သည်။စုမုန့်၏မျက်လုံးများပွင့်လာသည်ကို မြင်မှ ကောရှန်းက သက်ပြင်းချနိုင်တော့သည်။သူမ အဆင်ပြေရင် ကောင်းမည်။
" စိတ်မပူပါနဲ့ ဆရာ...ကျွန်မနေကောင်းပါတယ်..."
စုမုန့်၏အသံက ကွဲအက်နေသော်လည်း ကောရှန်းကို စိတ်သက်သာစေချင်သောကြောင့် အသံတိုးတိုးလေးနှင့်ပြောသည်။
" ကောင်းတယ်...မင်းနေကောင်းရင် အဆင်ပြေပြီ...မင်းအခု စကားပြောနိုင်နေပြီ...တစ်ခုခုဖြစ်ရင် ဆရာ့ကိုပြောပါ...ဆရာ ဒီနားမှာအမြဲတမ်းရှိနေတယ်..."
ကောရှန်း၏မျက်လုံးများက နီရဲနေသည်။အဲ့ဒီ့နေက စုမုန့်ကားတိုက်မှုဖြစ်သည်ဆိုသော သတင်းကိုသူကြားသောအခါ အလွန်ထိတ်လန့်သွားခဲ့သည်။
သူနှင့် သူ့ဇနီးက စုမုန့်ကို နှစ်ပေါင်းများစွာ မြေတောင်မြှောက်ပေးခဲ့သည်။သူမက သူ့ရဲ့ကလေးအရင်းမဟုတ်သော်လည်း သူတို့သည် အရင်းအချာဆက်ဆံရေးထက် ပိုရင်းနှီးသည်။
သူ့ဇနီး ဆုံးပါးသွားကတည်းက စုမုန့်က ကမ္ဘာပေါ်မှာ သူ့ရဲ့တစ်ဦးတည်းသော မိသားစု၀င်ဖြစ်လာခဲ့သည်။သူမက သူ့နှလုံးသားထဲတွင် အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်သည်။ဖြစ်နိုင်လျှင် စုမုန့်ခံစားနေရသည့်ဝေဒနာကို သူခံစားပေးချင်သည်။စုမုန့်အတွက် သေပေးရန်ပင် ဆန္ဒရှိသည်။
စုမုန့်သည် သူ့သမီးဖြစ်သည်။ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့နှလုံးသားထဲတွင် စုမုန့်က အမြဲတမ်းပထမဖြစ်သည်။သူ့ဇနီးသာရှိနေသေးလျှင် သူ့လိုပဲစဥ်းစားလိမ့်မည်။သူ့ဇနီးမဆုံးပါးခင် စုမုန့်အကြောင်းကို ပြောနေသေးသည်။ထိုကလေးအတွက် သူမ အလွန်စိတ်ပူနေပြီး သူမကိုသေချာဂရုစိုက်ရန် ကောရှန်းကို အမြဲအလေးထားပြောခဲ့သည်။
ကောရှန်းက သူမကို ကောင်းကောင်းဂရုစိုက်မည်ဟုထပ်ခါထပ်ခါ ကတိပေးပြီး နောက်ဆုံးတွင် သူ့ဇနီး မျက်လုံးများမှိတ်သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် စုမုန့်က ဒဏ်ရာများစွာဖြင့် ဆေးရုံအိပ်ရာပေါ်တွင် လှဲနေရသည်...။သူ့ဇနီးသာမြင်လျှင် သူမနှလုံးသားက သေမတတ်နာကျင်နေမှာ သေချာသည်။
" ဆရာ...စိတ်မပူပါနဲ့...ကျွန်မနေကောင်းပါတယ်...ဝေ့ထင်ဘယ်မှာလဲ...သူ့ကို လာဖို့ပြောပေးပါ..."
စုမုန့်က တိုးတိုးလေးပြောလိုက်သည်။
(ဝေ့ရွှယ်နှုတ်ဆိတ်သွားသည်...)
" သူလား..."
စုမုန့်က ဝေ့ထင်ကို ရှာဖွေနေသည်ကို ကောရှန်းကြားပြီး သူ့မျက်နှာက အနည်းငယ်မည်းမှောင်သွားသည်။
စုမုန့်က သူမ၏ဘ၀ကို စွန့်စားပြီး ဝေ့ထင်နှင့် သူမ၏ဆက်ဆံရေးကို ဖြတ်တောက်ရန်ပြုလုပ်ခဲ့သည်။မကြာသေးမီက အခက်အခဲများကြုံတွေ့ပြီးနောက် ဝေ့ထင်နားမှ ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။ယခုတွင် သူမသည် သူ့ကိုရှာဖွေရန်အမှန်တကယ် ကြိုးစားနေသည်။
သို့သော် သူ့စိတ်ထဲတွင် မကျေနပ်သော်လည်း ကောရှန်းသည် စုမုန့်၏စကားများကို နားထောင်နေဆဲဖြစ်ပြီး တံခါးနားတွင်ရပ်၍ ဒီဘက်သို့လှည့်ကြည့်နေသော ဝေ့ထင်ကိုလှမ်းခေါ်လိုက်သည်။
စုမုန့်က သူ့ကိုရှာနေသည်ကို ဝေ့ထင်ကြားလိုက်သောအခါ မြန်မြန်လမ်းလျှောက်လာသည်။ထိုသို့မြင်သောအခါ ဝေ့ရွှယ်၏မျက်နှာအမူအယာသည် ပြောင်းလဲသွားပြီး ဝေ့ထင်နောက်သို့ လိုက်သွားသည်။
စုမုန့်က သူမ၏ခေါင်းကို ညင်သာစွာလှည့်ပြီး ဝေ့ထင်လမ်းလျှောက်လာသည်ကို မြင်သော် သူ့ကိုမေးလိုက်သည်။
" ရှင် ဝေ့ရွှယ်အတွက် ပစ္စည်းတွေ မ၀ယ်ခဲ့ဘူးလား..."
ဝေ့ထင်က နားမလည်စွာ မေးသည်။
" ဘာ၀ယ်ရမှာလဲ..."
" စားစရာ၀ယ်တာလေ...ရှင်က သူမဗိုက်ဆာနေမှာဆိုးလို့ သူမအတွက် စားစရာသွား၀ယ်တယ်လို့ ဝေ့ရွှယ်ကပြောတယ်...သနားစရာပဲ...ရှင်ခုနက ဒီမှာရှိမနေတော့ ဝေ့ရွှယ်ဘယ်လိုပျော်နေတယ်ဆိုတာ ရှင်မမြင်လိုက်ရဘူး...ကျွန်မဒဏ်ရာရနေတာတောင် ရှင်က သူမကိုဂရုစိုက်နေတုန်းပဲလို့ ပြောတယ်...ပြီးတော့ ကျွန်မက အပြင်လူတစ်ယောက်ပဲတဲ့..."
စုမုန့်၏အသံက အက်ကွဲနေသည်။စကားလုံးတိုင်းက သူမ၏လည်ချောင်းကို နာကျင်စေသည်။ထို့ကြောင့် သူမစကားပြောနေသည့်အချိန်တွင် သူမမျက်နှာက အနည်းငယ်နာကျင်နေသည်။
သို့သော် ထိုနာကျင်မှုက သူမကို ဝေ့ရွှယ်၏စကားလုံးများကြောင့် နာကျင်နေသလို ပိုသနားစရာကောင်းအောင် ပြုလုပ်နေသည်မှာ အသေအချာဖြစ်သည်။
ဝေ့ထင်က ဝေ့ရွှယ်ကို လှည့်ကြည့်သည်။သူ့မျက်နှာက တည်ငြိမ်နေပြီး ယခုအချိန်တွင် သူဘာတွေးနေသည်ကို ပြောရန် မဖြစ်နိုင်ပေ။
ဝေ့ရွှယ်က ရှက်ကိုးရှက်ကန်းပြုံးပြီး ရှင်းပြသည်။
" အဲ့ဒါက....အစ်မစုမုန့်ကို ငါကစနေတာပါ...အစ်မစုမုန့် နင်ကအပြင်လူလို့ ဆိုလိုချင်တာမဟုတ်ပါဘူး...ငါက နင့်ကိုစိတ်ပူရုံပါပဲ...နင် အထင်လွဲနေတာပါ..."
" အော် တကယ်လား...ကောင်းပြီ...ငါကတော့ အဲ့ဒါမှန်တယ်လို့ထင်နေတာ...ငါက နင့်ရဲ့ ယောက်မ ပြီးတော့ နင်က ဝေ့ထင်ရဲ့ ညီမအရင်း...ညီမတစ်ယောက်က သူ့ရဲ့ယောက်မကို ဘယ်လိုတောင်မနှစ်သက်ရတာလဲ...နင်ရော အဲ့ဒီလိုမထင်ဘူးလား..."
စုမုန့်က ရိုးရိုးသားသားပြောသည်။သူမက " ညီမအရင်း " ဆိုသောစကားကို တမင်တကာအလေးထားပြောလိုက်သည်။
ဝေ့ထင်၏ညီမလို့ ခေါ်ခြင်းကို ဝေ့ရွှယ်စိတ်အပေါက်ဆုံးဖြစ်သည်ကို သူမသိသည်။ထို့အပြင် သူမက ဝေ့ထင်၏ဇနီးနေရာကို မျက်စိကျနေတာ ကြာပေပြီ။
သူမက မူလကတည်းက ဝေ့ထင်နှင့် သွေးသားမစပ်နွယ်ပေ။အနာဂတ်မှာ အမြင့်ကို တက်လှမ်းနိုင်ရန် အခွင့်အရေးရှိသောကြောင့်သာ ဖြစ်သည်။ဝေ့ရွှယ်က သူ့ကို ' အစ်ကို ' ဟု တိုက်ရိုက်ခေါ်တာ ရှားသည်။ထိုအစား အစ်ကိုဝေ့ထင် ဟုသာခေါ်သည်။လူအများရှေ့တွင် သူတို့ဆက်ဆံရေးက မရင်းနှီးသလို ဖြစ်နေ၍ လူတွေက သူတို့ကို မောင်နှမအရင်းတွေဟု မထင်ကြပေ။
သူမစိတ်ထဲတွင် ဘာရှိနေသည်ဆိုသည်ကို သူမသိပြီး ဝေ့ထင်ရှေ့တွင် ဒီကိစ္စကို တမင်သက်သက်ထုတ်ပြောလိုက်သည်။သို့သော် ဝေ့ရွှယ်အတွက် ဝေ့ထင်ရှေ့တွင် ရင်ဆိုင်ရန် မကောင်းပေ။သူမ အံကိုသာကြိတ်ထားနိုင်ပြီး ရိုသေကျိုးနွံသော အပြုံးတစ်ခုကို ထုတ်ပြန် သူမကိုယ်သူမ တွန်းအားပေးနေသည်။
သို့သော်လည်း ဝေ့ထင်သည် သူတို့နှစ်ယောက်ကြားက ယှဥ်ပြိုင်မှုကို မသိပေ။သူမနှင့်သူက မိသားစုတွေလို့ စုမုန့်ပြောတာကို သူကြားလိုက်သည်။သူ၏တည်ငြိမ်နေသော မျက်နှာပေါ်တွင် စူးစမ်းချင်စိတ်များ ပေါ်လာသည်။ထိုပုံက မသိသာပဲစိတ်ကောင်း၀င်နေပုံပေါ်သည်။
" မင်းအခု အေးအေးဆေးဆေးအနားယူဖို့လိုတယ်...ကျန်တာတွေကို ထားလိုက်ပါ...ငါဒီကိစ္စကို စုံစမ်းစစ်ဆေးလိုက်ပါမယ်..."
ဝေ့ထင်ဆက်ပြောချင်သော်လည်း ရုတ်တရက်ဖုန်း၀င်လာသည်။ထိုအရာကို ဖြတ်ခနဲကြည့်ပြီး စုမုန့်ကို တစ်ခုခုပြောသည်။ပြီးနောက် လူနာဆောင်ကနေ လှည့်ထွက်သွားသည်။ဖုန်းကိုမဖြေခင်မှာ လူမရှိတဲ့ ထောင့်တစ်ခုဆီသို့ လမ်းလျှောက်သွားသည်။
ဝေ့ထင်ထွက်သွားပြီးနောက် ဝေ့ရွှယ်မျက်နှာပေါ်ကအပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။
သူမက စုမုန့်ကို အေးစက်စက်ကြည့်ပြီး ထူးဆန်းသောအသံဖြင့်ပြောသည်။
" အစ်မစုမုန့် နင်ကောင်းကောင်းနလန်ပြန်ထူရမယ်...နင့်ရဲ့ပုံရိပ်ကို အထိခိုက်မခံပါနဲ့...ပြီးတော့ နင်ပြန်မကောင်းလာတော့ပဲ နောက်တစ်ခါ မသန်မစွမ်းဖြစ်သွားရင် ဒုက္ခရောက်လိမ့်မယ်..."
ဘေးမှာရှိနေသောကောရှန်းသည် ဝေ့ရွှယ်က စုမုန့်ကိုထိုသို့ပြောသည်ကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။သူမကို မောင်းထုတ်ရန် သူ့ပါးစပ်က ပြောချင်နေသည်။သို့သော် စုမုန့်၏မျက်လုံးများကြောင့် ရပ်တန့်လိုက်သည်။
" ငါမသန်မစွမ်းဖြစ်သွားလည်း ကိစ္စမရှိပါဘူး...ဘာပဲဖြစ်ဖြစ် နင့်အစ်ကိုဆီမှာ ငါ့အတွက် နက်ရှိုင်းတဲ့ အချစ်တွေရှိတာပဲ...သူက ငါ့ကို စွန့် ခွါသွားမှာမဟုတ်ဘူး...သူငါ့ဘေးမှာ ရှိနေရင် ငါ့အတွက်စားစရာသောက်စရာရှိနေမှာပဲ...ဘာကိုများ ကြောက်စရာလိုလို့လဲ..."
စုမုန့်က အပြုံးတစ်ပွင့်နှင့် ပြောသည်။ဝေ့ရွှယ်က တစ်ခုခုပြောချင်နေသည်။သူမပါးစပ်ကို ဟလိုက်သည်။သို့သော်ဘာမှမပြောခဲ့ပေ။အဆုံးမှာ သူမမပြောရန် ဆုံးဖြတ်ခဲ့သည်။
" ကောင်းပြီ...ငါနင့်ကို အိမ်မှာ စောင့်နေမယ်...ပြောချင်တာကတော့ နင်ပြန်လာနိုင်တယ်...နင်ဒီလိုဖြစ်သွားမှန်း မေမေသိရင် သူမဘယ်လိုတွေးမလဲမသိဘူး...ငါပြန်လိုက်အုံးမယ် ပြီးတော့ နင့်ရဲ့ခံစားချက်တွေကို ဂရုစိုက်ဖို့ သူမကို ဖျောင်းဖျပေးမယ်...အစ်မစုမုန့် စိတ်မပူပါနဲ့...ငါဒီမှာရှိပါတယ်...အမေဘာမှမပြောစေရဘူးဆိုတာ ငါကတိပေးပါတယ်..."
သူတို့နှစ်ယောက် ခဏတာ စကားပြောပြီးနောက် ဝေ့ထင် ဖုန်းပြောပြီးသွား၍ အပြင်ကနေ၀င်လာသည်။
" ငါဂရုစိုက်စရာတွေ ရှိတယ်....အခုတော့ ငါ့ကိုသွားခွင့်ပြုပါအုံး...မင်း တစ်ခုခုဖြစ်ရင် ဘယ်အချိန်ဖြစ်ဖြစ်ငါ့ကို ခေါ်လိုက်ပါ..."
ဝေ့ထင်က သူ့ဖုန်းကို မြှောက်ပြသည်။
စုမုန့်က ပြုံးပြီးပြောသည်။
" ရှင် ဒုက္ခတွေကို မကြောက်သ၍ အဆင်ပြေပါတယ်..."
ဝေ့ရွှယ်သည် ဘေးကကြည့်၍ အံကြိတ်နေသည်။စုမုန့်က ထိုသို့ပြောပြီး ဝေ့ထင်ကို စိတ်အနှောင့်အယှက် ပေးနေအုံးမည်ဟု သူမမထင်ခဲ့ပေ။ထိုအချိန်တုန်းက သူက သူမကိုဘာကြောင့် တိုက်ရိုက်မသတ်ခဲ့တာလဲ...ထို့အပြင် သူမစကားမပြောနိုင်ဘူးလို့ ဒေါက်တာက မပြောခဲ့ဘူးလား...ယခုတွင် သူမက ထိုသို့ သက်ရောက်မှုရှိပုံမပေါ်ေပ။သူမ၏အသံက အက်ကွဲနေသော်လည်း စကားပြောခြင်းကို မထိခိုက်ပေ။
xxxxxx