Chapter 109
(အဝေးသို့ မောင်းထုတ်သည်.)
" အစ်မစုမုန့် နင်နဲ့ရှိနေတဲ့လူက နင့်အပေါ်အရမ်းကောင်းတာပဲ...နင်ဒုက္ခရောက်နေတုန်းက သူလက်နဲ့ နင့်ကိုကာကွယ်ခဲ့တယ်လို့ ငါကြားတယ်...ဒါကြောင့် နင့်ရဲ့ဒဏ်ရာတွေက အရမ်းမပြင်းထန်တာ...ဒါပေမယ့် သူ့အကြောင်းပြောဖို့ နည်းနည်းတော့ခက်တယ်...သူက အထူးကြပ်မတ်ကုသဆောင်မှာ ရှိနေတုန်းပဲ..."
ဝေ့ရွှယ်က သူမမလာခင်အခြေအနေအကြောင်းကို မေးမြန်းထားသည်။စုမုန့်က ထိုလူနှင့်အလွန်ရင်းနှီးသည်ကို သူမသိသည်။သူတို့နှစ်ယောက်လုံး ရှေးဟောင်းဆိုင်တွင်နေသည်။ဝေ့ထင်စိတ်ထဲ မထားဖို့ဆိုတာ မဖြစ်နိုင်ပေ။သို့သော် ဝေ့ထင်၏စရိုက်လက္ခဏာအရ ထိုကိစ္စကို ဖွင့်ဟမပြောမှာ သေချာသည်။ထို့ကြောင့် သူမလာ၍ ကူညီခြင်းဖြစ်သည်။
အစက သူမထိုကိစ္စကို ပြောရန် မရည်ရွယ်ခဲ့ပေ။စုမုန့်နှင့် ထိုလူအကြောင်းကို အမေဝေ့ကိုသာတိတ်တဆိတ်ပြောချင်သည်။မည်သို့ပင်ဆိုစေကာမူ အဖေဝေ့နှင် အမေဝေ့သည် ဝေ့ထင်အတွက် ကွာရှင်းပြတ်စဲရန်နည်းလမ်းများကို ကိုင်တွယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။သူမက မီးထဲကို လောင်စာအနည်းငယ်ပဲ ထပ်ထည့်လျှင်ပင် အမေဝေ့သည် စုမုန့်ကို လုံး၀စိတ်ခုသွားလိမ့်မည်။ပြီးနောက် ကွာရှင်းပြတ်စဲခြင်းကို ပြောင်းလဲလိမ့်မည် မဟုတ်တော့ပေ။
ထိုအချိန်တွင် စုမုန့်သည် ဝေ့ထင်ကို ကွာရှင်းရန် အဆင်သင့်စွာ သဘောတူခဲ့သည်။ယခုတွင် စုမုန့်အမှန်တကယ် မကွာရှင်းချင်တော့လိမ့်မည်ဟု သူမမမျှော်လင့်ခဲ့ပေ။ပြီးေနာက် ဝေ့ထင်နှင့်ပင်ပိုရင်းနှီနေသည်။ကွာရှင်းမှုတွင် မမျှော်လင့်ထားသောပြောင်းလဲမှုများကို ကာကွယ်ရန် သူမတစ်ခုခုလုပ်ရေပတော့မည်။
" မစ္စဝေ့ ကျေးဇူးပြုပြီး မင်းဘာတေပြောနေလဲဆိုတာ ဂရုစိုက်ပေးပါ...ကောင်းပြီ မစ္စတာဝေ့ မိန်းကလေးမုန့် အနားယူဖို့လိုတယ်...မင်းတို့ အရင် သွားသင့်ပြီ..."
ဝေ့ရွှယ်သည် ရှန့်ကျန်းကိစ္စကို အသုံးချပြီး စုမုန့်ကို ရန်စတော့မည်ကို ကောရှန်းသိသည်။သူ ယဥ်ကျေးနေရန် မကြိုးစားတော့ပဲ သူတို့ကို အဝေးသို့ တိုက်ရိုက်မောင်းထုတ်လိုက်သည်။
ဝေ့ထင်က ဝေ့ရွှယ်ကို ကြည့်၍ မျက်မှောင်ကြုတ်ပြီးအေးစက်စွာပြောသည်။
" မင်းစကားအများကြီးပြောနေတာပဲ...ချက်ချင်း အိမ်ပြန်တော့..."
ဝေ့ရွှယ်က ခေါင်းကိုမြန်မြန်ငုံ့လိုက်ပြီတောင်းပန်လိုက်သည်။
" ငါတောင်းပန်ပါတယ်...မှားတဲ့အရာတွေပြောမိတဲ့အတွက် အားလုံးကငါ့အမှားပါ...အစ်မစုမုန့်ကို အရမ်းစိတ်ပူလို့ ငါအဲ့ဒီလိုပြောတာပါ...ငါအတွေးလွန်သွားတယ်...အစ်မစုမုန့် စိတ်မဆိုးပါနဲ့...နင်ငါ့ကို ဆူနိုင်ပါတယ်...ကိုယ့်ကိုကိုယ် ဒေါသမထွက်ပါနဲ့..."
စုမုန့်က ပြုံးပြီးပြောလိုက်သည်။
" ရပါတယ်...နင်က အမြဲတမ်းဒီလိုပဲကို...အချိန်တိုင်းငါခွင့်မလွှတ်ပဲ နေခဲ့လို့လား...ထပ်ပြီး ခွင့်လွှတ်ရမှာပေါ့..."
ဝေ့ရွှယ် : " ... "
စုမုန့်က သူမရဲ့ရိုင်းစိုင်းမှုကို ပြောပြသည်။တချိန်တည်းမှာပဲ စုမုန့်ဘယ်လောက် စိတ်သဘောထားကြီးသည်ကို ပြသလိုက်သည်။အမှန်က သူမဘယ်လိုပြန်ချေပ ရမလဲဆိုတာ မသိသောကြောင့် ဖြစ်သည်။
ကောရှန်းသည် ဝေ့ရွှယ်ကို ပထမဆုံးအကြိမ်တွေ့ကတည်းက မနှစ်သက်ခဲ့ပေ။ဝေ့ရွှယ်က အလွန်စိတ်ဓာတ်မကောင်းသည်ဟု သူခံစားရသည်။သူမနှင့် အချိန်အတော်ကြာနေပြီးလျှင် ကံဆိုးမှုများဖြစ်လာသည်ဟု သူထင်သည်။ထိုခံစားချက်သည် ဖုန်းရွှေပညာရှင်တစ်ယောက်အနေနှင့် အလိုအေလျာက်ခံစားရသော တုံ့ပြန်မှုမျိုးဖြစ်သည်။ကိုယ်ရေးကိုယ်တာမလိုမုန်းတီးခြင်းများကြောင့် မဟုတ်ပေ။
ကံဆိုးမှုများ စုမုန့်ဆီရောက်လာမည်ကို သူကြောက်သည်။ထို့ကြောင့် သူမကို နောက်တစ်ကြိမ်မောင်းထုတ်တော့သည်။
" ကောင်းပြီ မိန်းကလေးမုန့်က နိုးနေတာတော်တော်ကြာပြီမလို့ ပင်ပန်းနေပြီ...သူမအနားယူဖို့လိုတယ်...မင်းတို့ မြန်မြန်သွားသင့်ပြီ..."
ဝေ့ထင်က ခေါင်းညိတ်ပြီး ကောရှန်းကို ရိုရိုသေသေနှုတ်ဆက်စကားပြောသည်။သူထွက်မသွားခင်မှာ စုမုန့်ကို နက်ရှိုက်သောအကြည့်တစ်ချက်ဖြင့် နောက်ဆုံးအနေနှင့် ကြည့်သွားခဲ့သည်။
…..
ဝေ့ရွှယ် လာရသည့်ရည်ရွယ်ချက်မှာ စုမုန့်ဆီကို လာခြင်းမဟုတ်ပေ။ဝေ့ထင်နောက်သို့ လိုက်လာခြင်းသာဖြစ်သည်။ယခု ဝေ့ထင်ထွက်သွားသောအခါ သူမချက်ချင်း လိုက်သွားသည်။လူနာဆောင်တံခါးဆီကို လမ်းလျှောက်သွားနေသည့်အချိန်တွင် သူမ၏ခြေလှမ်းကို ရပ်တန့်လိုက်သည်။သူမက စုမုန့်ကို အဓိပ္ပါယ်ပြည့်နက်နေသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။သို့သော် ဘာမှမပြောပေ။ထိုသို့ကြည့်ပြီးနောက် သူမချက်ချင်းထွက်သွားသည်။
ဝေ့ထင်နှင့် ဝေ့ရွှယ်ထွက်သွားပြီးနောက် လူနာဆောင်က တိတ်ဆိတ်သွားသည်။
" အဟွတ်...အဟွတ်..."
စုမုန့်က အချိန်အတော်ကြာ ချောင်းဆိုးနေသည်။ဝေ့ထင်တို့မောင်နှမထွက်သွားပြီးနောက် အဆုံးတွင် သူမချောင်းဆိုးတော့သည်။
ထိုအချိန်တွင် သူမ၏လည်ချောင်းသည် မီးကဲ့သို့ ပူလောင်နေသည်။သူမထပ်ပြီး ချောင်းဆိုးလျှင် သူမ၏လည်ချောင်းက အလွန်နာကျင်ပြီး မျက်ရည်ကျရလိမ့်မည်။
ကောရှန်းက စုမုန့်ချောင်းဆိုးမရပ်သည်ကို မြင်လျှင် ဒေါက်တာကို အမြန်ပြေးခေါ်သည်။ဒေါက်တာက စုမုန့်ကို ပါးစပ်ဟခိုင်းသည်။သူကဖန်ပုလင်းသေးသေးလေးကို ကိုင်ပြီး စုမုန့်၏လည်ချောင်းကို ၂ခါဖြန်းလိုက်သည်။
ထိုဆေးက မည်သည့်အမျိုးအစားလဲဆိုတာကို သူမမသိပေ။ထိုအရာက ရေခဲလိုအေးမြသည်။သူမ၏လည်ချောင်းကို ဖြန်းလိုက်သည့်နှင့် တပြိုင်နက် ပူနေသောအထိအတွေ့က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
" မစ္စစု မင်းရဲ့လည်ချောင်းက ဆေးကြောင့် ပျက်စီးနေတယ်...အဲ့ဒါကို အချိန်မှီရှာတွေ့ခဲ့လို့ မင်းစိတ်ပူစရာမလိုတော့ပါဘူး...မင်းစကားနည်းနည်းပဲပြောပြီး ချက်ချင်းဆေးသောက်မယ်ဆိုရင် မင်းရဲ့လည်ချောင်းက မြန်မြန်ပြန်ကောင်းသွားမှာပါ..."
ဒေါက်တာ ဆေးဖြန်းပြီးနောက် သူကပုလင်းကို အဝေးမှာထားလိုက်ပြီး စုမုန့်၏ခန္ဓာကိုယ်ကို စစ်ဆေးသည်။ပြသနာတစ်ခုမှမရှိသည်ဟု အတည်ပြုပြီးမှ သူထွက်သွားသည်။
ဝေ့ထင်ကြောင့် စုမုန့်သည် VIP လူနာဆောင်တွင် နေရသည်။သူမက တစ်ဉီးတည်းသော လူနာဖြစ်သည်။ထို့ကြောင့် ဒေါက်တာထွက်သွားပြီးနောက် ကောရှန်းနှင့် သူမ နှစ်ယောက်တည်းသာ အခန်းထဲတွင် ကျန်ခဲ့သည်။
စုမုန့်က ထူးဆန်းသော မျက်နှာအမူအယာနှင့်မေးသည်။
" ဆရာ ကျွန်မမေ့မြောနေတာ ဘယ်လောက်ကြာပြီလဲ..."
ကောရှန်းက ခဏတာစဥ်းစားပြီး ပြောသည်။
" မင်းရဲ့မတော်တဆမှုကို ငါသိတဲ့အချိန်ကနေ ပထမဆုံးနိုးလာတဲ့အချိန်အထိဆိုရင် မင်းမေ့မြောနေတာ သုံးရက်ရှိပြီ...ပထမအကြိမ်ကနေ အခုထိဆိုရင် မင်းမေ့မြောနေတာ တစ်ရက်ရှိပြီ..."
ထိုရက်အနည်းငယ်တွင် သူသည် စုမုန့်၏ဘေးတွင် ညတိုင်းနီးပါး ဂရုစိုက်စောင့်ရှောက်ခဲ့သည်။စုမုန့်ကို ဂရုစိုက်သည့်အပြင် ရှန့်ကျန်းအတွက်လည်း စိတ်ပူရသည်။ရှန့်ကျန်းသည် အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေသောကြောင့် သူသွားကြည့်၍မရပေ။
ရှန့်ကျန်းဘာလုပ်နေလဲဆိုတာ သူမသိပေ။စုမုန့်စိတ်ပူနေမည်ဆိုးသောကြောင့် သူစုမုန့်ကိုမပြောရဲပေ။ယနေ့ ဝေ့ရွှယ်က ထိုအကြောင်းကို ထုတ်ေပြာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ချေ။သူသည် စုမုန့်၏စရိုက်လက္ခဏာကိုသိသည်။သူမမျက်နှာပေါ်တွင် မည်သည့်တုံ့ပြန်ချက်မှ မရှိသော်လည်း သူမ၏စိတ်ထဲတွင် ထိုကိစ္စကို သေချာပေါက်တွေးနေလိမ့်မည်။
စုမုန့်က ဆက်ပြောသည်။
" ဒါဆို ရှန့်ကျန်းက ကျွန်မကိုကယ်ဖို့ ကြိုစားခဲ့လို့ ဒဏ်ရာအပြင်းအထန်ရခဲ့တာပေါ့...သူက သတိလစ်မေ့မြောနေပြီး စိုးရိမ်ရတဲ့အခြေအနေဖြစ်နေတုန်းလား..."
(ရှောင်ပိုင်က တစ်စုံတစ်ယောက်ကို ကိုက်လိုက်သည်...)
" မစိုးရိမ်ပါနဲ့...ရှန့်ကျန်းမှာ ကြယ်တစ်လုံးရဲ့ကံကြမ္မာရှိပါတယ်...သူက အခြားသူတွေကိုပဲသတ်ချင်သတ်လိမ့်မယ် သူ့ကိုယ်သူတော့ သတ်မှာမဟုတ်ဘူး...အဲ့ဒီ့ဘ၀က အခက်ခဲဆုံးဖြစ်ပြီး သူမနိုးခင် အချိန်တစ်ခုပဲ ဖြစ်တယ်...အဲ့ဒါက သူ့ဘ၀ကို အန္တရယ်ဖြစ်စေမှာမဟုတ်ဘူး..."
ကောရှန်းက စုမုန့်ကို နှစ်သိမ့်သည်။နှစ်သိမ့်နေသည်ဆိုသော်လည်း ထိုအရာက အမှန်တရားလည်းဖြစ်သည်။
ရှန့်ကျန်းက ရှေးဟောင်းဆိုင်ကို မလာခင် သူ့ရဲ့မိဘများ ၊ ဆွေမျိုးများနှင့် သူ့ဆရာကိုတောင်မှ သတ်ခဲ့သည်။
သူက တစ်ယောက်တည်းလှည့်လည်သွားလာနေသည်။ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသည် အသက်ရှင်ရန် လိမ်လည်ပြီးနေထိုင်နေရသည်။သူ့ဘ၀သည် သာမန်မဟုတ်ပေ။
ကောရှန်းပြောတာကို နားထောင်ပြီးနောက် စုမုန့် ဆက်မမေးတော့ပေ။စိုးရိမ်သောကရောက်နေလျှင်လည်း အသုံးမ၀င်ပေ။ယခုအချိန်တွင် အရေးအကြီးဆုံးအရာသည် ကား၏ပြသနာကို အဖြေရှာရမည်။
သို့သော် သူမမမေးခင် ကောရှန်းက ဦးစွာပြောသည်။
" အဲ့ဒါက တကယ်ထူးဆန်းတယ်...ဒီကားက လုံး၀အသစ်စက်စက်ကြီးပဲ...ဘရိတ်ထိန်းညှိမှုက ဘယ်လိုပျက်စီးသွားရတာလဲ...တော်တော်ကို ထူးဆန်းတယ်...လုံး၀ပုံမှန်မဟုတ်ဘူး..."
စုမုန့်က ကောရှန်းကိုကြည့်ပြီး ပြောသည်။
" ဆရာ ပြသနာတစ်ခုရှိနေတယ်ဆိုတာ ဆရာလည်းမြင်တယ်မလား..."
" ပထမတော့ ကားပျက်စီးသွားတယ်ဆိုတော့ ကျွန်မသိပ်မတွေးခဲ့ဘူး...ဒါပေမယ့် နောက်ပိုင်းကျ ကုန်းလျှောတစ်၀က်မှာ လမ်းကိုပိတ်ထားတဲ့ သံခြံစည်းရိုးတစ်ခုကို ပက်ပင်းတွေ့ခဲ့ရတယ်...အဲ့ဒီအချိန်မှာပဲ တစ်ခုခုတော့မှားနေပြီဆိုတာ ကျွန်မခံစားမိတယ်..."
စုမုန့်ပြော၍ မပြီးသေးခင် ကောရှန်းကမျက်မှောင်ကြုတ်ပြီး ပြောသည်။
" သံခြံစည်းရိုး ဟုတ်လား...ငါ ရဲတွေဆီကနေအဲ့ဒါကို ဘာလို့မကြားခဲ့ရတာလဲ...ရဲတွေရဲ့ စုံစမ်းမေးမြန်းချက်အရ ကားက လမ်းဘေးမှာ ၀င်တိုက်လို့ ပျက်စီးသွားတယ်...ဆောက်လုပ်ရေးကြောင့် နေရာတကျမဖြစ်သေးတဲ့ သံချောင်းေတွရှိပြီး အဲ့ဒါကြောင့် ကားဘီးနဲ့ တာယာပေါက်သွားတာလို့ပြောတယ်..."
" ရဲတွေက အဲ့ဒီ့ခြံစည်းရိုးကို မတွေ့ခဲ့ရဘူးလား..."
စုမုန့်က အံ့သြတကြီးမေးသည်။ကောရှန်းကခေါင်းညိတ်ပြသည်။
" မတွေ့ဘူး...ပြီးတော့ ရဲတွေရဲ့စစ်ဆေးချက်အရ အဲ့ဒါက သာမန်ကားမတော်တဆမှုတစ်ခုပဲဖြစ်တယ်...သူတို့ သံသရဖြစ်ဖွယ် ဘာတစ်ခုမှမတွေ့ခဲ့ဘူး...ကားမတော်တဆ ဖြစ်တဲ့နေရာက အသစ်တည်ဆောက်ထားတာဖြစ်လို့ မီးပွိုင့်ကလွဲလို့ ထောက်လှမ်းရေးကင်မရာတွေ မတပ်ဆင်ရသေးဘူး...အဲ့ဒါကြောင့် မင်းမီးပွိုင့်ကို ဖြတ်သွားတဲ့နေရာကိုပဲ သူတို့မြင်ရတယ်...သူတို့ ကျန်တာဘာမှမမြင်ရဘူး..."
" ဆရာက ကျွန်မကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ကတည်းက ဂရုစိုက်ပေနေတာဆိုတော့ ဆိုင်ကရော..."
စုမုန့်က သူမရဲ့အဖြစ်အပျက်အပေါ် ထင်မြင်ချက်အချို့ရှိသည်။သို့သော် ကောရှန်းသည် မျက်တွင်းများချောင်ကျနေသောကြောင့် သူပိုစိတ်ပူရအောင် မလုပ်ချင်ပေ။ထို့ကြောင့် သူမက ပြောနေသောအကြောင်းအရာကို ပြောင်းလိုက်ပြီး ထိုကိစ္စအကြောင်းကို ထပ်မပြောတော့ပေ။
ထိုကိစ္စသည် တစ်ခုခုထူးဆန်းနေသည်။သူမနေပြန်ကောင်းလာသောအခါ ထိုကိစ္စကို စုံစမ်းစစ်ဆေးရအုံးမည်။
စုမုန့်က အကြောင်းအရာကိုပြောင်းလဲပြီးနောက် ကောရှန်းက ထိုကိစ္စကို ထပ်မပြောတော့ပေ။
…..
သူသည် အချိန်အတော်ကြာ ကောင်းကောင်းအနားမယူခဲ့ရပေ။ပြီးလျှင် သူ့စိတ်အခြေအနေသည်လည်း ပူပန်မှုများနေသည်။ယခုအချိန်တွင် စုမုန့် သတိကောင်းကောင်းပြန်ရလာသောကြောင့် သူ့စိတ်လည်း ဖြေလျော့သွားသည်။သူ့စိတ်တွေ ဖြေလျော့သွားသောအခါ မောပန်းနွမ်းနယ်မှုများဖြစ်လာတော့သည်။ယခုအချိန်တွင် မူးနောက်နေပြီး အိပ်ပဲအိပ်ချင်နေသည်။ထို့ကြောင့် သူသည် စုမုန့်၏ ထူးဆန်းသေဘယ်အရာကိုမှ သတိမထားမိပေ။
သူက စုမုန့်ကိုပြန်ဖြေသည်။
" ဆိုင်ကို ပြန်လည်ပြင်ဆင်တာက ပြီးဖို့ အချိန်နည်းနည်း လိုနေသေးတယ်...အရင်ရက်တွေက မင်းနဲ့ရှန့်ကျန်း ဆေးရုံတက်နေရလို့ မစ္စတာနာကျဲရဲ့အိမ်မှာ မနေခဲ့ဘူး...အဲ့ဒီရက်အတောအတွင်းမှာ ဆိုင်မှာ အလုပ်သမားတွေရှိတယ် ပြီးတော့ ညဆိုရင် လုံခြုံရေးအစောင့်တွေရှိတယ်...ငါပြန်မသွားလည်း အဆင်ပြေပါတယ်..."
ထိုသို့ပြောပြီး သူရုတ်တရက် တစ်ခုခုကိုစဥ်းစားမိသည်။သူဆက်ပြောသည်။
" ဟုတ်တယ်...မင်းဆိုင်က ထွက်သွားတဲ့ညက ဝေ့ရွှယ်က ငါတို့ဆိုင်ကိုလာတယ်...သူမက မင်းကိုတောင်းပန်ချင်တယ်လို့ ပြောတယ်...ဒါပေမယ့် မင်းအဲ့ဒီမှာမရှိတော့ ခဏကြာတော့ သူမပြန်သွားတယ်..."
ကောရှန်းက ရပ်လိုက်သည်။သူရယ်ရမလား ငိုရမလားဆိုတာ မသိပေ။
" သူမကို ရှောင်ပိုင်က ကိုက်လိုက်တယ်...ပြီးတော့ သူမမြန်မြန်ထွက်သွားတယ်...ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးမယ်လို့ သူမပြောသွားတယ်..."
" ရှောင်ပိုင်က သူမကိုကိုက်တယ် ဟုတ်လား...."
စုမုန့်၏အားနည်းနေသောမျက်နှာက ချက်ချင်း အားပြည့်လာသည်။ကောရှန်းက ခေါင်းညိတ်ပြသည်။
" ဘာလို့လဲတော့ ငါမသိဘူး...ဒါပေမဲ့ ဝေ့ရွှယ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ သိပ်သည်းနေတဲ့ နတ်ဆိုးချီတစ်ခု ရှိတယ်...အဲ့ဒီနတ်ဆိုးချီက သူ့ရဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း တိုက်စားနေတယ်...အခုဘာတုံ့ပြန်မှုမှ မရှိပေမဲ့ အချိန်ကြာလာရင် သူမတစ်ခုခုဖြစ်လိမ့်မယ်...တိရစ္ဆာန်တွေမှာလည်း ယုံကြည်သက်၀င်မှုရှိတယ် ပြီးတော့ ရှောင်ပိုင်က အရမ်းကို စမတ်ကျတယ်...ဝေ့ရွှယ်ရဲ့ခန္ဓာကိုယ်ပေါ်က ချီက သူ့ကိုခက်ခဲအောင်လုပ်လို့ သူမကိုကိုက်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်..."
ရှောင်ပိုင်သည် များသောအားဖြင့် အလွန်နာခံတတ်ပြီး လူများနှင့် အလွန်ရင်းနှီးသည်။ဆိုင်ကိုလာတဲ့လူက သူစိမ်းတစ်ယောက်ဆိုလျှင်တောင် သူက အလွန်ခင်မင်တတ်ပြီး ဒေါသထွက်ခြင်းမရှိဘဲ သူ့ကိုကိုင်တွယ်ခွင့်ပြုသည်။ထိတွေ့သည်ကို မကြိုက်လျှင်တောင် အကြိမ်အနည်းငယ် နှာမှုတ်ပြီး ပုန်းရန် ထောင့်တစ်ထောင့်ကို ရှာတတ်သည်။
သို့သော် သူသည် ဝေ့ရွှယ်ကို အလွန်ရန်လိုနေသည်။သူမကို မြင်မြင်ချင်း သူ့သွားတွေကို ကြိတ်ပြီး မာန်ဖီတော့သည်။
ရှောင်ပိုင်က ဝေ့ရွှယ်ကို မနှစ်သက်ပေ။သို့သော် ဝေ့ရွှယ် ရှောင်ပိုင်ကို ပထမဆုံးမြင်သောအခါ သူမက ပျော်ရွှင်နေသည်။အခြားလူများက ရှောင်ပိုင်ကို အလွယ်တကူပွေ့ဖက်နိုင်သည်ကို သူမမြင်သည်။ထို့ကြောင့် ကောရှန်းအာရုံစိုက်မနေသည့်အချိန်တွင် ရှောင်ပိုင်ကို ကောက်ချီလိုက်သည်။ရလဒ်ကတော့ သူမအကိုက်ခံလိုက်ရသည်။
ကံကောင်းစွာဖြင့် ရှောင်ပိုင်သည် ငယ်သေးသည်။ပြီးလျှင် သူ့ကိုက်အားသည် အလွန်အားမများပေ။သူမလက်ပေါ်က အရေပြားကိုသာ ကိုက်မိပြီး သွေးအနည်းငယ်စီးကျလာသည်။
ဝေ့ရွှယ်သည် သူမငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရသည်။သူမ၏လက် အကိုက်ခံရပြီးနောက် ငိုပြီးထွက်ပြေးသွားသည်။
စုမုန့်က ဤအကြောင်းကိုကြားပြီးနောက် ရှောင်ပိုင်ကို နှလုံးထဲကပင် ချီးကျူးမိသည်။သူမကောက်ယူခဲ့သော မြေခွေးငယ်လေးသည် သူမမုန်းသောသူကို သိသည်။ထို့ကြောင့် သူမအတွက် ဝေ့ရွှယ်ကို သင်ခန်းစာတစ်ခု ပေးခဲ့သည်။စုမုန့်ပြန်လာလျှင် ရှောင်ပိုင်ကို သေချာပေါက် ဆုကောင်းကောင်းချီးမြှင့်ရပေမည်။
xxxxx