အပိုင်း ၁၁၀
Viewers 15k

Chapter 110

(ဝေ့ရွှယ် ညို့ယူဖမ်းစားသည်)


ဝေ့ရွှယ်၏ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးချီအကြောင်းကို သူမ တွေးမိသောအခါ စုမုန့်က စိတ်ထဲက ရယ်မိသည်။သူမ၏ခန့်မှန်းမှုက အမှန်တကယ် မှန်သည်။ဝေ့ရွှယ်သည် ကျောက်စိမ်းအပိုင်းအစပေါ်တွင် သူမ၏သွေးကို အစက်ချခဲ့သည်။


ထိုကျောက်စိမ်းအပိုင်းအစသည် အလွန်ဆိုးယုတ်သည်။သူမက ဝေ့ရွှယ်ကို လက်ဆင့်ကမ်းပေးလိုက်သောအခါ ကျောက်စိမ်းတုံးကို အမှတ်အသားပြုလုပ်ရန် လက်ဖွဲ့အဆောင်တစ်ခုကို အသုံးပြုခဲ့သည်။လူသွေးကသာ ထိုအရာကို ပယ်ဖျက်နိုင်လိမ့်မည်။


ထိုအချိန်တွင် သူမက ဝေ့ရွှယ်ကို သွေးစက်မချရန် သတိပေးထားသည်။သူမရဲ့သတိပေးချက်က မပြင်းထန်သည့်အတွက် သူမကအမှန်တကယ် ထိုသို့ပြုလုပ်ခဲ့သည်။သူမတွင် ပြတ်သားသော စိတ်ဓာတ်ရှိသည်။


ထို့အပြင် သူမသည် ထိုအချိန်တွင် အခြားသော အတွေးများ မရှိဘူးဟု ဝေ့ရွယ်ကတိပေးခဲ့သည်။သူမ၏ပထမဆုံးကတိကို သူမမစောင့်ထိန်းခဲ့ပေ။ထိုဖြစ်စဥ်တွင် ကျောက်စိမ်း၏နတ်ဆိုးချီ ကျူးကျော်ခြင်းကိုခံရရန် သူမကိုယ်တိုင်ယူဆောင်လာခဲ့မိသည်။သူမ မည်သူ့ကိုမှ အပြစ်မတင်သင့်ပေ။


စုမုန့်က ထိုအကြောင်းကိုစဥ်းစားပြီး ကောရှန်းကိုမပြောရန် ဆုံးဖြတ်လိုက်သည်။ပြီးနောက် သူမက ရည်ရွယ်ချက်ရှိရှိလုပ်လိုက်သည်ဟု စဥ်းစားမိသည်။သူမ၏ဆရာက သူမထိုသို့လုပ်ခဲ့သည်ကိုသိလျှင် အပြစ်တင်လိမ့်မည်။


" သူမက ဘာကိုတောင်းပန်ချင်တာလဲ..." 


နတ်ဆိုးချီပြသနာကို သတိမထားမိဟန်ဆောင်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။


ဝေ့ရွှယ်သည် ထိုကျောက်စိမ်းတုံးကို နှိုးဆွခဲ့သည့်အတွက် အနာဂတ်တွင် သူမစိတ်ပူရန်မလိုတော့ပေ။ကောင်းသောနေ့များသာ ရောက်လာလိမ့်မည်။ဝေ့ရွှယ်သည် အနာဂတ်တွင်ဂရုစိုက်နေထိုင်ရမည်။သူမသာ မကောင်းတဲ့အရာတွေကို ဆက်လုပ်နေလျှင် နတ်ဆိုးချီက ပိုပြီးမြန်မြန်ကျူးကျော်ရောက်လာလိမ့်မည်။သူမ၏အဆုံးသတ်သည် အခြားသောလူများခံရသည်ထက် ပို၍ဆိုး၀ါးပြီး ဘယ်သူမှကူညီနိုင်မည်မဟုတ်ပေ။


ကောရှန်းက ခေါင်းခါပြသည်။


" သူမဘာမှမပြောခဲ့ဘူး...သူမက အချိန်ခဏကြာနေပြီး ရှောင်ပိုင်ကိုက်တာခံရပြီးတော့ ထွက်သွားတယ်...အဲ့ဒီ့အချိန်မှာ ငါတို့ဆိုင်ပျက်စီးသွားတာကို မြင်ပြီး ငါတို့မှာနေစရာနေရာရှာဖို့ အကူအညီလိုလားလို့ မေးတယ်..."


" သူမမှာ အဲ့ဒီလိုကောင်းတဲ့စေတနာတွေရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူမရဲ့နှလုံးသားထဲမှာ အကျင့်ဆိုးတွေပဲ ရှိနေမှာပဲ..."


 ဝေ့ရွှယ်သည် ဟန်ဆောင်ကောင်းသည်။စုမုန့်သည် သူမအရင်ဘ၀ရဲ့အမှတ်တရများ မရှိခဲ့လျှင် ...


စုမုန့်က မောဟိုက်လာသည်ဟု မခံစားမိခင် အချိန်ခဏလောက်ပဲ ကောရှန်းကို စကားပြောနိုင်သည်။သူမ၏ မျက်ခွံတွေကို ဖွင့်ရန် သူမကိုယ်သူမတွန်းအားပေးနေသည်။သူမက အကြံပြုလိုက်သည်။


" ဆရာ ကျွန်မအခု အဆင်ပြေပါတယ်...ဆရာ သေချာအနားယူသင့်နေပြီ...နာကျဲရဲ့အိမ်တော်က တော်တော်ဝေးတယ်...ဆရာတစ်ယောက်ထဲအဲ့ဒီကိုသွားမယ်ဆိုရင် ကျွန်မ စိတ်မချဘူး...ဒီမှာ အိပ်ရာ အပိုလည်းမရှိဘူး...ဒါ့ကြောင့် အခုနေဖို့အတွက် ဟိုတယ်တစ်ခု ရှာလိုက်ပါ..."


စုမုန့်၏ဆေးတွင် အိပ်ပျော်စေသည့်အာနိသင်ပါ၀င်သောကြောင့် ဆေးအစွမ်းက စတင်ပြသနေသည်။သူမ၏ခန္ဓာကိုယ်ကလည်း အားအင်ကုန်ခမ်းနေသည်။ထို့ကြောင့် သူမ လုံး၀တောင့်မခံနိုင်တော့ပေ။ကောရှန်းကိုပြောပြီးအဆုံးတွင် သူမ၏ မျက်လုံးတွေကိုမှိတ်လိုက်ပြီး အိပ်ပျော်သွားသည်။


ကောရှန်းက ထွက်သွားမည့်အစား ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး စုမုန့်ကို ဆက်စောင့်ကြည့်ရန် စီစဥ်နေသည်။


ကောရှန်းက ဆိုဖာပေါ်တွင်ထိုင်ပြီး တရေးအိပ်သည်။သူအိပ်ပျော်ခါနီးအချိန်တွင် လူနာဆောင်ရဲ့တံခါးသည် ရုတ်တရက်ပွင့်လာပြီး သူနာပြုတစ်ယောက်က မြန်မြန်လမ်းလျှောက်လာသည်။


…..


သူမက စုမုန့်ကို ဖြတ်ခနဲကြည့်ပြီး ကောရှန်း၏ဘေးသို့ တိတ်တဆိတ်လမ်းလျှောက်သွားပြီး စကားအနည်းငယ်တီးတိုးပြောသည်။


ကောရှန်းသည် ထိုစကားကိုကြားပြီးနောက် အိပ်ချင်စိတ်ပျောက်သွားသည်။သူ့ရဲ့မျက်လုံးတွေကို မတင်လိုက်ပြီး ချက်ချင်းမတ်တပ်ရပ်ပြီး သူနာပြုနောက်သို့ လိုက်သွားသည်။


သူနာပြုသည် ရှန့်ကျန်းသတိရလာပြီဆိုတာကိုသာ ပြောသည်။သူသတိရလာခြင်းသည် အန္တရာယ်ကြီးကြီးမားမားမရှိတော့ဘဲ အသက်ရှင်နိုင်သည်ဟု ဆိုလိုနိုင်သည်။နောက်နှစ်ရက်အထိ ဘာပြသနာမှမရှိလျှင် သူ့ကို သာမန်လူနာဆောင်သို့ ပြောင်းရွှေ့နိုင်သည်။


သူနာပြု၏လမ်းညွှန်မှုဖြင့် ကောရှန်းသည် ရှန့်ကျန်းဆီသို့ သွားသည်။ရှန့်ကျန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို စက်ကိရိယာများတပ်ဆင်ထားသည်။သူသည် လွန်ခဲ့တဲ့ ရက်အနည်းငယ်အထိ သတိလစ်နေသောကြောင့် ဘာမှမစားရသေးပေ။သူ့ကို အာဟာရအရည်များသာ ထည့်သွင်းပေးထားသည်။သူ့ပုံစံကအများကြီးမသိသာပေမဲ့ ပိန်နေသည်။


ရှန့်ကျန်းက စကားမပြောနိုင်ဘဲ သူ၏မျက်လုံးများကိုသာ ဖွင့်ထားနိုင်သည်။သူ ကောရှန်းကို့မြင်သောအခါ အရမ်းစိတ်လှုပ်ရှားသွားသည်။သို့သော် သူ့ခန္ဓာကိုယ်သည် မလှုပ်ရှားနိုင်သောကြောင့် မျက်လုံးများဖြင့်သာ အချက်ပြနိုင်သည်။


ကောရှန်းက သူ့ကိုနှစ်သိမ့်ပေးသည်။


" ဘာကိုမှ မတွေးပါနဲ့...ဒေါက်တာ့ရဲ့စကားကိုနားထောင်ပြီး အဖျားကို အရင်ကုသရအောင်...မုန့်မုန့်က နေကောင်းပါတယ်...သူမ သတိရတာကြာပြီ...အဲ့ဒါကြောင့် မင်းသူမကို စိတ်မပူပါနဲ့..."


ရှန်းကျန်းက စုမုန့်နေကောင်းသည်ကိုကြားသောအခါ သူအနည်းငယ်စိတ်သက်သာသွားပြီး ခေါင်းကိုသာညိတ်နေသည်။


" ...လူနာက နိုးလာပြီး သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်...မနက်ဖြန်သူနိုးလာတဲ့အချိန်ကျရင် ရှင်ပြန်လာလို့ရပါတယ်...သူဆက်ပြီး အနားယူဖို့လိုအပ်တယ်..." 


သူနာပြုသည် ဘေးကနေ အချိန်ကိုတွက်ချက်နေသည်...။အချိန်ပြည့်လပြီဆိုလျှင် သူမသည် ကောရှန်းကို စတင်မောင်းထုတ်လိမ့်မည်။


ယခုဆိုလျှင် စုမုန့်နှင့် ရှန့်ကျန်း နှစ်ယောက်လုံးနေကောင်းလာပြီဖြစ်၍ ကောရှန်း၏စိတ်သည် လုံး၀သက်တောင့်သက်သာဖြစ်သွားသည်။နောက်ဆုံးတွင် သူအေးအေးချမ်းချမ်း အိပ်နိုင်သွားသည်။


စုမုန့်၏ဒဏ်ရာများသည် မြန်မြန်ပြန်ကောင်းလာသည်။ဆေးရုံတွင်ရက်အနည်းငယ်နေပြီးနောက် သူမအပြင်ထွက်ပြီး လမ်းလျှောက်နိုင်သည်။စုမုန့်သည် ဝေ့ထင်နှင့် အမြဲတစေ မပျော်မရွှင်ဖြစ်နေသော်လည်း ဝေ့ထင်ကို သူမဆီမလာရန် မလုပ်နိုင်ပေ။


ထိုနေ့တုန်းက ဝေ့ထင်နှင့် အလွန်ရင်းနှီးကျွမ်း၀င်ပုံ သရုပ်ဆောင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဝေ့ရွှယ်ကို ဒေါသထွက်ရန် တမင်တကာ ပြုလုပ်ခြင်းဖြစ်သည်။ဝေ့ထင်က စုမုန့်ကိုအထင်လွဲသွားမည်ကို သူမကြောက်သည်။ထို့ကြောင့် သူမက ဆေးရုံတွင်ရောက်နေသော်လည်း သူ့ကို အလွန်ကြင်နာစွာပြောဆိုသည်။အကယ်၍ဝေ့ထင်က ကွာရှင်းစာချုပ်ကို ယူလာလျှင်လည်း သူမချက်ချင်းလက်မှတ်ထိုးပေးလိမ့်မည်။


ဝေ့ထင်သူမဆီကို လာလည်သည့်အချိန်တိုင်း သူမကိုကွာရှင်းရန် မပြောသလို ထွက်လည်းထွက်မသွားပေ။


သူသည် အခုရက်ပိုင်းတွင် တော်တော်အလုပ်ရှုပ်နေပုံပေါ်သည်။သူ စုမုန့်ဆီကို စကားပြောရန် လာသောအချိန်တိုင်း ဖုန်းဆက်လှမ်းခေါ်ခံရသည်။သို့သော် သူသည် သူမဆီသို့ နေ့တိုင်းလာနေဆဲဖြစ်သည်။


ဝေ့ရွှယ်သည် ပထမဆုံးနေ့က လာပြီးကတည်းက နောက်ထပ် မလာတော့ပေ။စုမုန့်သည် သူမကိုမကြည့်ချင်သောကြောင့် သူမပေါ်မလာရန် ဆုတောင်းခဲ့သည်။


(ထိတ်လန့်စေသူ)


စုမုန့် မတော်တဆမှုဖြစ်ပြီးနောက်၊ မူလရရှိထားသည့်အလုပ်များကို ရွှေ့ဆိုင်းလိုက်ရသည်။ကောရှန်း သည် သူမ အစီအစဉ်အတိုင်း ဖောက်သည်များအား တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်ကာ တောင်းပန်ရသည်။ကံကောင်းစွာပင်၊ဖောက်သည်များမှာ သူမကို လေးစားကြသူများဖြစ်၍ စိတ်ထဲမထားဘဲ ဆေးရုံကိုတောင် သတင်းလာမေးကြသေးသည်။


စုမုန့်၏ ဂုဏ်သတင်းက မသေးငယ်ပေ။ သူမသည် ကျိုးမိသားစုနှင့်လည်း ဆက်ဆံရေးရှိတာကြောင့် ဖောက်သည်များ၊ သူမနှင့် တစ်ခါမှ အလုပ်မလုပ်ဖူးသော လုပ်ငန်းနယ်ပယ်အသီးသီးမှ သူဌေးများကလည်း သူမ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိပြီးနောက် သူမကို တစ်ယောက်ပြီးတစ်ယောက် လာရောက် မေးမြန်းခဲ့ကြသည်။  နောက်ဆုံး၊နီးစပ်ရာ အသိုင်းအဝိုင်းထဲကလူတွေအားလုံး သိသွားပြီး အားလုံးက သူမဆီ လာလည်ကြ၏။သူမကို မျက်နှာလာလုပ်ခြင်းလည်း ဖြစ်သလို၊အရေးကြီးဆုံးက ကျိူးမိသားစုကို အားကိုးလိုခြင်းကြောင့်ပင်။


 ထိုအချိန်မှစ၍ သူမ၏ လူနာခန်းကလေးသည် အသက်ဝင်လာသည်။  နေ့စဉ်နှင့်အမျှ လက်ဆောင်အိတ်ကြီးအိတ်ငယ်များဖြင့် သူမထံ လာလည်ကြ၏။အချို့သော သူဌေးများသည် ဘာမှ မဝယ်ဘဲ ဘဏ်ကတ်ကို သူမအားပေး၏။ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိမှန်းတော့ မသိရပေ။သူမသည် ငွေကိုကြိုက်သော်လည်း လက်မခံပေ။အသီးအနှံနှင့် မုန့်များကိုတော့ လက်ခံထားလိုက်၏။


သူမက ပိုက်ဆံကို လက်မခံဘဲ ပစ္စည်းတွေကိုသာ လက်ခံကြောင်းကို သိပြီးနောက် ပို၍ပင် လက်ဆောင်များ ပေးလာကြလေသည်။ထို့ကြောင့် မကြာမီ လူနာခန်းအတွင်း ပစ္စည်းပြည့်နှက်နေ၍  ဆရာဝန်တွေ စစ်ဆေးလျှင်တောင် အဆင်မပြေတော့‌ေပ။


ကံကောင်းစွာဖြင့်၊ ဤဆေးရုံသည် ပုဂ္ဂလိကဆေးရုံဖြစ်ပြီး စုမုန့်သည် VIP လူနာခန်းသီးသန့် ယူထား၍  ဆရာဝန်တွေက ဘာမှ မပြောကြ‌ေပ။


ယခုထိ အားလုံးအဆင်ပြေနေသေးသည်။သို့ရာတွင် သူမကို အကြီးအကျယ် ခေါင်းကိုက်စေခဲ့သည်က၊သူမ ကားမတော်တဆမှုအကြောင်း ကျိုးဖုန်း သိသွားခြင်းပင်။သူကပါ သူမဘေးမှ အခန်းမှာနေပြီး အားတိုင်း လာလာနေတော့သည်။သူမ ဘယ်သွားသွား၊တကောက်ကောက်လည်း လိုက်တတ်သေးသည်။


စုမုန့် ဘေးတွင်ထိုင်ကာ ကော်ဖီသောက်နေသော ကျိုးဖုန်းကို ကြည့်လိုက်သည်။


 “မစ္စတာကျိုး..ကျွန်မရဲ့ အရည်အချင်းတွေကသာ ကောင်းရင် ရှင် အခုဆို နေပြန်ကောင်းလာမယ် ထင်တယ်...အခု‌ ရှင်ကပါ ဆေးရုံတက်နေပါလား" 


လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိုးဖုန်းသည် ရုတ်တရက် ဆေးရုံတက်ခဲ့ရပြီး သူမအခန်းဘေးတွင် နေသည်။  သို့သော် သူမ သူနှင့် မရင်းနှီးလိုသောကြောင့် မသိဟန်ဆောင်ထားသည်။ သူသည် ရက်စက်ကြမ်းကြုတ်သူဖြစ်၍ သူနှင့် တတ်နိုင်သမျှ ဝေးဝေးနေခြင်းက အကောင်းဆုံးဖြစ်သည်။သို့မဟုတ်ပါက၊သူမ အချိန်မရွေး သူ့ကြောင့်သေသွားနိုင်သည်။


ကျိုးဖုန်းနှင့် သူမ ပထမဆုံး ဆုံတွေ့ရချိန်ကလည်း အတော်ဆိုးဝါးသည့် အ‌ေခြနေမှာဖြစ်သည်။ သူမကို ပြန်ပေးဆွဲပြီး r*pe ဗီဒီယို ရိုက်ချင်သည့် ယောက်ျားတစ်ယောက်အပေါ် သူမ စိတ်ကောင်းကောင်းမထားပေးနိုင်ချေ။သူ့ကို ကူညီခြင်းက သူမ သေမှာစိုးတာကြောင့်ပင်။အကယ်၍ သူမကသာ သူ့အတွက် အသုံးမဝင်ပါက၊ အစောကြီးကတည်းက သူမကို သတ်ပေလိမ့်မည်။


ကျိုးဖုန်းက ကုလားထိုင်နောက်သို့ ပျင်းရိစွာ မှီထားကာ စုမုန့်ကို ပြုံးပြုံးလေးဖြင့် မေးသည်။


 "မစ္စစုက ဉာဏ်ကောင်းတာကို ကိုယ်  ဘာလို့ ရုတ်တရက် ဆေးရုံတင်လိုက်ရတယ်ဆိုတာကို မသိဘူးလား"


စုမုန့် ဆတ်ခနဲ ခေါင်းခါလိုက်သည်။


“ဟင့်အင်း...ဒါက ရှင့်ကိစ္စပါ..ကျွန်မနဲ့ဘာမှမဆိုင်ဘူး...ဒါပေမယ့် ရှင် ဘာကြောင့် ဆေးရုံတင်ထားရလဲဆိုတာ သိချင်ပေမယ့် ကျွန်မကို လိုက်မနှောင့်ယှက်လို့ မရဘူးလား"


 " တိုက်ဆိုင်သွားတာ...မင်းကြောင့် က်ိုယ် ဆေးရုံတက်ခဲ့ရတာပါ"


သူမ မျက်မှောင်ကြုတ်လိုက်သည်။


  "ဘာလို့..."


 "မင်းက အရမ်းတော်တာပဲ..  ဒီမတော်တဆမှုဟာ ထူးဆန်းတယ်လို့ မင်း ထင်တယ် မဟုတ်လား…လမ်းမှာ ဘာ့လို့ ခြံစည်းရိုးခတ်ထားတာလဲ…ရဲတွေရောက်လာပြန်တော့ ဘယ်သူက သိမ်းသွားမှန်းမသိဘူး… ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ လမ်းမှာ ကင်မရာလည်း မရှိဘူး...ယာဉ်အသွားအလာ မှတ်တမ်းတင်စက်ကလည်း ပျက်စီးသွားတယ်” 


ကျိုးဖုန်း ကော်ဖီတစ်ငုံသောက်လိုက်သည်။ကော်ဖီအရသာကို ကျေနပ်ပုံမပေါ်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။သူ့စကားကိုကြားတော့ သူမ အံ့သြသွားသည်။ဒီအကြောင်းကို သူဘယ်လိုသိတာလဲ…ခြံစည်းရိုးအကြောင်း ရဲတွေတောင် မသိဘူးဟု ဆရာက ပြောပြသည်။ဆရာက သူ့ကိုတော့ သက်သက် သွားပြောမှာမဟုတ်။  ဒါနဲ့ ပတ်သက်ပြီး သူ ဘယ်လို သိလာတာလဲ…


 ဖြစ်နိုင်ပါ့မလား…


သူမ ကျိုးဖုန်းကို သတိထားကြည့်လိုက်သည်။ သူမတစ်ယောက်တည်းသာ သူ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာကြောင်းကို သိသူဖြစ်ပုံရသည်။သူက ကျိုးကျာ ရှေ့မှာ နေမကောင်းဟန်ဆောင်ဆဲပင်။သူ ပြန်ကောင်းသွားပြီ ဆိုသည့်အကြောင်း သူ့ညီမကိုတောင် မပြောပြထားပေ။သူ ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းကြောင်း တွေးကြည့်နိုင်သည်။


သူ၏ ကျန်းမာရေးပြဿနာများကို ကူညီဖြေရှင်းပေးရန် သူမသာ သဘောမတူခဲ့ပါက၊ ကျိုးဖုန်း သူမအား အငြိူးအတေးထားနေမှာပင်။


ထို့ကြောင့် ယခုသူ နေပြန်ကောင်းလာ၍ တခြားဘယ်သူမှ မရိပ်မိအောင် သူမကို  နှုတ်ပိတ်ချင်နေတာလား...


ကျိုးဖုန်း၏ ရက်စက်ကြမ်းကြုတ်သော ပင်ကိုစရိုက်လက္ခဏာအရ၊ ထိုအတွေးက အမှန်တစ်ကယ် ဖြစ်နိုင်သည်။သူမသည် နောက်ဆို သူ့အတွက် မည်သည့်အကူအညီမှ ဖြစ်လာမည်မဟုတ်ပေ။ထို့အပြင် သူ၏လျှို့ဝှက်ချက်ကို သူမ သိထားသည်။ ထို့ကြောင့် သူမက သူ့အတွက် အားနည်းချက်တစ်ခုဖြစ်သည်။


ကျိုးဖုန်းသည် သူမ၏ အတွေးများကို မြင်နေပုံရသည်။ပထမဆုံးစတွေ့တုန်းကလိုပင်၊ သူ့မျက်နှာက အေးစက်သွားသည်။ 


“မစ္စစုက တစ်ကယ်ကို ဉာဏ်ကောင်းတယ်...မင်း သဘောပေါက်သွားပြီထင်တယ်...ဒီကမ္ဘာမှာ ငါ့ရဲ့လျှို့ဝှက်ချက်ကို သိတဲ့သူမရှိသေးဘူး"


သူ ခေါင်းညိတ်ပြီး သူမကို ပြုံးပြ၏။


"ကိုယ်က များသောအားဖြင့် အလုပ်များတယ်...ကိုယ့်ခန္ဓာကိုယ်ကလည်း ဘာပြဿနာမှမရှိဘူးလို့လည်း မင်း မြင်နိုင်နေတာလေ...ဒါဆို ဘာလို့ မင်းဘေးကအခန်းကိုမှ လာနေရတာလဲ"



xxxxxx