ချူထင်းရှိူ့သည် ယန်ကျင်းဇီထံမှ သူက သုံးနှစ်တာကြာအောင် ဝမ်းနည်းပူဆွေးနေလိမ့်မည်ဟု ပြောသည်ကို ကြားသောအခါ အံ့အားသင့်သွားခဲ့သည်။
" ကိုယ်တော့်ကို ဘွားတော်ကြီးက ပြုစုပျိုးထောင်ပေးခဲ့တာဆိုတော့ ကိုယ်တော်က သူ(မ)အတွက် နည်းနည်းပိုကြာကြာ ဝမ်းနည်းပူဆွေးပေးသင့်တာပေါ့။ " ယန်ကျင်းဇီ ပြုံးလိုက်သည်။
အကယ်၍ အရှင်မင်းကြီးက ထိုသို့တကယ်ရည်ရွယ်ထားလျှင် နောက်ထပ်သုံးနှစ်ဆက်တိုက်ကြာ သူသည် အရှင်မင်းကြီး၏အနားရှိ တစ်ဦးတည်းသောလူ ဖြစ်လာပေလိမ့်မည်။
ချူထင်းရှိူ့သည် စိတ်လှုပ်ရှားလွန်းသဖြင့် သူသည် ရုတ်တရက် ယန်ကျင်းဇီထံသို့ တိုးကပ်သွားကာ ယန်ကျင်းဇီအား အနမ်းတစ်ပွင့် ပေးလိုက်လေသည်။
ယန်ကျင်းဇီ : " !!! " ချူထင်းရှိူ့အား ကြည့်ကောင်းအောင် လုပ်ပေးမည်ဟု မနေ့က သူ ဆုံးဖြတ်ခဲ့သည်ကို သူ ရုတ်တရက် သတိပြန်ရလာသည်... ဘာလို့ အခု မလုပ်ဘဲ နေရမှာလဲ?
ဤအတွေး ယန်ကျင်းဇီတွင် ပေါ်လာလာချင်း အပြင်ဘက်တွင် စောင့်ကြပ်နေသော မိန်းမစိုးငယ်လေးက ဝင်လာကာ ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ ရောက်ရှိလာကြောင်း သူ့ကို လျှောက်တင်လာသည်။
ဤလူများသည် ဘွားတော်ကြီး၏ဈာပနကို ဆွေးနွေးရန် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အရေးမစိုက်ဘဲ ထား၍ မရသဖြင့် ယန်ကျင်းဇီ သူတို့ကို ဝင်ခွင့်ပြုလိုက်ရသည်။ " ချူစစ်သူကြီး ကိုယ်တော်နဲ့ အတူထိုင်လို့ရအောင် ထိုင်ခုံတစ်လုံး ယူလာခဲ့စမ်း "
ယန်ကျင်းဇီ၏စားပွဲမှာ အလွန်ရှည်လျားလေရာ သူသည် သူ့ထိုင်ခုံကို ဘေးသို့ရွှေ့ကာ ချူထင်းရှိူ့အား သူ့အနားတွင် ထိုင်ခိုင်းခဲ့သည်။
ချူထင်းရှိူ့သည် တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ချလိုက်သည်။
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များ ဝင်ရောက်လာသောအခါ သူတို့သည် ယန်ကျင်းဇီနှင့်ချူထင်းရှိူ့တို့ အတူတကွ ထိုင်နေကြသည်ကို တွေ့လိုက်ရကာ သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ဘယ်လိုလုပ် လူတစ်ယောက်က အရှင်မင်းကြီးရဲ့အနားမှာ အလွယ်တကူ ထိုင်နေနိုင်တာလဲ? ချူစစ်သူကြီးက တကယ်မကောင်းဘူးပဲ!
သို့သော်ငြား ချူစစ်သူကြီးက အလွန်အင်အားကြီးသဖြင့် သူတို့ ဒေါသတကြီး မပြောဆိုရဲဘဲ ဘွားတော်ကြီး၏ဈာပနကိစ္စကိုသာ လျှောက်တင်နိုင်ကြသည်။
မှူးမတ်အရာရှိများအားလုံးသည် လက်ရှိဧကရာဇ်မင်းနှင့် ချူထင်းရှိူ့တို့အပြင် ပင်းဝမ်တောင်မှ ဘွားတော်ကြီးကို သဘောမကျကြကြောင်း သိရှိထားကြ၏။ ထို့ကြောင့် သူတို့သည် လက်ဦးမှုရယူကာ တိုင်းပြည်၏ ဘဏ္ဍာတိုက် ဗလာကျင်းနေသဖြင့် ယခုအခါ၌ ဘွားတော်ကြီး၏ဈာပနကို ရိုးရှင်းစွာသာ ကျင်းပနိုင်ကြောင်း အဆိုတင်သွင်းခဲ့ကြသည်။
တုံ့ဆိုင်းမှုမရှိဘဲ ယန်ကျင်းဇီ သဘောတူလိုက်သည် : " လုပ်ကြတာပေါ့။ "
မူလပိုင်ရှင်၏လွှမ်းမိုးမှုကြောင့် ဖြစ်နိုင်သည်၊ သူ အမှန်တကယ်ပင် ဘွားတော်ကြီးအား သဘောမကျချေ...
အရာရာတိုင်းကို ရိုးရှင်းစွာသာ ဖြစ်စေချင်သည်ဟု ပြောခဲ့ချိန်၌ ယန်ကျင်းဇီသည် ၎င်းမှာ အကုန်အဆင်ပြေသည်ဟု တွေးခဲ့ပြီး မှူးမတ်များတွင် မေးစရာ ကိစ္စများစွာ ရှိနေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။
အသုံးပြုမည့် အမွှေးတိုင်အိုးမှအစ ရိုးရာထုံးတမ်းများအတွက် အသေးစိတ်အချက်အလက်များအဆုံး အလုံးစုံသော ရှေးနမူနာများပါ ထည့်သွင်းဆွေးနွေးနေကြသည်။
ယန်ကျင်းဇီ : " ... "
ယန်ကျင်းဇီသည် သူ လေ့လာထားသည်များမှာ အလွန်နည်းပါးလွန်းလှမှန်း သိရှိသွားသော်လည်း အနည်းဆုံးတော့ သူ သူတို့ ဘာပြောနေကြလဲ မသိပေ။
သူသည် ဤသို့နားထောင်နေရသည်ကို စိတ်မရှည်ဖြစ်လာကာ ရိုးရှင်းစွာပင် သူ့ထိုင်ခုံကို နောက်ပြန်မှီထိုင်ချကာ သူ့ဖိနပ်များကို ချွတ်၍ ချူထင်းရှိူ့၏ပေါင်ပေါ်တွင် ခြေတင်ခုံကို တင်လိုက်သည်။
ရှေ့မှာ စားပွဲခံနေတာ အဲ့အမတ်တွေ ဘယ်လိုမှ မမြင်နိုင်ဘူး!
ချူထင်းရှိူ့ : " .... "
ယန်ကျင်းဇီက မရပ်ဘဲ သူ့ခြေထောက်ကို သုံးပြီး ချူထင်းရှိူ့၏ခြေထောက်ကို နောက်တစ်ကြိမ် သွားချိတ်လိုက်ပြန်သည်။
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များသည် ဈာပန၏ လုပ်ထုံးလုပ်နည်းများကို ဖြေးညှင်းစွာ ပြောဆိုဆွေးနွေးနေကြသည် – သူတို့ မော့ကြည့်လိုက်သည်နှင့်တပြိုင်နက် သူတို့သည် အရှင်မင်းကြီးက စားပွဲပေါ် မှီကာ သူ့လက်ဝတ်ရုံစကို အသုံးပြု၍ သူ့မျက်နှာကို ဖုံးကွယ်ထားသဖြင့် သူတို့ သူ့မျက်နှာအမူအရာကို မမြင်တွေ့နိုင်သော်လည်း ချူစစ်သူကြီးကတော့ မျက်နှာတည်ကြီးနှင့် ထိုင်နေကာ မပျော်ရွှင်ပုံပေါ်နေသည်။
နှစ်ယောက်စလုံး စကားမပြောကြသော်လည်း ကြည့်ရတာ... သူတို့ရဲ့စီစဉ်မှုကို သဘောမကျတဲ့ လက္ခဏာလား?
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များသည် အချို့သော ကျင့်ထုံးကျင့်ဝတ်များကို လွယ်ကူရှင်းလင်းစေရန် ဆောင်ရွက်နေရ၍ အလုပ်များနေပြီး ဂရုတစိုက် မေးမြန်းလိုက်သည်။ " အရှင်မင်းကြီး ဒီလိုဆို သင့်တော်ပါသလားဘုရား? "
" အဲ့အတိုင်းသာ လုပ်လိုက်။ " ချူထင်းရှိူ့ တိုက်ရိုက်ပြောလိုက်သည်။ " ခင်ဗျားတို့ အရင်ထွက်သွားနှင့်ကြတော့။ "
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များ အလျင်စလို ထွက်လာကြပြီး သူတို့ အပြင်ရောက်သောအခါ အနည်းငယ် စိုးရိမ်သွားကြသည် : " ဒီနေ့ အဲ့ချူထင်းရှိူ့ အရှင်မင်းကြီးကို အရမ်းပေါ့ပေါ့ပါးပါး သဘောထားနေတာမလား? "
" အရင်က သူ သစ္စာရှိသလို ဟန်ဆောင်နေခဲ့တယ်။ ဒါပေမယ့် အခုတော့ ဝံပုလွေရဲ့ရည်မှန်းချက်ကို မဖုံးကွယ်နိုင်တော့ဘူး! "
" ဘွားတော်ကြီးကို ဆုံးရှူံးခါစပဲရှိသေး အရှင်မင်းကြီးက ချူထင်းရှိူ့နဲ့ တွေ့ရတယ်... အိုက်ယား! "
... ...
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များမှာ အရှင်မင်းကြီးအတွက် ရပ်တည်နေကြချိန်တွင် အရှင်မင်းကြီး၏နောက်တွင် မတ်တပ်ရပ်နေသော မိန်းမစိုးချုပ်ဝမ်ကမူ ဘေးဘက်မှ စောင့်ကြည့်နေရင်း ချူစစ်သူကြီး ရုတ်တရက် ထရပ်ကာ အရှင်မင်းကြီးကို မထိခိုက်ပါစေနှင့်ဟု ဆုတောင်းနေရသည်။
တစ်ချိန်တည်းမှာပင် သူသည် ချူစစ်သူကြီးက အမှန်တကယ် သစ္စာရှိပြီး ဤသည်ကို သည်းခံနိုင်သော ဖြစ်ရပ်မှန်ကြောင့် နောက်တစ်ကြိမ် ဝမ်းနည်းသွားရပြန်သည်။
ရိုးရာထုံးတမ်းဓလေ့ဝန်ကြီးဌာနမှ မှူးမတ်များ ထွက်ခွာသွားသောအခါ ချူထင်းရှိူ့ နောက်ဆုံး၌ စကားပြောလိုက်နိုင်တော့သည်။ " အရှင်မင်းကြီး... " သူ့အသံက အနည်းငယ် ပြောင်းလဲသွားသည်။
အရှင်မင်းကြီး... အရှင်မင်းကြီးက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး လုပ်နိုင်ရတာလဲ!
သူသည် စာအုပ်များကို ဖတ်လေ့ရှိပြီး စားပွဲအောက်တွင် လူများက သူတို့၏ခြေထောက်များနှင့် ချိတ်ဆက်ထားကြခြင်း ဟူသော သရုပ်ဖော်ရေးသားချက်များကို ဖတ်ရှုဖူးသော်လည်း သူကိုယ်တိုင် ကြုံတွေ့ရလိမ့်မည်ဟုတော့ သူ တစ်ခါမှ မတွေးခဲ့ဖူးချေ။
ပိုမိုရှက်ရွံ့စရာကောင်းသည်မှာ... သူ ၎င်းကို အရမ်းသဘောကျသည်။
ယန်ကျင်းဇီ : " မင်းတို့ ထွက်သွားကြတော့။ "
ဝမ်ကျုံးနှင့် အခြားသူများ ချက်ချင်း ထွက်ခွာသွားကြသည်။
" အရှင်မင်းကြီး? " ချူထင်းရှိူ့သည် ရှက်ရွံ့ကာ စိုးရိမ်ပူပန်နေသည်။ အရှင်မင်းကြီးက ဘာလုပ်ချင်တာလဲ? ဒါက စာကြည့်ဆောင်လေ!
" မနေ့က ကိုယ် စားဖို့ မင်းကို စောင့်နေခဲ့ပေမယ့် မင်းက တစ်ခါမှ ရောက်မလာခဲ့ဘူး။ အဲ့တော့ ကိုယ် မင်းကို သင်ခန်းစာပေးရမယ်လို့ တွေးထားခဲ့တယ်။ " ယန်ကျင်းဇီ ဆိုခဲ့သည်။
ချူထင်းရှိူ့ အံ့အားသင့်သွားသည်။ ထို့နောက် သူ့ခြေထောက်တစ်ဖက်မှာ ဆွဲယူခံလိုက်ရပြီး သူ့ဖိနပ်မှာ အချွတ်ခံလိုက်ရကာ ဤအခိုက်အတန့်၌ ယန်ကျင်းဇီကလည်း သူ့ခြေဖဝါးကို ဖမ်းကိုင်လိုက်လေသည်။
ချူထင်းရှိူ့ : " ... " ဒါက အရှင်မင်းကြီး သူ့ကို သင်ခန်းစာပေးတဲ့ပုံစံလား?
ခြစ်ကုတ်ချက်များစွာကို ချူထင်းရှိူ့က မတုံ့ပြန်ခဲ့ပေ။ သူက သက်ပြင်းချကာ ပြောသည် : " အရှင်မင်းကြီး ငါက စစ်ချီတက်နေကျပါ... ပြီးတော့ ငါ မယားတတ်ဘူး။ "
စကားများကို တုံ့ပြန်သည့်အနေဖြင့် ယန်ကျင်းဇီသည် ချူထင်ရှိူ့၏ခြေအိတ်များကို ချွတ်လိုက်သည်။ ထိုအခါမှသာ သူသည် ချူထင်းရှိူ့၏ခြေဖဝါးတွင် အသားမာ အမာရွတ်များစွာ ရှိသည်ကို တွေ့ရှိသွားရသည်။ ချူထင်းရှိူ့ မယားတတ်သည်မှာ အံ့ဩစရာမရှိချေ။
ဤခြေထောက်တစ်စုံကို မြင်လိုက်ရတော့ ယန်ကျင်းဇီ၏ ယခင်က ပရောပရည်လုပ်ချင်သော အတွေးများအားလုံးမှာ ပျောက်ကွယ်သွားပြီး သူ၏နှလုံးသားကိုက်ခဲမှုတစ်ခုသာ ကျန်ရစ်ခဲ့သည်။
" အရှင်မင်းကြီး အဲ့ဒါက မသန့်ရှင်းပါဘူး။ " ချူထင်းရှိူ့ ပြောလိုက်သည်။
" ဘာမှမဖြစ်ဘူး။ " ယန်ကျင်းဇီသည် ချူထင်းရှိူ့၏ခြေထောက်များကို သူ့ရင်ခွင်ထဲတွင် ထိန်းကိုင်ထားပြီး ခြေအိတ်များနှင့် ဖိနပ်များကို ညှင်သာစွာ ဝတ်ဆင်ပေးခဲ့သည်။ ပြီးနောက် သူသည် ချူထင်းရှိူ့၏ထိုင်ခုံပေါ်သို့ တိုးဝင်ကာ ချူထင်းရှိူ့ကို ပွေ့ဖက်၍ နမ်းရှူံ့လိုက်သည် : " ကိုယ် မင်းကို ပွေ့ဖက်ထားပါရစေ။ "
...
အရာရာတိုင်းကို ရိုးရှင်းစွာ ဆောင်ရွက်မည်ဆိုလျှင်တောင်မှ ဘွားတော်ကြီးအတွက် ဈာပနအခမ်းအနားကဲ့သို့သော တစ်စုံတစ်ရာမှာ မဖြစ်မနေ ကျင်းပဆောင်ရွက်ရမည်ပင်။
ယန်ကျင်းဇီဆိုလျှင်တောင်မှ သူသည် ဆက်လက်ဟန်ဆောင်နေရဦးမည်ဖြစ်သည်။
အခြားသူများအတွက်ကတော့...
ယန်ကျင်းဇီ မသွားရောက်ခင် သူသည် ပင်းဝမ်က ဘွားတော်ကြီး၏ အခေါင်းတလားရှေ့တွင် ငိုကြွေးနေကြောင်း ကြားသိပြီးပြီဖြစ်ကာ သူ ရောက်သွားချိန်တွင် ပင်းဝမ်က ကြေကွဲနေသော နှလုံးသားဖြင့် အခေါင်းတလားရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။
အခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် သူ့သရုပ်ဆောင်စွမ်းရည်မှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာနိုင်တော့ဟု ခံစားလိုက်ရကာ ချက်ချင်း ပြောဆိုလိုက်သည်။ " ပင်းဝမ်ရဲ့ဝတ္တရားကျေပွန်သိတတ်မှုကတော့ ချီးကျူးထိုက်ပါတယ်။ ကိုယ်တော် အခုတလော နေမကောင်းတော့ ဘွားတော်ကြီးအတွက် ညစောင့်ကို ပင်းဝမ်စီမှာ အပ်ထားလိုက်ပါ့မယ်။ "
အမတ်မင်းများအားလုံးသည် အရှင်မင်းကြီးက ညစောင့်အဖြစ် မနေချင်ကြောင်း သိရှိကြသော်လည်း သူတို့ သူ၏ ဤသို့သော အပြုအမူမှ မည်သည့်အမှားကိုမျှ မထောက်ပြနိုင်ပေ။
ဘွားတော်ကြီး အသက်ရှိစဉ်ကာလ၌ သူ(မ)သည် အရှင်မင်းကြီး၏ ညံ့ဖျင်းသော ကျန်းမာရေးကို အကြောင်းပြကာ ဆယ်နှစ်ကြာသည့်အထိ ညီလာခံသို့ မတက်ရောက်ခိုင်းခဲ့ချေ။ ယခု အရှင်မင်းကြီး နေမကောာင်းသဖြင့် ညစောင့်အဖြစ် မနေခြင်းမှာ သင့်တော်လေသည်။
သို့သော် ပင်းဝမ်...
ပင်းဝမ် စိတ်ရှုပ်သွားသည်။
သူသည် ဆုတောင်းပတ္ထနာပို့သခြင်းကို ညစောင့်အဖြစ် ဆက်လက်ဆောင်ရွက်တော့မည်ဖြစ်သော်လည်း ဧကရာဇ်က မလုပ်ဘဲ သူ့ကို ဤနေရာတွင် နေခိုင်းခဲ့သည်။ သူ့ကို နည်းနည်းတော့ မပျော်မရွှင်ဖြစ်စေတယ်!
ထို့ပြင် သူသည် မူလက ဧကရာဇ်အား သူနှင့်အတူ ဆုတောင်းပတ္ထနာပို့သစေချင်ခဲ့ပြီး ဧကရာဇ်အား အပြင်းအထန် ဖျားနာစေချင်ခဲ့သည်။
အဲ့ဒါကို မေ့လိုက်တော့။ သို့သော် ယန်ကျင်းဇီက ဆက်ပြောသည် : " ကြင်ရာတော်တွေက အသက်မငယ်တော့ဘဲ ပင်းယုံက အသက်ငယ်သေးတယ်ဆိုတော့ ညဘက်မှာ ဆုတောင်းပတ္ထနာပို့သဖို့ ဆက်လက်မဆောင်ရွက်တာကို ခွင့်ပြုတယ်။ ဒါပေမယ့် ပင်းဝမ်ကိုတော့ ဆက်လက်ကြည့်ရှူခွင့်ပြုတယ်။ "
နှောင်းဧကရာဇ်၏ အငယ်ဆုံးသားတော် ပင်းယုံသည် ဤနှစ်တွင် အသက်ဆယ့်သုံးနှစ် ရှိပြီဖြစ်ကာ မငယ်ရွယ်တော့ချေ။
ပင်းဝမ် : " ... " ဘာလို့ ဧကရာဇ်က သူ့ကို ပစ်မှတ်ထားနေတယ်လို့ သူ ခံစားရတာပါလိမ့်?
သို့သော် သူ ဤသို့တွေးမိပြီး သူ၏ ကြောက်တတ်သော အစ်ကိုတော်ကို ကြည့်လိုက်သောအခါ အသေးငယ်ဆုံး ကွဲပြားချက်ပင် မရှိဘဲ သူ့အစ်ကိုတော်က သူ့ကို ပြုံးပြနေသည်ကိုသာ သူ တွေ့လိုက်ရသည်။
ပင်းဝမ်သည် ဧကရာဇ်ကို ကျေးဇူးတင်ကာ အမိန့်တော်ကို လက်ခံရုံသာ တတ်နိုင်လိုက်သည်။
ခဏတာ လှည့်ပတ်သွားလာပြီးနောက် ယန်ကျင်းဇီသည် ပြန်သွားကာ ချူထင်းရှိူ့နှင့်အတူစားရန် ဝမ်ကျုံးအား အစားအသောက်များ ပြင်ဆင်ခိုင်းခဲ့သည်။
စားပွဲဝိုင်းတစ်ဝက်တိတိလုံး အသားဟင်းပွဲများနှင့် ပြည့်နှက်နေသည်။
" အရှင်မင်းကြီး ပင်းဝမ်ကို စိတ်တိုင်းမကျဘူးလား? " ချူထင်းရှိူ့ မေးမြန်းလိုက်သည်။
" ကိုယ့်ကို ကျင်းဇီလို့ ခေါ်။ "
ချူထင်းရှိူ့ : " ...ကျင်းဇီ "
ယန်ကျင်းဇီ : " သူက ကိုယ့်ရှေ့မှာ မင်းမကောင်းကြောင်းတွေ ပြောနေခဲ့တာ၊ မင်းက ရည်မှန်းချက်ကြီးမားပြီး ကိုယ်က မင်းကို သတိထားသင့်တယ်၊ ပြီးတော့ သိပ်မကြာခင် မင်းကို ဖယ်ရှားလိုက်ရင် ပိုကောင်းတယ် ဆိုပြီး ပြောနေခဲ့တယ်... ကိုယ် မင်းကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် ကိုယ့်စီမှာ ဘာဖြစ်လာနိုင်တယ်လို့ မင်း ထင်လဲ? "
ချူထင်းရှိူ့ ထိတ်လန့်သွားသည်။
ထို့နောက် ယန်ကျင်းဇီက ဆက်ပြောသည် : " မင်း သူ့ကို သတိထားရမယ်... ဟုတ်သားပဲ မင်း မင်းရဲ့ညီမကိုလည်း အနီးကပ် သေချာစောင့်ကြည့်သင့်တယ်။ သူ(မ)နဲ့ ပင်းဝမ်မှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ "
မူလပိုင်ရှင် ချူထင်းရှိူ့ကို သတ်ဖြတ်ပြီးနောက် သူသည် မြောက်ပိုင်းတပ်ကို ငြိမ်သက်စေရန် ချူထင်းလန်ကို လက်ထပ်ခဲ့ရခြင်းမှာ ချူထင်းရှိူ့၏ တပ်သားများသည် အလျင်စလိုဖြင့် ပြဿနာဖြစ်စေချင်နေခဲ့ကြသောကြောင့်ဖြစ်သည်။
ထို့နောက် ထုံးစံအတိုင်း ချူထင်းရှိူ့၏ လက်အောက်ငယ်သားများသည် ပင်းဝမ်ထံသို့ သိမ်းသွင်းခံလိုက်ရပြီး ချူထင်းလန်သည် မူလပိုင်ရှင်ကို အဆိပ်ခပ်သတ်ခဲ့သဖြင့် ပင်းဝမ်သည် တပ်သားတစ်ယောက်ကိုပင် မစတေးရဘဲ ဧကရာဇ် ဖြစ်လာခဲ့သည်ဟု ပြောနိုင်သည်။
ယခု ထိုအခြင်းအရာများတစ်ခုမှ မဖြစ်ပျက်သေးပေ။ အမှန်ဆိုလျှင် မူလပိုင်ရှင် ထိုသို့အဆုံးသတ်သွားရခြင်းမှာ သူ့အမှားကြောင့်သာ ဖြစ်သည်။ အမှန်တရားအတိုင်း ပြောရမည်ဆိုလျှင် ယန်ကျင်းဇီသည် ပင်းဝမ်ကို သိပ်မမုန်းသဖြင့် ပင်းဝမ်သာ ဤနေရာတွင် ရပ်တန့်သွားမည်ဆိုလျှင် သူ ပင်းဝမ်ကို လွှတ်ပေးနိုင်သည်။ သို့သော် သေချာတာပေါ့၊ ဤလူကို အနည်းငယ် လှိမ့်ပိန့်ခံစေရမည်မှာ မလွဲဧကန်ပင်။
" ထင်းလန်ကို ပြောတာလား? " ချူထင်းရှိူ့ အံ့အားသင့်သွားပြန်သည်။
ယန်ကျင်းဇီက ခေါင်းညိတ်ပြခဲ့သည်။
ချူထင်းရှိူ့သည် ယန်ကျင်းဇီအား ရှုပ်ထွေးနေသော အကြည့်များနှင့် ကြည့်လိုက်သည်။
သူ သူ့ညီမနှင့်ပင်းဝမ်တို့အကြောင်း ဘာမှမသိသော်လည်း အရှင်မင်းကြီးက သိထားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူ အခြေအနေ မေးမြန်းခဲ့ပြီး ကျိုးကြောင်းညီစွာ ကျန်းမာရေးကောင်းသေးသော ဘွားတော်ကြီးသည် ရုတ်တရက် ဆုံးပါးသွားခဲ့သည်။ အအေးနန်းဆောင်မှ လူများလည်း အတူတကွ သေဆုံးသွားသော်လည်း အရှင်မင်းကြီးက မအံ့ဩခဲ့ပေ။ ၎င်းမှာ အရှင်မင်းကြီး၏လက်ချက် ဖြစ်နိုင်သည်။
သူ အရှင်မင်းကြီးအကြောင်း အလွန်အနည်းငယ်သာ သိထားသေးသည်။
ချူထင်းရှိူ့ နောက်တစ်ကြိမ် လက်ဦးမှုရယူကာ ယန်ကျင်းဇီကို နမ်းလိုက်သည် : " အရှင်မင်းကြီး ငါ ဒီည နေမယ်။ "
ယန်ကျင်းဇီ : " ... " သူ့အချစ်က တကယ့်ကို တက်တက်ကြွကြွ ရှိလွန်းတယ်!
ချူထင်းရှိူ့၏ ထိခိုက်ဒဏ်ရာမှာ နောက်ထပ်ရက်အနည်းငယ်အတွင်း ပိုမိုကောင်းမွန်သက်သာလာလိမ့်မည်။ ယန်ကျင်းဇီ ဘာမှမလုပ်ချင်သော်လည်း ချူထင်းရှိူ့က အရမ်းတက်ကြွလွန်းသည်...
ဤညတွင် တလှုပ်လှုပ် အနီရောင်စောင်ထည်လှိုင်းတံပိုးများ ပြတ်တောက်မှု မရှိခဲ့ပါချေ။
နောက်တစ်နေ့၌ ပင်းဝမ် ဆုတောင်းပတ္ထနာအခမ်းအနားတွင် ရှိနေစဉ် ယန်ကျင်းဇီသည် မှူးမတ်အချို့ကို ခေါ်တွေ့ခဲ့ပြီး ဆုံးမလိုက်သည်။ သူ့တွင်လည်း သူတို့၏လွှမ်းမိုးမှုကို တိုးပွားများပြားစေရန် နန်းတော်ပြင်ပသို့ စေလွှတ်နိုင်သည့် လူများ ရှိပေသည်။
ယခင်က အများအပြား မဆောင်ရွက်ခဲ့ဖူးသော ဧကရာဇ်မင်းသည် သူ၏ လက်တံခြေတံများကို စတင်ဆန့်ထုတ်လာပြီဖြစ်သည်။
ယန်ကျင်းဇီထံမှ အစည်းအဝေးသို့ ဆင့်ခေါ်ခံရသော မှူးမတ်များတွင် အများစုမှာ ယခင်က ပင်းဝမ်ကို မထောက်ခံခဲ့ဖူးသော်ငြား ယန်ကျင်းဇီကိုလည်း အထင်မကြီးခဲ့ကြပေ။ သူတို့သည် ဆင့်ခေါ်ခံရသောအခါ ယန်ကျင်းဇီထံမှ ထက်အောက်ပြောင်းပြန်လန်အောင် အလဲထိုးခံလိုက်ရကာ သူတို့အားလုံး ချွေးအေးများ ရွှဲရွှဲစိုသွားကြသည်။
သူတို့ အရှင်မင်းကြီးကို အထင်မသေးခဲ့သင့်ဘူး!
ယခု အရှင်မင်းကြီးက သူ့လက်ကို စတင်ဆန့်ထုတ်ပြီဖြစ်လေရာ သူတို့ သိချင်မိသည်မှာ ချူထင်းရှိူ့နှင့်ပင်းဝမ်တို့တွင် ဘာဖြစ်လိမ့်ကြမလဲ?
ဖြစ်နိုင်တာ ချူထင်းရှိူ့ရဲ့ ဘုရင်မ ရွေးချယ်ဖို့ ကန့်ကွက်ချက်က အရှင်မင်းကြီးကို စိတ်မကျေနပ်မှုကြောင့်များလား?
ထိုစဉ် ချူထင်းရှိူ့သည် ပင်းဝမ်နှင့် တွေ့ဆုံခဲ့သည်။
စစချင်း ချူထင်းရှိူ့ နေရာတကာတွင် တိုက်ခိုက်နေဆဲဖြစ်ပြီး မြို့တော်ထဲ တစ်ခါမှ မဝင်ရောက်ဖူးသေးချိန်၌ကပင် ပင်းဝမ်သည် ချူထင်းရှိူ့အား သတိထားမိနေပြီဖြစ်ပြီး ထောင်ချောက်တစ်ခုကိုပင် ပြင်ဆင်ကာ ချူထင်းရှိူ့၏ညီမဖြစ်သူကို ချော့မော့ဆွဲဆောင်ခဲ့သည်။
ချူထင်းရှိူ့ မြို့တော်ထဲ ဝင်ရောက်သောအခါ သူသည် ချူထင်းရှိူ့နှင့် ရင်းနှီးစေရန် တစ်စုံတစ်ယောက်အား ရှာဖွေခြင်းကိုတောင် ထပ်တလဲလဲ ပြုလုပ်ခဲ့၏။
သူသည် ချူထင်းရှိူ့က ငါးစာကို လုံးဝ မိပင်မမိသည့်အထိ ယန်ကျင်းဇီအပေါ် အလွန်သစ္စာစောင့်သိလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။
သူသည် ဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့သဖြင့် သူ့အတွေးများကို ကန့်သတ်ထိန်းချုပ်ပြီး ချူထင်းရှိူ့နှင့် သူ့အစ်ကိုတော်တို့ နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုကို ခံစားရမည်ကိုသာ စောင့်ဆိုင်းနေနိုင်သည်။
မကြာသေးမီကမှ အဆုံးမှာတော့ ကိစ္စသည် အဦးအစတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဖြစ်ရပ်များ၏ အသေးစိတ်အတိအကျကို သူ မသိသော်လည်း ချူထင်းရှိူ့က နန်းတော်ထဲတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ယနေ့ ညီလာခံ၌ ဘုရင်မရွေးချယ်မည့်ကိစ္စကို ဆန့်ကျင်ခဲ့၏...
ဤလူနှစ်ယောက်ကြားတွင် ပဋိပက္ခတစ်ခုတော့ ရှိကိုရှိလိမ့်မည်ဖြစ်သည်။
ဝမ်းနည်းပူဆွေးခြင်းဝတ်စုံများကို ဝတ်ဆင်ထားသော ပင်းဝမ်သည် ချူထင်းရှိူ့ကို တားမြစ်ခဲ့သည်။
ချူထင်းရှိူ့ မေးလိုက်သည် : " ပင်းဝမ် ဘာကိစ္စရှိပါသလဲ? "
ပင်းဝမ်က ပြောခဲ့သည် : " ချူစစ်သူကြီး ဒီမင်းသားမှာ ရွှေရောင်ဒဏ်ရာလိမ်းဆေး ဆေးဝါးကောင်းတချို့ကို ရထားတယ်... စစ်သူကြီး သင်က တပ်အရာရှိတစ်ဦး ဖြစ်တာမို့ သင် သေချာပေါက် အဲ့ဆေးကို အသုံးပြုနိုင်ပါတယ်... "
ပင်းဝမ်နှင့်ချူထင်းရှိူ့တို့ စကားပြောဆိုခဲ့ကြသည်။
ချူထင်းရှိူ့သည် ယခင်အတိတ်ကာလ၌ ပင်းဝမ်ကို သိပ်ပြီး အာရုံမစူးစိုက်ထားခဲ့သော်လည်း ယနေ့ သူသည် ပင်းဝမ်နှင့် စကားပြောခဲ့သည်။ ယန်ကျင်းဇီနာမည် ထည့်သွင်းပြောဆိုခံရသောအခါ သူက ဘာမှမပြောသော်လည်း သူ့မျက်ခုံးများကတော့ တွန့်ချိုးနေခဲ့သည်။
ပင်းဝမ်သည် ဤအခြေအနေနှင့်ပတ်သက်၍ ပိုပိုပြီး စိတ်ကျေနပ်လာသည်။
သူသည် ချူထင်းလန်ထံမှ ချူထင်းရှိူ့သည် သူ(မ)အား ယန်ကျင်းဇီနှင့် လက်မဆက်စေချင်ကြောင်း သိရှိပြီးပြီဖြစ်သည်... ချူထင်းရှိူ့သည် အလွန်ရိုးသားသောလူ ဖြစ်သဖြင့် အညစ်အပတ် တစ်စုံတစ်ရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။ သူရဲ့ ဘုရင်မ ရွေးချယ်ဖို့ ကန့်ကွက်ချက်က အဲ့ဒါနဲ့ပတ်သက်တာလည်း ဖြစ်နိုင်တာပဲ!
သူ ချူထင်းရှိူ့ကိုသာ စည်းရုံးနိုင်မယ်ဆိုရင် သူရဲ့ ကြီးမြတ်တဲ့ အကြံအစည် ကျရှုံးမှာကို သူ ဘာကြောင့် စိတ်ပူနေရတော့မှာလဲ?