အပိုင်း ၅၈
Viewers 11k

Bamboo Shoot:

Chapter 58




သူမကယခုတွင် ကျုံးမာမား၏ ဖုန်းပြောသည့်အကြောင်းအရာများအကုန်လုံးကိုကြားလိုက်သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးသည့်အခါ သူမက အိမ်ကနေ အထုပ်ပြင်ပြီးထွက်သွားရမည်ဖြစ်သည်။ ကျုံးမိသားစု၏ သူမအပေါ် သဘောထားတို့မှာ ၁၈၀ဒီဂရီပြောင်းသွားခဲ့ချေပြီ။ ပထမတော့ ကျုံးရှစ်ရွှမ်က ထိတ်လန့်တုန်လှုပ်ကာ မှင်သက်နေမိခဲ့ပေမယ့် ယခုတော့ သူမသည် တည်ငြိမ်နေခဲ့သည်။ အိပ်မက်ဆိုးချောက်နက်ထဲသို့  ရောက်နေသည့်အလား။ 

ဘဝအမှန်ကဖော်ထုတ်ခံလိုက်ရပြီး သူမကြောက်လန့်ခဲ့သည့် အိပ်မက်ဆိုးလဲ လက်တွေ့ဖြစ်လာခဲ့ကာ သူမတွင် ထပ်ဆုံးရှုံးစရာမရှိတော့ပေ။ 


သူမက သူမမဟုတ်တော့သလို သူမ၏အမေအရင်းကြောင့် ဆိတ်ဆိတ်သာနေရင်း သည်းခံနေရုံသာ နေတော့သည်။


သို့သော် သူမသည် ကျုံးယို့ယို့ကို အရှုံးလိုက်မည်မဟုတ်ပေ။ 


တစ်ချိန်တည်းမှာပင် ရှစ်မိသားစုသည် စုဝေးနေကြသည်။


အဖိုးကြီးရှစ်က သတင်းစာကိုပစ်ချလိုက်ကာ ရှုပ်ထွေးနေသည့် အမူအရာဖြင့် “ မင်းစေ့စပ်ပွဲကိုဖျက်ချင်တယ်လို့ ပြောလာတာ မထူးဆန်းတော့ပါဘူး။ ဒီကိစ္စကြောင့်ဖြစ်နေတာပဲ။ ကျုံးမိသားစုကဘယ်လိုလုပ်နေတာလဲ? ကိုယ့်ကလေးကဘယ်သူဆိုတာတောင်မသိကြဘူးလား? ကျုံးကော်ချန် (ကျုံးပါပါး)က ပျော်ပျော်ပါးပါးနေတတ်ပြီး စည်းကမ်းကြီးတဲ့ သူဌေးတစ်ယောက်… သူကိစ္စကြီးကို ဖော်ထုတ်လိုက်တာ နှစ်ရက်ပဲရှိသေးတယ်။ တစ်မြို့လုံး အုတ်အော်သောင်းနင်းတွေဖြစ်ကုန်ပြီ။” ( Note : ယို့ယို့ အဖေနာမည်က အရှေ့အပိုင်းတွေမှာ ကျုံးဝေ့ကော်ပါ။ ဒါပေမယ့် etran က ကျုံးကော်ချန်ဆိုပြီး ပြန်ထားလို့ ကျုံးကော်ချန်လို့ပဲ‌ရေးလိုက်ပါတယ်။) 


ရှစ်ကျစ်ထန်ကပြန်မပြောခဲ့ပေ။ သူစေ့စပ်ပွဲကို ဖျက်ချင်တာက မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ သမီးအရင်းမဟုတ်တာကြောင့် မဟုတ်ဘဲ အရင်ဘဝကအဖြစ်အပျက်တွေကြောင့်သာ ဖြစ်သည်။ သို့သော် အဖိုးအထင်လွဲသွားလျှင်လည်း ကိစ္စမရှိပေ။ 


လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ကာ သတင်းစာထက်ရှိ ညနေခင်းဝတ်စုံနှင့်လှပနေသော မိန်းကလေးကိုကြည့်ရင်း ပြောလိုက်သည်။ “ ဒီလိုဖြစ်လာမှတော့ ဖျက်လိုက်လေ။ ယို့ယို့နဲ့ စေ့စပ်လိုက်။ ကလေးမလေးက ကျုံးယို့ယို့လို့ခေါ်တယ်မလား? ငါသူမကိုမှတ်မိတယ်။ သူမကမင်းကို သဘောကျနေတဲ့ ကလေးမလေးမလား? ဒါပေမယ့် သူမနဲ့ ချင်းမိသားစုက ကလေးရဲ့ နှစ်ယောက်တွဲ ဓာတ်ပုံတွေကဘာလို့…” 


သူစကားမဆုံးသေးခင်မှာပင် ရှစ်ကျစ်ထန်ကဖြတ်ပြောလိုက်၏။ 


“အဖိုး… သူမက ကျွန်တော့်ကို သဘောမကျတော့ဘူး” ရှစ်ကျစ်ထန်ကခါးသက်သက်နှင့်ပြောလိုက်သည်။ ၎င်းက သူ့နှလုံးသားကို ဓားနှင့်ထိုးနေသလိုပင်။ နောက်ဆုံးတော့ သူဘာကိုဆုံးရှုံသွားရလဲဆိုသည်ကို သဘောပေါက်လာရသည်။ 


လူအိုကြီးက မှင်သက်သွားပြီးနောက် ဖြူဖျော့သွားကာ “ မင်းဘာကို ဆိုလိုတာလဲ?”


“သူမက ကျွန်တော့်ကိုသဘောမကျတော့ဘူး” ရှစ်ကျစ်ထန်က နောက်တစ်ခေါက်ထပ်ပြောလိုက်သည်။ “ကျွန်တော့်အပြစ်ပါ။ ကျွန်တော်တန်ဖိုးမထားခဲ့မိတာ။ အခုအရမ်းနောက်ကျသွားပြီ။” 


“ဘာကိုနောက်ကျတာတုန်းကွ” လူအိုကြီးက သူ့မြေး၏ ယခုလိုပုံစံကိုမြင်ရသောအခါ တုတ်ကောက်နဲ့ မရိုက်ဘဲမနေနိုင်တော့ပေ။ 


“မင်းကိုယ်မင်း ကြည့်စမ်းပါဦး ကျောင်းမသွားဘဲနဲ့ အိမ်မှာပဲ ဂိမ်းဆော့နေတယ်။ နည်းနည်းလေးအဆင်မပြေတာနဲ့ စိတ်ဓာတ်ကျနေရလား? မင်းကငါ့မိသားစုကမှ ဟုတ်ရဲ့လား? သူမက သဘောမကျတော့တာနဲ့ပဲ လက်လျော့လိုက်တော့မလို့လား? အသုံးမကျလိုက်တာ!” 


မွေးနေ့ပွဲမှ ကျုံးယို့ယို့နှင့် ချင်းယောင်၏ ပုံရိပ်များသည် သူ့ကိုသတ်နေသလိုပင်။ အတိတ်တုန်းကသူ့ကို သဘောကျခဲ့သည့်သူ၊ နှစ်တိုင်း မွေးနေ့ပွဲတွင် သူနှင့်အတူတွဲကရန် မုန့်ရှစ်ရွှမ်နှင့်ရန်ဖြစ်ခဲ့သောသူသည် ယခုသူ့ကို လှည့်ပင်မကြည့်တော့ချေ။ ကြည့်ခဲ့လျှင်တောင်မှ သူစိမ်းတစ်ယောက်ကို ကြည့်နေသည်ထက်မပိုတော့ပေ။ 


လူတွေက သူတို့တွင်ရှိသည့် အရာအားလုံးကို မဆုံးရှုံးခင်အချိန်ထိ တန်ဖိုးထားဖို့မေ့နေတတ်ကြသည်။ သို့သော် သူတို့နောင်တရသည့်အချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ သူ၏ နှလုံးသားတွင် ခံစားနေသည်ကလည်း အချည်းနှီးပင်။ 


ဒီနှစ်မွေးနေ့ပွဲသည် အလွန်စည်ကားခဲ့၏။ ကျုံးယို့ယို့က သူမပိုင်ဆိုင်သည့် အရာအားလုံးကိုပြန်ရသွားခဲ့သည်။ သူမက အာရုံစိုက်ခံရမှုများ၏ ဇာတ်ကောင်ဖြစ်နေပြီး အရာအားလုံး သက်ဝင်လှုပ်ရှားနေသည့်အချိန်တွင် သူသည် သူမကို ဆုံးရှုံးလိုက်ရမှန်းသိလိုက်ရသည်။ 

ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်တွင် အတန်း(၁၉)သည် ဆူညံနေကာ အတန်းရှေ့တွင် တရုတ်ဘာသာဆရာ ရှိနေသည်ကိုပင် လျစ်လျူရှုနေကြပြီး ဖုန်းများကိုထုတ်၍ ဖိုရမ်တွင် မဲပေးနေကြသည်။ ကျောင်းပန်းပွင့်ကလေးတွေ! ကျောင်းပန်းပွင့်ကလေးတွေကွ! ဒီည ၁၂နာရီတွင် မဲပေးခြင်းပိတ်သိမ်းမှာဖြစ်သည်။ 


အထက်တန်းသုံးနှစ်တွင် အတန်း(၁၉)သည် နှစ်သိမ့်ဆုမှလွဲ၍ တစ်ခါမှဆုမရဖူးပေ။ ကျောင်းတွင် ရှိသော ဆု များသည် အဆင့်မြင့်တန်းကသာ ရယူခဲ့ကြသည်။ သူတို့အတန်းက မရှိသလိုပင်။ ယခုတွင်တော့ ကွာခြားသွားခဲ့သည်။ ကျုံးယို့ယို့ကလဲ အခြေအနေပြောင်းလာကာ သူတို့အတန်းက ဖိုရမ်တွင် မကြာခဏ ဆုရစာရင်းဝင်လေသည်။


မွေးနေ့ပွဲကျင်းပသည့်နေ့တွင် ကျုံးယို့ယို့၏ သရုပ်မှန်ကို ဖော်ထုတ်လိုက်ပြီးနောက်တွင် ကျောင်းပန်းပွင့်ကလေးသည် သူမဖြစ်လာလိမ့်မည်ကို သူတို့ကသိပြီးသားဖြစ်သည်။ မြစိမ်းရောင် ညနေခင်းဝတ်စုံနှင့် ဓာတ်ပုံတို့သည် ရင်သပ်ရှုမောဖွယ် လှပလွန်းသည်။ 


ထိုဓာတ်ပုံတို့ကိုတင်လိုက်သည့်နောက်တွင် ကျုံးယို့ယို့၏ မဲများသည် တရှိန်ထိုးမြင့်တက်သွားသည်မှာ တခြားကျောင်းမှ ကျောင်းသားများပါ ဖိုရမ်ထဲသို့ဝင်၍ မဲများပေးနေကြသလိုပင်။ နောက်ဆုံးတွင်တော့ ကျုံးယို့ယို့၏ မဲများသည် မုန့်ရှစ်ရွှမ်ထက် နှစ်ဆပိုများကာ အပြတ်အသတ်ပင် နိုင်သွားတော့သည်။ 


ဟုတ်ပြီကွ!!! 


သူတို့က ကျောင်းပန်းပွင့်ကလေးသည် သူတို့အတန်းမှ ကျုံးယို့ယို့ဖြစ်လာလိမ့်မည်ကို သိနေကြသော်လည်း မဲရလဒ်ကိုကြည့်ကာ အတန်း(၁၉)မှ ကျောင်းသားတို့သည် အလွန်အမင်းစိတ်လှုပ်ရှားနေခဲ့ကြ၏။ သူတို့က မိုးပေါ်သို့ ပျံတက်သွားသလိုပင် ခံစားနေရသည်။ 

အတန်း(၁၉)က လူအများ၏ အာရုံစိုက်ခံရကာ ဖိုရမ်တွင် လာမေးကြတော့သည်။


 “ အတန်း(၁၉)မှာ မိန်းမလှလေး ရှိတယ်ပြောတယ်။ အဲ့ဒါ တကယ်ပဲလား? ရှေ့ဆုံးတန်းမှာထိုင်တဲ့ ဆံပင်မြင့်မြင့်စည်းထားလေ့ရှိတဲ့ တစ်ယောက်လေ? ငါကြားမိတာတော့ သူမကို တစ်ယောက်ယောက်က ထမင်းအတူတူစားဖို့....” 


ရွှီရှောင်ယွဲ့က ထိုပို့စ်ကိုကြည့်ရင်း နှလုံးခုန်မြန်နေကာ စိတ်လှုပ်ရှားနေတော့သည်။ ထိုပို့စ်က သူမကိုပြောနေခြင်းဖြစ်ပြီး သူတို့အတန်းသည် ထိုကဲ့သို့ သတိထားခံရပြီး အာရုံစိုက်ခံရသည်မှာ ရှားပါးလွန်းသော အဖြစ်အပျက်ပင်။ 


သူမက ဒီအတိုင်း ဖြတ်လျှောက်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ စာပြန်လိုက်၏။ “ အိုး...အဲ့ကောင်မ‌လေး! သူမနာမည်က ရွှီရှောင်ယွဲ့တဲ့။ သူမက ချောမောလှပရုံတင်မကဘူး စာလဲတော်‌တယ်။” 


 သူမကပို့လိုက်ပြီးနောက် ဘေးပတ်လည်ရှိ အတန်းဖော်တို့ကို မလုံမလဲကြည့်လိုက်ကာ မသိမသာလေးပြုံးလိုက်၏။ 


သူမတင်မဟုတ်၊ ရှစ်ယိမုန့်အပါအဝင် အတန်း(၁၉)ရှိ အရပ်ရှည်ပြီး ချောမောသော ယောက်ျား‌လေးများသည်လည်း ဖိုရမ်ပေါ်တွင် နာမည်ကြီးနေကြသည်။ 


သူတို့၏ လေထုတို့သည် အတန်းထဲတွင်ကူးစက်နေပြီး ကျုံးယို့ယို့က မေးခွန်းတို့ကိုပြန်ဖြေရန် ရည်ရွယ်ချက်မရှိပေ။ သူမက ဖုန်းကိုထုတ်ကာ မဲရလဒ်ကို ချင်းယောင်ဆီသို့ ပို့လိုက်သည်။ တစ်စုံတစ်ယောက်က အခန်းပေါက်ဝမှအော်ပြောလာခဲ့၏။ 


“ အတန်း(၁၉) ခေါင်းဆောင်! ဖွင့်ပွဲအခမ်းအနားမှာသုံးတဲ့ ပစ္စည်းတွေယူလာခဲ့ပါ။” 


ကျုံးယို့ယို့က သိုလှောင်ခန်းထဲသို့သွားကာ အတန်း(၁၉)၏ ပစ္စည်းများကိုလော့ကာထဲသို့ ပြန်ထည့်နေသည်။ သိုလှောင်ခန်းထဲတွင် တခြားအတန်းမှသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကျုံးယို့ယို့ကို နှုတ်ဆက်ချင်သော်လည်း နှုတ်မဆက်ရဲ ဖြစ်နေကြသည်။ 


ဖွင့်ပွဲမတိုင်ခင်၌ ကျောင်းသားများသည် ဒီနှစ်တွင်လည်း မုန့်ရှစ်ရွှမ်ပင် မဲအများဆုံးရကာ ကျောင်းပန်းပွင့်ကလေး ဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြမိသည်။ 

သူတို့ကဘာပြောခဲ့ကြလဲ?


“ ကျုံးယို့ယို့နဲ့ ကျုံးရှစ်ရွှမ်ကို ယှဥ်ကြည့်မယ်ဆိုရင် စင်ဒရဲလားနဲ့ မင်းသမီးလေးလို ဖြစ်မနေဘူးလား?” 


သို့သော် သူတို့ထင်မထားခဲ့သည်က အဖြစ်မှန်မှာ ကျုံးရှစ်ရွှမ်ကအယောင်ဆောင်ဖြစ်ပြီး ကျုံးယို့ယို့ကသာ သမီးအရင်းဖြစ်နေသည်ကိုပင်။ ကံကောင်းသည်က သူတို့သည် ထိုအချိန်တွင် စိတ်ဝင်စားမှုအပြည့်ဖြင့် ဆွေးနွေးနေရုံမျှသာဖြစ်ပြီး မှားယွင်းသောလုပ်ရပ်တို့ကိုမလုပ်ခဲ့ကြပေ။ ထို့ပြင်  ဆွေးနွေးနေသည့် အကြောင်းအရာတို့ကို ကျုံးယို့ယို့က ကြားသွားခဲ့၏။ 


ရှက်ဖို့ကောင်းလိုက်တာ...


ထိုနေ့က ကျုံးယို့ယို့ကို လှောင်ပြောင်ခဲ့ကြသည့်သူတို့သည် မျက်နှာဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားရကာ နာကျင်နေကြတော့သည်။ ယခုတွင် ကျုံးယို့ယို့၏ အခြေအနေကြောင့် သူမနှင့် ရင်းနှီးချင်ကြ၊ စကားပြောချင်နေကြသော်လည်း ‌ရှေ့မတိုးရဲဖြစ်နေကြတော့သည်။ 

လူအများနှင့်ဆက်ဆံရေးကောင်းပြီး ကျစ်လျစ်ချောမောသော ကျောင်းကောင်စီ ဒုဥက္ကဌ ကျန်းရှင်းယီက သူမနားသို့ လျှောက်လာကာ ပြုံး၍ ပြောလိုက်၏။


 “ လေးနေမှာပဲ... ကူပေးရမလား?” 


အတန်း(၁၉)၏ လော့ကာက အပေါ်ဘက်တွင်ရှိကာ မြင့်လဲမြင့်လေသည်။ 


သူက ကျုံးယို့ယို့ဆီမှ ပစ္စည်းအပုံလိုက်ကြီးအား ကူသယ်ပေးရန်ပြင်လိုက်သော်လည်း ကျုံးယို့ယို့က သူ့ဆီမှ ပြန်ယူလိုက်ကာ အေးစက်စွာ ပြောလာခဲ့သည်။ 


“ မလိုဘူး” 


ကျုံးယို့ယို့အကြောင်း‌ေပြာနေခဲ့သော တခြားမိန်းကလေးများက ကျန်းရှင်းယီ၏ ချဥ်းကပ်မှုကိုတွေ့လိုက်သည့်အခါ သူတို့သည် စိတ်လှုပ်ရှားလာခဲ့၏။ သူတို့က စုအုံသွားကာ စိတ်အားထက်သန်စွာနှင့်မေးလိုက်ကြသည်။ 


“ ဟုတ်သားပဲ... ကျုံးယို့ယို့ ကိုယ်ပိုင်စာကြည့်ချိန်ပြီးရင် ညစာသွားစားမှာမလား? ငါဝယ်ကျွေးမယ်လေ။ အတူသွားရအောင်။ ကျောင်းရှေ့မှာ နို့လက်ဖက်ရည်ဆိုင် အသစ်ဖွင့်ထားတယ်ကြားတယ်။ အရမ်းအရသာရှိတယ်တဲ့။ ပြီးတော့ ပိန်းဥလုံးလေးတွေလဲ ရတယ်။” 


“ ပိန်းဥလုံး? ယို့ယို့မှာ ဓာတ်မတည့်တဲ့ အစားအစာရှိလား? အအေးတွေ‌ရောသောက်နိုင်လား?” 


တစ်ယောက်တစ်ပေါက်နှင့် ကျုံးယို့ယို့မှာ ခေါင်းကိုက်လာတော့သည်။ သူမက အလံတိုင်ကို လော့ကာထဲ ထည့်ကာ ဆောင့်ပိတ်လိုက်၏။ “ဘန်း” သူမ၏နောက်တွင်ရပ်နေသော မိန်းကလေးများမှာ လန့်သွားပြီး အပြုံးတို့ပျောက်ကွယ်သွားတော့သည်။


ကျုံးယို့ယို့က ဒီလူများ၏ ရင်းနှီးဖော်‌‌ရွေမှုများသည် ကျုံးမိသားစုကြောင့်သာဖြစ်ကြောင်းကိုသိသည်။ သူမက ထိုကဲ့သို့ အနှစ်မရှိသည့် အချည်းနှီး သူငယ်ချင်းများနှင့် ဆက်ဆံရေးကို မလိုချင်ပေ။ 


သူမကနောက်သို့လှည့်မလာဘဲ ထိုအတိုင်း မြဲမြံစွာရပ်နေပြီး အေးစက်စက်ပင် ပြောလာခဲ့သည်။ 


“ ငါ့ကို အချိုသပ်မနေကြနဲ့။ ငါက ကျုံးမိသားစုနဲ့ ဘာမှမပတ်သက်ဘူး။ ပြီးတော့ အရင်နှစ်တွေက နင်တို့ငါ့နောက်မှာဆိုးဆိုးဝါးဝါးပြောခဲ့တာတွေကိုလဲ ငါလက်တုံံ့ပြန်ဖို့စိတ်ကူးမရှိဘူး။” 


“ သေချာတာပေါ့... ငါ့ကိုအာရုံမစိုက်နဲ့... မုန့်ရှစ်ရွှမ်ကိုရောပဲ သူမနဲ့ပိုတောင်မတန်ဘူး” 


“...” ပစ္စည်းသိုလှောင်သည့် အခန်းသည် တိတ်ဆိတ်သွား၏။ 


မိန်းကလေးများက ကျုံးယို့ယို့၏ ဘွင်းဘွင်းရှင်းရှင်း ပြောလာသည့် စကားတို့ကြောင့် ရှက်သွားကြသည်။ 

ကျုံးယို့ယို့က သူတို့ကိုကြည့်၍ ခုံအမြင့်ပေါ်မှ ခုန်ချလိုက်ရင်း တံခါးကိုဖွင့်ကာ ထွက်သွားတော့သည်။ 

တကယ်တမ်း အခုလိုဖြစ်သည်မှာ သိုလှောင်ခန်းတွင်သာမကပေ။ လွန်ခဲ့သည့်နှစ်ရက် သူမ၏ သရုပ်မှန်ကိုကြေညာလိုက်ပြီးနောက်တွင် ကန်တင်း၌လည်း ‌ကျောင်းသားများသည် သူမကို မြှောက်ပင့်ကာ ဆက်ဆံလာကြသည်။


သူမနှင့် ယွမ်ယွမ် ထမင်းစားပြီးသောအခါ ယောက်ျား‌လေးတစ်ချို့လာရောက်လာပြီး ပန်းကန်များကို ကိုယ်စား သွားထားပေးရမလားဟုပင် မေးလာခဲ့၏။ အပြေးလေ့ကျင့်ရာတွင်လည်း တော်တော်များများက သူမနှင့် သူငယ်ချင်းဖြစ်ရန် လာပြောကြပြီး သူမကို ကူ၍ သန့်ရှင်းရေးလုပ်ပေးမည်ဟုလဲ ပြောလာကြ၏။ သူမနှင့်ရင်းနှီးရန် ရှော့ပင်း အတူတူထွက်မလားဟူ၍ စိတ်အားထက်သန်စွာမေးလာသည့် မိန်းကလေးတွေပင် ရှိသည်။ 


အတိတ်တွင် မုန့်ရှစ်ရွှမ်က ၁၈နှစ်ကြာအောင် ပြီးပြည့်စုံသည့် ဘဝကိုခံစားခဲ့ကာ သူမ၏ နာမည်ကြီးမှုသည်ကား ပြောမရအောင်ပင်ဖြစ်ခဲ့သည်။ သူမသည် ဘာမှမလုပ်ရသေးမှာပင် အရာအားလုံးက ပြီးပြည့်စုံနေပြီးဖြစ်သည်။ ဆောင်းတွင်းဘက်တွင် သူမအတွက် ရေနွေးဘူးများပေးကြပြီး မိုးရွာနေလျှင် သူမအတွက် မနက်စာဝယ်ပေးကြ လိမ့်မည်။ စာမေးပွဲ၌ပင် သူမအတွက် အဖြေလွှာလိုက် ချပေးသည့်သူပင်ရှိသည်။ 


အားကျဖို့ကောင်းခဲ့တာပဲ...


သို့သော် သူမသည် ယခုတော့အရာအားလုံးဆုံးရှုံးသွားပြီဖြစ်သည်။ ကျုံးယို့ယို့က သူမကို အခွင့်အရေးပေးတော့မည်မဟုတ်ပေ။ 


အတိတ်တွင် မုန့်ရှစ်ရွှမ်က ညင်ညင်သာသာလေးပြုံးကာ တခြားသူများကို ကြင်နာမှုများကို မငြင်းဘဲ အကုန်လုံးကို လက်ခံခဲ့သည်ပင်။ သို့သော် လက်ရှိတွင် ကျုံးယို့ယို့သည် လွယ်လွယ်နှင့်လက်မခံပေ။ သူမက လက်မခံရုံသာမက အေးစက်စွာနှင့်ပင် ပြောဆိုလွှတ်တတ်သေးသည်။ 


ကော်ရစ်တာတွင် အထက်တန်းဒုတိယနှစ်ဟု ထင်ရသည့် မိန်းကလေးတစ်ယောက်က ရုတ်တရက်ပြေးလာပြီး မုန့်ထုတ်များစွာနှင့် သူမရှေ့တွင်ရပ်ရင်း မျက်လုံးများကလဲ တဖိတ်ဖိတ်တောက်နေကာ : “ မမယို့ယို့... ညီမက ကျုံးရှီယို့နဲ့တစ်တန်းတည်းကပါ။ မမအတွက် ဝယ်လာခဲ့တာ။ မမဘာအရသာကြိုက်မှန်းမသိလို့ အကုန်ဝယ်လာလိုက်တယ်။” 


အထုတ်လိုက်ကြီးပင်။ ဒီအထုတ်လိုက်ကြီးဆို ယွမ်ထောင်ပေါင်းများစွာကုန်မှာပဲ။ ဒီကျောင်းကလူတွေက အသုံးအဖြုန်းကြီးလိုက်တာ။ 


အထက်တန်းဒုတိယနှစ်တွင် ကျုံးရှီယို့ကို ချစ်ရေးဆိုသူများသည် လျော့မသွားခဲ့ပေ။ တချို့မိန်းက‌လေးများသည် သူ၏အစ်မကိုအရင် မျက်နှာသာရရန်အရင်ပြုမူကြသည်။ ကျုံးရှီယို့ ဘတ်စကတ်ဘောကစားလျှင် မုန့်ရှစ်ယွမ်ကြောင့် အုတ်‌အော်သောင်းနင်းဖြစ်ခဲ့သော်လည်း ယခုတွင်တော့ကျုံးယို့ယို့ကြောင့် ဖြစ်လာတော့သည်။ 


ကောင်မလေးကစိတ်လှုပ်ရှားစွာတွေးလိုက်၏။ ကျုံးယို့ယို့က ဒီလို မုန့်အကောင်းစားတွေစားဖူးမှာမဟုတ်ဘူး။ သူမက မုန့်ရှစ်ရွှမ်လိုမဟုတ်ဘဲ ငါ့ရဲ့ စေတနာကိုအသိအမှတ်ပြုပြီး ငါ့အတွက် ကျုံးရှီယို့ကို ပြောပေးလိမ့်မယ်။ 


ဒီလိုတွေးလိုက်ရုံနဲ့တင် ငါတော့...