အပိုင်း ၆၂
Viewers 11k

Chapter 62




မုန့်ရှစ်ရွှမ် ကျောင်းပြန်တက်သောအခါ လေး ၊ ငါးရက်ပင်ကြာခဲ့ပြီ ဖြစ်သည် ။


   ကျန်ခဲ့သော လေး၊ ငါးရက်အတွင်းတွင် ကျောင်း၌ သမီးအစစ်အမှန် နှင့် အတု ၏ သတင်းများစွာပေါ်ထွက်ခဲ့သည် ။ သို့သော် အတင်းအဖျင်းများသည် အနည်းငယ် ငြိမ်ကျသွားပြီး အနည်းဆုံးတော့ ကျောင်း၏ ကော်ရစ်တာ ၊ ကစားကွင်း ၊ စာသင်ခန်း နှင့် အခြားနေရာများတွင် စိတ်လှုပ်ရှားစွာပြောနေကြသည်တော့ ရှိနေသေးသည် ။ ထိုအကြောင်းအရာသည် လွယ်လွယ်နှင့် ငြိမ်ကျသွားမည်မဟုတ်သည့် သတင်းကြီးဖြစ်သည် ။ မုန့်ရှစ်ရွှမ် ၏ ဖျားနာမှုသည်လည်း အမှန်တစ်ကယ်ပင် ဖြစ်သည်လား သို့မဟုတ် လူအများ အမြင်မှ ခဏတာရှောင်ထွက်လို၍ ဟန်ဆောင်နေခြင်းလားဆိုသည်ကိုတော့ သူတို့မသိချေ ။


      မနက်အစောပိုင်းတွင် မုန့်ရှစ်ရွှမ် သည် လှေကားမှ ရှက်ရွံ့နေသောပုံစံဖြင့် ဆင်းလာသည်ကို ယွီမား နှင့် အစေခံနှစ်ယောက် တွေ့ခဲ့ရသည် ။သူတို့သည် သူမအား နှုတ်ဆက်မနေဘဲ တစ်ချက်ပင်ကြည့်လိုက်ပြီး အေးစက်သောအမူအရာများဖြင့် ခေါင်းငုံ့ကာ စားပွဲကို ပြန်သုတ်နေကြသည် ။

  မုန့်ရှစ်ရွှမ် အော်ခေါ်လိုက်သည် ။


"ယွီမား ၊ မဂ်လာနံနက်ခင်းပါ "


ယွီမားသည် အဖက်ပင်မလုပ်ခဲ့ချေ ။ကျန်သူများသည်လည်း တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး မုန့်ရှစ်ရွှမ်အား ရှောင်ဖယ်နေကြသည် ။ဧည့်ခန်းသည် ရုတ်တရက် မည်သူမျှမရှိတော့ဘဲ မုန့်ရှစ်ရွှမ် တစ်ဦးတည်းသာ ကျန်ခဲ့သည် ။


   လက်ရှိတွင် မုန့်ရှစ်ရွှမ် ၏ ပုံစံအမှန်သည် ဤအိမ်တွင် အလွန်ပင် ရှက်စရာကောင်းနေခဲ့သည် ။သူမ၏ ပုံစံအမှန်ကို ထိုကဲ့သို့  ဖော်ထုတ်ခံခဲ့ရပြီး သူမပိုင်ဆိုင်သောအရာများသည် ကျုံးယို့ယို့ အား ပြန်ပေးခဲ့ရသည် ။

    သူမ ဤအိမ်တွင် ဆက်နေထိုင်ခွင့်ရှိသည်ဟုဆိုသော်လည်း သူမ၏ မား လုပ်ခဲ့သောအရာများသည် အိမ်စေများပင် သူမအပေါ် စက်ဆုပ်ရွံရှာသလိုကြည့်လာစေခဲ့ပြီး အကုန်လုံးသည် ကျုံးယို့ယို့ဘက်သို့သာ ရောက်သွားကြသည် ။သူမသည် သူတို့နှင့် စကားများများ ပြောမနေချင်ခဲ့ပါ ။


  သူမ၏ လက်တလောအခြေအနေသည် လုံးဝကို ပြောင်းပြန်လှန်သွားခဲ့ပြီဖြစ်သည် ။ ယခင်က ကျုံးယို့ယို့ ဆက်ဆံခံခဲ့ရသော ပုံစံနှင့် ဘာမှ မထူးခြားပေ ။ 


     မုန့်ရှစ်ရွှမ်သည် တစ်ကိုယ်လုံးတောင့်ခဲနေပြီး သူမ အမှုမထားသလိုပင် ဟန်ဆောင်နေခဲ့သည် ။ထို့နောက် တိတ်တဆိတ်ပင် ထမင်းစားခန်းထဲသို့ ဝင်၍ မနက်စာစားဟန်ပြင်လိုက်သည် ။


   သို့သော် သူမသည် ရှေ့တွင် ရိုးရိုးရှင်းရှင်း အသီးအရွက်ဆန်ပြုတ်ကိုသာ မြင်ခဲ့ရပြီး ထိုအရာသည် အေးစက်နေခဲ့ပြီ ဖြစ်သည် ။သူမသည် အမြဲတမ်း သူမ၏ အမူအရာကို ပုံမှန်ဖြစ်အောင်သာ ထိန်းချုပ်ထားခဲ့သော်လည်း ဤကဲ့သို့ ဖြစ်နေသည်များကို တွေ့လိုက်ရသောအခါ သူမအချိန်တစ်ခဏလောက် ကြေကွဲခဲ့ရသည် ။

   

    ထိုအစေခံအုပ်စုသည် အလွန်ပင်တရားလွန်နေပြီ ဖြစ်သည် ။လွန်ခဲ့သော နှစ်ရက်က ပါပါးကျုံး နှင့် ကျုံးရှီယို့ သည် မိသားစုနှင့် အတူအချိန်မဖြုန်းခဲ့ဘဲ မာမားကျုံးသည်လည်း သူမအား တိုက်ရိုက်ပင် ရှောင်သွားခဲ့ကာ မနက်စောစောပင် အိမ်ကထွက်၍အခြားချမ်းသာသောမိသားစုမှ ဇနီးများနှင့် အတူချိန်းဆို၍ စျေးဝယ်ထွက်သွားခဲ့သည် ။သူမသည် ဗီလာတွင် တစ်ယောက်ထဲ ကျန်ခဲ့သည့်သူဖြစ်ပြီး ဤအစေခံအုပ်စုသည်လည်း သူမအား နုံချာသောအစားအသောက်များကို ပစ်ပေးပြီး ထွက်သွားခဲ့ကြသည် ။


ယင်းသည် မိသားစု၏ အကြီးဆုံးသခင်မလေးကဲ့သို့ ဆက်ဆံခြင်းမှ ချက်ခြင်းပြောင်းလဲသွားခဲ့ခြင်းဖြစ်သည် ။


 မုန့်ရှစ်ရွှမ် သူမ၏ သွားများကို တင်းတင်းစေ့ထားခဲ့ပြီး ဂရုမစိုက်သလိုပင် ဟန်ဆောင်နေခဲ့သည် ။ထို့နောက် အေးစက်နေသော အသီးအရွက်ဆန်ပြုတ်များကို တစ်ဇွန်းပြီး တစ်ဇွန်းမြိုချလိုက်သည် ။သူမမြိုချလိုက်သည့်အခါတိုင်းတွင်  ခါးသီးမှုအရိပ်ယောင်များသည် သူမ၏ နှလုံးသားထဲတွင် တစ်ရေးရေးပေါ်လာခဲ့သည် ။


  သူမသည် အားလုံးကုန်သည်အထိပင် ဆက်မစားနိုင်ခဲ့ပါ ။


    အပြင်းအထန်ဖျားပြီးနောက် ပြန်သက်သာလာခဲ့သော်လည်း သူမည် စားကောင်းသောက်ဖွယ်များ ၊ အထူးကောင်းမွန်သော အချိုပွဲများ စားရသည်ကို နေသားကျနေဆဲဖြစ်သည် ။သူမသည် ဤကဲ့သို့ အေးစက်နေသော အစားအသောက်များကို စားရသည်မှာ လုံးဝအသားကျမနေပါ ။

    

  တစ်ဝက်လောက် ခက်ခက်ခဲခဲ စားပြီးသည့်နောက်တွင် သူမသည် ခေါင်းအားငုံထားခဲ့ပြီး ဗီလာ၏ တံခါးဆီသို့ပြန်သွားခဲ့သည် ။ကျုံးမိသားစု၏ ခြံဝင်းထဲတွင် အနည်းဆုံး ကားနှစ်စီးရပ်ထားခဲ့ပြီး အရေးတကြီးလိုအပ်နေသောအခါများနှင့် အခြားကားများအိမ်တွင်မရှိသည့်အခါတွင် သုံးရန်အရံဝယ်ထားခဲ့ခြင်းဖြစ်သည် ။သူမသည် အကျင့်ပါနေသည့်အတိုင်းပင် ကားဆီသို့ လျှောက်သွားခဲ့ပြီး တံခါးအားဖွင့်လိုက်သည် ။


  " အန်ကယ်ကျောက် ကျောင်းကိုပို့ပေးပါအုန်း "


သို့သော် ဒရိုင်ဘာခုံတွင် မှေးနေသော လောင်ကျောက်သည် သူဘာမှမကြားလိုက်သည့်အတိုင်းပင် မျက်လုံးများအား ပိတ်ထားကာ ဆက်၍ အိပ်နေခဲ့သည် ။ မုန့်ရှစ်ရွှမ်၏ မျက်နှာသည် တင်းမာလာခဲ့ပြီး သူ၏ရှေ့တွင်ပင် ပြတင်းပေါက်တံခါးအား ခပ်ပြင်းပြင်းခေါက်လာခဲ့သည် ။

  "အန်ကယ်ကျောက် "


   လောက်ကျောက်သည် အခြားသူများထက်ပို၍ သစ္စာရှိကာ ရိုးသားသော ကျုံးမိသားစု၏ အစေခံဖြစ်သည် ။


သူကဘာလို့ ဒီလိုလုပ်နေရတာလဲ ။


သို့သော် လောင်ကျောက်သည် နိုးလာပုံရပြီး သူ၏ မျက်လုံးတို့အားဖွင့်ကာ ကားပြတင်းပေါက်မှန်တံခါးအား တစ်ဝက်မျှချကာ


" သခင်မလေး ဘယ်သွားမလို့လဲ "


မုန့်ရှစ်ရွှမ်သည် အတတ်နိုင်ဆုံးသူမ၏ အသံအား တိုးသက်ညင်သာအောင် ကြိုးစားခဲ့သည်။

" အရင်ဆုံး တံခါးဖွင့်ပေးပြီး ကျွန်မကို ကားထဲဝင်ခိုင်းပါအုန်း "


"အဲ့တာက..." လောင်ကျောက်သည် ခေါင်းကုတ်လာခဲ့ပြီး အခက်ကြုံနေသည့်ပုံဖြင့်ပင် ရှက်ကိုးရှက်ကန်းပြုံးလာကာ


" သခင်မလေး ကားစောင့်တဲ့နေရာက ဒီနေရာနဲ့ဆိုရင်သိပ်မဝေးဘူး ။ ဘတ်စ်ပဲစီးသွားတာက ပိုကောင်းလိမ့်မယ် ။ သူဌေးက ဒုတိယသခင်မလေး တစ်ခြားမြို့မှာ ပြိုင်ပွဲဝင်ပြိုင်နေတာသိပြီး သူမအစားသေချာမစားမှာကြောက်လို့ သူက စာဖိုမှူးကို သူမအတွက် နေ့လည်စာလုပ်ခိုင်းထားတယ် ။ အဲ့တာ ခဏနေရင် ပို့ပေးရမှာ ။ ကျွန်တော်  ပြန်ပို့ပေးဖို့ နောက်ကျနေမှာစိုးလို့...."


   မုန့်ရှစ်ရွှမ်၏ ဒေါသသည် ရုတ်တရက် မြင့်တက်လာခဲ့သည် ။အဲ့ဒါက နာရီဝက်ကြီးပင် လိုသေးသည် ။နာရီဝက်ဆိုသောအချိန်သည် သူမအား ပြန်လိုက်ပို့ဖို့ လိုအပ်သည်ထက်တောင် ပိုနေပါသေးသည် ။


     အန်ကယ်ကျောက်သည် သူမအား ရည်ရွယ်ချက်ရှိရှိပင် အရှက်ရစေခြင်းဖြစ်မည် ။ကျုံးယို့ယို့၏ ပြိုင်ပွဲသို့ နေ့လည်စာသွားပို့ပေးရန်အတွက် သူတို့သည် သူမအား ဘတ်စ်ကားစီးခိုင်းနေသည်လား ။


ထိုတစ်ခဏတွင် မုန့်ရှစ်ရွှမ်သည် သူမ၏ တစ်ကိုယ်လုံးအား ရေအေးများဖြင့် ပက်လိုက်သလိုပင် ခံစားခဲ့ရသည် ။

   

  အတိတ်တွင် ကျုံးယို့ယို့သည် ကျောင်းသို့သွားရန် ကျုံးရှီယို့နှင့်  ကားအတူမစီးခဲ့ပေ ။သူမသည် အမြဲ ဘတ်စ်ကားသာ စီးခဲ့သည် ။ ထိုကြောင့် ကျုံးယို့ယို့ သည် နေ့တိုင်းလိုလိုပင် စောစောထရကာ နာရီဝက်လောက်ပင် ပိုစောစောသွားရသည် ။


  ယခုတွင်တော့ သူမအပေါ်ဆက်ဆံကြသည့်ပုံနှင့် ကျုံးယို့ယို့အပေါ်ဆက်ဆံကြပုံသည် လုံးဝကို ပြောင်းပြန်လှန်သွားခဲ့ပြီလား ။


  မဟုတ်လောက်ပါ ။ သူမသည် အခြားမြို့များသို့ ပြိုင်ပွဲများဝင်ပြိုင်ရန် သွားရလေ့ရှိပြီး ကျုံးပါပါးထိုမျှလောက် အလွန်ဂရုစိုက်သည်ကို မတွေ့ခဲ့ရပါ ။သူမသည် မိသားစု အား အထူးပင် နေ့လည်စာလုပ်ပေးရန် တောင်းဆိုခဲ့ရပြီး ဒါရိုက်ဘာအား နှစ်နာရီလောက်မောင်းနှင်းရန် စေလွှတ်ခိုင်းခဲ့သည် ။သူမသည် ယခုဤအိမ်တွင် နေရပြီး ကျုံးယို့ယို့နှင့်ယှဥ်လျှင် သူမ၏ ဂရုစိုက်ခံရမှုသည် ယခင်ကထက် များစွာလျော့နည်းသွားခဲ့ပြီဖြစ်သည် ။

  

     မုန့်ရှစ်ရွှမ်သည် လက်သီးအားတင်းတင်းဆုပ်ထားခဲ့ပြီး ခဏတာလောက် စိတ်ငြိမ်အောင်လုပ်နေခဲ့ရပြီးနောက်တွင် သူမသည် နှုတ်ခမ်းအားကိုက်ကာ အနည်းငယ်ခါးသီးစွာပြုံးလာခဲ့သည် ။

"ကောင်းပြီ အန်ကယ်ကျောက် ၊ ဒါဆို ဘတ်စ်ကားပဲ စီးသွားလိုက်ပါ့မယ် "


မုန့်ရှစ်ရွှမ် ထွက်သွားပြီးနောက်တွင် ယွီမားသည် အောက်ခံလှီးပြားအား ဓားဖြင့်ပြင်းပြင်းထန်ထန် ထိုးစိုက်နေခဲ့ပြီး ကျန်သောအစေခံနှစ်ယောက်သည် အသီးအရွက်များအား ဆေးကြောနေခဲ့သည် ။သူတို့သည် ယွီမားနှင့် မီးဖိုချောင်ထဲတွင် စကားပြောနေခဲ့ကြသည် ။


" ဒီနေ့ သခင်မလေးဘာဝတ်လာလဲဆိုတာ တွေ့လိုက်ကြလား ။သူမက အခုတစ်ကယ် စိတ်မမှန်တော့ဘူး ။တွေ့လိုက်တယ်မလား ။သူမက အပြင်သွားတိုင်း နောက်ဆုံးပေါ်ဒီဇိုင်းတွေနဲ့ သားနားအောင်ပဲ ဝတ်နေကြလေ ။ဒါပေမဲ့ သူမက ဒီနေ့တော့ ဆွယ်တာအဟောင်းနဲ့ ကျောင်းဝတ်စုံကို ပဲဝတ်သွားတယ် ။အဲ့ဒါက တစ်စက်လေးမှ ကြည့်မကောင်းဘူး ။ အရင်က ပုံစံမျိုးနဲ့တောင် လုံးဝမတူတော့ဘူး "


" အဝတ်အစားတောင် သေချာမဝတ်နိုင်လောက်အောင် ဘာတွေများခံစားနေရလို့လဲ ။ ငါ့အထင်တော့ သူမက တစ်ကယ်ကို စိတ်ဒုက္ခရောက်နေတယ် ထင်တာပဲ "


သူတို့၏ သခင်မကျုံးအကြောင်းကောင်းစွာနားလည်သော ယွီမားသည် ခါးသီးစွာဆိုလာခဲ့သည်  "  သူမက အဲ့လို အားနည်းတဲ့ပုံစံလုပ်နေပြီး စိတ်ဒုက္ခရောက်ပြနေတာ သခင်မကြီးက နှလုံးသားထဲမှာ မနာကျင်ဘဲရှိပါ့မလား ။သူမရဲ့ ဗီဒိုထဲ အဝတ်စားတွေမှ ပေါလွန်းလို့ ။ ဟမ့် သူမကို ဘာမှမပေးထားတာမှ မဟုတ်ဘဲ ဘာလို့ဒီလိူဟန်ဆောင်ပြီးဝတ်နေတာလဲ"


ထိုအချိန်တွင် အခြားသူများသည်လည်း ထိုကဲ့သို့ပင် တွေးခဲ့သည် ။

" မနေ့ကလည်း သူမက လှေကားကနေ ဆင်းလာပြီး တံမြက်စည်းလှည်းဖို့ လာကူပေးနေသေးတယ် ။ကျွန်မဖြင့် လန့်လို့ သေတော့မလိုပဲ ။အရင်က ဘယ်တုန်းကများ အိမ်အလုပ်တွေကို ကူလုပ်ပေးဖူးလို့လဲ "


  ယွီမားသည် ထိုအရာအားကြားသောအခါ ဒေါသထွက်လာခဲ့သည် ။

" အမလေး အဲ့တာကိုပြောရမယ်ဆိုရင် သူမက ဘာလို့ သူ့ရဲ့ ဘ၀မှန်ကိုဖော်ထုတ်ခံရပြီးမှ ဒါမျိုးတွေလာလုပ်နေတာလဲ "


  သခင်မကျုံးက စိတ်ထားအရမ်းနူးညံ့တာ ။သို့သော် သူမ ကတော့မဟုတ်ပေ ။စိတ်ရှုပ်စရာအကောင်းဆုံးအချက်သည် အားနည်းပြီး ကြင်နာတတ်ပုံ ဟန်ဆောင်နေခြင်း ဖြစ်သည် ။ ကျုံးသခင်မသည် မုန့်ရှစ်ရွှမ်၏ ကြာပန်းဖြူ ဟန်ဆောင်နေသည့် မျက်နှာအစစ်ကို ရှာတွေသွားပြီး အိမ်ပေါ်မှ နှင်ချမည့်နေ့ကို သူမ စောင့်နေခဲ့သည်။


  မုန့်ရှစ်ရွှမ်သည် ကျောင်းသို့ရောက်သွားခဲ့ပြီး ထိုတွင် နောက်ထပ် ဆူညံသံများအား ကြားလာရသည် ။


အကယ်၍ ကျုံးယို့ယို့သာ ထိုနှစ်ရက်အတွင်း အခြားမြို့သို့ ပြိုင်ပွဲဝင်ရန် မသွားရလျှင် ကျောင်းရှိလူအားလုံးသည် သူမနှင့် ကျုံးယို့ယို့ ကြားတွင် မည်သို့ဖြစ်လာမည်ကို ကြည့်ရှုလာကြမည် ဖြစ်သည် ။

သူမက လွန်ခဲ့တဲ့နှစ်ရက်က ဖျားသွားခဲ့တယ်လို့ ငါကြားတယ် ။ အခုသူမကို ကြည့်ရတာ ကိုယ်အလေးချိန်တောင် တော်တော်ကျသွားသလိုပဲ ။


ကျောင်းဂိတ်မှ အတန်းသို့သွားသည့်လမ်းတွင် မုန့်ရှစ်ရွှမ်သည် ဘာမှမပြောခဲ့ဘဲ သူမ၏ ခေါင်းအားငြိမ်ငြိမ်ထားကာ ကျောင်းလွယ်အိတ်အားပိုက်၍ လျင်လျင်မြန်မြန်ပဲ လျှောက်သွားခဲ့သည် ။


   " အဲ့တာက ကျုံးရှစ်ရွှမ် မဟုတ်ဘူးလား ။သြော် မဟုတ်သေးဘူး သတင်းထဲမှာ သူမရဲ့ နာမည်အမှန်က 'မုန့်' ပဲ "


   " ကျုံးမိသားစုက ဘာတွေတွေးနေတာများလဲ ကျုံးယို့ယို့ကို အသိအမှတ်ပြုပြီးတဲ့နောက်မှာ မုန့်ရှစ်ရွှမ်ကို ဆက်ပျိုးထောင်ပေးအုန်းမှာလား "


   " အဲ့ဒါကဖြစ်သင့်ပါတယ် ။  တစ်မြို့လုံးမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ပဲကို တစ်ယောက်လောက် ပိုပျိုးထောင်လိုက်လို့လည်း ဘာမှ ထူးခြားတာမှ မဟုတ်တာ ။ ဒါပေမဲ့ မုန့်ရှစ်ရွှမ်ရဲ ဘဝ က  ကျုံးမိသားစုမှာ အရင်ကလောက်တော့ ကောင်းမှာမဟုတ်ဘူး ။ အခုတောင် ကျုံးမိသားစုက သူ့ကို မင်းသမီးလေးလို ဆက်ဆံမနေတော့ဘူးလေ ။ဟုတ်တယ်မလား ။ ပြီးတော့ တစ်ယောက်ယောက်က မုန့်ရှစ်ရွှမ် ဘတ်စ်ကား စီးလာခဲ့တာကို တွေ့လိုက်တယ်တဲ့ ။အခုတော့ သူမမှာ လာကြိုပေးမယ့် ကိုယ်ပိုင်ကားတောင်မရှိတော့ဘူးလား ။ အဲ့တာက တစ်ကယ် သနားစရာပဲ "


သူမအပေါ်ကြည့်လာသော အမြင်များသည် လွန်ခဲ့သော ရက်က ကျုံးယို့ယို့ အပေါ်ကြည့်လာသည်နှင့် ယှဥ်လျှင်  ကွဲပြားနေကာ အလွန်ပင် ရှုပ်ထွေးကြသည် ။ထိုအကြည့်များသည် လှောင်ပြောင်နေခြင်း ၊ နှိမ့်ချနေခြင်း ၊ နှစ်ထောင်းအားရဖြစ်နေကြခြင်း ၊ ကရုဏာသက်နေကြခြင်း နှင့် သနားနေကြခြင်းများပင်ဖြစ်ကာ အများစုသည် ပွဲတစ်ပွဲအား ကြည့်ရှူနေရသကဲ့သို့ပင် ဘေးထွက်နေကြသည် ။နောက်ဆုံးတွင် သမီးအရင်း နှင့် အတုကြားရှိ ကိစ္စများသည် အနည်းငယ် ရပ်တန့်သွားသော်လည်း မုန့်ရှစ်ရွှမ် ကျောင်းပြန်တက်သည်နှင့် တစ်ပြိုင်နက် အတင်းအဖျင်းများသည် ဆူပွက်နေသောအိုးတစ်လုံးကဲ့သို့ပင် ပြန်ပေါ်လာခဲ့သည် ။


  ပထမတန်းမှ ကျောင်းသားအများစုသည် ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နေကြပြီး သူတို့၏ အတန်းထဲတွင် ကျောင်းသားအရေအတွက်သည် သုံးပုံပုံတစ်ပုံစာသာ ကျန်ရှိခဲ့သည် ။အတန်းမစခင်တွင် သူတို့သည် မုန့်ရှစ်ရွှမ်ကျောင်းလာသည်ကို တစ်ယောက်ယောက်က မြင်ခဲ့သည်ဟု ကြားခဲ့သည်။

ရုတ်တရက်သူတို့သည် တစ်ယောက်ကို တစ်ယောက်အားကြည့်လာကာ မတူညီသော အတွေးများ ကိုယ်စီရှိနေကြသည် ။


   အရင်က မုန့်ရှစ်ရွှမ်သည် သူတို့အတန်း၏ ဂုဏ်ဆောင်ပင်ဖြစ်သည် ။သူတို့သည် မုန့်ရှစ်ရွှမ်အား မနာလိုဖြစ်ခဲ့ရပြီး ယခုတွင်တော့ ရုတ်တရက်ပင် မုန့်ရှစ်ရွှမ်တွင် မနာလိုစရာကောင်းလောက်အောင် ဘာမှရှိမနေဟု တွေးမိကြသည် ။ဆယ့်ရှစ်နှစ်လောက် မင်းသမီးလေးလို နေခဲ့ပြီးနောက်တွင် သူမသည် လုံးဝကန်ထုတ်ခံလိုက်ရပြီ ဖြစ်သည် ။ဒီလိုကွာဟမှုကြီးကို ဘယ်သူကခံနိုင်မှာလဲ ။ ကျုံးမိသားစုနှင့် ရှစ်ကျစ်ထန်သာမရှိလျှင် အနာဂတ်တွင် သူမသည် သူတို့ထက်ပင် ပိုနိမ့်ပါးသွားပေလိမ့်မည် ။သူတို့မှာ ဘာမနာလိုစရာများ ရှိနေတော့မှာလဲ ။


   မုန့်ရှစ်ရွှမ်သည် အတန်းထဲသို့ လျှင်မြန်စွာလျှောက်လာခဲ့ပြီး သူတို့သည် စကားပြောနေကြဆဲပင်ဖြစ်သည် ။


    " မုန့်ရှစ်ရွှမ် အခုထိ မသိသင့်သေးဘူးနဲ့တူတယ် ။ ဒီနှစ်အတွက် ကျောင်းရဲ့ပန်းပွင့်လေးက အတန်း ၁၉မှာ ရှိနေပြီးသားလေ "


" အရင်တုန်းက အတန်းပိုင်ဆရာနဲ့ ဌာနမှုးတို့က သူ့ကို အရမ်းခယခဲ့ရတာ ။အဲ့တာ အရမ်း ရွံစရာကောင်းတာပဲ ။ မုန့်ရှစ်ရွှမ်က အရင်ရက်တွေကအပြင်းဖျားနေပြီး ဒီနေ့ကျတော့ ကျောင်းကိုရောက်လာတယ်။ဒါရိုက်တာကလည်း အရမ်းအပြောင်းလဲမြန်တာပဲ သူမအကူညီလိုနေလားလို့တောင် ရုံးခန်းကိုခေါ်ပြီး မမေးတော့ဘူး ။ သူတို့က ကျုံးယို့ယို့ကိုတော့ အရင်ရက်က ပြိုင်ပွဲကို သွားဖို့ မေးခဲ့ကြတယ်လေ ။ငါ့အထင်တော့ အဲ့တာကသိပ်မကြာလောက်ဘူး ။ မုန့်ရှစ်ရွှမ်ရဲ့ ကျောင်းကောင်စီဒုဥက္ကဌ နေရာကလည်း ပေးရခါနီးနေပြီ ...."


စကားလုံးများသည် ချက်ခြင်းပင်ရပ်သွားကာ အတန်းသည် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည် ။ အကုန်လုံးသည် ထိုပြောနေသည့် သူ၏ အနောက်အားကြည့်လိုက်ပြီး မုန့်ရှစ်ရွှမ်သည် တံခါးဝတွင် ဖြူဖျော့နေသော မျက်နှာဖြင့် ရပ်နေခဲ့သည် ။


   မုန့်ရှစ်ရွှမ်၏ မျက်နှာသည် လှပနေဆဲဖြစ်သည်ကိုတော့ သူပြောရလိမ့်မည် ။သူမ၏ မျက်လုံးများသည် နီရဲနေခဲ့ပြီး သူမအားထိုကဲ့သို့ပြောခဲ့သော ကောင်လေးသည် ချက်ခြင်းပင် တောင်းပန်သလို ခံစားခဲ့ရသည် ။


 မုန့်ရှစ်ရွှမ်သည် ဘာမှမပြောခဲ့ဘဲ ခေါင်းငုံကာ သူမ၏ နေရာသို့ တိတ်ဆိတ်စွာဖြင့်ပင် အလျင်အမြန်လျှောက်သွားခဲ့ပြီး ကျောင်းလွယ်အိတ်အား ချလိုက်သည် ။


  သို့သော် အတန်းထဲရှိလူများသည် သူမရှေ့တွင် ပြောရမည်ကို အနည်းငယ် မသက်မသာဖြစ်နေခဲ့ပြီး သူတို့သည် ကိုယ့်ကိစ္စကိုယ်သာလုပ်နေခဲ့ကြတော့သည် ။ အတန်းသည် တစပြင်ကဲ့သို့ပင် ခဏတာတိတ်ဆိတ်သွားခဲ့ပြီး လေထုသည် အနည်းငယ်မသက်မသာဖြစ်နေခဲ့သည်  ။


ယင်ချူးချူးသည် မုန့်ရှစ်ရွှမ်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိသောကြောင့် တောင့်တင်းသောပုံစံဖြင့်သာ စာဖတ်နေခဲ့သည် ။သို့သော် သူမအား မသိမသာကြည့်နေခဲ့သည် ။ ယခင်က ထိုအချိန်တွင် မုန့်ရှစ်ရွှမ်၏ မကျေနပ်ချက်များအား တွေ့ခဲ့ရကာ သူမသည် မုန့်ရှစ်ရွမ်အား ကာကွယ်ပေးရန်အတွက်ပင် ဇာတ်သွင်းခံခဲ့ရသည် ။


သူမသည် မုန့်ရှစ်ရွှမ်အား အလွန်အားကျခဲ့ရသည် ။သူမ၏ မိသားစုနောက်ခံ ၊ရုပ်ရည် ၊ ပုံစံ ၊ ထက်မြက်မှု နှင့် ထင်ပေါ်ကျော်ကြားမှုများ....သို့သော် ယခုတွင် သူမသည် မုန့်ရှစ်ရွှမ်၏ လျှို့၀ှက်ချက်အား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအရာများသည် သူမ၏ ကိုယ်ပိုင်မဟုတ်သည့် အရာများအား မှီကပ်နေခဲ့ခြင်း၏ ရလဒ်သာဖြစ်သည်ကို သိခဲ့ရသည် ။သူမသည် မုန့်ရှစ်ရွမ်ကို ထပ်ပြီး မနာလိုနေတော့မည်မဟုတ်ပေ ။


  ယခုမုန့်ရှစ်ရွှမ်သည် အနိမ့်ဆုံးအခြေအနေသို့ ကျဆင်းနေခဲ့ပြီး သူမ၏ မျက်နာသည် အလွန်အားနည်းကာ သနားစရာကောင်းသည့်ပုံပေါ်နေသည်မှလွဲ၍ သူမတွင် ဘာမှရှိမနေတော့ချေ ။


   ယင်ချူးချူးသည် အနည်းငယ်ပင် ဒေါသထွက်ခဲ့သည် ။အဘယ်ကြောင့်ဆိုလျှင် သူမသည် မုန့်ရှစ်ရွှမ်အား အချိန်အတော်ကြာအောင် သိရှိခဲ့ပြီး မုန့်ရှစ်ရွှမ်သည်သူမအား ဘာတစ်ခုမျှ ပြောပြခဲ့ခြင်းမရှိပေ ။သူမသည် မုန့်ရှစ်ရွှမ်အား လက်ဆောင်အမြောက်အများပေးခဲ့သည့် ပန်းပွင့်လေးသာသာ သာဖြစ်ပြီး မုန့်ရှစ်ရွှမ်ကတော့ သူမ၏ မွေးနေ့ကိုပင် မမှတ်မိခဲ့ချေ ။


  ထိုအရာအား သူမတွေးမိသောအခါ လှပသော ဘူးသေးသေးလေးသည် ရုတ်တရက် စားပွဲပေါ်သို့ တင်လာခဲ့သည် ။


 မုန့်ရှစ်ရွှမ်သည် အမှန်ပင် နူးညံ့သောလေသံနှင့် သူမအား စကား စပြောလာခဲ့သည်။

" ချူးချူး ဒါကနင့်အတွက် ၊ပြီးရင် အတူတူ နေ့လည်စာသွားစားရအောင်လေ"


ယင်ချူးချူးသည် ရုတ်တရက်မှက်သက်သွားခဲ့ပြီး ထို့နောက်တွင်သူမသည် ထုံထိုင်းစွာဖြင့်ပင် လက်ဆောင်အား ယူထားခဲ့သည် ။ သေချာပေါက် မုန့်ရှစ်ရွှမ်သည်  လာခယနေခဲ့သည်ကို သူမသိသည် ။အဘယ့်ကြောင့်ဆိုလျှင် ကျောင်းရှိလူအားလုံးသည် မုန့်ရှစ်ရွှမ်အား ဟာသတစ်ခုအနေနဲ့ ကြည့်နေခဲ့ကြပြီး မုန့်ရှစ်ရွှမ်ထံတွင်လည်း အခြားသူငယ်ချင်းမရှိသောကြောင့် သူမထံသို့သာ ရောက်လာခြင်းဖြစ်သည် ။


မဟုတ်လျှင် သူမသည် အရင်က လက်ဆောင်ဘာလို့တစ်ခါမှ မပေးခဲ့ဖူးရတာလဲ ။ယခင်ကတည်းကပင် သူမတို့နှစ်ဦးကြားရှိ သူငယ်ချင်းအချင်းချင်း ခင်မင်မှုသည် ဘယ်တုန်းကမှ မျှတမနေခဲ့ချေ ။ယခုတွင် မုန့်ရှစ်ရွှမ်သည် လမ်းပေါ်တွင်ဖြတ်သွားသော ကြွက်တစ်ကောင်ဖြစ်လာခဲ့ပြီးနောက်မှ အခြားသူများ၏ မျက်နှာသာပေးမှုအား လိုချင်နေခဲ့သည်လား ။


 မုန့်ရှစ်ရွှမ်သည် အနည်းငယ်သနားစရာကောင်းနေသည်ဟု ယင်ချူးချူးခံစားလိုက်ရသည် ။



"ရတယ်လေ "သူမသည် ခေါင်းပင်မော့မလာခဲ့ဘဲ စာဆက်ဖတ်နေကာ ပေါ့ပါးစွာပင် ပြောလာခဲ့သည် ။


မုန့်ရှစ်ရွမ်၏ မျက်လုံးထဲတွင် သူမသည် ပြောင်းလဲသွားခဲ့သည် ။


  မုန့်ရှစ်ရွှမ်၏ မျက်နှာပေါ်မှ အပြုံးသည် တောင့်တင်းသွားခဲ့ပြီး သူမ၏ ခေါင်းအားလှည့်လိုက်ကာ လက်သည်းများစိုက်ဝင်သွားအောင် လက်သီးအားတင်းတင်းဆုပ်ထားခဲ့သည် ။ထို့နောက် အနည်းငယ် အသက်ဝဝရှူလိုက်ပြီးနောက်တွင် သူမသည် မျက်နှာချိုသွေးသည့်ပုံစံဖြင့် ယင်ချူးချူး၏ လက်မောင်းအား ဖက်တွယ်လာခဲ့သည် ။


" ကျေးဇူးပါပဲ "


အတန်းချိန်နှစ်ခုစာ သင်ပြီးနောက်တွင် အတန်းပြင်မှ သူတစ်ယောက်သည် ရုတ်တရက်ကြီး အော်လာထဲ့သည် ။ "မုန့်ရှစ်ရွှမ် နင့်ကို တစ်ယောက်ယောက်ရှာနေတယ် ။ သူကနင့်ကို လှေကားအောက်မှာ စောင့်နေမယ်လို့ပြောတယ် "