အပိုင်း ၆၃
Viewers 11k

Chapter 63




မုန့်ရှစ်ရွှမ်သည် ကော်ရစ်တာသို့ အမြန်ပြေးသွားခဲ့ပြီး အောက်ထပ်ရှိ စာသင်ဆောင်သို့ ငုံ့ကြည့်လိုက်ပြီး သူမ၏ အမူအရာသည် ချက်ခြင်းပင် ပြောင်းလဲသွားခဲ့သည် ။ကျောင်းဝန်းထဲရှိ သစ်ပင်၏ အရိပ်အောက်တွင် ရပ်စောင့်နေသူသည် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်သည် ။ စျေးကြီးသော အသုံးအဆောင်များကို ဝတ်ဆင်ထားပြီး နူးညံ့ပြီးကျက်သရေရှိနေသည်ကို မြင်နေရသော်လည်း သူမ၏ ပုံစံသည် အရွယ်အရ နှစ်ရှည်လများ ပင်ပန်းနွမ်းနယ်ခဲ့ပုံရပြီး အရေးအကြောင်းများနှင့် အိုမင်းလာသည်ကိုတော့ မဖုံးကွယ်နိုင်ပေ ။


   အသက်အရွယ်သည် ကျုံးမာမားနှင့် အတူတူလောက်ပင်ဖြစ်သော်လည်း ထိုအမျိုးသမီး၏ ပုံစံသည် သူမထက် နှစ်များစွာ ပိုကြီးနေသည့်ပုံပေါ်သည် ။


    မုန့်ရှစ်ရွှမ် တွန့်ဆုတ်မနေဘဲ အောက်ထပ်သို့ ဆင်းသွားခဲ့သည် ။


    ကော်ရစ်တာရှိ အတန်းဖော်များသည် အနည်းငယ် စိမ်းသက်နေကြသည် ။ မုန့်ရှစ်ရွှမ်၏ မျက်နှာကြည့်ရဆိုးနေသည်မှာ ရှားပြီး သူမကို လာရှာသော မကြာသေးခင်ကမှ ချမ်းသာလာပုံရသည့် အမျိုးသမီးသည် သူမ၏ အမေအရင်းဖြစ်ရမည်  ။


  မုန့်ရှစ်ရွှမ် သစ်ပင်၏ အရိပ်အောက်သို့ လျှောက်သွားခဲ့သည် ။


  သက်လတ်ပိုင်းအမျိုးသမီးသည် သူမအား ဝေခွဲမရစွာကြည့်လာခဲ့ပြီး မျှော်လင့်သောအကြည့်များဖြင့် ကြည့်လာခဲ့သည် ။

 

 " ရွှမ်ရွှမ် "


သူမစကားပြောလို့ မဆုံးသေးခင်ပင် မုန့်ချန်၏ လက်ကောက်ဝတ်သည် မုန့်ရှစ်ရွှမ်၏ ဆွဲယူသွားခြင်းကို ခံလိုက်ရသည် ။မုန့်ရှစ်ရွှမ် သည်သူမအား ချက်ခြင်း ကျောင်းအပြင်သို့ဆွဲထုတ်သွားခဲ့ပြီး ကျောင်းအနောက်ဘက်ရှိ သရေစာမုန့်ဆိုင်တန်းများကို ဖြတ်သွားကာ သူမ၏လက်ကောက်ဝတ်အား လွှတ်ချလိုက်သည် ။


   မုန့်ရှစ်ရွှမ်၏ မျက်နှာသည် အလွန်ပင် ကြည့်ရဆိုးနေခဲ့သည် ။

" ကျောင်းမှာလာမရှာဖို့ကို မပြောခဲ့ဘူးလား ။ မလာခင် ဖုန်းလေးဘာလေးကြိုဆက်ပါတော့လား ။ လာတွေ့မယ်ဆိုရင်လည်း တွေ့ရမယ့်နေရာက သက်သက်ရှိပြီးသားပဲ "


   "တောင်းပန်ပါတယ် ၊ တောင်းပန်ပါတယ် ။ အမေမကောင်းတာပါ " မုန့်ချန်သည် ထပ်ခါထပ်ခါပြောနေခဲ့ပြီး သူမသမီး၏ ဒေါသထွက်နေသည့် မျက်နှာအားကြည့်ရသည်မှာ အလွန်စိုးရွံ့လာမိသည် ။မုန့်ချန်သည် ဤမြို့နှင့် အခြားမြို့များတွင် အလုပ်လုပ်နေခဲ့ပြီး စီရင်စုမှ ထွက်ခွာခဲ့ခြင်းတော့ မရှိပေ ။

  

   မုန့်ရှစ်ရွှမ် မူလတန်းနှင့် သူငယ်တန်းအရွယ်တွင် သူမသည် အနီးအနားတွင်နေ၍ ပုန်းကွယ်နေခဲ့သည် ။ ကျုံးမိသားစုသည် မုန့်ရှစ်ရွှမ်အား ကားထဲမှ ချစ်ခင်အလိုလိုက်ပုံရကာ ခေါ်ထုတ်သွားသည်ကို ကြည့်လိုက်ပြီးနောက်တွင် သူမသည် အလွန်ပင် စိတ်သက်သာရာရသွားခဲ့သည် ။


   ကျုံးယို့ယို့အား ဖုံးကွယ်ထားဖို့ ခေါ်သွားခဲ့ပြီးနောက်တွင် လွန်ခဲ့သောသုံးနှစ်က မမျှော်လင့်ထားခဲ့ဘဲ ကျုံးယို့ယို့သည် ကျုံးမိသားစု၏ သမီးရင်းဖြစ်သည်ကို ရှာဖွေတွေ့ရှိသွားခဲ့သည် ။ထို့နောက် ကျုံးမိသားစုသည် ကျုံးယို့ယို့အား သွေးသားတော်စပ်မှု ရှိမရှိ စစ်ဆေးရန် ​ခေါ်ဆောင်သွားခဲ့သည် ။ကံကောင်းစွာဖြင့်ပင် ကျုံးမိသားစုနှင့် ရှစ်ရွှမ်အပေါ်တွင် ခိုင်မာကောင်းမွန်သောဆက်ဆံရေးရှိပြီး ကလေးအားပြန်ပို့ရန် အစီစဥ်မရှိသောကြောင့် သူမသည် သူတို့၏ ကလေးပင် ဆက်ဖြစ်နေဆဲဖြစ်သည် ။


  သို့သော်ထိုနောက်ပိုင်းတွင် သူမသည် မုန့်ရှစ်ရွှမ်ရှေ့တွင် ပေါ်မလာရဲခဲ့ဘဲ သူမတရားရုံးသွားရကာ အဖမ်းခံရမည်ကို ကြောက်ရွံ့ခဲ့သည် ။ သူမသည် ထိုမြို့ကမဟုတ်သည့် အိမ်ထောင်မပြုရသေးသော ချမ်းသာသည့် စွီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အား တွေ့ခဲ့ပြီးနောက် သူတို့ လက်ထပ်ခဲ့သည် ။ 


  မကြာသေးခင်ကမှပင် မုန့်ရှစ်ရွှမ်သည် သူမအား စတင်ဆက်သွယ်ခဲ့ပြီး သူမသည် အပြင်စျေးမှ ချက်ခြင်းပင် ပြန်လာခဲ့သည် ။


  မမျှော်လင့်ထားခဲ့သည်မှာ သူမရောက်လာသောအခါတွင် တစ်မြို့လုံး၌ သွေးမုန်တိုင်းကဲ့သို့ဖြစ်နေသည့်သတင်းကို ကြားခဲ့ရပြီး ကျုံးမိသားစုသည် အမှန်တစ်ကယ်ပင် မုန့်ရှစ်ရွှမ်အား သူတို့၏ သမီးရင်းမဟုတ်ကြောင်း ကြေညာခဲ့သည် ။သူမသည် မုန့်ရှစ်ရွှမ်၏ လတ်တလောဖြစ်နေမည့် အခြေအနေအား တွေးမိကာ စိုးရိမ်ကြောင့်ကြလျက်ရှိသည် ။ သူမသေချာပေါက် လှောင်ပြောင်ခံရကာ ချောက်နက်ထဲသို့ ပစ်ခံရမည်ဖြစ်ပြီး မုန့်ချန်သည် တွေ့ဆုံရန်သဘောတူညီထားသောနေရာအား ဂရုစိုက်မနေတော့ဘဲ မုန့်ရှစ်ရွှမ်ကို ဦးစွာပင် သွားတွေ့ခဲ့သည် ။


   " ရွှမ်ရွှမ် သမီးအဆင်ပြေရဲ့လား ။ ကောင်းကောင်းစားပြီး အိပ်ရောအိပ်ပျော်ရဲ့လား ။ "

မုန့်ချန်သည်  မုန့်ရှစ်ရွှမ်၏ ပိန်ပါးကာ ဖြူဖျော့နေသော မျက်နှာအားကြည့်လိုက်ပြီး စိတ်ဓါတ်ကျလာသလို ခံစားရကာ သူမအား ထိတွေ့ချင်ခဲ့သည် ။သို့သော်လည်း မုန့်ရှစ်ရွှမ်ဒေါသထွက်သွားမည်ကို စိုးရိမ်မိသည် ။


    " အဆင်ပြေရဲ့လားတဲ့လား ။ ရှင့်မှာ ကျွန်မအဆင်ပြေရဲ့လားလို့ မေးဖို့ မျက်နှာရှိသေးတာလား "

  မုန့်ရှစ်ရွှမ် သရော်လိုက်မိသည် ။


မုန့်ချန်သည် မွန်းကြပ်လာကာ မပြောဘဲမနေနိုင်ခဲ့ပေ ။

"ရွှမ်ရွှမ် အမေနဲ့လိုက်ခဲ့ပါ ။သမီးရဲ့ အခုပထွေးက ကျုံးမိသားစုလောက် မချမ်းသာပေမဲ့လည်း သမီးအိမ်နဲ့ ကားနဲ့တော့ နေနိုင်ပါသေးတယ် ။ပြီးတော့ သမီးကျောင်းတက်ဖို့လည်း ပိုက်ဆံလုံလုံလောက်လောက်ရှိပါတယ် ။သွားရအောင် အမေတို့မိသားစုတူတူနေပြီးတော့ သမီးကို နောက်တစ်မြို့က အကောင်းဆုံးကျောင်းကို ပို့ပေးမယ်။ အဲ့လိုဆို သမီးဒီမှာ


ကျုံးမိသားစုဆီကနေပြီးတော့ အေးစက်စက်အကြည့်ခံရပြီး အနိုင်ကျင့်ခံနေရမှာမဟုတ်တော့ဘူး။


  သူမ၏ အမေရင်းအားကြည့်နေခဲ့ပြီး  မုန့်ရှစ်ရွှမ်သည် သူမအား မုန်းတီးနေသည်ကိုသာ ခံစားခဲ့ရသည် ။သူမသည် မုန့်ချန်အား ကျုံးယို့ယို့နှင့် ကျုံးမိသားစုထက်ပင် ပိုမုန်းသေးသည် ။သူမအသံအား နှိမ့်လိုက်ပြီး အေးစက်စွာပင် ပြောလာခဲ့သည် ။

" ရှင် ကျွန်မကို ကျုံးအိမ်တော်မှာ ထားသွားခဲ့ပြီးမှတော့ ဘာလို့ပြန်လာနေသေးလဲ ။စိတ်မဖြတ်နိုင်လို့လား ။ ကျုံးယို့ယို့နဲ့ ကျွန်မရှေ့မှာ အမြဲပေါ်လာတာလား ။ အဲ့တာ သူတို့ရဲ့ သမီးရင်းဆိုတာကို ကျုံးမိသားစုက ရှာတွေ့သွားမှ ကျွန်မရဲ့ အိပ်မက်ဆိုးတစ်ခုလို ဖြစ်လာခဲ့တာ ။ "


"ရှင်သာ ကျုံးယို့ယို့နဲ့ ဒီတိုင်းကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင် အခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး "


  မုန့်ရှစ်ရွှမ် ထိုကဲ့သို့ တွေးလိမ့်မည်ဟု မုန့်ချန်မမျှော်လင့်ထားခဲ့ပေ ။သူမသည် နှလုံးသားကို ဓါးဖြင့် ထိုးစိုက်ခံလိုက်ရသလို ခံစားခဲ့ရပြီး သူမအလွန်ပင် နာကျင်မှုကိုခံစားနေရသည် ။ သူမ နာကျင်နေခဲ့ရပြီးနောက်တွင် အနည်းငယ်ညီးညူခဲ့မိသည် ။

" အ..အမေလည်း ဘာမှမတတ်နိုင်ခဲ့ဘူး ။သမီးရဲ့  အနီးနားမှာဘဲ ပုန်းလျှိုးကွယ်လျှိုးနေခဲ့ရတာ ။ အမေ သမီးကို ထပ်တွေ့ချင်သေးတာ..."


  သို့သော် မုန့်ရှစ်ရွှမ်သည် ထင်ထင်ရှားရှားပင် သူမ၏ ဝန်လေးခဲ့မှုများအား လုံးဝဂရုမစိုက်ခဲ့ကာ ရွံရှာနေပုံရပြီး သူမ၏ မျက်လုံးများအား နှိမ့်ချစွာပင် ကြည့်ခဲ့သည် ။


   ထိုအရာသည် သူမ၏ အပြစ်များသာဖြစ်သည်ကို မုန့်ချန် သိသည် ။ ယခုမုန့်ရှစ်ရွှမ်သည် သူမအပေါ်တွင် နည်းနည်းလေးမှပင် ချစ်ခင်လိုလားမှုမရှိဘဲ သူမအား မကြိုက်ကာ မုန်းတီးမှုများသာ ရှိနေသည် ။ သို့သော် ထိုအရာမှ လွဲ၍ ကလေးသည် သူမနှလုံးသား၏ အစိတ်အပိုင်းသာဖြစ်ပြီး မုန့်ရှစ်ရွှမ် ဤကဲ့သို့အကျပ်အတည်းကြားတွင်ခက်ခဲနေသည်ကို လုံးဝရပ်မကြည့်နိုင်ခဲ့ပေ ။


   သူမသည် မျက်ရည်များအား သုတ်လိုက်ပြီး မုန့်ရှစ်ရွှမ်အားပွေ့ဖက်ရန် သူမ၏ လက်တို့အား ဆန့်တန်းလာခဲ့သည် ။ 

"သမီး အမေနဲ့လိုက်ခဲ့ပါ ။ အားလုံးကို အစကနေ ပြန်စကြမယ် ၊ ဟုတ်ပြီလား ။ အနာဂတ်မှာ အမေတို့အချိန်ကောင်းလေးတွေရှိလာမှာပါ..."


  သူမ ပြောလို့မပြီးသေးခင် မုန့်ရှစ်ရွှမ်ဆီမှ တွန်းထုတ်ခံခဲ့ရပြီး ယိုင်လဲမတက်ပင် ဖြစ်သွားခဲ့ရသည် ။

   

   မုန့်ရှစ်ရွှမ်သည် သူမအား အေးစက်စွာကြည့်လာခဲ့ပြီး 

" ကျွန်မ ရှင်နဲ့ ပြန်လိုက်မှာမဟုတ်ဘူး ။ ကျုံးမိသားစုက ကျွန်မရဲ့ မိသားစုပဲ ။ရှင်သာ ကျွန်မကို တစ်ကယ်ကူညီချင်တယ်ဆိုရင် ကျုံးမိသားစုက ကျွန်မအပေါ် စိတ်ပြန်လည်လာအောင် ကူညီပေးသင့်တယ် ။အခု အကုန်လုံးက ကျွန်မကို မတူညီတဲ့ပုံစံနဲ့ ဆက်ဆံနေကြပြီ ။ သူတို့ဘာသာ သူတို့ပဲနေကြပြီး ကျွန်မကို အပြင် လူတစ်ယောက်လိုပဲ မောင်းထုတ်ဖို့တောင် စီစဥ်နေကြပြီ ။ကျွန်မ ပြန်လိုက်မှာမဟုတ်ဘူး ။ လုံးဝပြန်လိုက်မှာ မဟုတ်ဘူး "


   

   " ဒီလိုမလုပ်ပါနဲ့ "မုန့်ချန်သည် သူမ၏ကျော နံရံနှင့် ရိုက်မိသွားပြီး နာကျင်သွားသည်ကို ကြံ့ကြံ့ခံခဲ့ပြီး ပူပန်စွာဖြင့်ပင် ပြောလာခဲ့သည် ။

" တစ်ခြားမြို့မှာ သမီးရဲ့ပထွေးနဲ့ အမေဝယ်ထားတဲ့ မြေပိုင်ဆိုင်မှု နည်းနည်းရှိတယ် ။အဲ့ဒါက အရမ်းချမ်းသာတယ်လို့ပြောလို့မရပေမယ့်လည်း အဆင်ပြေပြေတော့ နေနိုင်ပါတယ် ။အမေနောက်သာလိုက်ခဲ့...."


" ရှောင်ခမ်းလား ။ ရှောင်ခမ်းက ကျုံးမိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ရာခိုင်နှုန်းလောက်ကိုတောင် ယှဥ်နိုင်လို့လား " မုန့်ရှစ်ရွှမ်သည် ဒေါသဖြင့် လှောင်ပြောင်လာခဲ့သည် ။


   သူမ၏ သမီးသည် ရယ်လိုက်ငိုလိုက်ဖြင့် စိတ်ကယောင်ချောက်ချားဖြစ်လာသည့်ပုံအားကြည့်ကား မုန့်ချန်သည် မွန်းကြပ်လာခဲ့ရပြီး တည်ငြိမ်အောင် ကြိုးစားခဲ့သည် " ဟုတ်ပြီ ၊ ဟုတ်ပြီ ။ အမေသမီးကို လိုက်ခဲ့ဖို့ ဖိအားမပေးတော့ဘူး။ အမေ သမီးအတွက် ဖြေရှင်းနိုင်ဖို့ကူညီပေးမယ် "


"ရှင်ဘာလုပ်နိုင်မှာမို့လိုလဲ "


" အဲ့တာက ကိစ္စအကြီးကြီးပဲ ၊ အမေကျုံးယို့ယို့ ကိုမေးလိုက်မယ် ။အမေက သူ့ကို ဆယ့်ငါးနှစ်လောက်ပျိုးထောင်လာတာ ။ဒါကြောင့် သူမက အမေ့ကို နည်းနည်းတော့ ခင်တွယ်မှာပါ ။အဲ့တာက အလုပ်မဖြစ်ဘူးဆိုရင် အမေက သူ့ကို နာမည်ပျက်အောင်လုပ်ပြီး ကျုံးမိသားစုက မချိတင်ကဲနဲ့ သူမကို ကန်ထုတ်ပစ်အောင် လုပ်ပစ်မယ် ။ဆန့်ကျင်ဘက်အနေနဲ့ သမီးက ရက်ရောပြီး နူးညံ့တယ်ဆိုတာ ကျုံးမိသားစုက သိလာအောင်..."


  မုန့်ရှစ်ရွှမ်၏ မျက်နှာသည် ချက်ခြင်းပင်ပြေလျော့သွားခဲ့ပြီး သူမသည် မုန့်ချန်အား မယုံသကဲ့သို့ကြည့်လာခဲ့သည် ။ 

" ကျွန်မရှင့်ကို အသိအမှတ်မပြုဘူး ။ရှင်ကျွန်မအတွက် ဒါကို တစ်ကယ်လုပ်ပေးချင်တာလား "


 "ဒါပေါ့ ၊ ကျန်တာဘာမှစိုးရိမ်မနေနဲ့တော့ ။အမေက ဒီမှာရှိတယ် " မုန့်ချန် နက်နဲစွာတွေးနေခဲ့သည် ။သူမသည် မုန့်ရှစ်ရွှမ်အား မပြောပြခဲ့ပေ ။လွန်ခဲ့သော ရက်အနည်းက သူမသည် ကျုံးမိသားစုနှင့် ချင်းမိသားစု၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရသည် ။ သူမသည် ကလေးခိုးမှုဖြင့် တရားစွဲခံထားရသည် ။ချင်းမိသားစုသည် ဘာကြောင့် ဤကိစ္စအား ကြားဝင်လာခဲ့သည်ကို သူမမသိပါ ။ သို့သော်မိသားစုနှစ်စုလုံးသည် သူမကို သတ်လိမ့်မည်ဖြစ်ပြီး ပုန်းကွယ်၍ပင်ရလိမ့်မည်မဟုတ်ချေ ။


သူမ၏ ယောကျ်ားအား ဝန်မခံရဲခဲ့ပေ ။သူမသည် မကြာခင် တရားရုံးသို့သွားရမည်ဖြစ်ပြီး သူမ ၈နှစ်  ကနေ ၁၀ နှစ်လောက်အထိ အမိန့်ချခံရပြီးလျှင် ပြန်ထွက်လာနိုင်တော့မည်မဟုတ်ပါ ။ဤနောက်ဆုံးအချိန်သည် သူမ၏ သမီးရင်းအတွက် တစ်ခုခုလုပ်ပေးနိုင်ရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည် ။

   

   မည်သို့ပင် ဖြစ်စေ ၊ အချိန်ကျလာသည့်အခါတွင် သူမသည် အရာအားလုံးအတွက် တာဝန်ယူမည်ဖြစ်ပြီး သူမ၏ သမီးသည် ဖြူစင်ရိုးသားစွာဖြင့် ဆက်၍နေနိုင်လိမ့်မည် ။

 

    သို့သော် သူမဘာလုပ်သင့်ပါသလဲ ။


  တစ်ကယ်တမ်းတွင် သူမသည် ကျုံးယို့ယို့အား နောက်ဆုံးအနေဖြင့် ထိခိုက်အောင်မလုပ်ချင်ခဲ့ပေ ။အဆုံးတွင် ကျုံးယို့ယို့သည် သူမဆယ့်ငါးနှစ်တာ ပျိုးထောင်ခဲ့သော ကလေးပင်ဖြစ်သည် ။သူမ မည့်သို့ပင်ပျိုးထောင်လာခဲ့ပါစေ သူမတွင် ချစ်ခင်မှုအနည်းငယ်ရှိနေသည် ။ ကျုံးယို့ယို့ငယ်ဘဝတွင် ခြံစောင့်ခွေးတစ်ကောင်ကဲ့သို့ ခေါင်းမာသည့်သူမဟုတ်ခဲ့လျှင် သူမတွင် ထိုထက်ပိုလေးနက်သော ခံစားချက်မျိုးရှိလာနိုင်ပေသည် ။


   ကျုံးယို့ယို့ကို အရင်ဆုံးတောင်းပန်ကာ သူမအားမျက်နှာချင်းဆိုင်ပြီး ရွှမ်ရွှမ်နှင့် ရင်းရင်းနှီးနှီးနေနိုင်မလားဆိုသည်ကို ဦးစွာမေးကြည့်ရမည်ဖြစ်သည် ။


.......

  မနက်အစောပိုင်းတွင် သူမသည် ဘတ်စ်ကားအားစီးပြီး ကောလိပ်ရှိအိပ်ဆောင်တွင် နေရာချခဲ့သည် ။နေ့လည်ပိုင်းလောက်တွင် ယှဥ်ပြိုင်ပွဲသည် စတင်မည်ဖြစ်သည် ။အိပ်ဆောင်၏ အခြေအနေသည် အလွန်ဆိုးရွားသည် ။ပတ်ဝန်းကျင်ရှိ နေ့လယ်ခင်းစားသောက်ဆိုင်များသည် အရမ်းကောင်းမနေခဲ့ပေ ။တစ်နေရာလုံးတွင် အဆင်ပြေသည့်နေရာများရှိမနေခဲ့ချေ ။ သူတို့အများစုသည် အထက်တန်းလွှာများတက်သောကျောင်းမှ ကျောင်းသားများဖြစ်ကြသည်။


    သို့သော် ကျုံးယို့ယို့လုံးဝ မမျှော်လင့်ထားသည်မှာ သူမ စားသောက်ဆိုင်ထဲသို့ရောက်သည်နှင့် သူမသည် ကျုံးမိသားစု၏ ဒါရိုက်ဘာ လောင်ကျောက်အား တွေ့လိုက်ရသည် ။


   ပါပါးကျုံးသည် တစ်ကယ်ပင် လောင်ကျောက်အား နေ့လည်စာများယူလာပေးဖို့ ပြောခဲ့သည်လား ။ထိုအရာအားကြည့်ရသည်မှာ တစ်ဖြေးဖြေးပြောင်းလဲလာပုံပေါ်ပြီး ထိုအရာသည် အရင်က မုန့်ရှစ်ရွှမ် တစ်ခါမှ မရခဲ့ဖူးသော ဆက်ဆံခံရပုံပင်ဖြစ်သည် ။အဆုံးတွင် ပါပါးကျုံးသည် အရာအားလုံးကို စီစဥ်ပေးခဲ့သည် ။ဤသို့သော ကိစ္စအသေးအမွှားများသည် ပုံမှန်အားဖြင့် မာမားကျုံးသာ စီစဥ်ပေး​နေကြဖြစ်သည် ။


" သခင်မလေး ကြိုက်သလောက်စားလို့ရပါတယ်။ တွေ့ရတဲ့အတိုင်းပဲ စားသောက်ဆိုင်ထဲက အစားအသောက်တွေက အရမ်းဆိုးတာလေ ။အဲ့တာက သခင်မလေးရဲ့ စားသောက်ပုံနဲ့ တစ်ကယ်မကိုက်ညီဘူး ။ဒါတွေကတော့ သခင်မလေးကြိုက်တဲ့ အစားအသောက်တွေပဲ " လောင်ကျောက်သည် အပူခံဘူးကိုကိုင်ထားကာ သူမအား အထူးခယနေခဲ့သည် ။ သူမသည် ဒီတိုင်းရှေ့တွင်ချသွားရန် မပြောခဲ့ပေ ။


   ကျုံးယို့ယို့သည် သူ့အားတစ်ချက်ကြည့်ကာ အဖုံးအားဖွင့်ကြည့်လိုက်ပြီးနောက် အထဲတွင် သူမ၏ အကြိုက်များသာ ဖြစ်သည်ကို တွေ့လိုက်ရသည် ။ သူမသည် နောက်ဆုံးအကြိမ်တုန်းက ကျုံးမိသားစုနှင့် တူတူစားခဲ့ပုံမရသော်လည်း နက်နဲသောခင်တွယ်မှုအား ပါပါးကျုံးနှင့် မာမာကျုံးအပေါ်တွင် ထားခဲ့ပုံရသည် ။ ထို့နောက်တွင် သူတို့သည် သူမ၏ ဦးစားပေးနှစ်ခြိုက်သည့်အရာများအား မေးလာခဲ့ကြသည် ။


  ကျုံးယို့ယို့သည် ကျုံးမိသားစုအပေါ်တွင် အထင်ကြီးမှုမရှိသော်လည်း ဘာကြောင့် သူမ ရရှိသော ကောင်းမွန်သည့် အစားအစာများအား မစားဘဲနေရမည်နည်း ။သူမ တည်ငြမ်စွာပင် ပြန်ဖြေကြားလိုက်သည် ။ 

" ဟုတ်ကဲ့ ။ အဲ့တာကို ဒီမှာပဲ ထားသွားလိုက်ပါ "


လောက်ကျောက်သည် သူမထိုကဲ့သို့ ပြောလာသည်ကို ကြားသောအခါ အလွန်ပင် ပျော်ရွှင်သွားခဲ့သည် ။


   ကျုံးသခင်ကြီးသည် သူ့အား အကြိမ်ထောင်ပေါင်းများစွာလောက် သတိပေးခဲ့သည်ဖြစ်သောကြောင့် ကျုံးယို့ယို့ ထိုအစားစာများလက်ခံစေရန် ကြိုးပမ်းရမည်ဖြစ်ပြီး သူသည် မည်မျှလောက် သူမ၏ အာဟာရအား ဖြည့်တင်းပေးနေရမည်နည်း ။


"သခင်မလေး စားပြီးသွားရင် ကျုံးသခင်ကြီးကို ဖုန်းဆက်ကြည့်သင့်တယ် ။သူက သခင်မလေးကို အရမ်းလွမ်းနေတာ "


  " သူ့ကိုဖုန်းခေါ်စေချင်တယ်ဆိုရင်တော့ မစားတော့ဘူးလေ " 

ကျုံးယို့ယို့ နှစ်ကိုက်မျှပင် မကိုက်ရသေးခင်တွင် သူမသည် အစား စားမဝင်နိုင်လောက်သောအရာအား ကြားခဲ့ရပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်မိကာ တူကိုပြန်ချထားခဲ့သည် ။


   " မ..မ ..မ..မလုပ်ပါနဲ့ ၊ဖုန်းမခေါ်ပါနဲ့တော့ "လောင်ကျောက်သည် အလျင်အမြန်ပဲ ပြောလာခဲ့သည် ။ကျုံးသခင်ကြီးသည် အကယ်၍များ ကျုံးယို့ယို့ကဖုန်းမဆက်ချင်ခဲ့လျှင် တွန်းအားမပေးရန် သူ့အားပြောခဲ့သည် ။


   ကျုံးယို့ယို့သည် အိမ်မှပို့ပေးလာသော အစားအစာများကိုသာ စားလာခဲ့ပြီး သို့သော် လူမည်မျှလောက် သူမအား မနာလိုဖြစ်နေခဲ့သည်ကို မသိခဲ့ချေ ။အထူးသဖြင့် ထိုသူသည် ကျောင်းတစ်ကျောင်းထဲမှလာသော အတန်းဖော်ပင် ဖြစ်သည် ။ 


  သေချာပေါက် ဤကျုံးယို့ယို့သည် ကျုံးမိသားစု၏ ထိုကဲ့သော ဆက်ဆံပေးမှူများအပေါ်တွင် စပြီးပျော်ရွှင်နေလိမ့်မည် ။ အရင်က မုန့်ရှစ်ရွှမ်သည် ထိုမျှလောက် ကောင်းမွန်စွာဆက်ဆံခံရသည့်ပုံ မပေါ်ချေ ။ကြည့်ရသည်မှာ ကျုံးမိသားစုသည် သူမအား အလျော်ပေးချင်ခဲ့ပုံရသည် ။


ထိုအရာသည် အလွန်ပင်မနာလိုဖြစ်ဖို့ကောင်းသည် ။အထူးသဖြင့် သူတို့သည် နုံချာသော ကန်တင်း၌ ဆန်ကြမ်းများအား စားနေရချိန်တွင် ကျုံးယို့ယို့၏ အစားအသောက်များထံမှ ပူနွေးသောရနံ့အားရနေခဲ့သည် ။


 တစ်ကယ်တမ်းတွင် ရှစ်မိသားစုသည်လည်း ရှစ်ကျစ်ထန်အတွက် အစားအသောက်များပို့ပေးခဲ့သည် ။ကန်တင်း၏ အစားအစာများသည် လက်ခံနိုင်ဖွယ်ရာမရှိသည်ကို သူသိသည် ။ထို့ကြောင့် သူသည် သူသည် မိသားစုမှပို့လာသော အစားအသောက်များအား ကျုံးယို့ယို့အားပေးရန် ကြံရွယ်ထားသော်လည်း ကျုံးမိသားစုသည်လည်း သူမအား ပို့ပေးလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။ရှစ်ကျစ်ထန်သည် ကျုံးမိသားစု၏ ဤအပြုအမူအား စိတ်ထဲတွင်မှတ်ထားကာ သူကဲ့သို့ပင် ကျုံးမိသားစုသည်လည်း မလွဲမသွေပြန်လည်မွေးလာခြင်းဖြစ်မည်ဟု ခန့်မှန်းခဲ့သည် ။


   ကျုံးမာမားသည် ပြန်လည်မွေးဖွားလာသည်လားဆိုသည်ကို သူမသိပါ ။သို့သော် ကျုံးပါပါး နှင့် ကျုံးရှီယို့သည် သေချာပေါက်ပင် ပြန်လည်မွေးလာခြင်းဖြစ်ရမည် ။ သူတို့သည် အတိတ်ဘဝတွင် ယို့ယို့ပေါ် အလွန်မကောင်းခဲ့ပေ ။ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့အား အဝေးမှ လှမ်းကြည့်နေခဲ့ပြီး တွန့်ဆုတ်စွာဖြင့်ပင် သူမဆီသို့ လျှောက်သွားခဲ့သည် ။


  ကျုံးယို့ယို့သည် ကောင်းမွန်စွာစားသောက်နေခဲ့ပြီးရုတ်တရက် သူမရှေ့တွင် တစ်ယောက်ယောက်လာထိုင်နေသည်ကို သတိထားမိလိုက်သည် ။သူမသည် ရန်ကျီအန်းဟုထင်ခဲ့ကာ ထိုသူသည် အခြားသူများအား စိတ်အားထက်သန်စွာဖြင့် အတူစားရန် လာနှုတ်ဆက်သည်ဟု တွေးခဲ့သည် ။ သို့သော် ရှစ်ကျစ်ထန် ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ ။ သူမချက်ခြင်းပင် မျက်နှာပျက်သွားခဲ့ပြီး ရှစ်ကျစ်ထန်သည် ယခုတွင် ချင်းယောင်အား အထင်လွဲသွားစေခဲ့သည်ကို မဖြေရှင်းရသေးချေ ။


  " ကိုယ့်မှာလည်း အရသာရှိတဲ့ ဟာတွေပါလာတယ် ။ ယို့ယို့ ၊ မင်း..."

 ရှစ်ကျစ်ထန်၏ စကားများ မဆုံးသေးခင်တွင် ကျုံးယို့ယို့သည် သူမ၏ တူအား စားပွဲသို့တင်လိုက်ပြီး သူအား မျက်မှောင်မကြုတ်ဘဲ စိုက်ကြည့်ခဲ့သည် ။

 " နင်ဘာလုပ်နေတာလဲ "


   ထိုရွံရှာနေသော အသံမျိုး ထွက်ပေါ်လာသောအခါ အနီးနားရှိလူများသည် လှည့်ကြည့်လာခဲ့ကြသည် ။


   ရှစ်ကျစ်ထန်၏ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုသည် အနည်းငယ်ထိခိုက်ခံလိုက်ရသည် ။ ထိုကဲ့သို့ ထိခိုက်ခံလိုက်ရခြင်းနှင့် ယှဥ်လျှင် လက်ရှိကျုံးယို့ယို့သည် သူ့အား သူစိမ်းများထက်ပင် ဆိုးရွားစွာဆက်ဆံနေခြင်းသည် ပို၍ဝမ်းနည်းစေခဲ့သည် ။

သူသည် မလှုပ်မယှက်ပင် မေးလာခဲ့သည် ။

"မင်းရဲ့ သူငယ်ချင်းတွေလည်း မင်းကို စကားမပြောကြဘူးလား "


   သူပြောပြီးသည့်နောက်တွင် ခဏတာလောက် ကျုံးယို့ယို့ဘက်မှ တုံ့ပြန်လာသည်ကို မကြားခဲ့ရပေ ။သူသည် မတတ်နိုင်စွာပင် ခေါင်းမော့ကြည့်လာခဲ့ပြီး ဘေးမှ ကျရောက်နေသော အရိပ်အား တွေ့လိုက်ရသည် ။  အနီးနားတွင် အံ့သြနေမှုများနှင့် ဆွေးနွေးနေကြပြီး သူ၏ မျက်နှာသည် ရုတ်တရက်ပြောင်းသွားခဲ့သည် ။


ချင်းယောင်က ဒီမှာပဲ ။


" နင်ဒီကိုဘာလို့ရောက်နေတာလဲ "  ကျုံးယို့ယို့တွင် ရှစ်ကျစ်ထန်နှင့် ဘာကိစ္စမျှရှိမနေသော်လည်း သူမသည် လက်ပူးလက်ကြပ်မိခံရပြီး အပြစ်ရှိသလို ခံစားနေမိသည် ။


" ကိုယ်မင်းကိုလွမ်းနေတာ" ချင်းယောင်သည် ထိုစကားအား သူ၏ ပြိုင်ဘက်ရှေ့တွင် ပြောလာခဲ့ပြီး သူ၏ မျက်နှာသည် နီရဲမနေခဲ့ချေ ။ 


သူသည် ရှစ်ကျစ်ထန်အား ကလေးဆန်စွာပင် ကြည့်လာခဲ့ပြီး တမင်ရန်ဆွပေးနေခဲ့သည် ။