အပိုင်း ၆၄
Viewers 11k

Chapter 64




ရှာလကာရည်အိုးသည် မှောက်ကျသွားပြီဖြစ်ပြီး ကျုံးယို့ယို့သည် တစ်ခစ်ခစ်ရယ်လိုက်ကာ သူ၏ မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေခဲ့သည် ။


" နင်တစ်အားမြန်တာပဲ ။ ဒီကို ကားမောင်းပြီး လာခဲ့တာလား ။ငါခုထိ စားလို့မပြီးသေးဘူး "


 ချင်းယောင်သည် မတ်တပ်ရပ်လိုက်ပြီး လက်ဆန့်တန်းကာ ကျုံးယို့ယို့၏ အစားအသောက်ပန်းကန်အားတိုးပေးခဲ့သည် ။

" ဆက်စားလေ "

 

ကျုံးယို့ယို့သည် သူ့အားတစ်ချက်ကြည့်လိုက်ကာ ပြုံးရွှင်စွာဖြင့် အမှန်ပင် ဆက်ပြီး စားသောက်နေခဲ့သည် ။


   နှစ်ယောက်သားသည် ရှစ်ကျစ်ထန်၏ အနီးတွင် မျက်နှာချင်းဆိုင်ထိုင်နေကာ ဘေးနားရှိကျောင်းသားများသည် ဤပြောင်းလဲမှုကြောင့် အံ့အားသင့်နေကြသည် ။ ဘာဖြစ်တာလဲ ။ သူအရင်က ကြားခဲ့တာက ကျုံးယို့ယို့က ရှစ်ကျစ်ထန်ကို လိုက်နေတယ်လို့လေ ၊ ဒါပေမဲ့ အခုမြင်နေရတာက သူမက သူ့ကို လိုက်နေတာမှမဟုတ်ဘဲ ။  သူမရဲ့နှလုံးသားကိုများ ပြောင်းလဲလိုက်တာလား ။ပြီးနောက် ကြည့်ရသည်မှာ အခြေအနေများသည် ပြောင်းလဲသွားပုံရပြီး ရှစ်ကျစ်ထန်သည် သူမကို လိုက်နေခဲ့သည် ။



 အဲ့တာက တစ်ကယ်ကို "ဟယ်သုန်းဆယ်နှစ် ၊ ဟယ်ရှီဆယ်နှစ်" ဖြစ်နေခြင်းပင် ။


   ပို၍ပြောရမည်ဆိုလျှင် ကျုံးယို့ယို့၏ ချစ်သူကောင်လေးသည် အရမ်းချောလွန်းသည် ။ ရှစ်​ကျစ်ထန် ထက်ပို၍လည်း သြဇာတိက္ကမရှိသည် ။

    

    ရှစ်ကျစ်ထန်သည် ထိုဝေဖန်မှုများအားကြားလာရသောအခါ သူ၏ မျက်နှာသည် အစိမ်းရောင်ပင် ပြောင်းနေခဲ့သည် ။


    သူသည် ချင်းယောင်၏ ရှေ့တွင် ပျောက်ကွယ်နေပုံရသည် ။ငယ်စဥ်ကတည်းကပင် ချင်းယောင်သည် သူတို့အသိုင်းအဝန်းထဲရှိ 'မိသားစုတစ်စု၏ ကလေး ' ဖြစ်သည် ။

နောက်ထပ်၂နှစ်တွင် သူသည် ချင်းယောင်အား ရှုံးလိမ့်မည်မဟုတ်ဟု တွေးထင်ခဲ့သည် ။ သို့သော် ယခုတွင် သူသည် ချင်းယောင် နှင့် ဘာမျှ မယှဥ်နိုင်ခဲ့ပေ ။ ချင်းယောင်သည် ယခင်က နိုင်ငံခြားသို့ထွက်ခဲ့ပြီး ရုတ်တရက်ကြီး တရုတ်နိုင်ငံသို့ ဘာကြောင့် ပြန်လာသည်ကို မသိခဲ့ချေ ။


...နောက်ပြီး ကျုံးယို့ယို့သည် ထင်ထင်ရှားရှားပင် ချင်းယောင်အား ဘက်လိုက်နေခဲ့သည် ။


  သူသည် အလွန်ကြည့်ရဆိုးလာခဲ့ပြီး စားလို့မပြီးသေးခင်ပင် ထွက်သွားခဲ့သည် ။


" နင်စားပြီးပြီလား " ကျုံးယို့ယို့ မေးခဲ့သည် ။


"ကိုယ်မစားရသေးဘူး "ချင်းယောင်ပြန်ဖြေလာခဲ့သည် ။ တစ်ကယ်တမ်းတွင် သူသည် တစ်လမ်းလုံးတောက်လျှောက် မောင်းနှင်လာခဲ့ပြီး စားဖို့ပင် အာရုံမရခဲ့ချေ ။


  ကျုံးယို့ယို့ ပြုံးနေခဲ့ပြီး သူ၏ မျက်နှာအား ခဏမျှကြည့်နေခဲ့ကာ မေးလိုက်သည် ။

 " နင်စိတ်ဆိုးနေတာလား " 


 ကျုံးယို့ယို့ ထိုသို့မေးလာခဲ့သောအခါ ချင်းယောင်သည် ဆက်၍ စိတ်ဆိုးမနေတော့ပေ ။ တစ်ကယ်တမ်းတွင် သူသည် စိတ်ဆိုးနေခဲ့ခြင်း မဟုတ်ဘဲ ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည် ။ သူသည် အချိန်တိုင်း မလွယ်ကူခဲ့ကာ ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှူမရှိခဲ့ပေ ။ ကျုံးယို့ယို့ သူ့အား ရွေးချယ်လာခဲ့သည်မှာ အပျော်သက်သက်ပင် ဖြစ်နေမည်ကို ကြောက်ရွံ့နေခဲ့သည် ။တစ်နေ့တွင် သူမ၏ စိတ်သည် ရုတ်တရက်ပြောင်းလဲသွားပြီး ရှစ်ကျစ်ထန် သို့မဟုတ် အခြားသူတစ်ယောက်ဆီကို သွားလိမ့်မည် ဖြစ်သည် ။


 ထို့ကြောင့် ဖုန်းထဲမှ တစ်ဆင့် ရှစ်ကျစ်ထန်၏ အသံအားကြားသည်နှင့်တစ်ပြိုင်နက် စိုးရိမ်ကြောင့်ကြကာ စဥ်းပင်စဥ်းစားမနေတော့ ထွက်လာခဲ့ခြင်းဖြစ်သည် ။


  မည်သူပဲဖြစ်ဖြစ် ပို၍ ချစ်ရသောသူသည်သာလျှင် ထိုအတွက် ပိုပေးဆပ်ရပြီး ပိုစိုးရိမ်ရသည် ဖြစ်သည် ။ ပြီးနောက် သူသည် ထိုသို့ဖြစ်ရန် လိုလားခဲ့သည် ။


"မဟုတ်ပါဘူး " အမူအရာသည် ချက်ခြင်းပင် ပြေပျောက်သွားကာ ပြောလာခဲ့သည် ။ " ဒီရက်အတွင်း အနီးနားက ဟိုတယ်မှာ နှစ်ရက်လောက် အခန်းငှားထားတယ် ။ကိုယ်မင်းနဲ့နေပေးမယ် "


 ကျုံးယို့ယို့သည် သူ၏ ကိုးရိုးကားယားနိုင်သော အမူအရာအားကြည့်ကာ သေလောက်အောင်ပင် ရယ်မောလာခဲ့ပြီးနောက် သူ့အားကြည့်လိုက်သည် ။

" နင်ခုထိ စိတ်မဆိုးချင်သေးဘူးပေါ့ ။ကုမ္ပဏီကိုရော မသွားရဘူးလား ။ နင်က အရမ်းအလုပ်များတာကို ဒီမှာ နှစ်ရက်တောင် နေအုန်းမလို့လား ။ ငါ နံရံကနေ ကျော်ပြီး ထွက်သွားမှာကို တားမလို့ပေါ့ "


" ဒီနှစ်ရက်က သိပ်ပြီး အလုပ်မများပါဘူး " ချင်းယောင်သည် တည်ငြိမ်စွာပင် ပြန်ပြောလာခဲ့သည် ။ 


" မင်းကိုယ့်ကို ဒီမှာ နေခိုင်းမှာမှမဟုတ်တာ။ဘာပဲဖြစ်ဖြစ် ဒါက နှစ်နာရီလောက်ပဲ မောင်းရတာပါ ။ ကိုယ်မနက်တိုင်းလာပြီး ညမှပြန်သွားလို့မရဘူးလေ ။ အဲ့တာက ကိုယ်အရမ်းပင်ပန်းလိမ့်မယ်.."


" မလုပ်နဲ့ "


ချင်းယောင်၏ မျက်နှာတွင် မည့်သည့်အမူအရာမှ ရှိမနေသော်လည်း ကျုံးယို့ယို့၏ မျက်လုံးထဲတွင်တော့ အလွန်ပင် မြင်သာနေခဲ့သည် ။


   ကျုံးယို့ယို့သည် ခံစားလိူက်ရပြီး ပြုံး၍ပင် ပြောလိုက်သည် ။ " ဒါဆိုလည်း ဒီမှာပဲ နေတော့ ။ ငါလည်း အိပ်ဆောင်မှာ မနေချင်ဘူးလေ ။ နင်နဲ့ငါ ဟိုတယ်မှာ တူတူနေကြတာပေါ့ "


"..." ချင်းယောင်၏ နားရွက်များ ချက်ခြင်းပင် နီရဲသွားခဲ့သည် ။


" ဘာတွေတွေးနေတာလဲ ၊ လမ်းလွဲနေတဲ့ကောင်လေး "  ကျုံးယို့ယို့သည် သူမ၏ လက်အားဆန့်တန့်လိုက်ကာ သူ၏ ပါးနှစ်ဖက်ကို ဆုပ်ကိုင်၍ နာနာလေး ပွတ်သပ်လိုက်ပြီး ကျီစယ်သလိုပြောလာခဲ့သည် ။

" အခန်းနှစ်ခန်းယူလိုက်လေ "


" ကိုယ်လည်း အခန်းနှစ်ခန်းယူဖို့ပဲ တွေးနေတာပါ " ချင်းယောင်၏ နားရွက်များသည် နီရဲနေဆဲဖြစ်ပြီး ဘာမှမဖြစ်သည့်ဟန်ဖြင့်ပင် ခွက်အားယူလိုက်ကာ ရေတစ်ငုံလောက်သောက်လိုက်သည် ။


  ကျုံးယို့ယို့ ကန်တင်းမှ ထွက်သွားသောအခါ လောက်ကျောက်သည် အပူခံဘူးအား သိမ်းဆည်းကာ ပြန်သွားရန် စီစဥ်ခဲ့သည် ။


   သူတို့နှစ်ဦးသည် ကန်တင်းအပြင်ဘက်တွင် သစ်ပင်အောက်၌ ဘေးချင်းယှဥ်လျှောက်နေခဲ့ကြသည် ။


   ကျုံးယို့ယို့သည် ချင်းယောင်အား မော့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလာခဲ့သည် ။

" ချင်းယောင် နင်တစ်ကယ်ဘာမှမစားခဲ့ဘူးပဲ ။ တစ်ခုခုအရင်သွားစားလိုက်ပါလား ။ ငါအိပ်ဆောင်ကို နေ့လည်ဘက် အနားယူဖို့ အရင်သွားလိုက်မယ်။ ငါနေ့လည်ပိုင်းစာမေးပွဲဖြေပြီးသွားတဲ့အခါကျမှ နင်ငါ့ကို လာကြိုလေ ။ ပြီးရင်ငါတို့အပြင်ထွက်ပြီး လျှောက်ပတ်ကြည့်ကြတာပေါ့ ။ "

 

  ချင်းယောင်သည် ကျုံးယို့ယို့အား ငုံ့ကြည့်လိုက်ပြီး တစ်ခုခုပြောင်းလဲနေသည်ကို ခံစားလိုက်ရသည် ။ ဥပမာအားဖြင့်ဆိုရလျှင် တစ်ဖြေးဖြေး ကျုံးယို့ယို့သည် သူ့အတွက်ဂရုစိုက်လာခဲ့ပြီး သူသဝန်တိုနေသည်လား ဆိုသည်ကိုပင် ဂရုစိုက်နေခဲ့သည် ။ထိုကဲ့သို့ ကြင်နာမှုအနည်းငယ်ကပင် ချင်းယောင်၏ စိတ်ထဲမှ ဝိုးတဝါးဖြစ်နေသောအရာတို့အား ကွယ်ပျောက်သွားစေခဲ့သည် ။


   သူ၏ နှလုံးသားထဲ၌ပင် အလွန်ပျော်ရွှင်နေခဲ့ပြီး သူ့ကိုယ်သူအား ပြန်ထိန်းချူပ်နိုင်ရန် ကြိုးစားလိုက်သည် ။ သို့သော် ပြုံးနေသောအရိပ်ရောင်လေးသည် သူ၏ မျက်လုံးထဲတွင် ဖြတ်သန်းသွားခဲ့ပြီး သူသည် မသက်မသာဖြင့်ပင် တစ်ခြားတစ်ဖက်သို့​ ခေါင်းလှည့်ကာ ကြည့်နေလိုက်သည် ။

" ကိုယ် ဗိုက်မဆာပါဘူး "


" နင်ဗိုက်မဆာရင်တောင် တစ်ခုခုတော့ စားသင့်တယ် " 

ကျုံးယို့ယို့ သည် ပြုံးလိုက်ပြီး သူ့အား ကျောင်းဂိတ်ပေါက်ဘက်သို့ တွန်းလွှတ်ခဲ့သည် ။

 "နင်အစားကောင်းကောင်းမစားရသေးဘူးဆိုရင် ငါ့ဆီကိုမလာခဲ့နဲ့ ။ငါ အိပ်ဆောင်ကို ပြန်ပြီး အနားယူလိုက်အုန်းမယ် "


နှစ်ယောက်သားသည် ကျောင်းဂိတ်ပေါက်ဘက်သို့ လျှောက်သွားခဲ့သည် ။ရုတ်တရက် ကျုံးယို့ယို့၏ အကြည့်များသည် သစ်ပင်အောက်တွင်ရှိနေသော ပုံသဏ္ဍာန်တစ်ခုဆီသို့ ကျရောက်သွားခဲ့သည် ။သူမ၏ မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားခဲ့ပြီး ချင်းယောင်၏ အင်္ကျီလက်အား တင်းကျပ်စွာဆုပ်ကိုင်လာခဲ့သည် ။


  ချင်းယောင်သည် သူမကြည့်သည့်နေရာအား လိုက်ကြည့်ခဲ့ပြီး ထိုနေရာတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးရပ်နေခဲ့သည် ။ မုန့်ရှစ်ရွှမ်နှင့် ဆင်သော မျက်နှာရှိပြီး ချက်ခြင်းပင် မည်သူဖြစ်သည်ကို ခန့်မှန်းမိသွားခဲ့သည် ။


   ဤပြိုင်ပွဲတွင် မြောက်များစွာသော ကျောင်းသားများ ပါဝင်ကြသည် ။ မုန့်ချန်သည် လှည့်ပတ်နေခဲ့ပြီး လမ်းပင်ပျောက်မလိုဖြစ်နေခဲ့သည် ။နောက်ဆုံးတွင် သူမသည် ကျုံးယို့ယို့အားရှားတွေ့သွားခဲ့သည် ။ ကျုံးယို့ယို့သည်လည်း သူမအား ကြည့်နေသည်ကို တွေ့လိုက်သောအခါ သူမအလွန်ပျော်ရွှင်သွားခဲ့ပြီး မသိစိတ်ဖြင့်ပင် သူမဆီသို့ သွားမိတော့မလိုဖြစ်ခဲ့သည် ။


  ချင်းယောင်သည် မုန့်ချန်အား အကွာအဝေးတစ်ခုမှ အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး ကျုံးယို့ယို့ ၏ မျက်နှာအား သူ၏ ရင်ဘက်ပေါ်တွင် ဖိကပ်ထားခဲ့သည် ။ သူမ၏ မြင်ကွင်းအား ဖုံးကွယ်ပေးလိုက်ပြီး တိုးသက်စွာပြောလာခဲ့သည် ။

" ယို့ယို့ မင်းသူမကိုမကြည့်ချင်ဘူးဆိုရင် မကြည့်နဲ့ ၊ ဒီလိုလူမျိုးက ဘာမှမဟုတ်ဘူး ။ ကောင်းကောင်းနေ ၊ အဲ့တာကို ကိုယ်ဂရုစိုက်လိုက်မယ် "


   မုန့်ချန် ထိုကဲ့သို့ အချိန်တွင် ပေါ်လာလိမ့်မည်ဟု ကျုံးယို့ယို့ မမျှော်လင့်ထားခဲ့ပေ ။ဝတ္ထုထဲတွင် သူမသည် မုန့်ရှစ်ရွှမ် အမွေမရခင်အချိန်ထိ ပေါ်မလာခဲ့ပေ ။သေချာပေါက်ပင် မုန့်ရှစ်ရွှမ်သည် ထိုအချိန်တွင် သူမအား အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သည် ။


ဝတ္ထုထဲတွင် သူမသည် မုန့်ရှစ်ရွှမ်အပေါ်တွင် ကြင်နာနေဆဲဖြစ်ပြီး မုန့်ရှစ်ရွှမ်အား အမြဲလွမ်းဆွတ်နေခဲ့သည် ။


ယခုတော့ သူမ ပေါ်လာပြီဖြစ်ပြီး ရည်ရွယ်ချက်သည် အလွန်ပင် သိသာနေခဲ့သည် ။ ထိုအရာသည် မုန့်ရှစ်ရွှမ်၏ အတုအယောင်သမီးအဖြစ် ဖော်ထုတ်ခံလိုက်ရခြင်းကြောင့် ဖြစ်ပြီး သူမ သည်အတိုင်းထိုင်မနေနိုင်တော့ဘဲ သနားငဲ့ညာပေးရန် လာတောင်းဆိုခြင်း သို့မဟုတ် ယို့ယို့အား ကျုံးမိသားစုမှ မောင်းထုတ်ရန် တစ်ခုခုကို စဥ်းစားနေခဲ့ခြင်းပင် ဖြစ်မည်။သေချာပေါက် ထိုအရာသည် ကျိုးယို့ယို့၏ ခန့်မှန်းမှုသာ ဖြစ်ပြီး မုန့်ချန် ဘယ်အဆင့်ကို အရင်ဆောင်ရွက်မည်ဆိုသည်ကိုတော့ သူမ မသိချေ ။


ဝတ္ထုထဲ၌ အစောပိုင်းတွင် သူမသည် မူလကိုယ်အပေါ်  မကောင်းခဲ့ချေ ။ သို့သော် အချိန်ကာလအတော်ကြာပြီးသည့် နောက်၌ သူမတွင် ခံစားချက်အနည်းငယ် ရှိနေခဲ့သည် ။


   ယခု ကျုံးယို့ယို့၏ မျက်လုံးထဲတွင်တော့ ထိုအရာများသည် တန်ဖိုးကင်းမဲ့သည် ။ ဝတ္ထုထဲတွင် သူမ အမုန်းဆုံးလူသည် ပြဿနာများအားလုံးကိုအစပျိုးခဲ့သည့်  ဤမုန့်ချန်ပင် ဖြစ်သည် ။ သူမ မုန့်ချန်အား ဘယ်လို မျက်နှာမျိုး လုပ်ပြရမည်နည်း ။ သူမ ကြည့်ချင်လာခဲ့သည် ၊ မုန့်ချန်သည် သူမဘာလုပ်နေသလဲဆိုသည်ကို ကြည့်နေတုန်းဖြစ်သည် ။


" အဲ့တာက အဆင်ပြေပါတယ် " ကျုံးယို့ယို့ သူမ၏ မျက်နှာအား ချင်းယောင်၏ ရင်ခွင်ထဲမှ ဖယ်ခွာသွားခဲ့ပြီး ပြောလာခဲ့သည် ။ " ချင်းယောင် နင်ငါ့ကို သူမ နဲ့နှစ်ယောက်ထဲ စကားပြောခွင့်ပေးပါလား "


ချင်းယောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူမအား သဘောမတူစွာပင် ကြည့်လာခဲ့သည် ။ သူသည် မုန့်ချန်အား ထောင်ထဲသို့ပို့မည့် ကိစ္စအား သူ့ကို မပြောရသေးပေ ။အကယ်၍ ယို့ယို့သည် သူမအပေါ် သက်ညှာနေလျှင် ဘယ်လိုဖြစ်မည်နည်း ။


  ကျုံးယို့ယို့ ​မေးလာခဲ့သည် ။ 

 " ခဏလေးပါပဲ ၊ သူမက ငါ့ကို အနိုင်ကျင့်နိုင်အုန်းမှာမို့လို့လား " 


" ကောင်းပြီ " ချင်းယောင်အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့သည် ။


 ကျုံးယို့ယို့သည် ချင်းယောင်အား ထားခဲ့ကာ မုန့်ချန်ဆီသို့ အေးစက်သော အမူအရာဖြင့် လျှောက်သွားခဲ့ပြီး 

သူမအား ပြောလိုက်သည် ။ 

" ကျွန်မနဲ့ လိုက်ခဲ့ "


 မုန့်ချန် အလျင်အမြန်ပင် ခေါင်းညိတ်လာခဲ့ပြီး ကျုံးယို့ယို့၏ နောက်ကျောအား ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်နေခဲ့သည် ။ ဤသည်မှာ သူမဆယ့်ငါးနှစ်ကျော် ပျိုးထောင်လာသော သမီးပင်ဖြစ်သည် ။


 အစောပိုင်းတွင် သူမသည် ကျုံးယို့ယို့အတွက် လုံလုံလောက်လောက်မကောင်းခဲ့ပေ ။သို့သော် နောက်ပိုင်းတွင် သူမဆီတွင် မည့်သည့်ခံစားချက်မှ ရှိမနေခဲ့ဟု ပြောခဲ့သော်လည်း ထိုအရာသည် အမှားသာဖြစ်သည် ။ ဤခံစားချက်သည် သူမ၏ သမီးအရင်း မုန့်ရှစ်ရွှမ်အပေါ်ထားသလောက် မကောင်းနိုင်သော်လည်း သူမသည် လွန်ခဲ့သောနှစ်များတွင် ကျုံးယို့ယို့အကြောင်း တွေးခဲ့သည် ။


  သူတို့နှစ်ယောက်သည် အိပ်ဆောင်ဘက်သို့ သွားခဲ့သည် ။


  ထိုနေရာတွင် လူဖြတ်သွားဖြတ်လာများရှိနေပြီး ကျောင်းသားအချို့သည် လက်ထဲတွင် အိုလံပစ်သင်္ချာမေးခွန်းစာအုပ်အား ကိုင်ထားကာ သိချင်စိတ်ဖြင့် ထိုနေရာသို့ ကြည့်လာကြသည် ။အေးစက်တဲ့ အမူအရာရှိတဲ့ မိန်းကလေးနဲ့ ပင်ပန်းနေပုံပေါက်တဲ့ သက်လတ်ပိုင်း အမျိုးသမီး နှစ်ယောက်ကြားတွင် ဘယ်လို အခြေအနေမျိုးရှိနေသနည်း ။ ကျုံးယို့ယို့ကျောင်းရှိ ကျောင်းသားအချို့သည်တော့ သူမသည် မုန့်ရှစ်ရွှမ်၏ မိခင်ဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည် ။ သူတို့သည် ထိတ်လန့်အံ့သြနေကြပြီး ဝေးဝေးသို့ပင် မသွားနိုင်ဘဲ စိတ်ဝင်စားဖွယ်ကောင်းသော ရှိုးအား ကြည့်ချင်နေခဲ့သည် ။


  ကျုံးယို့ယို့သည် သူမအား စကားအေးဆေးပြောနိုင်ရန် တိတ်ဆိတ်သော ကော်ဖီဆိုင် သို့မဟုတ် ရွှမ်ရွှမ်ကဲ့သို့ တစ်နေနေရာသို့ ခေါ်သွားလိမ့်မည်ဟု မုန့်ချန်ထင်ခဲ့သည် ။ အဆုံးတွင် သူမ ပြောမည့်အရာများသည် အသရေတင့်သော စကားများ မဟုတ်ခဲ့သော်လည်း ထိုကဲ့သို့ လူများသည့်နေရာအား ခေါ်လာလိမ့်မည်ဟုတော့ သူမ မမျှော်လင့်ခဲ့ပေ ။


  ကျောင်းသားများဆီမှ စိတ်ဝင်စားစွာ ကြည့်ခံနေရပြီး သူမ ရှက်ရွံစွာဖြင့်ပင် ပြောလာခဲ့သည် ။

" ယို့ယို့ ၊ ငါတို့မတွေ့တာ အတော်ကြာပြီလေ ။ တစ်ခြားတစ်နေရာ ပြောင်းကြမလား "


 ကျုံးယို့ယို့ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည် ။သူမ၏ လက်များအား ပိုက်ထားကာ နောက်သို့ပြန်လှည့်လိုက်ပြီး သူမအား အေးစက်စွာကြည့်လိုက်သည် ။

" တစ်ခုခုပြောစရာရှိနေတယ်ဆိုရင် ဒီမှာပဲ ပြောလိုက် ၊ ကျွန်မ ဘယ်မှ သွားမှာမဟုတ်ဘူး ။ ရှင် မပြောဘူးဆိုရင်တော့ ထွက်သွားတော့ "


 မုန့်ချန်သည် ခဏတာ အေးခဲသွားခဲ့ပြီး သူမ၏ အပြုံးသည်လည်းထို့အတူပင်ဖြစ်သည် ။


    ယခုသူမရှေ့တွင် ရှိနေသော ကျုံးယို့ယို့သည် ယခင်က စိတ်ထဲတွင် ခါးသီးမှုများဖြင့် ခေါင်းမာသော ကျုံးယို့ယို့ထက်ပင် ပို၍ အေးစက်နေခဲ့သည် ။


ထွက်သွားရမှာလား ။အဲ့တာက အကြီးတွေကို ပြောရမယ့် အရာလား ။သူမက ကျုံးယို့ယို့ရဲ့ အမေအရင်းမဟုတ်ဘူးဆိုရင်တောင်မှ သူမတွင် ကျုံးယို့ယို့အား ဆယ့်ငါးနှစ်တာ စောင့်ရှောက်ခဲ့သော ကြင်နာမှုများရှိနေပြီး သူသည် ကျုံးယို့ယို့အား လမ်းပေါ်တွင် မပစ်ခဲ့ပေ ။


   မုန့်ချန်သည် အသက်ဝဝရှူလိုက်ပြီး ဒေါသများအား ဖိနှိပ်လိုက်ကာ အနီးအနားသို့ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့်ပင် ပြောလိုက်သည် ။

" ကောင်းပြီ ၊ ဒီမှာပဲ ပြောကြတာပေါ့ "


  သူမသည် နူးညံ့သော အပိုင်းကိုပြလိုက်ပြီး ရှေ့သို့အနည်းငယ်တိုးကာ ကျုံးယို့ယို့အား အသံတိုးတိုးဖြင့်  တီးတိုးပြောလိုက်သည် ။

" ယို့ယို့ ၊ ဒီတစ်ကြိမ်က အမေ မင်းကို ဖျောင်းဖျဖို့ လာခဲ့တာ ။ တစ်ကယ်တမ်းမှာ ရှစ်ရွှမ်က မင်းရဲ့ နေရာကို လုံးဝ မခြိမ်းခြောက်နိုင်ပါဘူး ။ သူမက မင်းရဲ့ မိဘတွေအပေါ်မှာ တစ်ကယ်ကြင်နာတာပါ ။ ငါသူ့ကို ခေါ်သွားချင်ခဲ့ပေမဲ့ သူကမလိုက်ချင်ဘူးလေ ။ မင်းရဲ့ မိဘတွေကို သူမကို မနှင်ချဖို့ ဖျောင်းဖျပေးပါလား ။ "


  ကျုံးယို့ယို့သည် သူမ၏ မျက်နှာအား တည့်တည့်ကြည့်လိုက်ပြီး ဖွင့်ထုတ်လာခဲ့သည် ။

" အရှက်မရှိလိုက်တာ "

 

  မုန့်ချန်၏ မျက်နှာတွင် စူးရှသောခံစားချက်အား ခံစားလိုက်ရပြီး အနည်းငယ်သော သူမ၏ ကိုယ့်ကိုယ့်ကို ယုံကြည်မှုဖြင့် သူမ၏ အသံသည် တိုးသည်ထက် တိုးလာကာ


 " အရင်က ဖြစ်ခဲ့တာတွေအတွက် ငါမင်းကို တစ်ကယ်တောင်းပန်ချင်ခဲ့တာပါ ။ ခွင့်လွှတ်လို့မရနိုင်လောက်တဲ့ အပြစ်ကိုကျူးလွန်ခဲ့တယ်ဆိုတာ ငါဝန်ခံပါတယ် ။ မင်း ငါ့အပေါ်မှာထားတဲ့ အမုန်းတွေကို ရှစ်ရွှမ်အပေါ် မပုံချဖို့ကိုပဲ ငါမျှော်လင့်တာပါ ။ ကလေးတွေအကုန်လုံးက ရိုးသားကြပါတယ်.. "


 သူမ၏ အသံသည် အလွန်ပင် နူးညံ့နေခဲ့ပြီး ကျုံးယို့ယို့သည် သူမအား စကားအနည်းငယ်ပင် ပြောခွင့်ပေးရန် ငြင်းဆိုနေခဲ့သည် ။ သို့သော် သူမ၏ အရှက်မရှိမှုများအား တစ်ကျောင်းလုံးကြားအောင် ကျယ်ကျယ်ပြောစေချင်ခဲ့သည် ။


 ကျုံးယို့ယို့ လှောင်ရယ်လာခဲ့သည် ။


" အိုး ရှင်က ဒီနေ့ ဒီနေရာမှာ တောင်းပန်ဖို့ရောက်လာတာလား ။ရှင့်ရဲ့ စိတ်ရင်းအမှန်ကို ကျွန်မဘာလို့ မခံစားမိတာလဲ "


  ကျုံးယို့ယို့တွင် နူးညံ့သော နှလုံးသားရှိသည်ဟု မုန့်ချန်ထင်ခဲ့သည် ။ သူမပျော်ရွှင်စွာပင် အလျင်အမြန်ပြောလာခဲ့သည် ။

"  မင်းကို အလျော်ပေးနိုင်ဖို့အတွက် ငါ့ကို ဘာလုပ်ပေးစေချင်လဲ ။ ငါလုပ်ပေးမယ် "


  ကျုံးယို့ယို့သည်  ရုတ်တရက် သူမ၏ နှုတ်ခမ်းထောင့်စွန်းအား ကွေးလိုက်ကာ ပြုံးလာခဲ့သည် ။


" ရှင်ဒူးထောက်ပြီးတော့ အဲ့တာကို အလျော်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ "


   မုန့်ချန် တစ်ခဏမျှ မှင်သက်သွားခဲ့သည် ။


" ဘာ..  "


သို့သော် ကျုံးယို့ယို့သည် ရုတ်တရက် သူမ၏ အသံအား မြှင့်လာခဲ့သည် ။


" ဒါဆို ရှင်က ကြွယ်ဝချမ်းသာမှုတွေကို လောဘကြီးနေပြီး ကျောင်းကိုလာခဲ့တာပေါ့ ။ တစ်ခြားသူတစ်ယောက်ရဲ့ ကလေးကိုခိုးပြီး ရှင့်ရဲ့ ကလေး မုန့်ရှစ်ရွှမ်ကိုတော့ တစ်ကယ်ကောင်းမွန်တဲ့နေရာကို သွားခွင့်ပေးလိုက်တာပေါ့ ။ ရှင် ထပ်ပြီး ခံစားသင့်တယ်၊ အိုး မဟုတ်သေးဘူး ထောင်ထဲကို ဝင်ရတာက ရှင့်အတွက် အရမ်းလွယ်ကူနေမှာပေါ့ ။ အခု ရှင့်လိုလူမျိုးတစ်ရက်အသက်ပိုရှင်နေတာက လေထုကို  ပိုညစ်ညမ်းစေတာပဲရှိမယ် "


" နင်..." မုန့်ချန်၏ အမူအရာ​သည် လုံးဝပြောင်းလဲသွားခဲ့သည် ။


 အဘယ်ကြောင့်ဆိုလျှင် ကျုံးယို့ယို့၏ အသံသည် အလွန်ကျယ်လောင်နေခဲ့ပြီး အနီးနားရှိ ကျောင်းသားများအားလုံးပင် ကြားနိုင်လောက်သည် ။ သူတို့သည် မုန့်ချန်အား မယုံကြည်နိုင်စွာ ကြည့်လာခဲ့သည် ။ ထိုအကြောင်းအရာများသည် သတင်းတွင်ရှင်းလင်းစွာ မဖော်ပြထားပေ ။ ဆိုတော့ ထို​ပြဿနာက တစ်ကယ်ပဲပေါ့ ။ မုန့်ရှစ်ရွှမ်၏ မိခင်သည် သမီးအရင်းအား လဲလှယ်သွားပြီး ထိုကဲ့သို့ ရက်စက်သောလုပ်ရပ်အား လုပ်ခဲ့သည်မှာ အမှန်တကယ်ကိုဖြစ်နေခဲ့သည် ။


ဤသက်လတ်ပိုင်းအမျိုးသည် အမှန်ပင် ရွံ့စရာကောင်းသည် ။


အကယ်၍ ကြက်ဥများသာရှိနေခဲ့လျှင် ထိုအချိန်တွင် ကျုံးယို့ယို့၏ အတန်းဖော်များသည် သူမကို ကူညီပြီး မုန့်ချန်အား ကြက်ဥများဖြင့် ပစ်ပေါက်ပေးမည်ဖြစ်သည် ။


  မည်သူက တံတွေးထွေးလာခဲ့သည်ကို မသိပါ


 "ကျုံးယို့ယို့ အဲ့လိုအဆိပ်ပြင်းတဲ့မိန်းမမျိုးကို အာရုံစိုက်မနေနဲ့ ။ သူမကို တရားရုံးမှာသာ တွေ့ခိုင်းလိုက် ။ တော်တော် ရွံစရာကောင်းတယ် "


" ဘုရားရေ ၊ မုန့်ရှစ်ရွှမ်ရဲ့အမေက အရမ်းရွံစရာကောင်းတာပဲ ။ သူမက တစ်ကယ်ကောင်းတဲ့သူမဟုတ်ဘူး "

  

   ထိုစကားလုံးများသည် မုန့်ချန်၏ နှုတ်ခမ်းများအား ဖြူဖျော့လာစေပြီး သူမသည် ဒေါသကြောင့် တုန်ရီလာခဲ့သည် ။ ကျုံးယို့ယို့သည် အမှန်ကိုပင် အတိတ်ကာလ ကျုံးယို့ယို့ မဟုတ်တော့ချေ ။ သူမသည် ကျုံးယိူ့ယို့ကို အတိတ်တွင် နှိမ်ချစွာဆက်ဆံခဲ့သည်။