အပိုင်း ၆၅
Viewers 11k

Chapter 65




ကျုံးယို့ယို့သည် သူမကို လူပုံအလယ်တွင် အရှက်ခွဲရန် ဤနေရာသို့ ခေါ်လာခဲ့သည် ။သူမ တစ်ကယ်ကို ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ ။


    သူမ၏ အနီးနားတစ်ဝိုက်တွင် ရှိနေသော ကျောင်းသားများ ဆွေးနွေးနေကြသည်ကို ကြားသောအခါ သူမ၏ မျက်နှာအား ပြင်းပြင်းထန်ထန်ရိုက်ခံလိုက်ရသလို နာကျင်နေခဲ့သည် ။သူမသည် အသက်အရွယ်ရနေပြီဖြစ်ပြီး ဆံပင်များသည်ပင် တစ်ဝက်လောက် ဖြူနေပြီဖြစ်သည် ။ သို့သော် ထိုကဲ့သို့သော ဘေးမှ ဝိုင်းကြည့်နေသူများနှင့် ဤကဲ့သို့ စော်ကားပြောဆိုခြင်းများခံနေရသေးသည် ။


   သူမသည် ​မြေကြီးတွင် တွင်းတစ်တွင်းတူးရန်ပင် မစောင့်နိုင်တော့ချေ ။ သို့သော် သူမဘေးနားရှိ ကျောင်းသူတစ်ယောက်သည် မုန့်ရှစ်ရွှမ်အား စော်ကားပြောဆိုလာသည်ကို ကြားသောအခါ သူမ၏ နှုတ်ခမ်းများ တုန်ရီလာပြီး သူမစကားပြောလိုက်သောအခါတွင် အသံများ တုန်ရီလာသည်ကိုပါ မထိန်းထားနိုင်ခဲ့ပေ ။

   " ရှစ်ရွှမ်က ဘာဖြစ်နေလို့လဲ ။အနည်းဆုံးတော့ ကလေးက အပြစ်ကင်းပါတယ် ။သူမ က တစ်ကယ်ရိုးသားတာ ။ ပြီးတော့ နင်က သူ့ရဲ့ အတန်းဖော်ပဲ၊ ဘယ်လိုလုပ်ပြီး နင်သူ့ကို အဲ့လိုပြောနိုင်ရတာလဲ ။ "


   အဆုံးတွင် မုန့်ရှစ်ရွှမ်သည် အတန်း၏ နတ်ဘုရားမ ဖြစ်ခဲ့ပြီး အချို့သောသူများသည် သူမအား ကာကွယ်ပေးနေကြသေးသည် ။ မုန့်ရှစ်ရွှမ်အား ပြောဆိုခဲ့သော ထိုဆင်းရဲသည့် ကျောင်းသူသည် ပါးစပ်ပိတ်သွားခဲ့သည် ။


   သို့သော် မုန့်ရှစ်ရွှမ်နှင့် အတန်းတူသည့် ပထမတန်းရှိ ကျောင်းသူသည် ထိုအရာအား ဆက်သည်းမခံနိုင်တော့ပေ ။

" မုန့်ရှစ်ရွှမ်နဲ့ ဘာမှလုပ်စရာမရှိဘဲ နေပါ့မလား ။ ပြီးတော့ သူမက ရိုးသားတယ်တဲ့လား ။ သူမက တစ်ခြားသူတစ်ယောက်ရဲ့ အဆင့်အတန်းကိုယူပြီး နှစ်ပေါင်းများစွာကြာအောင် နေခဲ့တယ်ဆိုတာ သူ့ကိုယ်သူသိတယ် ။ အဲ့တာနဲ့တောင်များ သူမ က ဘယ်လိုလုပ်ပြီး ကျုံးယို့ယို့ကို အလျော်မပေးချင်သေးရတာလဲ ။ သူမ ကျုံးယို့ယို့ကို စကားသွားပြောတာတောင် ငါတို့ ကျောင်းမှာတစ်ခါမှ မတွေ့ခဲ့ရဘူး ။"


  " ဟုတ်တယ် "

 ထိုအသံသည် ဒရမ်အား ရုတ်တရက် တီးလိုက်သကဲ့သို့ ဆူညံစွာ ပေါ်ထွက်လာသည် ။


    ပုံမှန်လူများသည် သူတို့ ငှက်ကျား၏အသိုက်အား ခိုးယူသွားခဲ့သည်ကို သိကြသည် ။ အခြားသူတစ်ယောက်အား မနေ့တစ်နေ့ကမှ ချမ်းသာလာသောသူတစ်ယောက် သို့မဟုတ် ကျုံးမိသားစု၏ ဆင်းရဲသော ဆွေမျိုးကဲ့သို့ အတင်းအဖျင်းပြောခံရအောင် လုပ်ခဲ့သည် ။  အနည်းဆုံးတော့ သူတို့သည် အရှက်ရမှုနှင့် အားနာမှုတို့အား ခံစားရလိမ့်မည် ။ သူတို့ အရှေ့ကို ထွက်လာပြီး မဖြေရှင်းသင့်ဘူးလား ။


  မုန့်ရှစ်ရွှမ် နှင့် ကျုံးယို့ယို့ကြားရှိ ကိစ္စသည် ရက်ပိုင်းအတွင်း ကျောင်း၌ အလွန်ဆူညံစေခဲ့ပြီး ကျောင်းရှိ သူတို့၏ အရင်အတွေ့အကြုံများသည် လုံးဝ ပျောက်ကွယ်သွားသည် ။ ကျုံးယို့ယို့ထံတွင် အရင်က သူငယ်ချင်းမရှိသည်ကို လူအများသိကြသည် ။ ထို့ကြောင့် သူမသည် အခြားကျောင်းရှိ သူများနှင့်သာ ကစားလေ့ရှိသည် ။


   ထို့ကြောင့် မုန့်ရှစ်ရွှမ်သည် ကျုံးယို့ယို့အား အနည်းဆုံးတော့ ထိုအချိန်တွင် လမ်းမှန်ရောက်အောင် ကူညီပေးခဲ့သင့်သည် မဟုတ်လား ။ သူမသည် သူမ၏ အနားရှိ သူငယ်ချင်းနှစ်ယောက်လောက်ကိုပင် ကျုံးယို့ယို့ ဆီသို့ ဘာကြောင့် မခေါ်သွားပေးခဲ့ပါသနည်း ။


   ဤအကြောင်းအရာတို့အား ကြားပြီးသောအခါ ကျောင်းသားများသည် စည်းမရှိခြင်း၏ သဘောကို နားလည်သွားကြသည် ။ ဤအချိန်တွင် အဖြစ်အပျက်များ ဖြစ်ပြီးသည့်နောက်၌ ကျုံးယို့ယို့သည် သူမ၏ ဘဝမှန်အား ဘာကြောင့် အပြည့်အဝ ပြန်ရခဲ့ပါသလဲ ။ပြီးနောက် မုန့်ရှစ်ရွှမ်သည် အမြင့်မှ ပြုတ်ကျ သွားခဲ့ပြီး သူမသည် ကျောင်းသို့ပင်မလာရဲခဲ့ပေ ။  သူမ၏ မျက်နှာသည်လည်း ကြည်လင်မှုမရှိဘဲ စာနာထောက်ထားချင်စရာပင် မရှိခဲ့ချေ ။


    ပြဿနာသည် ထိုဘက်သို့ လှည့်သွားခဲ့ပြီဖြစ်သည် ။


    မုန့်ရှစ်ရွှမ်သည် ဖြူစင်​ရိုးသားသည့် သူမဟုတ်ချေ ။


  မုန့်ရှစ်ရွှမ်၏ အတန်းထဲမှ သူများသည် သူမနှင့် ၂နှစ်လောက်ကြာအောင် အတန်းတူတက်ခဲ့ရသည် ။သူတို့သည် မုန့်ရှစ်ရွှမ်ဘက်မှ မဟုတ်​လျှင်တောင်မှ သူတို့သည် ပြဿနာထဲသို့ ဤအချိန်တွင် ဝင်မပါသင့်သေးပေ ။ သို့သော် ယခုအချိန်တွင်တော့ မုန့်ရှစ်ရွှမ်၏ အမေသည် ကျုံးယို့ယို့ထံသို့ ရွံစရာကောင်းစွာပင် လာရဲခဲ့ပြီး ကျုံးယို့ယို့အား တောင်းပန်ခြင်းလည်း မလုပ်ခဲ့ပေ ။ ထို့​ကြောင့် သူတို့သည် ကျုံးယို့ယို့အတွက် သရော်လာခဲ့ကြသည် ။


" အန်တီ ရှင်က တစ်ကယ်ကို အရှက်မရှိတာပဲ ။ ရှင့်မှာ ကျုံးယို့ယို့ကို မျက်နှာပြစရာရှိသေးတာလား "


" ရှင်နဲ့ လူကုန်ကူးတဲ့သူနဲ့ ဘာများကွာခြားသေးလို့လဲ ။ အရမ်းကို ဆိုးရွားတာပဲ ။ ရှင် တတ်နိုင်သမျှ မြန်မြန်သေလိုက်ဖို့ပဲ အကြံပေးချင်တယ် ။ "


 အွန်လိုင်းသုံးကြသော အထက်တန်းကျောင်းသားများသည် သက်လတ်ပိုင်းအမျိုးသမီး မုန့်ချန်ကဲ့သို့  မျက်နှာပျက်ရမည်ကို စိုးရိမ်နေသူထက်စာလျှင် ဆူဆဲသည့်နေရာ၌ ပို၍တော်ကြသည် ။


   ကျောင်းသားများသည် ပြစ်တင်ဝေဖန်ကြရုံပင် မဟုတ်ဘဲ သူမ အကြောင်းအား တီးတိုးစွာပြောလာကြသည် ။ သူမအား မျောက်တစ်ကောင်ကဲ့သို့ပင် ခေါင်းအစ ခြေအဆုံးကြည့်လာကြပြီး " ထိုကဲ့သို့သော ရက်စက်သည့်သူမျိုး ဤကမ္ဘာပေါ်တွင်ရှိနေသည်ကို မယုံနိုင် " သည့် ပုံစံကြည့်လာကြသည် ။


ဤနေရာတွင် အုပ်စုလိုက် စုဝေးနေကြပြီး မကြာခင်တွင် ပြိုင်ပွဲဝင်မည့်ကျောင်းသားများပါ ရောက်လာကြသည် ။ ထိုနေရာတွင် လူများ တစ်ဖြေးဖြေးများလာခဲ့သည် ။ မုန့်ချန်သည် လူပုံအလယ်တွင် ရပ်နေခဲ့ပြီး ကိုယ်ဗလာဖြင့်  နှိပ်စက်ခံနေရသကဲ့သို့ မျက်နှာများ ဖြူဖျော့လာခဲ့သည် ။


   ကျုံးယို့ယို့သည် သူမ၏ ရှေ့တွင် ရပ်နေကာ အေးစက်ပြီး ဘာမှမဖြစ်သလိုပင် သူမအား လက်ပိုက်ကာ စိုက်ကြည့်နေခဲ့သည် ။


   မုန့်ချန်သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် သူမ၏ လက်ကိုင်အိတ်အား တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီး လူအုပ်ကြီးအား တွန်းဖယ်ကာ ဖြင့် ထွက်ပြေးသွားခဲ့သည် ။


  သို့သော် ကျုံးယို့ယိုသည် သူမအား ရပ်တန့်လိုက်ပြီး လှောင်ပြောင်ထေ့ငေါ့လာခဲ့သည် ။

" ရှင်ကျွန်မကိုတောင်းပန်ချင်တယ် မပြောခဲ့ဘူးလား ။ ဘာလို့ဒီတိုင်း အပြောပဲရှိတာလဲ ။  ရှင် ကျွန်မပြောသလို လုပ်သင့်တယ် "


  ' ကျုံးယို့ယို့ တစ်ခြားသူတွေကို သိပ်လှည့်စားမနေနဲ့ '


မုန့်ချန်သည် သူမ၏ လည်ချောင်းထဲတွင် စကားလုံးတို့အား ထိန်းချုပ်ထားခဲ့ရသည် ။ အကယ်၍ သူမသာ ထိုသို့တစ်ကယ် ထုတ်ပြောလာခဲ့လျှင် လူအများ၏ တံတွေးခွက်တွင် ပက်လက်မြောသွားနိုင်သည် ။


  သူမသည် သေလောက်အောင်ပင် ဒေါသထွက်နေသည် ။ သို့သော် ဖြူဖျော့စွာဖြင့် အသနားခံရန်သာ သူမတတ်နိုင်ခဲ့သည် ။


   " ကျုံးယို့ယို့ တစ်ကယ်ပဲ ငါ့ကို ဒူးထောက်ပြီး အရိုအသေပေးစေချင်တာလား ။ နင်ဒီနေ့ ခံစားချက်သိပ်မကောင်းဘူး ထင်တယ်။ ငါနင့်ကို တောင်းပန်ဖို့ နောက်ရက်ကျရင် ပြန် လာခဲ့မယ် "


" မဟုတ်ဘူး ၊ ကျွန်မခံစားချက်ကောင်းပါတယ် " ကျုံးယို့ယို့သည် နူးညံ့စွာ ပြုံးလာခဲ့ပြီး ပန်းခင်းအနားတွင် ထိုင်နေခဲ့သည် ။ ထို့နောက်တွင် မုန့်ချန်အား မျက်မှောင်ကြုတ်ပြီး ကြည့်နေခဲ့သည် ။

" ရှင့်ရဲ့ ခေါင်းကိုညွှတ်ပြီး အခုပဲတောင်းပန်လိုက်တော့ "


  မုန့်ချန် "..."


ကျုံးယို့ယို့သည် သူမ၏ ခြေထောက်များအား ချိတ်လိုက်ကာ 

" မြန်မြန်လုပ်လေ "


   မုန့်ချန်သည် သူမရှေ့တွင် ရပ်နေသော သူအား မမှတ်နိုင်ခဲ့ပေ ။အဲ့တာက သူမ သိတဲ့ ကျုံးယို့ယို့ပဲလား ။ သူမက လုံးဝကို နတ်ဆိုးပဲ ။ သူမလိုချင်သည့်အချက်သို့ မရောက်ရောက်အောင် တွန်းပို့ခဲ့သည် ။


အနီးနားရှိ ကျောင်းသားများသည် မုန့်ချန်ဒေါသထွက်နေသည်အားကြည့်ကာ တုန်လှုပ်လာကြသည် ။သို့သော် သူတို့သည် ဆန်းသစ်သည်ဟု ခံစားမိကြသည် ။ အဲ့တာက တစ်ကယ်မိုက်တာပဲ ။ ကျုံးယို့ယို့သည် အလွန်မိုက်သည်ဟု ခံစားမိကြသည် ။


   စိတ်အနှောင့်အယှက်ဖြစ်ဖို့အကောင်းဆုံးမှာ စောင့်ကြည့်နေကြသောသူများသည် နစ်နာသူအတွက် ဝင်ပြောပေးပြီး နစ်နာသူက အပြစ်ကျူးလွန်သူအား ဦးစွာခွင့်လွှတ်ပေးလိုက်ခြင်း ဖြစ်သည် ။ ဆိုတော့ ကျူးလွန်တဲ့သူက အပြစ်ကလွတ်ဖို့ အသည်းအသန်ဖြစ်နေတာလား ။ သူမက အနိုင်ကျင့်ခံရဖို့ တန်တယ် ။


ကျုံးယိူ့ယို့သည် လူများအားသေအောင်တွန်းချနေသည့် ဗီလိန်ကဲ့သို့ ရက်စက်စွာပင် တွန်းအားပေးခဲ့သော်လည်း ထိုအရာသည် သူတို့အတွက် သူမကိုပို၍ပင် သဘောကျလာစေခဲ့သည် ။


ရုတ်တရက် ပတ်ဝန်းကျင်ရှိလူများသည် သူတို့၏ သွေးများဆူပွက်လာသည်ကို မထိန်းချုပ်နိုင်တော့ဘဲ မုန့်ချန်၏ အနီးနားတွင်ပင် ဝိုင်းနေကြကာ သက်လတ်ပိုင်းအမျိုးသမီးအား လှောင်ပြောင်ကဲ့ရဲ့နေကြသည် ။


" အန်တီ ရှင်ဘာတွေ တွေဝေနေတာလဲ ။ မြန်မြန်တောင်းပန်လိုက်လေ "


" တောင်းပန်ပြီး ဦးညွှတ်လိုက်ဖို့က အဲ့လောက်တောင် ခက်နေလို့လား ။ ခင်ဗျားလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ ယှဥ်ရင် ဒါက ဘာမှမပြောပလောက်ဘူး။ ဟုတ်တယ်မလား ။ "


    မုန့်ချန်သည် ကိုယ့်ကိုယ်ကိုယ်အား အထင်ကြီးနေခဲ့ခြင်း မဟုတ်ချေ ။ သူမသည် စိုးရိမ်ကြောင့်ကြကာ ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည် ။  ဒီအထက်တန်းကျောင်းသားတွေက ရူးနေကြတာလား ။ သူတို့အကုန်လုံးကို သူမဘက်ပါလာအောင်လုပ်ဖို့ ကျုံးယို့ယို့ဆီမှာ အင်အားဘယ်လောက်တောင်ရှိနေတာလဲ ။


   မုန့်ချန်တစ်ယောက်တည်းသာမကဘဲ အနီးနားတွင်ရှိနေသော အခြားကျောင်းသားများသည်လည်း ဘာဖြစ်နေသည်ကို နားမလည်ခဲ့ကြချေ ။ ပန်းခင်းနားတွင် တင့်တယ်စွာဖြင့် ခြေထောက်ချိတ်ထိုင်နေသောမိန်းကလေးအား ကျောင်းသားများသည် လူလတ်ပိုင်းအမျိုးသမီးကို အနိုင်ကျင့်ဖို့ဝိုင်းတိုက်တွန်းနေကြသည် ။  ဘာတွေဖြစ်နေတာလဲ ။ ကြည့်ရတာက သူတို့အကုန်လုံး အန်တီကြီးကို ဝိုင်းရိုက်ကြတော့မည့် ပုံပင် ။  သူတို့ လုံခြုံရေးအစောင့်ကို ခေါ်သင့်လား ။


  အခြားကျောင်းမှ သူများသည် တစ်စုံတစ်ရာဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ကျောင်းဂိတ်သို့ပြေးသွားကာ လုံခြုံရေးအား ခေါ်လိုက်ကြသည် ။


   ကျုံးယို့ယို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များသည် မုန့်ချန်ပေါ်သို့ ပြန်ရောက်လာခဲ့သည် ။ မုန့်ချန် မရေမရာလုပ်နေသည်အား ကြည့်ကာ သူမအနည်းငယ်ပင် စိတ်မရှည်ဖြစ်လာခဲ့သည် ။


" ရှင်မတောင်းပန်ဘူးပေါ့ ဟုတ်လား ။ တစ်ယောက်ယောက် ငါ့ကို မျက်နှာသာပေးနိုင်မလား "


" ဘာများလဲ ။ ကျုံးယို့ယို့ ငါနင့်အတွက် ဒီမိန်းမကို ရိုက်နိုင်ပါစေလို့တောင် ဆုတောင်းတယ် ။ စကားနဲ့ တိုက်ခိုက်တာနဲ့ လက်သီးနဲ့ တိုက်ခိုက်တာက မတူဘူး ။ အရမ်းလွန်လွန်ကျွံကျွံမလုပ်တာကတော့ ပိုကောင်းတယ် ။ " 

တတိယတန်းမှ လူကောင်ထွားသည့် မိန်းကလေးသည် စနောက်ပြောလာခဲ့သည် ။


" ထိုမိန်းမအားရိုက်သည် "ဟူသည့် စကားလုံးအား ကြားသောအခါ မုန့်ချန်သည် အလွန်စိုးရိမ်လာခဲ့ပြီး ကြောက်လန့်ကာ တုန်ရီနေခဲ့သည် ။

 " ကျုံးယို့ယို့ နင်တစ်ကယ်မလုပ်ဘူးမလား ။ နင်ပြစ်ဒဏ်ပေးခံရမှာ မကြောက်ဘူးလား ။ ငါ့ကို သွားခွင့်ပေးပါတော့ "


" ရှင်အခုကြောက်နေပြီလား " ကျုံးယို့ယို့သည် သူမ၏ နှုတ်ခမ်းများအား ကော့ညွတ်လိုက်ပြီးတုန်လှုပ်နေသည့် မုန့်ချန်အား ကြည့်နေခဲ့သည် ။


    ဝတ္ထုဖတ်ခဲ့သော အချိန်တွင် သူမသည် မုန့်ချန်အား မုန်းတီးခဲ့ရပြီး သူမ၏ သွားများများကို တင်းတင်းစေ့ထားခဲ့သည် ။ ဒီလိုလူမျိုး ကမ္ဘာပေါ်မှာ ဘယ်လိုလုပ်ပြီးရှိနေရတာလဲ ။ သို့သော် ယခုတွင် သူမသည် မုန့်ချန်အား ကိုယ်တိုင်ပင် တံခါးသို့ရောက်အောင်ပို့ပေးနိုင်ခဲ့ပြီ ဖြစ်သည် ။ သူမရဲ့ အမှားတွေကို ပြန်မပြုပြင်ခိုင်းဘဲနဲ့ တရားရုံးတွေ ထောင်တွေကို ဒီတိုင်းပို့ပေးဖို့ ဘယ်ဖြစ်ပါ့မလဲ ။ ထိုအရာသည် တစ်အားစျေးပေါနေပေလိမ့်မည် ။


     ထို့နောက် သူမသည် အနည်းငယ်လက်တုံ့ပြန်ဖို့ နည်းလမ်းမရှာခဲ့လျှင် သူမ ရှစ်နှစ် ကိုးနှစ်ကြာလျှင် ထောင်မှ ပြန်လွတ်လာမည်ကို စိုးရိမ်မိသည် ။ ထိုအရာသည် တစ်ကယ်ဖြေရှင်းရန်မဖြစ်နိုင်ချေ ။ မူလကိုယ်ခံစားခဲ့ရသော မကျေနပ်ချက်များသည် ဆယ့်ငါးနှစ်တာ နစ်နာခဲ့မှုများဖြစ်သည် ။

     

   မုန့်ချန်အား ရိုက်နှက်ရလျှင် စိတ်သက်သာရာရမည်ဖြစ်သော်လည်း  ကျုံးယို့ယို့သည် အမှန်ပင် တစ်စုံတစ်ယောက်အား ထိုးနှက်ရန် ရည်ရွယ်ချက်မရှိပေ ။  ထိုကဲ့သို့ တေလေဂျပိုးပုံစံသည် သူမပုံစံမဟုတ်ပေ ။ မုန့်ချန်အား ပြဿနာအနည်းငယ်လောက် ခံစားခိုင်းလိုက်လို့ ဘာဖြစ်နိုင်မည်နည်း ။ ထိုအရာသည် အလွန်နှိမ့်ချထားခြင်းပင်ဖြစ်သည် ။


   သူမ မျက်တောင်ခတ်လိုက်ကာ ဖုန်းစခရင်အားဖွင့်လိုက်သည် ။ ဖုန်းစခရင်အား ထပ်ခါထပ်ခါ ဖိနှိပ်လာခဲ့ပြီး ထိုစိတ်အားထက်သန်နေသော မိန်းကလေးအား ပြောလိုက်သည်  ။


    " သူမကို ရိုက်ဖို့က တစ်အားစျေးပေါလွန်းတယ် ။ ကျေးဇူးပြုပြီး မှန်ကန်တဲ့အမူအရာနဲ့ပဲ သူမကို ဒီဟာလေးဖတ်ပြဖို့ ကူညီပေးပါအုန်း "


    မုန့်ချန်သည် အလွန်ဆိုးရွားသော်လည်း သူမည် မုန့်ရှစ်ရွှမ်အား ဂရုစိုက်ပြီး ချစ်ခင်မြတ်နိုးနေဆဲဖြစ်သည် ။ ဘာက သူ့ကို နာကျင်စေမှာလဲ ။ သူမရှေ့တွင် မုန့်ရှစ်ရွှမ်အား အင်တာနက်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် စော်ကားပြောဆိုကြသည့် အကြောင်းအရာများကို ဖတ်ပြစေခဲ့သည် ။ သူမ၏ ကလေးသည် အတန်းဖော်များ၏ မျက်လုံးထဲတွင် မည်သို့ဖြစ်နေသည်ကို သိစေခဲ့ပြီး သေချာပေါက်ပင် သူမ၏ ကိုယ်တွင်းအင်္ဂါများပင် အန်ထွက်လာမိမတက်ဖြစ်လာလိမ့်မည် ။


  မုန့်ချန် ကြေကွဲသွားမည့်ပုံအား ခံစားနေမိကာ ကျုံးယို့ယို့သည် ပြုံးနေခဲ့သည် ။


" ငါတို့ကျောင်းက မုန့်ရှစ်ရွမ်က အရမ်းရွံ့စရာကောင်းတာပဲ ။ သူမက သူများအသိုက်မှာ ဘယ်လိုများ သွားနေနိုင်လဲဆိုတာ ငါမသိတော့ဘူး ။ သူမက အခုအဆင်ပြေနေတဲ့ပုံပဲ ။ ဒီနေ့တောင် ကျောင်းရောက်လာတယ် ။ ပြီးတော့ အားနည်းသလိုလိုနဲ့ သနားစရာကောင်းတဲ့ပုံပေါက်အောင်လည်း ဟန်ဆောင်နေသေးတယ် ။ တစ်ချို့ကောင်လေးတွေက သူမကို ကူညီနေသေးတာမြင်ပြီး ငါတော်တော်ဒေါသထွက်သွားတာ "


    နေ့စဥ်နေ့တိုင်းတွင် ကျောင်းဖိုရမ်၌ အမျိုးမျိုးသော ပို့စ်များတက်လာသည် ။ လတ်တလော နာမည်အကြီးဆုံးသတင်းမှာ မုန့်ရှစ်ရွှမ်နှင့် ကျုံးယို့ယို့ တို့၏ အကြောင်းများဖြစ်သည် ။