အပိုင်း ၆၆
Viewers 11k

Chapter 66




ယနေ့ မုန့်ရှစ်ရွှမ်ကျောင်းသို့ လာပြီးသည့်နောက်တွင် ကျောင်းဖိုရမ်၌ တိုက်ခိုက်သည့် ပို့စ်များတက်လာခဲ့သည် ။ 

   အင်တာနက် အသုံးပြုလေ့မရှိသည့် လူလတ်ပိုင်းအရွယ် မုန့်ချန်သည် ထိုအရာများအား ဖတ်မိမည်မဟုတ်ပါ ။ အခြားသူများက သူ၏ ရင်သွေးကို ဘယ်လိုတန်ဖိုးဖြတ်နေလဲဆိုသည်ကို သူမ တစ်ကယ်မသိရှိခဲ့ပေ ။ သူမ၏ သမီးသည် ဆက်လက်ပြီးကျော်ကြားနေဆဲဟုပင် ထင်နေခဲ့သည် ။


   သေချာပေါက်ပင် ထိုအရာတို့အားကြားလိုက်ရသောအခါ မုန့်ချန်သည် မခံမရပ်နိုင်ဖြစ်ကာ စိတ်ဓါတ်ကျသွားခဲ့သည် ။ သူမ၏ မျက်နှာတွင် အပြာရောင်သွေးကြောများ ထင်းလာပြီး အလွန်ဒေါသထွက်နေခဲ့သည် ။


    သူမသည် ကျုံးယို့ယို့အား ပါးရိုက်ရန် မစောင့်နိုင်တော့သကဲ့သို့ သူ၏ မျက်နှာတွင် ဒေါသများအား အတိအလင်းဖော်ပြထားပြီး ကျုံးယို့ယို့ ကို စိုက်ကြည့်နေခဲ့သည် ။

   " ယို့ယို့ နင်ဒါဘာသဘောလဲ "

    ကျုံးယို့ယို့သည် ပြံး၍ ပြောလာခဲ့သည် ။

 "ကျွန်မဘာကိုဆိုလိုတာလဲဆိုတာ ရှင်ဆက်နားထောင်လိုက်ရင် သိသွားမှာပေါ့ ။ "


    ထိုလူကောင်ထွားသည့် မိန်းကလေးသည်လည်း စိတ်သက်သာရာရသွားကာ ဆက်ဖတ်နေခဲ့သည် ။ ဖတ်နေရင်းနှင့်လည်း လှောင်ရယ်လာခဲ့သည် ။


" ငါသာ မုန့်ရှစ်ရွှမ်ရဲ့ အတန်းထဲကဆိုရင် သူမကို တစ်ယောက်ထဲ သီးသန့်ဖယ်ထားပစ်မယ် "


"ငါကြားတာတော့ ကျုံးမိသားစုက အခုထိ မုန့်ရှစ်ရွှမ်ကို မကန်ထုတ်ရသေးဘူးတဲ့ ။ ဘာလို့ သူတို့က အခုထိ သူမကို မကန်ထုတ်သေးဘဲနဲ့ စေတနာထားပေးနေရသေးတာလဲ ။ ငါသာသူတို့နေရာမှာဆိုရင် ငါ့ရဲ့သမီးအရင်းကို ဒီလို နင်းခြေသွားလို့ကတော့ တစ်ခြားတစ်ယောက်ရဲ့ တောပန်းအရိုင်းတွေကို ပျိုးထောင်ပေးဖို့ ကူညီနေမှာမဟုတ်ဘူး "


  " ဒီနေ့သူမကို လာတွေ့သွားတာက မုန့်ရှစ်ရွှမ်ရဲ့ အမေရင်းလား ။ သူတို့က တစ်ကယ်တူတာပဲ "

......


တစ်ခုချင်းစီအားဖတ်ပြီးသည့်နောက်တွင် ထိုစကားလုံးများသည် နှလုံးသားအား ဖဲ့ကြွေစေသော စကားလုံးများဖြစ်သည် ။ မုန့်ချန် မူးမေ့လဲမတက်ပင် ဖြစ်ခဲ့သည် ။ သူမ၏ မျက်နှာသည် ဖြူဖျော့ပြီး တုန်ရီလာကာ အေးစက်မှုနှင့် ဒေါသအားလုံးကို ခံစားနေရသည် ။ ဘုရားရေ ရွှမ်ရွှမ်ကို တစ်ကယ် အဝေးကို ခေါ်သွားသင့်နေပြီပဲ ။ ဒီကျောင်းက ကျောင်းသားတွေကို ဘာလို့ဒီလိုဖြစ်နေရတာလဲ ။ အကုန်လုံး ရွှမ်ရွှမ်ကို အနိုင်ကျင့်နေကြတာ ။


   သူမသည် ကျုံးယို့ယိုအား သူမတစ်ခါမှ မသိခဲ့ဘူးသော နတ်ဆိုးတစ်ကောင်လို စိုက်ကြည့်နေခဲ့သည် ။ သူမ ဒီနေရာသို့ မလာခင်တွင် ကျုံးယို့ယို့သည် နှလုံးသားမရှိသော သန်မာသည့် ကလေးတစ်ယောက်သာ ဖြစ်သည်ဟု တွေးခဲ့သည် ။ သူမ ပြောလာသည်များအား နားထောင်ပြီးလျှင် ကျုံးယို့ယို့ဘယ်လောက်ခွင့်လွှတ်နိုင်မည်ကို တွေးခဲ့သည် ။ သို့သော် သူမ အခု အလွန်နောင်တရနေပြီဖြစ်သည် ။



    ဤကဲ့သို့ အရှက်တကွဲဖြစ်ရခြင်းများကို ကြုံတွေ့ပြီးသောအခါ သူမသည် ကျုံးယို့ယို့အား ဘယ်တုန်းကမှ နားမလည်ခဲ့ရသလို ခံစားလိုက်ရသည် ။ ကျုံးယို့ယို့တွင် အကြင်နာတရားလုံးဝမရှိချေ ။


   " ကျုံးယို့ယို့ အဲ့တာကို နင့်ဘာသာပဲ လုပ်နေလိုက်တော့ " သူမဆက်သည်းမခံနိုင်တော့ဘဲ သူမရှေ့တွင်ရှိသော အနီးနားရှိ ကျောင်းသားများအား တွန်းဖယ်ကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားခဲ့သည် ။ သူမ၏ ဆံပင်များသည်လည်း ရှုပ်ပွနေခဲ့ပြီး ဖိနပ်တစ်ဖက်ကိုပင် ပျောက်တော့မလိုဖြစ်ခဲ့သည် ။


  လမ်းပေါ်တွင် ဖြတ်ပြေးသွားသော ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည့် သူမအားကြည့်ကာ ကျောင်းသားများသည် ပေါက်ကွဲမတက်ရယ်မောလာကြသည် ။

  " သေစမ်း ။ ဒါက အရှက်မရှိတဲ့သူတွေ ဘယ်လိုဖြစ်သင့်လဲ ဆိုတာပဲ "


   ကျုံးယို့ယို့၏ ရှိုးအားရပ်တန့်ပေးလိုက်သည့် လုပ်ဆောင်ချက်များကြောင့် ကျောင်းသားများသည် သောင်းသောင်းဖြဖြ ဖြစ်ကုန်ကြသည် ။

" အဲ့မိန်းမက သေရမှာကို ကြောက်သွားလောက်ပြီ "


" ကျုံးယို့ယို့ အရမ်းမိုက်တာပဲ ။ နောက်တစ်ခါ အမှားလုပ်တဲ့ သူတွေကို ဆုံးမဖို့ နင့်ဆီကနေ အကြံညဏ်လာတောင်းတော့မယ် "


    ကျုံးယို့ယို့သည် မုန့်ချန်၏ သိမ်ငယ်နေသော နောက်ကျောအားကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန့်များအား ကွေးကာ ပြုံးလိုက်သည်  ။ မုန့်ချန်တောင်းပန်သည်ဖြစ် မတောင်းပန်သည်ဖြစ်စေ ကိစ္စမရှိပါ ၊ သူမအခု ဘယ်လိုပဲဖြစ်ဖြစ် ဂရုစိုက်နေမည်မဟုတ်ပေ ။ သူမသည် ယခု နေ့လည်တွင် စာမေးပွဲဖြေရန်အတွက် ပြန်လည်တက်ကြွနေပြီဖြစ်သည် ။


    ယုတ်မာသောသူသည် ယုတ်မာသောသူကြောင့်ပင် နစ်နာရသည် ။


    ကျုံးယို့ယို့သည် ချင်းယောင်ကို ပထုတ်ခဲ့သည် ။သူမ လူအများရှေ့တွင် မုန့်ချန်ကို အရှက်တကွဲဖြစ်အောင် လုပ်သည်ကို ချင်းယောင်အား မမြင်စေလိုပါ ။ သူမသည် လူကောင်းတစ်ယောက်မဟုတ်သော်လည်း ချင်းယောင်ရှေ့တွင်တော့ ဝတ္ထု၏ ရက်စက်ကြမ်းကြုတ်တဲ့အမျိုးသမီးဇာတ်ကောင်ကဲ့သို့ မပြုလုပ်နိုင်ပေ ။


 သေချာပေါက်ပင် ၊ ကျုံးယို့ယို့ မသိခဲ့သည်က အခြားကျောင်းသားများ သွားရောက်ခေါ်ခဲ့သော လုံခြုံရေးအစောင့်သည် ထိုနေရာသို့ မရောက်ခင်တွင် ချင်းယောင်၏ တားဆီးခြင်းကိုခံခဲ့သည် ။


    သူမ မသိခဲ့သည်က ချင်းယောင်သည် သူမအပေါ်အထင်သေးခြင်းလုံးဝမရှိပေ ။


ချင်းယောင်ခံစားရသည်မှာ သူ၏ ခံစားချက်များသည် ရှုပ်ထွေးနေပြီး ကျုံးယို့ယို့ လွန်ခဲ့သောနှစ်များတွင် ဘယ်လောက်ခံစားခဲ့ရသည်ကို သူ မသိခြင်းဖြစ်သည် ။ထိုအရာအား တွေးမိသောအခါ သူ၏ မျက်နှာသည် လုံးဝကို အေးစက်လာခဲ့သည် ။


အခုတွင်တော့ သူသည် ကျုံးယို့ယို့ ပျော်နေသ၍ အရာအားလုံးကို အလိုလိုက်ပေးမည်ဖြစ်သည် ။


   နေ့လည်ခင်း ပြိုင်ပွဲတွင် အရာအားလုံးသည် ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့သည် ။ အဆုံးတွင် စာမေးပွဲသည် ကျုံးယို့ယို့ အကောင်းဆုံးလုပ်နိုင်သော အရာဖြစ်သည် ။


   ဤအချိန်တွင်တော့ ဘာမှ ဖုံးကွယ်ထားရန် မလိုအပ်တော့ဘဲ သူမနှင့် ထိုက်တန်သည့် နေရာအား ရယူရမည်ဖြစ်သည် ။ သူမသည် ကျောင်းရှိလူများအား စိတ်ပိုင်းဆိုင်ရာပြင်ဆင်ရန် အခွင့်အရေးနှစ်ကြိမ်ပေးခဲ့ပြီး ဖြစ်သည် ။ ထို့ကြောင့် သူမသည် အရင်ကကဲ့သို့ အနည်းငယ်အလျှော့ပေးနေတော့မည်မဟုတ်ဘဲ အဖြေများသည် သပ်ရပ်စွာဖြင့် ခက်ခဲပြီး ပုံမှန်မဟုတ်သော ပြိုင်ပွဲမေးခွန်းများသည်လည်း အကုန်လုံး ဖြေဆိုခဲ့ပြီး ဖြစ်သည် ။ အနီးနားရှိ အတန်းဖော် တစ်ယောက် ၊ နှစ်ယောက်သည် အဖြေစဥ်းစားနိုင်ရန် သူတို့၏ ဆံပင်များပင် ကျွတ်ထွက်မတက် ဦးနှောက်များအား အပြင်းအထန်အလုပ်ပေးနေရချိန်တွင် သူမသည် စောစောစီးစီးပင် ဖြေလို့ပြီးသွားခဲ့ပြီး ပြုံးလိုက်ကာ စာရွက်များအား လှန်၍ အဖြေပြန်စစ်နေခဲ့သည် ။


    အမှန်တိုင်းပြောရမည်ဆိုလျှင် ဤစာအုပ်တွင်ပါသော အခက်ခဲဆုံးအကြောင်းအရာသည် သူမအတွက် ထိုမျှလောက် မခက်ခဲပေ ။ ထိုအရာသည် ထိုးထွင်းသိမြင်နိုင်စွမ်းဖြင့် ရှူထောင့်များအား လျှော့ချပစ်နိုင်လိုက်သောကြောင့် ဖြစ်သည် ။


  စာမေးပွဲအခန်းသည် လုံးဝပြိုကွဲနေခဲ့ပြီဖြစ်ပြီး ထိုအခန်းထဲ တွင် မတူညီသော ကျောင်း ခုနှစ်ကျောင်း ၊ ရှစ်ကျောင်းလောက်မှ ကျောင်းသားများရှိကြသည် ။ အခြားကျောင်းမှ ကျောင်းသားများသည် စာမေးပွဲခန်းထဲသို့မဝင်ခင်တွင် ကျုံးယို့ယို့အား မကြည့်ဘဲ မနေနိုင်ကြချေ ။ သူမ လှသောကြောင့်ကြည့်ကြသည်မဟုတ်ဘဲ အနည်းငယ် ရင်းနှီးပုံပေါ်နေသောကြောင့် ဖြစ်သည် ။


  အချို့သည် နေ့လည်ပိုင်း အိပ်ဆောင်အနားတွင်သူမ မုန့်ချန်အား အရှက်ရစေခဲ့ခြင်းကို မြင်ခဲ့ရပြီး သူတို့သည် သူမ၏ အနားသို့ လျှောက်သွားကာ ဒုတိယမျိုးဆက်ဘိုးဘေးဟုပင် ထင်မှတ်ခဲ့ကြသည် ။


    အချို့သည် သူမအား သတင်းတွင် တွေ့ခဲ့ဖူးသည်ဟု ခံစားရသည် ။ ကျုံးမိသားစု၏ ကိစ္စအရှုပ်ရှင်းသည် မီဒီယာပေါ်တွင် ဖော်ပြခဲ့ပြီး များစွာဆူညံစေခဲ့သည် ။ သို့သော် ကျုံးယို့ယို့တက်နေသော ကျောင်းမှလွဲ၍ အခြားကျောင်းမှ ကျောင်းသားများသည် ထို ပြဿနာအား ရှင်းလင်းစွာ နားမလည်ကြပေ ။ အထူးသဖြင့် ပြိုင်ပွဲသို့ လာရောက်ယှဥ်ပြိုင်ကြသော ကျောင်းသားများသည် အပြင်လောကနှင့် အဆက်ပြတ်နေကြသော ပထမအဆင့်ကျောင်းသားများပင်ဖြစ်သည် ။ 


    ကျုံးယို့ယို့သည် ပြိုင်ပွဲဝင်ရန် အခြားမြို့သို့လာရောက်ခဲ့ပြီး အခြား အုတ်အော်သောင်းတင်းအခြေအနေတွင်လည်း ပါဝင်လာခဲ့သည် ။


   အနည်းဆုံးတော့ နေ့လည်ခင်းတွင် လှေကားအဆင်း၌ အဖြစ်အပျက်ကို တားဆီးခဲ့သော  အခြားကျောင်းမှ ကျောင်းသားများသည် သူမကို သိနေကြသည် ။


   ထိုအချိန်၌ပင် မုန့်ချန်သည် သူမအား သရဲတစ္ဆေလိုက်နေသကဲ့သို့ပင် ဘူတာရုံသို့ အပြေးအလွှားသွားခဲ့သည် ။  သူမသည် ဘူတာရုံ နားနေခန်းတွင် ထိုင်နေခဲ့ပြီး သူမ၏ မျက်နှာသည် ဖြူဖျော့နေဆဲပင်ဖြစ်ကာ ရင်ထဲတွင်တော့ ဒေါသများ ရောယှက်နေခဲ့ပြီဖြစ်သည် ။


    ကျုံးယို့ယို့သည် ထိုကဲ့သို့ အကြင်နာကင်းမဲ့သော သူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း ။


   ရှစ်ရွှမ်တွင်ကျုံးမိသားစုနှင့်  ဆယ်နှစ်ထက်ပိုသော ခံစားချက်များ ရှိနေမည် မဟုတ်လား ။


   ယခုတွင် သူမသည် ဘာကြောင့်လဲဆိုသည်ကို နားလည်သွားခဲ့ပြီဖြစ်သည် ။ လွန်ခဲ့သော သုံးနှစ်တွင် ကျုံးယို့ယို့သည် အရွယ်ရောက်လာခဲ့ပြီဖြစ်သည် ။ သူမသည် ကျုံးမိသားစုဝင်များက သူမအား သနားပြီး မျက်နှာသာပေးနေသည်ကိူ သူမကနောက်ကွယ်တွင် အသုံးချနေပြီး ကြောက်ရွံနေခြင်းပင် ဖြစ်မည်မဟုတ်လား ။


   သူမသည် အမှန်တစ်ကယ်ပင် တစ္ဆေတစ်ကောင်အား မြင်​ခဲ့ခြင်းဖြစ်သည် ။ ယခခုတွင် ကျုံးယို့ယို့သည် သေရာမှ ပြန်လည်ရှင်သန်လာခဲ့ပြီဖြစ်သည် ။


    ယနေ့ အဖြစ်အပျက်ပြီးနောက် မုန့်ချန်သည် ကျုံးယို့ယို့အား အနည်းငယ်ကြောက်ရွံ့လာမိသည် ။


   သူမသည် ကျုံးယို့ယို့အား ထိုးဖောက်ကာ အသုံးချနိုင်လိမ့်မည်မဟုတ်သည်ကို သိသည် ။ သူမသည် တိုက်ရိုက်ပင် မုန့်ရှစ်ရွှမ်အား အဝေးသို့ ခေါ်သွားချင်ခဲ့သည် ။ သို့သော် သူမသည် မနက်အစောပိုင်း မုန့်ရှစ်ရွှမ် သူမဆီသို့ တိုးတိတ်စွာလာပြီး အကူအညီတောင်းနေသော အကြည့်တို့အား တွေးမိနေခဲ့သည် ။


   သူမသည် သွားများကို တင်းတင်းစေ့ကာ သူ၏ ခင်ပွန်းအား ခေါ်ဆိုရန် ဖုန်းထုတ်လိုက်သည် ။


   မုန့်ချန်ငယ်ရွယ်စဥ်တုန်းက သူမသည် နူးညံ့ပြီး လှပသည်ဟု မှတ်ယူရပြီး ယခုအရွယ်တွင်တော့ သူမနှစ်ပေါင်းများစွာ ခက်ခက်ခဲခဲအလုပ်လုပ်ခဲ့ရသည်မှ လွဲလျှင် သူမသည် ဆွဲဆောင်မှုရှိနေဆဲဖြစ်သည် ။ထို့ကြောင့်သာ သူမ၏ လက်ရှိယောကျ်ား ဟယ်ချုန်ရှန်းနှင့် အခြားမြို့တွင် သိခဲ့ရခြင်းဖြစ်သည် ။ ဟယ်ချုန်ရှန်းသည် လျှစ်စစ်ပစ္စည်းအထောက်အပံ့ဆိုင်နှစ်ဆိုင်ကို ဦးစီးနေပြီး ထိုဆိုင်များသည် နှစ်စဥ်အမြတ်များစွာရရှိလေသည် ။ ထို့ကြောင့်


အနီးနားတစ်ဝိုက်တွင်တော့ သူတို့သည် အတော်လေးချမ်းသာသည်ဟု ပြောနိုင်ပေသည် ။ သူ၏ ဇနီးဆုံးပြီးသည့်နောက်ပိုင်းတွင် နှစ်များစွာကြာအောင် နောက်အိမ်ထောင်မပြုခဲ့ပေ ။ မုန့်ချန်နှင့် တွေ့ပြီးနောက်တွင်တော့


အတူတကွရှိနေခဲ့ကြသည် ။ ထိုအချိန်များတွင် ဟယ်ချုန်ရှန်းသည် မုန့်ချန်အပေါ် အလွန်ကောင်းပေးခဲ့သည် ။ သေချာပေါက် သူခေါ်လာသော သားဖြစ်သူသည်တော့ အလွန်စိတ်အ​နှောင့်အယှက်ဖြစ်ဖွယ်ကောင်းပေသည် ။ မဟုတ်လျှင် မုန့်ချန်၏ ယခုဘဝသည် ပို၍ စိတ်ကျေနပ်စရာကောင်းလိမ့်မည် ။


  သူမသည် ဤယောကျ်ားအား သူမနှင့် သူမ၏သမီးအတွက် ရပ်တည်ပေးရန် မမျှော်လင့်ထားပေ ။ သို့သော်လည်း ယခုတွင် အခြားလူတစ်ယောက်လည်း ရှိမနေချေ ။ သူမ မျှော်လင့်ချက်ကင်းမဲ့နေသော အချိန်တွင်  မသိစိတ်ဖြင့်ပင် ထိုသူအား တွေးမိခဲ့သည် ။


ဆက်သွယ်မှုအား ချိတ်ဆက်မိသွားသည်နှင့် တစ်ပြိုင်နက် သူမ နေ့လည် ခံစားခဲ့ရသော မကျေနပ်မှုများ ဆက်မထိန်းထားနိုင်တော့ဘဲ သူမ၏အသံသည်အလွန်ပင်မွန်းကြပ်လာရသည် ။

   " လောင်ဟယ် ၊ ရှင်အလုပ်များနေလား "


 ဟယ်ချုန်ရှန်းသည် ရိုးသားသည့်သူဖြစ်ပြီး မုန့်ချန်၏ အတိတ်အကြောင်းအရာများအား မသိရှိပေ ။မုန့်ချန်သည် သူနှင့် မတွေ့ခင်ဒုက္ခများအလွန်ခံစားခဲ့ရသည်ဟုသာ တွေးခဲ့ပြီး သူမအား ချစ်မြတ်နိုးပေးခဲ့သည် ။ သူသည် အလျင်အမြန်ပင် ပြောလိုက်သည် 


" ဘာဖြစ်တာလဲ ။ ကိုယ်အလုပ်မများပါဘူး ။ ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ ။ ကိုယ့်ကိုဖြေးဖြေးချင်း ပြောပြ "


   မုန့်ချန်ပြန်မေးလာခဲ့သည် ။ "ဘယ်သူပဲဖြစ်ဖြစ် ကျွန်မအမေ နဲ့ သမီးကို အနိုင်ကျင့်လာခဲ့မယ်ဆိုရင် ရှင်ကျွန်မတို့ကို ကူညီပေးမှာလား "


" သေချာတာပေါ့ " ဟယ်ချုန်ရှန်းပြောလိုက်သည် ။ 


"ကိုယ်တို့မှာ ပိုက်ဆံရှိတာပဲ ။ ပိုက်ဆံနဲ့ မလုပ်နိုင်တာ ဘာရှိလို့လဲ "


   သူ၏ အသံသည် အနည်းငယ် ကိုယ့်​ကိုယ်ကိုအားရကျေနပ်နေခဲ့သည် ။အဆုံးတွင် သူသည် သူ၏ပတ်ဝန်းကျင်တွင် သူဌေးကြီးဟုပင် မှတ်ယူထားခဲ့သည် ။


  သေချာပေါက်ပင် သူသည် သူပိုင်ဆိုင်သည့် ငွေသည် ဘယ်လောက်နည်းပြီး ကျုံးမိသားစုရှေ့တွင် ဖော်ပြရန်ပင် မတတ်နိုင်သည်ကို မသိခဲ့ချေ ။ 


    သူသည် မုန့်ချန်အတွက် ကျုံးမိသားစု ၊ ချင်းမိသားစုတို့နှင့်တိုက်ခိုက်ပြီး မည်သို့အဆုံးသတ်ရမည်ကိုလည်း မသိခဲ့ချေ ။


" ကျေးဇူးပါပဲ " မုန့်ချန် ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည် ။


" ကိုယ်တို့လက်ထပ်ထားတာပဲ နှစ်အတော်ကြာပြီ ။ကိုယ်တို့က အသက်ကြီးတဲ့စုံတွဲဖြစ်နေရင်တောင်မှ အတူတူသေဖို့ ရည်ရွယ်ထားတဲ့ စုံတွဲဖြစ်နေတုန်းပဲ ။ ဘာလို့ ကျေးဇူးတင်စကားပြောနေရသေးတာလဲ ။ " ဟယ်ချုန်ရှန်း ရိုးသားစွာပင် ပြောလိုက်သည် ။


   သူအနည်းငယ်ပျော်သွားခဲ့သည် ။အဆုံးတွင် သက်လတ်ပိုင်းအမျိုးသားများသည် အနည်းငယ် ယောကျ်ားမာန်ရှိကြသည် ။ သူ၏ အကူအညီအား မုန့်ချန်ကျေးဇူးတင်လာသည်ကို တွေ့ရသောအခါ သူသည် သူရဲကောင်း ကဲ့သို့ပင် ခံစားလိုက်ရသည် ။


   မုန့်ချန်သည် သူ၏ မျက်ရည်များအား သုတ်ကာ ပြောလိုက်သည် ။

" အဲ့တာနဲ့ ကျွန်မ မှတ်မိသွားတာ ရှင့်မှာ အိမ်အပြင်မှာနေတဲ့ တစ်ရွာထဲက တူမရှိတယ်ဆိုတာလေ ။ သူမက မြို့နယ်မှာ စာသင်နေပြီး အေမြို့မှာပြိုင်ပွဲဝင်ဖို့ လွန်ခဲ့တဲ့နှစ်ရက်က ရောက်လာတယ်မလား ။

" ဟုတ်တယ်လေ " ဟယ်ချူန်ရှန်းမေးလာခဲ့သည် ။ "ဘာဖြစ်လို့လဲ "


 မုန့်ချန်ထိုင်ချလိုက်ကာ သူမ၏ လွယ်အိတ်ကြိုးအား ကိုင်ထားပြီး ကျုံးယို့ယို့ထံသို့သွားရန် လမ်းကြောင်းရသွားသကဲ့သို့ ခံစားလိုက်ရသည် ။


" ဘာမှတော့မဟုတ်ပါဘူး ။ ကျွန်မ က အေမြို့မှာ နေဖို့ဖြစ်လာပြီ မဟုတ်ဘူးလား ။ရှင် ကျွန်မကို သူနဲ့ဆက်သွယ်လို့ရမဲ့ လိပ်စာပေးပါလား ။ကျွန်မ သူနဲ့ တွေ့ကြည့်မလို့ "