Ch-43
Viewers 9k


ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၄၃)


"ချန်ဖုန်းရေ ဟင်းပွဲတွေလာယူပေးပါဦး!" 


မီးဖိုချောင်မှ ရွှီချင်းရဲ့အသံထွက်လာသောအခါ လီချန်ဖုန်းက အလျင်စလိုထကာ "ထမင်းအရင်စားရအောင်၊ ပြီးမှ စကားဆက်ပြောတာပေါ့ကွာ" 


ချန်ချီလည်း ခေါင်းညိတ်လိုက်ပြီး လေထဲရှိ စားစရာရနံ့ကို ရှူရှိုက်ရင်း ဆာလောင်လာသလို ခံစားလိုက်ရသည်။ ဒီမနက်တုန်းက မနက်စာကို စားချင်စိတ်မရှိခဲ့ဘူး။ လမ်းအများကြီးလျှောက်ခဲ့ပြီးနောက် အခုတော့ တကယ်ပဲ ဗိုက်ဆာနေခဲ့ပြီ။ 


"ဘာဖြစ်တာတဲ့လဲ?" ရွှီချင်းသည် အိုးထဲသို့ ရေလောင်းထည့်နေရင်း လီချန်ဖုန်းကို မေးလိုက်၏။ "ချန်မိသားစုနဲ့ မာမိသားစုကြားက လက်ထပ်ပွဲက ပျက်သွားပြီ။ ဒါပေမယ့် ချန်ဟုန်က မာဖူကွေ့နဲ့ လက်ထပ်ချင်နေတုန်းပဲတဲ့" လီချန်ဖုန်းသည် ချန်ဟုန်ဘာတွေစဥ်းစားနေသလဲဆိုတာ သူတကယ်ပဲ နားမလည်နိုင်ချေ။ 


ရွှီချင်းလည်း အံ့အားသင့်သွားရပြီး ချန်ဟုန်က မာဖူကွေ့အကြောင်း အမှန်တရားကိုသိပြီးတာတောင် သူနဲ့လက်ထပ်ချင်နေသေးတယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။ "မေ့လိုက်တော့၊ အဲ့ဒါက သူတို့မိသားစုအရေးပဲလေ။ အရင်စားရအောင်၊ ဒီနေ့ ခင်ဗျားအကြိုက်ဆုံးငါးနှပ် လုပ်ထားပေးတယ်နော်" 


*** 


ယခုချိန်မှာ မွန်းတည့်နေလေပြီ။ ရွာသူရွာသားတွေရဲ့အိမ်မှာ မီးခိုးတွေထွက်နေပေမယ့် ချန်မိသားစုရဲ့ မီးဖိုချောင်မှာ အေးစက်နေပြီး ဘာမှမရှိချေ။ အဖေချန် အလုပ်ပြီး၍ အိမ်ပြန်လာသည့်အခါ ခြံဝင်းထဲ၌ သူ့ဇနီးက အမူအရာမဲ့စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ "ဒေါသထွက်နေတုန်းပဲလား? ချက်ပြုတ်ပြီးပြီလား?" 


"ချက်ရမယ်? ဘာချက်စရာရှိလဲ? ကျုပ်အရမ်းဒေါသထွက်နေတာနော်၊ သူတို့အကုန်လုံး ဘယ်သူကမှ ဆက်ဆံရတာ မလွယ်ဘူးပဲ!" 


အဖေချန်လည်း သူ့ပေါက်ပြားကို ဘေးမှာထားလိုက်ကာ သူ့ဇနီးရဲ့စကားတွေကို နားထောင်လျက် ချန်ဟုန်ရှိနေတဲ့အခန်းကို တစ်ချက်ကြည့်လိုက်၏။ "ရှောင်ဟုန် အခုထိထွက်မလာသေးဘူးလား?" 


အမေချန်မှာ အရမ်းဒေါသထွက်နေပြီး "သူတင်မကဘူး၊ ချန်ချီနဲ့ သူ့ဇနီးပါ ပျောက်နေတာ! ဒီလောက်တောင်နောက်ကျနေပြီ၊ သူတို့က ရန်ဖြစ်ကြတုန်းပဲ! သူတို့အားလုံး ဂြိုဟ်မွှေတဲ့ဟာတွေ!" 


ချန်ဟုန်သည် အနီရောင်အထည်စကို ကိုင်ထားရင်း အခန်းထဲတွင် ထိုင်နေခဲ့၏။ သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေက အနီရောင်အထည်စပေါ်မှာ ကျွမ်းကျင်စွာ ရွှေ့လျားနေခဲ့ပြီး သူ့အမူအရာမှာ တည်ငြိမ်နေလျက်။ သူ့ကိုယ်ပိုင်မင်္ဂလာဝတ်စုံကို ချုပ်နေခဲ့ခြင်းပင်။ 


တကယ်တော့ သူက မာမိသားစုနှင့် လက်ထပ်ရန် သဘောတူလိုက်သည့်အခါ တချို့အတွေးတွေရှိနေခဲ့သည်။ သူက မာမိသားစုနှင့် စေ့စပ်ပွဲဖျက်သိမ်းလိုက်သည့်ကိစ္စကိုလည်း ဂရုမစိုက်ချေ။ 


ဒါပေမယ့်... ဒါပေမယ့် အစ်ကိုကြီးပြောတာက... ဒီကိစ္စကို လီချန်ဖုန်းပြောပြတာတဲ့လေ။ အကယ်၍ လီချန်ဖုန်းသာ ဒီအကြောင်းကို သူ့အစ်ကိုကြီးအား တမင်တကာ အသိပေးခဲ့တာဆိုရင် ဒါဆို ဖြစ်နိုင်တာက သူ့နှလုံးသားထဲမှာ သူက ထူးခြားတဲ့နေရာတစ်ခုရှိနေဆဲပဲပေါ့။ 


အကယ်၍ အဲ့လိုသာဆိုရင် လီချန်ဖုန်းဆီမှ စိုးရိမ်ပူပန်တဲ့ အရိပ်အယောင်လေးရမယ်သာဆိုရင် အမှားတွေထပ်ခါထပ်ခါလုပ်ရန် ဆန္ဒရှိလေသည်။ (Me: ရူးမိုက်လိုက်တာကွယ် ဟူး)


*** 


နေ့လည်စာစားပြီးနောက် ချန်ချီလည်း အန်းလဲ့ရွာသို့ ပြန်သွားကာ သူ့ဇနီးကို သွားရှာလေသည်။ ခင်ပွန်းတစ်ယောက်အနေဖြင့် သူတို့နှစ်ယောက်ကြားမှာ မပြောနိုင်စရာဘာအကြောင်းမှ မရှိသင့်ဘူးလေ။ သူ့ဇနီးကို ဘယ်အရာက စိတ်အနှောင့်အယှက်ဖြစ်စေသလဲဆိုတာ သူသိအောင်လုပ်ပြီး အိမ်ပြန်ခေါ်ရပေမည်။ 


ရွှီချင်းက ဝက်ကလေးအတွက် ဝက်စာတစ်ချို့ကို လောင်းထည့်ပေးပြီးနောက် ကြက်လှောင်အိမ်နားတစ်ဝိုက်မှာ ခုန်ပေါက်နေတဲ့ ကြက်ပေါက်ကလေး၁၅ကောင်ကို ကြည့်ကာ သူတို့ထဲမှတစ်ကောင်က အနည်းငယ်ထိုင်းမှိုင်းနေပုံရတာကို ရုတ်ချည်းသတိပြုမိသွား၏။ ရွှီချင်းသည် တစ်ခြားကြက်ပေါက်လေးတွေကို ဂရုတစိုက်ဖယ်လိုက်ရင်း နှေးကွေးလေးကန်နေတဲ့တစ်ကောင်ကို ကောက်ယူလိုက်သည်။ 


"ဘာမှားလို့လဲ?" လီချန်ဖုန်း လှည့်ကြည့်လိုက်တော့ ရွှီချင်းက မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်လျက် တစ်ခုခုနဲ့ ဟိုဟိုဒီဒီလုပ်နေတာကို တွေ့လိုက်ရ၏။ သူ ရှေ့တိုးကြည့်လိုက်တော့ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ကြက်ပေါက်ကလေးကို ရွှီချင်းက ကိုင်ထားဖို့ ကြိုးစားနေတာကို တွေ့လိုက်ရသည်။ "ဒီအကောင်လေးက သိပ်နေမကောင်းဘူးထင်လို့ ကျွန်တော် တစ်ချက်ကြည့်ကြည့်နေတာလေ။ ရေနည်းနည်းယူပေးလို့ရမလား?" 


လီချန်ဖုန်းက ရေယူလာသည်နှင့် ရွှီချင်းလည်း ကြက်ပေါက်ကလေးကို ဂရုတစိုက်အောက်ချလိုက်ကာ သူ့ခေါင်းသေးသေးလေးကို ကိုင်ထားရင်း ရေအနားသို့ ခေါ်လာပေမယ့် ကြက်ကလေးမှာ ပူးပေါင်းခြင်းအလျဥ်းမရှိဘဲ ပိုလို့တောင် ရုန်းကန်လာသဖြင့် "ကိုယ်လုပ်ကြည့်မယ်" 


လီချန်ဖုန်းက အသုံးမပြုတဲ့ဇလုံတစ်ခုကို ရေဖြည့်လိုက်ကာ ကြက်လှောင်အိမ်ထဲသို့ တိုက်ရိုက်ထည့်လိုက်၏။ ထို့နောက် သူက ရွှီချင်းဖမ်းထားတဲ့ ကြက်ပေါက်လေးကို လွှတ်ပေးလိုက်ရင်း တခြားကြက်ပေါက်တွေနဲ့အတူတူထားလိုက်ကာ "သူတို့မျိုးတူတွေနဲ့ အတူတူရှိတဲ့အခါ အကြောက်တရားက ပျောက်သွားမှာပဲ။" 


ရွှီချင်းလည်း ကြက်ကလေးက အုပ်စုထဲ ပြန်ရောက်သွားပြီး တခြားအကောင်လေးတွေနဲ့အတူတူ ရေသောက်နေကြတာကို မြင်လိုက်ရ၏။ လီချန်ဖုန်းရဲ့စကားတွေကို နားထောင်ကြည့်တော့ အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရသည်။ "ခင်ဗျားအလုပ်မပြီးသေးဘူးမလား? ဆက်လုပ်လိုက်ဦးလေ။" 


လီချန်ဖုန်းမှာ သူ့အလုပ်တွေနှင့်ရှုပ်နေစဥ် ရွှီချင်းက ဇလုံထဲသို့ ဝိဥာဥ်စမ်းရေတစ်စက်ချလိုက်၏။ ကြက်ကလေးတွေကလည်း ရေမှာ တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို အာရုံခံမိကြကာ မကြာမီမှာပင် အလုအယက်ရေသောက်နေကြတော့သည်။ 


"ချန်ဖုန်းရေ ခင်ဗျား အဲ့ဒါပြီးသွားရင် တောင်ပေါ်သွားရအောင်လေ" တောင်ရဲ့ အစွန်အဖျားမှာ အနီရောင်သစ်သားထွက်ရှိတဲ့ အပင်အများကြီးရှိတာကို ရွှီချင်း မှတ်မိလေသည်။ 

(T/N: Redwoodလို့သုံးထားတာကို အနီရောင်သစ်သားလို့ပဲ ပြန်ထားလိုက်ပါတယ်နော်။ သစ်အကြောင်း အခေါ်အဝေါ်တွေလည်း မသိလို့ပါ။ Redwoodကို ​ကယ်လီဖိုးနီးယားမှာ အများဆုံးတွေ့ရတတ်ပါတယ်တဲ့။ သူက အရမ်းမြင့်တဲ့အပင်ပါ။ ပုံလေးထည့်ပေးလိုက်တယ်နော်) 





အဲ့ဒီသစ်တွေက ပရိဘောဂအတွက် အကောင်းဆုံးကုန်ကြမ်းတွေပါပဲ။ သစ်သားမှာ နီညိုဖျော့ဖျော့အရောင်မှ နီညိုရင့်ရင့်အရောင်အထိ ရှိလေသည်။ အနက်ရောင်အကြောပုံစံများမှာ သိသာထင်ရှားနေပြီး သစ်သားမှာ တောက်ပြောင်ချောမွေ့တဲ့အသားရှိ၏။ သစ်သားအကြောမှာ ရောယှက်ပြီး ရှင်းလင်းပြတ်သားနေကာ၊ အသားသည်လည်း မာကြောလျက် ခိုင်ခံ့မှုမြင့်မားပြီး အကြမ်းခံနိုင်ပြီး တာရှည်ခံပေသည်။ 


လီချန်ဖုန်းက သစ်သားပျဥ်ပြားပေါ်မှာ အာရုံစိုက်ထားလျက် သူ့အား ခေါင်းညိတ်ပြလာ၏။ "ဟုတ်ပါပြီ!" 


အမှန်တကယ်တော့ အခုချိန်မှာ လယ်အလုပ်တွေသိပ်မရှိတော့သဖြင့် သူ့ဇနီးလေးနှင့် ရံဖန်ရံခါလျှောက်သွားတာလည်း ကြည်နူးစရာပဲလေ။ 


ဤရာသီမှာ တောတောင်များ၌ သီးပင်ရိုင်းများပွင့်ဖူးကြရန် အချိန်ကောင်းဖြစ်လေသည်။ တရုတ်ဆီးပန်းများ၊ မက်မွန်ပွင့်များနှင့် တောရိုင်းချယ်ရီပန်းများလည်း ပွင့်ဖူးနေကြလျက်။ တောရိုင်းချယ်ရီတွေက အနည်းငယ်ခါးသက်တဲ့အရသာရှိသော်လည်း ရွာရှိကလေးများကြားထဲတွင် အကြိုက်ဆုံးအသီးတွေထဲက တစ်ခုပင်။ ကျေးလက်မိသားစု၏ အရင်းအမြစ်အကန့်အသတ်ကြောင့် မိသားစုအနည်းငယ်ကသာ သူတို့ရဲ့ကလေးတွေအတွက် အဆာပြေကျွေးနိုင်ပေသည်။ 


လီချန်ဖုန်းနှင့် ရွှီချင်းတို့ အနောက်တောင်ကို ရောက်သည့်အခါ ရွှီချင်းက တောင်တစ်လျှောက် အနီရောင်၊ ပန်းရောင်တို့​ဖြင့် ဖမ်းစားခံရလျက်။ "ကျွန်တော်ဝန်ခံပါတယ်နော် တကယ့်ကို တအားလှတာပဲဗျာ" 


လီချန်ဖုန်းလည်း ခေါင်းညိမ့်လျက် ထပ်ပြောလိုက်၏။ "သူတို့ရဲ့အသီးတွေလည်း အရမ်းစားကောင်းတာလေ" အချိန်ရောက်လာတဲ့အခါ သူအများကြီးခူးဖို့ စီစဥ်ထားပေသည်။


လီချန်ဖုန်းသည် သူ့အမေနှင့် လီရှောင်းအာတို့နှစ်ယောက်က သစ်သီးရိုင်းတွေစားရတာကြိုက်မှန်း သူမှတ်မိပါသေးသည်။ သူနှင့် သူတို့ညီအစ်ကိုတွေကတော့ ငယ်ငယ်တုန်းက အချိုကြိုက်ကြပေမယ့်လည်း ကြီးလာသည့်အခါ သူတို့စိတ်ဝင်စားမှုလည်း လျော့လာကြသည်။ 


အဒေါ်ကျန်းသည် ထင်းရှူးပင်တွေကို ခုတ်၍ ဆွဲလာတဲ့ သူ့ခင်ပွန်းနှင့်အတူ အဖော်ပြုလိုက်ပါလာခဲ့၏။ သူ့နောက်မှ လူနှစ်ယောက်အသံကို ကြားလိုက်ရသဖြင့် "အာ! ဒါက ချင်းကောအာနဲ့ ရွှီမိသားစုဝင်အသစ်လေး မဟုတ်လား!" 


ရွှီချင်းသည် အဒေါ်ကျန်းကို မြင်သည်နှင့် မှတ်မိသွားခဲ့သည်။ ထိုလူမှာ လင်းမိသားစုဆေးခန်း၌ သူ့ရဲ့မျက်နှာ"ကုသမှု" သတင်းကို ဖြန့်ခဲ့သည့် လူမှန်းသိလိုက်၏။ "ချန်ဖုန်းရေ ဒါက ရွာကအဒေါ်ကျန်းလေ။ သူ့မိသားစုလည်း လက်သမားအလုပ်လုပ်တာပဲ" 


လီချန်ဖုန်းက အဒေါ်ကျန်းကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် တိတ်ဆိတ်နေပြန်၏။ 


"အဒေါ်ကျန်း ဒီမှာ ဘာလုပ်နေတာလဲ?" ရွှီချင်းက အဒေါ်ကျန်းအရှေ့မှ ထင်းရှူးသစ်သားတွေကိုကြည့်ပြီး အနည်းငယ်အားကျသွားသလိုပင်။ အဒေါ်ကျန်းရဲ့ခင်ပွန်းက ပရိဘောဂအော်ဒါတွေရသောကြောင့် သူတို့က တောင်ပေါ်မှာ သစ်သားလာရှာကြဟန်တူလေသည်။ 


အဒေါ်ကျန်းက အပြုံးလေးနှင့် သူ့လုပ်လက်စတွေကို ရပ်တန့်ကာ သူ့ခေါင်းပေါ်ရှိ ငွေဆံညှပ်လေးကို နေရာတကျပြန်ချိန်ညှိလျက် "ဦးလေးကျန်းက နောက်ထပ်အလုပ်နည်းနည်းထပ်ရလို့လေ! အိမ်မှာလည်း သစ်သားတွေကုန်သွားလို့ ဒီမှာ လာရှာကြည့်လိုက်တာပဲ။" 


"ဘာဖြစ်လို့လဲ? မင်းမကိုင်တွယ်နိုင်တော့ဘူးလား? စောစောသိရင် ငါလာကူပေးပါတယ်ကွာ!" လက်ထဲတွင် ဓားကိုင်ထားသော အရပ်ပုပု၊ ခပ်ဝဝ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အဒေါ်ကျန်းကို ပြောလာခဲ့၏။ သူ့လေသံမှာ အတော်လေးညင်သာနေလျက်။ ထိုလူမှာ အဒေါ်ကျန်း၏ ခင်ပွန်းသည်ပင်။ 


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ချင်းကောအာတို့နဲ့ စကားခဏပြောနေလို့ ရပ်လိုက်တာပါနော်!" အဒေါ်ကျန်းသည် သူကိုင်ထားတာတွေကို သူ့ခင်ပွန်းကို ယူခွင့်ပေးလိုက်၏။ "မင်းတို့ကိုရယ်စေမိလို့ တောင်းပန်ပါတယ်ကွယ်။ ငါ့ခင်ပွန်းက ငါ့ကို အလုပ်များများမလုပ်စေချင်လို့ပါ! အဲ့ဒါကတကယ်စိတ်တိုစရာပဲ!" 


အဒေါ်ကျန်းရဲ့ ချဲ့ကားတဲ့လေသံကို နားထောင်လိုက်ရတော့ ရွှီချင်းရဲ့ပါးစပ်လည်း အနည်းငယ် တွန့်သွားရသည်။ ဒီလူကတော့... 


"ငါတို့လည်း တောင်တစ်ဝိုက်လျှောက်သွားနေရုံပါပဲကွာ၊ ဒီတော့ ငါတို့အရင်သွားနှင့်တော့မယ်။ အချိန်မရွေး ငါတို့အိမ်လာလည်လို့ရတယ်နော်။ ငါတို့သားတွေက အိမ်ထောင်ပြုပြီးကုန်ကြတော့ အိမ်က အရင်ကလို အသက်မဝင်တော့ပါဘူးကွာ!" အဒေါ်ကျန်းရဲ့ခင်ပွန်းမှာ မျက်နှာခပ်ဝိုင်းဝိုင်းနှင့် သိမ်မွေ့သည့်အပြုံးရှိရာ အိမ်မှာပဲ စီးပွားရေးအသေးစားလေး လုပ်ကိုင်လျက်ရှိသည်။ သူ့ရဲ့အသွင်အပြင်နှင့်အပြောအဆိုတို့ကြောင့် သူ့ကိုမသဘောမကျဖို့ဆိုတာ ခက်ပေ၏။ 


အဒေါ်ကျန်းတို့နှစ်ယောက်တွင် သား(ကော)နှစ်ယောက်သာရှိရာ နှစ်ယောက်လုံးအိမ်ထောင်ကျသွားပြီး ထွက်သွားခဲ့ကြပြီဖြစ်၍ ယခုတော့ အိမ်၌ သူတို့နှစ်ယောက်သာကျန်တော့သည်။


အဒေါ်ကျန်း အတင်းအဖျင်းမပြောတဲ့ရက်ဆိုလို့ မရှိချေ။ သူက အဒေါ်စွင်းနဲ့ရှိတုန်းကလောက် တက်ကြွမနေဘူးပဲ။ 


"ကောင်းပါပြီဗျာ၊ ကျွန်တော်တို့လာလည်တဲ့အခါကျမှ စိတ်မညစ်ကြပါနဲ့နော်" ရွှီချင်းလည်း ပြောလိုက်ရင်း အနည်းငယ်ရှက်ရွံ့သလို ခံစားလိုက်ရ၏။ ရွာထဲမှာ မိသားစုတွေအားလုံးထဲ၌ ကျန်းမိသားစုသည်သာ သစ်သားလုပ်ငန်းနဲ့ပတ်သက်ပြီး အလုပ်လုပ်တာဖြစ်ပေသည်။ 


ရွာသားတွေက မကြာခဏ သူတို့ဆီမှာ အလုပ်အပ်ကြ၏။ အကယ်၍ ရွှီချင်းတို့ကလည်း သူတို့ရဲ့လုပ်ငန်းကို စတင်လိုက်ပါက ပြိုင်ဘက်တွေဖြစ်သွားကြတော့မှာလေ! 


ဦးလေးကျန်းနှင့် အဒေါ်ကျန်းတို့ရဲ့နောက်ကျောကိုကြည့်ရင်း လီချန်ဖုန်းက ရွှီချင်းကို ကြည့်လျက် တွေးဆဆဖြင့် မေးလိုက်၏။ "မင်းသူတို့အိမ်ကို တကယ်သွားလည်ချင်လို့လား?"  


ရွှီချင်း: "…" 


သစ်နှင်းဆီ(Rosewood)သည် သစ်သားအမျိုးအစားအတွက် ယေဘုယျအသုံးအနှုန်းမျှသာဖြစ်လေ၏။ အထူးသဖြင့် ရွှီချင်းရှာနေသည်မှာ Sourwoodဖြစ်လေသည်။ ၄င်းကို အမျိုးအစား၃မျိုးခွဲခြားနိုင်လေ၏ - Black Sourwood, Red Sourwood, White Sourwoodတို့ဖြစ်ကြသည်။ သူတို့အရှေ့မှာ တွေ့နေရသည့် သစ်ပင်တွေကတော့ Red Sourwoodပင်။ 


(T/N: သစ်သားအမျိုးအစားတွေကို ဘယ်လိုခေါ်ရမှန်းမသိတော့ Eလိုပဲ ထည့်ရေးလိုက်ပါတယ်။ Rosewoodကိုတော့ fbမှာ သစ်နှင်းဆီ ခေါ် တမလန်းမွှေးလို့ခေါ်ကြတာတွေ့လို့ ထည့်ရေးထားတာပါ။ ကိုယ်တကယ် သစ်အကြောင်းတွေ နကန်းတစ်လုံးမှမသိလို့ပါ။ မှားနေတာရှိရင် လာပြောလို့ရပါတယ်နော်။) 


ရွှီချင်းက ချင်မင်းဆက်တွင် Sourwoodသည် အနီရောင်သစ်သားပရိဘောဂတွေအတွက် အဓိကကုန်ကြမ်းဖြစ်ကြောင်း အတန်းထဲမှဆရာပြောပြဖူးတာကို မှတ်မိနေဆဲပင်။ 


နှစ်ရာပေါင်းများစွာကြာပြီးတာတောင်မှ Sourwoodဖြင့် ပြုလုပ်ထားသော ပရိဘောဂများသည် သေချာပွတ်တိုက်ကာ အရောင်တင်လိုက်ပါက အသစ်အတိုင်းပင်ဖြစ်နေမည်ဖြစ်၏။ ၄င်းမှာ အကောင်းဆုံးသစ်အမျိုးအစားဖြစ်ကြောင်း ပြသခဲ့ကာ ခေတ်အဆက်ဆက် လူတွေဆီက အာရုံစိုက်မှုကို ရရှိခဲ့ကြလေသည်။ 


Sourwoodသည် အရောင်၂ရောင်ရှိပေ၏ - အနီရင့်ရင့်နှင့် အနီဖျော့ဖျော့ပင်။ ယင်းမှာ ယေဘူယျအားဖြင့် အရည်အသွေးမြင့်မားကာ ပုံစံအမျိုးမျိုးရှိသည်။ Sourwoodပရိဘောဂသည် ပွတ်တိုက်၍ အရောင်တင်ပြီးနောက် ချောမွတ်ကာ အရောင်စိုလာပြီး သန့်စင်သိမ်မွေ့သောအလှတစ်မျိုးကို ပေးစွမ်းလာသည်။  


၄င်းတို့မှာ အရေအတွက်များပြားရုံသာမက သစ်သားအရည်အသွေးလည်း ကောင်းမွန်သဖြင့် လက်ရာသည်လည်း အလွန်လှပ၏။ ခေတ်သစ်အယူအဆအရဆိုလျှင် ၎င်းမှာ အနီရောင်သစ်သားစစ်စစ်ဟု ယူဆထားလို့ရပေသည်။ 


"ချန်ဖုန်းရေ ဒီသစ်ပင်တွေကို အမှတ်အသားလုပ်ထားလိုက်ဦး" 


ဤသစ်ပင်တွေက အတော်လေးအိုနေခဲ့၍ သစ်အရည်အသွေးကောင်းလေသည်။ ရွှီချင်းသည် သူတို့ရဲ့အနာဂတ်အိမ်လေးကို တွေးကြည့်နေကာ အိမ်နှင့်မလိုက်ဖက်တဲ့ ပရိဘောဂတွေ မလိုချင်ပါဘူးနော်။ 


ရွှီချင်းရဲ့ ညွှန်ကြားချက်အတိုင်း လီချန်ဖုန်းသည် သစ်ပင်တွေကို အမှတ်အသားပြုပြီးနောက် နှစ်ယောက်သား တောင်အစွန်အဖျားဆီသို့ ဝင်သွားခဲ့သည်။ ရွှီချင်းက သူလိုချင်တဲ့သစ်ပင်တွေရှိမရှိ လျှောက်ကြည့်နေစဥ် လီချန်ဖုန်းရဲ့ လက်ကြီးကြီးတစ်စုံက ရုတ်တရက် သူ့ပါးစပ်ကိုအုပ်ကာ သူ့အနောက်မှာဖက်ထားရင်း ငုတ်တုတ်ထိုင်ချလိုက်သည်။ 


"ရှူး စကားမပြောနဲ့၊ တစ်ယောက်ယောက်ရှိနေတယ်!" လီချန်ဖုန်းက ရွှီချင်းရဲ့နားဆီ တိုးတိုးလေးပြောလိုက်၍ ရွှီချင်းလည်း လုံးလုံးစိတ်ရှုပ်သွားရသည်။ တစ်ယောက်ယောက်ရှိနေတယ်ဆိုလည်း ဘာဖြစ်တုန်း? သူက လီချန်ဖုန်းရဲ့လက်ကို တွန်းဖယ်တော့မည့်အချိန်မှာပင် သိပ်မဝေးတဲ့နေရာမှ အသံတစ်ချို့ကို ကြားလိုက်ရလေ၏။ 


"ညင်သာပါဆို ကျစ်!" 


"ညင်သာဖို့ပြောနေတာ မင်းဘာကိုဆိုလိုတာလဲကွာ? ငါကြမ်းတာပဲ မင်းကြိုက်တာမဟုတ်လား?" 


"ခင်ဗျားက စိတ်တိုစရာပဲ! အား..." 


စုံတွဲတစ်တွဲ အပြင်မှာဆက်ဆံနေကြတာကို သူတို့ အမှတ်မထင်ဆုံလိုက်ရတာပဲ! ရွှီချင်းက အသံပြုမိမည်ကိုကြောက်လန့်၍ လီချန်ဖုန်းရဲ့ ရင်ခွင်ထဲမှာ နာနာခံခံလေး ငြိမ်နေလိုက်၏။ သူတို့ထွက်သွားတဲ့အခါ အသံထွက်သွားခဲ့ရင် လူတိုင်းအတွက် ကသိကအောင့်ဖြစ်မှာပဲလေ။ 


လီချန်ဖုန်းသည် ကုပ်ကုပ်ကလေးထိုင်နေရတဲ့ ရွှီချင်းခြေထောက်ညောင်းမည်ကို စိုးရိမ်သောကြောင့် သူ ဖြေးဖြေးလေး ထိုင်ချလိုက်ကာ သူ့ပေါင်ပေါ်မှာ ရွှီချင်းကို ထိုင်စေလိုက်သည်။ "မကြည့်နဲ့!" ထိုအရာတွေကြောင့် ရွှီချင်းမျက်လုံးတွေ ညစ်ပတ်သွားမှာကို မလိုလားသဖြင့် လီချန်ဖုန်းက ရွှီချင်းရဲ့မျက်လုံးတွေကို သူ့လက်ဖြင့် ကွယ်လိုက်လေသည်။ 


ချောင်းကြည့်ချင်နေတဲ့ ရွှီချင်းမှာ ရက်စက်စွာ ဖုံးကွယ်ခံလိုက်ရပေ၏။ တားဆီးနေတဲ့လက်တစ်စုံကို သူ့လက်ဖြင့် ဖယ်တော့မည်အပြု၊ စကားမပြောပေမယ့် သူ့ကို နားလည်နေသော လီချန်ဖုန်းက သူ့လက်ကို ဖမ်းထားလျက် "နာခံလေ!" 


ရွှီချင်းက ရုန်းကန်တော့မည့်အချိန်မှာပင် တခြားတစ်ဖက်မှ အသံတွေကြားလိုက်ရ၏။ 


"ဘယ်လိုခံစားရလဲ? ငါက မင်းမိသားစုရဲ့ယောကျ်ားထက် ပိုကောင်းအောင်လုပ်ပေးနိုင်တယ်မဟုတ်လား?" အသံမှာ ရွှတ်နောက်ဟန်ထင်ရသော်လည်း သူတို့ရဲ့စကားဝိုင်းအရ အနှီလူနှစ်ယောက်မှာ အိမ်ထောင်ရေးဖောက်ပြန်နေခြင်းပင်! 


"အင်းလေ၊ မင်းရဲ့ဇနီးကရော ငါ့လောက်ပိုကောင်းအောင် ပြုစုတတ်လို့လား?" ဤအသံမှာ အရင်က သူတို့ရဲ့အိမ်တံခါးဆီလာခဲ့တဲ့ ခပ်ဝဝအောင်သွယ်တော်ကဲ့သို့ အရှက်မရှိလေသံအတိုင်းပဲ! 


xxx