အပိုင်း ၄၁
Viewers 14k

Chapter 41

 -“**ငါမင်းကိုသတ်မယ်” 




စုရှူယင်က သတ္တုစက်ရုံသို့ရောက်သောအခါ လုံခြုံရေးအစောင့်အား ဟဲပေါင်ကန်းကိုခေါ်ခိုင်းလိုက်သည်။


ဟဲပေါင်ကန်းက စုရှူယင်ကို စက်ရုံရှေ့တွင်မြင်လိုက်ရသောအခါ ချက်ချင်းပင်မျက်မှောင်ကြုတ်လိုက်သည်။

“မင်းကဘာလို့အလုပ်မသွားပြန်တာလဲ”


သူ၏ရက်စက်သောအကြည့်ကိုမြင်သောအခါ စုရှူယင်ကတုန်သွားသည်။ သို့သော် သူမသမီး၏သွေးများရွှဲနေသောမျက်နှာကို သတိရသွားသောအခါ ကိုယ့်ကိုကိုယ်တည်ငြိမ်စေလိုက်သည်။


“ကျွန်မအလုပ်သွားခဲ့ပါတယ် ဒါပေမယ့် လူတစ်ယောက်က အမေချော်လဲသွားလို့ ဆေးရုံကိုချက်ချင်းခေါ်သွားရမယ်ဆိုပြီး ပြောလာလို့ပါ၊ ကျွန်မဘာသာအမေ့ကိုမသယ်နိုင်လို့ ရှင်ကိုလာရှာလိုက်တာ”


ဟဲပေါင်ကန်းက သူ့အမေဒဏ်ရာရသွားသည်ကို ကြားသောအခါ အလျင်အမြန်ပင်ခွင့်လိုက်ပြီး နှစ်ယောက်သားအိမ်သို့ပြန်သွားကြသည်။


ထုံရွှယ်လူနှင့် ဟွမ်ရှန်းလန်တို့က အနားတဝိုက်တွင်စောင့်နေကြပြီးနောက် စုရှူယင်တို့ထွက်လာသည်ကိုတွေ့သောအခါ အနောက်မှလိုက်သွားကြသည်။


လမ်းကြားထဲသို့ရောက်သောအခါ သူတို့နှစ်ယောက်က ရပ်လိုက်ကြသည်။

“ဒီမှာဘဲစောင့်နေလိုက်၊ ဟိုကိုကျွန်မဘာသာသွားလိုက်မယ် ရန်ဖြစ်သံတွေကြားတာနဲ့ အမက ရဲစခန်းဆီအမြန်သွားနော် ဟုတ်ပြီလား”


ဟွမ်ရှန်းလန်က လက်သီးဆုပ်လိုက်သည်။

“အင်းပါ နင်မြန်မြန်လိုက်သွားတော့လေ”


ထုံရွှယ်လူက ခေါင်းညိတ်ကာ စုရှူယင်၏အိမ်ဆီသွားလိုက်သည်။


ဟဲပေါင်ကန်းက သူ့အမေကိုစိတ်ပူသဖြင့် အမြန်ပြန်လာခဲ့သည်။ ခြံထဲသို့ဝင်လာလာချင်းပင် သူ့အမေကထိုင်ပြီး ဖိနစ်အောက်ခံချုပ်နေကာ လုံးဝကောင်းမွန်နေသည်ကိုမြင်လိုက်ရ၏။


သူက ခနရပ်သွားပြီးနောက် စုရှူယင်ကို ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

“ဒီမှာဘာဖြစ်နေတာလဲ၊ ငါ့အမေကချော်လဲလို့ ဒဏ်ရာရသွားတယ်ဆိုပြီး မင်းပြောခဲ့တာလေ”


သူစိုက်ကြည့်လာသည်ကို ခံလိုက်ရသောအခါ စုရှူယင်ကနောက်သို့တစ်လှမ်းဆုတ်လိုက်သည်။


သူမပြန်မဖြေနိုင်ခင်မှာဘဲ အဖွားကြီးဟဲက သူတို့အသံကိုကြားသဖြင့် မော့ကြည့်လာ၏။ သူမကစိတ်ရှုပ်ရှုပ်ဖြင့်မေးလာသည်။

“ပေါင်ကန်း နင်တို့နှစ်ယောက်က ဘာလို့ပြန်ရောက်လာတာလဲ၊ တစ်ခုခုဖြစ်လို့လား”


ဟဲပေါင်ကန်းက အလွန်ဒေါသထွက်နေ၏။

“အဲ့ဒါ ဒီ****ကောင်မကြောင့်ပေါ့၊ သူက အမေချော်လဲလို့ဒဏ်ရာရသွားပြီး ဆေးရုံသွားရမယ်ဆိုပြီးပြောလာတာလေ၊ အဲ့ဒါကြောင့်ကျွန်တော်လည်းခွင့်ယူပြီး ပြန်လာခဲ့တာ”


အဖွားကြီးဟဲက ထရပ်ကာ စုရှူယင်အား ဆူငေါက်လာ၏။

“နင်..ဥမဥနိုင်တဲ့ကြက်မ နင်ကငါ့ကိုကျိန်စာတိုက်နေတာလား၊ ဟမ် ဟုတ်လား ပေါင်ကန်း နင့်မိန်းမကပိုပိုပြီး ရဲတင်းလာသလိုဘဲ၊ နင့်အမေကိုတောင် ကျိန်စာတိုက်တတ်နေပြီ၊ နင်သူ့ကို သင်ခန်းစာကောင်းကောင်းပေးဖို့လိုနေပြီ”


ဟဲပေါင်ကန်း၏ မျက်ခုံးများကဆန့်တန်းလာသည်။ သူက စုရှူယင်ကိုစိုက်ကြည့်ကာ အော်ဟစ်လာ၏။

“မင်းသေချာရှင်းပြရင်ကောင်းမယ် မဟုတ်လို့ကတော့”


စုရှူယင်က စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခဲ့သော်လည်း အချိန်ကျလာသောအခါ သူမကတုန်ယင်နေဆဲဖြစ်သည်။


သူမက အသက်ပြင်းပြင်းရှူကာပြောလိုက်သည်။

“အဲ့ဒါအမှန်ဘဲ ကျွန်မလိမ်ခဲ့တာ၊ ကွာရှင်းမယ့်အကြောင်းပြောချင်လို့ ရှင့်ကိုအိမ်ပြန်လာအောင်လုပ်လိုက်တာ”


ဟဲပေါင်ကန်း၏မျက်လုံးများက နွားထီးတစ်ကောင်၏မျက်လုံးနီးပါး ပြူးသွား၏။

“မင်းဘာပြောလိုက်တယ်၊ ထပ်ပြောရဲပြောကြည့်စမ်း”


စုရှူယင်က လက်သီးဆုပ်ကာ စကားတစ်လုံးချင်းစီကို ပီပီသသထပ်ပြောလိုက်သည်။

“ဟဲပေါင်ကန်း ကျွန်မရှင်နဲ့မနေချင်တော့ဘူး ကျွန်မကွာရှင်းချင်တယ်”


ဖြန်းး။


စုရှူယင်က နောက်ဆုံးတစ်လုံးပြောပြီးသောအခါ ပါးကိုဖြတ်ရိုက်ခံလိုက်ရသည်။


ဟဲပေါင်ကန်းက အရပ်ရှည်ကာ သူ၏လက်ကလည်း ယပ်တောင်တစ်ခုအရွယ်ရှိ၏။ သူ့ဆီမှ တစ်ချက်ရိုက်ခံလိုက်ရသောအခါ စုရှူယင်၏ခေါင်းကို တစ်ဖက်သို့လည်သွားစေသည်။


စုရှူယင်က သူမပါးပူလောင်နေသည်ကို ခံစားလာရကာ နားထဲတွင်အူနေ၏။

“ဟဲပေါင်ကန်း ဒီနေ့ရှင်ကျွန်မကို သတ်နိုင်ရင်သတ်၊ မသတ်နိုင်လို့ကတော့ ကျွန်မတို့ကွာရှင်းမှာဘဲ”


ဟဲပေါင်ကန်းက ဒေါသထွက်လွန်းသဖြင့် နဖူးမှ သွေးကြောများတောင် ထောင်တက်လာ၏။ သူက သူမပါးကိုထပ်ရိုက်လိုက်သည်။


စုရှူယင်က ရှောင်ရန်မကြိုးစားပေ။ ဒုတိယတစ်ကြိမ်ရိုက်ခံလိုက်ရသောအခါ သူမပါးကယောင်ကိုင်းလာသည်။ နှာခေါင်းထဲတွင် နွေးခနဲခံစားလိုက်ရကာ နှာခေါင်းထဲမှ သွေးများထွက်လာ၏။


သူမကမျက်နှာပေါ်မှ သွေးများကိုမသုတ်ပေ။ ထို့အစား ဟဲပေါင်ကန်းရော သူ့အမေပါ ကြားနိုင်လောက်သည့် အသံဖြင့်ပြောလိုက်သည်။

“ဟဲပေါင်ကန်း နင်က အိမ်မှာကြမ်းတမ်းဖို့ဘဲသိတဲ့ အသုံးမကျတဲ့ အမှိုက်ဘဲ၊ နင်ရောနင့်အမေရောက တိရစ္ဆာန်တွေထက်တောင် ဆိုးရွားတယ်၊ နင်တို့နှစ်ယောက်လုံးသေရင် အနက်ရှိူင်းဆုံးငရဲကိုကျပါစေလို့ ငါဆုတောင်းတယ်”


အဖွားကြီးဟဲက သူမသားသင်ခန်းစာပေးနေသည်ကိုကြည့်ကာ ဝင်ပါရန်မလုပ်ထားပေ။ အခုတွင် စုရှူယင်က သူတို့သားအမိကိုငရဲကျမည်ဟု ကျိန်စာတိုက်နေသောအခါ ဒေါသထွက်လာ၏။


“နင်*မျိုးဆက်မပေးနိုင်တဲ့ကောင်မ၊ ငါနင့်ကိုသတ်မယ်”


အဖွားကြီးဟဲကပြေးလာကာ စုရှူယင်ကို ဆံပင်မှ‌ဆောင့်ဆွဲလိုက်သည်။ သူမကချက်ချင်းပင် စုရှူယင်၏မျက်နှာကိုကုတ်ခြစ်ကာ လက်သည်းရာများက ချက်ချင်းမြင်ရသည်အထိထင်းနေ၏။


စုရှူယင်က သူမဦးရေပြားလန်တော့သလို ခံစားမိသွားသည်။ သူမက စီခနဲအော်လိုက်သည်။

“ကယ်ကြပါဦး၊ တစ်ယောက်ယောက်ကယ်ကြပါဦး၊ ဟဲပေါင်ကန်းတို့သားအမိက ကျွန်မကိုသတ်ဖို့လုပ်နေတယ်”


ဟဲမိသားစုအိမ်မှ ဆူညံသံများကြောင့် အိမ်နီးချင်းအားလုံးက ခြံထဲမှထွက်လာကြသည်။

“အဖွားကြီးဟဲ ဒီတစ်ကြိမ်ဘာဖြစ်ပြန်ပြီလဲ”


“အမှန်ဘဲ ရပ်လိုက်ပါတော့ ၊ အရာရာတိုင်းကို စကားနဲ့ပြောလို့ရပါတယ်ဟယ်”


အခုချိန်သည် အလုပ်ချိန်ဖြစ်သောကြောင့် အနားတစ်ဝိုက်တွင် သက်ကြီးရွယ်အိုနှင့်ကလေးများသာရှိ၏။ ဟဲပေါင်ကန်းတို့သားအမိက စုရှူယင်အား ဘယ်လိုတောင်ရိုက်နှက်နေသည်ကို မြင်သော်လည်း ဘယ်သူမှထွက်မပြောပေးရဲကြပေ။


အဖွားကြီးဟဲက ခွေးရူးတစ်ကောင်လို အော်ဟစ်ကာ စုရှူယင်၏မျက်နှာကိုကုတ်ခြစ်နေ၏။

“ခုနစ်နှစ်ကြာတာတောင် အသုံးမဝင်တဲ့ မိန်းကလေးကိုဘဲ မွေးပေးနိုင်တဲ့ အပုပ်အသိုးမ၊ နင်ကများကွာရှင်းဖို့ပြောရဲတယ်ပေါ့ ထွီ”


စုရှူယင်သည် သူမ၏မျက်နှာတစ်ပြင်လုံးပေါ်မှာ နာကျင်မှုကိုခံစားနေရ၏။

“ကျွန်မက ဘာလို့မကွာရှင်းနိုင်ရမှာလဲ၊ ကျွန်မကိုယ်ကျွန်မ ဆေးရုံမှာသွားစစ်ပြီးသား ဆရာဝန်က ကျွန်မနဲ့ပတ်သက်ပြီး ချို့ယွင်းနေတာမရှိဘူးတဲ့၊ ပြသနာက ရှင့်သားဆီမှာဘဲ၊ သူက အရပ်ရှည်ပြီးလူကောင်ကြီးပေမယ့် မျိုးစေ့ကို မထုတ်ပေးနိုင်ဘူးလေ”


ဝိုးးးးးး

ဒါဆိုကလေးမရနိုင်လောက်အောင် ပြသနာရှိနေတာက ဟဲပေါင်ကန်းလား၊ စုရှူယင်မဟုတ်ဘူးပေါ့။


ထိုစကားကိုကြားသောအခါ လူတိုင်းကဟဲပေါင်ကန်းကို ကြည့်လာကြသည်။


ဟဲပေါင်ကန်းက သူ့မျက်နှာပူလာသလိုခံစားလိုက်ရကာ စုရှူယင်မျက်နှာတည့်တည့်သို့ လက်သီးဖြင့်ထိုးလိုက်သည်။


ခွပ်။။။

ကျယ်လောင်သောအသံဖြင့် စုရှူယင်က နောက်သို့ နှစ်လှမ်းဆုတ်သွားကာ မြေကြီးပေါ်သို့လဲကျသွားသည်။


ထုံရွှယ်လူက ထိတ်လန့်နေသောမျက်နှာဖြင့် ပြေးလာ၏။

“ရှင်ဘယ်လိုတောင် လုပ်လိုက်တာလဲ”


ဟဲပေါင်ကန်းက သူမကိုရက်စက်စွာကြည့်လိုက်သည်။

“ဒါကမိသားစုအတွင်းရေးပါ ဖယ်နေလိုက်”


ထိုသို့ပြောပြီးနောက် သူက စုရှူယင်ကို ထပ်ရိုက်ရန်လုပ်လိုက်သည်။


စုရှူယင်ကမြေကြီးပေါ်တွင် ညည်းညူနေကာ သူမမျက်နှာက သွေးများဖြင့်ဖုံးလွှမ်းနေသည်။


ထုံရွှယ်လူက သူမသာ ဟဲပေါင်ကန်းကို ထပ်ရိုက်ခွင့်ပေးလိုက်ပါက စုရှူယင်တစ်ယောက် သေသွားမည်ကို စိုးရိမ်သွားသည်။


“ရှင်အခုချက်ချင်းရပ်လိုက်တာကောင်းမယ်နော်၊ ကျွန်မအပေါ်လက်တစ်ချောင်းတင်ရဲလို့ကတော့ ရှင်ကလူရမ်းကားဆိုတာကို ရဲစခန်းမှာ သွားတိုင်လိုက်မယ်”


ဟဲပေါင်ကန်းက ရပ်လိုက်ကာ ထုံရွှယ်လူအား အံကြိတ်ပြီးကြည့်လာ၏။


ဟဲပေါင်ကန်းက လူရမ်းကားဟုခေါ်ခံရမည်ကိုကြောက်သော်ငြား ထိုခြိမ်းခြောက်မှုက အဖွားကြီးဟဲအပေါ်အလုပ်မဖြစ်ပေ။


သူမက ထုံရွှယ်လူကို လက်ညှိုးထိုးကာ အော်ငေါက်လာ၏။


“နင်က မိုးကောင်းကင်၊ လောကကြီး၊ ခွေး၊ ကြောင်တွေရဲ့ ကိစ္စတွေကိုဝင်စွက်ဖက်လို့ရတယ်၊ ဒါပေမယ့် ငါတို့ဟဲမိသားစုရဲ့ ကိစ္စကိုဝင်စွက်ဖက်ရအောင် နင့်ကိုနင်ဘယ်သူများထင်နေလဲ”


“လူကိုရိုက်နှက်တာက မမှန်ဘူး၊ ဒါကလူမှုအသိုင်းအဝိုင်းအသစ်ပါ၊ ရှင်က ရှင့်ချွေးမကိုရိုက်နေတုန်းဘဲဆိုတာ မယုံနိုင်စရာဘဲ ရှင့်ကိုရဲတိုင်ပစ်မယ်”


“နင့်ကိစ္စမဟုတ်ဘူး၊ နင့်စောက်လုပ်မဟုတ်ဘူးဟဲ့”

အဖွားကြီးဟဲက ဒေါသဖြင့် ခုန်စွခုန်စွဖြစ်လာ၏။ ထို့နောက်သူမက ပြေးလာကာ ထုံရွှယ်လူ၏မျက်နှာကို ကုတ်ရန်လုပ်လိုက်သည်။


ထုံရွှယ်လူက ကြောက်လန့်တကြားဖြင့် စီခနဲအော်လိုက်သည်။

“ကယ်ကြပါဦး သူကျွန်မကိုသတ်တော့မယ် ကယ်ကြပါဦး”


သူမကအော်ဟစ်ရင်း ခြေထောက်နှင့်လက်များကို ရူးသွပ်သလိုခါရမ်းနေရာ ရုတ်တရက်ဆိုသလိုပင် အဖွားကြီးဟဲအား မတော်တဆကန်မိသွားသည်။


ထိုကန်ချက်က အဖွားကြီးဟဲကိုလွင့်သွားစေ၏။


မြေကြီးပေါ်သို့ ပြုတ်ကျသွားသောအခါ အဖွားကြီးဟဲက အော်ဟစ်ညည်းညူလာ၏။

“အမလေးးးးးငါ့ခါးး အဲ့ဒီ*ကို သတ်ပေးစမ်း”


သူ့အမေအရိုက်ခံလိုက်ရသည်ကိုမြင်သောအခါ ဟဲပေါင်ကန်းကဒေါသထွက်သွားသည်။ သူက လက်သီးကိုတင်းတင်းဆုပ်လိုက်သဖြင့် အသံများတောင်မြည်သွားသည်။

“*ငါ့မိသားစုကိစ္စကို မင်းကိုဘယ်သူက ဝင်စွက်ဖက်ခိုင်းလဲ၊ ငါတစ်ချက်ရိုက်ရုံနဲ့ မင်းကိုသတ်နိုင်တယ်လို့ မထင်တာလား”


ထုံရွှယ်လူက နှာခေါင်းရှူံ့ကာ သူ၏ခွကြားနေရာကို တစ်ချက်ကြည့်လိုက်သည်။

“အခေါက်မရှိတဲ့ သစ်ပင်တွေက သေလိမ့်မယ်၊ မျက်နှာမလိုချင်တဲ့ ယောက်ျားတွေက မလွှမ်းမိုးနိုင်ဘူးတဲ့။ ရှင့်ကိုယ်ရှင်ကြည့်လိုက်ပါဦး လူကဘာမှမဟုတ်ပေမယ့် ပန်းထိုးထားတဲ့ ခေါင်းအုံးလိုဘဲ ရှင်ကသာ မျိုးစေ့မထုတ်နိုင်တဲ့သူဆိုပေမယ့် ဇနီးကိုကျအပြစ်ပုံချရဲသေးတယ်ပေါ့ ထွီ အရှက်မရှိလိုက်တာ”


ထိုသို့ပြောပြီးနောက် သူမက ဟဲပေါင်ကန်းနားလည်အောင်လုပ်နေချိန်တွင် လှည့်ပြီးထွက်ပြေးလိုက်သည်။


ဖုန်းးးး။


ဒေါသက ဟဲပေါင်ကန်း၏ခေါင်းထိထိုးတက်လာကာ သူ့မျက်နှာက ပန်းခရမ်းရောင်ပြောင်းလာ၏။ သူကချက်ချင်းပင် သူမနောက်ပြေးလိုက်သွားသည်။


“*ငါကျိန်ဆိုတယ် ဒီနေ့ငါမင်းကို မရရအောင်သတ်မှာ”


ထုံရွှယ်လူက သူမတတ်နိုင်သလောက်မြန်မြန်ပြေးလိုက်သည်။ အဝသို့ရောက်သောအခါ သူမက တစ်ဖက်တွင်ပုန်းလိုက်သည်။ နီးလာသောခြေသံများကိုကြားသောအခါ သူမကစိတ်ထဲမှ ရေတွက်လိုက်သည်။ ၃၊ ၂ ၊ ၁.......


ဟဲပေါင်ကန်းက တံခါးမှထွက်လာတော့မည့်အချိန်တွင် သူမက ခြေထိုးခံလိုက်သည်။


ဘန်းခနဲ အသံကြီးထွက်လာ၏။


မပြင်ဆင်ထားသဖြင့် ဟဲပေါင်ကန်းက ခြေထောက်ခေါက်ကာ အရှေ့သို့ထိုးကျပြီး သူ့မျက်နှာဖြင့် မြေကြီးကိုပြင်းထန်စွာရိုက်မိသွားသည်။


ပြန်ထလာပြီးနောက်တွင် ဟဲပေါင်ကန်းက သူ့နှာခေါင်းကျိုးသွားသလို ခံစားလိုက်ရသည်။နှာခေါင်းက ကိုက်ခဲကာ နာကျင်နေ၏။ နာလွန်းသဖြင့် ဆက်တိုက်ကိုကျိန်ဆဲမိသွားသည်။

“***”


“ရှင့်အမေက *ဘဲ”

ထုံရွှယ်လူက သူ့ကိုဖြတ်ပြောလိုက်သည်။

“ရှင်က မျိုးမအောင်ပေမယ့် ကလေးတွေကျအများကြီးလိုချင်နေတယ်ပေါ့၊ အခြားလူတစ်‌ယောက်ရဲ့ ကလေးကို ဒီလိုမျိုးအရူးအမူးပျိုးထောင်ချင်‌တဲ့သူမျိုးကို တစ်ခါမှမမြင်ဖူးဘူး”


ဟဲပေါင်ကန်းက ဒေါသထွက်သွားသည်။

သူ၏သွေးပြန်ကြောများက ခေါင်းတစ်ခြမ်းတွင် တဒုတ်ဒုတ်ထိုးနေ၏။


“**ငါမင်းကိုသတ်မယ်”


မျိုးမအောင်သည့်လူဟု ထပ်ခါတလဲလဲအခေါ်ခံနေရသည့် ဘယ်ယောက်ျားမဆို ဒေါသထွက်မှာဖြစ်သည်။


ဟဲပေါင်ကန်းက ခြေစုံရပ်ပြီးနောက်တွင် ထုံရွှယ်လူကိုရိုက်ရန်ပြေးသွားလိုက်သည်။