အပိုင်း ၁၇၅
Viewers 35k

Chapter 175




တစ်ပတ်ကြာပြီးနောက် နှင်းများ ကျဆင်းခြင်း ရပ်သွားလေသည်။


လင်းလော့ချင်းက နှင်းများထူထပ်နေသည့်မြင်ကွင်းကို ကြည့်ကာ အလွန်ပျော်ရွှင်နေပြီး ကျိလဲ့ယွီကို နှင်းလူသား လုပ်ချင်သလားဟု မေးလိုက်သည်။


ကျိလဲ့ယွီ ငြင်းလိုက်သည်။ သူက နှင်းလူသားထပ်မံပျောက်ကွယ်သွားမည်ကို မမြင်ချင်ပေ။


ထို့ကြောင့် သူက လင်းလော့ချင်းကို ဆွဲကာ နှင်းဘောလုံးတိုက်ပွဲကိုသာ ကစားလိုက်လေသည်။


နှင်းများက အလွန်ထူပိန်းနေလေသည်။ 


သူတို့ အိပ်ရာ၀င်ခါနီးတွင် ကျိယွီရှောင်က လင်းလော့ချင်းကို မေးလိုက်သည်။


"မနက်ဖြန် မင်းအားလား...ငါ့ရဲ့တခြားသူငယ်ချင်းတွေနဲ့တွေ့ဖို့ ခေါ်သွားပေးမလို့..."


"အားတယ်..."


လင်းလော့ချင်း သဘောတူလိုက်သည်။


သူက ကျိယွီရှောင်၏စာဖတ်ခန်းထဲတွင် ကျိယွီရှောင်၏ဂျူနီယာနှင့် စကားပြောခဲ့သည့်ကိစ္စကို မှတ်မိနေဆဲဖြစ်သည်။


"မင်းရဲ့ဂျူနီယာနဲ့ တွေ့ပေးမလို့လား..."


ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်တယ်...ငါက မင်းကို သူနဲ့ နှစ်သစ်ကူးမှာ တွေ့ခိုင်းမလို့ပဲ...ဒါပေမဲ့ ကိစ္စတွေက အများကြီးဖြစ်ပျက်သွားတေ့ာ တွေ့ဖို့ကိစ္စကို ဒီအချိန်ထိ ရွှေ့ထားလိုက်ရတာ..."


"အဲ့လိုလား..."


လင်းလော့ချင်း စိတ်ထဲမထားပေ။


"ဒါဆို ငါ မနက်ဖြန် ဘာ၀တ်သင့်လဲ...ငါတို့က ပထမဆုံး တွေ့ကြမှာမလား...ပိုကြည့်ကောင်းအောင် ၀တ်ရမယ်..."


ကျိယွီရှောင်က ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏မျက်နှာကို ဖိညှစ်လိုက်သည်။


"မင်းက ကြည့်ကောင်းပြီးသား...အရမ်းတွေ ကြည့်ကောင်းသွားရင် တစ်ခုခုဖြစ်လာပါဦးမယ်..."


လင်းလော့ချင်း ရယ်မောလိုက်သည်။


"အိုကေ...ဒီလိုဆို ငါ ပေါ့ပေါ့ပါးပါးပဲ ၀တ်လိုက်မယ်..."


သူက ထိုသို့ပြောလိုက်သော်လည်း အနက်ရောင်ကုတ်အင်္ကျီကို မရွေးချယ်မီအချိန်ထိ အ၀တ်ဗီရိုကိုအချိန်အတော်ကြာ ကြည့်နေခဲ့လေသည်။


နောက်တစ်နေ့တွင် နေရောင်တောက်ပကာ ရာသီဥတု ကောင်းမွန်နေပြီး လင်းလော့ချင်းနှင့်ကျိယွီရှောင်လည်း အိမ်မှထွက်လာခဲ့ကြသည်။


ကျိယွီရှောင်၏သူငယ်ချင်းများက အစောကြီး ကြိုရောက်နှင့်နေပြီဖြစ်သည်။ သူတို့က ကျိယွီရှောင်တို့ မရောက်လာမီ တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။


"အစ်ကိုရှောင်က ငါတို့နဲ့တွေ့ဖို့ ချိန်းလာတယ်...ဒါက တကယ်မလွယ်ဘူး..."


"ဟုတ်တယ်...ဒါနဲ့ ငါ ကြားတာ သူ့မိန်းမကိုပါ ခေါ်လာမှာဆို..."


"ဟုတ်တယ်...ဟုတ်တယ်...ဒါနဲ့ မင်းတို့တွေ မရီးက အစ်ကိုရှောင်ကို အရင်လိုက်တယ်ထ်လား...အစ်ကိုရှောင်က မရီးကို အရင်လိုက်တယ်ထင်လား..."


"အစ်ကိုရှောင်က မရီးကို အရင်လိုက်တာလို့ထင်တယ်...မဟုတ်ရင် အစ်ကိုရှောင်ရဲ့စိတ်ထားနဲ့ဆိုသူ့ကိုလိုက်နေလည်း လျစ်လျူရှုထားမှာ..."


"ဟုတ်တယ်‌နော်...ဒါပေမဲ့ သူတို့လက်ထပ်တာက အရမ်းမြန်လွန်းတယ်...မရီးနဲ့စကားပြောတိုင်း တွေ့ရတတ်တဲ့ အစ်ကိုရှောင်ရဲ့ချိုမြိန်တဲ့အမူအရာတွေကြောင့် မဟုတ်ရင် ငါက သူတို့တွေ သဘောတူညီချက်နဲ့ လက်ထပ်ခဲ့တာလို့ တွေးနေမှာ..."


"အင်း...အစ်ကိုရှောင်နဲ့ ဒီလိုအခြေအနေမျိုးမှာ လက်ထပ်ခဲ့တယ်ဆိုကတည်းက မရီးက အစ်ကိုရှောင်ကို တကယ်ချစ်တယ်ဆိုတာသိသာတယ်..."


"မင်း ဘာပြောလိုက်တာ...အစ်ကိုရှောင်ရဲ့ခြေထောက်တွေကသာ မကောင်းတာ...မျက်နှာက ကြည့်ကောင်းနေတုန်းပဲ...ဒါ့အပြင် သူ့မှာ အရည်အချင်းအပြည့်ရှိတယ်...သူက အပြင်ထွက်လိုက်ရုံနဲ့ မရေ မတွက်နိုင်တဲ့ လူတွေကို ဆွဲဆောင်နိုင်တုန်းပဲ...ဟုတ်ပြီလား..."


ထိုစကားကို ပြောပြီးနောက် လူတိုင်း ရယ်မောလိုက်ကြလေသည်။


ထိုကဲ့သို့သော လေထုအခြေအနေတွင် ကျိယွီရှောင်က လင်းလော့ချင်းနှင့်အတူ ရောက်လာလေသည်။ 


အခန်းထဲမှ ပျော်ရွှင်နေသောလေထုအခြေအနေကို ကြည့်ကာ ကျိယွီရှောင် ပြုံးလျက် မေးလိုက်သည်။


"ဘာဖြစ်နေကြတာလဲ...ဘာဖြစ်လို့ ဒီလောက် ရယ်နေကြတာလဲ..."


"ဘာမှ မဟုတ်ပါဘူး...ဒါနဲ့ မရီးရော..."


ပြောပြီးနောက် လူတိုင်းက ကူရာမဲ့စွာဖြင့် လင်းလော့ချင်းကို ကြည့်လိုက်ကြလေသည်။


လင်းလော့ချင်းက ကျိယွီရှောင်၏နောက်တွင် အနက်ရောင်ကုတ်အင်္ကျီကို ၀တ်ကာ ရပ်နေလေသည်။ 


ရာသီဥတုက အလွန်အေးနေသော်လည်း လင်းလော့ချင်းက သူ့၏ကျက်သရေရှိမှုကို ပြရန်အတွက် ပဝါမပတ်ထားပေ။ ထို့ကြောင့် သူ့၏ကျောက်စိမ်းသဖွယ် ြစ်ချက်ကင်းစင်သည့် သွယ်လျသော လည်ပင်းကို မြင်နေရလေသည်။


လူတိုင်းက ကူရာမဲ့စွာ အံ့ဩသွားကြပြီး လင်းလော့ချင်းကို အလောတကြီး နှုတ်ဆက်လိုက်ကြသည်။


"ဒီကိုလာ...အစ်ကိုရှောင်နဲ့မရီး ဒီမှာထိုင်ပါ..."


"ကျေးဇူးတင်ပါတယ်..."


လင်းလော့ချင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။


"မလိုပါဘူးဗျ..."


ထို့နောက် သူက သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။ 


"အစ်ကိုရှောင်နဲ့ ကျွန်တော်က တက္ကသိုလ်ကသူငယ်ချင်းတွေလေ...မရီး ကျွန်တော့်ကို ယန်ကျိလို့ ခေါ်လို့ရတယ်..."


သူ ပြောပြီးနောက် အခြားတစ်ယောက်ကလည်း ၀င်ပြောလိုက်လေသည်။


"မရီး ကျွန်တော်တို့ကတော့ အရင်ကတွေ့ဖူးတယ်‌လေ..မရီးနဲ့ ဗီဒီယိုကောလ်ပြောခဲ့တဲ့လူကကျွန်တော်လေ...ကျွန်တော်က အစ်ကိုရှောင်ရဲ့ဂျူနီယာ ကျောက်ချန်..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"မင်္ဂလာပါ..."


သူတို့က တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်လာကြပြီး ဟာသများ ပြောကာ ရယ်မောနေကြလေသည်။


အားလုံးစုံသောအခါ ယန်ကျိက စားပွဲထိုးကို ခေါ်လိုက်သည်။


''မရီး ဘာစားမလဲ...မရီး အရင်မှာလိုက်လေ..."


လင်းလော့ချင်းက မီနူးကို ကြည့်ကာ မှာတော့မည်ဖြစ်သော်လည်း ကျိယွီရှောင်က ခြေတစ်လှမ်းဦးသွားပြီး ဟင်းအမယ်အချို့ကို မှာလိုက်လေသည်။ 


လူတိုင်းက ရုတ်တရက် ရယ်မောလိုက်ကြလေသည်။


"ရို့...အစ်ကိုရှောင်က အရမ်းသိတတ်တာပဲ..."


"ကြားလိုက်လား...အစ်ကိုရှောင်က တစ်‌ယောက်ယောက်အတွက် အော်ဒါကူမှာပေးတယ်တဲ့..."


"ကုမ္ပဏီက အစ်ကိုရှောင်ကို တိတ်တခိုးချစ်နေတဲ့လူ‌တွေသာ ဒါကိုတွေ့ရင် ငိုတော့မှာပဲ..."


လင်းလော့ချင်း :"???"


လင်းလော့ချင်းက ကျိယွီရှောင်ကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။


'မင်းရဲ့ကုမ္ပဏီမှာ မင်းကို ကြိုက်တဲ့လူ ရှိနေတာလား...'


ကျိယွီရှောင် :"..."


ကျိယွီရှောင် သက်ပြင်းချလိုက်သည်။ 


သူက အရမ်းကြည့်ကောင်းတယ်လေ...သူ့ခြေထောက်သာ ဒဏ်ရာမရခဲ့ရင် ဒါတွေက ပုံမှန်ပါပဲ...


လင်းလော့ချင်း ရယ်မောလိုက်သည်။


ဟုတ်သားပဲ...ကျိယွီရှောင်ရဲ့ခြေထောက် မကောင်းတာတောင် သူကြိုက်မိသွားတာ...တခြားလူတွေလည်း ကြိုက်ကြမှာပေါ့...


"ဟေ့ဟေ့..."


ယန်ကျိက စားပွဲကို ခေါက်လိုက်သည်။


"လူတိုင်း ဒီမှာရှိနေတုန်းပဲ...ဘာလို့ စင်ဂယ်လ်တွေ ရှေ့မှာ ပရောပရည်လုပ်နေကြတာလဲ..."


"ဒါက မမှန်ဘူး အစ်ကိုရှောင်...အစ်ကိုရှောင် အပြင်မထွက်တာ ကြာနေပြီ...ထွက်လာတော့လည်းခွေးစာတွေ ဖြန့်နေရလား..."


"အစ်ကိုရှောင် မေးပါရစေဦး...ဘယ်သူက အရင်လိုက်ခဲ့တာလဲ...အစ်ကိုလား...မရီးလား..."


လင်းလော့ချင်းက ထိုမေးခွန်းကို တုံ့ဆိုင်းမှုမရှိစွာ ဖြေလိုက်သည်။


"ငါ အရင်လိုက်ခဲ့တာလေ...ငါက သူ့ကို အရင်ကြိုက်ခဲ့တာ..."


အားလုံး အံ့ဩသွားကြလေသည်။


"ဘယ်အချိန်က ကြိုက်မိသွားတာလဲ..."


"ဆယ်နှစ်တောင် ကျော်နေပြီ...,မူလတန်းကတည်းက ကြိုက်ခဲ့တာပဲ..."


အားလုံး :"!!!"


ကျိယွီရှောင်က ပြုံးကာ ပြောလိုက်သည်။


"မင်းတို့ စိတ်ထဲ ထိသွားပြီလား..."


လူတိုင်း :'ဟုတ်တယ်...တကယ်ထိသွားပြီ..."


အားလုံးက ထိုကိစ္စကို စိတ်၀င်စားသွားကြပြီး သိချင်သော မေးခွန်းများကို မေးကြလေသည်။


လင်းလော့ချင်းကလည်း သူ့၏ဇာတ်ညွှန်းအတိုင်း မေးခွန်းများကို ပြန်ဖြေခဲ့သည်။


စားသောက်ပြီးချိန်တွင် စားပွဲဝိုင်းရှိ လူတိုင်းက လင်းလော့ချင်း၏‌တောက်ပသော တိတ်တခိုးချစ်ရသူ ဇာတ်ညွှန်းကြောင့် ထိရှသွားကြလေသည်။


မှန်လားမှားလား သေချာမသိပေမဲ့ လင်းလော့ချင်းက ဒီလိုပြောတော့ အချစ်စစ်ဆိုတာ သေချာတယ်...


လူတိုင်းက ဝိုင်ကို ထပ်မံသောက်လိုက်ကြပြီး လူမခွဲမီ ထပ်မံစားသောက်လိုက်ကြသည်။


လင်းလော့ချင်းလည်း ဝိုင်အနည်းငယ်သောက်လိုက်ပြီး ရီဝေဝေဖြစ်သွားလေသည်။


သူတို့ အပြင်ထွက်လာသောအခါ နှင်းများ ထပ်မံကျဆင်းနေပြီဖြစ်သည်။


"နှင်းကျနေပြန်ပြီ..."


"မင်း နှင်းကို ကြိုက်လို့လား..."


ကျိယွီရှောင် ‌မေးလိုက်သည်။


လင်းလော့ချင်း ခေါင်းခါလိုက်၏။


"ငါ မကြိုက်ပါဘူး..."


"ဒါဆို ဘာလို့ ပျော်နေရတာလဲ...''


"ရှောင်ယွီနဲ့ဖေးဖေးက ဒါကို ကြိုက်တယ်လေ...ကလေးတွေက နှင်းကို ကြိုက်တယ်...နှင်းကျတဲ့နေ့တွေမှာဆို အရမ်းပျော်နေကြတာ...လမ်းသွားရခက်လို့ နှင်းကျတာကို မကြိုက်တဲ့ လူကြီးတွေနဲ့မတူဘူး..."


သူ ပြောပြီးနောက် ကျိယွီရှောင်ကို ကြည့်လိုက်သည်။


"ငါ ဝှီးချဲလ်ကို တွန်းပေးရမလား..."


"ကားပေါ်သာ တက်တော့...ရာသီဥတုက အေးလွန်းတယ်..."


လင်းလော့ချင်း ခေါင်းခါလိုက်သည်။


"မအေးပါဘူး..."


ကျိယွီရှောင်က လင်းလော့ချင်း၏ပုံမှန်မဟုတ်သည့် အခြေအနေကို ကြည့်ကာ မေးလိုက်သည်။


"မင်း မူးနေတာလား..."


"မမူးပါဘူး..."


လင်းလော့ချင်းက ၀န်ခံရန် ငြင်းဆန်လိုက်သည်။ သူက ဝှီးချဲလ်ကို တွန်းလိုက်သော်လည်း ဦးတည်ရာက မှားယွင်းနေလေသည်။ 


ကျိယွီရှောင်က ရှောင်လီကို Wechatမတ်‌ဆေ့ခ်ျပို့လိုက်ပြီး ကားပါကင်ကို လာခိုင်းလိုက်သည်။ 


ပို့ပြီးနောက် လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက မြောက်ကြွမြောက်ကြွ ဖြစ်နေလေသည်။ သူသာ ဝှီးချဲလ်ကို ‌တွန်းမနေလျှင် ခုန်ပေါက်နေတော့မည်ဖြစ်သည်။


“မအေးဘူးလား..."


ကျိယွီရှောင် မေးလိုက်သည်။


"မအေးပါဘူး...မင်းအေးလို့လား..."


ကျိယွီရှောင် ခေါင်းခါလိုက်သည်။


လင်းလော့ချင်း ရယ်မောလိုက်သည်။


"ဒါဆို ငါတို့ မအေးကြဘူးပေါ့..."


သူက ကျိယွီရှောင်ကို တွန်းကာ လရောင်အောက်တွင် လမ်းလျှောက်‌နေပြီး ကြည်နူးပျော်ရွှင်နေလေသည်။


ထိုသို့လျှောက်နေစဉ် ကျိယွီရှောင်က သူ့ကို ပြောလာသည့်စကားကို ကြားလိုက်ရသည်။


"နောက်ကြရင် ဘယ်သူက အရင်လိုက်လဲမေးရင် ငါက မင်းကို အရင်လိုက်တယ်လို့ပြော...ဟုတ်ပြီလား..."


"ဘာလို့ အဲ့လိုပြောရမှာလဲ..."


လင်းလော့ချင်း ရှုပ်ထွေးသွားသည်။


"ဒါနဲ့ မင်း တကယ် ငါ့ကို လိုက်ခဲ့တာလား..."


ကျိယွီရှောင်ပြုံးလိုက်သည်။


"ဟုတ်တယ်လေ...မင်းက ငါ လိုက်ခဲ့တဲ့လူပဲ..."


ကျိယွီရှောင် : "မင်း ငါ့ကို တကယ်လိုက်ခဲ့တာလား..."


"ဟုတ်တယ်...ငါ မင်းကို နှစ်ပေါင်းများစွာ ကြိုက်လာခဲ့တာလေ...ဟုတ်တယ်..."


လင်းလော့ချင်းက ကျိယွီရှောင်ရှေ့တွင် ရပ်ကာ မျက်လုံးချင်း ဆုံလိုက်ပြီး ပြောလိုက်သည်။


"ငါ မင်းကို ဆယ်နှစ်ကျော်အောင် ကြိုက်လာခဲ့တာ..."


လင်းလော့ချင်းက ယုံကြည်ချက်ရှိရှိ ပြောနေသောကြောင့် ကျိယွီရှောင်က မည်သို့ချေပရမည်မှန်း မသိတော့ချေ။


လင်းလော့ချင်းက ကျိယွီရှောင်ကို စိုက်ကြည့်နေရင်း စိတ်လွတ်သွားပြီး ခါးကိုင်းကာ ကျိယွီရှောင်ကို နမ်းလိုက်လေသည်။


ကျိယွီရှောင်က အံ့ဩသွားပြီး ပြန်နမ်းမည်လုပ်စဉ် လင်းလော့ချင်းက သူ့ဒူးကို မှီကာ နာခံတတ်သော တိရစ္ဆာန်လေးသဖွယ် ထိုင်ချလိုက်လေသည်။


"ငါက မင်းကို လိုက်ခဲ့တဲ့လူ...ငါ မင်းကို နှစ်တွေ အကြာကြီး ကြိုက်လာခဲ့တာ...ဒါကို လိုက်တယ်လို့ မယူဆနိုင်ဘူးလား..."


ကျိယွီရှောင်က ထိုစကားကြောင့် စိတ်ရှုပ်သွားလေသည်။ သူ့ကို လင်းလော့ချင်းက ချစ်သည်ဟု ပြောခဲ့သည့် စစတွေ့ချင်းမြင်ကွင်းကို ပြန်သတိရသွားလေသည်။ 


အဲ့ဒါက အလိမ်အညာ မဟုတ်ဘူးလား...


"တကယ်လား..."


သူ လင်းလော့ချင်းကို မေးလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်၏ပေါင်ကို မှီကာ နာခံစွာ ခေါင်းငြိမ့်လိုက်လေသည်။


ကျိယွီရှောင်က လင်းလော့ချင်းခေါင်းကို ထိလိုက်ပြီး စိတ်ရှုပ်ထွေးနေလေသည်။ သို့သော် သူ့စိတ်ထဲတွင် သေချာနေသည့် အတွေးကို ပြောပြလိုက်သည်။


"မင်းသာ ငါ့ကို တကယ် နှစ်ပေါင်းများစွာ ကြိုက်လာခဲ့ရင် ငါ တကယ်၀မ်းနည်းမိလိမ့်မယ်..."


သူ့အသံက နူးညံ့‌သိမ်မွေ့နေပြီး ‌နှင်းလေတစ်ရှိုက်တွင် နှင်းများကြား ပျောက်ကွယ်သွားလေသည်။


အလိမ်အညာက အကြိမ်တစ်ရာခန့် ပြောလာသောအခါ အမှန်တရားဖြစ်လာလေသည်။ လင်းလော့ချင်းက မူးနေသောကြောင့် အလိမ်အညာနှင့် အမှန်တရားကို ခွဲခြားမသိနိုင်တော့ပေ။ ထိုသို့ မဟုတ်လျှင် လင်းလော့ချင်းက ယင်းကို တကယ်ဖြစ်လာရန် မျှော်လင့်နေခြင်းလည်း ဖြစ်နိုင်လေသည်။


သူသည်လည်း မူးနေသောကြောင့် လင်းလော့ချင်းက ယခု လိမ်ညာပြောနေသည်လား၊ တကယ်ပြောနေသည်လားကို မခွဲခြားနိုင်တော့ပေ။ သို့သော် သူက လင်းလော့ချင်းလိမ်ညာပြောနေခြင်းဖြစ်ရန်မျှော်လင့်မိလေသည်။


သူက လင်းလော့ချင်း၏ပါးကို ပွတ်သပ်လိုက်ပြီး လရောင်ဖြာကျနေသော နှင်းလွှာအောက်တွင်ညင်သာစွာ နမ်းရှိုက်လိုက်သည်။


နောက်တစ်‌နေ့မနက် လင်းလော့ချင်း နိုးလာသောအခါ ကျိယွီရှောင်၏သူငယ်ချင်းများနှင့် ညစာအတူစားပြီးနောက်ပိုင်း ကိစ္စများကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပေ။


"ငါတို့ ဘယ်လိုပြန်ရောက်လာတာလဲ..."


သူက ကျိယွီရှောင်ကို မေးလိုက်သည်။


"ရှောင်လီက ငါတို့ကို ပြန်ခေါ်လာတာလေ..."


"ဘာလို့ ငါ ရှင်းရှင်းလင်းလင်း မမှတ်မိတော့ပါလိမ့်...ငါ မူးသွားတာများလား..."


"ဖြစ်နိုင်ပါတယ်..."


ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်ကာ ပြောလိုက်သည်။


"ရှောင်လီသာ လာမခေါ်ရင် မင်း ငါ့ကို ဘယ်အထိ ခေါ်သွားမလဲမသိဘူး...ပြီးတော့ မင်းခေါ်သွားတာက ငါတို့အိမ်နဲ့ ဆန့်ကျင်ဘက်ကြီး..."


...ဟား...ဟား...


လင်းလော့ချင်းက ကိုးရို့ကားယားနိုင်စွာ ပြုံးလိုက်သည်။


"ကမ္ဘာကြီးက ဝိုင်းနေတာလေ...ငါတို့ နဂိုနေရာကို ပြန်ရောက်လာမှာပါ..."


"မင်း ငါ့ကို ၀န်ခံခဲ့သေးတယ်...မင်းက ငါ့ကို ဆယ်နှစ်ကြာအောင် တိတ်တခိုးကြိုက်လာတာတဲ့...မင်းရဲ့အချစ်က လုံး၀မယိမ်းယိုင်ခဲ့ဘူးတဲ့..."


လင်းလော့ချင်း :"..."


လင်းလော့ချင်းက အခိုင်အမာ ခေါင်းငြိမ့်လိုက်သည်။ 


"တွေ့လား...မူးသွားတော့ ငါ မင်းကို အမှန်တရားတွေ ပြောပြနေတာ...မင်းအတွက် ငါ့အချစ်တွေကဖုံးကွယ်ထားလို့ မရဘူး..."


"တကယ်လား...ဒါဆို ငါ့ကို ပြောပြပါဦး...ငါ မူလတန်းတုန်းက ဘယ်ကျောင်းမှာတက်ခဲ့တာလဲ..."


လင်းလော့ချင်း :"..."


"ကုမ္ပဏီတွေ လုပ်စရာတွေ ရှိနေသေးလို့ ငါ ကုမ္ပဏီကို သွားလိုက်ဦးမယ်..."


လင်းလော့ချင်းက ပြောပြီးနောက် ချက်ချင်း အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်လေငည်။


ကျိယွီရှောင် ရယ်မောလိုက်သည်။ 


သို့သော် သူသိသည်။ သူ့ချင်းချင်းက သူ့ကို နှစ်ပေါင်းများစွာ ကြိုက်မလာခဲ့သည့်အတွက် ပျော်ရွှင်မိလေသည်။ အကယ်၍ ချင်းချင်းသာ တကယ် ကြိုက်လာခဲ့လျှင် ချင်းချင်းအတွက် သူ အလွန်နာကျင်ရမည်ဖြစ်သည်။


ဒါက ကောင်းတယ်...


‌နှစ်သစ်တွင် နှင်းများက ပြတ်တောင်းပြတ်တောင်းဖြင့် ကြိမ်ဖန်များစွာ ကျဆင်းနေလေသည်။


ဒါရိုက်တာလီ၏ရုပ်ရှင်က Auditionစ‌ခေါ်နေပြီဖြစ်ကာ လင်းဖေးနှင့်ကျိလဲ့ယွီသည်လည်း ကျောင်းပြန်တက်နေပြီဖြစ်သည်။


"ဒါရိုက်တာလီရဲ့ဇာတ်ကားသစ်အတွက် ငါ Auditionသွားဖြေရမယ်...ငါ တစ်နေ့လုံး အပြင်ထွက်နေရမှာ...ညနေလောက်မှာ ပြန်ရောက်လောက်တယ်..."


လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထိုင်ကာ ကျိယွီရှောင်ကို ပြောလိုက်သည်။


"ကောင်းပြီ...ငါ မင်းကို ပြောစရာရှိတယ်...ကလေးတွေနဲ့ ပတ်သတ်တဲ့ကိစ္စပဲ..."


"ဘာကိစ္စလဲ..."


"ငါ ရှောင်ယွီနဲ့ဖေးဖေးကို သန်ဘက်ခါ ကိုယ်ခံပညာစသင်ခိုင်းမလို့...မင်း ဘာလို့ထင်လဲ...မင်းမှာ ထင်မြင်ချက်မရှိရင် ငါ သူတို့ကို မနက်ဖြန် ပြောပြလိုက်တော့မယ်..."


လင်းလော့ချင်း စိတ်ရှုပ်သွားသည်။


"ကိုယ်ခံပညာလား..."


"ဟုတ်တယ်...ငါ အရင်ကတည်းက ရှောင်ယွီကို သင်ပေးမလို့ပဲ...ဒါပေမဲ့ ရှောင်ယွီက အတန်းကျော်လိုက်တော့ စာတွေနဲ့ ဖိအားများနေမှာစိုးလို့ ဒီကိစ္စကို နောက်ဆုတ်လိုက်တာ...အခု စာသင်နှစ်တစ်၀က်လည်း ရောက်ပြီဆိုတော့ အဆင်ပြေလောက်ရောပေါ့...ဖေးဖေးကတော့ အစကတည်းက ဒါကို သင်ချင်နေတာဆိုတော့ စိုးရိမ်စရာ မလိုဘူး..."


"သူတို့က ငယ်သေးတယ်လေ..."


"ယောကျာ်းတွေက တိုက်ခိုက်ရတာကို သဘောကျတယ်...ကြီးလာရင် တိုက်ခိုက်ကြမှာဆိုတော့ ငယ်ငယ်ကတည်းက သင်ထားပေးရင် ပိုကောင်းတာပေါ့..."


ကျောင်းအာဏာရှင်ဟောင်း ကျိယွီရှောင်က ပြောလိုက်သည်။


လင်းလော့ချင်း :"..."


ကျိလဲ့ယွီက ဘာလို့ အမျိုးသားဇာတ်လိုက်ရဲ့ရောင်ဝါကို ခုခံနိုင်လဲ နားလည်သွားပြီ...


မြတ်စွာဘုရား...ကျောင်းအာဏာရှင်ဟောင်းအဖေရှိနေခဲ့လို့ကို...


ကျိလဲ့ယွီကို တိုက်ခိုက်တာ သင်ပေးတော့ အခြေအနေက ပိုမဆိုးသွားဘူးလား...


မဟုတ်ဘူး...ဒီလိုဆို ကိစ္စတစ်ခုခုဖြစ်ရင် တိုက်ခိုက်တာနဲ့ပဲ ပြန်တုံ့ပြန်မှာပဲ...လူကို လုပ်ကြံတော့မှာမဟုတ်ဘူး...


"ပြော‌လိုက်လေ..."


လင်းလော့ချင်းတွင် ထင်မြင်ချက် မရှိပေ။


"ဒါဆို ငါ သူတို့ကို မနက်ဖြန် ပြောပြလိုက်မယ်...ရှောင်ယွီက ညည်းညူနေရင် စိတ်ပျော့မသွားရဘူးနော်..."


လင်းလော့ချင်း :"..."


"ငါ အကောင်းဆုံး ကြိုးစားပါမယ်..."


"ကောင်းပြီ..."


"စကားမစပ် သူတို့ကို ဘယ်သူက သင်ပေးမှာလဲ...ချမ်းသာတဲ့သခင်လေးတွေအားလုံးက ငယ်ငယ်ကတည်းက အဲ့လိုသင်ကြရတာလား..."


"ငါ့အစ်ကိုက ငါ့ကို သင်ပေးခဲ့တာလေ...အဲ့တော့ ငါကလည်း သူ့သားကို ပြန်သင်ပေးရမယ်..."


အစဉ်အလာနဲ့ ဆင်းသက်လာတာပဲ...


"သူတို့ကို သင်ပေးမဲ့လူက လော့ကျားလေ..."


လင်းလော့ချင်း :"???"


"သူက ဒရိုင်ဘာမဟုတ်ဘူးလား..."


“အဲ့ဒါ အချိန်ပိုင်းအလုပ်...သူက တကယ်တော့ ကိုယ်ခံပညာရှင်လေ...ပြောရရင် အဲ့ဒါကလည်းအချိန်ပိုင်းပါပဲ...လော့ကျားက စစ်ဘုရင်ဟောင်းလေ...သူ ဒဏ်ရာရလို့ အနားယူလိုက်ရတော့ ငါ သူ့ကို ခေါ်ထားလိုက်တာ..."


"ရှောင်ယွီက ငါ့ကို ကျောင်းလိုက်မပို့စေချင်ဘူးလေ...အဲ့တော့ ငါက သူ့အတွက် စိုးရိမ်ရရော...ရှောင်လီက ငါ့ကို စောင့်ရှောက်ရမှာဆိုတော့ အချိန်တိုင်း ရှောင်လီကို လွှတ်ရင် အဆင်မပြေဘူးလေ...အဲ့ချိန် အနားယူ‌လိုက်ရတော့ လော့ကျားကို တွေ့ပြီး ခေါ်လိုက်တာပဲ..."


လင်းလော့ချင်း :"..."


မင်းဘေးနားမှာ အရည်အချင်းရှိတဲ့လူတွေ ဘယ်လောက်တောင် ရှိနေတာလဲ...ဗီလိန်ရဲ့မွေးစားအဖေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်...


နောက်နေ့ ကျိလဲ့ယွီနှင့်လင်းဖေးက ထိုအကြောင်းကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားကြလေသည်။


ကျိလဲ့ယွီက သူ့အဒေါ်နှင့်ဦးလေးကို ကာကွယ်ပေးနိုင်တော့မည်ဟု တွေးနေပြီး လင်းဖေးက သူ့ကိုယ်သူ ပိုကာကွယ်နိုင်တော့မည်ဟု တွေးနေလေသည်။


လင်းဖေးက ကျိလဲ့ယွီကို ကြည့်လိုက်သည်။


သူ ကြိုးစားလေ့ကျင့်ရမယ်...ကျိလဲ့ယွီက တစ်နေ့ သူ့ကို လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ...


ကျိယွီရှောင်က ကလေးနှစ်ယောက်လုံး စိတ်အားထက်သန်နေလိမ့်ဟု မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် ကျိလဲ့ယွီက သူထင်ထားသလို မညည်းညူခဲ့ပေ။


'ငါ့သားဖြစ်ထိုက်တယ်...ငါ့တုန်းကလို အမူ

အရာရှိနေတယ်...'


“ကောင်းပြီ...ဒါဆို ဆုံးဖြတ်ပြီးပြီ...မနက်ဖြန် ဦးလေးလော့ဆီမှာ ကိုယ်ခံပညာသင်ကြရမယ်..."


"ဟုတ်ကဲ့..."


ကျိလဲ့ယွီ ပြန်ဖြေလိုက်သည်။


ညတွင် ကျိလဲ့ယွီက လင်းဖေး၏အိပ်ရာပေါ်တွင် လဲကာ မနက်ဖြန်ကို စောင့်မျှော်နေလေသည်။


သူသာ တိုက်ခိုက်တတ်ရင် လူတွေကို လက်စားချေလို့ရပြီ...


သူက တစ်ဖက်လူ ဘာမှပြန်မပြောနိုင်တော့တဲ့အထိ ရိုက်ပစ်မယ်...


ကျိလဲ့ယွီက စိတ်ကူးယဉ်ကာ လင်းဖေးကို ဖက်လျက် အိပ်မောကျသွားလေသည်။