Chapter 187
ကျိယွီရှောင် ထိုအကြောင်းကို ပိုတွေးလေလေ စိတ်ဓာတ်ကျလေလေဖြစ်၏။သူ ထပ်မေးတော့မည့်အချိန်တွင် လင်းဖေး၏ မူပိုင်အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောသည်ကိုကြားလိုက်ရသည်။
"ကျွန်တော့်ဦးလေးကို ပါးပါးလို့ခေါ်မယ်...ရှုရှုကျိကို ဒယ်ဒီလို့ခေါ်မယ်... အဆင်ပြေလား"
လင်းလော့ချင်းက သူ့အစားရှင်းပြလိုက်သည်။
"ဖေးဖေးက ငါတို့နှစ်ယောက်လုံးကို ပါးပါးလို့ ခေါ်ရင် သူဘယ်သူ့ကိုခေါ်နေမှန်းမသိမှာစိုးနေတာ...ဒါကြောင့် တစ်ယောက်ကို ပါးပါး၊ တစ်ယောက်ကို ဒယ်ဒီခေါ်လိုက်တာ"
ကျိယွမ်ရှောင် ထိုစကားကိုကြားသောအခါ နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်သွားသည်။
ကောင်းလိုက်တာ...ဖေးဖေးက သူ့ကို အဖေလို့ခေါ်ဖို့ဆန္ဒရှိသရွေအဆင်ပြေတယ်...သူသေအောင်ကြောက်သွားတာ...
သူက လင်းဖေးကို ပွေ့ပြီး သူ့ပေါင်ပေါ်တင်ကာပြောလိုက်သည်။
"ကောင်းပြီ...သား ကြိုက်သလို ခေါ်လို့ရတယ်"
ဘာပဲဖြစ်ဖြစ် အဖေဖြစ်ရင်ပြီးရော...(🤣)
"ငါတို့ဖေးဖေးက အရမ်းတွေးပေးတတ်တာပဲ...သားက သားပါးပါးနဲ့ဒယ်ဒီ ရောကုန်မှာ ကြောက်နေတာပဲ...ဟားဟားဟား တော်လိုက်တာ"
သူက လင်းဖေးကို နမ်းလိုက်သည်။
ကျိလဲ့ယွီ ယခင်က ကျိယွီရှောင်က ၎င်းနှင့် ဆင်တူသည့် စကားမျိုး သူ့ကိုပြောခဲ့ဖူးသည်ကိုသတိရသွားသည်။သို့သော်လည်း သူက ပါးပါးဟု ခေါ်ရသည်ကိုအကျင့်ပါနေပြီဖြစ်သောကြောင့် မပြောင်းလဲခဲ့ပေ။ကျိယွိရှောင်နှင့် လင်းလော့ချင်း နှစ်ယောက်စလုံးကို သူ ပါးပါးဟု ခေါ်ခဲ့သည်။
"ဒါဆို အခုကစပြီး သား ကိုကိုလိုပဲ ပါးပါးကို ဒယ်ဒီလို့ ခေါ်မယ်"
ကျိလဲ့ယွီက ဝင်ပြောလိုက်သည်။
"ကောင်းပြီ"
ကျိယွီရှောင်က ပြုံးပြီး သူ့ခေါင်းကို ပွတ်လိုက်သည်။
ကျိလဲ့ယွီ ပျော်နေသည်။ယခု သူနှင့် လင်းဖေးတို့တွင် ပါးပါးအတူတူနှင့်ဒယ်ဒီအတူတူရှိနေပြီဖြစ်သည်။ဤတစ်ခါ ဘယ်သူကမှ ဤမိသားစုထဲက ဘယ်သူ့ကိုမှအလစ်သုတ်နိုင်တော့မည်မဟုတ်ပေ။
ဝမ်းသာအားရဖြင့် ကျိယွီရှောင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
ကျိယွီရှောင်က ဘယ်ဘက်က လင်းဖေးကိုကြည့်လိုက်ပြီးနောက် ညာဘက်က ကျိလဲ့ယွီကို ကြည့်လိုက်သည်။နောက်ဆုံးမှာ သူတို့ သုံးယောက်ကို ပြုံးရယ်ပြီး ကြည့်နေသည့် လင်းလော့ချင်းကိုကြည့်လိုက်ပြီး ဤသည်က လူတိုင်းလိုချင်သည့် အိမ်ဆိုသည့်အရာဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
သူက လင်းလော့ချင်းကို ပြုံးပြလိုက်ပြီး လင်းလော့ချင်းကလည်း သူ့ကိုရယ်ပြသည်။
ထိုညတွင် သူတို့မိသားစုလေးယောက် အလွန်ပျော်ရွှင်ခဲ့ကြသည်။လင်းလော့ချင်းကဆိုလျှင် အနည်းငယ်မျှပင် အပျော်လွန်နေသဖြင့် ညဉ့်နက်ခါမှ လင်းဖေးကို ပွေ့ဖက်ကာ ဖြည်းညှင်းစွာ ကို မျက်လုံးမှိတ်လိုက်သည်။
နောက်နေ့မနက်စောစော ရေချိုးပြီး မနက်စာစားပြီး သူ့ကလေးနှစ်ယောက်ကို ထုံးစံအတိုင်း ကျောင်းလိုက်ပို့သည်။
လော့ကျား သူတို့ကို လာကြိုရန် ကားမောင်းလာသည့်အခါ နွေဦးလေညင်းတွေ တိုက်ခတ်နေသကဲ့သို့သော လင်းလော့ချင်း၏ အပြုံးကို သူတွေ့လိုက်ရသည်။
"ဘာဖြစ်နေလို့ ဒီနေ့ ဒီလောက် ပျော်နေတာလဲ"
"ဘာမှမဟုတ်ပါဘူး...ဘာမှမဟုတ်ဘူး"
လင်းလော့ချင်းက နှိမ့်ချစွာပြောသည်။
နှစ်စက္ကန့်လောက် နှိမ့်ချပြီးနောက် သူမမနေနိုင်ဘဲ ကြွားလိုက်သည်။
"ဒီနေ့ကစပြီး ငါက ဖေးဖေးရဲ့ပါးပါးဖြစ်သွားပြီ"
"တကယ်လား"
လော့ကျား အံ့အားသင့်သွားကာ စဉ်းစားလိုက်မိသည်။ကျိလဲ့ယွီက ကျိယွီရှောင်ကို ပါးပါးဟုခေါ်နိုင်သည်၊ ထို့ကြောင့် လင်းလော့ချင်းက လင်းဖေးကို မွေးစားထားသရွေ့ လင်းဖေးက သူ့အား ပါးပါးဟုခေါ်သည်မှာ ပုံမှန်ဖြစ်ပေလိမ့်မည်။
"ဒါဆို ဂုဏ်ယူပါတယ်"
လင်းလော့ချင်းက ထပ်ပြီး ရယ်လိုက်ပြီး သူ့တစ်ကိုယ်လုံး တောက်ပမှုများဖြာထွက်နေခဲ့သည်။
ကလေးနှစ်ယောက်ကိုကျောင်းပို့ပြီး အိမ်ပြန်ရောက်ပြီးနောက် လင်းလော့ချင်း ရှောင်လီကိုမြင်သောအခါ ပျော်ရွှင်မှုကိုမျှဝေရန်မမေ့ခဲ့ပေ။
ရှောင်လီကလည်း အလွန်ကိုပူးပေါင်းဆောင်ရွက်ပေးသည်။
"ကောင်းတာပေါ့... ဂုဏ်ယူပါတယ် မစ္စတာလင်း"
"အာ မလုပ်ပါနဲ့...ဒါ ဘာမှမဟုတ်ဘူး...ဘာမှမဟုတ်ဘူးရယ်"
လင်းလော့ချင်း ဟန်ဆောင်ပန်ဆောင် နှိမ့်ချစွာဖြင့် သူ့လက်များကို ဝှေ့ယမ်းလိုက်ရင်း မျက်နှာပေါ်မှာလည်း ထိန်းမနိုင်သိမ်းမရ ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးနေသည်။
ထို့နောက်တဖန် အန်တီကျန်း ကျန်းထံသွား၍ ညစာအတွက် လင်းဖေးနှင့် ကျိလဲ့ယွီ၏ အကြိုက်ဆုံး အစားအစာများကို ထပ်မံချက်ပြုတ်ခိုင်းပြန်သည်။
"ကျွန်တော်က အခု သူတို့ပါးပါးဖြစ်နေပြီဆိုတော့ သူတို့ကို ပိုဂရုစိုက်ရမှာပေါ့ဗျာ"
အန်တီကျန်းက ရယ်မောပြီးဆိုသည်။ "သခင်လေး ဒါကို မနက်စာမစားခင်က ကျွန်မကို တစ်ခါ ပြောခဲ့ပြီးသားလေ... မေ့သွားပြီလား...နောက်ပြီး အရင်ကလည်း သခင်လေးက သူတို့ကို အများကြီးဂရုစိုက်နေကျပါ"
"ဒါက မတူဘူလေ"
လင်းလော့ချင်းက ယုတ္တိရှိဟန်ဖြင့်ဆိုသည်။
"ဦးလေးရဲ့ ဂရုစိုက်မှုနဲ့ အဖေရဲ့ ဂရုစိုက်မှုက ဘယ်တူပါ့မလဲဗျ"
အန်တီကျန်း ရယ်ချင်ပေမဲ့ အရမ်းကြီး မရယ်ဝံ့ပေ။လင်းလော့ချင်းက ယခုအချိန်မှာ အခုမှအဖေဖြစ်ခါစ လူတစ်ယောက်လို ဖြစ်နေပြီး သူ့မှာ ကလေးရှိသည်ဆိုသည်ကို လူတိုင်းကို အသိပေးချင်နေသည်ဟုသာ ခံစားရသည်။သူ့ကို အကြိမ်အနည်းငယ်လောက် ပိုပြီးဂုဏ်ပြုပေးလိုက်သည်က အကောင်းဆုံးပါပင်။
"ကောင်းပါပြီ ...ဒါဆို ကျွန်မ ဒီနေ့ ဖေးဖေးအတွက် သူကြိုက်တဲ့ အချိုပွဲတွေ လုပ်ထားလိုက်မယ်နော်"
"ကောင်းပြီ... အဆင်ပြေပါတယ်"
လင်းလော့ချင်းက ခေါင်းညိတ်ပြီးဆိုသည်။
"အန်တီကျန်းရဲ့အပင်ပန်းခံပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
"မပင်ပန်းပါဘူး ..မပင်ပန်းပါဘူး"
အန်တီကျန်းက ပြုံးပြီးပြောသည်။
"သခင်လေးနဲ့ ဖေးဖေးကြိုက်တယ်ဆိုရင် ကျွန်မပင်ပန်းပါဘူး"
လင်းလော့ချင်း ခဏကြာအောင် စကားပြောနေသော်လည်း မကျေနပ်သေးပေ။လင်းဖေးက သူ့ကို ပါးပဟုခေါ်သည်။ ဤမျှကြီးမားသောကိစ္စရပ်ကို သူတို့မိသားစုရှိ သက်ဆိုင်ရာလူများနှင့်သာ ကန့်သတ်ထား၍မည်သို့ဖြစမမည်နည်း။
သူက ထိုကဲ့သို့ တစ်ကိုယ်ကောင်းဆန်သူမဟုတ်ပေ။သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများပါ သိသင့်သည်။
ထို့ကြောင့် လင်းလော့ချင်း WeChat မက်ဆေ့ခ်ျများ စတင်ပေးပို့ခဲ့သည်။
သူ ဝူရှင်းယွမ်ထံ စာတစ်စောင်ပို့ခဲ့သည်။
[ဝူကော...ဖေးဖေးက ကျွန်တော့်ကို ပါးပါးလို့ ခေါ်တယ်!]
ကလေးရှိသည့် ဝူရှင်းယွမ်က စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုစကား ပေးပို့ခဲ့သည်။ [တကယ်လား...မင်းက တကယ်ကောင်းတဲ့ဦးလေးဖြစ်ပုံရတယ်...ဒါကြောင့် ကလေးက မင်းကို အရမ်းသဘောကျပြီး မင်းနဲ့နီးကပ်ဖို့ ဆန္ဒရှိတာကြောင့် မင်းကို ပါးပါးလို့ ခေါ်ချင်တာပဲ]
လင်းလော့ချင်း သူပြောခဲ့သည်တွေက အင်မတန်မှန်သည်ဟု ခံစားရသည်။ သူ
က တစ်ချက်ကြည့်လိုက်တာနဲ့ အမှန်တရားကို တန်းမြင်နိုင်တယ်...ဆုချဖို့ မထိုက်တန်ပေဘူးလား...
သူ့ကို နောက်လ လစာတိုးပေးမယ်...
သူ၎င်းနောက် ရှစ်ကျန်းကို WeChat မက်ဆေ့ချ် ပို့လိုက်သည်။
[ကျန်းကော... ကျွန်တော့်တူက ကျွန်တော့်ကို ပါးပါးလို့ခေါ်တယ်၊ ဟားဟားဟားဟား]
ရှစ်ကျန်းက သူ့ကို စာပြန်ရန်အချိန်တချို့ယူလိုက်ရသည်။
[ကောင်းလိုက်တာ!... ကလေးတွေက အဖြူစင်ဆုံးပဲ... သူ့ကို ဘယ်သူက ကောင်းကောင်း ဆက်ဆံတယ်၊ ဘယ်သူက သူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံတယ်ဆိုတာ သိတယ်... မင်းက သူ့အပေါ် အရမ်းကောင်းလို့ သူက အဲဒါကို ခံစား ရပြီး ကျေကျေနပ်နပ်ကြီး မင်းကို ဒီလိုခေါ်တာဖြစ်မယ်]
လင်းလော့ချင်း: ကြည့်လိုက်၊ ကြည့်လိုက်စမ်း... သူက အနာဂတ်ရဲ့ ရုပ်ရှင်ဧကရာဇ်အလောင်းအလျာပီသပါပေတယ်...သူ့အမြင်နဲ့ နားလည်မှုတွေနဲ့ဆို ဇာတ်ညွှန်းရွေးတဲ့အခါ မှန်ကန်တဲ့သူကို သေချာပေါက်ရွေးလိမ့်မယ်...သူမှဆုမရရင် ဘယ်သူရမှာလဲ...
သူက နောက်ထပ် စုထုံထံ မက်ဆေ့ချ်တစ်ခုပို့ခဲ့သည်။
[သတင်းကောင်း!ငါ့တူလေးက ငါ့ကို ပါးပါးလို့ ခေါ်တယ် ဟီးဟီး]
စုထုံ သတင်းကောင်းဟူဆိုသောအခါ audition အောင်သွားသည် သူထင်ခဲ့သည်၊ သို့သော် ထိုသို့ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။သို့ပေမဲ့ သူစဉ်းစားကြည့်လိုက်သောအခါ လင်းဖေးကလည်း သူတူ့ကို သားအဖြစ်ပျိုးထောင်သည်၊ကျိယွီရှောင်ကလည်း သူ့တူကို သားအဖြစ်ပျိုးထောင်သည်။ တစ်နည်းအားဖြင့် သူနှင့် ကျိယွီရှောင်တို့က အချင်းချင်း အလွန်လိုက်ဖက်ကြသည်။
စုထုံ: [အရမ်းကောင်းတယ်...ကျိလဲ့ယွီကလည်း ကျိယွီရှောင်ကိုပါးပါးလို့ ခေါ်တာမဟုတ်ဘူးလား...အခု မင်းတို့နှစ်ယောက်လုံးမှာ သားတစ်ယောက်စီရှိနေကြပြီဆိုတော့ မိသားစုလေးယောက် ပျော်ပျော်ရွှင်ရွှင်ပေါ့]
လင်းလော့ချင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။ဒီလူက နာမည်ကြီးဖြစ်နေတာ မဆန်းဘူးပဲ... သူ့ရဲ့ စကားပြောစွမ်းရည်ကို ကြည့်လိုက်...သူက ကျော်ကြားဖို့ လုံးဝ ထိုက်တန်တယ်...
လင်းလော့ချင်း သူ၏ ဖုန်းကို ပျော်ရွှင်စွာကိုင်ကာ မက်ဆေ့ခ်ျတစ်ခုပြီးတစ်ခု ပေးပို့ခဲ့သည်။
ထိုနေ့မနက်ခင်းအပြီးတွင် လီဟန်ဟိုင်း ၊ယောင်မော့မော့၊စုယင်၊ကျန်းချွမ်၊ဝူကျားနှင့် ဒါရိုက်တာကျန်း တို့သည် လင်းလော့ချင်းတွင် အလွန်လိမ္မာပြီး အကျင့်စာရိတ္တကောင်းမွန်ကာ သိတတ်သော တူလေးတစ်ဉီးရှိပြီး ယခုအခါ သူ့ကိုပါးပါးဟုခေါ်ကြောင်း သိလိုက်ကြရသည်။
လူတိုင်း:...
ဤသည်မှာ ဒဏ္ဍာရီလာ အရူးပါးပါးစင်ဒရုန်းပေလော...ပုံမှန်အားဖြင့် အတော်လေး ထက်မြက်ပုံရသည့် သူတို့၏ရှောင်လင်းလောင်ရှီးက မည်သို ဤအခြေအနေထိဖြစ်သွားရသနည်း။
သေချာသည်ပင်၊ ကလေးများ၏ အဖျက်စွမ်းအားသည် အဆုံးမရှိပေ။
ရုတ်တရက် လူတိုင်းက ထိုတူလေး၏ ဓါတ်ပုံများကို ကြည့်ရှုရရန် ကျွတ်ကျွတ်ညံအောင်တောင်းဆိုလာကြသည်။ အထူးသဖြင့် ယန်မော့မော့ နှင့်ဝူကျားကဲ့သို့သော ကလေးချစ်သည့် ကောင်မလေးများဖြစ်၏။
[မြန်မြန်၊ မြန်မြန်...ကြည့်ပါရစေ... ငါက ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေကို အကြိုက်ဆုံးပဲ]
[ရှောင်လင်းလောင်ရှီးရဲ့တူလေးက ရှောင်လင်းလောင်ရှီးနဲ့တူလောက်တယ်မဟုတ်လား...တွေးကြည့်ရုံနဲ့ ချစ်စရာလေး]
[ရှောင်လင်းလောင်ရှီး ကျေးဇူးပြုပြီး ဓာတ်ပုံကို ပို့ပေးပါ...ကျွန်မ အရမ်းသိချင်နေပါပြီနော် 🤩]
လင်းလော့ချင်း သူတို့၏မိသားစုကဖေးဖေး သည် အလွန်ချောမောပြီး ကြည့်ကောင်းသည်ဟုခံစားရပြီး အုပ်စုထဲကိုလည်း သူတကယ်ကိုမျှဝေချင်ပါသော်လည်း လင်းဖေး၏ ဓာတ်ပုံကို မမျှဝေလိုက်ပါချေ။
[လျှို့ဝှက်ချက်]
ယန်မော့မော့တစ်ယောက် သက်ပြင်းချပြီး ညည်းရုံသာတတ်နိုင်သည်။
[ဝူးဝူး... ဒါက ကျွန်မတို့ကို ပိုပြီးသိချင်အောင်လုပ်နေတယမဟုတ်ဘူးလား]
[မှန်တယ်...ငါ ပိုပိုပြီး သိချင်လာပြီ]
[ဒါပေမဲ့လည်း ရှောင်လင်းလောင်ရှီးကို ဂုဏ်ပြုပါတယ်...လောင်ရှီးရဲ့ တူလေးက ပါးပါးလို့တော့ သေချာပေါက် ပီတိဖြစ်နေမှာပဲ... ဂုဏ်ယူပါတယ်】
[ရော့ ငါ့တူလေးအတွက် စာအိတ်နီ...ငါအလုပ်အားရင် မင်းနဲ့လာဆော့မယ်နော်...ရှောင်လင်းလောင်ရှီး ပြီးရင် ကျွန်မ တူလေးကို လာကြည့်မယ်နော်]
[ဂုဏ်ပြုလွှာ၊ ကောင်းချီးများနှင့် စာအိတ်နီများ။]
တခဏအတွင်းမှာပဲ Gpက စာအိတ်အနီတွေနှင့် ပြည့်လာသည်။
လင်းလော့ချင်း ၎င်းတို့၏ စာအိတ်နီများကို လက်ခံရသည်အား အဆင်မပြေမဖြစ်ပေ။သူက ပြုံးပြီး စာအိတ်နီများစွာ ပြန်လည် ပေးပို့ကာ သူတို့ကို ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောရင်း တစ်စုံတစ်ယောက်ကို သတိရသွားခဲ့သည်။
ချန်မင်ကို သူဘယ်လိုလုပ် မေ့နေရတာလဲ...
လင်းဖေးရဲ့အဖေအရင်းဖြစ်တဲ့ သူ့ကို ဒီလိုဝမ်သားစရာကောင်းတဲ့ကိစ္စရပ်အကြောင်းမပြောလို့ ဘယ်လိုလုပ်ဖြစ်မှာလဲ...
.
သူ့ပေါ်လာလို့သာမဟုတ်ရင် လင်ဖေးကို သူ ဘယ်လို ဝန်ခံဖြစ်မှာလဲ၊လင်းဖေးက သူ့ကို ပါးပါးလို့ ဘယ်လိုလုပ် ခေါ်မှာလဲ...
လင်းလော့ချင်း သူ၏ ဆဲလ်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ချန်မင်ကို ဖုန်းခေါ်ဆိုကာ ဤလှပသော သားအဖဆက်ဆံရေးကို သူ့အားတွေ့ကြုံခံစား ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
"ဟေး ငါပါ"
လင်းလော့ချင်းက ပြုံးဖြီးဖြီးဖြင့်ပြောလိုက်သည်။
"ငါ့မှာ မင်းအတွက် သတင်းကောင်းတစ်ခုရှိတယ်"
"ဘာသတင်းကောင်းလဲ"
ချန်မင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။လင်းဖေးရဲ့အုပ်ထိန်းခွင့်ကို သူနဲ့မျှယူဖို့ ဆန္ဒရှိနေတာများလား...
လင်းဖေးက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
"ဟားဟားဟား ဖေးဖေးက ငါ့ကို ပါးပါးလို့ခေါ်တယ်...အခုကနေစပြီး ငါက သူ့အဖေပဲလို့ သူကပြောတယ် ဟားဟားဟား"
ချန်မင်: ရိုင်းလိုက်တဲ့ကောင်
ဒါကြီးက ဘယ်လိုလုပ် သတင်းကောင်းဖြစ်မှာလဲ...
လင်းလော့ချင်းက တစ်ဖက်မှာပြုံးနေဆဲဖြစ်သည်။
"မင်းငါ့ကို ဂုဏ်ပြုစရာ မလိုဘူး...ဒါက ကောင်းတဲ့ကိစ္စဆိုတော့ မင်းငါနဲ့ဖေးဖေးအတွက် ပျော်နေမှာမှန်း ငါသိပါတယ်...စိတ်ရင်းကသာအရေးကြီးဆုံးပဲ... လက်ဆောင်တွေဘာတွေပေးဖို့မလိုဘူးသိလား ဟားဟားဟား"
ချန်မင်:...မင်းအတွက် ဘယ်သူကပျော်နေလို့လဲ
ဘာကိုလက်ဆောင်ပေးရမှာလဲ...
ဆက်ပြီး အိပ်မက်မက်နေလိုက်...
နောင်မှာ ဖေးဖေးမှာ အဖေတစ်ယောက်ရှိလာတော့မှာဆိုတာကဘာအဓိပ္ပါယ်လဲ...ဖေးဖေးမှာအဖေတစ်ယောက်ရှိပြီးသား၊ပြီးတော့ အဲဲဒါကသူ ဟုတ်ပြီလား....
"လင်းလော့ချင်း မင်း..."
"အိုကေ အိုကေ...ငါမင်းကို ဒီသတင်းကောင်းလေး မျှဝေချင်လို့ဖုန်ဆက်လိုက်တာ....ငါ့ကို ဂုဏ်ပြုပေးစရာမလိုဘူးလို့ မင်းကိုပြောပြီးသားလေ... မင်းဘာလို့ ဒီလောက် ယဉ်ကျေးနေသေးတာလဲ...ဖုန်းချလိုက်"
လင်းလော့ချင်း စကားဆုံးသောအခါတွင် ချန်မင် စကားပြောခွင့်မပေးဘဲ ဖုန်းကို အမြန်ချလိုက်သည်။
ချန်မင်: ? ? ? ?
ဘယ်သူက သူ့ကို ဂုဏ်ပြုပေးချင်နေလို့လဲ...
သူ့သားအလိမ္မာလေး...
ဖြူစင်ပြီး နူးညံ့တဲ့ ကောင်လေးကို သူတစ်ခါမှ ပွေ့ဖက်ခွင့်မရလိုက်ဘူး... အဖေလို့လည်း သူ့သားဆီက အခေါ်မခံလိုက်ရဘူး...
ဘာလို့ သူများကိုအဖေသွားခေါ်ရတာလဲ...
ဒါမတရားဘူး...
ချန်မင် သူကတကယ်ကိုသနားစရာကောင်းသည်ဟု ခံစားရသည်။
ကျိယွီရှောင် လက်ကိုင်ဖုန်းကိုထုတ်ကာ အားရပါးရ သားရှိလာပြီဖြစ်ကြောင်းကြွားနေသည့် လင်းလော့ချင်းကို ကြည့်ကာ "ပျော်နေလား" ဟု မေးလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြီးဆို၏။
"အဆင်ပြေပါတယ်"
"ဝအောင်ကြွားပြီးပြီလား"
"ဘာကိုဝအောင်ကြွားပြီးပြီလားလဲ"
လင်းလော့ချင်း သူ့ကို မေးလိုက်သည်။
"တခြား ဘာများဖြစ်ဦးမှာလဲ...ဖေးဖေးကိုပေါ့"
လင်းလော့ချင်း ချက်ချင်း ရယ်မောလိုက်ပြီး မကြာခင်မှာပဲ သူက သံသယနှင့်မေးလိုက်သည်။
"မင်း ဘယ်လိုသိလဲ"
"ဒါက မေးခွန်းကောင်းတစ်ခုပဲ"
ကျိယွီရှောင် ခေါင်းတညိတ်ညိတ်ဖြင့်ဆိုသည်။
"ဒီနေ့မနက်မှာ လူတော်တော်များများက နောက်ထပ် သားတစ်ယောက်ရလာတဲ့အတွက် ဂုဏ်ပြုတဲ့အကြောင်း WeChat မက်ဆေ့ခ်ျ ပို့ထားကြတယ်"
လင်းလော့ချင်း: ? ? ? ?
သူတို့ ဘယ်လိုများလုပ်ရက်ကြတာလဲ...
"ဘယ်သူတွေလဲ"
"လော့ကျား၊ရှောင်လီ၊ဝူရှင်းယွမ်၊စုထုံ"
အိုး၊ သူတို့အားလုံးက အတူတူ သိကြတဲ့ လူတွေပဲ... အံ့သြစရာ မရှိပါဘူး...
"ဒါဆို မင်းကမကျေနပ်ဘူးလား"
လင်းလော့ချင်းက သူ့ကိုယ်သူ အလွန်ကို ဂုဏ်ယူနေသည်။
"မင်းက ဒီလိုချစ်ချင်စရာကောင်း၊သိတတ်ပြီး ချောမောခန့်ညားတဲ့ သားလေး ဖေးဖေးကိုရလိုက်တာလေ ...မင်းကအများကြီးမြတ်သွားတာပါနော်"
ကျိယွီရှောင်က ရယ်လိုက်သည်။
"ဒါဆိုလည်း ငါတကယ့်ကို အရမ်းကိုကျေနပ်ပါတယ်ဟုတ်ပြီလား"
လင်းလော့ချင်းက နှာမှုတ်လိုက်သည်။
"ဒီလိုမှပေါ့"
ဝအောင်ကြွားပြီးနောက် သူကိစ္စကိုအလေးအနက်ပြန်တွေးလိုက်သည်။
"ချန်မင်က ဒီလောက်နှစ်တွေအများကြီး ဘာမှမသိခဲ့တာ...သူအရင်က လင်းဖေးရှေ့မှာ တစ်ခါမှ ပေါ်မလာဖူးဘူးဘူး...အခုလို ရုတ်တရက်ကြီး ပေါ်လာစာရာ အကြောင်းမရှိဘူး... နောက်ကွယ်မှာ တစ်ယောက်ယောက်က ပြဿနာရှာလိုက်တာဖြစ်ရမယ်... အရင်က ချန်ဖုန်းလို့ ထင်ခဲ့တာ...ချန်မင်နဲ့ စကားပြောတဲ့အခါ သူ့(မ)ကိုထည့်ပြောတော့ ချန်မင်က မငြင်းဘူး...အဲဒီတော့ အခြေခံအားဖြင့် သူဖြစ်လောက်တယ်"
ကျိယွီရှောင်က ခေါင်းညိတ်ပြီးဆို၏။ "မင်းဘာလုပ်ချင်လဲ"
"မင်းငါ့အဖေကို ငါ့ကို ရှယ်ယာတချို့ ပေးခိုင်းခဲ့တယ်မဟုတ်ဘူးလား"
လင်းလော့ချင်းက ပြောသည်။
"သူ့လိုလူက ငါ့ကို သူ့ရှယ်ယာတွေ ပေးမှာမဟုတ်ဘူးဆိုတာ သေချာတယ်...သူငါ့ပေးခဲ့တဲ့ ရှယ်ယာတွေက သူအစကလင်းလော့ကျင်းကိုပေးထားတဲ့ဟာတွေဖြစ်ဖို့က ဆယ်ပုံကိုးပုံလောက်ရှိတယ်... ဒါကြောင့် ချန်ဖုန်းက လက်မခံနိုင်ဘဲ ငါ့ကိုဖုန်းခေါ်ပြီး လက်လျှော့ဖို့ပြောတာ... ငါသဘောမတူတဲ့အခါ သူက ငါစိတ်အနှောင့်အယှက်ဖြစ်အောင် တမင်လုပ်ခဲ့တာ...သူက မတရားမှတော့ ငါ့ကိုမကြင်နာဘူးဆိုပြီးအပြစ်မတင်နဲ့တော့"
"ငါ လင်းလော့ကျင်းရဲ့ ရှယ်ယာအကုန်လုံးကို လိုချင်တယ်...ဒီကုမ္ပဏီကို ငါ့အမေနဲ့ လင်းပေါ်က တည်ထောင်ခဲ့တာ... လင်းလော့ကျင်းနဲ့ ချန်ဖုန်းက အဲဒါနဲ့ ဘာဆိုင်လို့လဲ...လင်းလော့ကျင်းမှာ ပေါ်ယွမ်ရဲ့ ရှယ်ယာတွေကို ရဖို့ဘာအရည်အချင်းရှိလဲ"
"ကောင်းပြီ"
ကျိယွီရှောင်မှာ ကန့်ကွက်စရာ မရှိပေ။လင်းလော့ချင်းက တကယ် နူးညံ့လွန်းသည်ဟုပင် သူ ခံစားရသေးသည်။ သူ့သဘောအတိုင်းသာဆိုလျှင် ပေါ်ယွမ်ထဲကနေ လင်းပေါ်နှင့် လင်းလော့ကျင်းကို ဘယ်လို ကန်ထုတ်ရမလဲဆိုတာ စီစဉ်ပြီးနေပြီဖြစ်သည်။သို့ပေမဲ့ လင်းလော့ချင်းက သူ့ပိုင်ဆိုင်မှုကို ပြန်ရရန်သာစီစဥ်ခဲ့သည်။
သို့ပေမဲ့ ကိစ္စမရှိပါချေ။အနှေးနှင့်အမြန် ပေါ်ယွမ်ကသူ့အပိုင်ဖြစ်လာမည်ပင်။အချိန်တစ်ခုပဲလိုတော့သဖြင့် ကျိယွီရှောင်အလျင်လိုမနေပေ။
"ဒါပေမဲ့ မင်းအဲဒီလိုပြောလိုက်ရင် ချန်မင်က နံရံကိုခုန်ကျော်ပြီး လင်းပေါ်ကို အန္တရာယ်ပြုဖို့ ကြိုးစားမှာလား"
လင်းလော့ချင်းသိချင်နေသည်။
ကျိယွီရှောင်က အေးစက်စွာ ရယ်မောလိုက်၏။
"ဖောက်ပြန်ပြီး ဒီအမြှောင်မကို ရှာခဲ့တာက သူလေ..သူပဲ ဖြေရှင်းပစေပေါ့"
လင်းလော့ချင်း:"...အဲလိုဆို လင်းလော့ကျင်းအတွက် ပိုလွယ်ကူအောင်လုပ်ပေးလိုက်သလိုဖြစ်သွားမလား"