အပိုင်း ၁၂၅
Viewers 30k

Chapter 125




လေထဲတွင် ရနံ့ဖျော့ဖျော့တစ်မျိုးရှိနေပြီး ရှန်းလျိုရှန့်က ထိုရနံ့ကိုရှုကြည့်ပြီးသည့်နောက်တွင် တွေးဆဆဖြစ်သွားသည်။


အချစ်ပန်းကူ‌ပိုးကောင်၏အဆိပ်မိနေသော ရှန်းလျိုရှန့်က ထိုအနံကိုရသည်နှင့် ယားကျိကျိခံစားလာရပြီး ဏ အနံ့ခံလိုက်သည်နှင့် လှုံ့ဆော်မှုတစ်မျိုးကို ခံစားလာရသည်။


တစ်ခဏတွင်းချင်းမှာပင် ကျိုးရွှမ်လန်ဘေးကျပ်နံကျပ်ဖြစ်နေရခြင်းကို သဘောပေါက်သွားတော့သည်။


ရှန်းလျိုရှန့်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ခံထားရပြီး ပြန်မလွှတ်ပေးပေ။ ကျိုးရွှမ်လန်က သူ့ကို မှန်းဆရခက်သောအကြည့်ဖြင့် ကြည့်နေပြီး သူတွေးတောနေသည်များကို သိချင်နေပုံရသည်။ ရှန်းလျိုရှန့်က အခြားလက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကိုစမ်းလိုက်ပြီး ရှန်းလျိုရှန့်အစစ်ဟုတ်ကြောင်း မဟုတ်ကြောင်းကို သူနှင့် ငြင်းခုံမနေတော့ဘဲ ဆေးလုံးကို ကျိုးရွှမ်လန်အား ‌မျိုချခိုင်းရန် ပြင်တော့သည်။


ဧကရာဇ်ယွင်ယွီပေးသည့်ဆေးလုံးကို သောက်ပြီးသည်နှင့် ခန္ဓာကိုယ်မှ ခြောက်သွေ့မှုများ ပျောက်ကွယ်သွားပြီး ဒြပ်စင်လေးခုလုံး ဗလာကျင်းသွားသည့် အနေအထားမျိုးကို ရောက်ရှိလာမည်ဖြစ်သည်။


ရှန်းလျိုရှန့်၏ လက်ချောင်းဖြူဖြူသွယ်သွယ်များက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းကိုထုတ်လိုက်တော့မည့်အချိန်တွင် သူ့လက်ချောင်းများကို တိတ်တဆိတ်ပြန်ကွေးပြီး ရပ်တန့်သွားလိုက်သည်။


ထိုအခိုက်အတန့်တွင် ကျိုးရွှမ်လန်က သူ့ကိုလွှတ်ပေးလိုက်ပြီး ပေအနည်းငယ်ခန့်အထိ လွင့်သွားအောင် တွန်းထုတ်လိုက်သည်။


ရှန်းလျိုရှန့်၏ ခြေလှမ်းများ ဒယိမ်းဒယိုင်ဖြစ်လာပြီး ကျောက်နံရံကိုလက်ဖြင့်မှီထားလိုက်ရသည်။ ထို့နောက် ဤနေရာကျဉ်းကျဉ်းလေးထဲတွင် ဩရှရှအသံတစ်သံ ပဲ့တင်ထပ်လာသည်။

" မင်း မသေချင်ဘူးဆိုရင် ငါနဲ့ဝေးဝေးနေ..."


စကားဆုံးသည်နှင့် ကျိုးရွှမ်လန်က မျက်လုံးမှိတ်ထားပြီး တရားထိုင်လိုက်ကာ နှောင့်ယှက်ခံလိုက်ရသည့် စိတ်အခြေ‌အနေကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရန် ကြိုးပမ်းလိုက်သည်။

ဘယ်သူက အယောင်ဆောင်နေမှန်းတော့မသိပေမယ့် ဒီလူက တော်တော်လေးကို ထူးချွန်တာပဲ... ငါ သတိကြီးကြီးထားနေတာတောင်မှ တစ်ချက်တစ်ချက်မှာ ရှစ်စွမ်းအစစ်လို့ ထင်သွားမိသေးတယ်...


ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စက တိုက်ဆိုင်လွန်းနေတယ်...


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့ဝိညာဉ်စွမ်းအားကိုသုံး၍ ခန္ဓာကိုယ်မှအပူကို ဖိနှိပ်လိုက်ပြီး သူ့သွေးကြောထဲ ရှုပ်ထွေးနေသည့်အရာများကို တဖြည်းဖြည်းချင်း ရှင်းလင်းနေသည်။ ဤလုပ်ငန်းစဉ်က ခက်ခဲလှသော်လည်း သူ တောင့်ခံနိုင်သရွေ့ နာရီအနည်းငယ်အတွင်း သာမန်အခြေအနေသို့ ပြန်ရောက်နိုင်ပေသည်။


သို့ရာတွင် သူ မောင်းထုတ်လိုက်သည့်လူက သူ့နားကပ်လာပြီး လာရောက်ပွတ်သပ်နေမည်ဟု ကျိုးရွှမ်လန် မမျှော်လင့်မိလိုက်ပေ။


" ငါက အစစ်လေ..."


ရှန်းလျိုရှန့်က တင်ပျဉ်ခွေထိုင်နေသူကို အနောက်မှ ချဉ်းကပ်လာပြီး သူ့လက်များကို ကျိုးရွှမ်လန်၏လည်ပင်းတွင် ရစ်ပတ်၍ နားနားကပ်ပြီး တီးတိုးပြောလိုက်သည်။

" ငါက တကယ့်အစစ်ပါဆို မင်းဘာလို့ ငါ့ကိုမယုံတာလဲ..."


ရင်းနှီးနေသည့် ကိုယ်သင်းရနံ့တစ်မျိုးက အနောက်မှ ရစ်ဝဲလာသည်။


ကျိုးရွှမ်လန် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ဒေါသသံစွက်နေသည့် တောင့်တင်းနေသောလေသံဖြင့် ပြောလိုက်သည်။

" ဝေးဝေနေ..."


ရှန်းလျိုရှန့်က တအံ့တဩဖြစ်သွားဟန်ဆောင်လိုက်သည်။

" မင်း ဘာဖြစ်နေတာလဲ..."


ကျိုးရွှမ်လန်၏နှဖူးမှ သွေးကြောပြာများက ပေါက်ထွက်မတတ်ဖြစ်လာသည်။ သူ အဆုံးစွန်အထိ သည်းခံပြီးသည့်နောက်တွင် နက်စွေးစွေးမျက်လုံးများကို ဖွင့်လိုက်သည်။ 


ဝုန်း...


ကြည်လင်နေသောရေကန်၏ဘေးမှ ဝိညာဉ်သစ်ပင်က လှုပ်ခါလာပြီး သလင်းကျောက်သဖွယ်သစ်ရွက်များက မြေပြင်ပေါ် ပြန့်ကျဲလာသည်။


ချောမောသည့်လူငယ်လေးက သစ်ပင်တွင် ဖိကပ်ခံလိုက်ရပြီး သူ၏ လည်တိုင်ကြော့ကြော့လေးကို လက်တစ်ဖက်ဖြင့် အညှစ်ခံထားရသောကြောင့် မျက်တောင်တစ်ချက်ခတ်ပြီး ရိုးသားစွာဖြင့် ပြောလာသည်။

" မင်း ဘာလုပ်တာလဲ... ငါမင်းကို ဘာမှမလုပ်ဘူးလေ ဘာလို့ ဒေါသထွက်နေတာလဲ..."


ကျိုးရွှမ်လန်က သူ့ရှေ့တည့်တည့်မှလူကို တစ်ချက်စိုက်ကြည့်လာသည်။


သူ့လည်ပင်းကိုဖမ်းကိုင်ခံထားဆဲဖြစ်သော်လည်း အလွန်ယုံကြည်ချက်ပြင်းထန်နေသည်။


ကျိုးရွှမ်လန်၏ စိတ်ထဲတွင် "ရှစ်စွမ်း" ၊ "ရှစ်စွမ်း" ဟု အော်ဟစ်နေပြီး ထိုလူကို သူ့ရင်ခွင်ထဲတွင် ချက်ချင်းဖက်ထားချင်စိတ် ဖြစ်ပေါ်လာသည်။


သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားသည်။

" နီလင်း(ပြောင်းပြန်ကြေးခွံ)... ကြေးခွံဘယ်နေရာမှာ ရှိတယ်ဆိုတာကို ရှစ်စွမ်းတစ်ယောက်ပဲသိတယ်..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီးနောက် လက်ညှိုးဖြင့် သူ့လည်ပင်းကို ထိပြလိုက်သည်။

" ငါ့ကိုလွှတ်ပေး..."


ကျိုးရွှမ်လန်က သူ့လည်ပင်းကို ချက်ချင်းလွှတ်ပေးလိုက်သည့်အခါ လူငယ်လေး၏ ဖြူဖျော့နေသောလည်ပင်းတွင် နီရဲနေသည့် အမှတ်အသားတစ်ခုကိုမှ မမြင်ရပေ။ ကျိုးရွှမ်လန်က အင်အားသုံးလိုက်ခြင်းမဟုတ်ဘဲ ခြောက်လှန့်ရုံမျှ ပြုလုပ်လိုက်ခြင်းဖြစ်သည်။


ရှန်းလျိုရှန့် ချောင်းဆိုးလိုက်ပြီးနောက် သူ့လည်ပင်းကို ပွတ်နေဟန်ဆောင်လိုက်သည်။ သူ့အကြည့်များကညကျိုးရွှမ်လန်၏မျက်နှာမှတစ်ဆင့် လည်ပင်းနှင့် ပခုံးအကြားတစ်နေရာတွင် ရပ်တန့်သွားသည်။


ခဏတာတိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် ရှန်းလျိုရှန့်က ဝတ်ရုံနက်နှင့်လူကို ပွေ့ဖက်လိုက်သည်။ သူ့ပါးပြင်ကို ထိုလူ၏လည်တိုင်တွင်အပ်ထားလိုက်ပေသည်။ ထို့နောက် လက်စားချေသည့်အနေဖြင့် ပါးစပ်ဟပြီး ပြောင်းပြန်ကြေးခွံရှိသည့်နေရာကို ကိုက်ချလိုက်သည်။


ဝိညာဉ်သစ်ပင်၏အောက်တွင် လူငယ်လေး၏ ပြုံးစစအသံတစ်သံ ထွက်ပေါ်လာသည်။

" တွေ့ပြီ ဒီနေရာမှာပဲ..."


ကျိုးရွှမ်လန်၏စိတ်ထဲမှ ကျိုးကြောင်းဆင်ခြင်မှုဟူသည့် ချည်မျှင်စက ပြတ်တောက်သွားပြီး ထိုလူကို သစ်ပင်ဘက်သို့ ပြန်တွန်းထုတ်လိုက်သည်။


ထူထဲလှသည့် ပင်စည်နှင့် ဝင်တိုက်သွားသောကြောင့် ရှန်းလျိုရှန့် အံ့အားသင့်သွားခဲ့ပေသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် သူ့မေးစေ့ကို လက်တစ်ချောင်းဖြင့် အပင့်ခံလိုက်ရပြီး သူ့မျက်လုံးများပေါ်သို့ အရိပ်တစ်ခု ကျဆင်းလာသည်။


ကျိုးရွှမ်လန်က ခေါင်းငုံ့လိုက်ပြီး သူ့နှုတ်ခမ်းများကို ဖိကပ်နမ်းရှိုက်လိုက်ကာ ရှန်းလျိုရှန့်၏ခါးကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ အလျင်လိုမှုနှင့် စိတ်မရှည်ခြင်းဟူသည့်ခံစားချက်များ ပြင်းထန်နေ၍ ရှန်းလျိုရှန့်၏အနီရောင်ခါးပတ်ကို လက်ဖြင့်ဆွဲချွတ်လိုက်သည်။


 အဝတ်ပါးတစ်လွှာခြားထားသော်လည်း နွေးထွေးသည့်လက်ချောင်းများက လူငယ်လေး၏ ခါးနားတစ်ဝိုက်တွင် ပြေးလွှားနေသည်။


ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားပြီး သူ့ရှေ့မှ ရင်အုပ်ကျယ်ကြီးကို လက်ဖြင့်ထုနှက်ကာ မျက်နှာကို တစ်ဖက်သို့လှည့်ပြီး နှုတ်ခမ်းနှစ်ခုကို ကို ဝေးကွာသွားအောင်လုပ်လိုက်သည်။ ထို့နောက် အခြေအနေကို အရယူပြီး အသက်ဝဝရှု၍ ပြောလိုက်သည်။

" မ မထိနဲ့..."


ကျိုးရွှမ်လန် ခဏရပ်တန့်သွားသည်။ သူ့ရင်ခွင်ထဲမှလူက မျက်လွှာချထားလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလာသည်။

" ခါး ခါးနေရာကို မထိနဲ့..."


ရှန်းလျိုရှန့်၏ခါးနေရာက အလွန်ခံစားရလွယ်ကူသောကြောင့် လက်ဖြင့်ဖိနှိပ်နေခြင်းကို မတောင့်ခံနိုင်ဖြစ်နေသည်။


သို့ရာတွင် ထိုသို့သောအပြုအမူမျိုးက မီးတောက်ထဲသို့ မီးစာထပ်လောင်းလိုက်သည်နှင့် တူနေပေသည်။ တစ်ခဏတွင်းချင်း သူ့တစ်ကိုယ်လုံး ပင်စည်တွင် ပြင်းထန်စွာ ဖိကပ်ခံလိုက်ရပြီး ခါးနေရာကိုဆုပ်ကိုင်ထားသည့်လက်ချောင်းများက ပိုမိုတင်းကြပ်လာ၍ ကျိုးရွှမ်လန်၏ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်ယင်လာသည်။


ခဏအကြာတွင် သူတို့နှစ်ယောက်၏အထက်မှ သစ်ကိုင်းများက လေငြိမ်နေသော်လည်း အနည်းငယ်လှုပ်ရမ်းလာသည်။


သစ်ရွက်အချို့နှင့်အတူ ရှန်းလျိုရှန့်၏ခါးနားမှ အနီရောင်ခါးပတ်လေးက မြေပြင်ပေါ်ကျသွားသည်။


ထို့နောက် လေထဲတွင် အဝတ်အစားများကို ဆုတ်ဖြဲလိုက်သံအား ကြားလိုက်ရသည်။


ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီး ပထမဆုံးအနေဖြင့် ကြောက်လန့်မှုကို ခံစားလိုက်ရသည်။


စိတ်လွတ်သွားပြီး ရာဂစိတ်သာ ပြင်းထန်နေသည့် ကျိုးရွှမ်လန်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ တစ်ဖက်လူက သူ့ကို ဤနေရာ၌ပင် အသေသတ်ပစ်တော့မည်ဟုပင် ခံစားလာရသည်။


ဒါပေမဲ့ ငါ ကြောက်တယ်လေ...


ပုံမှန်အချိန်ဆိုပါက သူ ကျယ်လောင်စွာအော်ဟစ်လိုက်မည်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ ရှန်းလျိုရှန့်က ပျာယာခတ်နေမိပြီး အခွံထဲပြေးဝင်နိုင်သည့် လိပ်တစ်ကောင်အဖြစ်ပြောင်းသွားစေရန်သာ ဆုတောင်းနေမိသည်။


သို့ရာတွင် ယခုချိန်၌ သူ ပုန်းစရာနေရာမရှိသည့်အပြင် သူ့ကျောပြင်ကလည်း သစ်ပင်နှင့်ကပ်နေပြီး သူ့ရှေ့မှ ကျိုးရွှမ်လန်ကလည်း တပ်မက်ခြင်းဆန္ဒတစ်ခုကြောင့် စိတ်လွတ်နေသည်။


သူ နောက်ပြန်ဆုတ်ရန်လမ်း ရှာမတွေ့ပေ။


ကျိုးရွှမ်လန်၏ကိုယ်ပေါ်မှ ဖိနှိပ်မှုခံစားချက်က ပြင်းထန်လွန်းလှ၍ ရှန်းလျိုရှန့် အသက်ရှုရန်ပင် အလွန်ခက်ခဲနေသည်။ သူ၏မျက်နှာချောချောလေးက ဖြူဖျော့လာပြီး ကျိုးရွှမ်လန်၏လက်မောင်းကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီးနောက် တွန်းထုတ်ပစ်လိုက်သည်။


သူ့လက်မှခွန်အားက မည်မျှလေးလံသည်ဖြဈ်စ ကျိုးရွှမ်လန်အတွက်မူ အယားပြေရုံလောက်ဖြစ်၍ သူ့ကို လုံးဝမရပ်တန့်နိုင်ပေ။ 


ရှန်းလျိုရှန့်ကိုယ်တိုင်ကလည်း ကူပိုးကောင်အဆိပ်ကို ခံစားခဲ့ဖူးသူဖြစ်၍ ဤအခြေအနေတွင် ကျိုးရွှမ်လန်သတိကပ်လာရန် မျှော်လင့်ချက်မရှိသည်ကို သူသိသည်။ 


သို့ရာတွင် မမျှော်လင့်ထားသည်မှာ သူ့ကို သစ်ပင်တွင်အတင်းဖိကပ်ထားသော ကျိုးရွှမ်လန်၏ လှုပ်ရှားမှုများက တဖြည်းဖြည်းရပ်တန့်သွားပြီး အထိတ်တလန့်ဖြစ်နေသော မျက်နှာလေးကို စိုက်ကြည့်နေလိုက်သည်။


ရှစ်စွမ်းက မလုပ်ချင်ဘူးပဲ...


ထိုသို့သဘောပေါက်သွားခြင်းကြောင့် ကျိုးရွှမ်လန် ချက်ချင်းပင် အသိစိတ်ပြန်ကပ်လာသည်။


ပျောက်ဆုံးနေခဲ့သည့် အသိစိတ်များက တဖြည်းဖြည်းပြန်လည်စုစည်းလာပြီးနောက် အတွင်းဝတ်ရုံတစ်ထည်သာဝတ်ထားပြီး သူ့ရင်ခွင်ထဲ တုန်ယင်နေသူကို စိုက်ကြည့်လိုက်သည်။ သူခဏတာ ငြိမ်သက်သွားတော့သည်။

" ရှစ်စွမ်း မကြောက်ပါနဲ့..."


ကျိုးရွှမ်လန်၏ ဩရှရှအသံက အနည်းငယ်အက်ကွဲနေပြီး သူ့စိတ်ထဲမှဆန္ဒကို မနည်းဖိနှိပ်ထားလိုက်ရသည်။ လက်ဖမိုးပေါ်တွင် သွေးကြောများထောင်တက်လာပြီး ရှန်းလျိုရှန့်ကို လွှတ်ပေးကာ နှစ်သိမ့်ပေးလိုက်သည်။

" ဒီတပည့်က ရှစ်စွမ်းကို ထပ်မထိတော့ပါဘူး... မကြောက်ပါနဲ့တော့..."


ရှန်းလျိုရှန့်က သူအလေးထားသည့် တစ်ဦးတည်းသောလူဖြစ်သည့်အတွက် ကျိုးရွှမ်လန်က သူ့ကိုအနည်းငယ်မျှပင် ဖိအားပေးလိမ့်မည်မဟုတ်ချေ။


ရုတ်ချည်းပြောင်းလဲသွားခြင်းကြောင့် ရှန်းလျိုရှန့်လည်း အံ့အားသင့်သွားပြီး သူ့အမူအရာက ပုံမှန်အတိုင်း ဖြစ်လာသည်။ နောက်ဆုတ်သွားသူကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်ပေသည်။

" ကျိုးရွှမ်လန်လား..."


" ကျွန်တော် ဒီမှာရှိပါတယ်..."


" ရှစ်စွမ်း စိတ်မပူပါနဲ့တော့... နေရာတစ်ခုရှာပြီး ခဏနားနေလိုက်ပါ... ကျွန်တော် ခဏလောက် တရားထိုင်ပြီးသွားရင်..."


သူ့စကားမဆုံးမီမှာပင် ကျောက်စိမ်းတမျှဖြူဖွေးသောလက်ချောင်းလေးက သူ့ဝတ်ရုံကိုဆွဲချနေသည်။


ရှန်းလျိုရှန့် ခေါင်းအသာငုံ့ထားမိပြီး သူ့နားရွက်များလည်း နီရဲတွတ်နေကာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

" ငါ... ငါ မလုပ်ချင်လို့ မဟုတ်ပါဘူး... နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ... တကယ်တော့ငါ့မှာ ချင်းယွီဆေး ရှိပေမယ့် မင်းကို မပေးချင်လို့..."


ရှန်းလျိုရှန့်၏ပါးပြင်က နီရဲနေသည်။

" မင်း သဘောပေါက်လား..."


သူ့စကားဆုံးသည်နှင့် ကျိုးရွှမ်လန်၏ အသက်ရှုသံက အနည်းငယ်မြန်ဆန်လာသည်ကို ရှန်းလျိုရှန့် သတိပြုမိလိုက်သည်။ သူ့‌ကိုမော့ကြည့်လိုက်သည့်အခါ မျက်ဝန်းထဲတွင် အရိပ်တစ်ခုဖြတ်သန်းသွားပေသည်။ ကျိုးရွှမ်လန်က သူ့နားတိုးကပ်လာပြီး ရှန်းလျိုရှန့်၏ခါးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် တံခေါက်ကွေးကိုကိုင်ပြီး ပွေ့ချီလိုက်သည်။ ထို့နောက် သူ့အသိစိတ်ကိုဘေးဖယ်ထားလိုက်ပြီးနောက် လှိုဏ်ဂူထဲသို့ ဝင်လာခဲ့လိုက်သည်။


ခါးပတ်နီလေးနှင့် ဆုတ်ပြဲသွားသောဝတ်ရုံလေးက ဝိညာဉ်သစ်ပင်အောက်တွင် ကျကျန်နေခဲ့ပြီး သစ်ရွက်အချို့ကလည်း အပေါ်တွင် ကြွေကျနေသည်။


လှိုဏ်ဂူက အလွန်ကျယ်ဝန်းပြီး ပတ်ဝန်းကျင်တွင်လည်း အလွန်တိတ်ဆိတ်နေပေသည်။ ကျင့်ကြံဆင့်မြင့်သော တာအိုပညာရှင်တစ်ယောက် ဖန်တီးထားသည့် အချို့သော အဆင့်မြင့်မန္တန်များကို ကျောက်နံရံများတွင် ကပ်တွယ်ထားသောကြောင့် ဖြစ်ပုံရသည်။


 အတွင်းပိုင်းမှ ပစ္စည်းအချို့က အလွန်ရိုးရှင်းလှပြီး မူလပစ္စည်းများမှာ ပျက်စီးဆွေးမြေ့သွား၍ နွေးထွေးလှသည့် ကျောက်စိမ်းအိပ်ရာတစ်ခုသာ ကျန်ရစ်ခဲ့ပုံရသည်။


မှိန်ဖျဖျအလင်းရောင်အောက်တွင် ကျောက်စိမ်းနံရံများကသာ နွေးထွေးသောအရောင်တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။


ကျောက်စိမ်းအိပ်ရာပေါ် ဝတ်ရုံနက်ကိုဖြန့်ထားလိုက်ပြီးသည့်နောက်တွင် အတွင်းဝတ်ရုံတစ်ထည်သာဝတ်ထားသည့် ပိန်ပိန်သွယ်သွယ်လူငယ်လေးကို ချထားလိုက်သည်။


လူငယ်လေး၏ ဆံနွယ်များထက်မှ အနီရောင်ခေါင်းစည်းကြိုးကလည်း ပြေလျော့သွား၍ သူ့ဆံပင်နက်များက အိပ်ရာပေါ်တွင် ပြန့်ကျဲနေသည်။ အတွင်းဝတ်ရုံက ဖြူဖွေးနေပြီး လျှို့ဝှက်ဆန်းကြယ်သည့် ချည်မျှင်ဖြင့်ရက်ထားသော ဝတ်ရုံဖြစ်၍ အလွန်ရင်သပ်ရှု့မောဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်ဟု ထင်ရသည်။


ကျိုးရွှမ်လန်၏မျက်ဝန်းများက နက်စွေးနေပြီး ခေါင်းငုံ့၍ နီရဲနူးညံ့သောနှုတ်ခမ်းများကို နမ်းလိုက်သည်။ သူ့လက်ချောင်းများက လူငယ်လေး၏ တစ်ခုတည်းသောဝတ်ရုံကို တဖြည်းဖြည်းချင်းချွတ်လိုက်ပြီး အိပ်ရာအောက်သို့ပစ်ချလိုက်သည်။


လျှို့ဝှက်နယ်ပယ်အတွင်းရှိ ကြယ်တာရာကောင်းကင်ထက်တွင် ရုတ်တရက် မိုးရွာချလာသည်။


ရံဖန်ရံခါတွင် လေပြင်းများတိုက်ခတ်တတ်၍ မိုးသံတဖျောက်ဖျောက်ကို တောနက်ထဲတွင် ကြားရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် မိုးသည်းထန်စွာသွန်းပြီး လျှို့ဝှက်နယ်ပယ်ထဲမှ သစ်ပင်များကိုပါ အာဟာရဖြည့်တင်းပေးလေ့ရှိသည်။


မိုးရေများမဝင်ရောက်နိုင်သည့် လှိုဏ်ဂူအတွင်းပိုင်းထဲတွင်မူ ညှို့ယူဖမ်းစားနိုင်သော မြင်ကွင်းတစ်ခုဖြင့်ပြည့်နေသည်။


ကျိုးရွှမ်လန်က အဆိပ်ခတ်ခံထားရကြောင်း ရှန်းလျိုရှန့်သိ၍ သူနှင့် အချိန်ခဏခန့်သာ အိပ်ရာပေါ် လူးလှိမ့်နေရလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဤမျှကြာမြှင့်လာမည်ဟု မထင်ထားခဲ့မိပေ။ 


သူ မတောင့်ခံနိုင်ဖြစ်လာသော်လည်း ကျိုးရွှမ်လန်၏ကိုယ်ပေါ်မှ လောင်ကျွမ်းလုမတတ်အော်ရာက အနည်းငယ်မှပင် မပြေလျော့သွားဘဲ ပိုမိုပြင်းထန်လာသည်။


ရှန်းလျိုရှန့် နှုတ်ခမ်းကိုက်ထားလိုက်ပြီး အချိန်အနည်းငယ်ကြာသောအခါ ကျိုးရွှမ်လန်ကို ရပ်တန့်ရန် ဟန့်တားလိုက်ရတော့သည်။ 


သို့ရာတွင် သာယာမှု၏အရသာကိုသိသွားသည့် ကျိုးရွှမ်လန်က သူ့ကိုယ်သူထိန်းချုပ်မှု မည်မျှအားပြင်းသည်ဖြစ်စေ ဤတစ်ကြိမ်တွင်မူ မည်သို့မှ မရပ်တန့်နိုင်ဖြစ်သွားရသည်။ သူ့နှုတ်ခမ်းပါးများကို ရှန်းလျိုရှန့်၏နားရွက်နား ကပ်ထားလိုက်ပြီး အသံတိုးတိုးဖြင့် ချော့မော့ပြောလိုက်သည်။

" ရှစ်စွမ်း ကျေးဇူးပြုပြီး ခဏလောက် တောင့်ခံထားပေးပါလား... ခဏနေရင် ပြီးတော့မှာပါ..."


အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။


လေပြင်းများက ဝိညာဉ်သစ်ပင်ကြီးကိုပါ တိုက်ခတ်လာ၍ သလင်းကျောက်သဖွယ်ကြည်လင်လှသည့်သစ်ရွက်များက တရှပ်ရှပ်အသံမြည်နေပြီး မြေပြင်ပေါ် ကျနေသည့်ဝတ်ရုံကို အဖော်ပြုပေးနေသည်။


လှိုဏ်ဂူထဲမှ အလင်းရောက်နှင့် အရိပ်များက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေပြီး အချိန်က နှေးကွေးစွာကုန်ဆုံးနေသည်။


ရှန်းလျိုရှန့် အာရုံပျံ့လွင့်နေပြီး သူ့တစ်ကိုယ်လုံးကို ကျိုးရွှမ်လန်၏အော်ရာဖြင့် လွှမ်းခြုံထားသောကြောင့် ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကို ဆွဲကိုင်ထားသည့် လက်ချောင်းများကလည်း အားပျော့လာသည်။


သူ အလွန်နွမ်းနယ်လွန်းနေ၍ ကျိုးရွှမ်လန်ကို တွန်းထုတ်ရန် အားမရှိတော့ပေ။ သူ မနည်းပင့်သက်ရှိုက်နေရပြီး ခဏနားလိုသော်လည်း ကျိုးရွှမ်လန်က အင်အားအပြည့်ဖြင့် လှုပ်ရှားနေဆဲဖြစ်သည်။ သူ့မျက်နှာထက်တွင် ကျေနပ်အားရသွားသည့် အမူအရာမျိုးမပေါ်လာသေးဘဲ ရှန်းလျိုရှန့်ကို အဆုံးမဲ့သာယာမှုထဲ ဆက်လက်ဆွဲခေါ်သွားသည်။


နောက်ဆုံးတွင် သူ့ရင်ခွင်ထဲမှ လူငယ်လေးက ငိုယိုပြီး ခေါင်းခါပြလိုက်ကာ သူဖက်တွယ်ထားသည်မှ ရုန်းထွက်လိုသော်လည်း ကျိုးရွှမ်လန်က သူ့ကိုချက်ချင်း ပြန်ဖမ်းဆွဲထားသည်။


" ရှစ်စွမ်း ဒီတစ်ခါ နောက်ဆုံးပါပဲ..."

ကျိုးရွှမ်လန်ကို သူ့ကိုချော့မော့ပြောပြီး နမ်းလိုက်သည်။

" ကျွန်တော် ကတိပေးပါတယ်..."


ရှန်းလျိုရှန့်၏ အသိစိတ်က ဝေဝါးလာသည်။ ထိုစကားများကိုကြားသည့်အခါ တွန့်ချိုးထားသည့်မျက်ခုံးများပြေလျော့သွားပြီး တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ နောက်ဆုံးအကြိမ်ဟူသောအရာက နာရီပေါင်းများစွာ ထပ်မံကြာမြှင့်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ 


နောက်ဆုံးတွင် ကျိုးရွှမ်လန်က သူ့ကိုလွှတ်ပေးလိုက်သည့်အခါမှသာ သူ အသံတိုးတိုးဖြင့် ညည်းညူလိုက်ပြီး လုံးဝသတိမေ့သွားတော့သည်။


ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများက တွန့်ချိုးသွားပြီး သူ့မျက်ဝန်းထဲတွင်လည်း ဂရုစိုက်မှုများဖြင့်ပြည့်နေသည်။ သူ ခေါင်းငုံ့လိုက်ပြီး ရှန်းလျိုရှန့်၏ ချွေးအနည်းငယ်စိုနေသည့်နှဖူးကို နမ်းလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ဝတ်ရုံအသန့်တစ်ထည်ကိုထုတ်ပြီး အိပ်ပျော်နေသည့်လူကို ဝတ်ပေးလိုက်ကာ နွေးထွေးသည့်ကျောက်စိမ်းအိပ်ရာပေါ်မှ ပွေ့ချီမြှောက်လိုက်သည်။


ဝိညာဉ်သစ်ပင်၏ဘေးနားတွင် အလွန်ကြည်လင်လှသည့် သဘာဝရေကန်တစ်ကန် ရှိ၏။


ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ပေးလိုက်ပြီး ရေထဲမှထွက်လာတာ သစ်ပင်အောက်ရှိ ဆုတ်ပြဲနေသောအဝတ်အစားများကြားမှ ရှန်းလျိုရှန့်၏သိုလှောင်အိတ်ကို တစ်ချက်ကြည့်လိုက်သည်။


ရှစ်စွမ်း၏ ဝိညာဉ်စွမ်းအင်မရှိပါက ထိုအိတ်ကိုဖွင့်၍မရချေ။ 


ကျိုးရွှမ်လန်က သူ့အဝတ်အစားများထဲမှ အရည်အသွေးကောင်းသည့် အနက်ရောင်အတွင်းဝတ်ရုံတစ်ထည်ကိုထုတ်ပြီး ရှန်းလျိုရှန့်ကို ဝတ်ဆင်ပေးလိုက်သည်။


သူ့အဝတ်အစားများက ရှန်းလျိုရှန့်နှင့်ကြီးနေသောကြောင့် လျော့တိလျော့ရဲဖြစ်နေသည်။ ကျိုးရွှမ်လန် ထိုလူကို သူ့ရင်ခွင်ထဲထည့်၍ ပွေ့ချီလိုက်ချိန်တွင် အဝတ်အစားများက ပခုံးပေါ်မှ လျှောကျလာ၍ နှင်းတမျှဖြူဖွေးသော အသားအရည်နှင့်အတူ အနီရောင်အမှတ်အသားများစွာ ပေါ်လာသည်။


ကျိုးရွှမ်လန်၏မျက်လုံးက အရောင်မှိန်သွားပြီး ရှန်းလျိုရှန့်၏ခါးသွယ်သွယ်လေးကို တင်းကြပ်စွာပွေ့ဖက်ထားလိုက်သည်။


တစ်ခဏတာခန့် ခေါင်းငုံ့ပြီး သူ့ရင်ခွင်ထဲမှလူကို ကြည့်နေမိသည်။ သူ၏ဖြူဖွေး‌နုနယ်သော မျက်နှာလေးက အနည်းငယ်ဖြူဖျော့နေကာ မျက်လုံးများပိတ်ထားပြီး အိပ်ပျော်နေစဉ်မှာပင် မျက်ခုံးများတွန့်နေသည်။


သူ့ပုံစံက အလွန်ပင်ပန်းနွမ်းနယ်နေပုံရသည်။


ကျိုးရွှမ်လန် သူ့အတွေးများကို ပြန်လည်စုစည်းလိုက်သည်။


အခုက ရှစ်စွမ်းရဲ့ ပထမဆုံးအကြိမ်ဆိုတော့ ငါ သူ့ကို အဲ့လောက်ကြီး မနှိပ်စက်တော့ပါဘူး...


.....


[ မနှိပ်စက်လို့ပဲ သတိပါလစ်သွားပြီရှင်😭😭 ]