အပိုင်း ၁၃၆
Viewers 30k

Chapter 136




နန်ယောင်ချွမ်က ဝိညာဉ်ခေါ်အလံကို လက်ဖြင့်ထိလိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားသည်။ သူ မိုးကုပ်စက်ဝိုင်းကို ခံစားချက်အပြည့်ဖြင့်ကြည့်နေစဉ် လက်အောက်ငယ်သားက သတင်းတစ်ခုဖြင့် ရောက်လာသည်။

" နတ်ဆိုးသားရဲချုန်းချီက နတ်ဆိုးမြို့တော်ထဲမှာ ပေါ်လာပြီး အရံအတားထဲမှာ ခဏပိတ်မိထားပါတယ်... ဧကရာဇ်က အရံအတားထဲမှာ ရှိနေပါတယ်..."


" ခမည်းတော်..."


နန်ယောင်ချွမ်၏လှုပ်ရှားမှုများ ရပ်တန့်သွားပြီး တဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လိုက်သည်။

" ငါ နတ်ဆိုးမြို့တော်ကိုသွားမယ်... ငါ ပြန်မလာခင်အထိ မင်း ဒီစင်မြင့်ကို စောင့်ကြပ်နေ..."


ထို့နောက်တွင် နန်ယောင်ချွမ်က အနက်ရောင်မြူအဖြစ်ပြောင်းလဲပြီး ပျောက်ကွယ်သွားသည်။


.....


နတ်ဆိုးလောက၏အခြားတစ်ဖက်ဖြစ်သော ပါ့ဟွမ်(စွန့်ပစ်မြေရှစ်ပါး)၏ ကောင်းကင်ထက်‌၌ မိုးကြိုးတိမ်တိုက်များဖြင့်ပြည့်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်။ အနီးကပ်ကြည့်မည်ဆိုပါက မိုးကြိုးမုန်တိုင်းများက တဖြည်းဖြည်း အနီမှ အနက်ရောင်ပြောင်းလဲလာပြီး လှိုဏ်ဂူတစ်ခုထဲ စုဝေးနေသည်ကို တွေ့နိုင်ပေသည်။


ထိုလှိုဏ်ဂူနှင့် မနီးမဝေးလှိုဏ်ဂူထဲတွင်...


မီးခိုးရောင်အတောင်ပံများနှင့် ခွေးပေါက်လေးတစ်ကောင်က နွေးထွေးလှသည်အသိုက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ သူ တစ်ဖက်သို့လှိမ့်လိုက်ပြီးနောက် ရုတ်တရက် မျက်လုံးများပွင့်လာကာ ဂူအပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားသည်။


မကြာမီအချိန်တွင် လူတစ်ယောက်ရောက်လာပြီး နတ်ဆိုးမြို့တော်မှအကြောင်း သတင်းလာပို့ပေသည်။


အောင်းယွဲ့၏မျက်နှာက သိသိသာသာပြောင်းလဲသွားပြီး မျက်နှာထက်မှ မိုးရေများကိုသုတ်ပစ်ကာ မိုးကြိုးများစုဝေးနေရာ လှိုဏ်ဂူဘက်သို့သွားရန် ပြင်လိုက်သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် ကောင်းကင်ပေါ်မှ တိမ်တိုက်များကိုမော့ကြည့်လိုက်ပြီး တုံ့ဆိုင်းနေသည့်ဟန် ဖြစ်သွားသည်။


သူ လှိုဏ်ဂူဝတွင် အချိန်အတန်ကြာသည်အထိ တွန့်ဆုတ်နေခဲ့ပြီးနောက် အံကြိတ်ထားကာ နောက်ပြန်ဆုတ်လိုက်သည်။


မကောင်းဆိုးဝါးအင်မော်တယ်အရှင်က တောင့်ခံနိုင်မှာပါ... အခုက သွေးကိုနိုးထဖို့အတွက် အရေးကြီးဆုံးအချိန်ကိုရောက်နေပြီ... တကယ်လို့သာ ကျိုးရွှမ်လန်ကို အလောတကြီးနဲ့ နှောင့်ယှက်မိသွားမယ်ဆိုရင် နတ်ဆိုးမြို့တော်ကို မရောက်ခင်မှာပဲ သူသေသွားလိမ့်မယ်...


.....


အုတ်အောင်သောင်းနင်းဖြစ်နေသည့် အဓိကနေရာဖြစ်သော နတ်ဆိုးမြို့တော်မှာ ချုန်းချီ၏ ဒေါသတကြီးအားအင်များ၏အောက်၌ တစ်မြို့လုံး အပျက်အစီးပုံဘဝ ရောက်သွားရသည်။


အရံအတား၏ အပြင်ဘက်မှ လူအများစုမှာ ချုန်းချီကြောင့် ကြောက်လန့်တကြားထွက်ပြေးကုန်ကြ၍ တောင်ထိပ်များပေါ်တွင် လူများများစားစားမရှိတော့ပေ။


လင်ဟွား ယောင်မုန့်ယွဲ့ကို ခေါ်လာစဉ်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသူတစ်ယောက်အား မနီးမဝေး၌ လှမ်းတွေ့လိုက်သည်။ သူက ထိတ်ထိတ်ပျာပျာဖြစ်နေသော လူအချို့ကို ဖြတ်ကျော်၍ တစ်ဟုန်ထိုး ပြေးလာသည်။

" ဂိုဏ်းချုပ်..."


လင်ယဲ့၏အကြည့်က နတ်ဆိုးမြို့တော်အပေါ်တွင်သာ ရှိနေပြီး နောက်သို့ပြန်လှည့်မကြည့်ဘဲ သူ့ကိုယ်မှအရံအတားကိုဖယ်ခွာ၍ လူနှစ်ယောက်ကို သူ့နားလာခွင့်ပြုလိုက်သည်။


လင်ဟွားက ယောင်မုန့်ယွဲ့ကို သူ့နောက်တွင်ထားပြီး ပြောလိုက်သည်။

" ဂိုဏ်းချုပ် ကျွန်တော်တို့ ဘာလုပ်သင့်လဲ..."


လင်ယဲ့က ပြောလာသည်။

" စောင့်ရမယ်..."


သူက အရံအတားကို လက်ညှိုးထိုးပြလိုက်သည်။

" အထဲမှာ စွမ်းအားအကြီးဆုံးလူတွေ ရောက်နေတယ် ငါတို့က စောင့်နေဖို့ပဲလိုတယ်..."


တောင်ထိပ်နှင့် မျက်နှာချင်းဆိုင်နေရာတွင် ရှိနေသော နတ်ဆိုးဘုရင်များ၏ မျက်နှာအမူအရာများကလည်း တစ်ယောက်တစ်မျိုးစီဖြစ်နေကာ အလေးအနက် တွေးတောနေကြသည်။ တောင်ထိပ်တစ်ခုလုံး ငြိမ်သက်လွန်းနေ၍ အပ်ကျသံကိုပါ ကြားရတော့မည်ဟု ထင်နေသည်။


ထိုအချိန်တွင် ထိတ်ထိတ်ပျာပျာဖြစ်နေသူတစ်ယောက် ရောက်လာပြီး အားလုံးကိုကြည့်ကာ အော်ဟစ်လိုက်သည်။

" မင်းတို့အားလုံး ဒီရောက်နေတာပဲ... ငါ့အဖေရော ဘယ်မှာလဲ... ငါ့အဖေ ဘယ်ရောက်သွားတာလဲ..."


ဖရိုဖရဲဖြစ်နေမှုများအကြားတွင် အားလုံးက ဟမ်ဖေးရှန့်ကို အာရုံမစိုက်နိုင်၍ သူတစ်ယောက်တည်း ပျာယာခတ်‌နေရသည်။

" ငါ့အဖေ ဘယ်မှာလဲ... သူအခုထိ ထွက်မလာသေးဘူး... သူ့ကို မတွေ့မိကြဘူးလား... ဟေး စကားပြောကြလေ..."


ခဏအကြာတွင် သူ သတင်းများ ရရှိသွားပုံရသည်။ ဟမ်ကျု့‌ယင်နောက်သို့ နှစ်ပေါင်းများစွာလိုက်ခဲ့သော လင်းတုက အုံ့မှိုင်းနေသည့် မျက်နှာကြီးဖြင့်ပေါ်လာပြီး သူ့ကိုဆွဲခေါ်သွားသည်။ သို့ရာတွင် ဟမ်ကျု့ယင် မည်သည့်နေရာရောက်နေကြောင်း မေးသည့်အခါတွင်မူ ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်။ ဟမ်ဖေးရှန့်က အလွန် ဒေါသထွက်လာသောကြောင့် ကျယ်လောင်စွာဆဲရေးနေပြီး ခဏအကြာတွင်မှ ငြိမ်ကျသွားသည်။


ဟမ်ဖေးရှန့် ပြဿနာရှာနေ‌ခြင်းကြောင့် နတ်ဆိုးဘုရင်အားလုံးက ဟမ်ကျု့ယင်အကြောင်း ခဏတွေးမိသွားသော်လည်း မကြာမီ သူတို့အာရုံက နတ်ဆိုးမြို့တော်ထံ ပြန်ရောက်သွားသည်။


.....


အရံအတား၏ အတွင်းပိုင်းထဲတွင် မျက်စိကျိန်းလုမတတ် တောက်ပသည့် အလင်းတန်းတစ်ခုပေါ်လာပြီး စွမ်းအားကြီး ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ အရံအတားအတွင်းပိုင်းကိုဖြတ်ကျော်၍ အပြင်ဘက်မှ လူအားလုံးထံပါ ပျံ့နှံ့ရောက်ရှိလာသည်။


သို့ရာတွင် တစ်ဟုန်ထိုးထွက်လာသည့် ဝိညာဉ်စွမ်းအင်များက ကြောက်စရာမကောင်းလှပေ။ အေးစက်မှုထဲတွင် သိမ်မွေ့ညင်သာမှုတို့ ပါဝင်နေ၍ ကျင့်ကြံသူများအားလုံးက ကျယ်ပြန့်တိတ်ဆိတ်သောဝိညာဉ်ပင်လယ်ထဲ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရကာ စိတ်ထဲတွင် မဖော်ညွှန်းပြနိုင်သည့် လုံခြုံမှုနှင့် စိတ်သက်တောင့်သက်သာဖြစ်မှုတို့ ခံစားလိုက်ရသည်။


အားလုံး၏မျက်နှာထက်မှ ထိတ်ထိတ်ပျာပျာဖြစ်နေမှုတို့ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားသည့်အမူအရာတို့ အစားထိုးဖြစ်ပေါ်လာသည်။


" ဒီဝိညာဉ်စွမ်းအင်က ဧကရာဇ်ပဲ... ဧကရာဇ်ပဲဖြစ်မှာ..."


" ဧကရာဇ်က တကယ်ကြီး ဒီနေရာကို ရောက်နေတာပဲ... ငါတို့ကို ကူညီနိုင်သေးတယ်... သူ ကူညီပေးဦးမှာ..."


" မကြောက်ကြနဲ့တော့... ဧကရာဇ်က မကောင်းဆိုးဝါးကြီးကို ကျိန်းသေပေါက် အနိုင်ယူပေးမှာ... မကြောက်ကြနဲ့တော့..."



" ဟမ် ... မင်း ကြောက်နေတာလား..."


ကောင်းကင်ထက်ရှိ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသော ရှေးဟောင်းသစ်ပင်ပေါ်တွင် တိယွင်ယွီက ဖုန့်လင်းကို ယွမ်ယင်းလေး၏ ဆံပင်ပေါ် ညှပ်တင်ပေးလိုက်သည်။ သူ့မျက်နှာလေးက အေးစက်ပြီး သွေးရောင်ကင်းမဲ့နေသည်ကိုလည်း သူ သတိပြုလိုက်မိသည်။ 


" မကောင်းဆိုးဝါးကြီးက အရွယ်ကြီးနေရုံပါပဲ... ပြီးတော့ သူလည်း လူသားအသွင်ပြောင်းနိုင်သေးတယ် ဒါပါပဲ..."


ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။


သူက မကောင်းဆိုးဝါးကို ကြောက်ရွံ့နေခြင်းမဟုတ်ပေ။ ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်တိုက်များက ကောင်းကင်နှင့်မြေပြင်ကို တောင်များသဖွယ်ကာဆီးထား၍ အသက်ရှုကြပ်လာစေပြီး ထောင်နှင့်ချီသော မိုးကြိုးအတိဒုက္ခများ ကျဆင်းလာတော့မည်ဟု ထင်ရပေသည်။


သူ လက်တစ်ဖက်ဆန့်ထုတ်ပြီး တိယွင်ယွီ၏ဝတ်ရုံလက်ကိုဆွဲလိုက်သည်။ 

" ချုန်းချီက အချိန်တစ်ခုအထိတော့ အရံအတားကို မချိုးဖျက်နိုင်လောက်သေးပေမယ့် မိုးကြိုးအတိဒုက္ခကတော့ လာတော့မှာ ဟုတ်တယ်မလား... ခမည်းတော် လုံခြုံတဲ့နေရာတစ်ခုခုကို ရှာနေပါလား... အတိဒုက္ခကနေ အသက်ရှင်နိုင်မယ့် နေရာမျိုးလေ..."


တိယွင်ယွီ၏အကြည့်က သူ့ဝတ်ရုံကို လာဆွဲထားသည့် လက်ပေါက်စလေးနှစ်ဖက်ပေါ်ကို ရောက်နေသည်။ ထိုလက်ချောင်းလေးများက သူ့ဝတ်ရုံလက်ကို တင်းကြပ်စွာဆွဲထားသောကြောင့် ဖြူဖွေးနေပြီဖြစ်သည်။


သူ ခဏတာငြိမ်ကျသွားပြီးနောက် ပြောလိုက်သည်။

" စိတ်မပူပါနဲ့ အရမ်းနောက်ကျသွားပါပြီ..."


ထို့နောက်တွင် ဝတ်ရုံလက်ကိုဆွဲထားသည့် လက်ပေါက်စလေးများကို ဖယ်လိုက်ပြီးနောက် ရှန်းလျိုရှန့်ကို အကာအကွယ်တစ်ခုထဲ ထည့်လိုက်သည်။


" ဒီထဲမှာပဲနေ အပြင်ထွက်မလာနဲ့... နတ်ဘုရားဆိုရင်တောင် မင်းကို နာကျင်အောင် အန္တရာယ်မပေးစေရဘူး..."


ရှန်းလျိုရှန့်၏မျက်နှာက ဖြူဖျော့သွားပြီး တိယွင်ယွီကို နောက်တစ်ကြိမ်ဖမ်းဆွဲရန် ကြိုးပမ်းလိုက်သည်။ တိယွင်ယွီ၏ပုံရိပ်က ထိုနေရာတွင် ရုတ်တရက်ပျောက်ကွယ်သွားပြီး လေထဲတွင် ထပ်ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့နားထဲ၌ အသံတစ်သံ ကြားလိုက်ရသည်။

" တကယ်လို့ အရမ်းကြီးတဲ့အရာတွေကို ‌ ကြောက်နေတယ်ဆိုရင် မှော်ပညာသုံးပြီး သူ့ကို လူသားအသွင်ပြောင်းလိုက်... ဒါဆိုရင် ရှင်းရှင်းလင်းလင်းမြင်သွားမှာပေါ့..."


ရှန်းလျိုရှန့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူအစောပိုင်းက ဆုပ်ကိုင်ထားခဲ့သည့်ဝတ်ရုံလက်က လေမတိုက်ဘဲ လှုပ်ရှားသွားပြီး တိယွင်ယွီက သူ့လက်အောက်တွင် ရွှေရောင်စာလုံးတစ်လုံးကို ရေးခြစ်လိုက်သည်။ သူ့လက်ချောင်းများ အသာလှုပ်ရှားသွားပြီး ခဏအကြာတွင် ချုန်းချီ၏‌ဦးခေါင်းထက်၌ရပ်ကာ ဒူးတစ်ဖက်ကွေး၍ ထိုစာလုံးကို မကောင်းဆိုးဝါးကြီးအပေါ် ဖိလိုက်သည်။


ကြေက်ခမန်းလိလိမကောင်းဆိုးဝါးကြီးက ချက်ချင်းပင် နားပင်းလုမတတ် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ၎င်း၏ တောင်ပံနက်များကလည်း တုန်ယင်လာကာ မြေပြင်ပေါ်ပြုတ်ကျသွားပြီး လူတစ်ယောက်အသွင် ပြောင်းသွားသည်။


ချုန်းချီထံတွင် မြေပြင်သို့ထိစပ်လုမတတ် ရွှေရောင်ဆံပင်ရှည်ကြီးရှိနေပြီး သူ့မျက်နှာတစ်ခုလုံးတွင် တွန့်လိမ်ကောက်ကွေး၍ အရိုင်းဆန်လှသော နတ်ဆိုးအမှတ်အသားများ ဖုံးလွှမ်းနေသည်။ သူ့မျက်နှာအစိတ်အပိုင်းများက ရှင်းလင်းလှသော်လည်း မျက်နှာအစစ်ကိုမူ သေသေချာချာမမြင်ရပေ။ နှစ်လေးရာကျော်ကြာမြင့်သည်အထိ မလဲရသေးသော သူ့အဝတ်အစားများက အပိုင်းပိုင်းပြတ်နေပြီး သူ၏ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်တောင့်တောင့်ကြီးပေါ် တွဲလောင်းကျနေသည်။ သူ့လက်နှစ်ဖက်တွင် မည်သည့်လက်နက်ကိုမှ မကိုင်ဆောင်ထားဘဲ နီရဲနေသည့်မျက်လုံးများဖြင့် တိယွင်ယွီကို စိုက်ကြည့်နေသည်။


" မင်းပဲ ဖြစ်နေပြန်ပြီလား..."


ချုန်းချီက မှောင်မည်းနေသည့် အသူရာချောက်ထဲတွင် နှစ်လေးရာကျော်နေခဲ့ရပြီး နောက်ဆုံးတွင် ချိပ်စည်းကို ချိုးဖောက်နိုင်ခဲ့သည်။ မမျှော်လင့်ထားသည်မှာ သူ အပြင်ထွက်လာပြီးနောက် ပထမဆုံးမြင်တွေ့လိုက်ရသူက သူ့ကိုမြေအောက်ထဲတွင် ပိတ်လှောင်ထားခဲ့သူ ဖြစ်နေသည်။ သူ့စိတ်ထဲမှ မုန်းတီးမှုကို ဖြေဖျောက်နိုင်ရန်အတွက် ထိုလူ၏အသွေးအသားများကို စုတ်ဖြဲပစ်လိုစိတ် ဖြစ်လာသည်။


အိမ်မက်ဆိုးလိုပဲ ကြောက်စရာကောင်းလိုက်တာ...


နောက်ထပ် အံ့အားသင့်စရာတစ်ခုမှာ တိယွင်ယွီ၏ကျင့်ကြံဆင့်က သိသိသာသာနိမ့်ကျသွားခြင်းဖြစ်သည်။


" မင်း အားနည်းလွန်းနေလို့ သေချင်နေတာဆိုရင်တော့ ငါကူညီပေးမယ်..."


ချုန်းချီ လက်သီးဆုပ်လိုက်သည့်အခါ လေထဲမှ ဝိညာဉ်စွမ်းအားများ သိပ်သည်းသွားသည်။ သူ့လက်ချောင်းထဲတွင် ဝိညာဉ်စွမ်းအားများ စီးဆင်းနေကာ အဖြူရောင်ဝတ်ရုံနှင့် ရွှေသရဖူဆောင်းထားသူကို တောင်များနှင့် မြစ်ချောင်းများပါ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေနိုင်သောအားဖြင့် ထိုးချလိုက်သည်။


နှစ်ရာပေါင်းများစွာ၏ အညှိုးအတေးများ ပါဝင်နေသော လက်သီးချက်က အလွန်စွမ်းအားကြီးလွန်းလှ၍ တိယွင်ယွီ၏ လွတ်မြောက်ရာလမ်းကြောင်းကိုပါ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သွားသည်။


မျက်စိတစ်မှိတ်အတွင်းကို ရောက်လာတာပါလား...


ကံဆိုးသည်မှာ ၎င်းထိုးနှက်ချက်က အချည်းနှီးဖြစ်သွားရသည်။ တိယွင်ယွီက ရှောင်တိမ်းလိုက်ပြီးနောက် သူ့ဆံပင်အနက်များက လေထဲတွင်ဝဲသွားကာ တည်ကြည်စွာဖြင့် ပြောလိုက်သည်။

" ငါ့ရဲ့ကျင့်ကြံဆင့်တွေ လျော့သွားတယ်ဆိုတာတော့မှန်ပေမယ့် မင်းကိုကိုင်တွယ်ဖို့တော့ လောက်ပါသေးတယ်..."


နှစ်ပေါင်းလေးရာကျော် ပိတ်လှောင်ခံရပြီးသည့်နောက်တွင် ချုန်းချီက သူ့အပြစ်သူသိပြီး နောင်တရနေခဲ့မည်ဟု တိယွင်ယွီ ထင်ခဲ့မိသော်လည်း နောက်တမရသည်သာမက ယခင်ထက်ပင် ပိုဆိုးလာခဲ့သည်။


သတ်ဖြတ်လိုစိတ်က အလွန်အားပြင်းလှပေသည်ာ


တိယွင်ယွီ၏ မျက်ဝန်းထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး လက်တစ်ဖက်မြှောက်၍ရိုက်ချလိုက်သည်။


" ဝုန်း..."


အရံအတားထဲ ဆက်တိုက် တိုက်ခိုက်နေကြစဉ်တွင် အကာအကွယ်ထဲနေနေသည့် ပေါက်စလေးက တိတ်တဆိတ်အပြင်ထွက်လာပြီး သစ်ကိုင်းပေါ်မှ ခုန်ချလိုက်သည်။ သူ့မျက်နှာက စက္ကူတစ်ရွက်သဖွယ် ဖြူဖျော့နေပြီး အရံအတား၏ အစွန်းနေရာသို့ ပြေးသွားလိုက်သည်။


အရံအတားဖြင့် ခြားထားသည့်နေရာအပြင်ဘက်တွင် လူနှစ်ယောက် ရပ်နေသည်။


ရှန်းလျိုရှန့်၏မျက်ခုံးများ အနည်းငယ် လှုပ်ရှားသွားပြီးသည့်နောက်တွင် ယွမ်ယင်း၏ကိုယ်ပေါ်သို့ ကြယ်ရွှေ့ပြောင်းခြင်းနည်းစနစ် ကျရောက်လာသည်။ သူ ယွမ်ယင်းနှင့် အဆက်အသွယ်မပြတ်အောင် အတတ်နိုင်ဆုံးနေခဲ့ခြင်းမှာ တိယွင်ယွီ အပျင်းပြေရန်တစ်ခုတည်းကြောင့် မဟုတ်ပေ။


တားဆီးထားသော အကာအရံက ရှိနေသောကြောင့် အတွင်းမှ အရာများကို မည်သည့်မန္တန်ကမှ သက်ရောက်နေမည် မဟုတ်ပေ။ သို့ရာတွင် အခြေတည်ဝိညာဉ်များမှာမူ ထိုသို့မဟုတ်ပေ။ ၎င်းတို့က ခန္ဓာကိုယ်အစစ်နှင့် အလွန်ကျယ်ပြန့်သောဆက်နွယ်မှုရှိကြသည်။ သူတို့နှစ်ခုကြားမှ အတားအဆီက မည်မျှကြီးမားသည်ဖြစ်စေ အချင်းချင်း တဖြည်းဖြည်းနီးကပ်လာပါက အရပ်မျက်နှာကို အလိုရှိသလို ဖလှယ်လိုက်နိုင်သည်။


ရှန်းလျိုရှန့်က တိယွင်ယွီရှိသော အရံအတားထဲသွားရမည်ဖြစ်၍ ဝိညာဉ်စွမ်းအင် အတက်အကျများကြောင့် မူးဝေလာသည်။ သူစိတ်ငြိမ်အောင် ထားလိုက်ပြီးနောက် အသားကျအောင် နေလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ ရှုရှင်းချန်ကို ခေါင်းညိတ်ပြကာ ပျောက်ကွယ်သွားသည်။

[ ရှုပ်သွားမှာစိုးလို့ရှင်းပြတာပါ 🤧 - ယွမ်ယင်းလေးကို ဒယ်ဒီတိယွင်ယွီက အကာအကွယ်လေးထဲ ထည့်ပေးသွားတာပါ၊ အဲဒါကို ရှန်းလျိုရှန့်က အဲ့ယွမ်ယင်းလေးကို ထိန်းချုပ်ပြီး နတ်ဆိုးမြို့တော်ကိုအုပ်ထားတဲ့ အရံအတားအစွန်းနားအထိ ပြေးလာခိုင်းတယ်၊ အဲနားရောက်တော့ ယွမ်ယင်းလေးနဲ့ သူနဲ့ကြားမှာ အကွာအဝေးက ကျဉ်းသွားပြီး အရံအတားတစ်လွှာပဲရှိတော့မှ နေရာချင်းလဲပစ်လိုက်တာပါ၊ ရှန်းလျိုရှန့်က အခု တိယွင်ယွီရှိနဲ့ အရံအတားထဲ ရောက်သွားပါပြီ၊ အပေါ်စာပိုဒ်မှာပါတဲ့ အရံအတားအပြင်ဘက်မှာ ရပ်နေတဲ့ လူနှစ်ယောက်ဆိုတာ ရှန်းလျိုရှန့်နဲ့ ရှုရှင်းချန်ပါ ]


ရှုရှင်းချန်က သူနှင့်ယွမ်ယင်း နေရာချင်းလဲတော့မည်ကိုသိ၍ အော်ပြောလိုက်သည်။

" ဂရုစိုက်ဦး..."


သူ့အော်သံကို ရှန်းလျိုရှန့် ကြားလိုက်သည် မကြားလိုက်သည်ကို မသိသော်လည်း ရှုရှင်းချန်က ခန္ဓာကိုယ်အစစ်နှင့် နေရာချင်းလဲလိုက်၍ မြေပြင်ပေါ် အားနည်းစွာ လဲကျနေသည့် ယွမ်ယင်းလေးကိုကောက်ယူလိုက်သည်။


သူ့အကြည့်များက ယွမ်ယင်းလေးအပေါ်တွင်ရှိနေပြီး မျက်လွှာချလိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်အချို့ကို ယွမ်ယင်းလေးကိုယ်ပေါ် လွှဲပြောင်းပေးလိုက်သည်။


.....


နတ်ဆိုးမြို့တော်အထက်တွင် တိမ်မည်းများက တလိပ်လိပ်တက်နေပြီး အပ်တစ်ချောင်းအရွယ်မှ စပါးအုံးမြွေအရွယ်အထိရှိသော မိုးကြိုးသွားများကလည်း တလက်လက်ဖြစ်နေသည်။ နားပင်းလုမတတ် မြည်ချုန်းသံကြီးက လှိုင်းများကဲ့သို့ တစ်လွှာပြီးနစမလွှာ ပိုမိုမြင့်တက်လာသည်။


မြေပြင်ပေါ်ရှိ တောင်များနှင့် သစ်တော့များလည်း ပိပြားပျက်စီးကုန်ပြီဖြစ်သည်။


ချုန်းချီ၏ ချွန်ထက်လှသောလက်သည်းများက တစ်ဝက်တိတိအဖြတ်ခံထားရပြီး သူ့ခြေထောက်သုံးဖက်တွင် သွေးစက်များစင်နေလျက်ဖြင့် တိယွင်ယွီကို မကျေမနပ်ကြည့်နေသည်။


တိယွင်ယွီ၏ကျင့်ကြံဆင့်က အမှန်ပင်လျော့ကျသွားခဲ့သော်လည်း လွန်ခဲ့သောနှစ်ရာပေါင်းများစွာခန့်က သူတို့နှစ်ဦးတိုက်ခိုက်ကြစဉ်တွင် တိယွင်ယွီက ထောင်နှင့်ချီသော မိုးကြိုးအတိဒုက္ခကို တောင့်ခံခဲ့ပြီး မကောင်းဆိုးဝါးသုံးကောင်လုံးကို တစ်ကောင်ချင်းစီ သတ်ပစ်နိုင်ခဲ့ကြောင်း သူ မေ့သွားခဲ့သည်။ သူ့အလှည့်သို့ရောက်ချိန်မှသာ ပင်ပန်းနွမ်းနယ်၍ အားအင်ကုန်ခမ်းလုနီးနီးဖြစ်နေသောကြောင့် သူ့ကို သတ်ပစ်ရမည့်အစား ချိပ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။


ယခုချိန်တွင် သူ့ကျင့်ကြံဆင့်က ယုတ်လျော့သွားသော်လည်း အဆုံးမရှိများပြားလှသောမန္တန်များသုံးကာ ချုန်းချီကို အသာစီး ရနိုင်နေဆဲဖြစ်သည်။


သမိုင်းမတိုင်မီခေတ်ကပင် စွမ်းအားကြီးသူ အရေအတွက်များစွာ ပေါ်ထွက်လာခဲ့သော်လည်း ထိုသို့အရည်အချင်းရှိသူက အနည်းငယ်သာရှိသည်မှာ ထူးဆန်းလွန်းပြီး မယုံကြည်နိုင်ဖွယ်ရာဖြစ်သည်။ ပင်မကုန်းမြေတွင် အော်ရာများ‌ လျော့ပါးလာသော ယနေ့ခေတ်တိုင်သည်အထိ တိယွင်ယွီက ယခုကဲ့သို့ စွမ်းအားကြီးနေသည်ကို မြင်ရသည်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ရာဖြစ်သည်။


ချုန်းချီ၏ ဆံပင်ငွေရောင်များက သွေးကြောင်နီရဲကုန်သည်။ ရိုက်ချက်ပြင်းပြင်းတစ်ခုကို မနည်းရှောင်လိုက်ပြီးသည့်နောက်တွင် တိယွင်ယွီကို လှမ်းကြည့်လိုက်သည်။


" မင်းရဲ့ကျင့်ကြံဆင့် တော်တော်များများကိုသုံးပြီး ငါ့ကိုသတ်ပစ်မယ်ဆိုရင် အတိဒုက္ခကနေ ဘယ်လိုရှင်သန်နိုင်မှာလဲ... မိုးကြိုးအတိဒုက္ခက ရောက်လာတော့မှာဆိုတော့ ငါ ခဏလောက် ပုန်းနေလိုက်ရင်ရပြီ... မင်း ထွက်သွားပြီးရင် မင်းကာကွယ်ဖို့ကြိုးစားခဲ့တဲ့ အရာတွေအားလုံးကိုဖျက်ဆီးပြီး နှစ်ဆပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်..."


တိယွင်ယွီက ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။

" မင်းက အဲ့ခဏလောက်အတွင်းမှာရော ပုန်းနေနိုင်မယ် ထင်နေတာလား..."


စကားဆုံးသည်နှင့် လက်တစ်ဖက်မြှောက်၍ မန္တန်တစ်ခုကို အသက်သွင်းလိုက်ပြီး ဒဏ်ရာအပြင်းအထန်ရထားသော ချုန်းချီကို တင်းကြပ်စွာချုပ်နှောင်ထားလိုက်သည်။


ချုန်းချီက ထွက်မပြေးနိုင်ကြောင်း သိလိုက်သည့်အခါ မျက်ခုံးများတွန့်ချိုးလိုက်သည်။ သူ မော့ကြည့်လိုက်ချိန်တွင် တိယွင်ယွီ၏ မိုးကြိုးလက်ဝါးချက်က သူ၏သားရဲအမြုတေကို ဖျက်ဆီးတော့မည်ကို တွေ့လိုက်ရသည်။


အနီရောင်နတ်ဆိုးအမှတ်အသားများ ဖုံးလွှမ်းနေသည့် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့လာသည်။ သို့သော် မမျှော်လင့်ထားသည်မှာ ထိုအခိုက်အတန့်တွင် သူ့ခြေထောက်အောက်၌ အစိီအရင်တစ်ခုပေါ်လာပြီး မြင့်တက်လာသော ဝိညာဉ်စွမ်းအားများက သူ့ကိုလွှမ်းခြုံသွားသည်။ ဒဏ်ရာလည်း ချက်ချင်းပြန်ကျက်သွားပြီး ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင် ၆၀ရာခိုင်နှုန်းခန့် ပြန်လည်ရရှိလာသည်။


တိယွင်ယွီ၏မျက်နှာက ချက်ချင်းမည်းမှောင်သွားပြီး ကန့်လန်ဖြတ်နေရာကို လှမ်းကြည့်လိုက်သည်။ ခဏအကြာတွင် သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားသည့် လူတစ်ယောက်ပေါ်လာသည်။


" ကျွန်တော်တို့မတွေ့ရတာ နှစ်လေးရာတောင်ရှိပြီဆိုပေမယ့် ဧကရာဇ်ရဲ့ပုံစံကတော့ ဒီတိုင်းမပြောင်းမလဲပါပဲလား..."


တိယွင်ယွီ : " မင်း ဘယ်သူလဲ..."


" ကျွန်တော်ရ အရင်တုန်းကတော့ နတ်ဆိုးပေါက်စလေးဆိုပေမယ့် အခုတော့ နတ်ဆိုးအိုကြီးတစ်ကောင် ဖြစ်နေပါပြီ..."


ဟမ်ကျု့ယင်က အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး အထက်မှ မိုးကြိုးအတိဒုက္ခကို လက်ညှိုးထိုးပြလိုက်သည်။

" ဧကရာဇ် အခုချိန်က မိုးကြိုးအတိဒုက္ခကိုကျော်ဖြတ်ပြီး ထွက်သွားဖို့အချိန်ကျလာပါပြီ..."


ချုန်းချီက သေလုမျောပါးရိုက်ချက်ကို ရှောင်

နိုင်ခဲ့သည့်အပြင် ယခုအခါတွင်လည်း ဝိညာဉ်စွမ်းအားအများစုကို ပြန်လည်ရရှိထားပေသည်။ တိယွင်ယွီက ထိုမကောင်းဆိုးဝါးကို မိုးကြိုးအတိဒုက္ခမတိုင်မီ သတ်ပစ်ချင်ခဲ့သော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။