အပိုင်း ၁၀၀
Viewers 16k

Chapter 100

စက်ရုပ်ဖျက်ဆီးသူ


"တစ်ယောက်ယောက်က မဟူရာလျှပ်စီးကိုတကယ်ကြီးစိန်ခေါ်လိုက်တယ်ပေါ့..."


"ဟား...ဟား....ဟား...စိတ်ဝင်စားစရာပဲဟေ့..."


"ဟုတ်တယ် ဒါကပထမဆုံးအကြိမ်သူကိုစိန်ခေါ်တာပဲ  အမြဲတမ်းကသူကပဲစိန်ခေါ်တာကိုစခဲ့တဲ့လူလေ..."


"အဲ့ဒီ ဘိုးဘေးလေးကဘယ်သူများလဲ မင်းတို့သူအကြောင်းကိုရောအရင်ကကြားဖူးကြလား..."


"မင်းတို့သူမရဲ့အချက်လက်တွေကိုမြင်ပြီးပြီလား...သူမရဲ့အောင်မြင်မှုပွဲစဉ်က 0% ပဲရှိတယ်တဲ့ ဟား....ဟား...သူ စိန်ခေါ်ဖို့သတ္တိတွေဘယ်ကရောက်တာလဲတော်မသိဘူး..."


"သူမ နင်းချေခံရလိမ့်မယ်လို့ ငါအစပ်ပြားတစ်ပြားနဲ့လောင်းမယ်..."


သူတို့ကြားထဲမှဆွေးနွေးငြင်းခုန်မှုကပို၍ပြင်းထန်လာလေသည်။


ယောင်စစ် အူများအသည်းများ ပြောင်းပြန်လန်သွားသလိုပင် ခံစားလိုက်ရသည်။ဒါဆိုရင် ဒီခလုတ်ကစိန်ခေါ်မှုလုပ်တဲ့ခလုတ်တဲ့လား.....ငါကဘယ်လိုလုပ်သိမလဲ

ဒီမကောင်းဆိုးရွားယုတ်မာတဲ့လက်ကိုပဲအပြစ်တင်ရမယ်...

အခုဘယ်လိုလုပ်ကြမလဲ...အခုအရှုံးပေးဖို့နောက်ကျသွားပြီးလားဟင်...


[အရှုံးပေးရန် တောင်းဆိုချက်ကိုပြိုင်ဘက်မှ ငြင်းပယ်လိုက်သည်။]


သောက်ကျိုးနည်း...

သူကတကယ်ကြီးအတည်လုပ်နေတာပဲ...


[ပြိုင်ပွဲစပါတော့မယ်.. ၉..၈...၇....]


တကယ်ပဲလား ...တကယ်ကြီးဒီလိုစရတော့မှာလား...


ယောင်စစ် ခြေလက်များတောင့်တင်းအေးခဲသွားပြီးသွေးကြောများပင်ထင်းခနဲပေါ်လာပေသည်။


သူမ၏ ရှေ့တွင် စာတန်းတစ်တန်းပေါ်လာသည်။


[ စက်ရုပ်အတွက် ဒေတာများမတွေ့ပါ သင့်တော်တဲ့စက်ရုပ်တစ်ခုကိုရှာဖွေပါ...]


စက်ရုပ်များနှင့်ပတ်သက်၍ သူမတွင်အတွေ့ကြုံမရှိပေ။ ထိုအချိန်အတော.အတွင်းမဟူရာလျှစ်စီးက ဟန်ရေးတစ်ပြပြဖြင့်ပြင်ဆင်လေသည်။


ယောင်စစ် အံတင်းတင်းကြိတ်ကာသူမနှင့် ရင်းနှီးနေသောဝဝပုပု စက်ရုပ်ကိုရွေးချယ်လိုက်သည်။


"ဟား...ဟား...ကြည့်စမ်းပါဦး...

သူမကတကယ်ကြီး ခံစစ်စက်ရုပ်ကိုရွေးချယ်လိုက်တာ ဒီလူသစ်လေးကတော့ သတ္တိရှိတယ်ဟေ့..."


"သူကတိုက်ခိုက်ဖို့စွန့်လွှတ်လိုက်ပြီးတော့ အရိုက်ခံဖို့ရွေးချယ်လိုက်တာနေမှာပေါ့

ဟား...ဟား..."


စိန်ခေါ်သူ၏ စက်ရုပ်ပုံစံကြောင့်ကြည့်ရှူသူများအားလုံးရယ်မောလှောင်ပြောင်နေကြသော်လည်း  တိုက်ပွဲစနေပြီးဖြစ်သောကြောင့် ယောင်စစ် ထိုသူများကိုအာရုံစိုက်နေရန်အချိန်မရှိတော့ချေ။


ထိုအချိန်အခိုက်အတန့်၌ မဟူရာလျှပ်စီးက စတင်လှုပ်ရှားလာပြီးဖြစ်ပြီး သူ၏နောက်၌ အလင်းတန်းတစ်ခုကျန်ခဲ့သည်ကိုသာမြင်ရလေသည်။


သူကတကယ်ပဲ လျှပ်စီးလို့ခေါ်ဖို့ထိုက်တန်တယ်။ယောင်စစ် ပတ်ဝန်းကျင်ရှိလေထုက ဟာရီကိန်းမုန်တိုင်းတစ်ခုတိုက်ခိုက်လာသလိုပြင်းထန်ကြမ်းတမ်းလာသည်။သူမ၏ ပြိုင်ဘက်က ရေ၏အတိမ်အနက်ကိုစမ်းသပ်နေသလိုမျိုးလှုပ်ရှားနေသည်။ အကယ်၍ သူမသာကောင်းကောင်းမပုန်းကွယ်နိုင်လျှင် အညှာအတာမဲ့အဆုံးသတ်ခြင်းကိုခံရပေလေမည်။


သို့သော် သူမ မလှုပ်နိုင်တော့ပေ။


သောက်ကျိုးနည်း...


ငါရဲ့ သနားစရာကောင်းလောက်တဲ့ စက်ရုပ်ဖျက်စီးမှုတွေကို အခြေခံရမယ်ဆိုရင် ငါဒီလိုမျိုးအဆင့်မြင့်လုပ်ဆောင်ချက်တွေကိုဘယ်လိုလုပ် လုပ်နိုင်မှာလဲ။


စကြဝဠာကွန်ရက်၌  အသိတရားထိန်းချုပ်မှုနည်းလမ်းသည် တကယ်ကိုလက်တွေ့ကျလွန်းလှသည်။ယောင်စစ်က သူမစိတ်ရှိသည့်အတိုင်း စက်ရုပ်ကိုလှုပ်ရှားဖို့ မဖြစ်နိင်ပေ။သို့သော် ပြိုင်ဘက်၏ လှုပ်ရှားမှုများက သူမနှင်ဆန့်ကျင်ဘက်သာဖြစ်သည်။ သူ၏ချောမွေ့ရှုပ်ထွေးလှသောလှုပ်ရှားချက်များကို ကြည့်ခြင်းအားဖြင့် ထိုသူက စက်ရုပ်နှင့်တစ်ပေါင်းတည်းပေါင်းစပ်နိုင်ခဲ့သည်ဟု ပြော၍ရပေသည်။


 ထိုအခိုက်တန့်၌ ပြိုင်ဘက်က ကြောင်ကကြွက်ကိုကစားသကဲ့သို့ ပျော်ရွှင်စွာဖြင်သူမကို လှည့်ပတ်ကြည့်နေလေသည်။ သူမတို့ကြားကအရည်အချင်းကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြန်လိုက်ပေ၏။


သူကဘာကိုမှ ဂရုစိုက်မှုမရှိပဲ အရှိန်ဖြင့်ရွေ့လျားနေသည်။ထို့နောက်သူမနှင့်အနည်းငယ် ရုန်းကန်လှုပ်ရှားမှုများလုပ်ပြီးနောက်သူမ၏ မြင်ကွင်းထဲမှ ပျောက်ကွယ် သွားလေသည်။ ထိုသူက သူမကို ကစားနေခြင်းဖြစ်ကြောင်းသိနိုင်ပေသည်။

ထို့နောက် သူ၏အရည်အချင်းများကိုထုတ်ကြွားနေလေ၏။


သူ့၏လှုပ်ရှားမှုများအပြီး၌ ယောင်စစ်၏ ပတ်ဝန်းကျင်အပူရှိန်က မြင့်တတ်လာပြီးမီးပင်လယ်ထဲရောက်သွားသလိုမျိုးပင်ခံစားရသည်။


ပြိုင်ဘက်က သူ၏လက်နက်ကိုရွေးချယ်လိုက်သည်။ ၄င်းက စက်ရုပ်များအသုံးပြုလေ့ရှိသော ကျော်ကြားသည့်လက်နက်များအစား အပြာရောင်တောက်တောက်ဓားတစ်လက်သာဖြစ်သည်။


မဟူရာလျှပ်စီးက လျှပ်စီးတန်းကဲ့သို့ပင် သူ၏ဓားကိုမြှောက်၍ခုန်ဝင်လာသည်။ယောင်စစ် အံတင်းတင်းကြိတ်လိုက်သည်။

အနိုင်ရဖို့မဖြစ်နိုင်သော်လည်း မတိုက်လျှင် ကောင်းကောင်းမွန်မွန်ရှုံးန်ိုင်မည်တောင်မဟုတ်ပေ။သူမ လှုပ်ရှားမှုလေးများပြုလုပ်ရန်ကြိုးစားနေခြင်းကိုစွန့်လွှတ်လိုက်ပြီးစက်ရုပ်၏ ခြေလက်များဆီသို့သူမ၏ စိတ်စွမ်းအားများအားလုံးပို့လွှတ်လိုက်သည်။


ရင်းနှီးနေသော စိတ်စွမ်းအင်ကသူမ ခန္ဓာ ကိုယ်တစ်လျှောက်ဖြတ်သန်းစီးဆင်းသွားပြီးနောက် စက်ရုပ်၏ ခြေလှမ်းများသို့ပျံ့နှံသွားသည်။ ထို့နောက် ၄င်းက လည်ထွက်သွားပြီး ရှေ့တည့်တည့်မှ နံရံဆီသို့ဝင်ဆောင့်ကာသူမကိုအကြီးအကျယ်စိတ်ဓာတ်ကျသွားစေသည်။


သူမနှင့်အနည်းငယ်ရင်းနှီးနေသောစာတန်းများပေါ်လာလေသည်။


[သင့်ရဲ့ စက်ရုပ်က ဖျက်စီးခံလိုက်ရပါပြီ ။သင်မတိုက်ခိုက်နိုင်တော့ပါဘူး။]


ဟင်း...ထုံးစံအတိုင်းပေါ့နောက်ထပ်စက်ရုပ်ကိုဖြတ်စီးလိုက်ပြန်ပြီ။


[ဘိ ပြိုင်ပွဲမှာ အနိုင်ရတဲ့တွက်ဂုဏ်ယူပါတယ်သင်ရဲ့စက်ရုပ်က ၁၀၀% အနိုင်ရပြီးတော့ တတိယနေရာမှာရှိနေပါပြီ။]


ဘာဖြစ်တယ်...


ယောင်စစ်အံအားသင့်သွား၏။ 


သောက်ကျိုးနည်း...


လူအုပ်ကြီး ငြိမ်သက်သွားပြီးနောက် နောက်တစ်စက္ကန့်အတွင်းကျယ်လောင်စွာအော်ဟစ်နေကြလေသည်။


"သောက်ကျိုးနည်း...ဒါတကယ်မဖြစ်နိုင်ဘူး...သူမတကယ်ပဲ နိုင်သွားတာလား..."


"သောက်ကျိုးနည်းပဲဟေ့...

ဒီကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေကတော်တော်လေးမြန်ပါလား ငါဘာမှတောင်မမြင်လိုက်ဘူး..."


"လာစမ်းပါ ဒီဟာအမှန်ဟုတ်လားမဟုတ်လားသိရအောင် ငါကိုတစ်ချက်လောက်ထိုးကြည့်လိုက်..."


"မဟူရာလျှပ်စီးက တကယ်ပဲရှုံးသွားတယ်တဲ့လေ...ခံစစ်စက်ရုပ်ကို ဒီလိုပုံစံမျိုးနဲ့ အသုံးချလို့ရလိုက်မယ်လို့ငါလုံးဝမထင်ထားမိခဲ့ဘူး..."


"မင်းတို့မြင်လား... ပထမတုန်းက အနိုင်ရမှုက 0% အခုတော့ ၁၀၀% ဖြစ်သွားပြီးအဲတော့သူမဒီတစ်ပွဲတည်း တိုက်ခိုက်ဖူးတာများဖြစ်နိုင်လား..."


"သူမက ပထမဆုံးတိုက်ခိုက်မှုမှုတင် တတိယနေရာကိုရသွားပြီ...ဝါး...သောက်ရမ်းကြမ်းတာပဲ..."


"အဲ့ဒီ ဘိုးဘေးလေးကတကယ်ပဲဘယ်သူများလဲဟေ့ သူမရဲ့အစစ်မှန်က စက်ရုပ်ကျွမ်းကျင်ပညာရှင်များလား...ဘယ်သူ့မှာများအတွင်းသတင်းရှိလဲ ..."


ယောင်စစ် ဇဝေဇဝါ ဖြစ်စွာဖြင့်ပတ်ဝန်းကျင်ကိုကြည့်လိုက်လေသည်။ ထို့နောက်သူမ မြေပြင်ပေါ်ကိုကြည့်လိုက်လေရာသူမနှင့် နရံကြားထဲတွင် တိုက်ခိုက်ရေးစွမ်းရည် ကင်းမဲ့သွားပြီဖြစ်သော အနက်ရောင်စက်ရုပ်ကိုတွေ့လိုက်ရသည်။ ၄င်းကပြားကပ်နေသည်။


 နပေါဦး...


အဲဒါမဖြစ်နိုင်ပါဘူး...


တကယ်ပဲ ငါကအဲဒါကိုဖိလိုက်မိတာလား...


ယောင်စစ် ခံစားချက်များရှုပ်ထွေးသွားပြီးမည်သို့ အမူအရာပြရမည်မသိ ဖြစ်သွားလေသည်။ 


ဟေး...နင်ကကျွမ်းကျင်တဲ့သူမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ ဒီလိုအဆုံးသတ်သွားတာလဲ ဘာလို့မရှောင်တာလဲဟ...


ကြည့်ရတာ သူမလှုပ်ရှားခင်မှာဘဲ ငါကသူရဲ့စက်ရုပ်ကိုဖိလိုက်မိတယ်..... အဲတော့ သူကမတိုက်ခိုက်နိုင်တော့ပဲ ပျက်စီးသွားတယ်....

အဲတော့ငါကအနိုင်ရသူဖြစ်သွားတာပေါ့ အဲလိုလား...သောက်ကျိုးနည်း...


ဒီတော့လဲ သူမအမြဲလုပ်နေကြသလိုမျိုး နောက်ထပ်စက်ရုပ်တစ်ရုပ်ကို ထပ်ပြီးဖျက် ဆီးလိုက်ပြန်ပြီပေါ့လေ...


"ခံစစ် စက်ရုပ်ကိုသုံးပြီးတော့ တိုက်ခိုက်ရေးစက်ရုပ် မဟူရာလျှပ်စီးကိုတစ်ချက်ထဲနဲ့ ဖျက်စီးပစ်လိုက်နိုင်တယ်...သူမကတကယ်စက်ရုပ်မာစတာတစ်ယောက်ပဲဖြစ်ရမယ်..."


"ဒီပွဲက သူမရဲ့ အခုမှစတင်ခြင်းနော် ...

သေချာတယ်သူက လုံးဝစက်ရုပ် မာစတာပဲဖြစ်ရမယ်..."


"ဆရာသခင် စက်ရုပ်ခြေထောက်လေးပြုပြင်ဖို့လိုသေးလား...ကျေးဇူးပြုပီး တော့ကျွန်တော်ကိုသင်ပေးပါ..."


"ဘယ်ဂြိုလ်ကနေများဒီကိုရောက်လာတာလဲ အိမ်ပြန်ဖို့အကူညီလိုသေးလား... အခုမလိုသေးရင်လည်း နောက်တစ်ခေါက်ထပ်လာမေးမယ်နော်..."


လူအုပ်ကြီးကသူမ၏ နောက်ကြောင်းကို သူတို့အထင်အမြင်များနှင့် မှန်းဆကာ ပြောဆိုနေကြလေသည်။ 


သူတို့ဆီမှ တောင်းဆိုမှုများက သူမ၏ အမြင်အာရုံကိုပင် ဖုံးလွှမ်းလု နီးပါးဖြစ်သွားတယ်။ 


ယောင်စစ် နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားပြီး သူမအောက်မှ အပျက်အစီးပုံကိုကြည့်နေလေသည်။ထို့နောက်ဆုံးဖြတ်ချက်ချလိုက်ပြီး log out လုပ်မည်ကိုနှိပ်လိုက်သည်။


သူမရဲ့ အရည်အချင်းက စက်ရုပ်တွေကိုဖျက်ဆီးတာမှန်းသိသွားရင်မကောင်းဘူးလေ...ဟုတ်တယ်မဟုတ်လား...

ဘယ်လိုပဲ ဖြစ်ဖြစ် ပဉ္စမ မျိုးဆက်သွေးစုပ်ဖုတ်ကောင်တစ်ယောက်အနေနဲ့ သူမရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းရဦးမယ်မဟုတ်ဘူးလား...


ထိုနေ့မှ စ၍ ယောင်စစ် တစ်ယောက်တိုက်ပွဲကွင်းပြင်သို့နောက်တစ်ကြိမ်ပြန်မသွားတော့ချေ။သို့မဟုတ် မူရွှမ်၏ နောက်ထပ်ပိုများသော စက်ရုပ်များကိုဖျက်ဆီးရန်လည်း မလုပ်တော့ပေ။ ထိုအစား သူမ တစ်ခြားသင်ခန်းစာနှစ်ခုကိုသာ ရွေးချယ်လေ့လာနေလိုက်သည်။ 


သူမ လေ့လာမှူထဲနှစ်မြုပ်နေစဉ် အကယ်ဒမီဆုဖလားရွေးချယ်ပွဲ စက်ရုပ်ပြိုင်ပွဲစတင်ကြပြီဖြစ်သည်။


ယောင်စစ်၏ ဆုကိုရွေးချယ်ပြီးနောက် စကြာဝဠာကျောင်းတော်ကြီးသည် ဆုံရပ်တစ်ခုဖြစ်လာလေသည်။ ကျောင်းတော်ကြီး၌နေ့တိုင်း ပြိုင်ပွဲ အကြောင်းအရာများကိုသာအရှိန်မြင့်တင်ဆွေးနွေးနေခဲ့ကြသည်။


ပထမဆုံး ပဏမရွေးချယ်မှုတွင် လူများစွာရှိနေသောကြောင့် လေ့ကျင့်ရန်နှင့်တိုက်ပွဲဝင်ရန်အတွက် နေရာများကိုခွဲခြားလိုက်သည်။ ကြိုတင်ပြင်ဆင်ထားသော ဧရိယာများကိုကြည့်၍ သူမ၏ မျက်ဝန်းထဲ တွင် ဂုဏ်ယူမှုများဖြစ်ပေါ်သွားလေသည်။ ၄င်းက စကြာဝဠာ ကျောင်းတော်ကြီး၏ ဂုဏ်သတင်းနှင်ကြွယ်ဝမှုပင်ဖြစ်သည်။ 


"သခင်မလေး ဒီဟာက ကျွန်တော်တို့ ကျောင်းတော်ကြီးရဲ့ ထိပ်တန်း ကိုယ်စားပြုသုံးဦး..."


ကုရှုချန်းလူသုံးယောက်ကိုညွှန်ပြ၍ပြောလိုက်သည်။


"သူတို့က အကယ်ဒမီဆုဖလားစက်ရုပ်ကို ပြိုင်ပွဲတွက် ကျောင်းတော်ကိုကိုယ်စားပြူပြီးဝင်ပြိုင်ကြလိမ့်မည်..."


"တွေ့ရတာဝမ်းသာပါတယ်..."


ယောင်စစ် လက်ဆန့်တန်း၍ သူတို့ကိုနှုတ်ဆက်လိုက်သည်။


"ကောင်းကောင်းကြိုးစားပြီးတော့ပြိုင်ပွဲမှာလဲ ကံကောင်းကြပါစေ..."


သူတို့၏ မျက်ဝန်းများက လင်းလက်တောက်ပလာသည်။ စိတ်လှုပ်ရှားမှုကိုကြိုးစားထိန်းချုပ်ရင်းသူမ၏ လက်ကိုသတိတကြီးဖြင့်  အသာအယာဆွဲနှုတ်ဆက်လိုက်သည်။


"ဥက္ကဋ္ဌ စိတ်မပူပါနဲကျွန်တော်တို့ အစွမ်းကုန်ကြိုးစားမှာပါ..."


"ဟုတ်ပါတယ်  ဥက္ကဌကြီး...

ပထမနေရာကိုကြိမ်းသေပေါက်ရပါမယ်..."


"ကျွန်တော်တို့ ကျောင်းတော်ကြီးရဲ့ ဂုဏ်သိက္ခာအတွက် အကောင်းဆုံးကြိုးစားဖို့လူတိုင်းမှာတာဝန်ရှိပါတယ်..."


လူငယ်တွေကတကယ်ကို သွေးပူကြတာပဲ...


"အကောင်းဆုံးသာ ကြိုးစားလုပ်ကြပါ။

ဆုတံဆိပ်က အရေးမကြီးပါဘူး..."


သူတို့ညီညာစွာဖြင့်ခေါင်းညိတ်လိုက်ကြပြီးပြိုင်ပွဲ ကျင်းပသောနေရာသို့သွားရန် သင်္ဘောပေါ်သို့ တက်ရောက်သွားကြသည်။

စကြာဝဠာ ကျောင်းတော်ကြီးက တကယ်ကိုပင် ကိုယ်ပိုင် သင်္ဘော တစ်စီးစင်းလုံးဌားထားခဲ့သည်။ 


ယောင်စစ် တွက်အစစ်မှန်မဟုတ်သလိုမျိုးခံစားရလေသည်။၄င်းက ကျောင်းတစ်ကျောင်း၏ ပြင်ဆင်မှုနှင့်မတူပဲ ကိုယ်ပိုင် လုပ်ငန်းကြီးတစ်စု၏ ပြင်ဆင်မှုနှင့်ပင် တူလေသည်။


ကျိုးဖုန်းကျောင်းမှ စီစဉ်ပေးသော အထူးတိုက်ခိုက်ရေး ဂြိုလ်အကြောင်းကို ကြားရသိသည့်အချိန်တွင်လည်း သူမတကယ်ကို အံအားသင့်သွားခဲ့ရသည်။


"သူတို့သုံးယောက်ထဲက ဘယ်သူက ပထမလဲ..."


ယောင်စစ် သင်္ဘောထဲဝင်ရောက်ပြီးနောက် ကုရှုချန်းကိုမေးလိုက်သည်။


"ဘယ်သူမှ ပထမနေရာမဟုတ်ပါဘူး..."


"ဟမ် သူတို့ကြားထဲမှာ အဆင့်သတ်မှတ်ချက်မရှိဘူးလား..."


ယောင်စစ် ငြိမ်သက်သွားမိသည်။


"ဆုရဲ့ ထူးခြားတဲ့အခြေနေကြောင့်သူတို့ရဲ့တိုက်ခိုက်ရေးစိတ်ဓာတ်ကို မနှောင့်ယှက်မိအောင်လို့ ဖော်ပြထားခြင်းမရှိသေးလို့ပါ...အခုလာမဲ့ ပြိုင်ပွဲမှာပိုပြီးကောင်းမွန်တဲ့အဆင့်ကိုရတဲ့သူတွေက သဘာဝအတိုင်းချန်ပီယံဖြစ်လာပါလိမ့်မယ်..."


အင်း...မဆိုးပါဘူး...

ဒီလိုတော့လည်း အဓိပ္ပါယ်ရှိသားပဲ...


ပါဝင်သူ ဆယ်ယောက်တွင် ကိုးယောက်က မူရွှမ်၏ အရူးအမူးပရိသတ်များဖြစ်သည်။


ပထမ နေရာကိုသာ ယခုကြော်ငြာလိုက်ပါက မအောင်မြင်သည့်သူများ စိတ်ဓာတ်ကျသွားပြီး သူတို့၏တိုက်ပွဲ စွမ်းဆောင်ရည်ကိုထိခိုက်သွားပေလိမ့်မည်။ 


"ပြိုင်ပွဲမှာကျောင်းပေါင်း သုံးရာငါးဆယ်လောက်ရှိတယ်ဆိုတော့ ပြိုင်ပွဲအချိန်က သုံးရက်လောက်ကြာလိမ့်မယ်..."


ရှုချန်းက ဆက်လက်၍ရှင်းပြလိုက်သည်။


 "ဒီတစ်ခါပြိုင်ပွဲမှာတော့ တကယ်စက်ရုပ်တွေကိုအသုံးပြုမှာ ယှဉ်ပြိုင်တဲ့သူတွေက သူတို့ကိုယ်တိုင်ပြုလုပ်ထားတဲ့စက်ရုပ် ဒါမှမဟုတ် စကြာဝဠာမှာ အသုံးပြုခွင့်ပြုထားတဲ့ စက်ရုပ်တွေကို အသုံးပြလို့ရတယ်

... ကုန်ကျစရိတ်တွေကိုလည်း ကျောင်းတော်ကြီးကနေပြီးတော့ အကုန်ခံမှာပါ..."


သူတို့ ရွေးချယ်လို့ရတယ်လား...


စက်ရုပ်များတွင်မတူညီသော စွမ်းရည်များနှင့် ကွဲပြားခြားနားသော လုပ်ဆောင်မှုများရှိသည်။ 


တကယ်လို့ သူတို့ဆန့်ကျင်ဘက်တွေ ရွေးချယ်မိရင် အခြေနေတွေပိုမဆိုးသွားနိုငိဘူးလား...


"ဟုတ်ပါတယ်...သူတို့ရွေးလို့ရပါတယ် 

ဒါပေမဲ့ အဆင့်သတ်မှတ်ချက်ကတော့ ဘီအဆင့်ပဲရှိရမှာပါ ..."


အိုး....

ဒီလိုဆိုတော့လည်း တရားမျှတသားပဲ


"ဒါနဲဒီနေ့ လော့ယင်းကဘာလို့မလာတာလဲ 

နင်တို့နှစ်ယောက်ကခွဲလို့မရဘူးမဟုတ်ဘူးလား..."


"လော့ယင်းက ပိုင်ရိကို စိတ်ကျေနပ်အောင် ချော့ပြီးမှ လာပါလိမ့်မယ်..."


"ပိုင်ရိ က ဘာဖြစ်နေလို့လဲ..."


ကုရှုချန် ခဏမျှ ငြိမ်သက်သွားပြီးနောက် သူလေးလေးနက်နက်ပြန်ဖြေလိုက်သည်။

 

"သူ ပြိုင်ပွဲမှာ ရှုံးနိမ့်သွားတော့ သူရဲ့နုနုနယ်နယ်နှလုံးသားလေး ကွဲ ကြေသွားတယ်နေမှာပေါ့..."


အဲဒီ ကိုစကားများ ပါတဲ့အကြောင်းသူမကိုဘာလို့မပြောကြာတာလဲ ...


အခုရှုံးနိမ်သွားပြီဆိုတော့ အင်းးးခန့်မှန်းရ ရင်တော့ သူရဲ့မျှော်လင့်ချက်လေး ကွဲကြေသွားပြီးနေမှာပေါ့...


"အဲ့ဒါထက်..."


 ကုရှုချန်းက စိတ်ရှုပ်ထွေးသော အမူအရာဖြင့်ယောင်စစ်ကိုစိုက်ကြည့်လိုက်သည်။


"သခင်မလေးက အနီရောင် ဂြိုလ်ကနေ သုံးရက်တောင် ထွက်ခွာသွားမှာက တကယ်ပဲ အဆင်ပြေလား..."


"စိတ်မပူပါနဲ့...ငါ မူရွှမ်ရဲ့ ခွင့်ပြုချက်နဲ့လာတာပါ..."


"တကယ်လား...အရှင်မင်းကြီးက ခွင့်ပြုလိုက်တယ်ပေါ့... အဲဒီသုံးရက်မှာ အနီရောင် ဂြိုလ်ကိုထမင်းစားပြန်ရမှာမဟုတ်ဘူးလား..."


"မပြန်ရပါဘူး ...ပြန်စရာမလိုဘူး..."


ယောင်စစ် ဂရုမစိုက်သော ပုံဖြင့်ရပ်နေသော တစ်စုံတစ်ယောက်ကို တစ်ချက်လှမ်းကြည့်လိုကိသည်။ ထိုသူက ခရီးစဉ်တစ်လျှောက်လုံးအသံ မထွက်ပဲ တိတ်တဆိတ်လိုက်ပါလာခြင်းဖြစ်သည်။ 


"အဲလိုဆိုတော့လည်းကောင်းတာပဲ..."


တူလေးကုက စိတ်သက်သာရာရသွားသလိုသက်ပြင်းချလိုက်သည်။ ထို့နောက်သူ ခဏမျှစဉ်းစားပြီးထပ်မံပြောလိုက်သည်။


"ဒါပေမဲ့လို့ အခုနေ့လည်စာစားချိန်ရောက်ပြီဆိုတော့သတိထားရမယ်လေ... ပြန်ကြရအောင်... "


တော်သင့်ပြီ...

နင်တို့ရဲ့ အချစ်ဆုံးဘုရင်ကြီးက ဘေးမှာရပ်နေတယ်လေ မတွေ့ဘူးလား...


"ဒီမှာရော့..."


 မူရွှမ်က အနီရောင်အရည်တစ်ခွက်ကိုကမ်းပေးလိုက်သည်။


"ဒါလေးက ရေငတ်ပြေစေတယ်...သောက်လိုက်..."


ယောင်စစ် နှုတ်ခမ်းများရှုံ့မဲ့သွားသည်။ သို့သော်လည်းသူစကားတစ်ခွန်းမျှ မဆိုတော့ဘဲ အနီရောင်ခွက်ကိုသာကြည့်လိုက်လေသည်။