အပိုင်း ၆၈
Viewers 11k

Chapter 68




ဆရာနှစ်ယောက်သည် အခန်းအား စောင့်ကြပ်ရန် သူတို့၏ လက်များအား အနောက်ဘက်သို့ပို့ထားကြသည် ။ ကျုံးယို့ယို့၏ အုပ်စုမှ ပထမဆုံးလုပ်ဆောင်ရမည့် ကျောင်းသားသည် နက်မှောင်သော အသားအရေနှင့် အရောင့်ဖျော့သော ချည်သားကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ကောင်မလေးဖြစ်သည် ။သူမသည် အနည်းငယ်စိတ်လှုပ်ရှားနေသည့်ပုံပေါ်ကာ လက်ချောင်းများသည် တုန်ရီနေသည် ။


   ဒါပေမဲ့ သူမကို ဘာလို့ ခဏခဏ ကြည့်နေရတာလဲ ။ကျုံးယို့ယို့သည် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေလိုက်ပြီး အနည်းငယ်စိမ်းသက်သည့် ခံစားချက်ကိုရနေသည် ။


  သူမ၏ နောက်ထပ်လက်တွေ့စမ်းသပ်ချက်သည် အဆင့်အနည်းငယ်မှားနေပြီး စမ်းသပ်ဖန်ပြွန်ထဲသို့ထည့်နေသော ဟိုက်ဒရိုကလိုရစ်အက်ဆစ်သည် ဆာလဖြူရစ်အက်ဆစ်အဖြစ်သို့ပြောင်းလဲနေပြီ ဖြစ်သည် ။ စာမေးပွဲခန်းအား စောင့်ကြပ်နေသော ဆရာများသည် အနည်းငယ်တွန့်ဆုတ်သွားကာ သူမအား သတိပေးလိုက်သည် ။

    အမှတ်များသည် အားလုံးနီးပါး အနှုတ်ခံထားရပြီဖြစ်သည် ။


  မည်သို့ပင်ဖြစ်စေ သူမ၏ ပုံစံအားကြည့်ရသည်မှာ ဓါတ်ခွဲမှုကို မပြုလုပ်နိုင်ခြင်းမဟုတ်ဘဲ အလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်သည် ။သူမဘာတွေများ စိုးရိမ်နေတာလဲ ။


  ပြီးနောက် မိန်းကလေးသည် ဆရာမ၏ အမှန်ပြင်ပေးခြင်းကိုခံရပြီးသောအခါ သူမ၏ မသိစိတ်ထဲမှ အပြုအမူသည် ခေါင်းမော့ကာ ကျုံးယို့ယို့အား ကြည့်လိုက်မိသည် ။


  ငါ့ကိုထပ်ကြည့်ပြန်ပြီလား ။ ငါ့မျက်နှာမှာများ တစ်ခုခုပေနေလို့လား ။ ကျုံးယို့ယို့သည် သူမ၏ နှလုံးသားထဲတွင် တီးတိုးပြောလိုက်မိသည် ။ ထိုမိန်းကလေးသည် အနည်းငယ် ထူးဆန်းသည် ။


   ကျုံးယို့ယို့သည် တည်ငြိမ်စွာဖြင့်ပင် ထိုမိန်းကလေး၏ အရှေ့မှ နာမည်ကို ကြည့်လိုက်သည် ။ ဖေးယွင် ။ထိုနာမည်သည် အလွန်ရင်းနှီးနေသည် ။ကြည့်ရသည်မှာ ဝတ္ထုထဲတွင် တစ်ကြိမ် ၊ နှစ်ကြိမ်မျှ ပေါ်လာခဲ့ဖူးသော မထင်မရှားဇာတ်ကောင်ဖြစ်ပုံရသည် ။သို့သော် ကျုံးယို့ယို့သည် ဝတ္ထုအား ဂရုတစိုက်မဖတ်ခဲ့သောကြောင့် ထိုသူသည် မည်သူဖြစ်သည်ကို ခေတ္တမျှ မစဥ်းစားနိုင်ခဲ့ချေ ။


  မည့်သို့ပင်ဖြစ်စေ ဤနည်းလမ်းဖြင့် ဖေးယွင်သည် သူမ၏ သတိထားမှုအား တိုးမြှင့်ပေးလိုက်ပြီဖြစ်သည် ။


 ဒုတိယမြောက် စမ်းသပ်မှုကို ပြုလုပ်ရမည့်သူသည် ယောကျ်ားလေးဖြစ်ပြီး အရည်အချင်းရှိသော ဖေးယွင်ကဲ့သို့ပင်ဖြစ်ကာ သူသည် ပို၍ တည်ငြိမ်သည် ။သူစမ်းသပ်သည့်အရာသည် အနည်းငယ်ရှုပ်ထွေးပြီး ပြင်ဆင်မှုတွင် ပါဝင်သော ကလိုရင်းဓါတ်ငွေ့ ဖြစ်သည် ။ သူသည် သံတန်းအား အနည်းငယ် ပြုပြင်လိုက်ပြီး ပစ္စည်းများအား တပ်ဆင်လိုက်သည် ။ ထို့နောက်တွင် အရက်ပြန်မီးခွက်အား ဖွင့်လိုက်သည် ။ မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီဖြစ်သည် ။


   အပြေးအလွှားလုပ်ပြီးသည့်နောက်တွင် ထိုအရာသည် ဆယ်မိနစ်အတွင်း ပြီးမြောက်သွားခဲ့သည် ။သို့သော် ကျွမ်းကျင်မှုဟုသည့် အကြောင်းပြချက်ကြောင့် ခန့်မှန်းခြေ ရမှတ်အနည်းငယ်လောက် အနှုတ်ခံရမည် ဖြစ်သည် ။


      နောက်ဆုံးတွင် ကျုံးယို့ယို့၏ အလှည့်သို့ ရောက်လာခဲ့ပြီဖြစ်သည် ။ကောင်လေးသည် စိတ်သက်သာရာရကာ သက်ပျင်းချလိုက်သည် ။ထို့နောက်​တွင် စမ်းသပ်ဖန်ပြွန်အား ကျုံးယို့ယို့ထံသို့ ပေးလိုက်သည် ။


  " အခုနင့်အလှည့်ပဲ "


   ကျုံးယို့ယို့သည် မှတ်စုစာရွက်အား ခေါက်လိုက်ကာ ထိုအရာအား ကြည့်လိုက်သည် ။သူမ၏ ကံတရားသည် ထိုမျှလောက် မကောင်းမည်ဟုမထင်ခဲ့ပေ ။ သူမ ရရှိသော မေးခွန်းသည် ထိုကောင်လေးထက်ပင် များစွာခက်သေးသည် ။


     လှည့်လည်စစ်ဆေးနေသော ကြီးကြပ်သူနံပါတ် ( ၁) သည်ပင် သူမအနောက်တွင် ခဏတာ ရပ်တန့်သွားခဲ့သည် ။ ဒီမိန်းမလှလေးက တစ်ကယ်ကံမကောင်းတာပဲ ။  ဤစာမေးပွဲတွင် စုစုပေါင်း မေးခွန်း ရှစ်ခုရှိပြီး နှစ်ခုသည် အတော်ခက်ခဲပြီး ကျန်သော မေးခွန်များသည် အတော်အသင့် ခက်ခဲရုံမျှသာဖြစ်သည် ။သူမဆီသို့ရောက်လာသောမေးခွန်းသည် အရှုပ်ထွေးဆုံးမေးခွန်းဖြစ်သည် ။


    ထို့နောက်သူမ၏ အလှအား ဝေဖန်ရမည်ဆိုလျှင် သူမသည် သိပ္ပံတွင် တော်သည့်ပုံမပေါ်ချေ ။ ထို့ကြောင့် သူမ မကြာခင်တွင် ပြဿနာအကြီးအကျယ်ရှာနိုင်မည်မဟုတ်ပေ ။


   ထိုအရာအား တွေးမိသောအခါ ကြီးကြပ်သူသည် သူတို့၏ စားပွဲနားမှာပင် ရပ်နေလိုက်သည် ။


   သို့သော် သူသည် သူ၏ မျက်လုံးအားကျယ်ကျယ်ဖွင့်ကာ ထိုမိန်းကလေးသည် အတော်အသင့်ကျွမ်းကျင်သည်ကို တွေ့လိုက်ရသည် ။ ထို့နောက် ဓါတ်ခွဲခြင်းကျွမ်းကျင်မှုသည် ဆရာများထက်ပင် တိကျကာ မြန်ဆန်သည်ဟု ပြောနိုင်သည် ။

ငါးမီလီ လီတာထည့်ရမည်ဆိုလျှင် ပို၍ ထည့်ခြင်းမရှိဘဲ အတိအကျပင် ဖြစ်သည် ။


  ထို့နောက်တွင် အတိုင်းအတာအမှတ်တွင် တစ်စက်ချင်း ချနေခဲ့ပြီး  ထိုမိန်းကလေး၏ လက်သည် ဓါးသမားကဲ့သို့ပင် အတော်ငြိမ်ကာ လှုပ်ရှားမှုသည် ရေလိုပင် ချောမွေ့နေသည် ။ ထို့နောက်တွင် ငါးမီလီ လီတာအား တိုက်ရိုက်ပင် ထည့်ခဲ့ပြီးဖြစ်သည် ။ ဤအရာသည် ဓါတ်ခွဲခန်းတွင် နှစ်များစွာကြာအောင် လုပ်ကိုင်ခဲ့ဖူးမှသာ ရနိုင်မည့် ကျွမ်းကျင်မှုမျိုးဖြစ်သည် ။


   အထက်တန်းကျောင်းသားတစ်ယောက်ကလား ။  လုံးဝမဖြစ်တာနိုင်တာပဲ ။ အဲ့တာက ငယ်ငယ်လေးထဲက လေ့ကျင့်လာတာမျိုး မဟုတ်ဘူးလား ။


   ဒုတိယမြောက်အဆင့်အားလုပ်ဆောင်ခဲ့သော ကောင်လေးသည် မိန်းမောတွေဝေသွားကာ တိုးညင်းသောအသံဖြင့် မတတ်သာစွာ အာမေဍိတ်သံပြုလာခဲ့သည် ။

" အဲ့တာက အရမ်းအံ့သြစရာကောင်းတာပဲ "


အံ့အားသင့်သွားသော ဆရာသည်လည်း ကျုံးယို့ယို့အား ထပ်မကြည့်ဘဲ မနေနိုင်ပေ။ထိုမိန်းကလေးတွင် အနာဂတ်များရှိနေသည် ။


   ကျုံးယို့ယို့၏ ကျွမ်းကျင်မှုအား ကြည့်ကာ သူသည် လှည့်ထွက်သွားခဲ့သည် ။ သို့သော် သူသည် ဒုတိယစမ်းသပ်ခုံရှိရာသို့ မရောက်သေးခင်တွင် ရုတ်တရက် သူ၏ အနောက်ဘက်မှ ​အော်သံနှင့် အာမေဍိတ်သံတို့အား ကြားလိုက်ရသည် ။ ပရမ်းပတာဖြစ်နေသည့်ဘက်သို့ ကြည့်လိုက်ရာ စမ်းသပ်ဖန်ပြွန်သည် ပြိုကျသွားပြီဖြစ်သည် ။


   " အား...အရက်ပြန်မီးခွက်ကတောက်နေပြီ "


  နံပါတ် ( ၁ ) စမ်းသပ်နေရာသည် ပရမ်းပတာဖြစ်နေခဲ့သည် ။ ကျုံးယို့ယို့ဘေးတွင် ရပ်နေသော ထန်းရော့၏ အင်္ကျီအနားစသည် မီးစွဲသွားခဲ့ပြီး ထိုအရာသည် သူမ၏ လက်မောင်းနားသို့ပင် အလျင်အမြန်ရောက်သွားခဲ့သည် ။ သူမသည် အလွန်ထိတ်လန့်ကာ အော်ငိုလာခဲ့သည် ။ ကျုံးယို့ယို့သည် အလျင်အမြန်ပင် အဖုံးအား ယူလိုက်ကာ အရက်ပြန်မီးခွက်ပေါ်သို့ ဖုံးလိုက်သည် ။


 ထိုအချိန်တွင် သူတို့ဘေးတွင် ရှိနေသေးသော ကျောင်းသားတော်တော်များများသည် ပေါက်ကွဲမှုကြောင့် ကြောက်ရွံ့သွားကြပြီး ထိတ်လန့်သွားကာ ငှက်များ တိရစ္ဆာန်များကဲ့သို့ပင် ထွက်ပြေးကုန်ကြသည် ။


  ကြီးကြပ်သူ နံပါတ် ( ၁) သည် ကြောက်ကြောက်လန့်လန့်ဖြင့်ပင် အပြေးအလွှားဖြစ်နေခဲ့သည် ။ ထိုအချိန်တွင် ကျုံးယို့ယို့သည် စိုထိုင်းနေသော အဝတ်စုတ်အား ယူကာ ထန်းရော့၏ အင်္ကျီအနားစကို ပတ်ပေးလိုက်ပြီး သူမအား လက်ဆေးကန်သို့ ဆွဲခေါ်သွားခဲ့သည် ။ အချို့သည် မီးသတ်ဆေးဘူးအား ယူလာကာ ကံကောင်းစွာဖြင့်ပင် မီးသည်  မပျံ့နှံ့သေးပင် ။


   ရုတ်တရက်ပြောင်းလဲမှုများသည် ဓါတ်ခွဲခန်းတစ်ခုလုံးအား ထိတ်လန့်စေခဲ့သည် ။ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် ကျောင်းသားအတော်များများသည် စာသင်ခန်းသို့ ပြန်သွားခဲ့ပြီး နံပါတ်(၁) နေရာနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေကြသည် ။


   အနောက်ဘက်တံခါးသည် ပိတ်ထားခဲ့ပြီး ထိုအချိန်တွင် သူတို့သည် အလွန်ကြောက်ရွံ့နေခဲ့မိသည် ။

လူအားလုံးသည် ကြောက်လန့်ကာ ပြေးလွှားခဲ့ကြသည် ။


" ဘာဖြစ်တာလဲ "  အခြားအခန်းစောင့်ဆရာမနှစ်ယောက်သည် အလွန်ထိတ်လန့်သွားကာ သူတို့၏ မျက်နှာများပင် ပြောင်းလဲနေကြပုံပေါ်သည် ။ သူတို့ကြီးကြပ်နေသော အချိန်တွင် ထိုကဲ့သို့ကိစ္စမျိုးဖြစ်ပေါ်လာလျှင် မဖြစ်မနေ အပြစ်ပေးခံရမည် ဖြစ်သည် ။


   နံပါတ်(၁) ကြီးကြပ်ရေးဆရာသည် ထန်းရော့၏ လက်မောင်းအား ကာလိုက်ကာ ချက်ချင်းပင် ပြောလာခဲ့သည် ။ " ဘာဖြစ်တာလဲ ။ချက်ချင်းဆေးရုံကို ဖုန်းဆက်ပြီး လာခဲ့ဖို့ပြောလိုက် ။ ဒီကလေး အရေပြားလောင်သွားလား ကြည့်ဖို့လိုတယ် "


    ဆောင်းဦးနှင့် ဆောင်းရာသီနှောင်းပိုင်းတွင် လေသည် အလွန်ခြောက်သွေ့နေပြီး အနားစကိုထိမိသွားလျှင်တောင်မှ မီးသည် အလျင်အမြန်ပင် ကူးစက်သွားလိမ့်မည် ဖြစ်သည် ။


    အခြားကျောင်းသားများ ဘာမှမဖြစ်လျှင် ထိုအရာသည် အဆင်ပြေပြီး အကယ်၍ ထန်းရော့သည် တစ်ခုခုဖြစ်ခဲ့လျှင် သူတို့စားဖို့(တာဝန်ယူ)ပင် မတတ်နိုင်မှာကို စိုးရိမ်မိသည် ။


   ထန်းရော့သည် အလွန်ကြောက်လန့်သွားကာ အလွန်ပင် အားနည်းသွားခဲ့သည် ။ သူမ၏ အပေါ်ဝတ်အင်္ကျီသည် အနက်ရောင်သို့ပင် ပြောင်းသွားကာ သူမ၏ အင်္ကျီအနားစကို ဆွဲထားသောအချိန်တွင် သူမသည် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည် ။ ဘာတွေဖြစ်သွားခဲ့သည်ကို သူမ မသိဘဲ  သူမသည် အလျင်အမြန်ပင် အခြားကျောင်းသားနှစ်ယောက်၏ ကူညီပေးခြင်းခံရပြီး ဆေးရုံသို့သွားခဲ့ရသည် ။ အရင်၂နှစ်တွင် ဓါတ်ခွဲစမ်းသပ်မှုသည် လုံခြုံခဲ့ပြီး ယခုနှစ်တွင် ထိုသို့ ပြဿနာကြီးဖြစ်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ပေ ။


    ထန်းရော့၏ အင်္ကျီလက်အနားစမှ လောင်ကျွမ်းသွားသည့် အပေါက်အားကြည့်ကာ ကျုံးယို့ယို့၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည် ။ သူမသည် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဖေးယွင်ကို အေးစက်စွာပင် စိုက်ကြည့်နေခဲ့သည် ။


 " ဘာဖြစ်တာလဲ ။ အခုပဲ နင်ဓါတ်ခွဲမှုလုပ်နေခဲ့တာလေ " ဆရာမသည် ထန်းရော့ကို အဝေးသို့ပို့ပြီးသည့်နောက်တွင် သူမသည် အခြားကျောင်းသားများ ထိခိုက်ဒဏ်ရာမရခဲ့သည်ကို စစ်ဆေးခဲ့ပြီး ထို့နောက်တွင် သူမသည် အေးစက်စွာဖြင့်ပင် ကျုံးယို့ယို့ဘက်သို့ ဒေါသတကြီးလှည့်လာခဲ့သည် ။


" အရက်ပြန်မီးခွက်က လောင်သွားပြီ ။ နင်ဒီဟာကို ဘယ်လိုလုပ် အတန်းဖော်ကိုတောင် လောင်သွားအောင် လုပ်လိုက်တာလဲ "


   ကြီးကြပ်သူနံပါတ်(၁)သည်လည်း မျက်မှောင်ကြုတ်နေခဲ့သည် ။ သူသည်လည်း ထိုအရာအတွက် တာဝန်ရှိပေသည် ။ ယခုတွင်ပင် သူသည် ကျုံးယို့ယို့အား ကျွမ်းကျင်သည်ဟု တွေးခဲ့ပြီး ထို့ကြောင့် သူသည် သူမ အားကြည့်မနေခဲ့ပေ ။ သို့သော် သူသည် ဤမိန်းကလေးတွင်  မတော်တဆဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ ။


  " အဲ့တာကျွန်မ မဟုတ်ဘူး " ကျုံးယို့ယို့သည်လည်း အလွန်ဒေါသထွက်နေခဲ့သည် ။ သူမသည် သေချာမမြင်ခဲ့ကာ စမ်းသပ်မှုအား ကောင်းစွာလုပ်ဆောင်နေခဲ့ပြီး ဘယ်ဘက်တွင်ရှိနေသော အရက်ပြန်မီးခွက်သည် ဘာကြောင့် ရုတ်တရက်ကြီး လောင်ကျွမ်းသွားပြီး ထန်းရော့ကိုပင် တိုက်ရိုက်လောင်ကျွမ်းသွားခဲ့သည်လဲ ။



" နင်မဟုတ်ရင် ဘယ်သူဖြစ်နိုင်အုန်းမှာလဲ ။ ဒါဆို ဘယ်လိုဖြစ်ရတာလဲ "  ကြီးကြပ်သည့်ဆရာမသည် အလွန်ဒေါသထွက်လာခဲ့သည် ။


   ဤမတော်တဆတွင် သူတို့ကြီးကြပ်သူသုံးယောက်လုံးသည် အပြစ်ပေးခံရမည် ဖြစ်သည် ။


ချက်ချင်းပင် အားလုံး၏ အကြည့်များသည် ကျုံးယို့ယို့ပေါ်သို့ ကျရောက်လာခဲ့သည် ။ ကျုံး​ယို့ယို့၏ အရှေ့မှ နေရာသည် အနက်ရောင်အဖြစ်သို့ လောင်ကျွမ်းသွားခဲ့ပြီး ထိတ်လန့်စွာ ကြည့်မိနေကြသည် ။ သို့သော် ယခုပင် အကူအညီယူရသော ထန်းရော့သည် ဘယ်လောက်ပင် ထိခိုက်သွားမလဲဆိုတာကို သူတို့မသိချေ ။ သူမသာ အမှန်တကယ် လောင်သွားခဲ့မည်ဆိုလျှင် ထိုအရာသည် အဆုံးသတ်ပြီဖြစ်သည် ။ ဘယ်လိုတောင် ထိတ်လန့်ဖို့ ကောင်းရတာလဲ ။ အဲ့တာက ရည်ရွယ်ချက်ရှိရှိ လုပ်တာများလား ။


    အခြားကျောင်းမှ တစ်စုံတစ်ယောက်သည် တီးတိုးပြောလာခဲ့သည် ။

  " အကယ်လို့အဲ့တာက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးဆိုရင်တောင်မှ အဲ့တာက အရမ်းရူးမိုက်တာပဲ ။  တစ်ကယ်လို့ သူက ဓါတ်ခွဲမှုကို မလုပ်နိုင်ဘူးဆိုရင်တောင်မှ မတော်တဆဖြစ်နိုင်စရာမှ မရှိတာ "


  ကျုံးယို့ယို့၏ ကျောင်းမှသူများသည် သူမအား ကာကွယ်ပေးလိုသော်လည်း အချက်အလက်များနှင့် ပက်သက်၍ သူတို့ ဘယ်လိုလုပ်ရမည်ကို မသိကြပေ။ သူတို့သည် အချင်းချင်းကြည့်လိုက်ကာ ကျုံးယို့ယို့သည်  ခဏတာမျှ စိတ်ပျံ့လွင့်သွားခဲ့သည်လားဟု ထင်မိကြသည် ။


   တစ်စုံတစ်ယောက်သည် မတ်တပ်ရပ်ကာ ပြောလာခဲ့သည် ။  " မေ့လိုက်ပါ ၊ သူမက အဲ့တာကို မရည်ရွယ်ပါဘူး "


  ထိုစကားလုံးသည် အမှတ်ဆယ့်သုံးကျောင်းမှ ထန်းရော့အား သိသည့်သူများကို ဒေါသထွက်စေခဲ့ပြီး ရုတ်တရက်ပြောလာကြသည် ။ " မတော်တဆဆိုတာ ဘာကိုပြောတာလဲ ။ မင်းတို့ အထက်တန်းလွှာကျောင်းကသူတွေက ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတာပဲ ။ သူက ငါတို့ကျောင်းက ကျောင်းသူကို ဒီလိုဖြစ်စေခဲ့ပြီး သူ့ရဲ့ အင်္ကျီအနားစတွေတောင်မီးစွဲသွားတာလေ ။ ပထမတစ်ခါ အပြစ်လုပ်တာက ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ဘူးဆိုရင် အဲ့တာကို ပေါ့ပေါ့တန်တန်လုပ်လို့ရတာလား ။ "


  အပြင်ဘက်ရှိ ကျောင်းသားများသည် ကျုံးယို့ယို့ မည်သူဖြစ်သည်ကိုပင် မသိကြချေ ။ သူတို့သည် ကိုယ်ကျင့်တရားဘက်တွင်သာ ရပ်တည်ကြသည် ။သူမသည် လှပသော်လည်း အေးစက်စွာရပ်နေသည်ကို ကြည့်ရသည်မှာ သူတို့သည် ထိုအရာအား သူမ၏ ပြဿနာဟုသာ တွေးခဲ့သည် ။ သူမသည် အခြားသူများကို လောင်ကျွမ်းအောင်လုပ်ခဲ့ပြီး တည်ငြိမ်စွာပင် ရပ်နေနိုင်သေးသည်လား ။အရမ်းကို အေးစက်နေတဲ့ပုံပဲ ။ အနည်းငယ် ညှာတာမှုလေးတောင် မရှိဘူးလား ။ သူမသည် အလွန်လှသောကြောင့် မာနကြီးနေသည့်ပုံရသည် မဟုတ်လား ။



  ကျုံးယို့ယို့သည် နံပါတ်(၁)စမ်းသပ်ခုံနေရာမှ အခြားကျောင်းသား လေးယောက်အားကြည့်လိုက်ကာ " နင်တို့ထဲက ဘာဖြစ်သွားတာလဲဆိုတာ ဘယ်သူမြင်လိုက်လဲ "


 ဤမတော်တဆမှုသည် ဖေးယွင်နှင့် ပက်သက်နေရမည်ဟု သူမ၏ မသိစိတ်ထဲမှ အလိုလိုခံစားနေမိသည် ။ သို့သော် ထိုအရာအား သူမ အချိန်ခဏပင် မတွေးနိုင်ခဲ့ချေ ။ ဖေးယွင်သည် သူမနှင့် ထောင့်ဖြတ်အနေအထားတွင် မျက်နှာချင်းဆိုင်ရှိနေခဲ့ပြီး သူမကိုယ်သူမ ခုံနေရာနှင့် အနည်းငယ် ခပ်ခွာခွာနေနေသည် ။ သူမဘယ်လိုများ အရက်ပြန်မီးခွက်ကို လောင်ကျွမ်းအောင် လုပ်နိုင်ခဲ့တာလဲ ။


   ယောကျ်ားလေးနှစ်ယောက်သည် ရှက်ရွံ့စွာဖြင့်ပင် ပြောလာကြသည် ။ " ငါတို့အားလုံး နင်ဘယ်လိုလုပ်လဲဆိုတာပဲကြည့်ပြီး အာရုံမစိုက်မိခဲ့ဘူး ။ နင်ထန်းရော့ကို မေးလိုက်တာရော ဘယ်လိုလဲ "


  အမှတ်ဆယ့်သုံးမှ ကျောင်းသားများသည် ဒေါသထွက်စွာပြောလာကြသည် ။

   " ငါတို့ကျောင်းက ထန်းရော့က အရမ်းကြောက်တတ်တာ သူမကို မေးလို့ဘယ်လိုလုပ်ရမှာလဲ "


  ကြီးကြပ်သူဆရာမ နံပါတ် ( ၃) သည် ကျုံးယို့ယို့ အမှားလုပ်ခဲ့သည်ကို တွေ့ခဲ့ပြီး သူမသည် အခုထိ မတောင်းပန်လာသေးပေ ။ သူမအား မရိုက်နိုင်လောက်ကာ အလွန်ပင်ခေါင်းမာနေခြင်းဖြစ်သည် ။ သူမသည် ကျုံးယို့ယို့ လုပ်တာဟုပင် ထင်မိသည် ။ ထိုကဲ့သို့ ချောမောသော မိန်းကလေးသည် အလှပန်းအိုးတစ်လုံးသာဖြစ်ပြီး သူမ ထိုအဆင့်မြင့်သော ပြိုင်ပွဲအား ဘယ်လိုဝင်ရောက်လာခဲ့သည်ကို မသိပေ ။


  ကျုံးယို့ယို့က သက်သေကို လိုချင်နေတာမဟုတ်လား ။ ဒါဆို သူမက တွေ့ခဲ့တဲ့ မျက်မြင်သက်သေအား ခေါ်ထုတ်ပေးလိုက်မည်ဖြစ်သည် ။


  သူမကျယ်လောင်စွာ အော်ပြောလိုက်သည် ။ "အခုလေးတင် ဘယ်သူတွေ့လိုက်သေးလဲ မတ်တပ်ရပ်ပြီး ပြောကြစမ်း "


  ထိုအချိန်တွင် မဝံ့မရဲဖြစ်နေသော အသံသည် ပေါ်ထွက်လာခဲ့သည် ။ အရောင်ဖျော့သောချည်သားကုတ်အင်္ကျီအားဝတ်ထားသည့် ဖေးယွင်သည် လက်ထောင်ကာ ကြီးကြပ်သူအားပြောလိုက်သည် ။ " ဆရာမ သမီးသေချာမြင်ခဲ့တယ် ။ အဲ့တာ နံပါတ်စဥ် (၃)အနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်တဲ့ကျောင်းသူ ကျုံးယို့ယို့က မတော်တဆဖြစ်သွားတာ ။ သူမက အရက်ပြန်မီးခွက်ကို တိုက်မိသွားတာ ။ အဲ့တာက အာရုံမစိုက်လို့ ဖြစ်သွားတာနေမယ် ။ သူမက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာတော့ မဟုတ်ဘူး "


  သူမ၏ အသံသည် ခြင်တစ်ကောင်၏ အသံထက်ပင် တိုးနေသော်လည်း ဓါတ်ခွဲခန်းတစ်ခုလုံး ကြားရရန် လုံလောက်ပေသည် ။


   ရုတ်တရက်ပင် စာမေးပွဲတစ်ခုလုံးသည် တစ်ယောက်ပြီးတစ်ယောက်၏ အသက်ရှူသွင်းသံများအား ကြားနေရသည် ။စက္ကန့်အနည်းငယ်စာလောက်ဆွေးနွေးမှုအပြီးတွင် ထိုအရာသည် လုံးဝကို ဆူပွက်လာခဲ့ပြီဖြစ်သည် ။ သူမက တစ်ကယ်ပဲ လုပ်ခဲ့တာလား ။ တစ်ယောက်ယောက်က အဲ့တာကို မြင်လိုက်တယ် ။


" တစ်ခြားတစ်ယောက်က တစ်ကယ်မရည်ရွယ်ခဲ့ဘူးပေါ့။ အတန်းထဲမှာ နင့်ရဲ့အတန်းဖော် မီးလောင်သွားခဲ့ရင် တာဝန်အပြည့်အဝ မယူသင့်ဘူးလား" အမှတ်ဆယ့်သုံးမှ ကျောင်းသားများသည် ဒေါသထွက်လာသည် ။


    ကျုံးယို့ယို့၏ အတန်းဖော်များသည် အလွန်ပင် အခက်တွေ့စေသည် ။ သူတို့သည် တစ်ဖက်လူများအား ကြည့်နေကာ တစ်ဖက်လူများသည်လည်းသူတို့ကိုကြည့်နေခဲ့သည် ။ သူတို့သည် ကြက်ပေါက်လေးကဲ့သို့ပင် တိတ်ဆိတ်နေခဲ့သည် ။ ဤကဲ့သို့သော ပရမ်းပတာအခြေအနေတွင် အခြားကျောင်းမှ ကျောင်းသားများ များစွာရှိနေပြီး သူတို့သည် သူမအတွက် အခြားသူများထံမှ ကာကွယ်မပေးနိုင်တော့ချေ ။


   သို့သော် ရုတ်တရက် မျက်မြင်သက်သေ ပေါ်လာပြီးနောက်တွင် သူတို့သည် ကျုံးယို့ယို့ဘက်မှ ရပ်တည်ပေးရန် ခက်ခဲလှသည် ။


    သူမသည် ဤရက်ပိုင်းအတွင်း အဆင့်ကောင်းများလုပ်ဆောင်ခဲ့သော်လည်း ထိုအရာသည် ခေတ္တမျှအမြန်လုပ်ဆောင်နိုင်မှုများသာဖြစ်သည် ။  သူတို့သည် စိတ်ထဲ၌ ဤပြိုင်ပွဲတွင် ကျုံးယို့ယို့သည် နေရာမရနိုင်လောက်ဘူးဟုထင်ခဲ့သော်လည်း သူမသည် ကိုရိုးကားယားနိုင်စွာပင် အရက်ပြန်မီးခွက်အား တိုက်ချပစ်လိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။


အာ..ဒါကသူတို့ကျောင်းကို အရှက်ရစေတာမဟုတ်ဘူးလား ။