အပိုင်း ၆၉
Viewers 11k

Chapter 69




ဤစာမေးပွဲအခန်းအတွင်းတွင် ကျုံးယို့ယို့၏ ကျောင်းမှ ကျောင်းသားအနည်းငယ်သာရှိသည် ။ ကျောင်းသားအများစုမှာ အခြားကျောင်းမှ ကျောင်းသားများဖြစ်ကြသည် ။ ထိုသူအကုန်လုံးသည် ကျုံးယို့ယို့အား ရှူတ်ချနေသကဲ့သို့ကြည့်လာကြသည် ။  အချို့သောသူအနည်းငယ်သည် ကျုံးယို့ယို့အား လှပသည်ဟု တွေးကြသော်လည်း ဤကိစ္စတွင် သူမအမှားပြုလုပ်ခဲ့သည်ဖြစ်သည် ။ အမှားအား မတောင်းပန်ရုံသာမကဘဲ ကျိုးကြောင်းမသင့်လျော်စွာဖြင့် ကြိုးပမ်းသေးသည် ။


   ထိုအနားတစ်ဝိုက်တွင် ဆွေးနွေးမှုများ ရှိနေပြီး ကျုံးယို့ယို့သည် ထိုအဖွဲ့အား တစ်ချက်ကြည့်ကာ သူမသည် ကြောက်ရွံ့မနေပေ ။ ဤတိုက်ပွဲသည် ဌာနမှူး သူမအား ဖိအားပေးတုန်းကနှင့်ယှဥ်လျှင် အသေးအမွှားသာဖြစ်သည် ။


   သူမသည် ဖေးယွင်ဆီသို့လျှောက်သွားကာ သူမအားစိုက်ကြည့်ပြီး သရော်လိုက်သည် ။

" နင့်နာမည်ကဘာများလဲ ။ ဖေးယွင် ဟုတ်တယ်မလား ။နင်တွေ့ခဲ့တယ်လို့ နင်ပြောတယ်နော်။ နင့်မှာဘာသက်သေရှိလဲ ။ "


   ဖေးယွင်သည် ကျုံးယို့ယို့အားကြည့်ကာ ခဏတာလောက် မှင်သက်သွားခဲ့ပြီး သူမသည် တုန်ရီလာခဲ့သည် ။ 

" ငါ့မှာ သက်သေမရှိဘူး ။ ငါဒီတိုင်းပဲ တွေ့လိုက်တာ   ။ တစ်ကယ်တမ်းတော့ နင်ရည်ရွယ်ပြီး လုပ်တာမှမဟုတ်ဘဲ ၊ ဒီတိုင်းတောင်းပန်လိုက်စမ်းပါ ။ ဘာလို့ အပင်ပန်းခံပြီး ..."


  ကျုံးယို့ယို့သည် ဒေါသထွက်နေလျက်ပင် ပြုံးလိုက်ကာ " နင်ခုထိ ဟန်ဆောင်နေတုန်းလား "


" ကောင်းပြီ ကျုံးယို့ယို့က အဲ့တာကို သူ့အမှားလို့မထင်ဘူး ။ဒါကြောင့် မော်နီတာကိုပဲ ကြည့်ကြရအောင် "  ထိုသို့ပြောခဲ့သည်မှာ ကျုံးယို့ယို့၏ ထက်မြက်သော ဓါတ်ခွဲမှုဖြစ်စဥ်ကို တွေ့ခဲ့သည့် ကြီးကြပ်သူ နံပါတ် ( ၁) ပင်ဖြစ်သည် ။


  သူသည် ကျုံးယို့ယို့၏ ဓါတ်ခွဲမှုအားကြည့်ခဲ့ရပြီး သူမအနေဖြင့် ထိုအရက်ပြန်မီးခွက်အား တိုက်ချရန်မှာ မဖြစ်နိုင်ဟု တွေးမိသည် ။ ဤမိန်းကလေးသည် ထိုကဲ့သို့အဆင့်နိမ့်သော အမှားမျိုးအား ပြုလုပ်လိမ့်မဟုတ်ဟု ခံစားနေမိသည် ။


   မော်နီတာသည် စာသင်ခန်းအတွင်း ကျောက်သင်ပုန်း၏ အပေါ်တွင်ရှိနေသည် ။ ဆရာမသည် မော်နီတာထိန်းချုပ်ခန်းမှ တာဝန်ရှိသူများအား ဖုန်းဆက်ကာ စာသင်ခန်း၏ မော်နီတာစောင့်ကြည့်စစ်ဆေးမှုမှတ်တမ်းအား ပို့ပေးရန်ပြောလိုက်သည် ။သူသည် သူ၏ လက်ဆွဲကွန်ပြူတာအားထုတ်ကာ လွန်ခဲ့သောဆယ်မိနစ်မှ ဗီဒီယိုအား အစအဆုံးပြန်ကြည့်လိုက်သည် ။


  သို့သော် သူတို့သည် ဘာမှမမြင်နိုင်ချေ ။


   စောင့်ကြည့်စစ်ဆေးသည့် မော်နီတာသည် ဖေးယွင်မှ ပိတ်ရပ်ထားသကဲ့သို့ ဖြစ်နေသည် ။ စောင့်ကြည့်စစ်ဆေးမှုမှတ်တမ်းတွင် ကျုံးယို့ယို့၏ လက်မြှောက်လာသည်ကို သာတွေ့နေရသည် ။ ထို့နောက်တွင် အရက်ပြန်မီးခွက်သည် ပြုတ်ကျသွားပြီး မီးတောက်သည် ထန်းရော့ဘက်သို့ ကူးစက်သွားခဲ့သည် ။ထို့နောက် ထိုအရာသည် လောင်ကျွမ်းသွားခဲ့သည် ။ဤအရာအား ကြည့်ရသည်မှာ အမှန်ပင် ကျုံးယို့ယို့၏ အမှားဖြစ်ပုံပေါ်သည် ။


  နံပါတ် (၃)စောင့်ကြပ်စစ်ဆေးသူဆရာမသည် ဒေါသထွက်စွာဖြင့်ပင် ကျုံးယို့ယို့အား အပြစ်တင်လာခဲ့သည် ။

" နင်အခုထိ အငြင်းပွားချင်နေတုန်းလား ။  ကြည့် ၊အဲ့တာက နင်လုပ်ခဲ့တာပဲ မဟုတ်ဘူးလား "


   နံပါတ်(၁) စောင့်ကြပ်စစ်ဆေးသူဆရာသည် ကျုံးယို့ယို့၏ တင်းမာသော မျက်နှာထားအားကြည့်ကာ ဖျောင်းဖျလာခဲ့သည် ။

" မေ့လိုက်ပါတော့ ။ အခြားသူတွေ လုံခြုံဖို့က အရေးကြီးဆုံးပဲလေ ။ အတန်းဖော် ကျုံးယို့ယို့ ဆရာနဲ့လိုက်ခဲ့ပါ "


" ခဏစောင့်ပါအုန်း " ကျုံးယို့ယို့သူမ၏ နှုတ်ခမ်းထောင့်စွန်းအား ချိတ်ဆွဲကာ ရယ်သွမ်းသွေးနေသကဲ့သို့ ပြုံးလိုက်သည် ။သူမသည် ဖေးယွင်အား အေးစက်စွာစိုက်ကြည့်လိုက်ပြီး ပြောခဲ့သည် ။" ငါလုပ်တယ်ဆိုတာ နင်သေချာတယ်ပေါ့ "


 ကျုံးယို့ယို့ ထိုကဲ့သို့မေးခွန်းအား ဘာကြောင့် မေးလာသည်ကို ဖေးယွင်မခန့်မှန်းတတ်ချေ ။ကျုံးယို့ယို့သည် ဘယ်လိုကြောင့် ထိုက်ရှန်းကဲ့သို့ပင် တည်ငြိမ်စွာနေနိုင်နေသနည်း ။အဲ့တာက သူမ လုံးဝကို ကြောက်ရွံ့မှုမရှိတာများလား ။


" ဟုတ်တယ် ။ စောင့်ကြည့်စစ်ဆေးတဲ့မော်နီတာမှာ အကုန်ပေါ်နေတာပဲ မဟုတ်ဘူးလား "

  သူမသည် ကျုံးယို့ယို့ သူမထံသို့စိုက်ကြည့်နေခြင်းအား အနည်းငယ်ထိတ်လန့်နေမိသည် ။သူမ၏ လက်ချောင်းများအား တင်းတင်းဖိထားကာ တည်ငြိမ်အောင် လုပ်နေခဲ့သည် ။

" နင်မဟုတ်ဘူးဆိုရင် ဘယ်သူလုပ်မှာလဲ ။ ငါအကုန်မြင်ခဲ့တာ "


  ကျုံးယို့ယို့သည် သူမအား တည့်တည့်ပင်ကြည့်လိုက်ကာ စကားလုံးများအား ထုတ်ပြောလာခဲ့သည် ။

" ဖေးယွင်  နင်မြင်ခဲ့တယ်ဆိုတာ သေချာလား ။ နင်ရှင်းရှင်းလင်းလင်းမြင်ခဲ့လား "


 ဖေးယွင်သည် သူမ၏သွားများအား တင်းတင်းစေ့ထားကာ သူမ၏ နေရာမှ ထကာ ကျယ်လောင်စွာပင် ပြောလာခဲ့သည် ။

" ဟုတ်တယ် ငါမြင်ခဲ့တယ် ။ အဲ့တာ နင်ပဲ ။ နင်လုပ်ခဲ့တာ "


  ဓါဆ်ခွဲခန်းအတွင်းရှိ အလျှော့မပေးမှု နင့် ဆွေးနွေးမှုများကြားတွင် သူမသည် ကျုံးယို့ယိုအား ထိတ်လန့်ပြီး ကြံရာမရဖြစ်နေလိမ့်မည်ဟု ထင်ခဲ့သည် ။ သို့သော် သူမသည် ကျုံးယို့ယို့အား နှုတ်ခမ်းများကွေးညွှတ်ထားပြီး လူရွှင်တော်ကဲ့သို့ပင် သူမအား ကြည့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။


" ကောင်းပြီ " ကျုံးယို့ယို့ လှောင်ရယ်လိုက်သည် ။သူမသည် ပြတင်းပေါက်အနားသို့ လျှောက်သွားကာ သူမထားခဲ့သော အိတ်ထဲမှ ဖုန်းအား ထုတ်ယူလိုက်သည် ။  ကြီးကြပ်သူသည် သူမဘာလုပ်နေသည်ကို မခန့်မှန်းနိုင်ခင်တွင်  တစ်ယောက်စာစင်မြင့်သို့သွားကာ အလျင်အမြန်ပင် ကြီးကြပ်သူ၏ ကွန်ပြူတာနှင့် သူမ၏ ဖုန်းအား ချိတ်ဆက်လိုက်ပြီး ကီးဘုတ်ပေါ်တွင် လက်ချောင်းများဖြင့် နှစ်ချက်မျှ နှိပ်လိုက်သည် ။ ထို့နောက်တွင် စင်မြင့်အောက်မှ ဝိုငိယာကြိုးအား ထုတ်ကာ ချိတ်ဆက်လိုက်သည် ။


  အားလုံးသည် သူမဘာလုပ်နေကြသည်ကို မသိခဲ့ပေ ။


  ကျုံးယို့ယို့၏ ကျောင်းမှ ကျောင်းသားအနည်းငယ်ကသာလျှင် အနောက်တွင်ရပ်နေပြီး စိတ်လှုပ်ရှားစရာကောင်းသည့်အရာကို အနည်းငယ်အနံ့ခံမိနေကြသည် ။


သူတို့သည် ကမ္ဘာကြီးအားအမှောင်ဖုံးစေနိုင်သည့် ကျုံးယို့ယို့ နှင့် ဌာနမှူးကြားရှိ တိုက်ပွဲအား ကြည့်ခဲ့ပြီးဖြစ်သည် ။


   ကျုံးယို့ယို့သည် မည်သည့်အခါမှ ကြောက်ရွံ့နေခြင်းမရှိဘဲ အခြားသူများမှ သူမအား မှားယွင်းစွပ်စွဲလာခြင်း ၊ အနိုင်ကျင့်လာခြင်းတို့အား သည်းခံလိမ့်မည်မဟုတ်ပေ ။ ဤအခြေအနေသည် ပြောင်းပြန်လှန်သွားဖို့ရန် ဖြစ်နိုင်ချေရှိပါ့မလား ။


တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ မျက်လုံးများအား စိတ်လှုပ်ရှားမှုကြောင့် ကျယ်ကျယ်ဖွင့်ထားကာ ရုတ်ချည်းပင် ကျုံးယို့ယို့အား ယုံကြည်လာခဲ့သည် ။


   သူတို့သည် ကျုံးယို့ယို့အား မထိန်းထားသည်ကို ကြည့်လိုက်ကာ အမှတ်ဆယ့်သုံးမှ ကျောင်းသားများသည် စိတ်လှုပ်ရှားမှုအား ရုတ်တရက်ခံစားလာမိကြသည် ။သူတို့အားလုံးသည် အထက်တန်းလွှာကျောင်းမှ ကျောင်းသားအုပ်စုအား မည်သို့ဖြစ်လာမည်ကို အလွန်ပင် စိတ်ဝင်စားလာကြသည် ။ သင်ခန်းစာများရှိလာလေမလား ။


  ကြီးကြပ်သည့်ဆရာမသည် မျက်မှောင်ကြုတ်ကာ အနည်းငယ်ဒေါသထွက်လာခဲ့သည် ။" အတန်းဖော် ကျုံးယို့ယို့ အခြားသူတွေရဲ့ အချိန်တွေကို မနှောင့်နှေးစေနဲ့ ။ နင်..."


 စကားလုံးများမဆုံးသေးခင်တွင် စင်မြင့်အနောက်ဘက်ရှိ ကျောင်သင်ပုန်းတွင် ဗီဒီယိုသည် အလင်းပြန်လာကာ မျက်နှာပြင်ပုံရိပ်များ ပေါ်လာခဲ့သည် ။


   ကျုံးယို့ယို့ ထိုဗီဒီယိုအား မည့်သို့ပင် ရိုက်ကူးခဲ့ပါစေ ၊ စာမေးပွဲအခန်း၏ စည်းကမ်းများအား မည်သို့ပင် ချိုးဖောက်ခဲ့သည် ဆိုပါစေ ဤဗီဒီယို၏ အကြောင်းအရာအား အရင်ဆုံးကြည့်သင့်ပေသည် ။


  ထိုအရာသည် စာမေးပွဲခန်းထဲရှိ လူအားလုံးအား မှင်သက်သွားစေခဲ့သည် ။


  ထိုဗီဒီယိုသည် ပြတင်းပေါက်၏ ဘောင်အောက်ခံရှူထောင့်မှ ရိုက်ကူးခဲ့သည်အား သူတို့မြင်နိုင်ပေသည် ။ထိုအရာသည် ကျုံးယို့ယို့ ဓါတ်ခွဲသည့်နေရာနှင့် မျက်နှာချင်းဆိုင်ပင်  ဖြစ်သည် ။ အဲ့တာအမှန်ပဲ ။ သူမ၏ ဓါတ်ခွဲမှုသည် လုံးဝချောမွေ့နေကာ ကျောင်းမှ စင်းလုံးချောဆရာသည်ပင်လျှင် ကြက်သေသေသွားမိကာ အရှက်ရမိခဲ့သည် ။ ထို့နောက်တွင် အားလုံးအား ထိတ်လန့်စေသော အရာသည် ပေါ်ထွက်လာခဲ့သည် ။


  သူတို့သည် ပြတင်းပေါက်ဘောင်အား မျက်နှာမူနေသော ဖေးယွင်သည် အလျင်အမြန်ပင် အရက်ပြန်မီးခွက် တင်ထားသော လင်ဗန်းအား တိုက်ချပစ်လိုက်သည်ကို တွေ့ခဲ့ရသည် ။


    ထိုအရာသည် လုံးဝ မတော်တဆဖြစ်သွားခြင်း မဟုတ်ပေ ။


လှုပ်ရှားမှုသည် မြန်ဆန်သော်လည်း ထိုအရာသည် အနည်းငယ်လေးနေခဲ့သည် ။အဆုံးတွင် သူမသည် ထိုအောက်ခံပြားအား တိုက်ချရန် အချိန်အနည်းငယ်ယူခဲ့ရသည် ။


 ထို့နောက်တွင် ချက်ခြင်းပင်  အရက်ပြန်မီးခွက်သည် မီးတောက်သွားပြီး အောက်သို့ပြုတ်ကျသွားခဲ့သည် ။ ကျုံးယို့ယို့သာ အနောက်ဆုတ်လိုက်ပြီး လျင်မြန်သော အမြင်ဖြင့် ထိုအရာအား မဖမ်းခဲ့လျှင် သူမသည် ယခုတွင် လောင်ကျွမ်းသွားမည့်သူဖြစ်နေပြီး စမ်းသပ်ခန်းတစ်ခန်းလုံး မီးလောင်သွားမည်ကိုပင် ကြောက်ရပေသည် ။


  နောက်တစ်စက္ကန့်တွင် မျက်နှာပြင်ပေါ်တွင် ထန်းရော့အော်နေသည်အား ပေါ်လာခဲ့ပြီး အစုအဝေးတစ်စုလုံးသည် ပရမ်းပတာဖြစ်နေခဲ့သည် ။


......


အားလုံးသည် တစပြင်ကဲ့သို့ပင် တိတ်ဆိတ်သွားခဲ့သည် ။


သေစမ်း ။တစ်ကယ်ကို ပြောင်းပြန်ဖြစ်သွားတာပဲ ။ ဘယ်လိုအခြေအနေကြီးလဲ ။

ထိုအရာသည် ကျူံးယို့ယို့၏ အမှားလုံးဝမဟုတ်ဘဲ ဖေးယွင်ဟု ခေါ်သော ကျောင်းသူသည် ရည်ရွယ်ချက်ရှိရှိပင် စွပ်စွဲခဲ့ခြင်းဖြစ်သည် ။


တမင်ရည်ရွယ်ကာ အပြစ်ဖို့ခဲ့ခြင်းပင် ။အဲ့တာက အရမ်းကြမ်းကြုတ်တာပဲ ။ဘယ်လိုမကျေနပ်ချက်နဲ့ မုန်းတီးမှုမျိုးလည်း ။


 ကျုံးယို့ယို့အား ဆွဲထားသော ကြီးကြပ်သူဆရာမသည်လည်း ရပ်သပ်ရှူမောဖြစ်နေခဲ့သည် ။ ထိုအရာသည် ဤကဲ့သို့ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ ။ထိုအရာသည် စိတ်ကူးကြည့်ရန်ပင် ထိတ်လန့်စရာကောင်းပေသည် ။ ဤသို့ဆိုလျှင် ထိုကဲ့သို့ အရှုပ်များအား ပြုလုပ်ခဲ့သော ဖေးယွင်သည် အခြားသူများအား ဘာကြောင့် စွပ်စွဲခဲ့ပါသနည်း ။


  တစ်ခန်းလုံးသည် ဖေးယွင်အား အံ့အားသင့်စွာကြည့်လာကြသည် ။


   ရုတ်ချည်းပင် ဖေးယွင်၏ ကမ္ဘာသည် ရှုပ်ထွေးမှုများအဖြစ်ပြောင်းလဲသွားခဲ့သည် ။ သူမ၏ သွားများသည်ပင် တုန်ရီလာကာ သူမသည် အခြားသူများ၏ မျက်လုံးများအား ကြည့်ရန်ပင် ကြောက်ရွံ့လာခဲ့သည် ။ စင်မြင့်တွင်ရှိနေသော ကျုံးယို့ယို့အား ကြည့်ကာ သူမ၏ ခြေလက်များသည် တုန်ရီနေခဲ့သည် ။


အဲ့တာက ဘယ်လိုဖြစ်သွားတာလဲ ။ ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ပြီးများရှိနေရတာလဲ ။ကျုံးယို့ယို့သည် အနာဂတ်ကိုပင် ကြိုမြင်နိုင်ခြင်းများ ဖြစ်နိုင်မည်လား ။


   စင်မြင့်ပေါ်တွင်ရပ်နေရင်း ကျုံးယို့ယို့သည် အားလုံးအားကြည့်လိုက်ကာ နောက်ဆုံးတွင် အေးခဲနေသော ဖေးယွင်၏ အကြည့်များထံသို့ ကျရောက်သွားခဲ့ကာ ရည်ရွယ်၍ပင် မေးလိုက်သည် ။


 "ဖေးယွင်လို့ခေါ်တဲ့ ကျောင်းသူ ၊ နင်အခုနကပဲ ဘာပြောခဲ့လဲ ။ငါလုပ်ခဲ့တယ်ဆိုတာ နင်ရှင်းရှင်းလင်းလင်းကို မြင်လိုက်တယ်ဆို ။ ငါလုပ်ခဲ့တာလား ။ "


"...."  ဖေးယွင်၏ မျက်နှာသည် စာရွက်ဖြူတစ်ရွက်ကဲ့သို့ပင် ဖြူဖျော့လာခဲ့သည် ။သူမသည် လူအများကြားတွင် သေဒဏ်စီရင်ခံလိုက်ရသကဲ့သို့ပင် လူဘယ်လောက်များများသည် ကျုံးယို့ယို့အား ကာကွယ်ပေးနေသကဲ့သို့ ကြည့်နေခဲ့ကြပြီး ယခုတွင် သူမကိုတော့ မယုံကြည်နိုင်သော ၊ ရွံစရာကောင်းသော အကြည့်များဖြင့် ကြည့်နေခဲ့သည် ။


   အဆုံးတွင် ကျုံးယို့ယို့သည် လှောင်ရယ်လာခဲ့ပြီး ဒေါသအနည်းငယ်အား ထုတ်ပြလာခဲ့သည် ။ထို့နောက် ကီးဘုတ်ပေါ်ရှိ ခလုတ်အား နှစ်ချက်မျှနှိပ်လိုက်သည် ။ ဗီဒီယိုထဲတွင် ဖေးယွင်၏ အရက်ပြန်မီးခွက်အား တိုက်ချလိုက်သော လှုပ်ရှားမှုသည် အနှေးပြကွက်ဖြင့် အစမှ တစ်ဖန်ပြန်စကာ ပြသနေခဲ့သည် ။ 


  သူမသည် ဖေးယွင်မည်သူဖြစ်သည်ကို မှတ်မိသွားခဲ့သည် ။ ဝတ္ထုထဲတွင် မုန့်ချန်၏ ယောကျ်ားနှင့် ဆွေမျိုးတော်သည့်သူအနေဖြင့် ခေတ္တမျှပါလာခဲ့သူသည် သူမအား အမှန်တစ်ကယ်ပင် လှည့်စားရဲခဲ့သည် ။ သူသည် ငယ်စဥ်အခါတုန်းက သခင်ကြီးယန်အား အမှန်တစ်ကယ်ပင် မသိရှိခဲ့ပါ ။