အပိုင်း၇၀
Viewers 11k

Chapter 70




ကြီးကြပ်သူ နံပါတ်(၃) ၏ မျက်နှာသည် ပြင်းထန်စွာ နာကျင်နေသည့်ပုံရသည် ။သူမသည် ဖေးယွင်အား အလွန်ဒေါသထွက်နေခဲ့ပြီ ဖြစ်သည် ။ထိုရိုးသားပုံပေါ်သော နယ်မြို့မှ မိန်းကလေးအား ထိုသို့လုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။ သူမသည် ထိုကဲ့သို့ လှည့်စားမှုများအား တိတ်တဆိတ်လုပ်ရဲခဲ့ပြီး သူမအား ကျောင်းသားများရှေ့တွင် ဦးနှောက်မဖွံ့ဖြိုးသည့်သူကဲ့သို့ဖြစ်အောင် လုပ်သွားခဲ့သည် ။


  သူမသည် ချက်ချင်းပင် ဖေးယွင်အား ဒေါသတကြီး လက်ညှိုထားလိုက်ကာ " နံပါတ် ( ၁ ) ပါ၀င်ယှဥ်ပြိုင်သူ  ၊ ဖေးယွင် ။ ဟုတ်တယ်မလား ။ ဒီဗီဒီယိုထဲမှာ နင်ဘာလုပ်နေတာလဲဆိုတာကို ရှင်းပြပေးနိုင်မလား ။ ဒီလိုလုပ်ရင် ဘယ်လိုအကျိုးဆက်ဖြစ်လာမလဲဆိုတာကိုရော နင်သိရဲ့လား ။ အဲ့တာက လောင်မြိုက်သွားတာ ဒါမှမဟုတ် စမ်းသပ်ခန်းတစ်ခန်းလုံးကို လောင်ကျွမ်းသွားစေမယ်ဆိုရင် နင်ဘာလုပ်မှာလဲ ။ နင်က တော်တော် သတ္တိကောင်းနေတာပဲ ။ "


  ဖေးယွင်၏ မျက်နှာသည် ဖြူတစ်လှည့် နီတစ်လှည့်ဖြစ်နေခဲ့သည် ။သူမသည် အသက်အား မြန်မြန်ရှူနေခဲ့ကာ " ကျ..ကျွန်မ.."


    ကျုံးယို့ယို့သည် ထိုကဲ့သို့ အညှာအတာကင်းမဲ့သောပုံစံဖြစ်သည်ကို သူမမည်သို့သိမည်နည်း ။သူမ သည် ဘယ်သူမှမသိအောင်ပင် ဗီဒီယိုအား ခိုးရိုက်ခဲ့သည် ။ ထိုအရာအားတွေးမိသောအခါ သူမထိတ်ထိတ်လန့်လန့်ဖြင့်ပင် အော်ဟစ်လာခဲ့သည် ။


" ကျုံးယို့ယို့  နင်က ဖုန်းကိုမပိတ်ထားရုံတင် မဟုတ်ဘဲ ကင်မရာတောင် ဖွင့်ထားသေးတယ် ။ နင်ကခိုးချချင်နေတာလား "


" ဒီက အတန်းဖော်၊ နင့်ဦးနှောက်က ပျက်နေတာလား ။ ဖုန်းက ဗီဒီယိုကိုပဲ ဖွင့်ထားခဲ့တာ ။ သူမက ဘယ်လိုလုပ်ပြီး ခိုးချလို့ရမှာလဲ ။ ကျုံးယို့ယို့သာ အဲ့တာကို ပိတ်ဖို့ မေ့မသွားခဲ့ဘူးဆိုရင် အခုချိန်မှာ သူမက အမှုဆင်ခံရပြီး ကြိမ်းမောင်းခံနေရမှာတောင် ကြောက်ရတယ် ။ "

  သူမအား ပြန်လည်ချေပခဲ့သည့်သူမှာ ကျုံးယို့ယို့မဟုတ်ဘဲ မခံမရပ်နိုင်ဖြစ်ကာ ပြန်လည်ချေပလာသည့်သူမှာ အမှတ်ဆယ့်သုံးကျောင်းမှ ကျောင်းသူဖြစ်သည် ။


    မတော်တဆမှုဖြစ်ခဲ့လျှင် မည်သို့အပြစ်ဒဏ်ပေးခံရမည်ကို ဆရာအတော်များများသိကြသည် ။ သူတို့အားလုံးသည် ဒေါသထွက်ကာ ပြစ်ဒဏ်ပေးခံရမည်ကို စိုးရိမ်နေကြသည် ။


   ဖေးယွင်သည် တစ်ကိုယ်လုံးတုန်ရီလာကာ ရှိုက်ကြီးတငင်ငိုကြွေးလာခဲ့သည် ။ စမ်းသပ်ခန်းတစ်ခန်းလုံးသည် မတူညီသော အကြည့်များဖြင့်ကြည့်လာကြပြီး သူမ၏ ခေါင်းကိုပင် မဖော်ရဲခဲ့ပေ ။


သူမသည် ထိုဝေဖန်ချက်များ ကြားနေခဲ့ရသည် ။


" ဒီကျောင်းသူက လုံးဝကို အရှက်မရှိတာပဲ ။သူမက အရက်ပြန်မီးခွက်ကို ရည်ရွယ်ချက်ရှိရှိတိုက်ချပြီး သူခိုးဖမ်းဖို့ တစ်ခြားသူကိူသူခိုးလို့တောင် ခေါ်ခဲ့သေးတယ် ။ ကျုံးယို့ယို့ကို အမှုဆင်ခဲ့တာ ။ ဘာကြောင့်များ မကျေမနပ်ဖြစ်ပြီး အပင်ပန်းခံ နေရတာလဲ ။အဲ့တာက တစ်ခြားမိန်းကလေးရဲ့ အလှအပကို မနာလိုနေတာပဲ မဟုတ်ဘူးလား ။ "


" ဒီလိုအလုပ်မျိုးကို လုပ်ရဲတဲ့ မိန်းကလေးမျိး ငါ့ဘဝမှာ ဒါပထမဦးဆုံးတွေ့ဖူးတာပဲ ။ဒီမိန်းကလေးက တစ်ကယ်ကို ကြောက်စရာပဲ "


ဤမှတ်ချက်များသည် သူမ၏ မျက်နှာအား ပြင်းပြင်းထန်ထန်ဖြတ်ရိုက်နေသကဲ့သို့ပင် ဖေးယွင်ခံစားလိုက်ရသည် ။ သွေးစွန်းနေသော လက်ဗွေရာသည် ကျန်ရှိနေခဲ့ပြီ ဖြစ်သည် ။


  စင်မြင့်ပေါ်ရှိ ဗီဒီယိုသည် အဖန်တလဲလဲ ပြသနေပြီး မြင်ကွင်းသည် ချဲ့ထားကာ သူမ၏ မသိုးမသန့်ဖြစ်နေသော လက်များနှင့် အကြည့်များသည် မျက်နှာပြင်ပေါ်တွင် သေချာပြသနေခဲ့သည် ။ သူမ အလွန်ပင် အရှက်ရခဲ့သည် ။


" အခုဘာလုပ်မလဲ " ကျုံးယို့ယို့သည် တစ်ဖက်သို့လှည့်လိုက်ကာ သူမဘေးတွင်ရပ်နေသော ကြီးကြပ်သူနံပါတ် (၁) အား အေးစက်စွာပင် မေးလိုက်သည် ။


  ကြီးကြပ်သူနံပါတ်(၁) ၏မျက်လုံးထဲတွင် ရှုပ်ထွေးသော အကြည့်များ ရှိနေခဲ့သည် ။ သူသည် တစ်နေ့တွင် ထိုကဲ့သို့ ဆန်းကြယ်သောကိစ္စများကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။ ကျောင်းသူတစ်ယောက်အနေဖြင့် သူမသည် စာသေချာမလုပ်လျှင် သူမ၏ လမ်းကြောင်းသည် ဖြောင့်မတ်နေလိမ့်မည်မဟုတ်ပေ ။


 သူသည် မျက်မှောင်ကြုတ်ကာ ရွံရှာနေသောအကြည့်ဖြင့် ဖေးယွင်အား ကြည့်လိုက်ပြီး ပြောခဲ့သည် ။

"  ပထမဆုံးအနေနဲ့ ပြောချင်တာ မင်းဂရုမစိုက်ဘူးဆိုရင် မင်းက ဒီစာမေးပွဲအတွက် အရည်အချင်း

ပြည့်ဝမှုရှိမှာမဟုတ်ဘူး ။ ဒါပေမဲ့ အခုတော့ သက်သေတွေအားလုံးရှိနေပြီး အားလုံးလည်း တွေ့ပြီးသွားကြပြီ ။ မင်းက ဒီစစ်ဆေးချက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ "


ကျုံးယို့ယို့သည်လည်း မေးလာခဲ့သည် ။

 " ရည်ရွယ်ချက်ရှိရှိ တစ်ခြားပြိုင်ပွဲဝင်ကို ဒဏ်ရာရစေခဲ့တာ ၊ ရည်ရွယ်ချက်ရှိရှိပဲ နောက်ထပ်ပြိုင်ပွဲဝင်တစ်ယောက်ကို အမှုဆင်ခဲ့တာ ပြီးတော့ စာမေးပွဲရဲ့ စည်းကမ်းတွေကို ဖောက်ခဲ့တာ ။အဲ့တာတွေအကုန်လုံးက သူမကိုထုတ်ပစ်ဖို့ လုံလောက်ရဲ့လား "


" ထုတ်ပစ်သည် " ဟူသည့် စကားလုံးထွက်လာသည်နှင့် စမ်းသပ်ခန်းတစ်ခန်းလုံးသည် အံ့အားသင့်သွားရသည် ။


   ဤမိန်းကလေး ကျုံးယို့ယို့သည် အလွန်ရက်စက်သည် ။


  ဖေးယွင်သည် ပို၍ပင် ဖြူဖျော့လာခဲ့သည် ။ အကယ်၍ လူအများကြီးသာ ရှိမနေခဲ့လျှင် သူမချက်ချင်းပင် ဒူးထောက်ပြီး တောင်းပန်လိုက်နိုင်သည် ။ သူမ၏ ခြေထောက်များသည် အားနည်းလာခဲ့ပြီး စားပွဲခုံအား အားပြုထားကာ သူမ၏ ခေါင်းများပင် ကိုက်လာခဲ့သည် ။


" ငါကျောင်းမထွက်နိုင်ဘူး ။ လုံးဝ ကျောင်းထွက်လို့မဖြစ်ဘူး.."


သို့သော် ထိုအရာအားလုံးသည် ပြောနေလျှင်လည်း အခုတွင် အသုံးမဝင်တော့ပေ ။


  ကြီးကြပ်သူနံပါတ် (၁) သည်  ပြောလာခဲ့သည် ။


 " ဒီက အတန်းဖော် မင်းဘာလို့ အဲ့လိုအရာမျိုးကို လုပ်ခဲ့လဲဆိုတာ ငါမသိဘူး ။မင်းနဲ့ ဒီဘက်က ပြိုင်ပွဲဝင်တဲ့သူက တစ်ကျောင်းထဲက မဟုတ်ဘူး ။ဒီလိုအရာမျိုးက တစ်ကယ်ကို  အံ့ဖွယ်ပဲ ။ ကျောင်းဘက်က မင်းကျောင်းသူဖြစ်နေသရွေ့ ဘယ်လောက်သည်းခံပေးနိုင်သလဲဆိုတာကို သိသင့်တယ် ။ ဒါပေမဲ့ မင်းလူ့အသိုင်းအဝိုင်းထဲကို ဝင်ရပြီဆိုတာနဲ့ မင်းရဲ့ အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေကို အသိုင်းအဝိုင်းက သည်းခံပေးမှာမဟုတ်ဘူး "


သူသည် အေးစက်စွာပင် ပြောလာခဲ့သည် ။ 


" ငါဒီပြိုင်ပွဲ စီစဥ်သူကို အသိပေးလိုက်မယ် ။ မင်းရဲ့ အရည်အချင်းက ထုတ်ပယ်ခံရသင့်တယ် ။ကျေးဇူးပြုပြီး မင်းရဲ့ လွယ်အိတ်တွေကို ထုတ်ပိုးပြီးတော့ ငါနဲ့လိုက်ခဲ့ပါ ။ပြီးတော့ကို ရဲစခန်းမှာ မှတ်တမ်းလုပ်ဖို့ ဆက်သွယ်လိုက်ပါ "


"ပြီးတော့ မင်းရဲ့ ကျောင်းအတွက်လည်း ဒီကိစ္စနဲ့ပက်သက်ပြီး ဆရာမှတ်ချက်ရေးပေးလိုက်မယ် ။အဲ့တာက မင်းရဲ့ ကျောင်းက ကျောင်းအုပ်နဲ့ အတန်းပိုင်ဆရာမဆီကို ပို့ပေးမှာ ။ သူတို့က မင်းကိုဘယ်လိုစည်းကမ်းထုတ်မလဲဆိုတာကိုပဲ ကြည့်လိုက်တော့ ။ အကယ်၍  ကျောင်းသားတစ်ယောက်က အဲ့လိုအပြစ်မျိုးကို ကျူးလွန်ခဲ့မယ်ဆိုရင် သူမက ကျောင်းထုတ်မခံရဘူးဆိုရင်တောင်မှ အဲ့တာက အပြစ်ဒဏ်ကို ရှောင်လွှဲလို့မရလောက်အောင် ကြီးမားတဲ့ကိစ္စပဲဆိုတာ မှတ်ထားသင့်တယ် "


"...." ဖေးယွင်၏ ဦးနှောက်ထဲတွင် စကားသံများ ဆူညံနေပြီး သူမဘာမှပင် မတွေးနိုင်တော့ချေ ။


  အဲ့တာက ပြီးသွားပြီ ။ အရာအားလုံး ပြီးသွားပြီ ။

 သူမ၏ အထက်တန်းကျောင်းတစ်လျှောက်တွင် ထိုယွမ်ရှစ်ထောင်မျှသော ပမာဏအတွက် အစွန်းအထင်းကျန်ခဲ့ပြီ ဖြစ်သည် ။ ပုံမှန်အားဖြင့် သူမ၏ အဆင့်များနှင့် သူမသည် အဓိက တက္ကသိုလ်သို့ ချောချောမွေ့မွေ့သွားနိုင်မည်ဖြစ်ပြီး သူမသည် တစ်မိသားစုလုံး၏ မျှော်လင့်ချက်ပင်ဖြစ်သည် ။


  သူမ၏ အဒေါ်အား အပြစ်တင်မိသည် ။ ထိုအရာသည် သူမအဒေါ်၏ နှောင့်ယှက်မှုပင် ဖြစ်သည် ။သူမသည် ငယ်ရွယ်သော ကျောင်းသူတစ်ယောက်သာဖြစ်ပြီး ထိုကဲ့သို့သော ငွေပမာဏအား မြင်ဖူးခြင်းမရှိပေ ။သူမသည် ခဏတာ ဆွဲဆောင်ခံလိုက်ရသည် ။


   ဒီမိန်းမက သူ့ကိုအသုံးချနေပြီး သူ့ရဲ့ပိုက်ဆံတွေကို ဒီလိုနေရာမှာ အသုံးချနေတယ်ဆိုတာ ဦးလေးကရော သိရဲ့လား ။


  အခန်းမှ ထွက်သွားရန် ကြီးကြပ်သူထံမှ ခေါ်ဆောင်သွားခံရပြီး ကျုံးယို့ယို့ဘေးမှ ဖြတ်သွားခဲ့ရသည် ။ ဖေးယွင်သည် ဖြူဖျော့လာကာ သူမ၏ ခေါင်းအား မော့လာခဲ့သည် ။ ထို့နောက် ကျုံးယို့ယို့၏ အေးစက်သော အကြည့်များအား တွေ့လိုက်ရသည် ။ ဤမိန်းကလေး ကျုံးယို့ယို့တွင် ထိုကဲ့သို့ ရန်ကို ရန်ခြင်း တုံ့ပြန်တတ်သည့် စရိုက်မျိုးရှိနေလိမ့်မည်ဟု ဖေးယွင် ထင်မထားမိချေ ။အကယ်၍ သူမသာ သိခဲ့လျှင် ဒီလိုမျိုးသူမဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ ။ယခုတွင် သူမနောင်တရနေပြီ ဖြစ်သည် ။   


   ဖေးယွင်အား အဝေးသို့ခေါ်ဆောင်သွားပြီးသည့်နောက်တွင် စမ်းသပ်ခန်းထဲတွင် နောက်ဆက်တွဲအဖြစ် အံ့အားသင့်နေကြဆဲပင်ဖြစ်သည် ။


" ငါတို့ကျောင်းက ကျုံးယို့ယို့က ဓါတ်ခွဲမှုမှာ အဲ့လို ရူးမိုက်တဲ့ အမှားမျိုးလုပ်မှာမဟုတ်ဘူးဆိုတာ သိနေတယ် ။အခုလေးတင်ပဲ သူမကို ဘယ်သူက ပြင်းပြင်းထန်ထန်ကြိမ်းမောင်းခဲ့တာလဲ ။နင်တို့ အမှတ်ဆယ့်သုံးကကျောင်းသားတွေမှာ ဦးနှောက်ရောရှိကြသေးရဲ့လား ။ 


"  ကျောငိးသားများသည် တီးတိုးမပြောဘဲ မနေနိုင်ကြပေ ။ယခင်က သူတို့သည် အမှတ်ဆယ့်သုံးကျောင်းမှ စကားလုံးများဖြင့် ပိတ်ဆို့ခံရပြီး ပြန်မပြောနိုင်ဖြစ်ခဲ့ရသည် ။ယခုတွင်သူတို့သည် ငှက်ကုလားအုပ်များကဲ့သို့ပင် ကိစ္စများအား ကျောင်းမှ ကျုံးယို့ယို့၏ ကြည့်ကောင်းသောလုပ်ဆောင်ချက်များကြောင့် ပြောင်းပြန်လှန်နိုင်ခဲ့ပြီဖြစ်သည် ။ ဤကိစ္စတွင် သူမသည် သူတို့၏ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကာ ဂုဏ်သိက္ခာအား ပြန်လည်ဆောင်ယူလာနိုင်ခဲ့ပြီဖြစ်သည် ။


  အမှတ်ဆယ့်သုံးမှ ကျောင်းသားများသည် သူတို့၏ နှာခေါင်းများအား ပွတ်သပ်နေကြပြီး အားလုံးသည် အရှက်ရနေကြပြီဖြစ်သည် ။


  ထိုအရာသည် ယခုတွင် သူတို့၏ အမှားသာဖြစ်သည် ။သူတို့သည် အခြားသူအား မသေချာဘဲနှင့် ကြိမ်းမောင်းခဲ့သည် ။ သို့သော် သူတို့သည် သူတို့၏ ကျောင်းမှ ကျောင်းသူ မီးစွဲခံရသည်ကို တွေ့ခဲ့ရပြီး သူတို့အလျင်လိုနေခဲ့သည် မဟုတ်လား ။


   သို့သော် ဤမတော်တဆမှုအပြီးတွင် စာမေးပွဲခန်းတစ်ခန်းလုံးနှင့် အမှတ်ဆယ့်သုံးမှကျောင်းသားများသည် ကျုံးယို့ယို့၏ နာမည်အား အသေအချာပင် မှတ်မိနေခဲ့ပြီ ဖြစ်သည် ။ဤကိစ္စမဖြစ်ခင်တွင် ကျုံး​ယို့ယို့ မည်သူဖြစ်သည်ကို အမှန်ပင် မသိခဲ့ကြပေ ။ သူမ၏ အသွင်အပြင်ကို သာကြည့်ပြီး ဝေဖန်ခဲ့ကြကာ သူမထံတွင် အလှအပသာရှိပြီး အရည်အချင်းမရှိဘူးဟု ထင်ခဲ့မိသည် ။


  သို့သော် ယနေ့တွင်တော့ သူမသည် ကောင်းမွန်သော အလုပ်ကိုလုပ်ခဲ့ပြီး သူမ၏ ပုံစံသည် အလွန်ပင်ကြည့်ကောင်းပြီး အားကျစရာကောင်းနေခဲ့သည် ။


    စာမေးပွဲခန်းထဲတွင် ဆွေးနွေးမှုများ အများအပြားရှိနေပြီး အကြည့်များသည် ကျုံးယို့ယို့ပေါ်တွင် ကျရောက်နေခဲ့သည် ။


   ဗီဒီယိုအားပိတ်ပြီး ဖုန်းအားပြန်မသိမ်းခင်တွင် ကျုံးယို့ယို့သည် ကြီးကြပ်သူပြန်လာမည်ကို စောင့်နေခဲ့သည် ။


သူမသည် စိတ်ထဲဘာမျှရှိမနေကာ ခေါင်းအားမော့ကြည့်လိုက်ပြီး မဆင်မခြင်မပြုလုပ်ရန် ကိုယ့်ကိုယ်ကိုပြင်းပြင်းထန်သတိပေးနေသော ကြီးကြပ်သူဆရာမအား ခေါ်လိုက်သည် ။  " ကျွန်မရဲ့ စမ်းသပ်ချက်ရလဒ်တွေနဲ့ ပတ်သက်ပြီး ဘာလုပ်သင့်လဲ "


  ထိုဆရာမသည် ကျုံးယို့ယို့အား ကြည့်ရန် အလွန်မချင့်မရဲဖြစ်နေပြီး အခြားဆရာမတစ်ယောက်အား ပြောလိုက်သည် ။

" ဒီကလေးကို နင်ပဲ ရုံးခန်းအရင်ခေါ်သွားလိုက်ပါ ။သူမလည်း ထိတ်လန့်သွားလောက်တယ် ။အားလုံးပြီးစီးဖို့ဆိုရင် အနည်းငယ်စစ်ဆေးစရာတွေရှိနေအုန်းမှာ ။စာမေးပွဲကို ခဏတာ ရပ်ဆိုင်းထားရလိမ့်မယ် ။ အဲ့တာကိုတော့ နောက်မှဆက်ပြောကြတာပေါ့ "


 ကျုံးယို့ယို့တွင် ငြင်းဆန်စရာမရှိဘဲ ဆရာမနောက်သို့သာ လိုက်သွားခဲ့သည် ။


   စာမေးပွဲခန်းထဲတွင် ကြီးကြပ်သူတစ်ယောက်သာကျန်ခဲ့ပြီး သူမသည် အလျင်အမြန်ပင် လက်ထောက်အား ဆရာမနှစ်ယောက်အမြန်လွှဲပြောင်းပေးရန် ခန့်အပ်လိုက်သည် ။ အနားမရသေးသော စမ်းသပ်ခန်းအား ရပ်တန့်လိုက်ကာအခြားကျန်ရှိသော ကျောင်းသားများအား စမ်းသပ်မှုကို ဆက်လက်လုပ်ဆောင်စေခဲ့သည် ။ ကံကောင်းစွာဖြင့်ပင် နံပါတ်(၁) အုပ်စုဖြေဆိုသည့်နေရာသည် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့ပြီး အခြားဖြေဆိုသည့်စမ်းသပ်စားပွဲနေရာများသည် လုံခြုံနေသည် ။


  ကျုံးယို့ယို့သည် ကြီးကြပ်သူမှ ရုံးခန်းသို့ခေါ်ဆောင်ပေးသွားခဲ့ပြီး လုပ်ဆောင်ချက်အစဥ်လိုက်အရ သူမသည် ဖြစ်ပျက်သွားသောအရာများအား ချရေးပေးရမည် ဖြစ်သည် ။ ဖေးယွင်၏ မှတ်တမ်းအားယူပြီးသွားသော စစ်ဆေးရေးရဲသည် သူမထံသို့လာကာ အနည်းငယ်ရိုးရှင်းသော မှတ်တမ်းများအား ယူဆောင်သွားခဲ့သည် ။


   ရဲသည် သူမအား ကြင်နာစွာပင် ဆက်ဆံပေးခဲ့သည် ။


  ရဲသားနှစ်ယောက်သည်ပင် အနည်းငယ်မှင်သက်သွားခဲ့သည် ။အချို့သောကျောင်းသားများသည် စာမေးပွဲတွင် အမှန်ပင် ဤသို့သော အလုပ်မျိုးကို လုပ်ဆောင်ခဲ့သည် ။ကံအားလျော်စွာဖြင့်ပင် ထိခိုက်ဒဏ်ရာရခဲ့သော ကျောင်းသူသည် ဆေးရုံတွင် စစ်ဆေးခဲ့ပြီး သူမသည် အပြင်းအထန်ထိခိုက်ခြင်းမရှိကာ သူမ၏ အရေပြားသည် အနည်းငယ် အပူဟပ်သွားခဲ့ပြီး လက်မောင်းတွင် နီရဲနေခြင်းသာရှိခဲ့သည် ။ ဆေးအနည်းငယ် ထည့်ပေးရုံမျှနှင့် လုံလောက်ပြီဖြစ်သည် ။မဟုတ်လျှင် စစ်ဆေးမှုတွင် ပြင်းပြင်းထန်ထန်ထိခိုက်သွားသည်ဆိုပါက ရာဇဝတ်ပြစ်မှုမြောက်လိမ့်မည်ဖြစ်သည် ။


" ဒါကြောင့် မင်းတို့အထက်တန်းကျောင်းသားတွေကို အမြဲပြောခဲ့တယ် ။ အကယ်၍ တစ်စုံတစ်ခုကို လုပ်မယ်ဆိုရင် ဥပဒေတွေကို ပိုဖတ်ထားသင့်တယ်လို့ ။ ဒါက ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင်လုပ်တဲ့ ပြစ်မှုပဲဆိုတာ မသိကြဘူးလား ။ သူတို့အကုန်လုံးက အရွယ်ရောက်ပြီးသား ဆယ့်ရှစ်နှစ်အရွယ်တွေပဲ ဖြစ်နေပြီ သူတို့က အခုထိ ခေါင်းရှုပ်ပြီး မဆင်မခြင်နမော်နမဲ့တွေလုပ်နေတုန်းပဲ ။ "


  သူတို့ပြောခဲ့သောအရာများသည်ဖေးယွင်ကြားစေရန် ဖြစ်ပြီး သင်ခန်းစာအနေဖြင့် မှတ်ယူသင့်သည် ။မဟုတ်လျှင် သူမသည် လူ့အသိုင်းအဝိုင်းမှ ထုတ်ပယ်ခံရပြီး အန္တရာယ်ပေးသော အသားပို ပင်ဖြစ်လာလိမ့်မည် ။


  ဖေးယွင်သည် ဖြူဖျော့နေသော မျက်နှာနှင့် ထောင့်တွင်သာ ထိုင်နေခဲ့ပြီး သူမ၏ ခေါင်းအား မော့မလာခဲ့ချေ ။


  မှတ်တမ်းအားအဆုံးသတ်ပြီးသည့်နောက်တွင် ကျုံးယို့ယို့သည် ဆေးရုံအားသွားကာ ထန်းရော့ဆီသို့သတင်းမေးသွားခဲ့သည် ။ထန်းရော့သည် ပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့သော်လည်း သူမ၏ သဘာဝအတိုင်းပင် ကြောက်ရွံ့နေခဲ့သည် ။သူမသည် ဤကဲ့သို့ အသစ်အဆန်းများအား ကြုံတွေ့လိုက်ရသောအခါ ကြောက်လန့်ခဲ့ရပြီး သူမ၏ မျက်လုံးများသည်လည်း နီရဲကာ ဖောင်းနေခဲ့သည် ။


  ကျုံးယို့ယို့သည် သူမအား စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးခဲ့သည် ။  

  

   ထန်းရော့သည် အလွန်စိတ်ထိခိုက်နေရသော်လည်း ထိုအချိန်အား သူမ ရှင်းရှင်းလင်းလင်းမြင်နိုင်သေးသည် ။ ကျုံးယို့ယို့သာ အလျင်အမြန် အရက်ပြန်မီးခွက်ကို အဖုံးဖုံးပြီး သူမအား အဝေးသို့ဆွဲမခေါ်သွားခဲ့လျှင် သူမလောင်ကျွမ်းသွားမည်ကိုပင် စိုးရိမ်ရသည် ။ ထို့နောက်တွင် အခြေအနေသည် ယခုကဲ့သို့ အသေးအဖွဲပင် ဖြစ်တော့မည်မဟုတ်ဘဲ အနီရောင်အဆင့်ကဲ့သို့ အရေးပေါ်ဖြစ်သွားလိမ့်မည် ။


    ဖြစ်ခဲ့သည်များကို နားထောင်ပြီးသွားသောအခါ သူသည် ကျုံးယို့ယို့အား အလွန်ကျေးဇူးတင်နေခဲ့သည် ။


    ဖေးယွင်၏ မှတ်တမ်းသည် ပြီးစီးရန် အချိန်နှစ်နာရီထက်ပင် ပိုယူခဲ့ရသည် ။ အဘယ်ကြောင့်ဆိုလျှင် သူမသည် တရှုံ့ရှုံ့သာ ငိုနေခဲ့ပြီး တစ်လမ်းလုံး ဘာမှမပြောခဲ့သောကြောင့် ဖြစ်သည် ။သူမအား မှတ်တမ်းယူရန် ခေါ်ဆောင်သွားသော ကြီးကြပ်သူသည် အလွန်စိတ်မရှည်ဖြစ်လာသည် ။သူမသည် ဤအချိန်တွင် ခုံအား ဆွဲထုတ်ကာ  ပုံမှန် ချရေးနေခဲ့ပြီဖြစ်သည် ။ကိစ္စများအပြီးတွင် ဖေးယွင်သည် သူမ၏ကျောင်းသို့ ပြန်ပို့ခံရမည် ဖြစ်သည် ။


  ဖေးယွင်သည် ငိုနေခဲ့ပြီး နောက်ဆုံးတွင် မှတ်တမ်းသည် ပြီးစီးသွားခဲ့ပြီဖြစ်သည် ။

  

   နှစ်နာရီကြာပြီးသည့်နောက်တွင် ဓါတုဗေဒဓါတ်ခွဲမှုအားလုံးသည် ပြီးစီးသွားခဲ့ပြီ ဖြစ်သည် ။သူမတို့ကျောင်းမှ ခေါင်းဆောင်ဆရာမသည် ထိုအရာအား ကြားပြီးသည့်အခါ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး သူမ၏ မျက်လုံးများသည် တင်းမာနေကာ ကြောက်လန့်စရာကောင်းနေခဲ့သည် ။


" ဖေးယွင် နင်ကငါတို့ကျောင်းရဲ့ ထိပ်တန်းကျောင်းသူတစ်ယောက်ပဲ ။ နင်ဘာလို့ ဒီလိုအလုပ်မျိုးကို လုပ်ခဲ့ရတာလဲ ။မေ့လိုက်တော့ ။ ပြန်ပြီးမှ ဆက်ပြောကြမယ် "


  ကောင်းကင်ကြီးတစ်ခုလုံးသည် လည်နေကာ သူမ၏ ဘဝသည် လုံးဝပျက်စီးသွားခဲ့ပြီဟု ဖေးယွင်ခံစားလိုက်ရသည် ။


   ထိုအကြောင်းအရာသည် ပျံ့နှံ့သွားမည့်အချိန်သို့မရောက်သေးပေ ။သို့သော် အနည်းဆုံး သူမ၏ ကျောင်းရှိကျောင်းသားများကတော့ သိနှင့်နေပြီး ဖြစ်သည် ။အထူးသဖြင့် သူမ၏ ရည်းစားဖြစ်သည် ။ ဖေးယွင် ဘတ်စ်ကားပေါ်သို့ တက်သွားခဲ့ပြီး သူထိုနေရာတွင် စောင့်နေသည်ကို တွေ့လိုက်ရသည် ။သူမ၏ မျက်နှာသည် ဖြူဖျော့လာပြီး အမြန်ပင် ရှေ့သို့သွားလိုက်သည် ။


" ငါ.."


   သို့သော် သူမစကားပြောလို့မပြီးသေးခင်ပင် သူမ ရည်းစား၏မျက်နှာသည် သူမထက်ပင် ပို၍ ကြည့်ရဆိုးလာသည်ကို တွေ့လိုက်ရသည် ။ 


  သူသည် လှည့်ထွက်သွားခဲ့သည် ။


တူညီသော စာမေးပွဲခန်းမှ ထွက်လာကာ အရာအားလုံးအား မြင်တွေ့ခဲ့ပြီးနောက်တွင် သူမနှင့် တစ်ကျောင်းထဲမှ ကျောင်းသူသည် သူမဘတ်စ်ကားပေါ်သို့ တက်လာရဲသေးသည်ကို တွေ့လိုက်ရကာ ဖေးယွင်အား မပြောဘဲ မနေနိုင်လိုက်ချေ ။


" အဲ့တာက ငါတို့ကျောင်းအတွက် တစ်ကယ်အရှက်ရစရာပဲ "


   ဖေးယွင်၏ မျက်နှာသည် အရောင်ဖျော့နေခဲ့ပြီး မသိစိတ်ဖြင့်ပင် သူမ၏ ရည်းစားအား ကြည့်လိုက်ကာ  သူမအတွက် ရပ်တည်ပေးရန် ၊သူမအား ကာကွယ်ကာ ကူပြောပေးရန် မျှော်လင့်ချက်ဖြင့် တောင်းပန်နေခဲ့သည်သည် ။ သို့သော် သူသည် ဘတ်စ်ကား၏ နောက်ဆုံးတန်းတွင်သာ တိတ်တဆိတ်ထိုင်နေခဲ့ပြီး  သူမအား ခပ်ခွာခွာနေခဲ့သည် ။


  ဖေးယွင်သည် စိတ်ရှုပ်ကာ ဒေါသဖြင့် မုန်းတီးလာမိသည် ။သူမသည် ခေါင်းငုံ့ကာ ထောင့်တစ်နေရာကိုသာ ရွေးပြီး ထိုင်လိုက်သည် ။ ရုတ်တရက် သူမသည် အနီးနားရှိ တီးတိုးပြောနေသံတို့အား ကြားလာမိသည် ။


" ဒီလိုအလုပ်မျိုးမလုပ်ခင် ဖေးယွင်က ကျုံးယို့ယို့ဘယ်သူလဲဆိုတာ အရင်မရှာကြည့်ခဲ့တာလဲ ။ သူမ မသိခဲ့ဘူးလား "


ကျုံးယို့ယို့မှာ​ နောက်ခံကောင်းရှိတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ ။


ဖေးယွင်၏ နှလုံးသားသည် ကြပ်တည်းနေခဲ့ပြီး သူသည် ဖုန်းအားဖွင့်ကာ အလျင်အမြန်ပင် ကျုံးယို့ယို့ဟူသော စကားသုံးလုံးအား ရိုက်ရှာလိုက်သည် ။သူမ၏ အကြည့်များသည် မကြာသေးမီက သတင်းများသို့ ကျရောက်သွားသောအခါ သူမ၏ လည်ချောင်းထဲမှ သွေးအန်ထွက်တော့မည်ကို ခံစားနေရသည် ။ သူမအား တစ်ကြိမ်ထဲနှင့်ပင် မွန်းကြပ်စေခဲ့သည် ။


  သူမ၏ ရည်းစားသည် အထိတ်တလန့်ဖြင့် သူမအား ရှောင်ဖယ်သွားသည်မှာ အံ့သြစရာမရှိတော့ပေ ။ သူသည် ထိုအရာများတွင် ဝင်မပါချင်ခဲ့ပေ ။ သူသည် ထိုကဲ့သို့ အရာမျိုးအား တာဝန်ယူလိမ့်မည်မဟုတ်သည်ကို သူမ သိသည် ။သူမကတော့...


အဲ့တာကပြီးဆုံးသွားခဲ့ပြီ ။ သူမသည် လုံးဝအဆုံးသတ်သွားပြီဖြစ်သည် ....။