အပိုင်း၇၁
Viewers 12k

Chapter 71




ထိုအဖြစ်အပျက်သည် ကျုံးယို့ယို့အတွက် စာမေးပွဲအတွင်း မတော်တဆတစ်ခုသာလျှင် ဖြစ်သည် ။သို့သော် ဖေးယွင် နှင့် မုန့်ချန်ကြားရှိ ဆက်နွယ်မှုကိုတွေးမိလျှင် ဖေးယွင်လုပ်ခဲ့သော ရူးမိုက်သည့် လုပ်ရပ်များသည် မုန့်ချန်၏ အရိပ်အမြွက်ဖြစ်နိုင်ပေသည် ။ သူမသည် ယခုထိ ခံစားချက်ကောင်းမနေပေ ။  ဤမိန်းမ မုန့်ချန်သည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ပင် တစ်စုံတစ်ယောက်အား သူတို့မသိလိုက်ခင်တွင် ခုန်ထွက်လာပြီး ကိုက်လိုက်နိုင်သည် ။


  သူမသည် ကားတံခါးအား ဆွဲဖွင့်ကာ အထဲသို့ဝင်ထိုင်လိုက်သည်။ချင်းယောင်သည် သူမ၏ ခရီးဆောင်သေတ္တာအား ကားနောက်ဖုံးတွင် ထည့်ရန် ကူညီပေးလာသည် ။ ဧည့်သည်ခုံနေရာတွင် ထိုင်နေပြီး သူမ၏ နားထင်အား ပွတ်သပ်နေသည် တွေ့ရသည်မှာ အနည်းငယ်ပင်ပန်းနေပုံပေါ်သောကြောင့် ချင်းယောင်မေးလိုက်သည် ။

" ဘာဖြစ်လို့လဲ ။ စာမေးပွဲက  အဆင်ပြေရဲ့လား "


    ပြဿနာရပ်သည် စာမေးပွဲခန်းအတွင်းတွင်း ဖြစ်ပွားခဲ့ပြီး ထိုအကြောင်းအရာသည် ယခုထိ သတင်းမပျံ့သေးပေ ။ဆူညံမှုသည် မသေးသော်လည်း စာသင်ဆောင်အပြင်ဘက်တွင်ရှိနေသော သူများသည်တော့ မသိကြသေးပေ ။ ကျုံးယို့ယို့သည် ချင်းယောင်စိုးရိမ်နေမည်ကို မလိုလားသောကြောင့် သူမ၏ ခေါင်းအား ခါလိုက်ကာ

" အဲ့တာက ဘာမှမဟုတ်ပါဘူး "


  ချင်းယောင်သည် သူမအား ထိုင်ခုံခါးပတ်ပတ်ပေးလိုက်ပြီး လည်ပင်းအောက် ခံရသော ခေါင်းအုံးအားပေးလိုက်သည် ။

" ဒီပေါ်မှာမှီနေရင် ပိုပြီးသက်သောင့်သက်သာဖြစ်လိမ့်မယ် ။ "


    ကျုံးယို့ယို့ ထုတ်မပြောလျှင်တောင်မှ သူမ မုန့်ချန်အကြောင်းတွေးနေသည်ကို သူသိသည် ။


  ချင်းယောင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည် ။ ကျုံးယို့ယို့သည် အမြဲတမ်း အမှီအခိုကင်းသည့် သူတစ်ယောက်ဖြစ်သည် ။ တစ်ခါတစ်လေ သူသည် သူမအား ကူညီပေးချင်ပြီး သို့သော် သူကူညီပေးလျှင် သူမစိတ်အနှောင့်အယှက်ဖြစ်သွားမည်ကိုလည်း သူစိုးရိမ်မိသည် ။ ဥပမာအားဖြင့်ဆိုရလျှင် ပါပါးကျုံးထံသို့ သူမအတွက် ယွမ်သန်းကိုးဆယ်တိတ်တဆိတ်ပြန်ပေးခဲ့ပြီး တရားရုံးမှဆင့်ခေါ်စာများအကြောင်းကိုလည်း သူမ အားမပြောပြခဲ့ပေ ။ 


   သူသည် ပုံမှန်အတိုင်းပင် အရာအားလုံးအား သူကိုယ်တိုင်ဖြေရှင်းပေးချင်ပြီး သူမအား သူ့နောက်တွင်သာ ပုန်းကွယ်နေစေချင်သည် ။ သို့သော် သူမ၏ ပုံစံနှင့်ဆိုလျှင် ထိုအရာအားမလိုလားသည်ကို သူသိသည် ။ တစ်ခြားသူတစ်ယောက်၏ ကိစ္စများအား ကြားဝင်တာများလျှင် ထိုအရာသည် လူနှစ်ယောက်အား ကွာဟချက်တစ်ခု ဖြစ်လာပေလိမ့်မည် ။ 


  သို့သော်သူသည် မရပ်တန့်နိုင်သေးဘဲ သူမအား မေးလိုက်သည်။

" ကိုယ် မင်းကို ကူညီပေးနိုင်တာ တစ်ခုခုများရှိသေးလား "


  ကျုံးယို့ယို့သည် ပြုံးလိုက်ပြီး ထိုသူအား ကြည့်ရန် သူမ၏ ခေါင်းအားလှည့်ကာ မျက်တောင်ခတ်လိုက်သည် ။

" အင်းရှိတယ် ၊ ငါ့ကို အိမ်စာတွေ ကူလုပ်ပေး "


   ချင်းယောင် ရယ်ချင်သွားခဲ့ပြီး သူ၏ မျက်မှောင်ကြုတ်နေသော အနေအထားသည် အနည်းငယ်ပြေလျော့လာခဲ့ကာ သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများသည် အနည်းငယ် ကွေးညွှတ်သွားခဲ့သည် ။

" ဘာများခက်ခဲတာမို့လို့လဲ ။ကိုယ့်ကို နက်ဖြန် အိမ်စာတွေနဲ့ မေးခွန်းစာရွက်တွေ ယူလာခဲ့ပေး ။မနက်ဖြန် ကိုယ်အစည်းအဝေးသွားရင် ထုတ်ကုန်မန်နေဂျာက တိတ်တိတ်လေး ကူညီပေးလိမ့်မယ် "


" တစ်ကယ်လား ။ ဝိုး..အကိုချင်းယောင် ရှင်ကသိပ်ကြင်နာတတ်တာပဲ " ကျုံးယို့ယို့သည် တမင်တကာပင် ချင်းယောင်အား စိုက်ကြည့်နေခဲ့သည် ။


    ချင်းယောင်၏ နှလုံးသားသည် သူမ၏ စကားလုံးများကြောင့် တင်းကြပ်သွားခဲ့ပြီး အဝေးပြေးလမ်းမဘေးရှိ လယ်ကွင်းထဲသို့ မောင်းမိတော့မတက်ပင် ဖြစ်သွားခဲ့ရသည်။


"ပြဿနာမရှာနဲ့နော် "


 နေဝင်ချိန် မှောင်ရီပျိုးနေပြီး မိုးကုပ်စက်ဝိုင်းသည် အနည်းငယ်မှေးမှိန်နေကာ ကြယ်များသည် တလက်လက်တောက်ပလာခဲ့ပြီဖြစ်သည် ။ ချင်းယောင်အား စ နေသော အချိန်တွင် ကျုံးယို့ယို့၏ စိတ်ခံစားချက်သည် ပို၍ကောင်းလာခဲ့သည် ။သူမသည် ရှေ့မှ လမ်းကို ကြည့်လိုက်သည် ။ အဝေးပြေးကားအများကြီးရှိမနေဘဲ ပြန့်ပြူးသောလမ်းမကြီးသည် အဆုံးမရှိသည့် ပုံပေါ်သည် ။


  " ချင်းယောင် ငါနင့်အကူအညီကို လိုအပ်တဲ့အချိန်ကျရင် ငါအားနာနေမှာမဟုတ်ပါဘူး "  ကျုံးယို့ယို့သည် ရုတ်တရက် သူမ၏ နှုတ်ခမ်းထောင့်စွန်းအား  ကွေးကာ ပြောလာခဲ့သည် ။


" ဒါပေမဲ့ ငါ့ဘဝက စိန်ခေါ်မှုတွေ ရှိနေတာ "


" နင်လည်းမြင်တာပဲ ။လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ဆီလာသွားတဲ့ မိန်းမက ငါ့ကို ဆယ့်ငါးနှစ်လောက် စောင့်ရှောက်ထားတဲ့ အမေပဲ " ။ ကျုံးယို့ယို့ပြောလာခဲ့သည် ။ သူမ ဤနေရာသို့ ရောက်လာကတည်းက သူမသည် မူလကိုယ်အတွက် တစ်ခုခုပြုလုပ်ပေးရန် အစီစဥ်ချထားပြီးသားဖြစ်သည် ။

" ငါရှေ့နေ့ရှာနေတာ ။ နင်ကူညီပေးလို့ရမလား "


" ငါကိုယ်တိုင် သူ့ကို အကြီးဆုံးပြစ်မှုနဲ့ ထောင်ထဲကို ပို့ပေးမှာ "


   သူ၏ဘေးမှ မိန်းကလေး ထိုသို့ပြောလာသောအခါ သူ၏ မျက်နှာသည် မှေးမှိန်နေခဲ့ပြီး သူမထံတွင်တော့ မလိုလားအပ်သည့် အမူအရာများရှိမနေပေ ။


  သို့သော် ချင်းယောင်၏ နှလုံးသားသည် အနည်းငယ်နာကျင်နေခဲ့သည် ။


ကျုံးယို့ယို့သည် ထိုဆယ့်ငါးနှစ်အတွင်း ဘယ်လိုဖြတ်သန်းခဲ့ရသည်ကို သူ့အားမပြောပြခဲ့ဘူးပေ ။ထို့ကြောင့် သူလည်း ထိုအရာအား မပြောခဲ့ချေ ။သူမသည် အခြားမိန်းကလေးများနှင့် ကွဲပြားသည် ။ သူမသည် သူ၏ ကာကွယ်ပေးမှုအား လိုအပ်တဲ့ တစ်စုံတစ်ယောက်မဟုတ်ပေ ။ သူမသည် အသွားထက်သော ဓါးသွားကဲ့ပင် မှောင်မိုက်သောအချိန်များကို ဖယ်ရှားပြီးသောအခါ မလွှမ်းမိုးနိုင်ကာ ပို၍တောက်ပသည့် သူတစ်ယောက်ဖြစ်လာသည် ။ ဤအခြေအနေတွင်တော့ သူသည် သူမ၏ အကာအကွယ်ဖြစ်လာရန် လိုလားပေသည် ။


 ချင်းယောင် တိုးတိတ်စွာပင် ပြောလိုက်သည် ။

" ကောင်းပြီ ၊ ကိုယ်မင်း အတွက် အကောင်းဆုံးရှေ့နေရှာပေးမယ် "


  ကားအတွင်းတွင် ပူလာပြီး နွေးထွေးနေသည် ။ ကျုံးယို့ယို့သည် သူမ၏ ကုတ်အင်္ကျီအား ချွတ်လိုက်ကာ ဒူးခေါင်းအား ပွေ့ထားပြီး ဧည့်သည်ထိုင်ခုံနေရာတွင် ကွေးကွေးလေး နေနေခဲ့သည် ။သူမ ရေအနည်းငယ်ဆာလာသောကြောင့် သံဗူးအအေးအားယူလိုက်ကာ သောက်လိုက်သည် ။


  ချင်းယောင် ခဏတာမျှ ဘာမှမပြောလာသည်ကိုတွေ့သောအခါ သူမသည် ချင်းယောင်အား ကြည့်လိုက်သည် ။


  ချင်းယောင်သည် စတီယာရင်ဘီးအား တင်းတင်းဆုပ်ကိုင်ထားခဲ့ပြီး သူသည် ရှေ့သို့သာ တည့်တည့်ကြည့်နေခဲ့သည် ။ သူ၏ နှုတ်ခမ်းများသည် တင်းတင်းစေ့ထားပြီး မျက်နှာအမူအရာသည် အနည်းငယ်လေးလံနေသည့်ပုံပေါ်သည် ။


  ကျုံးယို့ယို့သည် ရယ်မောလာခဲ့ပြီး သူမ လက်များအား ဆန့်တန်းကာ သူ၏ ချောမောသောမျက်နှာအား ဖျစ်ညှစ်လာခဲ့သည် ။


 " ချင်းယောင် နင်ကနင့်မျက်နှာ ချောချောလေးကို ရှုံ့မဲ့ထားတာပဲ ။ တစ်ခုခုဖြစ်ခဲ့တာက ငါ့ဆီမှာဆိုတာထင်ရှားပါတယ် ။ နင်ကဘာလို့ ငါ့ထက်တောင် ပိုဝမ်းနည်းနေတဲ့ပုံပေါက်နေရတာလဲ ။ ပြီးတော့ နင်အရင်က အဲ့တာကို မမြင်ဘူးလို့လား ။ ရက်အနည်းငယ်လောက်တော့ မုန့်ချန် မကျေမနပ်ဖြစ်နေတာကို လွှတ်ပေးထားလိုက်အုန်းမယ် ။ ငါက အရမ်းအင်အားရှိပြီး ၊ အရမ်းလက်စားချေတတ်ပြီး ၊ အရမ်းလည်း ရက်စက်တာ ။ ငါ့ကို အနိုင်ကျင့်ချင်တဲ့ ဘယ်သူမဆို အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး ။အကယ်၍ တစ်စုံတစ်ယောက်က နတ်ဆိုးဖြစ်နေမယ်ဆိုရင်တောင်မှ ငါကသူတို့ထက် ပိုဆိုးပြလိုက်အုန်းမှာ "


   ချင်းယောင်သည် သူမအားစိုးရိမ်ခဲ့သော်လည်း သူ့ရင်ထဲမှ တုန်လှုပ်နေသော ခံစားချက်များသည် အဆုံးတွင် အနည်းငယ် လျော့ပါးသွားခဲ့သည် ။


  သူသည် ခဏတာမျှ တိတ်ဆိတ်နေခဲ့ပြီး သူ၏ အပြုံးအား အနည်းငယ်ပြလာခဲ့သည် ။ စတီယာရင်ဘီးအား လက်တစ်ဖက်ထဲဆုပ်ကိုင်ထားခဲ့ပြီး သူ၏ မျက်နှာအား မနားမနေဆွဲဆိတ်နေသော ကျုံးယို့ယို့၏ လက်အား ဖယ်ရန်  လက်ဆန့်တန်းလာခဲ့သည် ။ထို့နောက်တွင် သူမ၏ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်ပြီး " ဘာကို နတ်ဆိုးလဲ ။ မင်းက ယုန်ဖြူလေးလေ ။ ဘာမှရောင်းနေစရာတောင်မလိုဘူး ။ ကိုယ်က မင်းအတွက် နံ့သာပေါင်းကိုပါ မီးရှို့ပေးမှာ "


  ကျုံးယို့ယို့သည် အအေးသောက်နေရင်းပင် ပြောစရာမဲ့သွားခဲ့သည် ။ "....."


ယုန်ဖြူလေးလား ။ အကိုရေ ရှင်တစ်ကယ်ကြီးများပြောနေတာလား ။  နိုင်ငံခြားကျောင်းကို လူမိုက်တွေနဲ့လည်း ရောပစ်လို့ရပါတယ် ။ပြီးတော့ ငှက်ကျားအသိုက်ကို သိမ်းပိုက်ထားတဲ့သူကိုလည်း ဖယ်ရှားလိုက်လို့ရပါတယ် ။ ဒါပေမဲ့ မွေးစားအမေမုန့်ချန်ရဲ့ ဆိုးသွမ်းတဲ့ မိန်းကလေးကို ယုန်ဖြူလေးလို့ ခေါ်လိုက်တာကတော့ ရှင့်ရဲ့ ကြားခံနယ်အမြင်က အဆရှစ်ရာလောက်ပိုထူနေတာပဲ ဖြစ်ရမည် ။


   ချင်းယောင်၏ ကောင်းမွန်သောစကားတို့အား ကျေးဇူးတင်ပြီးသည့်နောက်တွင် ကျုံးယို့ယို့သည်ဘတ်စ်ကားအစုတ်အား စီးနေစရာမလိုတော့ဘဲ သူမပြန်ရောက်သောအခါတွင်လည်း ခရီးပန်းပြီး နေမကောင်းတာမျိုးမရှိတော့ပေ ။ သို့သော် အခြားအတန်းဖော်များသည်တော့ သူမ ကဲ့သို့ မပျော်နိုင်ကြပေ ။ သူတို့သည် နောက်တစ်ရက်ကျောင်းသို့မပြန်ခင် ဆောက်လုပ်မှုမကောင်းသော တက္ကသိုလ်အိပ်ဆောင်တွင် အနားယူရသည် ။ 


   ကျုံးယို့ယို့သည် သူမ၏ တိုက်ခန်းသို့ ပြန်လာခဲ့ပြီး ရေချိုးကန်ထဲတွင် အမြှုပ်ဆပ်ပြာလှလှလေးအား ပစ်ထည့်လိုက်ပြီး ရေနွေးနွေးဖြင့် သက်သောင့်သက်သာ အချိန်အနည်းငယ်ကြာအောင် ရေစိမ်နေခဲ့သည် ။


  နောက်တစ်ရက်သည် ပိတ်ရက်ဖြစ်သည် ။သူမသည် နောက်ကျသည်အထိ အိပ်ရန် စီစဥ်ထားပြီး သူမနိုးလာသောအခါတွင် ဦးနှောက်မှတ်ဉာဏ်နှင့်ဆိုင်သော " Extreme Brain " ပြိုင်ပွဲဆိုင်ရာ အချက်အလက်များအား ကြည့်နေခဲ့သည် ။လူတွေ့စစ်ဆေးပွဲသည် လွန်ခဲ့သော လဝက်ခန့်ကပင် စတင်ခဲ့ပြီး လူအပြည့်ဖြစ်ခဲ့သည် ။


  အာရုံစိုက်ခံရမှုသည် အရမ်းမမြင့်ဘဲ အံ့ဝင်ခွင်ကျစီမံထားသော ထုတ်လွှင့်မှုသည် ရုပ်သံလိုင်းနှစ်ခု၌သာရှိခဲ့သည် ။


   ကျုံးယို့ယို့သည် လူတွေ့စစ်ဆေးပွဲ၀င်ဖြေရန် အချိန်ဖြုန်းမနေခဲ့ပေ ။ သူမသည် မြို့နယ်အဆင့် သိပ္ပံဆိုင်ရာဒေသန္တရပြိုင်ပွဲတွင် အနိုင်ယူပြီး ပဏာမအဆင့်သို့ တိုက်ရိုက်ဝင်ရောက်ရန်စီစဥ်ထားခဲ့သည် ။


 သူမသည် သူမ၏ ညဝတ်အင်္ကျီအား ဝတ်ဆင်ထားပြီး ကွန်ပြူတာဖွင့်လိုက်သောအခါတွင် ဘေး၌ချထားသောဖုန်းသည် ကျယ်လောင်စွာ မြည်လာခဲ့သည် ။


ကျုံးယို့ယို့သည် အသီးအားလှီးနေပြီး ဖုန်းယူကာ တစ်ချက်ကြည့်လိုက်သည် ။ မရင်းနှီးသော ဖုန်းနံပါတ်ပင်ဖြစ်သည် ။ ထိုအရာသည် ရေ နှင့် လျှပ်စစ်အခွန်ခများ အရမ်းများနေသောကြောင့် သူမ ပေးဆောင်ရန် ဖုန်းဆက်လာခြင်းများလား ။ အသစ်ဝယ်ထားသော အိမ်သည် အချိန်အနည်းအငယ်ကြာအောင် နေခဲ့ပြီးဖြစ်ပြီး အရာအားလုံးသည်အဆင်ပြေသော်လည်း စျေးနှုန်းသည် အလွန်မြင့်ပြီး ဝန်ဆောင်ခအခွန်တို့သည်လည်း များသည် ။


  သူမသည် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲလိုက်သောအခါ ကြားလိုက်ရသည်မှာ

 "အစ်မ .."


"...." 

 ကျုံးယို့ယို့သည် မသိစိတ်ဖြင့်ပင် ဖုန်းချဖို့ပြင်လိုက်သည် ။ ကျုံးရှီယို့သည် တစ်ကယ်အံ့သြဖို့ကောင်းပေသည် ။ သူ၏ ဖုန်းနံပါတ်များသည် ပိတ်ထားခံရသည်ကို သိသောအခါ ယခုသူသည် ထပ်၍ကာရံတားဆီးလို့မရသည့် ဖုန်းနံပါတ်အသစ်အား သုံးလာခဲ့သည် ။


   သို့သော် ကျုံးယို့ယို့ ဖုန်းမချခင်တွင် တစ်ဖက်မှ ကျုံးရှီယို့၏ စိုးရိမ်နေသော အသံအား ကြားလိုက်ရသည် ။

" အစ်မ ၊ ပါးက သွေးဖိအားများပြီး ဆေးရုံတက်နေရတယ် ။ အစ်မအားလား ။ လာခဲ့ပါ ၊ သူကအခုအရေးပေါ်ခန်းထဲမှာ "


"...."


"ဘာလို့ရုတ်တရက်ကြီးလဲ " ကျုံးယို့ယို့သည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မေးလိုက်သည် ။

 " ဆရာဝန်ကရော ဘာပြောလဲ ။ အသက်အန္တရာယ်ရော စိုးရိမ်ရလား "


 ကျုံးရှီယို့သည် သူ၏အနောက်တွင်ရှိနေသော သူ၏ အဖေအား စိတ်လှုပ်ရှားစွာဖြင့်ပင် ကြည့်လိုက်သည် ။ ပါပါးကျုံးသည် လက်ခါပြလိုက်ကာ  ဖုန်းအားဖြေလိုက်ပြီး လူချင်း​တွေ့ကာ ပြောချင်နေခဲ့သည် ။


ကျုံးရှီယို့သည် ကျုံးယို့ယို့မလာမည်ကို တွေးမိကာ အသက်အန္တရာယ်မရှိဟု ဖြေရမည်ကို စိုးရိမ်နေခဲ့သည် ။ထို့ကြောင့် သူသည်အလျင်အမြန်ပင်ဖြေလိုက်သည် ။

" ဟုတ်တယ် ဆရာဝန်က အရမ်းအသက်အန္တရာယ်ရှိနေပြီလို့ပြောတယ် ။ အစ်မမြန်မြန်ပြန်လာခဲ့ပါ "


  ထိုအရာသည် အရမ်းကိုရုတ်တရက်ဆန်လွန်းသည်ဟု ကျုံးယို့ယို့ခံစားလိုက်ရသည် ။ ကျုံးပါပါးအား သူ၏ မွေးနေ့ပါတီတွင် နောက်ဆုံးအခေါက်ကတွေ့ခဲ့သောအခါ သူ၏ ခန္ဓာကိုယ်တွင် မူမမှန်သည်ကို မတွေ့ခဲ့ကာ ကျန်းကျန်းမာမာပင်ဖြစ်သည် ။ ထို့နောက် ဝတ္ထုထဲတွင်လည်း ကျုံးပါပါးသည် သွေးဖိအားနှင့်ပက်သက်သည့် ရောဂါရှိသည်ဟူသောအကြောင်းအရာ မပါမဝင်ပေ ။ ထိုသို့ဆိုလျှင် သူသည် ရုတ်တရက်ကြီး ဘာကြောင့်များ ဆေးရုံတွင် အဆုံးသတ်နေရတာလဲ ။


   ကျုံးယို့ယို့သည် ဤမိသားစုနှင့် ဘာမျှလုပ်စရာရှိမနေချင်ခဲ့ပေ ။ သူမ ထိုအိမ်မှ ထွက်လာခဲ့နှင့်ပြီး ဖြစ်သည် ။ထိုသူအား မွေးနေ့ပါတီတွင်သာ နောက်ဆုံးအကြိမ်တွေ့ခဲ့ပြီး အခုအချိန်အတော်အကြာအထိ ထိုသူတို့အား ထပ်မတွေ့တော့ပေ ။ သို့သော် ကျုံးပါပါးသည် အမှန်တကယ် အရေးပေါ်ဖြစ်နေလျှင် ၊ သူ၏ ဘဝသည် အန္တာရယ်ကြုံနေရလျှင်တောင်မှ သူမသွားပြီး ဘာဖြစ်နေသလဲဆိုသည်ကို ကြည့်ရမည်ဖြစ်သည် ။


   အနည်းငယ်တွန့်ဆုတ်နေခဲ့ပြီးနောက်တွင် ကျုံးယို့ယို့သည် ပြန်ဖြေလိုက်သည် ။ 

" ကောင်းပြီ ၊ ငါသန့်ရှင်းရေးလုပ်ပြီး ခဏနေလာခဲ့မယ် "


    ဤတွင်တော့ ကျုံးရှီယို့သည် ဖုန်းချသွားပြီးနောက်တွင် အနည်းငယ်အသက်ရှူမှားသွားကာ အလွန်ပျော်ရွှင်လာခဲ့သည် ။

" ပါး ၊ အစ်မကတစ်ကယ်သဘောတူလိုက်တယ် "


" တစ်ကယ်လာမှာတဲ့လား " ပါပါးကျုံးသည်လည်း အပျော်လွန်နေခဲ့သည် ။သူသည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ဘာပြောရမှန်းကိုပင် မသိတော့ချေ ။ သူသည် ဆေးရုံကုတင်အား အားပြင်းပြင်းရိုက်လိုက်ပြီး ခံစားချက်အပြည့်နှင့် ပြောလိုက်သည် ။


 " ကြည့်ရတာ ယို့ယို့က သူ့ရဲ့အဖေကို ဂရုစိုက်သေးသားပဲ ။ငါ့ကိုပြောစမ်းပါ ။ ငါအပြင်းအထန်နေမကောင်းဖြစ်နေတယ်ပြောတာ့ သူမက ဘယ်လိုတုံ့ပြန်ခဲ့လဲ ။ သူမ စိတ်ပူသွားသေးလား ။ သူမ ညတွင်းချင်းအပြေးလာဖို့အထိ စိတ်ပူသွားသေးလား ။ "


"...." ကျုံးရှီယို့တွင် ပြောစရာရှိမနေဘဲ " ပါးအရမ်းအတွေးများနေပြီ "


  ဤနည်းလမ်းသည် ကျုံးရှီယို့ရုတ်တရက်ရလိုက်သော အကြံပင်ဖြစ်သည် ။ကျုံးယို့ယို့ထွက်သွားပြီးနောက်တွင် သူတို့သည် သူမအား လုံးဝမတွေ့ရတော့ချေ ။ကျုံးရှီယို့သည် သူ၏ အစ်မအတန်းသို့သွားချောင်းကာ လက်ဆောင်များပေးပြီး သူမ အားကြည့်နေနိုင်သေးသည် ။ သို့သော် ပါပါးကျုံးသည် သူမနှင့် လူချင်းတွေ့ရန် မလွယ်ကူပေ ။ ပါပါးကျုံးသည် ဖုန်းခေါ်ခဲ့သော်လည်း သူမသည် ဖုန်းမကိုင်ခဲ့ကာ ဒါရိုက်ဘာအား ကျောင်းဂိတ်ရှိလူများကြားထဲတွင် ရှာခိုင်းသော်လည်း သူမ၏အရိပ်ကိုပင် မတွေ့ခဲ့ရချေ ။ အခြားသူများအား ချည်နှောင်ရန် တွန်းအားပေးလို့မရပေ ။သူထိုသို့လုပ်လျှင် ကျုံးယို့ယို့သည် သူတို့အား ပို၍ မုန်းတီးသွားမည်ကို စိုးရွံ့မိသည် ။


   သို့သော်သူသည် ကျုံးယို့ယို့ သူတို့ဆီလာရန် အမှန်တစ်ကယ်သဘောတူလာလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ ။ အဖေ နှင့် သားသည် ကျုံးယို့ယို့၏ သဘောတူညီလာမှုကြောင့် အပျော်ထဲတွင် နစ်မြုပ်နေခဲ့ပြီး တုံ့ပြန်ရန်ပင် အနည်းငယ်အချိန်ယူလိုက်ရသည် ။ ကျုံးပါပါးသည် ယခုတွင် နေမကောင်းသူကဲ့သို့ ဟန်ဆောင်နေပြီ ဖြစ်သည် ။ ကျုံးယို့ယို့သာ လိမ်နေသည်ကို သိသွားလျှင် မည်သို့ဖြစ်သွားမည်နည်း ။


  ကျုံးရှီယို့သည် တင်းကြပ်မှုအား အနည်းငယ်ခံစားလိုက်ရပြီး အလျင်အမြန်ပင် ပြောလာခဲ့သည် ။

" ပါး မြန်မြန်လှဲနေလိုက်တော့ ။ ဆေးချိတ်တဲ့ဟာကို တပ်ထားပြီးသွားပြီ ။ ကျွန်တော် သူနာပြုဆရာမကို အပ်တပ်ပေးဖို့ပြောလိုက်မယ် "


အထူးလူနာဆောင်ရှိ သူနာပြုအကုန်လုံးသည် အလုပ်ရှုပ်နေကြသည် ။ ဒါက လူချမ်းသာတွေရဲ့ ထူးခြားတဲ့ ဝါသနာများလား ။ ထင်ထင်ရှားရှားပင် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများသည် ပြုလုပ်ပြီးသွားပြီ ဖြစ်ပြီး ဘာပြဿနာမှ ရှိမနေချေ ။ ထပ်ပေါင်းပြောရမည်ဆိုလျှင် အသက် လေးဆယ်ကျော် ငါးဆယ်အရွယ် မစ္စတာကျုံးသည် ပုံမှန်ထိန်းသိမ်းမှုကြောင့် အသက် သုံးဆယ်အရွယ်ကဲ့သို့ပင် နုပျိုနေပြီး မတ်တပ်ထကာ မာရသွန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်လျှင်ပင် အခက်အခဲမရှိပေ ။


    ဆေးရုံတက်ကုသရဖို့ကို သူက မေးနေသေးတာလား ။ သူတို့သည် ပါပါးကျုံးအား အပ်တပ်ပေးရအုန်းမည်ဖြစ်သည် ။ ပုံမှန်ပဲကို ဘာလို့များ အပ်တပ်နိုင်ရသေးတာလဲ ။

  သို့သော် မစ္စတာကျုံးသည် သူတို့အား ခိုင်ခိုင်မာမာပင်တောင်းဆိုလာသည် ။ သူနာပြုသည်  ဆီလျော်မှုမရှိသော ဂလူးကို့စ်ကိုသာ သွင်းပေးထားခဲ့သည် ။


   ဤသို့ပြုလုပ်ပြီးသောအခါ ပါပါးကျုံး၏ မျက်နှာသည် အလွန်နီမြန်းနေသည်ဟု ကျုံးရှီယို့ခံစားလိုက်ရသည် ။အပြင်းအထန်ရောဂါခံစားနေရသောသူနှင့်လည်း လုံးဝမတူချေ ။ထို့ကြောင့် သူသည် သူ၏အဖေအား လှေကားတက်ရန် ဆွဲခေါ်ပေးလိုက်သည် ။ ပါပါးကျုံး၏ မျက်နှာသည် ဖြူဖျော့လာပြီး အပ်တပ်ထားရကာ သူ့သား၏ ဆွဲခေါ်ခြင်းကို ခံနေရသည် ။ သူ၏ စီးပွားရေးလောကသည် ဤမျှလောက် ကိုးရိုးကားရားမနိုင်ဟု ခံစားမိခဲ့သည် ။


  သူသည် လှေကားထစ်ပေါင်းများစွာကိုတက်ခဲ့ပြီး ဖြူဖျော့လာပုံပေါက်အောင်လုပ်နေခဲ့သည် ။ တုန်ရီနေသော ခြေထောက်များဖြင့် ကုတင်ပေါ်သို့ ပြန်မသွားခင်တွင် အပ်အား သေချာပြန်တပ်ဆင်လိုက်သည် ။


  ဤအချိန်တွင် ကျုံးယို့ယို့သည် အမှန်တစ်ကယ်ရောက်လာခဲ့ပြီဖြစ်သည် ။