အပိုင်း ၇၂
Viewers 11k

Chapter 72




ဤအရာသည် အဖေနှင့် သား တိတ်တိတ်လေးကြံစည်ထားသောအရာဖြစ်ပြီး သူတို့သည် မာမားကျုံးနှင့် အခြားသူများကိုလည်း မပြောပြခဲ့ပေ ။သို့သော် မာမားကျုံးစျေးဝယ်ထွက်နေသောအခါတွင် သူမသည် ဆေးရုံမှဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပြီး ပါပါးကျုံးသည် သွေးဖိအားများပြီး အားနည်းနေကာ ဆေးရုံတင်ထားရသည်ဟု ဆိုလာခဲ့သည် ။ထို့ကြောင့် သူမ အလျင်အမြန်ပင် သွားခဲ့သည် ။တစ်လမ်းလုံးတွင် သူမသည် ဖုန်းထပ်ခေါ်ဆိုခဲ့ပြီး အခြေအနေကိုမေးမြန်းခဲ့သည် ။ ကျုံးပါပါးသတိရလာပြီဟု သိရသောအခါမှသာ သူမသည် စိတ်သက်သာရာရသွားခဲ့သည် ။


   သူမ ဓါတ်လှေကားမှ ထွက်လာသောအခါ လူနာဆောင်တံခါးရှေ့တွင် သူမသည် ကျုံးယို့ယို့အား တွေ့လိုက်ရသည် ။


  သူမအနည်းငယ်အံ့အားသင့်ခဲ့ရပြီးနောက် သူမသည် အလွန်ပျော်ရွှင်သွားခဲ့ရသည် ။

" ယို့ယို့ သမီးလည်း အဖေ့ကို လာကြည့်တာလား"


  ပါပါးကျုံး ၊ ကျုံးရှီယို့ တို့နှင့်ယှဥ်လျှင် မူလကိုယ်အား ထိခိုက်စေသော ဤမာမားကျူံးနှင့် တွေ့ရန် ပို၍ တွန့်ဆုတ်နေမိသည် ။ သူမ၏ မျက်နှာတွင် အားနည်းနေသော အရိပ်ယောင်များရှိနေပြီး သူသည် တံခါးကို ဦးစွာဖွင့်လိုက်ကာ အထဲသို့ မာမားကျုံးမပါဘဲ ဝင်သွားခဲ့သည် ။


    မာမားကျုံး၏ ပျော်ရွှင်မှုအနည်းငယ် ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ပြီး စိတ်ဓါတ်ကျသွားရသည် ။ ကျုံးယို့ယို့၏ ပုံစံအမှန်အား ကြေညာပြီးနောက်တွင် သူမသည် မိသားစုအား ဤနည်းဖြင့် တွန်းကန်နေဆဲဖြစ်သည် ။ကျုံးယို့ယို့သည် ဘယ်တော့များမှ သူတို့အား ခွင့်လွှတ်နိုင်မည်လည်း ။သူမ၏ နှလုံးသားထဲတွင် နာကျင်မှုများ အနည်းငယ် တကြွကြွဖြစ်နေခဲ့သည် ။


 လူနာဆောင်ထဲတွင် ကူကယ်ရာမဲ့စွာဖြင့် ကျုံးယို့ယို့သည် သူမနှင့် ဘေးချင်းယှဥ်ရပ်နေခဲ့သည် ။ပါပါးကျုံးသည် လက်များတွင် အပ်ထိုးပြီးဆေးသွင်းထားရကာ အိပ်ယာပေါ်တွင် လှဲနေခဲ့သည် ။သူ၏ နဖူးတွင် ချွေးများ သိပ်သည်းစွာထွက်နေပြီး ကြည့်ရသည်မှာ ပြင်းပြင်းထန်ထန်ဖျားနေပုံပေါ်သည် ။


   သူ၏ အကြည့်များသည် ကျုံးယို့ယို့ပေါ်တွင် ကျရောက်သွားပြီး သူ့ကိုယ်သူပို၍ အားနည်းသည့်ပုံပေါ်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းနေခဲ့သည် ။

 မာမားကျုံးသည် စိုးရိမ်ကြောင့်ကြလျက်ရှိကာ အပြေးအလွှားလာခဲ့ရသည် ။

" ဘာလို့ ရုတ်တရက်ကြီး ဒီလိုတွေဖြစ်ရတာလဲ ။ ပထမလအနည်းငယ်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်မှာ ရှင့်ရဲ့ ခန္ဓာကိုယ်စစ်ဆေးချက်ရလဒ်က ကျန်းမာပြီး ပုံမှန်ပဲ မဟုတ်ဘူးလား ။ဘာလို့ သွေးဖိအားများပြီး ရုတ်တရက်ကြီး အားနည်းသွားတာလဲ ။ မိသားစုမျိုးရိုးမှာလည်း အဲ့လိုရောဂါမျိုး မရှိပါဘူး ။


  မာမားကျုံးသည် အရေကြီးမေးခွန်းများအား မနားမနေမေးလာခဲ့သည် ။


 ပါပါးကျုံးသည် ကျုံးရှီယို့ထံသို့ အလျင်အမြန်ကြည့်လိုက်ပြီး ကျုံးရှီယို့သည် ချက်ချင်းပင် နားလည်သွားခဲ့သည် ။သူသည် သူ၏ အစ်မနှင့် ခေတ္တမျှ နေချင်သော်လည်း သူ၏ ဖခင်သည် အလွန်သနားစရာကောင်းနေခဲ့သည် ။သူ၏ဖခင်သည် သမီးဖြစ်သူအား မွေးနေ့ပါတီ ပြီးကတည်းက မတွေ့ရတော့ပေ ။ထို့ကြောင့် သူသည် သူ၏ဖခင်အား  အချိန်ပေးလိုက်မည်ဖြစ်သည် ။


  သူသည် မာမားကျုံးပါ ဆွဲခေါ်သွားခဲ့ပြီး 

" မား ဆရာဝန်ကို သွားမေးကြည့်ရအောင် ။ပါးကအခုမှသတိရလာတာ ။ ချက်ချင်းမေးခွန်းတွေ ဆက်တိုက်မေးနေရင် သူအနားယူတာကို အနှောင့်အယှက်ဖြစ်လိမ့်မယ် "


  သူမသည် ရှင်းမပြနိုင်သော တစ်စုံတစ်ခုအား ခံစားလိုက်ရပြီး စိုးရိမ်ကြောင့်ကြနေမိသည် ။သို့သော်လည်း ကျုံးရှီယို့နှင့် အတူထွက်သွားခဲ့သည် ။


"ယို့ယို့ သမီးလည်းရောက်နေတာပဲ " ပါပါးကျုံးသည် ကျုံးရှီယို့၏ ဖုန်းခေါ်ဆိုမှုကို မသိလိုက်သလိုပင် ဟန်ဆောင်ကာ အပြင်းအထန်ချောင်းဆိုပြနေခဲ့သည် ။

 "ရှီယို့ ၊ ဒီကလေးကတော့ ။ဘယ်လောက်ကိစ္စကြီးမို့လို့လဲ ။ ဒီအတိုင်း သွေးဖိအားများလို့ အားနည်းပြီး ဆေးရုံတက်ရရုံတင်ပါ ။သမီးကို မပြောဖို့ သူ့ကိုပြောခဲ့သေးသည် ။ သမီးစာလုပ်နေတာကို မနှောင့်ယှက်ဖို့ ၊ အဲ့တာတောင် သူက ခေါ်ဖြစ်အောင် ခေါ်လိုက်သေးတယ် ။ကြည့်ပါအုန်း ။ အဖေက သမီးကို ပြဿနာပေးမိပြီ "



   ကျုံးယို့ယို့သည် အသံမပြုဘဲနှင့် လျှောက်သွားကာ သူ၏ လက်တွင် တပ်ထားသော အပ်အားကြည့်လိုက်သည် ။ထို့နောက် အပ်မှတစ်ဆင့် ချိတ်ထားသော ဆေးပုလင်းအားကြည့်လိုက်သည် ။


" ဂလူးကို့စ်ကြီးပဲ သွင်းထားတာလား "


"....." ပါပါးကျုံးသည် သဘာဝမကျစွာပင် စကားလမ်းကြောင်းလွှဲကာ ဆိုလိုက်သည် ။

" ယို့ယို့ သမီးဒီရောက်နေပြီဆိုမှတော့ သမီးထိုင်ပြီး အနေနဲ့ အဖော်ပြုပေးပါလား "


" မရဘူး " ကျုံးယို့ယို့သည် ထိုင်ဖို့ပင်မလုပ်တော့ဘဲ ထွက်သွားဟန်ပြင်လိုက်သည် ။


 "အဆင်ပြေနေပြီဆိုမှတော့ ကျွန်မပြန်တော့မယ် "


" နေပါအုန်း မသွားနဲ့အုန်း " ပါပါးကျုံးသည် အပြင်းအထန်နေမကောင်းနေရာမှ ရုတ်ချည်းပင် အိပ်ယာပေါ်မှထလာခဲ့သည် ။


   ကျုံးယို့ယို့ ရပ်လိုက်သော်လည်း နောက်သို့ပြန်လှည့်မကြည့်လိုက်ပေ ။ 

" တစ်ခုခုရှိသေးလို့လား "


  ပါပါးကျုံးသည် ကျုံးယို့ယို့၏ နောက်ကျောအားကြည့်ကာ အနည်းငယ် စိတ်ဓါတ်ကျလာရသည် ။သေချာပေါက်ကိုပင် ဤဖခင်သည် တော်တော်များများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည် ။သူ၏ အတိတ်ဘဝ သို့မဟုတ် ယခုဘဝတွင် သူသည် သမီးအရင်းဖြစ်သူ၏ ကလေးဘဝအား မမြင်တွေ့ခဲ့ရပေ ။သူမအိမ်သို့ခေါ်လာခံရပြီးသောအခါ သူမသည် အလွန်ပိန်သော မိန်းကလေးဖြစ်နေသည် ။ သူမ၏ ဆယ့်ငါးနှစ်အရွယ်ဘဝသည်


အလွန်ခက်ခဲခဲ့ပြီးနောက်တွင် သူမသည် မိသားစုအားပြန်ရှာတွေ့ခဲ့သည် ။ သို့သော်လည်း ထိုမိသားစုသည် သူမအား အေးတိအေးစက်သာ ဆက်ဆံခဲ့သည် ။


  ယခုကဲ့သို့ပင် သူသည် ကျုံးယို့ယို့အား နားမလည်ဘဲ  ၊ ကျုံးယို့ယို့ ဘာတွေတွေးနေသည်ဆိုသည်ကိုလည်း မသိခဲ့ချေ ။ ကျုံးယို့ယို့သည်လည်း ပြန်လည်မွေးဖွားလာခြင်းလား ။ ပြန်လည်မွေးဖွားလာခြင်းကြောင့်သာမဟုတ်လျှင် ကျန်ခဲ့သော သုံးနှစ်စာတွင် သူမသည် မိသားစု၏ ဂရုစိုက်မှုအား အလွန်အမင်းလိုချင်ခဲ့ပြီး ယခုတွင်တော့ ဘာကြောင့်များ သူတို့ကို ဂရုမစိုက်ရပါသနည်း ။

   သူတို့သည် တောင်းပန်ပြီး အကောင်းဆုံးကြိုးစားလျှင်တောင်မှ သူမသည် လုံးဝမတုန်လှုပ်ခဲ့ပေ ။


   သူမသည် အမှန်ပင် သူတို့နှင့် လုံးဝခွဲခွာချင်နေခဲ့သည်လား ။


" ယို့ယို့ သမီးအိမ်မှာပြန်လာနေလို့ရမလား " ပါး ကျိန်ပြောရဲတယ် ။ အနာဂတ်မှာ သမီးကို အနိုင်ကျင့်ရဲတဲ့သူ ဘယ်သူမှ မရှိစေရပါဘူး ။အဆုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် ပါးတို့က  သွေးသားရင်းချာတွေပဲလေ ။ သမီး လူတွေကို ဒီလိုမျိုးမိုင်ထောင်ချီဝေးကွာအောင် ငြင်းဆန်ဖို့ မဖြစ်သင့်ဘူးလေ။  ဘယ်လောက်ပဲ သမီးမိသားစုကို မုန်းတီးနေပါစေ ၊ မိသားစုက မိသားစုပဲ ။ မိသားစု ဆိုတဲ့အရာကပြောင်းလဲလို့မရဘူး ။ " ပါပါးကျုံးသည် ကျုံးယို့ယို့ပြန်လာရန် ဖျောင်းဖျနေဆဲပင် ဖြစ်သည် ။


   " ပါးက မုန့်ရှစ်ရွှမ်ချက်ချင်းထွက်သွားအောင် လုပ်ပေးမယ် ။ သမီးရဲ့ ဘ၀အမှန်ကို ပေးရုံတင်မကဘဲ သူသမီးဆီက ယူသွားတဲ့ အရာတွေအားလုံးကိုလည်း ပြန်ပေးမယ် "


  ကျုံးယို့ယို့သည် ပါပါးကျုံး၏ စကားလုံးများထဲမှ အဖန်တလဲလဲထပ်နေသော အဓိပ္ပါယ်များကို ကြားနေရပြီး သူလည်း သူမ လာကတည်းက အဖြေကို သိနှင့်နေပြီးသားဖြစ်နေသည် ။

ကျုံးမိသားစုသည် သူမ ပြန်လည်မွေးဖွားလာကတည်းက ကောင်းပေးခဲ့သည် ။ သို့သော် အဓိကအချက်သည် ဘာဖြစ်မည်နည်း ။ သူတို့လုပ်ခဲ့သောအရာများသည် အဆုံးမရှိသော အနာရွတ်များအား လောင်ကျွမ်းစေပြီး ဘယ်လောက်ပဲ သူတို့ပြင်ဆင်နေခဲ့ပါစေ မူလကိုယ်ဒုက္ခခံစားခဲ့ရသော နေ့များ ၊ ရက်များကို ပြန်လည်ဖာထေးနိုင်မည် မဟုတ်ပေ ။


  သူမ သည် ကျုံးမိသားစုကို မမုန်းပေ ။ သို့သော် ပါပါးကျုံးသည် လွန်ခဲ့သော နှစ်လက ကောင်းပေးခဲ့သည်များနှင့် မူလကိုယ်ခံစားခဲ့ရသောအရာတို့အား ပြန်လည်ပေးဆပ်နိုင်ပြီဟုထင်လျှင်တော့ ထိုအရာသည် အမှားအကြီးကြီးသာ ဖြစ်လိမ့်မည် ။


 " တစ်ကယ်တမ်းပြောရမယ်ဆိုရင် မုန့်ရှစ်ရွှမ်က အရာအားလုံးကို လုယူသွားခဲ့တဲ့သူ မဟုတ်ပါဘူး ။အဲ့တာတွေအကုန်လုံးက ရှင်တို့ကျွန်မကို မပေးချင်ခဲ့တဲ့ အရာတွေပဲ "  


ကျုံးယို့ယို့သည် အလွန်တည်ငြိမ်နေခဲ့ပြီး သူမ၏ အသံတွင်လည်း အတက်အကျရှိမနေပေ ။


" ကျွန်မ အိမ်ကို စရောက်တုန်းက အမေဖြစ်တဲ့သူက ကျွန်မကို နေရာတိုင်းမှာ ငြင်းဆန်နေခဲ့တာ ။ ကိုယ့်ကိုယ်ကို မုန့်ရှစ်ရွှမ်ထက် ပိုပြီး နိမ့်ကျတဲ့သူလို့ ခံစားခဲ့ရတာ ။အရာအားလုံးက မုန့်ရှစ်ရွှမ် နဲ့ပဲသက်ဆိုင်နေခဲ့တာ ။ မုန့်ရှစ်ရွှမ် မလိုချင်တဲ့ အရုပ်ကို ကျွန်မဆော့ခဲ့ရတယ် ။ မုန့်ရှစ်ရွှမ်ငိုလို့ ကျွန်မ ကြိမ်းမောင်းခံခဲ့ရတယ် ။ တစ်ကယ်တမ်းတော့ ရှင်တို့ သူ့ကို နေရာတိုင်းမှာ မျက်နှာသာပေးထားတာက အဆင်ပြေပါတယ် ။ ကျွန်မ ဂရုမစိုက်ပါဘူး ။ ဒါပေမဲ့ အဲ့တာက ထင်ထင်ရှားရှားကို အဆုံးသတ်သွားခဲ့ပြီးပြီ ။ ပြောရမယ်ဆိုရင် ခွက်ထဲက ရေတွေက  ပြည့်ပြီးသွားပြီ ။ ကျွန်မ စိတ်ဆတ်တဲ့ပုံစံ ၊ အထိမခံတဲ့ပုံစံ ၊ ခဲယဥ်းတဲ့ပုံစံ ပြောင်းလဲသွားခဲ့တယ် ။ ဒီလိုအရာတွေ လုပ်ပေးတာနဲ့ပဲ ရှင်တို့လုပ်ခဲ့တဲ့အရာတွေအကုန်လုံးက ပျောက်ကွယ်သွားလိမ့်မယ်လို့များ တွေးနေခဲ့တာလား ။ 


   ဤအကြိမ်သည် ပထမဆုံးအနေဖြင့် အားလုံးအားမေးခွန်းထုတ်လာခြင်းဖြစ်သည် ။ ထိုအရာအားကြားသောအခါ ပါပါးကျုံး၏ နှလုံးသားသည် အောင့်လာခဲ့သည် ။ သူသည် တစ်စုံတစ်ခုပေါ်မှ အပြေးအလွှားဖြတ်ပြေးနေရသကဲ့သို့ပင် ဘာစကားမှ မပြောနိုင်ခဲ့ပေ ။  ကျုံးယို့ယို့ထံတွင် အိမ်၌နေခဲ့ရသည့်ကာလတစ်လျှောက်လုံး ခက်ခဲခဲ့သည်ကို သူသိသည် ။ သူမသည် အနည်းငယ်သတိထားလာသည်ကို သူသိပြီး နောက်ဆုံးတွင် စိတ်ဓါတ်ကျမှုများအဖြစ် ကျိုးပဲ့သွားခဲ့ကာ အခြားပြင်းထန်သောတစ်ဖက်သို့ရောက်ရှိသွားခဲ့သည် ။ သို့သော်....


  သို့သော် သူသည်သူမအား ဖခင်မေတ္တာအနည်းငယ်ပေးဖို့ကိုပင် ဘာလို့များတွေးတောင်မတွေးခဲ့ရပါသနည်း ။


   ထိုခဏတွင် သူသည် သူ၏ဇနီးအား အနည်းငယ်ခါးသီးလာမှုကို ခံစားခဲ့ရသည် ။ မိခင်တစ်ယောက်က ဘာလို့များ အဲ့သည့်လောက်အထိ ရက်စက်ခဲ့ရတာလဲ။


" မဟုတ်ဘူး ။ ပါး မရည်ရွယ်ပါဘူး ..."


သို့သော် ပါပါးကျုံး စကားပြောလို့ မပြီးသေးခင်တွင် ကျုံးယို့ယို့သည် ချက်ချင်းပင် သူ၏စကားကား ဖြတ်ပြောလာခဲ့သည် ။


  ကျုံးယို့ယို့သည် သူ၏ ခေါင်းအားလှည့်လာကာ ရေးရေးမျှပြောလာခဲ့သည် ။

" အချိန်တွေက အမြဲအရှေ့ကိုပဲ ရွေ့နေတာ ။ အတိတ်ကိုပြန်သွားဖို့ဆိုတာ ဘာနည်းလမ်းမှမရှိဘူး ။ အနာဂတ်မှာ ဆက်ပြီး အလျော်ပေးချင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် တူတူရှိနေချင်တာပဲဖြစ်ဖြစ် အဲ့တာက ကျွန်မနဲ့ မသက်ဆိုင်တော့ရင် ပိုအဆင်ပြေပါတယ် ။ ကျွန်မမှာ ကိုယ်ပိုင်ဘဝရှိတယ် "


  "ရှင်က ကျွန်မအပေါ် ကြင်နာပါတယ် ဒါပေမဲ့ ပျိုးထောင်ပေးခဲ့တာမျိုးတော့မရှိဘူး ။ ရှင်ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်မှာပါ ။ အနာဂတ်မှာ သေချာမှတ်ထားလိုက်ပါ့မယ် "


....ဟုတ်တယ် ။သူတို့အား ထို ကားမတော်တဆမှုတွင် ပြန်ပေးဆပ်ခဲ့ပြီး ဖြစ်သည် ။


    သူမကို ဆုံးရှုံးသွားပြီး မိဘကျေးဇူးဟုဆိုရမည်မှာ သူတို့သည် သူမအား ပျိုးထောင်ပေးခဲ့ခြင်းပင် ရှိပါရဲ့လား ။


   ကျုံးယို့ယို့သည် အေးစက်ပြီး ပုန်ကန်တတ်ကာ သူ၏ဘေးမှသူများကိုလည်း မိုင်ပေါင်းထောင်ချီဝေးလောက်အောင် တွန်းထုတ်တတ်သည် ။ပါပါးကျုံးသည် သူမဤကဲ့သို့ တွေးလိမ့်မည်ဟုတော့ မထင်ခဲ့ပေ ။ သူမသည် သူတို့အား တစ်ခုအတွက် တစ်ခုပေးဆပ်ခဲ့မည်ဖြစ်ပြီး နောက်တွင် သူတို့အား အကြွေးတင်နေတော့မည်မဟုတ်ပေ ။သူမ၏ အတွေးသည် အလွန်တင်းမာကာ ကျုံးမိသားစုနှင့် သူမသည် ဘာကိစ္စမှ ထပ်မရှိချင်တော့ပေ ။


  မှတ်ထားရမယ် ။ သူမ မှတ်ထားရမယ် လို့ပြောခဲ့တယ်...

 


  ပါပါးကျုံးတွင် ပုံမှန်သွေးဖိအားများသည့် ရောဂါမရှိပေ ။ သို့သော် ယခုချိန်တွင် သူ၏ နှလုံးသည် ဝေဒနာခံစားနေရပြီး မျက်လုံးများအား မသက်သာစွာပင် မှိတ်ထားခဲ့သည် ။


  တံခါးအပြင်ဘက်တွင် ဆရာဝန်ရုံးခန်းမှပြန်လာသော မာမာကျုံးသည် ထိုစကားလုံးများအားကြားခဲ့ပြီး မျက်ရည်များကျလာခဲ့သည် ။


 ယို့ယို့ သမီးမှန်တယ် ။


 မုန့်ချန်နှင့် မုန့်ရှစ်ရွှမ်သည် အမှန်တစ်ကယ်ပင် စနက်တံများဖြစ်ကြပေသည် ။သို့သော်လည်း တရားခံသည် သူမကိုယ်တိုင်သာဖြစ်သည် ။ သူမ ကလေးနှစ်ယောက်အား သာတူညီမျှစွာဆက်ဆံခဲ့လျှင်တောင်မှ သူမသည် သမီးအရင်းထံမှ မုန်းတီးခံရကာ အဆုံးသတ်မည်မဟုတ်ပေ ။ယခုတွင်တော့ ကလေးနှစ်ယောက်အား သူမဘယ်လိုလုပ် သာတူညီမျှစွာဆက်ဆံနိုင်တော့မည်နည်း ။  သူမသည် ဆယ်ရာခိုင်နှုန်းလောက်ပင် သူမ၏ သမီးရင်းအား မိခင်မေတ္တာမပေးခဲ့ပေ ။ သူမသည် ယို့ယို့အား အားနာနေရပြီဖြစ်သည် ။


   မာမားကျုံး၏ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများသည် တုန်ရီနေကာ ကော်ရစ်တာ ဘက်သို့ယိမ်းယိုင်နေခဲ့ပြီး အဆုံးတွင် မထိန်းနိုင်စွာဖြင့်ပင် ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည် ။


   ကျုံးယို့ယို့သည် ဆေးရုံမှထွက်လာခဲ့သည် ။ပါပါးကျုံးသည် နေမကောင်းသည့်သူကဲ့သို့ ဟန်ဆောင်နေခြင်းဖြစ်မည်ကို သူမ ခန့်မှန်းမိပြီးသားဖြစ်သော်လည်း ဒေါသထွက်နေရန်ပင် ပျင်းလွန်းနေသည် ။ ဖြစ်နိုင်သည်မှာ သူမလုံးဝဂရုမစိုက်ခြင်းပင် ။ကျုံးမိသားစု ဘယ်လိုပဲလုပ်ခဲ့ပါစေ ကိစ္စမရှိချေ ။ သူမ၏ နှလုံးသားထဲတွင် အနည်းငယ်မျှ ဂယက်ထနေမည်မဟုတ်ပေ ။ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးအချက်သည် တစ်မနက်လုံး အကျိုးမရှိအချိန်ကုန်သွားခြင်းဖြစ်သည် ။


    တနင်္လာနေ့တွင် သူမအတန်းထဲသို့ ဝင်ဝင်ချင်းတွင် အတန်း(၁၉) ရှိသူများသည် ရန်ကျီအန်း၏ ဘေးတွင် ပတ်လည်ဝိုင်းနေခဲ့ပြီး စာမေးပွဲတွင် သူဘယ်လိုဖြေဆိုခဲ့သည်ကို မေးနေကြသည် ။ ကျုံးယို့ယို့ အနည်းငယ် အံ့အားသင့်သွားခဲ့သည် ။ အတန်း(၁၉)ရှိသူများသည် သူတို့နှင့် လားလားမျှ မသက်ဆိုင်သော ပြိုင်ပွဲကိစ္စများကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားနေကြတာလဲ ။ နောက်ပြီး နောက်ဆုံးတန်းတွင် ဂိမ်းကစားနေကြသည့်သူများသည် အလွန်ကို လျော့သွားခဲ့သည် ။



" ကျန်တဲ့ ငါတို့တွေက အဲ့တာကို ခုထိမပြီးသေးဘူး ။မင်းပြောတဲ့ ပြိုင်ပွဲ အကြောင်းတွေကို  ငါတို့ နားမထောင်နိုင်သေးဘူး "


" ရန်ကျီအန်း ငါတစ်ကယ် နင်နဲ့ ကျုံးယို့ယို့ကို မနာလိုဘူး။ အတန်းပိုင်ဆရာပြောတာက နင်ပြိုင်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်ကို ဝင်သွားရင် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်တွေပိုရမှာတဲ့ ။ ဘယ်နှစ်မှတ်လောက် ပိုရမလဲတော့ ငါမသိဘူး ။ ဒါပေမဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာတော့ အမှတ်က ရာကျော်တယ် ။ အဆင့်ပေါင်းထောင်ချီရှိတဲ့ထဲမှာမှ ဆယ်မှတ်လောက် တိုက်ရိုက်ပေါင်းထည့်ပေးမှာဆိုရင် အဲ့တာက ကောင်းကင်ပေါ်ပျံနေရသလိုကို ဖြစ်မှာမဟုတ်ဘူးလား ။ "


  ထိုအမှတ်များသည် အမှန်ပင် ထပ်ပေါင်းထည့်ပေးမည်လား ။ကျုံးယို့ယို့သည် ယခုထိမသိသေးပေ ။ သူမသည်လည်း အနည်းငယ် စိတ်ဝင်စားသွားခဲ့သည် ။


  ရွှီရှောင်ယွဲ့သည်လည်း သူမ၏ ခေါင်းအားလှည့်ကာ မနာလိုမှု ၊ မုန်းတီးမှုများနှင့် ရန်ကျီအန်းအား ကြည့်နေခဲ့သည် ။ ပုံမှန်အားဖြင့် ဤအခွင့်အရေးမျိုးသည် သူမနှင့်သာ သက်ဆိုင်သည်ဖြစ်သည် ။ ကျုံးယို့ယို့၏ အဆင့်များတက်မလာခဲ့လျှင် ပိုကောင်းမည်ဖြစ်သည် ။ထိုအရာအားတွေးမိသောအခါ သူမသည် သွားများကို တင်းတင်းစေ့ထားကာ တစ်ဖက်သို့ပြန်လှည့်သွားခဲ့ပြီး ပို၍ပင်ကြိုးစားနေခဲ့သည် ။ ကျုံးယို့ယို့ အား ရှုံးနိမ့်သွားခဲ့လျှင်လည်း ကိစ္စမရှိပေ ။  အတန်းထဲရှိ သူမ၏ ထိပ်ဆုံးသုံးယောက်နေရာသည်တော့ အနည်းဆုံးတည်မြဲရမည်ဖြစ်သည် ။


 သူမသည် ရှေ့တွင် အနည်းငယ်ကြက်သီးထနေသော စွန်းမန့်အားကြည့်လိုက်ကာ အနားယူသည်က ပိုကောင်းလိမ့်မည်ဟု တွေးလိုက်သည် ။


  ကျုံးယို့ယို့ အတန်းထဲသို့ ဝင်လာလာချင်းတွင် ရွှီရှောင်ယွဲ့သည် စွန်းမန့်အားကြည့်နေသည်ကို သူမတွေ့လိုက်ရသည် ။ သူမ၏ ခေါင်းထဲတွင် ဘာတွေးနေသည် ကျုံးယို့ယို့ တန်းသိလိုက်သည် ။ ထို့ကြောင့် သူမသည် ရွှီရှောင်ယွဲ့အား လှောင်ရယ်နေသကဲ့သို့ ကြည့်လိုက်သည် ။ဤသူသည် အောင်မြင်ခြင်းအားတွယ်ကပ်နေသည့်နေရာတွင် တော်သည့်သူဖြစ်သည်။