အပိုင်း ၇၃
Viewers 11k

Chapter 73




ကျုံးယို့ယို့သည် သူမထိုင်ခုံနေရာသို့သွားလိုက်ပြီး သူမလာနေသည်ကို မြင်လိုက်ကြသောအခါအတန်း၁၉သည် ပို၍ ဆူပွက်လာကြသည် ။

" ကျုံးယို့ယို့ နင်ရောစာမေးပွဲဖြေခဲ့တာ ဘယ်လိုနေလဲ ။ရန်ကျီအန်းပြောတာတော့ မေးခွန်းတွေက ခက်တယ်တဲ့ ။ အဲ့တာက ဘယ်လောက်တောင် ခက်နေတာလဲ ။ "


" ဒီလိုပြိုင်ပွဲတွေတစ်ခါမှ ဝင်မပြိုင်ဘူးတဲ့ ငါတို့က အခုခေါင်းတွေ ပေါက်ကွဲတော့မလိုတောင်ဖြစ်နေပြီး အဲ့တာကလေ့လာဖို့ ဘယ်လောက်ခက်လဲဆိုတာ တွေးတောင်မတွေးနိုင်တော့ဘူး ။ အဲ့တာက ဘယ်လောက်ထိများ ခက်နေတာလဲ "


   ကျုံးယို့ယို့သည် ခက်ခဲသည်ဟု လုံးဝမထင်ခဲ့သော်လည်း သူမသည် ဤကဲ့သို့ပြောလိုက်လျှင် ထိုအုပ်စုထံမှ သေလောက်သည်အထိ အရိုက်ခံရလိမ့်မည်ဖြစ်သည် ။ထို့ကြောင့် ကျုံးယို့ယို့သည် ပြုံး၍ပင်ပြောလိုက်သည် ။

" ဒါကို ရလဒ်ထွက်လာမှပဲ ပြောကြရအောင် ။အခုဘယ်သူက သေချာပြောနိုင်မှာလဲ "


  ပိတ်ရက်များတွင် သူမသည် နှစ်ရက်စာမေးခွန်းများလုပ်နေခဲ့သည် ။ ထိုအချိန်တွင် သူမသည် အနည်းငယ်ပျော့ခွေနေခဲ့ပြီး စားပွဲပေါ်တွင်လဲလျောင်းချင်လာကာ အတန်းထဲ၌ပင် အိပ်ပျော်သွားခဲ့သည် ။ မည်သို့ပင်ဖြစ်စေ သူမအားအင်များကုန်ခမ်းနေသည်ကို ကြည့်ရသည်မှာ အနီးနားရှိသူများသည် သူမစာမေးပွဲတွင် ကောင်းစွာမဖြေလာနိုင်ခဲ့ဘူး တွေးမိကြသည် ။


    အကယ်၍ သူမစာမေးပွဲမအောင်လျှင်တောင်မှ အဆင်ပြေပါတယ် ။ ထိုအရာသည် ပုံမှန်သာဖြစ်သည် ။


  တစ်ကယ်တမ်းတွင် အတန်း(၁၉)မှ ကျောင်းသားများသည်လည်း ကျုံးယို့ယို့၏ လက်ရှိအဆင့်အခြေအနေနှင့် ပက်သက်၍ မသေချာကြချေ ။ သူမသည် သင်္ချာစာမေးပွဲတွင် ထူးချွန်စွာလုပ်နိုင်ခဲ့ပြီး ထင်မှတ်မထားစွာပင် အတန်းတွင်းပြိုင်ပွဲ၏ ပထမနေရာကိုပင် ရခဲ့သေးသည် ။


  ထို့ကြောင့် ဤတစ်ကြိမ်တွင် ကျုံးယို့ယို့သည် ရန်ကျီအန်းကဲ့သို့ပင် ပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်လိမ့်မည်ဟု လူအများ တွေးထားကြသည် ။ သူသည် ပထမတန်း နှင့် ဒုတိယတန်းကဲ့သို့ပင် ယှဥ်ပြိုင်မှုရှိသည့်အတန်းနှင့် လိုက်ပါရမည့်သူဖြစ်သည် ။ ထိုကျောင်းသားများအားလုံးသည် နတ်ဘုရားကဲ့သို့ပင် ဖြစ်ကာအခြားမြို့တွင် အံ့အားသင့်စရာကောင်းလောက်သော ကျောင်းသားများရှိကြသည် ။ ထိုလူများအားလုံး စုဝေးလျှင် သူတို့အတန်းထဲမှ ကျုံးယို့ယို့ နှင့် ရန်ကျီအန်းသည် မည်သို့ဖြစ်လာမည်နည်း ။


   ထို့ကြောင့် ကျုံးယို့ယို့ရလဒ်တစ်ခုမှ ရခဲ့ခြင်းမရှိလျှင်တောင်မှ သို့မဟုတ် မြို့နယ်၏ ထိပ်ဆုံးအယောက်တစ်ရာစာရင်းတွင် မဝင်ခဲ့လျှင်တောင်မှ ထိုအရာသည်  ပုံမှန်ဟုပင် သူတို့ခံစားရလိမ့်မည် ဖြစ်သည် ။


  အကယ်၍ သူမသာ ထိပ်ဆုံးအယောက်တစ်ရာစာရင်းတွင် ပါဝင်လာခဲ့လျှင် ထိုအရာသည် အလွန်ကို ထိတ်လန့်စေလိမ်မည် ။


  ယှဥ်ပြိုင်မှုရှိသောအတန်းနှစ်တန်းဖြစ်သည့် ပထမတန်းနှင့် ဒုတိယတန်းသည် သက်ဆိုင်ရာ အတန်းများသို့ ပြန်သွားပြီးသောအခါ ဤပြိုင်ပွဲနှင့်ပက်သက်သည့် အကြောင်းအရာသည် ပြောနေကြတုန်းပင်ဖြစ်သည် ။သို့သော် အတန်း(၁၉) နှင့် ယှဥ်လျှင် သူတို့တွင် ပြောစရာတစ်ခုပိုရနေခဲ့သည် ။


" ဘာ ။အဲ့လိုကိစ္စမျိုး စာမေးပွဲခန်းထဲမှာ ဖြစ်သွားတယ်တဲ့လား ။ အဲ့ကျောင်းသူက ဘယ်လိုကျောင်းမျိုးကလာတာလဲ ။ သူက သေချင်နေတာမဟုတ်ဘူးလား ။သူမက ကျုံးယို့ယို့ကိုတောင် စာမေးပွဲခန်းထဲမှာ အမှုဆင်ရဲခဲ့တာလား ။ "


   ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့ဟူသော စကားသုံးလုံးအား ကြားသောအခါ သူသည် အလျင်အမြန်ပင် ခေါင်းမော့လာခဲ့သည် ။ သူစိတ်ပျက်သွားသလိုလည်း ခံစားလိုက်ရသည် ။ ဤကျောင်းသားများနှင့် ကျောင်းသို့ပြန်ရန် ဘတ်စ်အတူစီးရမည့်အစား သူသည် ဒါရိုက်ဘာအား လာကြိုပေးရန်ပြောခဲ့ပြီး တစ်ရက်ထဲတွင်ပင် ပြန်သွားခဲ့သည် ။ထို့ကြောင့် သူသည် ထိုအကြောင်းအရာအား ယခုမှ သိတော့သည် ။


  သူသည် ရုတ်ချည်းပင် ထရပ်လိုက်ကာ ထိုမြင်ကွင်းအား အားရစွာပြန်ပြောနေသော ကျောင်းသားဆီသို့ လျှောက်သွားလိုက်သည် ။ ထို့နောက်သူ၏ ကော်လံအား ဆွဲကိုင်လိုက်ကာ 

" မင်းဘာပြောလိုက်တာလဲ ။ပြော ၊ ထပ်ပြော ။ ကျုံးယို့ယို့ ဘာဖြစ်သွားတာလဲ "


  ရှစ်ကျစ်ထန်၏ စိတ်အားတက်ကြွနေသော မေးခွန်းသည် ဘေးရှိသူများအား အနည်းငယ် ကြက်သေ သေစေခဲ့သည် ။


    ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့အား အမြဲလိုလို အာရုံစိုက်လေ့ရှိပြီး သူတို့သိသည်မှာ တစ်စုံတစ်ယောက်သည် ရှစ်ကျစ်ထန် သူမဆီသို့ တစ်ကြိမ်ထပ်ပို၍ သွားခဲ့သည်ကို မြင်ခဲ့ရပြီး သို့သော် ကျုံးယို့ယို့သည် မတူကွဲပြားစွာဖြင့်ပင် သူမ၏ ခေါင်းအားခါနေခဲ့သည် ။


ဖြစ်နိုင်ပါ့မလား....


သူတို့သည် မုန့်ရှစ်ရွှမ်ဘက်သို့ မသိစိတ်ထဲမှပင် လှည့်ကြည့်လိုက်မိပြီး မုန့်ရှစ်ရွှမ်သည် ထိုနေရာတွင် ထိုင်နေခဲ့သည် ။ဖောင်တိန်အားကိုင်ထားပြီး သူမ၏ မျက်နှာသည် ဖြူဖျော့နေခဲ့သည် ။


   ဤအရာသည် အလွန်ကို ရှက်စရာကောင်းသည် ။


မုန့်ရှစ်ရွှမ်သည် စင်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီဖြစ်သည် ။အချမ်းသာဆုံးသူဌေး၏သမီး ဖြစ်သူနေရာသည် အစားထိုးခံလိုက်ရရုံသာမကဘဲ စေ့စပ်ထားသည့် သတို့သားလောင်းသည်ပင် အခြားသူအား ပို၍ ဂရုစိုက်နေပုံရသည် ။   


   ထိုခဏတွင် သူတို့သည် မုန့်ရှစ်ရွှမ်အား သနားရမည်လား မသနားရမည်လားကိုပင် မသိကြတော့ချေ ။


  ရှစ်ကျစ်ထန်၏မေးခွန်းအောက်တွင် ထိုကျောင်းသားသည် စာမေးပွဲနေ့မှအဖြစ်အပျက်တို့အား တစ်ဖန်ပြန်ရှင်းပြလိုက်သည် ။ သူ့ဘေးမှ ကျောင်းသားများသည်လည်း နားထောင်နေခဲ့ကြသည် ။ အတိုချုပ်အား ဖြင့်ဆိုရလျှင် ထိုအရာသည် စကားလုံးသုံးလုံးမျှသာဖြစ်သည် ။ 


" ဘုရားရေ "


    ရှစ်ကျစ်ထန်သည် မျက်မှောင်ကြုတ်နေခဲ့ပြီး အလွန်တင်းမာနေခဲ့ပြီဖြစ်သည် ။ သူသည် ချက်ခြင်းထွက်သွားချင်နေသကဲ့သို့ပင်ဖြစ်ကာ အတန်း(၁၉)သို့သွား၍ ကျုံးယို့ယို့ ထိခိုက်ဒဏ်ရာရသွားသေးလားကို ကြည့်ချင်နေခဲ့သည် ။သို့သော် နောက်တစ်စက္ကန့်တွင် အတန်းပိုင်ဆရာသည် ဝင်လာခဲ့သည် ။


     အတန်းဖော်သည် ထပ်ပြောလိုက်သည် ။ " ရှစ်ကျစ်ထန် မစိုးရိမ်နဲ့ ၊ ကျုံးယို့ယို့ သေချာပေါက် ဘာဒဏ်ရာမှ မရခဲ့ဘူး ။ အကယ်၍ တစ်စုံတစ်ယောက်က ဒဏ်ရာရခဲ့မယ်ဆိုရင်တောင်မှ အဲ့တာက သူဖြစ်မှာမဟုတ်ဘူးလို့ ငါထင်တယ် ။ ပုံမှန်အနေနဲ့ ငါတို့အားလုံး ကျုံးယို့ယို့ကို ဓါတ်ခွဲမှုမှာအမှားလုပ်ခဲ့တယ်ထင်တာ ။ အဲ့တာကြောင့် သူမတော့ ဒုက္ခပဲလို့ ။ ဒါပေမဲ့ မထင်ထားတာက သူက အခြေအနေကို လုံးဝပြောင်းပစ်လိုက်နိုင်တာပဲ ။ ဒါကြောင့် သူမက အသေမိုက်ပြီး အရမ်းအားကျဖို့ကောင်းနေတာ "


    ရှစ်ကျစ်ထန်သည် ရှုပ်ထွေးစွာပင် ကြည့်လိုက်ကာ သူ၏နေရာသို့ ပြန်သွားထိုင်ခဲ့သည် ။


   ယခုတွင် ကျုံးယို့ယို့၏ စိတ်ကြီးဝင်မှု နှင့် ယုံကြည်မှုရှိခြင်းတို့သည် တစ်ဖြေးဖြေးပို၍ ဆွဲဆောင်မှုရှိလာသော်လည်း သူမသည် တစ်ဖြေးဖြေး သူ့အား မတူညီစွာဆက်ဆံလာလေဖြစ်သည် ။

   အတန်းသည် အနည်းငယ်ပို၍ ငြိမ်သက်နေပြီး မုန့်ရှစ်ရွှမ်သည် သူမ၏ ခေါင်းအားလှည့်လိုက်ကာ ရှစ်ကျစ်ထန်ကို ကြည့်နေခဲ့သည် ။ သူ မငြိမ်မသက်ဖြစ်နေသည်ကို ကြည့်လိုက်ပြီး မနာလိုမှုသည် သူမ၏ နှလုံးသားကို တူးနေသကဲ့သို့ဖြစ်ကာ ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး အပေါက်ဖြစ်သွားသကဲ့သို့ ခံစားနေရသည် ။ သူမယခုနားလည်လိုက်ပြီဖြစ်သည် ။ သူမပိုင်ဆိုင်သော အရာအားလုံးအား ကျုံးယို့ယို့သည် လုယူသွားခဲ့ပြီဖြစ်သည် ။


    ယင်ချူးချူးသည် အတန်းအပြင်ဘက်မှ ဝင်လာခဲ့ပြီး မုန့်ရှစ်ရွှမ်သည် ရှစ်ကျစ်ထန်အား ကြည့်နေသည်ကို တွေ့လိုက်ရသည် ။အချို့သောအကြောင်းပြချက်များကြောင့် သူမသည် မုန့်ရှစ်ရွှမ်အား အနည်းငယ် သနားစိတ်ဝင်မိသည် ။

    

    သူမသည် အတန်းထဲရှိ သူမ၏ အတန်းဖော်များထံမှ လက်လွှတ်မခံရသေးသော်လည်း အရာအားလုံးအား ဆုံးရှုံးသွားခဲ့ပြီဖြစ်သည် ။သူမ၏ ကျော်ကြားမှုသည်လည်း ယခင်နှစ်ကနှင့်ယှဥ်လျှင် လျော့ကြသွားခဲ့ပြီ ဖြစ်သည် ။ အားလုံးသည် သူမအား ရည်ရွယ်ချက် ရှိ၍ ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ရှောင်ဖယ်နေကြသည် ။


    မုန့်ရှစ်ရွှမ်အတွက် အပြေးအလွှားရေထည့်ပေးကြသော ၊ အအေးဝယ်ပေးကြသော ကောင်လေးများသည်လည်း မရှိကြတော့ပေ ။


    ကာယချိန်တွင် မိန်းကလေးများသည် ဘောလီဘောကစားခြင်းအား လေ့ကျင့်နေကြပြီး အများစုသည် သူမနှင့် အဖွဲ့မဖွဲ့ချင်ကြပေ ။


  သို့သော် အပြန်အလှန်တွေးကြည့်မည်ဆိုလျှင် သူမထံတွင်သာ ဤသို့ဖြစ်လာမည်ဆိုလျှင် သူမ သည်ကြောက်ရွံ့ပြီး ရှောင်ရှားရန် ကျောင်းပြောင်းခြင်း သို့မဟုတ် အခြားမြို့သို့ ရွှေ့ပြောင်းခြင်း ပြုမိပေလိမ့်မည် ။ မုန့်ရှစ်ရွှမ်ကဲ့သို့ ကြယ်ပွင့်ဖြစ်ရခြင်းနှင့် နေသားကျနေသောသူသည်သာ ဤအရာအားလုံးအားခံနိုင်ရည်ရှိလိမ့်သည် ။ ထိုအရာများသည် အလွန်ပင် သည်းခံနိုင်စရာမရှိကာ အလွန်ပင် ကြောက်ဖို့ကောင်းပေသည် ။


နေ့လည်ပိုင်းတွင် လီသုန်းဖျင်သည် ကျုံးယို့ယို့စာမေးပွဲတွင် ကောင်းစွာမလုပ်လာနိုင်ခဲ့သည်ကို ဘယ်ကကြားလာရမှန်းမသိကာ သူသည်ပင်ပန်းစွာပင် အတန်းချိန်ကြားတွင် ကျုံးယို့ယို့အား ရုံးခန်းသို့ခေါ်ခဲ့သည် ။



  သူသည်စားပွဲအောက်မှ လေးထောင့်သေတ္တာအားထုတ်ကာ ကျုံးယို့ယို့အား သေချာနေသည့်အတိုင်း အားပေနေသကဲ့သို့ကြည့်လိုက်ကာ ပြောလိုက်သည် ။

" ကျောင်းသူ ကျုံးယို့ယို့ ၊အရင်က လုပ်ဆောင်ချက်တွေအများကြီးကို လုပ်ဆောင်ခဲ့တာပဲ ။ အတန်းထဲက ဆရာတွေအကုန်လုံးသိကြတယ် ။ သမီးက ဆရာတို့ကို အပိုလစာရအောင်လုပ်ပေးခဲ့တယ်ဆိုတာ။ အဆင့်တွေက ဖော်ပြပြီးလောက်ပြီ ။ဒါက ဆရာတို့လူနည်းစုက သမီးကို ပေးတာ ။ သမီးယူသွားပြီး ကြည့်ကြည့်လို့်ရတယ် "


" သမီးကိုပေးတာလား " ကျုံးယို့ယို့ အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည် ။သူမစာမေးပွဲတွင် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့လျှင်လည်း သူသည် လက်ဆောင်အားပေးမည်ပင်ဖြစ်သည် ။


  မည်သို့ပင်ဖြစ်စေ သူမလက်ဆောင်ဘူးအား ဖွင့်ကာ ကြည့်လိုက်သောအခါ တိတ်ဆိတ်သွားခဲ့သည် ။


   ငါးနှစ်တာ ကောလိပ်ဝင်ခွင့်စာမေးပွဲစုစည်းချက်စာအုပ်များနှင့် သုံးနှစ်တာစုစည်းချက် စာအုပ်အထူများဖြစ်သည် ။


" ဘာဖြစ်လို့လဲ ။ သမီးမကြိုက်ဘူးလား "လီသုန်းဖျင်သည် အလွန်တက်ကြွနေခဲ့သည် ။


" ...." ကျုံးယို့ယို့သည် ထိုအရာအား တိတ်တဆိတ်ပင်ယူလိူက်ကာ " သမီးအဲ့တာကို အရမ်းကြိုက်ပါတယ် ၊ ဆရာတွေကို ပင်ပန်းအောင်လုပ်မိပြီ "


သူမ လက်ဆောင်များအား လက်မောင်းများနှင့် သယ်ဆောင်ထားသည်ကို လီသုန်းဖျင်တွေ့လိုက်ရသောအခါ " ဆရာ့တပည့်တွေဆီက ကြားတာက  သမီးဒီစာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆို ၊ အဲ့တာကြောင့် တစ်နေ့လုံး အားလျော့နေတယ်တဲ့ "


  ကျုံးယို့ယို့၏ ခေါင်းထိပ်တွင် မေးခွန်းသင်္ကေတသုံးခု ပေါ်နေသကဲ့သို့ပင် ဘာဖြစ်သွားမှန်းကိုမသိကာ သူမ၏ စိတ်ဝိညာဥ်ပင် ဘယ်ချိန်ပျောက်ဆုံးသွားမှန်းမသိဖြစ်ခဲ့ရသည် ။သူမသည် မနေ့ညက နှစ်ခြိုက်စွာ မအိပ်ခဲ့ရသည်သာ ဖြစ်ပြီး ဒီနေ့မှသာ သူမအိပ်နေခြင်းဖြစ်သည်။


"ဒါပေမဲ့ အတန်းဖော် ကျုံးယို့ယို့ " လီသုန်းဖျင်သည် ဆက်ပြောလိုက်သည် " စာမေးပွဲက ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုလည်း ကိစ္စမရှိပါဘူး ။အဲ့လိုပြိုင်ပွဲမျိုးရဲ့ ခက်ခဲမှုက ပုံမှန်ကောလိပ်ဝင်ခွင့်စာမေးပွဲထက် နှစ်ဆသုံးဆလောက် ပိုခက်တယ် ။အချိန်ကျလာရင် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အဆင်ပြေသွားမှာပါ ။ သမီး​ရဲ့အဆင့်တွေသာ ဒီတိုင်းဆက်ထိန်းသွားနိုင်မယ်ဆိုရင် သေချာပေါက် ရှင်းဟွာ ဒါမှမဟုတ် ပေကျင်းတက္ကသိုလ်ကို တက်နိုင်တယ် ။ အဲ့လိုရှုပ်ထွေးပြီးလမ်းလွဲနေတဲ့ပြိုင်ပွဲတွေကိုတောင် ဝင်ပြိုင်စရာမလိုပါဘူး "


 ကျုံးယို့ယို့မေးလာခဲ့သည် " ဒါပေမဲ့ မြို့နယ်မှာ ထိပ်ဆုံးဆယ်ယောက်ထဲဝင်သွားမယ်ဆိုရင် အဲ့တာကအပိုဆုပဲ မဟုတ်ဘူးလား "


လီသုန်းဖျင်ပြောလိုက်သည် " ထပ်ပေါင်းထည့်ပေးမယ့်အမှတ်တွေက ရှိတယ် ။ ဒါပေမဲ့ ထိပ်ဆုံးဆယ်ယောက်ကိုပဲ ထပ်ပေါင်းထည့်ပေးသွားမှာ ။သမီး ဘယ်လိုလုပ်ပြီး ထိပ်ဆုံးဆယ်ယောက်ကို ဝင်နိုင်ပါ့မလဲ " သူသည် ထို့သို့ပြောပြီးသောအခါ အမှားလုပ်လိုက်မိသည်ကို ခံစားလိုက်ရသည် ။


  သို့သော် ထိုအရာသည် လုံးဝဖြစ်နိုင်ချေမရှိလောက်ဘူးဟု သူတွေးခဲ့သည် ။သူသာဖြစ်နိုင်ချေမရှိသည်ကို တွေးမိသည်မဟုတ်ဘဲ ရုံးခန်းထဲမှ အခြားဆရာများသည်လည်း ကျုံးယို့ယို့အား ကြည့်လာကြပြီး သူတို့သည်ပင် ထိုကဲ့သို့တွေးကြသည် ။ကျုံးယို့ယို့၏ လုပ်ဆောင်ချက်များသည် သူတို့အား အမှန်တစ်ကယ်ကိုပင် အထင်ကြီးစေခဲ့သည် ။သို့သော် သူတို့သိထားရသည်မှာ သူတို့၏ကျောင်းသည် ထောင်ပေါင်းများစွာသော တက္ကသိုလ်နှင့် ကောလိပ်များထဲမှ တစ်ခုသာလျှင် ဖြစ်သည် ။


  ကျုံးယို့ယို့သည် မျက်ခုံးအားပင့်လိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းများအား အားထည့်ကာပြုံးလိုက်ပြီး ဘာမှမပြောလာခဲ့ပေ ။


  နှစ်ယောက်သားစကားပြောနေကျချိန်တွင် ပညာရေးဌာနမှ သူသည် တံခါးဖွင့်ကာ လီသုန်းဖျင်အား ပြောလာခဲ့သည် ။ " ဆရာလီ လွန်ခဲ့တဲ့ သုံးရက်က ပြိုင်ပွဲရဲ့ရလဒ်က တစ်မြို့လုံးမှာ ထွက်နေပြီ ။အခု ပြိုင်ပွဲမှာ ပါဝင်ထားတဲ့ အတန်းထဲကကျောင်းသားတွေကို စုစည်းဖို့ ဆရာတွေကို အသိပေးလိုက်ပါ "


  ပြောပြီးသွားသောအခါတွင် သူ၏အကြည့်သည် လီသုန်းဖျင်ဘေးတွင် ရပ်နေသော ကျုံးယို့ယို့ပေါ်သို့ ကျရောက်သွားပြီး သူသည် ခေတ္တမျှမှင်သက်သွားကာ နောက်တွင် အလွန်အားရဝမ်းသာပင်ပြောလာခဲ့သည် ။

"ကျုံးယို့ယို့မလား ။အရင်က မင်းကိုတစ်ခါမှ မတွေ့ဖူးဘူး။ ဒီကိုလာခဲ့ ၊ ဆရာလီရောပဲ ။ ဆရာ့အတန်းထဲက ကျုံးယို့ယို့က တစ်ကျောင်းလုံးမှာ တတိယရပြီး တစ်မြို့နယ်လုံးမှာ ၁၁ယောက်မြောက်နေရာကိုရတယ် "


 တစ်ကျောင်းလုံးမှာ တတိယ ၊ တစ်မြို့နယ်လုံးမှာ ၁၁ယောက်မြောက် တဲ့လား ။


  ရုံးခန်းတစ်ခုလုံးရှိသူများသည် ကျုံးယို့ယို့အား ကြည့်လာကြပြီး သူတို့၏ မျက်နှာအမူအရာများသည် ခဏကြာအောင် ဗလာကဲ့သို့ပင် ဖြစ်နေခဲ့သည် ။ နောက်ဆုံးအခေါက်တွင် သူမသည် အတန်းထဲတွင် တတိယနေရာကို ရခဲ့ပြီး ယခုတွင် တစ်ကျောင်းလုံး၌ တတိယ ၊ တစ်မြို့နယ်လုံးတွင် ဆယ့်တစ်ယောက်မြောက်တဲ့လား။ဘုရားရေ ။ သူအခုလေးတင် ဘာပြောခဲ့တာများလဲ ။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့ရင်တောင်မှ မစိုးရိမ်ဖို့ကျုံးယို့ယို့ကို ပြောခဲ့တာလား ။သူတို့က ဘာလို့များ သူမ စာမေးပွဲကျပြီလို့ ပြောနေကြတာလဲ ။ဒါက အရမ်းကောင်းကောင်းလုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား ။ 


  မည်သို့ပင် ဖြစ်စေ ကျုံးယို့ယို့၏ မျက်နှာသည် အနည်းငယ်ပြောင်းလဲနေခဲ့သည် ။ အနည်းငယ် ကြည့်ရဆိုးနေခြင်းပင် ။ဘယ်လိုလုပ် ဆယ့်တစ်ယောက်မြောက် ဖြစ်သွားရတာလဲ ။


   လီသုန်းဖျင်သည် အမှန်တစ်ကယ်ပင် အံ့အားသင့်သွားခဲ့သည် ။သူ့တွင် တစ်ခုခုပြောရန်ပင် အချိန်မရခဲ့ချေ ။သူသည် ပညာရေးဌာနမှ တာဝန်ရှိသူ၏ အနောက်သို့ အဆင့်များအား လက်ခံရယူရန် လိုက်သွားခဲ့သည် ။အမှတ်များသည်  ကွန်ပြူတာမှတစ်ဆင့် ပေးပို့လာပြီး သူတို့သည် ပညာရေးဌာန၏ အကောင့်မှတစ်ဆင့် ဝင်ကြည့်လိုက်သည် ။


ရလဒ်များ ရပြီးသည့်နောက်တွင် သူသည် ဒါဇင်ပေါင်းများစွာ ပရင့်ထုတ်လိုက်ပြီး အလျင်အမြန်ပင် ပြန်ပြေးသွားကာ ကော်ရစ်တာတွင် သူ၏ လက်များအား ခါရမ်းနေခဲ့သည် ။ထို့နောက်တွင် အစမှအဆုံးရလဒ်များအား ကြည့်နေခဲ့သည် ။ ပထမနေရာသည် ရှစ်ကျစ်ထန်ပင်ဖြစ်သည် ။သူတို့ကျောင်း၏ ပထမတန်းနှင့် တတိယတန်းတွင် အထူးချွန်ဆုံးကျောင်းသားဖြစ်ပြီး တစ်နှစ်ပတ်လုံး နိုင်ငံတော်အလံအောက်၌ မိန့်ခွန်းပြောခဲ့သူဖြစ်ကာ ထွေထွေထူးထူးအံ့သြနေစရာမရှိပေ ။