အပိုင်း ၇၄
Viewers 11k

Chapter 74




ထို့နောက်သူသည် သူ၏ မျက်လုံးအကြည့်များအား အောက်သို့မချရဲခဲ့ပေ ။ အသက်ဝအောင်ရှူပြီးသည့်နောက်တွင် သူသည်တစ်ဖြေဖြေးအောက်ဘက်သို့ ကြည့်လိုက်သည် ။ ဒုတိယမြောက်နေရာသည် ယှဥ်ပြိုင်မှုပြင်းထန်သည့် ဒုတိယအတန်းမှ ဖြစ်သည် ။ထို့နောက် ကျောင်းရှိ တတိယနေရာတွင် ကျုံးယို့ယို့ဟူသော အမည်သုံးလုံးရှိနေခဲ့သည် ။


 ဘုရားရေ ။ အဲ့တာက တစ်ကယ်ကို သူတို့အတန်းထဲက ကျုံးယို့ယို့ပဲ ။လီသုန်းဖျင်သည် ကော်ရစ်တာတစ်လျှောက်ပြေးသွားခဲ့ပြီး အမှိုက်များအား ကျော်ဖြတ်ကာ ထိုအရာများအား ခလုတ်တိုက်မိမတက်ပင်ဖြစ်သည် ။သူသည် သူ၏ မျက်မှန်အား အလျင်အမြန်ပင် ပြန်တည့်မတ်လိုက်ပြီး ရုံးခန်းသို့အပြေးဝင်ကာ ရလဒ်မှတ်တမ်းအား သူ့လက်ထဲတွင် ကိုင်ဆောင်ကာ မြှောက်ပြလိုက်သည် ။


 "ကျုံးယို့ယို့ သမီးတစ်ကယ်ပဲ မြို့နယ်မှာ ဆယ့်တစ်ယောက်မြောက်နေရာကို ရခဲ့တယ် " ထိုစကားလုံးများအားပြောပြီးသည့်နောက်တွင် ရုံးခန်းထဲမှ ဆရာများအားလုံးသည် မတ်တတ်ရပ်ကာ ကျုံးယို့ယို့အား အံ့အားသင့်စွာကြည့်လာကြသည် ။ တရုတ်စာပေဆရာနှင့် သင်္ချာဆရာပင် ပြေးလာခဲ့ကြသည် ။လီသုန်းဖျင် မိတ္တူထုတ်လာသောစာရွက်တို့အား ယူကြည့်လာကြသည် ။


   ရူပဗေဒဆရာသည် မှတ်တမ်းအား လက်ထဲတွင် ယူကြည့်လိုက်ပြီး ကျုံးယို့ယို့၏ ရူပဗေဒဘာသာရပ်သည် အမှတ်ပြည့်ပင် ရခဲ့သည်လား ။ သူဆွံအသွားမိသည် ။နှစ်များစွာကြာအောင် လုပ်သက်တစ်လျှောက်၌ သူ၏ လက်ထဲတွင် ဆယ့်တစ်ယောက်မြောက်နေရာအား ရနိုင်သူမရှိခဲ့သေးပေ ။ဒီလိုပြိုင်ပွဲမျိုးမှာ ရူပဗေဒဘာသာရပ်ကို အမှတ်ပြည့်ရအောင် သူဘယ်လိုများ သင်ပေးလိုက်နိုင်တာလဲ ။


  ကျုံးယို့ယို့ ရလဒ်မှတ်တမ်းအားကိုင်ထားသည်ကို တွေ့လိုက်ရသောအခါ လီသုန်းဖျင်သည် အနည်းငယ်စိတ်မကျေနပ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်ကာ သူမ၏ ပုခုံးအား ပုတ်လိုက်သည် " ဘာလဲ ။ အခုထိမကျေနပ်သေးဘူးလား ။ဒါက တစ်မြို့နယ်လုံးမှာ ဆယ့်တစ်ယောက်မြောက်အဆင့်နော် ။ဒီမြို့နယ်မှာကျောင်းသားဦးရေပေါင်းဘယ်လောက်ရှိလဲ ။ မဟုတ်ဘူး။ လူဦးရေ ခုနှစ်သိန်းနဲ့ ရှစ်သိန်းကြားမှာ ကျောင်းသားဦးရေက တစ်သိန်းရှိတယ် ။ အဲ့ထဲမှာ အဆင့်က ဆယ့်​တစ်လေ ။ "


ကျုံးယို့ယို့"...."


  ကမ္ဘာကြီးသည် ရိုးရှင်းစွာပင် ရူးသွပ်နေကြသည်ဟု လီသုန်းဖျင်တွေးမိသည် ။


    ကျုံးယို့ယို့သည် လွန်ခဲ့သော သုံးလတွင် သူ၏ အတန်းမှ ကျောင်းသားဖြစ်ခဲ့ကာ သူသည် သူမအားအကြိမ်များစွာ သင်ကြားပေးခဲ့သည့် သူဖြစ်သည်ကို မည်သူ ဆက်၍ မှတ်မိနေမည်နည်း ။ သူသည် အတွေ့အကြုံမရှိကာ အပြစ်သာမြင်တတ်ပြီး တစ်နေ့တာလုံးအရှက်ရနေခဲ့သည် ။


   လွန်ခဲ့သော လဝက်ခန့်က သင်္ချာစာမေးပွဲ ၊ အကဲဖြတ်စာမေးပွဲနှင့်တင် အံ့အားသင့်ရန် လုံလောက်နေပြီ ဖြစ်သည် ။ သို့သော် ယခုတွင် ကျုံးယို့ယို့သည် မြို့တော်၏ ဆယ့်တစ်ယောက်မြောက်နေရာ နှင့် တစ်ကျောင်းလုံးတွင် တတိယနေရာကို ရခဲ့ပြီ ဖြစ်သည် ။


  ဆရာများသည် အလွန်စိတ်လှုပ်ရှားနေကြသည် ။သို့သော် ဓါတုဗေဒဆရာသည် စိတ်မလှုပ်ရှားခင် ကျုံးယို့ယို့၏ အမှတ်များအား အပေါ်အောက်ကြည့်လိုက်ကာ အခြားသာသာရမှတ်များနှင့် ယှဥ်ကြည့်လိုက်သည် ။ ရုတ်တရက် သူသည် သံသယဖြစ်ဖွယ်တစ်ခုကို တွေ့လိုက်ရသည် ။

   "ယို့ယို့  ၊ ဓါတုဗေဒစာမေးပွဲမှာ ဘယ်လိုဖြစ်ခဲ့တာလဲ ။ သမီးလုပ်တာ မကောင်းလို့တော့မဟုတ်ပါဘူး ။ဒါပေမဲ့ တစ်ခြားဘာသာရမှတ်တွေနဲ့ ယှဥ်ရင် နည်းနေတယ် ။ ဓါတုဗေဒမှာ သမီးနားမလည်တာများရှိလား ။ "


    သူသည် အနည်းငယ်စိုးရိမ်နေခဲ့သည် ။ သို့သော် ဓါတုဗေဒဘာသာရပ်အား ကျုံးယို့ယို့၏ ပုန်းကွယ်နေသော ခြေထောက်​တစ်ဖက်ဖြစ်လာမည်ကို ခွင့်မပြုနိုင်ပေ ။


   ကျုံးယို့ယို့ မပြောခင် ခဏတာ ရပ်တန့်လိုက်သည် ။

" သမီး ဓါတ်ခွဲစစ်ဆေးမှုစာမေးပွဲ ကျခဲ့တယ် "


   သူမသည် သူမ၏ အဆင့်​များအားကြည့်နေသောအခါ အနည်းငယ် ရုပ်ဆိုးနေခဲ့သည် ။အခြားဘာသာရပ်များသည် သူမျှော်မှန်းထားသည့် ရလဒ်အတိုင်းပင်ဖြစ်ကာ ဓါတုဗေဒဘာသာရပ်တွင်တော့ အမှတ်သုံးဆယ်လောက်လျော့နေခဲ့သည် ။ ဓါတ်ခွဲစစ်ဆေးမှုရလဒ်များသည် သူမအတွက် ထည့်မတွက်ပေးခဲ့ဘဲ သူမ၏ စုပေါင်းရလဒ်များသည် တိုက်ရိုက်ပင်ကျသွားခဲ့သည် ။ဤအမှတ်သုံးဆယ်သာ ထပ်ပေါင်းထည့်ခဲ့မည်ဆိုလျှင် သူမည် ယခုအချိန်တွင် မြို့နယ်ပထမရရှိသူထက်ပင် ဆယ့်သုံးမှတ်လောက်ပိုများနေပြီဖြစ်သည် ။


   ရုတ်ချည်းပင် သူမ မျက်မှောင်ကြုတ်လာရသည် ။သူမ၏ အစီစဥ်သည် စာမေးပွဲတွင် ပထမနေရာရရှိရန် ဖြစ်ပြီး ယခုတွင်တော့ သူမ၏ အစီစဥ်နှင့် အလွန်ဝေးကွာသွားပြီဖြစ်သည် ။


   ထပ်ပေါင်းပြောရမည်ဆိုလျှင် အရှက်ရဖွယ်ကောင်းသော မြို့နယ်ဆယ့်တစ်ယောက်မြောက်နေရာသည် မြို့နယ်ထိပ်ဆုံးဆယ်ယောက်တွင် မပါဝင်လာဖို့ဖြစ်ခဲ့ပြီး ထပ်ပေါင်းတိုးပေးမည့်အမှတ်လည်း မရတော့ပေ ။


   သူမသည် အလွန်မပျော်ရွှင်ခဲ့သော်လည်း အတန်းဖော်များကတော့ သေလောက်အောက် လန့်နေ့ကြပြီဖြစ်သည် ။ တစ်ကျောင်းလုံးမှာ တတိယ ၊ သေစမ်းပဲ ။ ကျုံးယို့ယို့က ဒီတစ်ကြိမ် တစ်ကျောင်းလုံးမှာ တတိယရတယ် ။ ပြီးတော့ မြို့နယ်မှာ ဆယ့်တစ်ယောက်မြောက်နေရာ ။ ဒါက မှော်ဆန်တဲ့ရုပ်ရှင်မျိုးလား ။မနက်ကတင် သူမအား မြို့နယ်အယောက်တစ်ရာတွင်ပါဝင်နိုင်လိမ့်မည်မဟုတ်ဘူးဟု ဆိုကြပြီး ယခုတွင် ကျုံးယို့ယို့သည် ထိုအရာအား မြို့နယ်ဆယ့်တစ်ယောက်မြောက်နေရာနဲ့တင် တစ်ချက်တည်း ရိုက်ချလိုက်နိုင်ပြီဖြစ်သည် ။


မြို့နယ်ဆယ့်တစ်ယောက်မြောက်နေရာဖြစ်လျှင်တောင်မှ ကျောင်းတွင်းတတိယသည် အံ့သြလောက်စရာပင်ဖြစ်နေသေးသည် ။


   ပြိုင်ပွဲတွင်ပါဝင်ခဲ့သည့် ယှဥ်ပြိုင်မှုပြင်းထန်သော အတန်းများမှ ကျောင်းသားကျောင်းသူများသည်  သူတို့၏လဒ်များမထွက်ခင် နေ့လည်ခင်း၌  ကျုံးယို့ယို့နှင့် ဘတ်စ်ကားတူတူစီးခဲ့သည် ။ သူတို့သည် အဆင့်များအား ကြည့်လိုက်သောအခါ သူတို့သည် အံ့အားသင့်ကာ ပြောစရာစကားမဲ့သွားရသည် ။


  ကျုံးယို့ယို့ ၊ ဘာလို့ထပ်ပြီးသူမပဲလည်း ။ တစ်ကျောင်းလုံးတတိယ ။ သူမ၏ အမှတ်များသည် သူတို့ထက်ပင် ပိုမြင့်သေးကာ ကြောက်လန့်စရာပင်ဖြစ်သည် ။ ဘာတွေဖြစ်ကုန်တာလဲ ။


   စာညံ့သောအတန်းမှ ကျောင်းသူသည် ဌာနမှူးရှေ့၌ ပြီးခဲ့သောသင်္ချာစာမေးပွဲတွင် အမှတ်ပြည့်ရခဲ့သည် ။ ဤမျှလောက် မီးမောင်းထိုးပြနေသည်ပင် လုံလောက်နေပြီဖြစ်သည် ။ အကုန်လုံးသည် သူမအား အချိန်အတိုင်းအတာ တစ်ခုစာအတွက်သာ ပေါ်ထွက်လာခဲ့သော မြင်းနက်ဟု ထင်ကြသည် ။ သူမ၏ ရမှတ်တစ်ဝက်လောက်မှာ ကြိုးပမ်းမှုဖြစ်ပြီး တစ်ဝက်လောက်သည် ကံကောင်းမှုဖြစ်သည် ဟုပြောခဲ့ကြသည် ။ သို့သော် ယခုတွင် သူမသည် တစ်ကျောင်းလုံးတွင် တတိယနေရာ ရရှိလာခဲ့ပြီ ။ထိုအရာသည် လုံးဝမယုံနိုင်လောက်အောင်ပင်ဖြစ်သည် ။


   ဤကဲ့သို့သော စာမေးပွဲမျိုးသည် လုံးဝခိုးချ၍မရပေ ။ တတိယတန်းတွင် ကွဲပြားသောအမြင်များနှင့် ဆွေးနွေးမှုများရှိနေပြီး အထူးသဖြင့်ယှဥ်ပြိုင်မှုပြင်းထန်သောအတန်းတွင်သူမနှင့်အတူ စာမေးပွဲသွားဖြေခဲ့ကြသော ကျောင်းသားများသည် ပေါက်ကွဲနေကြပြီဖြစ်သည် ။


  တစ်ချိန်ထဲတွင်ပင် ယောကျ်ားလေးများသည် ဘတ်စ်ကတ်ဘောကို ကိုင်ကာ အတန်းထဲသို့အပြေးအလွှားဝင်လာကြပြီး ကျုံးရှီယို့ကို အော်ခေါ်လိုက်သည် ။

"  ကျုံးရှီယို့ ။ သေစမ်းပဲ မင်းအစ်မက ပြိုင်ပွဲကနေတစ်ကျောင်းလုံးမှာ တတိယရတယ် ။ဖုန်းဖွင့်ကြည့်လိုက် "


    ကျုံးရှီယို့သည် ခဏတာကြောင်အ သွားခဲ့ပြီး အလွန်ပင်အံ့သြနေကာ ဖုန်းကိုဖွင့်၍ ကျောင်းဖိုရမ်ထဲသို့ဝင်ကြည့်လိုက်သည် ။ သူသည် ထိပ်ဆုံးတွင် ကျုံးယို့ယို့အ​ကြောင်းပြောထားသော အကြောင်းအရာများကိုတွေ့လိုက်ရသည် ။ ကျုံးယို့ယို့သည် ကျောင်းတွင် တတိယနေရာကို ရခဲ့ပြီး မြို့နယ်တွင် ဆယ့်တစ်ယောက်မြောက်နေရာကို ရခဲ့သည် ။ သူတို့သည် အလွန်ထိတ်လန့်သွားရကာ ထိုအရာကိုပင် မေ့သွားခဲ့သည်။ မြို့နယ် ပထမ ရှစ်ကျစ်ထန် ။


    ကျုံးရှီယို့သည် လျင်မြန်စွာပင် ဖိုရမ်၌ ရှာဖွေနေခဲ့သည် ။သူ၏ နှလုံးသည်လျင်မြန်စွာခုန်နေခဲ့ပြီး ပါပါးကျုံးအား အမြန်ပင်ခေါ်ဆိုလိုက်ကာ သူသည် ဖုန်းနံပါတ်ကို ဖိနှိပ်လိုက်သည့်အချိန်တွင် နောက်ဆုံးအခေါက်၌ ဆေးရုံမှ အားငယ်စွာပြန်လာခဲ့ရသည်ကို သတိရသွားခဲ့သည် ။


  သူသည် တွန့်ဆုတ်စွာဖြင့် ဖုန်းအားပြန်ခေါ်ဆိုလိုက်သည် ။သူသည် ယခုတွင် သူ၏ဖခင်အား အစ်မဖြစ်သူရရှိခဲ့သော အဆင့်များနှင့်ပက်သက်၍ ပြောတော့မည်ဖြစ်ပြီး  ထိုအရာသည် သူ၏ဖခင်အား ပို၍ လှုံ့ဆော်ပေးလိုက်သလိုဖြစ်မည်ကိုလည်း စိုးရိမ်မိသည် ။


   တစ်ကျောင်းလုံး ပြိုကွဲနေရပြီဖြစ်သည် ။

 

မည်သို့ပင် ဖြစ်စေ ၊ ကျုံးယို့ယိုသည် ရုံးခန်းထဲမှ ရလဒ်မှတ်တမ်းအား ကိုင်ကာ ထွက်လာခဲ့ပြီး သူမ၏မျက်နှာသည် အနည်းငယ်အေးစက်နေခဲ့သည် ။


    ထိပ်ဆုံးဆယ်ယောက်သည် ထပ်ပေါင်းထည့်မည့်အမှတ်ကိုသာ ရရှိမည်မဟုတ်ဘဲ အပိုဆုပါရှိနေသေးသည်ကို သူမသိလိုက်ရသည် ။ ဆုများသည် ပညာရေးဝန်ကြီးဌာန၏ တံဆိပ်တုံးထုထားပြီး ပြိုင်ပွဲအသင်းဌာနနှင့် ပြည်နယ်အစိုးရတို့ထံမှလည်း ပါဝင်သည် ။ သို့သော် သူမသည် ထိုအမှတ်သုံးဆယ်ကြောင့် စီစဥ်ထားသလို ပထမနေရာကို မရခဲ့ပေ ။


   ထိုအရာသည် ဖေးယွင်လုပ်ခဲ့သောအရာများကို ကြီးကြပ်သူမှ ဖုံးကွယ်ထားချင်သောကြောင့်လား ။သူမ စောစောကသာသိခဲ့လျှင် စာမေးပွဲပြန်ဖြေနိုင်ရန် ချက်ခြင်းတောင်းဆိုခဲ့မည်ဖြစ်သည် ။အစီစဥ်များအားလုံးပျက်စီးသွားခြင်းသည် သူမအားအလွန်စိတ်ပျက်စေသည် ။ ကျုံးယို့ယို့သည် ကော်ရစ်တာတွင်ရပ်နေပြီး သူမရင်ဖွင့်နိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရသည် ။


   သူမမျက်မှောင်ကြုတ်ထားသကဲ့သို့ပင် အတန်း(၁၉)မှ ကျောင်းသားတစ်ယောက်သည် အလျင်အမြန်ပြေးလာပြီး အမောတကောပြောလာခဲ့သည် ။


" ကျုံးယို့ယို့ ဒါရိုက်တာရဲ့ ရုံးခန်းကိုသွား ၊ ပရိုဂရမ်အဖွဲ့ရဲ့ ဒါရိုက်တာက နင့်ကိုရှာနေတယ် ။ပြီးတော့ နောက်ထပ်နှစ်ယောက်လည်းရှိသေးတယ် ။ ပညာရေးဝန်ကြီးဌာနကပြောတာက နင့်အဆင့်မှာ လွဲမှားတာတွေ ရှိနေတယ်တဲ့ "


" နင့်ရတဲ့အဆင့်က အခုထက်ပိုများတယ် " 


ယှဥ်ပြိုင်မှုပြင်းထန်သည့်အတန်းမှ ကျောင်းသူသည် ကျုံးယို့ယို့အား လှည့်ကြည့်လာခဲ့ပြီး မထိန်းထားနိုင်ခဲ့ပေ ။ မဟုတ်လျှင် သူမသည် ဘယ်လိုများ တစ်ကျောင်းလုံးတတိယ ၊ တစ်မြို့နယ်လုံးစာအတွက် ဆယ့်တစ်ယောက်မြောက်နေရာကို ရမည်နည်း ။


   ကော်ရစ်တာမှ လူအများသည် ထိုနေရာသို့ကြည့်လာကြပြီး ထိုကျောင်းသားသည် ယိုင်လဲလုမတက်ဖြစ်ကာ ထပ်ပြောလာခဲ့သည် ။


" ဟုတ်ပြီ ၊ ကြည့်ရတာ အဲ့အမှားက နင့်အမှတ်ကို သုံးဆယ်လောက်ပိုနည်းသွားစေခဲ့တဲ့ပုံပဲ "


"...."


စင်္ကြံတစ်လျှောက်တွင် သေလောက်အောင် တိတ်ဆိတ်နေကြပြီဖြစ်သည် ။