အပိုင်း ၁၀၂
Viewers 16k

Chapter 102

ပြန်လည်ရုပ်သိမ်းခြင်း


"ဟားဟား... ဟားဟား... ဒုဥက္ကဋ္ဌကုရေ ဒီပြိုင်ပွဲမှာ ငါတို့ ကျိုးဖုန်းကျောင်းတော်က အနိုင်ရသွားမှာကိုတောင် စိုးမိပါတယ်..."


ကျိုးဖုန်း ကျောင်းသားဥက္ကဌက ပထမဦးဆုံး မတ်တပ်ထရပ်လိုက်ပြီးပြောလိုက်သည်။သူ့၏စကားက နှိမ့်ချမှု့ပါသော်လည်း သူ၏အမူအရာကမူဝင့်ကြွားမှု့အပြည့်ဖြစ်နေသည်။


"ဒါကချစ်ကြည်ရေးပွဲစဉ်လေးပါပဲ ယှဉ်ပြိုင်မှု့ကသာအရေးကြီးတာပါ..."


တူလေးကုကတည်ငြိမ်စွာပင်ပြန်ပြောလိုက်သည်။


တစ်ကယ်တမ်းတွင် ကျောင်းများကြားထဲမှာ ချစ်ကြည်ရေးပွဲစဉ်ဆိုသည်မှာ ယှဉ်ပြိုင်ပါဝင်မှု့ကသာအဓိကဖြစ်ပြီး ရလဒ်များကအရေးမကြီးပေ။သို့သော်လည်း ကျိုးဖုန်းကျောင်းသားဥက္ကဌ၏စကားများက သူ့ရင်ထဲမှ ဒေါသတရားကို နှိုးဆွလိုက်လေသည်။


ပြောရမယ်ဆိုရင်တော့ .....

"မင်းတို့ရဲ့ကျောင်းတော်ကြီးက ဒီနှစ်တွေတောက်လျှောက်ပါဝင်လာခဲ့တာပဲလေ။ဒါပင်မယ့် ငါတို့ရဲ့ ပထမကျောင်းတော်ကြီးကသာအမြဲတမ်းဗိုလ်စွဲခဲ့တာ အခုနောက်ဆုံးတော့ အနိုင်ရဖူးပြီဆိုတော့ အောင်ပွဲခံသင့်ပါတယ်လေ..."


ကျိုးဖုန် ဥက္ကဌ ၏ အမူအရာက မကျေမနပ်ဖြင့် မှုန်ကုတ်ကုတ်ဖြစ်သွားသည်။


သွေးစုပ်ဖုတ်ကောင်မျိုးနွယ်များက ပထမကျောင်းတော်ကြီးထဲသို့ဝင်ရောက်ခွင့်ရသောကြောင့် သူတို့၏ ကျိုးဖုန်ကျောင်းတော်က အလိုအလျောက် ဒုတိယ ဖြစ်သွားခဲ့ရသည်။


စက်ယန္တရားများပြုလုပ်ခြင်း၌ဖြစ်စေ၊ကျောင်းသားများ၏အရည်အချင်း၌ဖြစ်စေသူတို့ကျောင်းတော်က ပထမကျောင်းတော်ကိုမမှီခဲ့ပေ။ ပထမကျောင်းတော်ကြီးက ယှဉ်ပြိုင်မှုပိုများသော မဟာမိတ်ပေါင်းစုတပ်နှင့်ချိတ်ဆက်ထားသည်။


သူတို့က ပထမကျောင်းတော်ကို နှစ်စဉ်နှစ်တိုင်း ယှဉ်ပြိုင်ဖို့စိန်ခေါ်ခဲ့သော်လည်း ရှုံးနှိမ့်ခြင်းနဲ့သာရင်ဆိုင်ခဲ့ရသည်။သို့သော်လည်း ယခုနှစ်တွင်မူ စက်တီထွင်မှု့အသစ်ဖန်တီးနိုင်ခဲ့သောကြောင့် နောက်ဆုံး၌အံ့အားသင့်စရာ အနည်းငယ်ကိုပြုလုပ်နိုင်ခဲ့လေသည်။


"ဟ...ဟ..."


ကျိုးဖုန်ဥက္ကဌက ခြောက်ကပ်ကပ်ရယ်လိုက်ပြီးစကားခေါင်းစဉ်လွှဲလိုက်သည်။


"ဟုတ်သားပဲ... ဒုဥက္ကဌကိုငါပြောဖို့မေ့သွားတယ်... ငါတို့ကျောင်းရဲ့ကိုယ်စားပြုယှဉ်ပြိုင်တဲ့ လူသစ်လေး ယွမ်ဟန်ကတစ်ကယ်တမ်းတော့ အများကြီးမျှော်မှန်းထားလို့မရတဲ့သူလေးပဲလေ...အမှန်တိုင်းပြောရမယ်ဆိုရင် သူ့ကို ပြိုင်ပွဲမှာအနိုင်ရလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ဘူး ဒါပေမဲ့ ဒုဥက္ကဌတို့ကျောင်းတော်ကတော့စက်ပြင်ပညာကိုလေ့လာနေတဲ့ပဉ္စမနှစ်ကျောင်းသားတစ်ယောက်ဆို..."


မင်းတို့ကျောင်းရဲ့ကိုယ်စားပြု ယွမ်ဟန်က ကျောင်းသားသစ်လေးပေါ့လေ..."


ကုရှုချန်း သူ့၏ စကားများကြောင့် စိတ်ထဲ၌ဒေါသထွက်နေလေသည်။ ထိုသူက ပြိုင်ပွဲဝင်များကို ကျောင်းအတန်းများဖြင့် ခွဲခြားပြောဆိုလာလိမ့်မည်ဟုမထင်မိပေ။


"ကျိုးဖုန်းကျောင်းတော်ကြီးက ကျောင်းသားတွေကို သူ့တို့ရဲ့စာသင်နှစ်အလိုက် အမျိုးစားခွဲထားလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး...ကျုပ်တို့ရဲ့ ပထမ ကျောင်းတော်ကြီးမှာတော့ သူတို့ကျောင်းတော်မှာကုန်ဆုံးခဲ့တဲ့နှစ်တွေကိုမကြည့်ဘဲနဲ့ 

စ်ယောက်ချင်းဆီရဲ့အရည်အချင်းတွေကိုပဲကြည့်တယ်လေ...

ဥပမာ ပြောရမယ်ဆိုရင်တော့ သူ့မကိုပဲ ကြည့်လိုက်ပါ...သူမက ဒီနှစ်မှကျောင်းတော်ကိုစဝင်လာတဲ့ လူသစ်လေး ဖြစ်ပင်မယ့် ပထမကျောင်းတော်ကြီးရဲ့ ဥက္ကဌလေ...အရာရာအားလုံးကစွမ်းရည်နဲ့လုပ်နိုင်စွမ်းအပေါ်မှာပဲမူတည်ပါတယ်..."


ကျိုးဖုန်ဥက္ကဌ က စကားစစ်ထိုးရာတွင် ရှုံးသွားကြောင်းထင်ရှားပေသည်။သူက ပထမကျောင်းတော်ကြီးမှ ကျောင်းသားဟောင်းတစ်ယောက်ကို လူသစ်လေးတစ်ယောက်က အနိုင်ယူနေသည်ဟု့ လှောင်ပြောင် ပြောဆိုလိုခဲ့သော်လည်း သူတို့ကသာ အဆင့်ခွဲခြားသူများအဖြစ် ပြန်လည်ပြောဆိုခံလိုက်ရလေသည်။ထို့အပြင် သူက ကျောင်းသားဥက္ကဌအသစ် နှင့်ပင်နှိုင်းယှဉ်ပြောဆိုသွားလေသည်။


ဒါပင်မယ့် သူတို့ရဲ့ဥက္ကဌအသစ်က ပဉ္စမမျိုးဆက် သွေးစုပ်ဖုတ်ကောင် ဆိုတာကို မသိတဲ့သူဘယ်သူများရှိလို့လဲ...သူမကို ဘယ်သူကများ စိန်ခေါ်ရဲမှာလဲ...


အခြေနေများ တင်းမာသွားမည်စိုးသောကြောင့် သူခွန်းတုန့်မပြန်ရဲတော့ပေ။ သွေးစုပ်ဖုတ်ကောင်များ၏ တည်ငြိမ်မှုမရှိသော စိတ်သဘောထားအရ မျိုးနွယ်စုများကြားထဲမှရန်ပွဲကြီးတစ်ခုပင်ဖြစ်လာနိုင်သည်။


ကျိုးဖုန်ဥက္ကဌက သူ့ရဲ့မကျေနပ်မှု့များကိုမြိုချလိုက်ပြီး ဘေးတွင်ထိုင်နေသော ယောင်စစ်ကိုလှည့်ကြည့်၍ ပြုံးပြလိုက်သည်။


"ဥက္ကဌပြိုင်ပွဲကြီးပြီးသွားပြီဆိုတော့ရလဒ်ကို ဆုံးဖြတ်ပေးပါ..."


ယောင်စစ် သူတို့၏ ဆူညံပွတ်လောရိုက်နေသံများကြောင့် စိတ်အနှောက်ယှက်မဖြစ်ဘဲ ခြေနှစ်လှမ်းရှေ့တိုးပြီးစင်မြှင့်အလည်သို့လှမ်းလိုက်သည်။


သွေးစုပ်ဖုတ်ကောင်များ၏ အလေးနက်ထားခြင်းခံရသော သူမ၏ ထူးခြားလှသော အဆင့်အတန်းကြောင့် ပြိုင်ပွဲရလဒ်ကိုကြော်ငြာရန် ဖိတ်ခေါ်ခြင်းခံရလေသည်။


ယောင်စစ် နေရာတွင်ရပ်လိုက်သည်နှင့် ကွင်းပြင်ထဲရှိ တိုက်ရိုက်ထုတ်လွှင့်မှု့ကိုပြသနေသော ဖန်သားပြင်ထက်တွင် သူမ၏ ပုံရိပ် ပေါ်လာသည်။ကွင်းပြင်တစ်ခုလုံးငြိမ်သက်တိတ်ဆိတ်သွားလေသည်။ရလဒ်က ထင်ရှားနေပြီဖြစ်သော်လည်း သူမ၏ ကြော်ငြာမှု့ကိုစောင့်မျှော်နေကြလေသည်။


ယောင်စစ် တိုက်ပွဲကွင်းပြင်ကို ကြည့်လိုက်သည်။ ယုရှန်းက ပျက်စီးသွားသောသူ့၏စက်ရုပ်ထဲမှ တွားသွား ပြီးထွက်လာစဉ် ယွမ်ဟန်ကတော့ သူ့၏ စက်ရုပ်ထဲမှခေါင်းမော့၍ မော်ကြွားစွာထွက်လာလေသည်။


"ရလဒ်ကိုကြော်ငြာမယ်... "


သူမ ကျန်စကားများကိုဆက်မပြေဘဲခဏမျှရပ်၍ အားလုံး ကိုဝှေ့ဝဲကြည့်လိုက်သည်။


"ကျိုးဖုန်းကျောင်းတော်ကြီးက ယွမ်ဟန်ကပြိုင်ပွဲဝင် အရည်အချင်း မပြည့်မှီဘူး ဒါကြောင့် ရလဒ်ကလည်း မမှန်ကန်ဘူး..."


အားပေးရန်စောင့်ဆိုင်းနေသော လူအုပ်ကြီးမှင်သက်သွားကာ တိတ်ဆိတ် ငြိမ်သက်သွားလေသည်။ထို့နောက် ရလဒ်ကို မယုံကြည်နိုင်စွာဖြင့် ဆူညံပွတ်လောရိုက်မှုများ ဖြစ်ပေါ်လာလေသည်။


"ဥက္ကဌယောင်ဒါက ဘာကိုဆိုလိုတာလဲ..."


 ကျိုးဖုန်းဥက္ကဌ ကအံ့အားသင့်စွာဖြင့်အလန့်တကြားထအော်လိုက်သည်။သွေးစုပ်ဖုတ်ကောင် တွေက သူ့တို့ မျိုးနွယ်ကိုအလွန်အမင်းကာကွယ်ပေးတယ်။ပြီးတော့ကျိုးကြောင်းဆီလျော်မှုလည်းမရှိဘူးဆိုတာလည်းသိထားပေမဲ့... ဒါကသွေးစုပ်ဖုတ်ကောင်ပြိုင်ပွဲမဟုတ်ဘူးလေ။


ဒါကကျောင်းတော်ချင်းကြားက ချစ်ကြည်ရေး ပြိုင်ပွဲလေးပဲလေ။အဲ့ဒါကိုသူကဘာထဖြစ်တာလဲ။


"အဲ့တာဘာလို့လဲဆို့တော့..."


 သူမ မရှင်းပြခင်မှာပင် ယွမ်ဟန်က စူးစူးရဲရဲစိုက်ကြည့်ပြီး ဒေါသတစ်ကြီးအော်လိုက်သည်။


"ငါကဒီပြိုင်ပွဲကို ကိုယ့်အရည်အချင်းနဲ့ကိုယ်အောင်နိုင်ခဲ့တယ်... အဲ့တာကိုတောင်မှပဲ အရည်အချင်း မပြည့်မှီဘူး လို့ ဘာလို့ပြောရတာလဲ...ဘယ်သူက မင်းကို ဒီအခွင့်အရေးပေးထားတာလဲ..."


သူ့စကားက ဆူညံပွတ်လောရိုက်နေသောလူအုပ်ကြီးကို တိတ်ဆိတ်သွားစေသည်။အထူးသဖြင့် ကျိုးဖုန်ကျောင်းမှကျောင်းသားများက ယောင်စစ် ကိုမကျေမနပ်နှင့်ကြည့်မိသွားစေသည်။


"ဘာလို့လဲဆိုတော့...မင်းရဲ့လုပ်ရပ်ကဘောင်မဝင်လို့လေ...ဒီလိုဘာလို့ဖြစ်တာလဲဆိုတာလဲ မင်းကိုမင်းသေချာသိပါတယ်...မင်းကိုယ်မင်းအပြစ်ရှိတယ်လို့မခံစားရဘူးလား..."


"ငါသိတာကတော့ ငါအနိုင်ရခဲ့တယ်ဆိုတာပဲ..."


ယွမ်ဟန်၏မျက်နှာပေါ်တွင်အပြစ်ရှိသည့်အမူအရာ စိုးစဉ်းမျှမရှိပေ။သူက မထိတထိပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။


"ဘာလဲ မင်းတို့ကျောင်းတော်ကြီးရဲ့သူကိုငါက အပြတ်အသတ်နိုင်ခဲ့လို့မနာလိုတွေဖြစ်နေတာလား...မင်းတို့က သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ဖြစ်နေတယ်ဆိုတာရင်တောင်မှပဲ ဒီလိုကျိုးကြောင်းမသင့် မဆီလျော်တာမျိုးလုပ်လို့မရဘူး..."


ယောင်စစ်၏ဖြစ်တည်မှုကိုပြန်လည် သတိရသွားကြပြီးနောက် မူလကတိတ်ဆိတ်သွားခဲ့သောလူအုပ်ကြီးသည် မကျေမနပ်ဖြင့် ပြန်လည်ပွက်လောရိုက်လာကြသည်။


သူတို့အားလုံးက သွေးစုပ်ဖုတ်ကောင် များကိုမကျေမနပ်ဖြင့် ပြောဆိုဆိုနေကြလေသည်။


ယွမ်ဟန်၏စကားထဲတွင်လဲ သွေးစုပ်ဖုတ်ကောင်ဟူသောစကားကိုသာ ရှင်းရှင်းလင်းလင်းထပ်ခါထပ်ခါကြားနေရလေသည်။


နင်ကသနားညှာတာပေးလို့မရတဲ့ကောင်စုတ်ဘဲ...


"ပြိုင်ပွဲရဲ့စည်းမျဉ်းတွေအရ ယှဉ်ပြိုင်မယ့် စက်ရုပ်တွေကိုဘယ်အဆင့်မှာပဲရှိမယ်လို့သတ်မှတ်ထားလဲ...ဒါပင်မယ့် နင့်ရဲ့စက်ရုပ်ကတော့ B အဆင့်ထက်မြင့်နေတယ်...နင်စည်းကမ်းဖောက်လိုက်တယ်လို့မထင်ဘူးလား..." 


Bအဆင့်အထက်...


 ပရိတ်သတ် များအားလုံးအံ့အားထိတ်လန့်စွာဖြင့်အနက်ရောင်စက်ရုပ်ကိုကြည့်လိုက်ကြသည်။


ယောင်စစ် စကားဆုံးသည်နှင့် တူလေးကုက သူစစ်ဆေးထားသည့်စာရင်းကို ထုတ်ပြလိုက်လေသည်။၎င်းကကြီးမားသော ဖန်သားပြင်ပေါ်တွင်ပေါ်လာခဲ့သည်။


"ဒါက အခုပြိုင်ပွဲကနေပြီးတော့စုဆောင်းထားတဲ့အချက်အလက်တွေပါ...ဒီမှာစက်ရုပ်တွေက ဘယ်အဆင့်ထိရှိတယ်ဆိုတာကိုပြသပါလိမ့်မယ်..."


ဖန်သားပြင်ထက်တွင် စက်ရုပ်ပုံစံနှစ်ခုပေါ်လာခဲ့သည်။တစ်ခုက ယုရှန်း၏ပျက်စီးသွားပြီဖြစ်သောစက်ရုပ်ဖြစ်သည်။

နောက်တစ်ခုကယွမ်ဟန်၏အနက်ရောင်စက်ရုပ်ဖြစ်သည်။


ယုရှန်း၏ စက်ရုပ်ဒေတာများက အပြောင်းအလဲမရှိသော်လည်း ယွမ်ဟန်၏စက်ရုပ်ဒေတာများကမူ သူလက်နက်ဆွဲထုတ်လိုက်သည့်ခဏတွင်ပေါက်ကွဲသွားခဲ့သည်။

၎င်းပုံရိပ်၏အောက်တွင် အဆင့်ကိုဖော်ပြထားသော ရှင်းရှင်းလင်းလင်း စကားလုံးနှစ်လုံးထွက်ပေါ်လာလေသည်။


"ဒါ S အဆင့် စက်ရုပ်ပဲ... ဒါတစ်ကယ့်ကို S အဆင့်စက်ရုပ်ပဲ..."


"ဒါကသူဘယ်လိုမျိုးကောင်းကောင်းလှည့်စားခဲ့တယ် ဆိုတာကို ရှင်းပြနိုင်သွားပြီ...Sအဆင့်စက်ရုပ်ကBအဆင့်စက်ရုပ်တွေထက် ကျော်လွန်တယ်ဆိုတာကသိသာနေတာပဲလေ...ပြိုင်ပွဲမှာလည်းစည်းမျဉ်းစည်းကမ်းတွေကို ကန့်သတ်ထားပြီးသားဒါကတော့တော်တော်လွန်သွားပြီ..."


"ဒီစက်ရုပ်ကို သူကိုယ်တိုင်ဖန်တီးထားတယ်လို့ပြောထားတယ်မဟုတ်လား...သူကျောင်းတက်တာတစ်နှစ်တောင်မပြည့်သေးဘူးမဟုတ်လား..."


"ဝါး...ထင်ထားတဲ့အတိုင်းပဲ... စက်ရုပ်မာစတာတွေရဲ့ တပည့်တွေကတော့...နေပါဦး မာစတာတွေတောင်မှ သူတို့လေ့လာနေတဲ့အချိန်တုန်းက ဒီလိုအဆင့် စက်ရုပ်မဖန်တီးနိုင်ဘူးမဟုတ်လား...သူ့ရဲ့ပင်ကိုယ်အရည်အချင်းကတော့..."


ယွမ်ဟန်က အပြစ်ရှိသည့်အမူအရာကိုပြမလာသော်လည်း မာနတစ်ကြီးဖြစ်နေသောသူ့၏အကျင့်များက အနည်းငယ် အားလျော့သွားသည်။


"ဟုတ်တယ်လေ ငါ့ရဲ့စက်ရုပ်က Bအဆင့် မဟုတ်ဘူး... ဒါပင်မယ့် လည်း ဒါက ငါကိုယ်တိုင်ဖန်တီးထားတဲ့စက်ရုပ်ဖြစ်နေတုန်းပဲလေ...မင်းတို့ ကျောင်းတော်ကြီးက ဒီလို့အဆင့်စံနှုန်းရှိတဲ့ စက်ရုပ်တွေကို မထုတ်လုပ်နိုင်တာနဲ့ဘဲ...သာလွန်အရည်ချင်းတွေပြည့်နေတဲ့ ကျိုးဖုန်း ကျောင်းကို အပြစ်လာတင်လို့ဘယ်ရလိမ့်မလဲ..."


သောက်ကျိုးနည်း... ဒီလောက်ထိအရေထူတာမျိုး တစ်ခါမှမတွေ့ဘူးဖူး...


"လိမ်လည်လှည့်ဖျားပြီးအနိုင်ရတဲ့ပြိုင်ပွဲတစ်ခုကိုတောင် ဒီလောက်ထိ ဂုဏ်ယူဝင့်ကြွားနေတာ ဘယ်လောက်စိတ်ပျက်စရာကောင်းလိုက်လဲ..."


အနားမှာထိုင်နေသော လော့ယင်း ကဒေါသတကြီးပေါက်ကွဲသွားလေသည်။


" မင်းစက်ရုပ်က အဆင့်A၊ Sဒါမှမဟုတ်ရင် SSSဖြစ်နေရင်တောင်မှပဲ သောက်ဂရုမစိုက်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် စည်းမျဉ်းတွေကို မလိုက်နာဘဲနဲ့ လှည့်စားတဲ့ရလဒ်တွေက အသုံးမဝင်ဘူး။"


"ဟမ့်...မင်းတို့က အမှန်တရားကို လက်မခံချင်ဘဲ အရူးချီးပန်းလျှောက်ပြောနေတာ...ဒါပင်မယ့် မင်းမှာအဲ့လိုပြောဖို့အခွင့်အရေးမရှိဘူး..."


ယွမ်ဟန်ကတစ်ကမ္ဘာလုံး သူ့ကိုဆန့်ကျင်နေသည့်ပုံစံမျိုးဖြင့်မျက်ဝန်းထဲတွင်အမုန်းတရားများပိုမိုသိပ်သည်းလာသည်။


"ပြီးခဲ့တဲ့ပြိုင်ပွဲတွေအားလုံးမှာ သွေးစုပ်ဖုတ်ကောင် တွေက သူတို့ရဲ့အရည်အချင်းတွေကိုအသုံးချပြီး ပြိုင်ပွဲဝင်တွေအားလုံးကို အနိုင်ယူခဲ့တယ်...ဒါကို မင်းတို့က အနိုင်ပွဲလို့ပဲသတ်မှတ်ခဲ့တယ်...အခုငါက...ငါ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့စက်ရပ်တစ်ရုပ်ဖန်တီးပြီး အနိုင်ယူတဲ့အခါကြတော့ ရလဒ်က အကြုံးမဝင်ဖြစ်သွားတယ်တဲ့လား..."


"နင်..."


လော့ယင်း ၏မျက်နှာကဒေါသတရားကြောင့်နီမြန်းလာလေသည်။


"အဲ့ဒီနှစ်ခုကလုံးဝမတူဘူး... ဘာကိုတူတူယှဉ်ပြီးပြောနေတာလဲ..."


"ဘာလို့နှိုင်းယှဉ်လို့မရရမှာလဲ..."


ယွမ်ဟန် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။သူကရှုံ့ချအထင်သေး မှု့များဖြင့်ကြည့်လိုက်ပြီး ဆက်ပြေလိုက်၏။


"အရှုံးကအရှုံးပဲ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုပြီးတော့ အပြစ်တင်နေလို့မရဘူး...မင်း တို့သွေးစုပ်ဖုတ်ကောင်တွေကလေ ခွန်အားကိုအားကိုးပြီး တစ်ခြားသူတွေကိုအနိုင်ကျင့်ကြတဲ့ နှိမ့်ပါးတဲ့မျိုးနွယ်စုပဲ..."


သူ့၏ စကားက လော့ယင်း ကို ပို၍ဒေါသထွက်သွားစေရုံသာမက ကျိုးဖုန်းဥက္ကဌ ကိုပင်အံ့အားသင့်ထိတ်လန့်သွားစေခဲ့သည်။


"ယွမ်ဟန်..."


ယွမ်ဟန် မင်ကသေတွင်းတူးနေတာလား... ဒီလိုမျိုးမဟာမိတ်ပေါင်းစုတပ်နောက်ခံရှိနေတဲ့ကျောင်းကို ရန်စတယ်ဆိုတာကပါးစပ်နဲ့ရန်စရင်အဆင်ပြေသေးတယ်။ 


အခုက မျိုးနွယ်စုကိုပါထည့်ဆွဲပြီးပြောနေတာလား မင်းပါမင်းသေတွင်းတူးချင်တယ်ဆိုရင်လည်းတစ်ခြားကျောင်းကိုသွားရှာလေ။


"ကျွန်တော် တစ်ခုခုများမှားပြောလိုက်မိလို့လား ဥက္ကဌ... "


သူ့၏ မျက်နှာ ပေါ်တွင် ဝမ်းနည်းသလို... မတရားခံရသလို အမူအရာမျိုးရှိနေပြီး ဆက်၍ပြောလိုက်သည်။


"သွေးစုပ်ဖုတ်ကောင်တွေက ကျိုးကြောင်းညီညွှတ်မှုမရှိဘူးဆိုတာကို စကြာဝဠာ တစ်ခုလုံးသိတယ် သူတို့က စကြာဝဠာကြီးရဲ့ ဗိုင်းရပ်စ် တွေပဲ..."


 သူ့ မှတ်ချက်ထွက်လာသည်နှင့် အားလုံး အသက်ရှူကြပ်သွားသလိုမျိုး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။


အမြဲတမ်း အမူအရာကင်းမဲ့လှသော မူရွှမ် ပင် မျက်မှောင်ကြုတ်လိုက်၏။


"ပြိုင်ပွဲဝင် ယွမ်ဟန် ..."


ယောင်စစ် ယခုအခြေနေက ရယ်စရာကောင်းနေသည်ဟု့ခံစားလိုက်ရသည်။ဒီကောင်က ပေါက်တက်ကရအကြောင်းတွေ လျှောက်ပြော နေတာပဲ။


"အခု မင်း ရဲ့စက်ရုပ်က ကိုယ်တိုင် ဖန်တီးထားတာဖြစ်တဲ့အတွက် တရားမျှတတယ်လို့ ဆိုလိုချင်နေတာလား..."


"တရားမျှတမှု့ဆိုတာ နှလုံးသားထဲမှာရှိတယ်...ဘယ်လိုနည်းနဲ့ပဲလုပ်လုပ်

ပြိုင်ပွဲရလဒ်တွေက ထင်ရှားနေပြီးသားပဲလေ..."


သူကဖြောင့်မတ်သူ တစ်ယောက်ကဲ့သို့ဆက်လက်ပြုမူနေလေသည်။


"မင်းပြောတဲ့စကားအရ ကိုယ့်ရဲ့အရည်အချင်းနဲ့သာ အနိုင်ယူခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်ရပ်မျိုးကိုပဲဖြစ်ဖြစ် လျစ်လျူရှုထားလို့ရတယ်ပေါ့ဟုတ်လား..."


"ဒါအမှန်ပဲ... " 


ယောင်စစ် ရယ်မောလိုက်မိသည်။


"ဒါဆိုရင် ငါတို့ကလည်း  ငါတို့ရဲ့အစွမ်းအစကို အသုံးပြုပြီး တော့အနိုင်ယူမယ်ဆိုရင် လက်ခံမှာပေါ့...ဟုတ်လား..."


ယွမ်ဟန် မျက်နှာပျက်သွားလေသည်။


လော့ယင်း အားရစွာရယ်မောလိုက်ပြီးနောက် မည်သူ့ကိုမှ ဂရုစိုက်မနေဘဲ အလင်းတစ်ချက်ပစ်လွှတ်ကာ သူ့၏ အနက်ရောင်စက်ရုပ်ကိုဒူး ထောက်ကျသွားစေလိုက်သည်။


"မင်း...."


ယွမ်ဟန် သူ့၏ စက်ရုပ်ကိုကြည့်ပြီး သူ့၏ မျက်နှာက ရုပ်ဆိုးသွားလေသည်။


"ဒါ...မင်းတို့အရမ်းကို တရားလွန်သွားပြီ ငါ...ဒါကိုလုံးဝလက်မခံနိုင်ဘူး..."