အပိုင်း ၁၀၃
Viewers 16k

Chapter 103 

အရူးကောင်နှင့်ရင်ဆိုင်ခြင်း


"သွေးစုပ်ဖုတ်ကောင်တွေကတကယ့်ကိုပဲကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခြင်းကိုခံရတယ်... ငါတို့ရဲ့ စွမ်းဆောင်ရည်တွေက သာမာန်အချိန်တွေမှာ ပြောရမယ်ဆိုရင်တောင်မှပဲ 'S'အဆင့်ရှိတယ်...ဒါပေမဲ့...ငါတို့ရဲ့စွမ်းရည်တွေက မင်းနဲ့ ဘယ်လိုမှမပတ်သတ်ဘူး...မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ...အသုံးမဝင်ဘူး...ငါတို့သွေးစုပ်ဖုတ်ကောင်တွေက ဘယ်လောက်ပဲသန်မာပါစေ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေအပေါ်တော့ တန်ဖိုးထားလေးစားတယ်...ပြိုင်ပွဲမှာဆိုရင် ပြိုင်ပွဲစည်းကမ်းရှိရမယ်...အားနည်းချက် အားသာချက်တွေကို ငြင်းခုန်နေရမှာမဟုတ်ဘူး...မင်းကပြိုင်ဘက်ကို လှည့်စားအနိုင်ယူပြီးတာတောင် ဘယ်လိုလုပ်ပြီးမော်ကြွားနေရဲသေးတာလဲ..."


ထိုသူက စကားလုံးများဆို့နင့်သွားသလိုမျိုး စကားမဆိုနိုင်ဖြစ်နေသည်။


 "ပြိုင်ပွဲတခုမှာ အရေးကြီးဆုံးက မျှတမှုရှိဖို့ပဲ...မင်းက 'SS' အဆင့်စက်ရုပ်ကိုအသုံးပြုကတည်းက ပြိုင်ပွဲရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့ပြီးပြီ...ဆိုလိုတာကတော့ မင်းရဲ့ပါဝင်ယှဉ်ပြိုင်မှုနဲ့ အရည်အချင်းတွေက မမှန်ကန်ကြောင်းစစ်ဆေးပြီးတဲ့နောက်မှာတော့ ရလဒ်တွေကိုလဲ ငါတို့ကလက်မခံပိုင်ခွင့်ရှိသွားပြီ...မင်းဘာသာမင်း လက်ခံခံ မခံခံ မင်းကဒီပြိုင်ပွဲရဲ့ချန်ပီယံဖြစ်လာနိုင်တော့မှာမဟုတ်ဘူး...မကျေနပ်ဘူးလား...မကျေနပ်ရင်လဲငါ့ကိုလာကိုက်လိုက်လေ..."


ယွမ်ဟန်၏ မျက်နှာကမဲမှောင်သွားပြီး ပြိုင်ပွဲကွင်းထဲမှထွက်သွားလေသည်။ ယောင်စစ် ကျိုးဖုန်းဥက္ကဌဘက်သို့လှည့်ကြည့်၍ စကားပြောလိုက်သည်။


 "ဥက္ကဌ ဒီရလဒ်တွေကိုအမှန်မယူတော့ဘူး... ဒီရလဒ်တွေကို ထည့်မတွက်တော့ဘူး..."


ကျိုးဖုန်ဉက္ကဌကကြောက်ရွံ့ထိတ်လန့်မှုဖြင့် ချွေးအေးများထွက်နေ‌ပေသည်။ဒီနေ့ဟာကြောက်စရာကောင်းတဲ့ နေ့တနေ့ပေ။ ပြိုင်ပွဲကိုလိမ်လည်လှည့်ဖျား ပြိုင်ဆိုင်ခြင်းကပင်အရှုပ်တော်ပုံတခုဖြစ်နေခဲ့ပေသည်။သို့သော်လည်း လိမ်လည်သူကထိုနေရာမှာတင် ရပ်တန့်မသွားပဲ တခြားသောပြဿနာများဖြစ်ပေါ်လာအောင်ပါ ဆွဲထည့်ခဲ့သေးသည်။


ဒီသတင်း စကြဝဠာကွန်ရက်အတွင်းသို့ရောက်သွားသည်နှင့် သူ့၏ကျောင်းတော်ကြီး မည်မျှဆိုးဆိုးဝါးဝါးရှုတ်ချ ခံရမည်ကိုသူခန့်မှန်းပြီးသားပင်ဖြစ်သည်။ နောက်နှစ်တွင်ကျောင်းဝင်ခွင့်တင်သူများ လုံးဝလျော့နည်းသွားပေလိမ့်မည်။ ကျိုးဖုန်းဥက္ကဌက နဖူးမှချွေး‌အေးများကိုသုတ်လိုက်၍ စကားဆက်ဆိုလိုက်သည်။


"ဒီနှစ်ပြိုင်ပွဲအတွက် ချန်ပီယံဆုကို မင်းတို့ရဲ့ပထမကျောင်းတော်ကြီးက..." 


"ထားလိုက်တော့..."


သူ့စကားမဆုံးခင်မှာပင် တူလေးကု က အေးစက်သောအမူအယာဖြင့် ဖြတ်ပြောလိုက်သည်။


"ပထမကျောင်းတော်ကြီးကအမြဲတမ်းဂုဏ်သိက္ခာကိုဦီးစားပေးပြီးတော့ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေရှိတယ်...အားနည်းသူတွေကို အင်အားသုံးပြီးအနိုင်ကျင့်တဲ့ကျောင်း‌တော်ကြီး ဒါမှမဟုတ် ပြိုင်ပွဲမှာမရိုးဖြောင့်တဲ့နည်းလမ်းတွေနဲ့ ပြိုင်ဘက်ကိုလှည့်စားအနိုင်ယူတဲ့ ကျောင်းသားတွေကို ထိန်းချုပ်ထားတဲ့ကျောင်းတော်ကြီး...အဲ့လိုမျိုးပြင်ပက နေပြီး‌တော့မရိုးဖြောင့်တဲ့နည်းလမ်းတွေနဲ့ ဝင်လာတဲ့လူတွေကို ဟန့်တားနိုင်ဖို့အတွက် ကျုပ်တို့ဒီပြိုင်ပွဲကနေ နှုတ်ထွက်ပါမယ်..."


ကျိုးဖုန်ဥက္ကဌ၏ ကျော၌ချွေးများရွှဲနစ်နေ‌ပေသည်။


ပထမကျောင်းတော်ကြီးကပြိုင်ပွဲက နှုတ်ထွက်သွားမယ်ဆိုရင် ပြိုင်ပွဲကို ဘယ်လိုလုပ်ကြမလဲ...


 "အဲ့လိုမဟုတ်ဘူးလေ... အဲ့လိုလုပ်လို့မရဘူး...မင်းဘယ်လိုများအဲ့လိုမျိုးဆုံးဖြတ်နိုင်ရတာလဲ...ငါတို့ရဲ့နှစ်ပေါင်းများစွာရင်းနှီးခင်မင်မှုကို အားလုံးကစောင့်ကြည့်နေကြတာ..."


ကုရှုချန်းက သူတို့၏သခင်မလေးအားကျေနပ်နှစ်သိမ့်အောင် ပြောဆိုနေသောသူကို တိုက်ရိုက်ပင်စကားစဖြတ်လိုက်သည်။


ဒီကောင်က... ငါတို့သခင်မလေးကို စကားပြောနိုင်ဖို့ ဘယ်လိုစွမ်းရည်တွေရှိလို့လဲ...သူ့ကိုယ်သူဘာများထင်နေတာလဲ... 


 "ဟင်း...ငါတို့ကျောင်းတော်ကြီးမှာ ကျွမ်းကျင်ပညာရှင်တွေမရှိဘူး... ဒါ‌ကြောင့် ငါတို့မပါဝင်နိုင်ဘူး..."


ရုတ်တရက်စကားပြောနေရင်းဖြင့် ကုရှုချန်း၏မျက်နှာကဖြူဖျော့သွားပြီး မျက်ဝန်းများပြူးကျယ်သွားသည်။ 


ယောင်စစ်ပင်လျှင် သူ့၏မူမမှန်မှုကိုခံစားလိုက်ရသည်။


"တူလေးကု...ဘာဖြစ်တာလဲ..."


သူကမေးခွန်းကိုမ‌ဖြေပဲ လှည့်ကြည့်လာပြီးနောက်ဘေးနားမှလော့ရင်းကိုဆွဲကာ နောက်တဖက်မှယောင်စစ်ကိုဆွဲကိုင်လိုက်သည်။


"ငါတို့ အခုချက်ချင်း ထွက်သွားမှရမယ် ..." 


"ဘာဖြစ်လို့လဲ..."


သူမ အကျိုးအကြောင်းကို သေချာမသိသေးသော်လဲ ဘေးနားမှာထိုင်နေသော မူရွှမ် ကိုပါဆွဲခေါ်လိုက်သည်။


စင်မြင့်ပေါ်တွင်ရှိနေသောလူများက စိတ်ရှုပ်ထွေးစွာဖြင့်တယောက်ကိုတယောက်ကြည့်လိုက်ကြသည်၊ သူတို့ကြီးကြီးမားမားတစုံတရာဖြစ်တော့မလိုခံစားလိုက်ရပြီး အနောက်မှလိုက်ပါသွားကြ၏။


"တူလေးကု..."


ယောင်စစ်ကသူ့‌ဘေးနားမှ အပြေးအလွှားလိုက်ပါရင်းဖြင့် ဖြေရှင်းချက်တစုံတရာရရန်ကြိုးစားလိုက်သည်။သို့သော်လဲ ကုရှုချန်းက သူမကိုအာရုံပင်မစိုက်အားပဲ သူမလက်နာကျင်လာသည်အထိတင်းတင်းဆုပ်ကိုင်ကာအရှေ့သို့သာဦးတည်သွားနေ‌လေသည်။


မူလကမျက်နှာသေဖြင့်ရှိနေသော မူရွှမ်ပင်လျှင် သူတို့လက်နှစ်ဖက်ကိုဆွဲဖြုတ်ကာအရှေ့သို့တက်လာသည်။ထို့နောက်မူရွှမ်ကသူမခါးကိုလက်တဖက်ဖြင့်ဖက်လိုက်ပြီး တူလေးကုကိုကော်လံမှနေ၍မြှောက်ကာဆွဲလိုက်သည်၊ ထို့နောက် လော့ရင်းကိုမူအနောက်တွင် တွဲလောင်းချထားလိုက်သည်။သူတို့သုံးယောက်သားက စပျစ်သီးအခိုင်အလား အတွဲလိုက်စင်ပေါ်မှခုန်ဆင်းပြီးရှင်းလင်းကျယ်ပြန့်သော မြေကွက်လပ်ဆီသို့ဆင်းသက်လိုက်ကြသည်။


"တူလေးကု ဒီလိုရှုပ်ထွေးနေတဲ့ အ‌ခြေအနေမျိုးမှာမင်းဘာလုပ်လိုက်တာလဲ..."


ယောင်စစ်စကားမဆုံးခင်မှာပင် သူမခန္ဓာကိုယ်ထဲမှရင်းနှီးကျွမ်းဝင်နေသောစွမ်းအားတခုကိုခံစားလိုက်ရသည်။


"တူလေးကု နင်စွမ်းရည်ကိုအသုံးချလိုက်တာလား..." 


နေဦး တူလေးကု ရဲ့စွမ်းရည်ကကြိုတင်မြင်နိုင်တာမဟုတ်လား...ဒါဆို သူမကိုစိုးရိမ်တကြီးနဲ့ဆွဲချလာရတဲ့အကြောင်းအရင်းက...တခုခုဖြစ်လာတော့မှာလား...

သူမနှလုံးသား အေးစက်သွားသည် ။


"နင်ဘာမြင်လိုက်လို့လဲ..."


"ကျွန်တော်လဲမသေချာဘူး..."


တူလေးကု၏မျက်နှာကဖြူဖျော့နေဆဲဖြစ်သည်။သူကြောက်ရွံ့ထိတ်လန့်သောမျက်ဝန်းမျိုးဖြင့်စင်ပေါ်ရှိထိုင်ခုံကိုလှမ်းကြည့်လိုက်သည်။


သူတို့ရုတ်တရက်ထွက်ခွာသွားမှုကြောင့် တခြားကျောင်းသားဥက္ကဌများကလဲအနောက်မှ လိုက်ပါလာကြလေရာထိုစင်မြင့်ရှိထိုင်ခုံပေါ်တွင် မည်သူမှမရှိတော့ပေ။


ယောင်စစ် ထိုင်ခုံလွတ်နေရာကိုလှမ်းကြည့်လိုက်သည်။ သူတို့ကဘေးလွတ်ရာကို ပြောင်းရွှေ့လာတဲ့ပုံပေါက်နေတာပဲ။


"ဘာလို့လဲ...နင်ထိုင်ခုံ‌နေရာပေါက်ကွဲတာကိုများမြင်လိုက်တာ...လား..."


သူမမေးခွန်းဆုံးဆုံးချင်းမှာပင် ပေါက်ကွဲသံတခုကိုကြားလိုက်ရသည်။ကောင်းကင်ပေါ်မှာအပြာ‌ရောင်အလင်းတန်းတခုကစင်မြင့်ပေါ်သို့‌ကျရောက်လာသည်။မူလကအဖြူရောင်စင်မြင့် သည် အပြာရောင်အလင်းလှိုင်းများဖုံးအုပ်ခြင်းကိုခံလိုက်ရသည်။


သောက်ကျိုးနည်း...တကယ်ပေါက်ကွဲသွားတာပဲဟ...


သူမခေါင်းမေ့ာကြည့်လိုက်ချိန်တွင်စင်မြင့်အထက်တွင် အနက်ရောင်သဘော်တစင်းကိုမြင်လိုက်ရသည်။


"ဒါ ခုဏလေးတင်ထွက်သွားတဲ့ ယွမ်ဟန်ပဲ..."


 "ဒါမင်းတို့သွေးစုပ်ဖုတ်ကောင်တွေအတွက် အပြစ်ဒဏ်ပဲ...မင်းတို့ဒီနေ့ ငါ့ကိုပေးခဲ့တဲ့အရှက်တရားအတွက်ပြန်ပေးဆပ်ရမယ်...ငါပြန်လာခဲ့မယ်..."


သူကလူအုပ်၏အပေါ်စီးမှနေ၍ ရွံရှာသလိုမျိုး တံတွေးဖြင့်ထွေးလိုက်သည်။


"မင်းတို့သွေးစုပ်ဖုတ်ကောင်တွေများနေရင်တောင် ငါယွမ်ဟန်က မကြောက်ဘူး..."


 ဒီကောင်တကယ်ရူးနေတာပဲဖြစ်ရမယ်...


.(‵□′)╯︵┻━┻  ...


ဒါပြိုင်ပွဲလေးတခုရှုံးတာပဲမဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့အဲ့လောက်ခါးခါးသီးသီးဖြစ်‌နေရတာလဲ...ပြီးတော့သူကပဲ လှည့်စားလိမ်ညာတဲ့သူလေ...


"ကျိုးဖုန်းဥက္ကဌမင်းတို့ကျောင်းတော်က အဲ့လိုထူးဆန်းတဲ့လူတွေကြီးပဲလား..."


ယောင်စစ်မသိစိတ်ဖြင့်ရှေ့သို့‌ခြေတလှမ်းတိုးလိုက်မိသည်။ သို့သော်လည်း မူရွှမ်က သူမ၏ပုခုံးကိုကိုင်၍ရပ်တန့်စေလိုက်ကာ အနားသို့ကပ်၍တိုးတိုးလေးပြောလိုက်သည်။


"ရှေ့ကိုမသွားနဲ့..."


ယောင်စစ် နေရာမှာပဲ ငြိမ်သက်သွားသည်၊ ထိုအချိန်မှာပင် စင်မြင့်ပေါ်ကိုဖုံးအုပ်နေသောအပြာရောင်အလင်းတန်းက ပျောက်ကွယ်သွားပြီးအရာဝတ္ထုတခုပေါ်လာလေသည်။ထို့‌နောက်စက္ကန့်ပိုင်းအတွင်းမှာပင် ထိုအရာက စက်ဝိုင်းပုံသဏ္ဍန်တခုအဖြစ်သို့ပြောင်းလဲသွားပြီးနောက်  ဧရာမအပြာရောင်ပန်းပွင့်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပွင့်လန်းနေသော ပွင့်ချပ်များက တောက်ပလာပြီးနောက် တစစီပြိုပျက်သွားကာ တဝက်ပျက်စီးလုနီးပါးဖြစ်နေပြီဖြစ်သော စင်မြင့်ကိုလုံးဝဖြိုဖျက်ချလိုက်သည်။


"ဒါ ဘယ်လိုလက်နက်လဲဟ..."


သူမကောင်းကင်ပေါ် မော့ကြည့်လိုက်သည့်အချိန်တွင် အနက်ရောင်သင်္ဘောကြီးကပျောက်ကွယ်သွားပြီဖြစ်သည်။


ယွမ်ဟန်က အမြဲတမ်း ငြိမ်းချမ်းစွာယှဉ်ပြိုင်ခဲ့သောပြိုင်ပွဲကို ပျက်ပြားသွားစေခဲ့ပြီး အရှုပ်အထွေးထဲသို့တွန်းပို့ခဲ့လေသည်။သူ့၏နောက်ဆုံးယှဉ်ပြိုင်မှုကိုလူသတ်မှုတစ်ခုဟုယူဆနိုင်သော်လည်း  သူကတဖြေးဖြေးဖြင့်အဆင့်တိုးမြင့်သွားပြီး နောက်ဆုံး၌အကြမ်းဖက်အဆင့်သို့ရောက်ရှိသွားလေသည်။


 မဟာမိတ်ပေါင်းစုတပ်က သူ့ကို ချက်ချင်းဖမ်းဆီးဖို့ ကျိုးဖုန်းကျောင်းတော်ကြီးအား အမိန့်ပေးခဲ့သည်။ သွေးစုပ်ဖုတ်ကောင်များကလည်းသူ့ကို အပြစ်သားအဖြစ်စာရင်းသွင်းလိုက်ပြီဖြစ်သည်။သို့သော်လဲ ယွမ်ဟန်ကတော့ လေထဲတွင်ပျောက်ကွယ်သွားသလိုမျိုး ပျောက်ကွယ်သွားလေသည်။


သူနောက်ဆုံးအသုံးပြုခဲ့သော ဧရာမပန်းပွင့်လက်နက်ကလဲလောင်ကျွမ်းပျက်စီးသွားပြီးနောက် ဖုန်မှုန့်များအလား‌ပြောင်းလဲ ပျောက်ကွယ်သွားပေပြီ။ထိုကဲ့သို့သောလက်နက်ကို ယခင်ကမည်သူမျှအသုံးမပြုဖူးသလို မမြင်ဖူးကြသောကြောင့် ထိုကိစ္စနှင့်ပတ်သတ်၍ ဆူညံဆွေးနွေးမှုများဖြစ်ပေါ်ခဲ့လေသည်။


ထိုဖြစ်ရပ်ကြောင့် ကျိုးဖုန်ကျောင်းတော်ကြီးကကျော်ကြားလာခဲ့သော်လဲ ကောင်းသောကျော်ကြားခြင်းဖြင့်မဟုတ်ပေ။


လူတိုင်းက ယွမ်ဟန်၏တကယ့်အစစ်အမှန်ကိုစတင်စူးစမ်းဆွေး‌နွေးလာကြသည်။သိုသော်လည်းမည်မျှပင်စုံစမ်းဖော်ထုတ်ပါစေ သူက စက်ရုပ်မာစတာတယောက်၏ တပည့်တစ်ဦးဖြစ်လာသည်မှလွဲ၍ သာမာန်ကျောင်းသားတစ်ဦးဟုသာ ဖော်ထုတ်နိုင်ခဲ့ကြသည်။


ထို့အပြင် ပြိုင်ပွဲမတိုင်မီတွင် သူ့၌ စက်ရုပ်ထိန်းချုပ်စွမ်းရည်ရှိကြောင်းကိုပင်မည်သူမှသတိမပြုမိခဲ့ကြပေ။


သူ့၏အလွန်အမင်းယုံကြည်မှုရှိနေမှုနှင့် ယုတ္တိမတန်သောအတွေးအခေါ်များ ထူးဆန်းသည့်အပြုအမူများက ရင်းနှီးနေသလိုခံစားရသည်။သို့သော်လည်း ထိုခံစားချက်၏မူလရင်းမြစ်ကို သူမမစဉ်းစားနိုင်ပေ။ ထိုရင်းနှီးသောခံစားမှုနှင့် စိုးရိမ်ပူပန်မှုများကရောထွေးနေလေသည်၊ သူတို့သုံးလလုံးလုံးရှာဖွေခဲ့သော်လဲ သဲလွန်စတခုကိုမှ ရှာဖွေမတွေ့ရှိနိုင်ခဲ့ပေ။


ယောင်စစ်ထိုကိစ္စကို ပို၍ပင်အာရုံစူးစိုက်ခဲ့သည် သူမသွေးစုပ်ဖုတ်ကောင်များပျောက်ဆုံးသွားသည့်အချိန်ကို ပြန်လည်စဉ်းစားမိလိုက်ပြီးနောက် ထိုကိစ္စနှစ်ခုကဆက်စပ်နေနိုင်သည်ဟုစတင်တွေးတောမိလာသည်။အကယ်၍ထိုဖြစ်ရပ်နှစ်ခုသာဆက်စပ်နေမည်ဆိုလျှင် သူတို့ ထိုလူတွေကိုရင်ဆိုင်ဖို့ အစီအစဉ်များပြုလုပ်ထားသင့်ပေသည်။သူမအဓိက အစီစဉ်တရပ်ကိုရေးဆွဲဖို့တိုင်ပင်ရန် တူလေးကုကိုခေါ်လိုက်သည်။


"သခင်မလေး...ယွမ်ဟန်ရဲ့ဇစ်မြစ်ကိုဖော်ထုတ်ဖို့အတွက် ငါ့ရဲ့အရည်အချင်းကိုအသုံးချဖို့ဆန္ဒရှိတာလား...အသုံးချချင်တာလား..."


ယောင်စစ် အလေးအနက်ခေါင်းညိမ့်လိုက်သည် ထိုအရူးကောင်နှင့်ပတ်သတ်သည့် စကြဝဠာကွန်ရက်မှအကောင့် သူနဲ့ပတ်သတ်သည့်အခြားအကြောင်းအရာများကိုလဲ သူမတို့စောင့်ကြည့်နေခဲ့သော်လဲ...မကြာခင်ဖြစ်ပေါ်လာနိုင်သည့် ကိစ္စရပ်တချို့ကိုလဲ ခန့်မှန်းထားဖို့လိုပေသည်။


"အဲ့တာအကြံဉာဏ်ကောင်းပဲ..."


သူမ၏ဖန်ဘွိုင်းလေးပိုင်ရိက အရင်ဦးဆုံးထောက်ခံလိုက်‌လေသည်။


"တဖက်လူရဲ့ အပြုအမူတွေကိုသာ ကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် လုပ်ဆောင်ရတာပိုလွယ်သွားလိမ့်မယ်..."


ဒါကတကယ့်ကို ယောင်စစ်၏ ရည်ရွယ်ချက်ပေ။သူမ တူလေးကုဘက်သို့လှည့်၍မေးလိုက်သည်။


"အဲ့လိုမျိုးလုပ်လို့ဖြစ်နိုင်သလား..."


 "ဖြစ်နိုင်ပါတယ်..."


သို့သော်လဲ သူတို့၏စိတ်လှုပ်ရှားမှုများနှင့်ဆန့်ကျင်စွာပင် တူလေးကု၏အမူအယာကအနည်းငယ်လေးနက်နေသည်။


"ဒီအ‌ခြေအနေကို ကျွန်မရှင်းပြပါရစေ..."


 လော့ယင်းကသက်ပြင်းတချက်ချလိုက်ပြီး အရှေ့သို့‌ခြေတလှမ်းတိုးကာပြောလိုက်သည်။


"သခင်မလေး အဖေကအနာဂတ်ကိုဟောကိန်းထုတ်နိုင်တယ်ဆိုပေမဲ့ သူ့ရဲ့အမြင်အာရုံကိုမထိန်းချုပ်နိုင်တဲ့အတွက် မြင်ချင်တာကိုမြင်နိုင်တာမျိုးတော့မဟုတ်ဘူး..."


 "ဪ...သူ့ရဲ့ကြိုတင်မြင်တဲ့စွမ်းရည်ကလဲ ရုတ်တရက်ရောက်လာတာမျိုးလား..."


ဒါကြီးက ငါ့ရဲ့ပြောင်းပြန်စွမ်းရည်ထက်တောင် ပိုဆိုးမနေဘူးလား... 


"ကိစ္စမရှိပါဘူး မင်းတကြိမ်ထဲနဲ့ မရနိုင်ဘူးဆိုရင်လဲ အကြိမ်နဲနဲလောက်ကြိုးစားကြည့်ပေါ့..."


ပိုင်ရိကစိုးရိမ်ပူပန်မှုမရှိပဲ အပြုံးဖျော့ဖျော့ဖြင့် ရှူချန့်၏ပုခုံးကိုပုတ်ကာပြောလိုက်သည်။


"ကုရှုချန်း... ငါမင်းကိုယုံတယ်...မင်းရဲ့စွမ်းရည်က အယောက်တသန်းမှာ တယောက်ပဲရှိတဲ့စွမ်းရည်မျိုးပဲ...ငါတို့အဲ့အရူးကောင်ကိုရှာတွေ့နိုင်လိမ့်မယ်..."


ကုရှုချန်း အနည်းငယ်တွေးတောပြီးနောက် ခေါင်းညိမ့်၍ပြောလိုက်သည်...


"ကျွန်တော်...ကြိုးစားကြည့်ပါမယ် သခင်မလေး..."


သူမျက်လုံးများမှိတ်လိုက်ပြီး တစုံတရာကိုအာရုံခံနိုင်ရန် ကြိုးစားကြည့်လိုက်သည်၊တချိန်ထဲမှာပင် ယောင်စစ်၏ခန္ဓာကိုယ်ထဲမှ ရင်းနှီးကျွမ်းဝင်နေသောစွမ်းအင်များကိုခံစားမိလိုက်သည်။


ဒါက...ဒါကသူမရဲ့ပြောင်းပြန်စွမ်းရည်ပဲ...ရုတ်တရက်သူမ သိချင်စိတ်ပြင်းထန်သွားသည်။


တူလေးကုက ကြိုမြင်နိုင်တဲ့စွမ်းရည်ဆိုတော့...သူမက ဘာများဖြစ်မလဲ...