Chapter 104
ကြိုတင်မြင်ခြင်း၏တန်ပြန်မှု
ယောင်စစ် သူမခန္ဓာကိုယ်ထဲမှ စွမ်းရည်များကို စမ်းသပ်စစ်ဆေးကြည့်လိုက်သည့်အခါ၌ ယခင်ကသုံးခဲ့ဖူးသော စွမ်းရည်များနှင့်အနည်းငယ်ကွာခြားနေသည်ကိုတွေ့လိုက်ရသည်။ အရင်အချိန်ကစွမ်းရည်များသည်အပြင်ကို အင်အားဖြင့်တိုးထွက်ရန်ရုံးကန်နေကြသော်လဲ ယခုကမူငြိမ်သက်နေလေသည်။
စွမ်းရည်များကို အနည်းငယ်လမ်းညွှန်ရန်လုပ်လိုက်သော်လဲ လှုပ်ရှားလာမှုမရှိပေ။ အကြိမ်အနည်းငယ်မျှကြိုးစားကြည့်ပြီးနောက် တူလေးကုကိုသာကြည့်နေလိုက်သည်။
ငါးမိနစ်ခန့်အကြာ၌ သူမျက်လုံးများဖွင့်လိုက်၏။
"ဘယ်လိုနေလဲ...ဘယ်လိုနေလဲ မင်းဘာမြင်လိုက်လဲ..."
ပိုင်ရိက စောင့်နေရသည်ကို စိတ်မရှည်တော့ပေ။
"ငါမြင်လိုက်တယ်..."
သူကထူးဆန်းသည့်အမူအရာမျိုးဖြင့်ခေါင်းညိမ့်လိုက်သည်။
"အေးလေ...မင်းဘာမြင်တယ်ဆိုတာကို မြန်မြန်လေးပြောစမ်းပါ..."
"ငါမြင်တာက မင်းရဲ့နောက်ဆုံးရလဒ်က ၂၅မှတ်တဲ့..."
ပိုင်ရိအေးခဲသွားသည်...
"မင်းဘာလို့ အဲ့တာကိုကြည့်ရတာလဲ... လုပ် မြန်မြန်လုပ် မြန်မြန်လုပ် နောက်တခေါက်ထပ်ကြိုးစားကြည့်..."
ဒုတိယအကြိမ်ထပ်ကြိုးစားပြီးနောက်...
"ငါမြင်လိုက်တယ်..."
"ဟုတ်ပြီ မင်းဘာမြင်တာလဲ...မြန်မြန်လေးပြော"
"မင်း ယုရှန်း နဲ့လောင်းဖို့ပြင်ထားတဲ့ ဒုတိယစက်ရုပ်ကလဲ ရှုံးသွားတယ်..."
တတိယအကြိမ်ကြိုးစားကြည့်ပြီးနောက်...
"မင်းဘာမြင်လိုက်လဲ..."
"နောက်ထပ်သုံးရက်ကြာပြီးရင် မင်းရဲ့ အိမ်နီးနားချင်း တိရိစ္ဆာန်တကောင်ကိုက်တာခံရလိမ့်မယ်..."
စတုတ္ထအကြိမ်...
"ဒီတကြိမ်ကရောဘယ်လိုလဲ..."
"ခဏကြာပြီး မင်းအပြင်ထွက်တာနဲ့ မြောင်းထဲပြုတ်ကျလိမ့်မယ်..."
ပဉ္စမအကြိမ်...
"ဘာတဲ့လဲ...."
"ငါမင်းကိုမြင်တယ်..."
"တော်သင့်ပီ...တော်သင့်ပီ..."
ပိုင်ရိ သည်းမခံနိုင်တော့ပေ။
"မင်းက ဘယ်လိုဖြစ်လို့ ငါ့ကိုပဲလိုက်ကြည့်နေရတာလဲ..."
"ငါပြောပီးပီလေ ငါမြင်ချင်တာကို ငါထိန်းချုပ်လို့မရဘူး..."
"ထားလိုက်တော့...ထားလိုက်တော့..."
ယောင်စစ် အနည်းငယ်စိတ်ဓာတ်ကျစွာဖြင့်သူတို့နှစ်ယောက်သား ကိုက်နေမှုကိုဝင်တားလိုက်သည်။
"ငါတို့ ဘာသဲလွန်စမှ မရဘူးဆိုလဲအဆင်ပြေပါတယ်..."
"သခင်မလေး ကျွန်တော်တောင်းပန်ပါတယ်...အဲ့တာကျွန်တော့်ရဲ့စွမ်းရည်ကမကောင်းဘူး..."
ကုရှုချန်းက အပြစ်ရှိသလိုခံစားမိပြီးတောင်းပန်စကားဆိုလိုက်သည်။
"နင်ဘာတွေပြောနေတာလဲ..."
ယောင်စစ် သူ့၏ပုခုံးကိုညင်သာစွာပုတ်လိုက်သည်။
"ဒါ နင့်အမှားမှမဟုတ်တာ...တကယ်လို့...နင်တကယ်သူ့အနာဂတ်ကိုမြင်တယ်ဆိုရင်လဲ ငါတို့သူ့ကိုရှာတွေ့ဖို့အခွင့်အရေးပိုရရုံပဲလေ...အဲ့တာက သူကောင်းကင်ဘုံကနေ ဒီတိုင်းကြီးပြုတ်ကျလာမှာမျိုးမှမဟုတ်တာ..."
"ဟေး...တိမ်တွေကြားထဲကဘာကြီးလဲ..."
တဖြေးဖြေးကြီးသထက်ကြီးမားလာသော အပြာရောင်အလင်းတစ်စက အလွန်လျင်မြန်စွာဖြင့် သူတို့ဆီပျံသန်းလာလေသည်။သူတို့သုံးယောက်နားထဲ၌ လေတိုးသံများကိုပင်ကြားလိုက်ရသည်။
" သတိထား..."
လော့ယင်းက အော်လိုက်ပြီး တပြိုင်နက်သူတို့သုံးယောက်ကိုဆွဲလိုက်သည်။နောက်ခဏ၌ သူတို့ရပ်နေခဲ့သောနေရာက ပေါက်ကွဲမှုအကြီးကြီးဖြစ်ပေါ်သွားပြီးမီတာအနည်းငယ်နက်သည့်တွင်းကြီးတခုဖြစ်သွားလေသည်။
ထို့နောက် သူတို့၏ရှေ့၌ လူသုံးယောက်၏အရပ်စာမျှမြင့်သော အနက်ရောင်စက်ရုပ်ကြီးတခုပေါ်လာသည်။
ယွမ်ဟန်...သောက်ကျိုးနည်း...သူမ ကံဆိုးတာလားဟ...တကယ်ကြီးကောင်းကင်ပေါ်ကပြုတ်ကျလာတယ်ပေါ့...
"မင်းတို့သွေးစုပ်ဖုတ်ကောင်သုံးယောက်ကဒီမှာရောက်နေတာပဲ..."
ထိုစက်ရုပ်အတွင်းမှ ရင်းနှီးကျွမ်းဝင်နေသောဒေါသနှင့်မုန်းတီးမှုများပြည့်နေသည့် ယွမ်ဟန်၏အသံကိုကြားလိုက်ရသည်။သူ့၏ညာလက်ထဲတွင်တောက်ပနေသောဓားကောက်တချောင်းပေါ်လာပြီး သူတို့သုံးယောက်ဆီသို့ဒေါသတကြီးလွှဲရမ်းလာလေသည်။
"ဒီနေ့တော့မင်းတို့သုံးယောက်လုံးကိုလက်တုံ့ပြန်ရမယ်..."
"သခင်မလေး..."
လော့ယင်းအော်လိုက်ပြီးနောက် သူမ၏အလင်းကိုဆင့်ခေါ်လိုက်သည် မျက်စိကြိမ်းလောက်စရာအလင်းတန်းက ရောင်စဉ်များအဖြစ်သို့ခွဲဖြာသွားပြီး အနက်ရောင်စက်ရုပ်ကိုထိမှန်သွားလေသည်။
ယောင်စစ်ကထိုအရူးကောင်ရုတ်တရက်ကြီးပေါ်လာမှုအတွက်တကယ်ပင်အံ့အားသင့်နေပေသည်။
ဒီကောင်ကတကယ်ရူးနေတာလား...ဒါမှမဟုတ် ဦးနှောက်မပါလာတာလား...စကြာ ဝဠာ တခုလုံးကအလိုရှိနေတဲ့အပြစ်သားဖြစ်နေတာကိုတောင် မသိဘူးလား... ဒါတောင်မှသူက ငါ့ကိုလက်တုံ့ပြန်ချင်နေသေးတယ်ဟုတ်လား...
"တူလေးကု အကြီးအကဲကောင်စီကိုမြန်မြန်လေးသတင်းပို့လိုက်..."
ယောင်စစ် ကုရှုချန်းကိုပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
တွေဝေကြောင်အနေသော ကုရှုချန်းကလျင်မြန်စွာပင် အသိပြန်ဝင်သွားပြီးသူ့၏ကွန်ပြူတာလက်ပတ်ကိုဖွင့်ကာ မက်ဆေ့အနည်းငယ်ရိုက်၍ပို့လိုက်သည်။
သူတို့ကအနီရောင်ဂြိုလ်တွင်မဟုတ်သော်လည်း မြင့်မားသောနည်းပညာများအရအကူတပ်ဖွဲ့သည်၅မိနစ်မကြာခင်မှာပင်ရောက်လာပေလိမ့်မည်။အဲ့ဒီ့၅မိနစ်လောက်ကိုတော့... လော့ယင်းက ထိန်းထားနိုင်လိမ့်မယ်ထင်...
"ဗန်း..."
ကျယ်လောင်သောပေါက်ကွဲသံကိုကြားလိုက်ရသည်။စက်ရုပ်ကြီးလက်ထဲရှိ ဓားကောက်ဆီမှ အပြာရောင်အလင်းတန်းတခုက လော့ယင်းဆီသို့ ဦးတည်သွားပြီးနောက် လော့ယင်းကိုမြေပေါ်တွင်ချုပ်ထားလိုက်သည်။
"ယင်း..."
"လော့ယင်း..."
"လော့ယင်း..."
ယောင်စစ်၏နှလုံးသားကတင်းကြပ်သွားသည်။
"ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်ရတာလဲ...အဲ့ဒီ့စက်ရုပ်က လော့ယင်းရဲ့ အလင်းတိုက်ခိုက်မှုကိုမခံနိုင်ဘူးလေ...အခုလအနည်းငယ်အတွင်းမှာပဲအဲ့လောက်တောင်တိုးတက်သွားပြီလား..."
"ဟား ဟား ဟား...မင်းတို့ကောင်တွေက အခုဒီစက်ရုပ်က လွန်ခဲ့တဲ့သုံးလတုန်းကနဲ့ တူနေဦးမယ်လို့ထင်နေသေးတာလား..."
ယွမ်ဟန်က ရူးသွပ်စွာရီမောလိုက်ပြီးနောက် သူ့လက်ထဲမှဓားကောက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။
"မင်းတို့ သွေးစုပ်ဖုတ်ကောင်တွေ ဒီစကြာဝဠာထဲမှာ မင်းတို့ကို ဘယ်သူမှမခုခံနိုင်ဘူးဆိုတာနဲ့ပဲ တရားမျှတမှုမရှိတော့ဘူးလို့မထင်လိုက်နဲ့...ဒီနေ့ ငါယွမ်ဟန်က ငါ့အတွက်တရားမျှတမှုကိုရှာဖွေမယ်..."
ဟက်...
ဒီကောင်ဘယ်လိုလုပ် အဲ့လောက်ရူးသွပ်ရတာလဲ...အားလုံးကပဲ သူ့အပေါ်မှားထားသလိုမျိုးထင်နေတာလား...
နောက်ထပ် နောက်ထပ်ဓားကောက်ဆီမှအပြာရောင်အလင်းတိုက်ခိုက်မှုတခုထွက်ပေါ်လာလေသည်။
လော့ယင်းက သူ့၏တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည့်အနေဖြင့် သူမ၏အလင်းလှိုင်းကို အလင်းကြာပွတ်အဖြစ်ပြောင်းလဲထားခဲ့လေပြီ။ထိုအလင်းကြာပွတ်ဖြင့် သူ့၏တိုက်ခိုက်မှုကိုအဝေးသို့လွင့်ထွက်သွားအောင်လုပ်နိုင်ခဲ့သော်လဲ ကြာပွတ်ကထက်ပိုင်းပြတ်သွားခဲ့သည်။သူတို့သုံးယောက်လုံး၏နှလုံးသားများလည်ချောင်းထဲဆန်တက်လာသလိုမျိုးခံစားလိုက်ရသည်။
"ဒီအရှိန်နဲ့ဆိုရင်တော့ အကြီးအကဲကောင်စီမရောက်ခင်မှာပဲ သူမဒဏ်ရာကြီးကြီးမားမားရသွားလိမ့်မယ်..."
ယောင်စစ် သူမ၏ပြောင်းပြန်စွမ်းရည်ကို အသုံးချချင်သွားသည်။
ဒါပေမဲ့ တူလေးကုရဲ့ တန်ပြန်စွမ်းရည်ကဘာဖြစ်မလဲ...တူလေးကုရဲ့ စွမ်းရည်က ဘယ်လိုခြေရာခံရမှာလဲ...ငါဘလိုအသုံးချရမလဲ....
သူမ၏ခန္ဓာကိုယ်ကဗလာကျင်းနေသလိုမျိုး မည်သည့်စွမ်းအင်ကိုမှ ဆင့်ခေါ်မရပေ။
ဘာဖြစ်တာလဲ သူမရဲ့စွမ်းရည်သက်ရောက်မှုကပျောက်ကွယ်သွားတာလား...ဒီလိုငလူးကောင်နဲ့တွေ့နေရတဲ့အချိန်မျိုးမှာလေ...
ဘယ်လိုလုပ်ကြမလဲ တူလေးကုရဲ့စွမ်းရည်ကလဲ အနာဂတ်ကိုကြိုမြင်တာ...ပိုင်ရိရဲ့စွမ်းရည်ကလဲ စိတ်ဖတ်တာ...တိုက်ခိုက်နိုင်တာဆိုလို့ လော့ယင်းရဲ့စွမ်းရည်တခုပဲရှိတယ်...ဒီတိုင်းသာဆိုရင်အခြေအနေမဟန်တော့ဘူး...
ယွမ်ဟန်၏ဓားကောက်မှနောက်ထပ်အလင်းတိုက်ခိုက်မှုတခုထွက်ပေါ်လာပြန်သည်။ဒီတကြိမ်၌ အပြာရောင်အလင်းက ပို၍ပင်တောက်ပကြီးမားနေပြီး အနီရောင်တစွန်းတစပင်ပါလာလေသည်။
လော့ယင်းကလဲထိုတိုက်ခိုက်မှုကိုခုခံရန် ပြင်ဆင်လိုက်သည် သူမယောင်စစ်တို့သုံးယောက်၏ ရှေ့တွင်ရပ်၍ခံစစ်အနေဖြင့်သာပြင်ဆင်ထားလိုက်သည်။
ယွမ်ဟန်က ကောင်းကင်အမြင့်ထိခုန်တက်သွားပြီးနောက် ဓားကောက်ကိုလွှဲရမ်းကာ သူတို့သုံးယောက်ဆီသို့တည့်တည့်ကြီးဦးတည်လာလေသည်။
"ဖာ့ချ..."
ယောင်စစ် လော့ယင်းကို စိုးရိမ်ပူပန်စွာဖြင့် ပါးစပ်မှဆဲလိုက်မိသည်။
"ဒီအရူးကောင်က ကောင်းကင်အမြင့်ထိကိုခုန်ချင်နေတာဟုတ်လား အဲ့မှာသူ့ရဲ့ခြေကျင်းဝတ်လည်သွားပါစေ..."
ထိုအခိုက်အတန့်မှာပဲ စက်ရုပ်၏တိုက်ခိုက်မှုကအေးခဲတောင့်တင်းသွားပြီးနောက် သူ့၏ညာဘက်ခြေထောက်ခေါက်သွားကာမြေပြင်ပေါ်သို့ပြန်ကျလာလေသည်။
သူတကယ်ကြီးခြေကျင်းဝတ်လည်သွားတယ်...
ယောင်စစ် စိတ်အားထက်သန်မှုများဖြင့်တက်ကြွလာသည် စက်ရုပ်ကတခုခုချို့ယွင်းသွားတာနဲ့သူတို့အတွက်အခွင့်အရေးပိုရလာလိမ့်မယ်...သို့သော်လဲ စက်ရုပ်ကလေထဲတွင်လှပစွာဝဲပျံပြီးမြေပြင်ပေါ်သို့ညင်သာစွာဆင်းသက်လာလေသည်။
ယောင်စစ် အံကြိတ်၍ကြည့်လိုက်ပြီးနောက်တကြိမ်ထပ်မံ လှောင်ပြောင်သရော်လိုက်ပြန်သည်။
"ဟမ့်...ဘာလို့အဲ့လောက်တောင်မှ နူးညံ့ညင်သာနေတာလဲ... အမှန်တကယ်ကတော့ ဆင်းသက်တဲ့အခါမှာမြေပြင်ပေါ်ကိုပိုးစိုးပက်စက်လဲကျသွားသင့်တယ်..."
နောက်ခဏအတွင်းမှာပဲထိုစက်ရုပ်က တစုံတခုဖြစ်သွားသလိုမျိုးရှေ့သို့ခြေတလှမ်းလှမ်းလိုက်ချိန်၌ ခြေချော်ထွက်သွားကာမြေပြင်နှင့်ခေါင်းမိတ်ဆက်သွားလေသည်။
"အိုးမိုင်ဂေါ့...တကယ်ကြီးလဲကျသွားပြီ ကြည့်ရတာတော့အဲ့စက်ရုပ်က သူအမွှန်းတင်နေသလိုမကောင်းဘူးဖြစ်လိမ့်မယ်...ဘာလို့နင်ကရေကန်ထဲရောမကျတာလဲ..."
"ပလုံ..."
ထိုစက်ရုပ်ကချက်ချင်းပဲမတ်တပ်ထရပ်လာပြီးနောက် ဘေးရှိရေကန်ထဲသို့ခုန်ဆင်းသွားလေသည်။
"....."ယောင်စစ်
"..... "ကုရှုချန်း
"....." ပိုင်ရိ
"..... "လော့ယင်း
သူတို့သုံးယောက်သားအံ့သြတကြီးဖြင့်ယောင်စစ်ကိုလှမ်းကြည့်လိုက်ကြသည်။
"သခင်...သခင်မလေး..."
"ငါ ငါလဲဘာမှမသိဘူးနော်..."
ယောင်စစ်က ထိုသုံးယောက်ထက်ပင်ပို၍အူကြောင်ကြောင်ဖြစ်နေသည်၊ တကယ်တမ်းဘာတွေဖြစ်သွားလဲ သူမမသိပေ။
သူမရဲ့စကားတွေက အမှန်ဖြစ်လာတာလား...သူမရဲ့စကားတွေက ဒီစက်ရုပ်အပေါ်မှာသွားပြီးတော့သက်ရောက်နေတာလား...သူက သူမပြောလိုက်သမျှကို အမိန့်တခုလိုလိုက်ပြီးတော့လုပ်ဆောင်နေတာလား...
.
ယောင်စစ် ရေကန်ထဲကတက်လာပြီဖြစ်သောစက်ရုပ်ကို ကြည့်ပြီးနောက် စက်ရုပ်ကိုကြည့်ပြီးအပြစ်ရှိသလိုခံစားလိုက်ရကာ ချောင်းတချက်ဟန့်လိုက်သည်
"အဟမ်း...အဲ...နင်ကရေကူးပြီးသွားပြီဆိုတော့ ဘာလို့နင့်ရဲ့လက်ကရှော့ခ်မဖြစ်သေးတာလဲ..."
သူမ စကားဆုံးသွားသည်နှင့်စက်ရုပ်၏လက်တွင်မီးပွားတခု တောက်လာပြီးမူလကလှုပ်ရှားနေသောလက်သည် အသက်မဲ့စွာဖြင့်တွဲလောင်းကျသွားခဲ့သည်။
(⊙_⊙)
"ခွေးမသားတွေ...မင်းတို့ ငါ့စက်ရုပ်ကိုဘာလုပ်လိုက်တာလဲ..."
ယွမ်ဟန် သည်လည်းသူ့စက်ရုပ်၏ မူမမှန်မှုကိုသတိထားမိသွားပြီး စိတ်ချရသောအကွာအဝေးတခုသို့ရောက်အောင်ဆွဲလိုက်သည်။စက်ရုပ်၏ခံစားချက်ကင်းမဲ့လှသော မျက်ဝန်းများကသူတို့ကိုစိုက်ကြည့်နေဆဲဖြစ်သည်...
"ဘယ်လိုဖစ်လို့ စက်ရုပ်လက်က အလုပ်မလုပ်တော့တာလဲ...ဒီလိုမျိုးမဖြစ်နိုင်ဘူး..."
ငါလဲတကယ်ကိုမသိပါဘူး ကောင်လေးရေ...
"သခင်မလေး...ဆက်ပြောမရပ်လိုက်နဲ့..."
ကုရှုချန်းက လျှို့ဝှက်ချက်တခုကိုရှာတွေ့သွားသလိုမျိုး မျက်ဝန်းတောက်တောက်များဖြင့်ပြောလိုက်သည်။
"ဟုတ်တယ် သခင်မလေးဆက်ပြော...သူ့ကိုသတ်ဖို့သခင်မလေးရဲ့ကျိန်စာစူးပါးစပ်ကိုအသုံးချလိုက်..."
ပိုင်ရိကလဲစိတ်လှုပ်ရှားစွာဖြင့် ထပ်ပြောလိုက်သည်...
အဲ...သူတို့ရဲ့အားပေးစကားကြီးကလဲ ဘာလို့အဲ့လောက်တောင်ထူးဆန်းနေရတာလဲ...
ယွမ်ဟန်ဒေါသပေါက်ကွဲသွားသည်။
"ငါ မင်းတို့ကိုသတ်ပစ်မယ်..."
ထိုနောက်စက်ရုပ်ဆီမှအသံတခုနှင့်အတူသူ့၏ပျက်စီးသွားသောလက်ကိုဆွဲလိုက်သည်။ထို့နောက်မြှောက်လိုက်သည်နှင့်အလင်းရောင်စဉ်များထွက်ပေါ်လာ၏။၎င်းအလင်းများကစူးရှသောအပ်များကဲ့သို့ပင်ဖြာထွက်လာသည်။
လော့ယင်းက သူ့၏အလင်းအကာအကွယ်ကိုချက်ချင်းဖော်ထုတ်လိုက်သည်။
တိုက်ပွဲအခြေအနေကချက်ချင်းပင်မြင့်တက်လာသည် ယောင်စစ်က သူ့၏ကျိန်စာပါးစပ်ကိုဆက်လက်၍အသုံးချနေသောကြောင့်အခြေအနေတခုလုံးကပြောင်းလဲသွားပြန်သည်။
"တိုက်ခိုက်မှုအလင်းရောင်စဉ်တွေအများကြီးဖြစ်နေပေမဲ့...ဘယ်အရာမှမထိနဲ့..."
ထို့နောက်ဘယ်အရာမှထိခိုက်မှုမရှိလိုက်ပေ။
"သတ္ထုပစ္စည်းတွေကလျှပ်ကူးတဲ့ပစ္စည်းတွေကြီးပဲ မင်းလျှပ်စစ်ဒဏ်ခံရမှာမကြောက်ဘူးလား..."
နောက်ခဏမှာပင် သူ့တကိုယ်လုံးလျှပ်စစ်ဒဏ်ကြောင့်ထုံကျဉ်သွားလေသည်...
"တစုံတယောက်ကဘာလို့ဒီလိုရှည်လျားတဲ့လက်နက်ကိုဘာလို့အသုံးပြုတာလဲဆိုတာ ငါတကယ်နားမလည်ဘူး..တကယ်လို့မင်းအဲ့လက်နက်နဲ့ခလုတ်တိုက်ပြီးလဲသွားရင်ဘယ်လိုလုပ်မလဲ..."
နောက်ခဏအတွင်းမှာပင်သူခလုတ်တိုက်၍လဲကျသွားလေသည်
"ကြည့်ပါဦးမင်းရဲ့မြက်ခုတ်ဓားက အထဲကိုညွှန်ပြနေတယ်...အဲ့တာကမင်းရဲ့ဘောတွေကိုဖျက်မိသွားမှာမကြောက်ဘူးလား..."
နောက်အခိုက်အတန့်မှာပင် ဓားရှည်ကစက်ရုပ်၏ပေါင်ကိုဖျက်လိုက်သည်။
"အိုး...ဟုတ်သားပဲ စက်ရုပ်မှာဘောမရှိဘူး..."
အချိန်အတိုလေးအတွင်းမှာပင် သူမ၏ကျိန်စာပါးစပ်ကြောင့် စက်ရုပ်တွင်ဒဏ်ရာအများကြီးရသွားလေသည်။သူ့၏ခန္ဓာကိုယ်၌ဓားဒဏ်ရာများစွာဖြစ်ပေါ်နေပြီးခြေလက်များပင်ပြတ်နေလေသည်၊၎င်းကအကြိမ်ပေါင်းများစွာလဲမိုးကြိုးပစ်ချခံရပြီးလျှပ်ကူးမှုကိုခံစားနေရလေသည်။
အချိန်ကြာလာသည်နှင့်အမျှ ယောင်စစ်သူမ၏စွမ်းအင်များကတိုးပွားလာသည်ကိုခံစားမိလေသည်။
သူမရဲ့ပါးစပ်ကတကယ်ပဲစွမ်းအင်တခုရှိနေတယ်...တူလေးကုက သူ့ရဲ့အနာဂတ်ကြိုမြင်ခြင်းစွမ်းရည်ကိုအသက်သွင်းလိုက်တာနဲ့သူမက ကျိန်စာစွမ်းရည်ကိုရရှိလာတယ်...
ဒါတကယ်ပဲဘယ်လိုသက်ရောက်မှုမျိုးလဲ...ပထမတုန်းကစာတန်းထိုးစွမ်းရည် အခုတော့ကျိန်စာစွမ်းရည်ဒီလိုတန်ပြန်စွမ်းရည်တွေကဘယ်အချိန်အထိအသုံးဝင်မှာလဲ...
"မင်းတို့သွေးစုပ်ဖုတ်ကောင်တွေ...မင်းတို့အားလုံးကစိတ်ပျက်ရွံရှာစရာကောင်းတယ်..."
ယွမ်ဟန်ဒေါသတကြီးဟစ်အော်လိုက်သည် မူလကအနက်ရောင်ပြောင်လက်နေသောစက်ရုပ်သည်ယခုအချိန်၌လျှပ်စီးဓာတ်များအကြိမ်ကြိမ်ခံစားရပြီး မီးခိုးတလူလူထွက်နေပေပြီ။
"ငါသေချာပေါက် မင်းတို့အားလုံးကိုလက်စားချေမယ်...ငါကလက်နက်ချအရှုံးပေးလိုက်မယ်လို့ယောင်လို့တောင်မတွေးနဲ့..."
"မင်းအရှုံးပေးပေး မပေးပေးဘယ်သူကဂရုစိုက်နေလို့လဲ...ဟမ့်..."
ပိုင်ရိကအထင်အမြင်သေးစွာနှာခေါင်းရှုံ့လိုက်ပြီးယုံကြည်မှုရှိစွာဖြင့် ဝင့်ကြွားစွာပြောလိုက်သည်...
"ငါတို့က မင်းကို ကျိုးကြေသွားအောင်ထုရိုက်ပစ်လိုက်မှာပဲလေ..."