အပိုင်း ၁၀၅
Viewers 16k

Chapter 105

လော့ယင်း၏သေရေးရှင်ရေး


"မင်း...."


ယွမ်ဟန် ဒေါသတရားကြောင့် စက်ရုပ်ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်နေပေပြီ။


"မင်း...ဒီအတွက် တစ်နေ့နေ့ကြရင်သေချာပေါက် ပြန်ပေးဆပ်ရမယ်..."


"မင်းမှာ အဲ့ဒီအခွင့်အရေးမရှိတော့ဘူး"


 ကုရှုချန်းက လော့ယင်းကိုတစ်ချက်ကြည့်ပြီးနောက်ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ထို့နောက် သူမအဆင်ပြေကြောင်း သေချာစေရန်အတွက် စစ်ဆေးကြည့်လိုက်ပြီး တံတွေး တစ်ချက် ထွေးလိုက်သည်။


"မင်းကိုမင်းဘာထင်နေတာလဲ မင်းက ငါတို့ရဲ့ သည်းခံ နိုင်စွမ်းကို ကျော်လွန်သွားပြီ...သွေးစုပ်ဖုတ်ကောင် မျိုးနွယ်တွေနဲ့စကြာဝဠာတစ်ခုလုံးက မင်းကို ဘယ်တော့မှ အလွတ်ပေးတော့မှာမဟုတ်ဘူး..."


"ဟားဟား... ဟားဟား "


ယွမ်ဟန် ကျယ်လောင်စွာ ရယ်မော လိုက်သည်။


" ဒီနေ့ ငါ့ရဲ့ရည်ရွယ်ချက်က မင်းတို့နဲ့လာတိုက်ခိုက်ရုံလေးပဲထင်နေတာလား..."


ဘာအဓိပ္ပါယ်လဲ...


ယောင်စစ် စိတ်ထဲတင်းကျပ်သွားသည်။သူမ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် လေပြင်းတစ်ချက် ဖြတ်တိုက်လာသည်ကို ခံစားလိုက်မိ၏။


"သခင်မလေး..."


 ကုရှုချန်းပွေ့ထားသောလော့ယင်းကရုတ်တရက် ယောင်စစ် ဆီသို့ ခုန်ဝင်လာပြီး တွန်းဖယ်လိုက်၏။


ယောင်စစ်ကြည့်လိုက်ချိန်၌ အပြာရောင် အလင်းတစ်ခုကလော့ယင်း ၏လက်မောင်းကို ဖြတ်သွားသည်ကိုမြင်လိုက်ရသည်။


 ယွမ်ဟန် ကရူးသွပ်သောအပြုံးမျက်နှာနှင့်အပြာရောင်အလင်းတန်းဓားကို ကိုင်လာသည်ကိုတွေ့လိုက်ရသည်။ သူကစက်ရုပ်ထဲတွင်ထိုင်မနေတော့ဘဲ ကျိုးဖုန် ကျောင်းတော်၏ ဝတ်ရုံကိုဝတ်ဆင်၍မတ်တပ်ရပ်နေသည်။


"သူကစက်ရုပ်ထဲမှာမဟုတ်ဘူးလား..

ဘယ်လိုဖြစ်ပြီးတော့အပြင်မှာရောက်နေတာလဲ...."


လော့ယင်း ကဒဏ်ရာ ရသွားသော်လည်းသူမချက်ချင်းလှည့်၍ အလင်းတိုက်ခိုက်မှု့တစ်ခုကို ထုတ် လွှင့် လိုက်သည်။ယွမ်ဟန်က တည်ငြိမ်စွာ ရပ်နေလေသည်။သူလက်တစ်ဖက်ဝှေ့ယမ်းလိုက်သည်နှင့်အနက်ရောင်စက်ရုပ်က သူ့ရှေ့ရောက်လာပြီး တိုက်ခိုက်မှု့ကိုကာကွယ်လိုက်သည်။


"အသန်မာဆုံးမျိုးနွယ်ဆိုတာက အဲ့လောက်လည်းမဟုတ်ပါလား...ဒါကိုမမေ့လိုက်နဲ့ ငါ...ယွမ်ဟန် ကမင်းတို့ရဲ့မျိုးနွယ်ကိုသုတ်သင်မယ့်လူ ဖြစ်လိမ့်မယ်..."


ယွမ်ဟန်ကပြင်းထန်လှသော မုန်းတီးမှု့များဖြင့် သူတို့ကိုစိုက်ကြည့်နေသည်။ ထို့နောက် သူ့၏ နောက်ဘက်တွင် အာကာသပေါ်ကဲ့သို့သော် အနက်ရောင် ပြတင်းပေါက် တစ်ခုပေါ်လာသည်။ထို့နောက် သူနှင့်သူ့စက်ရုပ်ကိုထိုအထဲသို့စုပ်ယူသွင်းသွားခဲ့လေသည်။


ယောင်စစ်ထိတ်လန့်သွားပြီး ချက်ချင်း ပြောလိုက်သည်။


"ပိုင်ရိ...မင်းရဲ့စွမ်းရည်ကိုသုံး..."


" ဟမ်..." 


"မြန်မြန်လေး..."


 "အိုး..."


ပိုင်ရိ ချက်ချင်း ပင် သူ့စွမ်းရည်ကိုအသက်သွင်းလိုက်သည်။


ယောင်စစ် စာတန်းထိုး စွမ်းရည်ကို ခေါ်နိုင်သွားလေသည်။


[ယွမ်ဟန်သည်ဤခက်ခဲကြမ်းတမ်းလှသောခရီးသည် မည်မျှကြာမည်ကိုမသိသော်လည်း သူ သေချာပေါက် ခံနိုင်ရည်ရှိမည်မှာ သေချာပေသည်။ အဖွဲ့အစည်း၏ လုပ်ဆောင်ချက်များက မှန်ကန်ပေသည်။ ထိုသွေးစုတ်ဖုတ်ကောင်များသည် တစ်ကယ့်ကို ကိုယ်ကျင့်တရားပျက်စီးနေသော စက်ဆုပ်ရွှံရှာဖွယ်ကောင်းသည့်မသေမျိုးများဖြစ်နေသည်။ ဤအမြစ်ဖြတ်တော်လှန်ရေးက မဖြစ်မနေလိုအပ်သည်။ အသိဥာဏ်ရှိမှု...ပျော်ရွှင်မှု...]


သူမ စကားလုံးအားလုံးကိုမဖတ်ရသေးခင်မှာပင် သူ အာကာသတွင်းပေါက်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။သို့သော်လည်း သူမဖတ်လိုက်မိသော စကားလုံးအနည်းငယ်ကပဲကျောရိုးတစ်လျောက်အေးစက်သွားစေဖို့လုံလောက်နေပေသည်။


Euphoria...ဒီအဖွဲ့အစည်းပဲဖြစ်ပြန်ပြီလား...


"ဒီကောင်က... ဒီကောင်က ရူးနေတာများလား...ငါတို့က သွေးစုတ်ဖုတ်ကောင် တွေလေ ဓားနဲ့ခုတ်တာ ဘာဖြစ်မှာလဲ သူက ထွက်မသွားခင် ငါ့ကို ဓားနဲ့ခုတ်ခဲ့တယ်ဆိုတော့ ငါကအရည်ချင်းမရှိဘူးလို့ထင်လို့လား..."


" အဆင်ပြေပါတယ်..."


လော့ယင်းကပြုံး၍ ခေါင်းခါယမ်း၍ပြောလိုက်သည်။


"ဒါက သေးငယ်တဲ့ပြတ်ရှဒဏ်ရာလေးတစ်ခုပါပဲ နောက် နှစ်မိနစ်လောက် ကြာရင်ပျောက်သွားလိမ့်မယ်..."


သို့သော်လည်း သူမ စကားမဆုံးခင်မှာပင် သွေးချောင်းတစ်ချက်ဆိုး၍ သွေးတစ်လုတ်အန်လိုက်သည်။


"လော့ယင်း..."


ကုရှုချန်း၏အမြဲတစ်စေ တင်းမာနေသောမျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ပြည့်နှက်သွားလေသည်။


"ဘယ်လိုဖြစ်ရတာလဲ...ဘာလို့ ဒီလိုဖြစ်ရတာလဲ..."


"ဒဏ်ရာက..."


ပိုင်ရိ  ထိတ်လန့်တစ်ကြား မျက်လုံး ပြူးသွားပြီး လော့ယင်း၏လက်မောင်းပေါ်ရှိ ဒဏ်ရာကိုညွှန်ပြလိုက်သည်။


"ဓားဒဏ်ရာကဘယ်လိုဖြစ်တာလဲ..."


 ယောင်စစ် ကြည့်လိုက်ချိန်၌ ထိုထူးဆန်းသော ဓားဒဏ်ရာသည် အပြာရောင်ပြောင်းသွားပြီး လော့ယင်း ၏လက်တစ်ချောင်းလုံးကို ပြာနှမ်းသွားစေသည်။


"ဒါဘယ်လိုဖြစ်တာလဲ...ဒါကဘယ်လိုဖြစ်ရတာလဲ..."


ကုရှုချန်း လော့ယင်း ၏ခန္ဓာကိုယ်ကို တင်းတင်း ဖက်တွယ်ထားရင်း တုန်လှုပ်နေလေသည်။


"ယင်းယင်း..."


အဆက်မပြတ် သွေးယိုစိမ့်ထွက်လာမှု့ကို တားစီးနိုင်သည့်နည်းလမ်းမရှိပေ။ထို့အပြင်သူမ၏ ဒဏ်ရာမှ အပြာရောင် က စက္ကန့်နှင့်အမျှတိုးပွားလာပြီး တစ်ဖြည်းဖြည်း ပျံ့နှံ့လာသည်။အပြာရောင်များပို၍များပြားလာသည်နှင့်အမျှ လော့ယင်း ၏အသက်စွမ်းအင်များ ယုတ်လျော့လာသလိုမျိုး အခြေအနေပိုစိုးလာသည်။


"သခင်မလေး... "


တူလေးကုက စိုးရ်ိမ်တစ်ကြီးဖြင့် သူမကိုမော့ကြည့်လိုက်သည်။


"ငါတို့...အကြီးကဲကောင်စီကိုသွားရအောင်..."


ယောင်စစ် သူတို့ကို ဆွဲခေါ်၍ပြောလိုက်သည်။


သွေးစုတ်ဖုတ်ကောင် တို့၏ သုတေသနဌာနသည် အကြီးအကဲကောင်စီ အဆောက်အဦးရဲ့ဘေးနားတွင်တည်ရှိသည်။ထို့နေရာတွင်အဆင့်မြင့်ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့်ဆေးဝါးကျွမ်းကျင်သည့်ပညာရှင်များရှိနေသည်။


"ဟုတ်တယ်...ဟုတ်တယ် အကြီးအကဲကောင်စီ ကိုသွားရမယ်။"


ကု့ရှုချန ခဏမျှ သတိလက်လွတ်ဖြစ်နေပြီးနောက် သတိပြန်ဝင်လာကာလော့ယင်း ကိုပွေ့ချီ၍ အကြီးကဲကောင်စီသို့ လျှင်မြန်စွာသွားလိုက်ကြသည်။


.....


"သူဘယ်လိုနေသေးလဲ..." 


ယောင်စစ် လူနာဆောင်ထဲမှထွက်လာသော စတုတ္ထမြောက်အကြီးအကဲ၏လက်ကိုလှမ်းဆွဲ၍မေးလိုက်သည်။


"တောင်းပန်ပါတယ် သခင်မလေး..."


သူခေါင်းခါယမ်း၍ပြောလိုက်သည်။


"သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အမည်မသိဗိုင်းရပ်စ်တစ်ခု ရှိနေတယ်...အဲ့ဒါက သွေးစုတ်ဖုတ်ကောင် တွေရဲ့ ပြန်လည်ကု့သမှု့စွမ်းအင်တွေကို ထိန်းချုပ် ထားပုံရတယ်...ကျွန်တော်ဒါမျိုးကို ပထမဦးဆုံး မြင်ဖူးတာပဲ..."


"ဒါဆို...လော့ယင်း ကဘယ်လိုဖြစ်သွားမှာလဲ..."


ယောင်စစ် ၏နှလုံးသားထဲ၌ တင်းကျပ်သွားသည်။


"ကျွန်တော်တို့ အခုလောလောဆယ်တော့ ဗိုင်းရပ်စ်ကိုဖိနှိပ်ဖို့ကြိုးစားထားတယ်...ဒါပင်မယ့် မဖိနှိပ်နိုင်တော့ဘူးဆိုရင်  ကျွန်တော် ကြောက်မိတာက..."


ဆက်မပြောတော့သော်လည်း အဓိပ္ပါယ် ကို သူမ နားလည်လိုက်ပေသည်။


လော့ယင်း သေတော့မယ်...


" သခင်မလေး သူ ဒီဗိုင်းရပ်စ်ကို ဘယ်လိုမျိုးကူးစက်ခဲ့တာလဲ ဒီလိုဗိုင်းရပ်စ်မျိုးက ကျွန်တော်တို့ သွေးစုပ်ဖုတ်ကောင်တွေအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှု့ကြီးပဲ...ဒီကိစ္စကို အရှင်မင်းကြီးနဲ့အကြီးအကဲတွေဆီအကြောင်းကြားရမှာမို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ပြောပြလို့ရမလား..."


ယောင်စစ် ခေါင်းညိမ့်လိုက်ပြီး အဖြစ်အပျက်ကို အသေးစိတ်ရှင်းပြလိုက်သည်။


"ကျေးဇူးပါပဲ သခင်မလေး ကျွန်တော် ဒီအကြောင်းကို အသေးစိတ်သတင်းပို့လိုက်ပါ့မယ်..."


စတုတ္ထအကြီးအကဲကခေါင်းညိမ့်လိုက်ပြီး အကြီးအကဲကောင်စီ ဆီသို့အပြေးအလွှား ထွက်သွားလေသည်။


ယောင်စစ် လက်နှစ်ဖက်ကိုတင်းတင်းဆုတ်ကာ ကိုင်လိုက်မိပြီး လူနာဆောင်ထဲသို့ဝင်သွားလိုက်သည်။လော့ယင်းက တစ်ကိုယ်လုံး နီးပါးပြာတောက်နေပြီးယခုထက်ထိမနိုးလာနိုင်သေးပေ။သူတို့ဒီနေရာတွင် ငါးနာရီနီးပါးကြာမြှင့်ခဲ့ပြီးဖြစ်ပြီး စတုတ္ထအကြီးကဲကနည်းလမ်းပေါင်းစုံနဲ့စမ်းသပ်ခဲ့သော်လည်း ဗိုင်းရပ်စ်ကိုပင်ရှာမတွေ့နိုင်သေးပေ။


သူ့တစ်ကိုယ်လုံးအနှံ့အရောင်ပြောင်းမသွားအောင်တားဆီးဖို့နည်းလမ်းလည်းမရှိပေ။


ကု့ရှုချန်းက ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသည့်အလားလော့ယင်း၏လက်လေးတစ်ဖက်ကိုဆုပ်ကိုင်၍ ဘေးနားတွင်မလှုပ်မယှက်ထိုင်နေလေသည်။


နာရီပိုင်းအတွင်းမှာပင်ကတူညီသော သူမဟုတ်တော့သလိုပေ။သူ့၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြူဖျော့နေသည် ။


သူ့၏ပုံစံကိုကြည့်ရသည်မှာ လော့ယင်း ထက်ပို၍ဆိုးသောအခြေအနေတို့ရောက် ရှိနေသကဲ့သို့ပင်


ယောင်စစ် ဝင်လာသည်နှင့် ပိုင်ရိ၏မျက်ဝန်းများက တောက်ပသွားသည်။ကျောက်ဖြစ်နေသော ကုရှုချန်း ပင်အနည်းငယ် လှုပ်ရှားသွားသည်။


"သခင်မလေး... "


သူတို့က သူမဆီမှ အဖြေတစ်ခုခုကို မျှော်လင့်နေပုံရလေသည်။


"စတုတ္ထအကြီးအကဲကဘာများပြောသွားသလဲ..." 


ယောင်စစ်နှုတ်ခမ်းဖိကိုက်လိုက်ပြီးခေါင်းခါပြလိုက်သည်။


ပိုင်ရိ၏မျက်ဝန်းများကမှေးဖျော့သွားသည်။သူ့၏ မျက်လုံးများက နီရဲလာပြီး လုံးဝထိခိုက်ခံစားရလိုက်သလို စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။


"မင်းက...မင်းက...ပဉ္စမမြောက်မျိုးဆက်လေ...မင်းက...ငါတို့ရဲ့သခင်မလေးလေ...မင်း မှာအကြံစည်တစ်ခုခုရှိမယ် ဟုတ်တယ်မဟုတ်လား...လော့ယင်း ဘာမှဖြစ်သွားလို့မရဘူး...လာ့ယင်း က ရှုချန်းရဲ့မျိုးဆက်ပဲ သူသာတစ်ခုခုဖြစ်သွားမယ်ဆိုရင် ရှုချန်းရူးသွားလိမ့်မယ်...ဟုတ်တယ် သူရူးသွားလိမ့်မယ်..."


"ငါ စိတ်မကောင်းပါဘူး..."


ယောင်စစ် သူမရင်ထဲ၌ နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။သူမကိုယ်သူမ မုန်းတီးခြင်းများဖြင့်အပြစ်တင်လိုက်မိသည်။


အကယ်၍သူမကြောင့်သာမဟုတ်လျှင်... သူမသာ ကု့ရှုချန်း နှင့်ဆွေးနွေးပြောဆိုဖို့မရှာခဲ့ဘူးဆိုရင်... သူမ နာကျင်မှု့ခံစားချက်ထဲပိတ်မိလာလေသည်။


"ဘာလို့အိမ်ပြန်မလာတာလဲ..." 


ထိုအချိန်၌ အေးစက်စက်အသံတစ်ခုက တိတ်ဆိတ်ငြိမ်သက်မှု့ကို ဖြိုခွင်းလိုက်သည်။


ရုတ်တရက် မူရွှမ်ကတံခါးဝတွင်ပေါ်လာပြီး ယောင်စစ်ဆီကိုဦးတည်ရောက်လာသည်။


"မင်း ငါ့ကို ကတိပေးထားတယ်လေ ဘာလို့..."


ရုတ်တရက် အခန်းတွင်းရှိ တိတ်ဆိတ်ငြိမ်သက်မှုကို ခံစားမိသွားပြီး သူနေရာမှာတင်ရပ်၍ မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။


"ဘာတွေဖြစ်နေတာလဲ..."


 ယောင်စစ် ၏အချိန်အတော်ကြာဖိနှိမ့်ထားရသော ထွက်ပေါက်ရှာမရသေးသောခံစားချက်များကရုတ်ချည်း ဆို့နင့်လာလေသည်။


"ဖေဖေ"


သူမ၏ နောက်ဆုံး မျှော် လင့်ချက်ကြိုးမျှင်လေးကိုဆုပ်ကိုင်ထားသလိုမျိုး မူရွှမ် ၏အင်္ကျီလက်စကို ဆွဲလိုက်သည်။သူမမငိုချင်သော်လည်း မျက်ရည်များက ထိန်းမနိုင်တားမရစီးကျလာသည်။


"ဘာဖြစ်သွားလို့လဲ..."


မူရွှမ် သူ့၏ ကလေးလေး နားသို့တိုးကပ်လာပြီးနောက် မျက်နှာထားတင်းတင်းဖြင့်မေးလိုက်သည်။


"သေချာပြောပြပါ ဘာဖြစ်သွားလို့လဲ... "


 "ဖေဖေ...ဖေဖေမူ...မူရွှမ် "


ယောင်စစ် ကြောက်ရွှံ့ထိတ်လန့်မှု့နှင့်အပစ်ရှိသောစိတ်တို့ကြောင့် စကားလုံးများကထွက်မလာဘဲ မျက်ရည်များသာစီးကျလာလေသည်။


 "စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ ငါဒီမှာရှိနေပါတယ်..."


မူရွှမ် သူမ၏ ကျောကိုခပ်သာသာပွတ်သပ်ပြီးပြောလိုက်သည်။သူ့ကလေးလေး၏ မျက်ရည်များကို တွေ့ရသည်က သူ့ကိုနာကျင်စေပြီး ရူးသွပ်သွားစေသည်။သူ့၏သတ်ဖြတ်လိုသော စိတ်ဆန္ဒများတိုးမြှင့်လာသည်ကို ခံစားလိုက်ရသည် ။


"ဖြည်းဖြည်းချင်းစကားပြော..." 


ယောင်စစ် အသက်ပြင်းပြင်းရူသွင်းလိုက်ပြီးစကားစပြောလိုက်သည်။


"လော့...လော့ယင်း...သူ "


အခုမှ မူရွှမ် ကအခန်းထဲမှ အခြားသူများကိုပါ အကဲခတ်ကြည့်လိုက်သည်။ကုတင်ပေါ်တွင်လှဲလျောင်းနေသူက တစ်ကိုယ်လုံး ပြာနှမ်းနေသည့် လော့ယင်း ဖြစ်သည်။


 "ကပ်ဆိုးဗိုင်းရပ်စ်..."


"အရှင်မင်းကြီးက ဒီဗိုင်းရပ်စ်ကိုသိတာလား..."


ခံစားချက်များထဲ နှစ်မြုပ်နေသော ပိုင်ရိ အံ့အားသင့်သွားပြီး သူ အပြေးအလွှားမေးလိုက်၏။


ကု့ရှုချန်းလည်းချက်ချင်းလှည့်ကြည့်လာလေသည်။


"ဖေဖေ..."


ယောင်စစ် လည်း မျက်ရည်များစီးကျလျှက်ပင် သူ့ကိုမော့ကြည်လိုက်သည်။


"မူရွှမ်..."


မူရွှမ်ကအမည်ပြင်ခေါ်ရန်သတိပေးလိုက်သည်။


 "ဖေဖေလို့ခေါ်တာကိုမကြိုက်ဘူး..." 


သူ မျက်ရည်များသုတ်ပေးရင်းဖြင့် အလေးအနက်သတိထပ်ပေးလိုက်သည်


ကုရှုချန်း မတ်တပ်ထရပ်လိုက်ပြီး လှိုင်းထန်နေသောခံစားချက်များဖြင့် မူရွှမ် ကိုစိုက်ကြည့်လိုက်သည်။


သူ့မျက်နှာပေါ်တွင် စိုးရိမ်စိတ်၊တုန့်ဆိုင်းမှု စိတ်ရှုပ်ထွေးမှုများနှင့်ပြည့်နှက်နေသည်။


"ဒါဆို...ဒါဆို အရှင်မင်းကြီး..."


"နင့်မှာ ကုသဖို့ဆေးရှိလား..." 


ယောင်စစ်က ကူညီ၍ဝင်မေးလိုက်သည်။


ထို့နောက်သူ... မူရွှမ်၏အင်္ကျီလက်စကို မျှော်လင့်ချက်အပြည့်ဖြင့် ဆုပ်ကိုင်ထားလိုက်မိသည်။


"အင်း... ဒါက ကုရတာတော်တော်လွယ်ပါတယ် "


မူရွှမ် ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့သုံးယောက်လုံးကို လှည့်ကြည့်လိုက်သည်။မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကိုမြင်ပြီးနောက် သူ့ကလေးလေး၏ခေါင်းကိုခပ်ဖွဖွလေးပွတ်သပ်လိုက်သည်။


"ဒါကြောင့် ညစာစား ဖို့ပြန်မလာတာလား..."


 သူမကငိုတောင်ငိုနေခဲ့တယ်လေ...