Chapter 106
ကပ်ဆိုးဗိုင်းရပ်စ်
"ဖေဖေဒီအချိန်မှာ ဒါတွေကိုဂရုစိုက်မနေပါနဲ့...အခုလော့ယင်းကိုပဲမြန်မြန်လေးသွားကူပေးပါ..."
ယောင်စစ် သူ့လက်ကိုဆုပ်ကိုင်ပြီးဆက်ပြောလိုက်သည်။
"နေ့တိုင်းအချိန်မှန်အိမ်ပြန်မယ်လို့ ကတိပေးပါတယ်...အပြင်တွေလျှောက်သဝေမထိုးပဲနေ့တိုင်း ဘဲသွေးခဲငါးခွက်စားမယ်လို့ကတိပေးပါတယ်... မဟုတ်ဘူးဆယ်ခွက်စားမယ်..."
"ဘာတွေ...ဘာတွေပေါက်ကရလျှောက်ပြောနေတာလဲ..."
မူရွှမ် ရယ်ပြုံးရင်းဖြင့် သူမခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်သည်။
"မတရားစားပြီးဗိုက်နာရင် ဘယ်လိုလုပ်မလဲပြော..."
"ဖေဖေ...မဟုတ်သေးဘူး...မူရွှမ် ရှင်က ကျွန်မကိုအမြဲတမ်းပဲ ကောင်းကောင်းဆက်ဆံတယ်...ဒီကမ္ဘာကြီးမှာ ရှင်ကသာ ကျွန်မအပေါ် အကောင်းဆုံးတစ်ယောက်တည်းသော သူပဲ..."
ယောင်စစ် ကမန်းကတန်း ချီးကျူးလိုက်သည်။
"အဲ့တော့လေ...လော့ယင်းကို..."
"မင်းသူ့ကို...ကယ်ချင်လား..."
"ဟုတ်... ဟုတ်... ဟုတ်..."
ယောင်စစ် ကြက်အစာကောက်သလိုခေါင်းညိမ့်ပြလိုက်၏။
"ကောင်းပြီလေ...ဒါဆိုရင် ကိုယ်သူ့ကိုကယ်ပေးမယ်..."
မူရွှမ်သက်ပြင်းချပြီးပြောလိုက်သည်။
သူ့ကလေးလေးက သနားစရာကောင်းတယ်လေ...သူ့ကလေးလေးကကယ်ချင်တယ်ဆိုမှလုပ်ပေးရတော့မှာပေါ့...ထို့နောက်လော့ယင်းဘက်သို့လှည့်ကြည့်လိုက်ပြီး
"ဓား..." ဟုပြောလိုက်သည်။
ယောင်စစ်တို့သုံးယောက်သား အေးခဲသွားပြီးနောက် ချက်ချင်းပင် စင်ပေါ်ရှိခွဲစိတ်ဓားတစ်ချောင်းစီကို ကောက်ကိုင်လိုက်ပြီး ပြန်လှည့်လာကြသည်။
မူရွှမ် ခွဲစိတ်ဓားများကိုကြည့်၍ သက်ပြင်းတစ်ချင်ထပ်ချလိုက်ပြီး ယောင်စစ်ဆီ မှဓားကိုယူလိုက်သည်။
သူလော့ယင်းကိုအာရုံစိုက်လိုက်ပြီးယွမ်ဟန်ကြောင့် ဒဏ်ရာရသွားသောလက်ကိုဆုပ်ကိုင်လိုက်၏။
ယောင်စစ် အသက်ပင်မရှူဝံ့ဘဲ သူ့လုပ်ရှားမှုများအားလုံးကို စိုက်ကြည့်နေမိသည်။
ခွဲစိတ်တာကို ဒီလိုပဲစတော့မှာလား...ခွဲစိတ်ကိရိယာတွေကိုပိုးသတ်တာတို့...ဟို ခွဲစိတ်ခန်းဝတ်တဲ့ဂါဝန်တွေဘာတွေ သူမလုပ်တော့ဘူးလား...
မူရွှမ်ကခွဲစိတ်ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး လော့ယင်း၏လက်ကိုလှီးဖြတ်ရမဲ့အစား သူ့လက်ကိုလှီးဖြတ်ပြီး သွေးများစီးကျလာစေလိုက်သည်။
"မူရွှမ်..."
"အရှင်မင်းကြီး..."
"အရှင်မင်းကြီး..."
မူရွှမ်က လော့ယင်း၏ဒဏ်ရာပေါ် သွေးများစီးကျစေသည်ကို ကြည့်လိုက်ပြီး သုံးယောက်လုံးအံ့ဩထိတ်လန့်သွားကြသည်။စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ခန္ဓာကိုယ်ပေါ်မှ အပြာရောင်အလင်းတန်းများက ဖိနှိပ်ခံရလိုက်သလို လျင်မြန်စွာလျော့နည်းသွားလေသည်။ထို့နောက်နှစ်မိနစ်အကြာတွင် အားလုံးလုံးဝပျောက်ကွယ်သွားလေသည်။
"ငါ...ငါ ..."
အိပ်ယာပေါ်တွင်ရှိနေသော လော့ယင်း၏မျက်ဝန်းများပွင့်လာသည်။
"ယင်း ယင်း..."
ကုရှုချန်းကသူမပျောက်ကွယ်သွားတော့မည်ကိုစိုးရိမ်သည့်အလား တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားလိုက်လေသည်။
"တော်သေးတာပေါ့...ကောင်းလိုက်တာ...အရမ်းကောင်းတယ်..."
တလျှောက်လုံးထိန်းထားလိုက်ရသောစိတ်ကိုလွှတ်ချလိုက်ပြီး ကုရှုချန်းမျက်ရည်များစီးကျလာလေသည်။
"ဖေဖေ..."
လော့ယင်း၏မျက်နှာက စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေ၏။
"ငါဘာဖြစ်သွားတာလဲ..."
"မင်းဗိုင်းရပ်စ်အကူးခံလိုက်ရတာလေ...ဒါပေမဲ့ အခုတော့ကောင်းသွားပါပြီ...အားလုံးကအရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်ပဲ..."
ကုရှုချန်းက သူ့ရဲ့ကျေးဇူးတင်မှုကိုဖော်ပြရန်လှည့်ကြည့်လိုက်သော်လည်း မူရွှမ်က ဒီနေရာတွင်ဆက်မနေနိုင်တော့သကဲ့သို့ သူ့ကလေးလေး၏လက်ကိုဆွဲကာ တံခါးဝသို့ပင်ရောက်နေပေပြီ။
....
ယောင်စစ်တစ်ယောက် အသစ်တည်ဆောက်ထားသော ရွှမ်ယင်းနန်းတော်ထဲသို့တရွတ်တိုက်ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။အစကသူမဗိုင်းရပ်စ်အကြောင်းကိုမေးချင်သော်လဲ မူရွှမ်၏မကျေနပ်သည့်အကြည့်များကြောင့် အသာမျိုချကာ ဘဲသွေးခဲနှစ်ပန်းကန်အရင်စားလိုက်ရလေသည်။
ယခုလော့ယင်းသက်သာသွားပြီဖြစ်သောကြောင့် သူမပုခုံးပေါ်မှတာဝန်များလျော့နည်းသွားသလိုမျိုး စိတ်လက်ပေါ့ပါးသွားလေသည်။ အစားအသောက်များပင် ခါတိုင်းထက်ပိုအရသာရှိနေကာ နောက်ထပ်တပန်းကန်ထပ်စားလိုက်ပြန်သည်။
" ဗိုက်ပြည့်သွားပြီ..."
ယောင်စစ် သူမကိုစောင့်ကြည့်နေမည်ဖြစ်သော တစုံတယောက်ကို လှည့်ကြည့်လိုက်သည်။
မူရွှမ်ကဆိုဖာပေါ်တွင်ထိုင်ကာခေါင်းနောက်ပြန်မှီ၍ လှဲနေလေသည် သူ့၏ပုံစံကသူမတခါမှမမြင်ဖူးသော ပုံစံမျိုးဖြင့် နွမ်းနယ်လေသည်။ လော့ယင်းကိုကယ်တင်ဖို့သူ့၏သွေးဆုံးရှုံးခဲ့သည်ကို သတိရမိသွားပြီးသူမနှလုံးသားနစ်မြုပ်သွားသလို ခံစားလိုက်ရသည်။
သွေးစုပ်ဖုတ်ကောင်တွေက သွေးမျိုးဆက်အမွေအနှစ်ပေါ်ကိုမူတည်နေတာဆိုတော့...ဒါဘေးထွက်ဆိုးကျိုးများရှိနိုင်လား...
"ဖေဖေ...မူရွှမ်..."
သူမ သူ့လက်ကိုအပြေးလေးဆုပ်ကိုင်လိုက်၏...
"အခုဘယ်လိုဖစ်နေတာလဲ...ဒါက ကျွန်မ လော့ယင်းကိုကယ်တင်ဖို့တောင်းဆိုလိုက်တဲ့အတွက်ကြောင့်လား..."
"ဘာမှမဖြစ်ပါဘူးအဆင်ပြေပါတယ်...ငါနည်းနည်းလေးပင်ပန်းနေလို့ပါ..."
မူရွှမ်သူမခေါင်းလေးကိုပွတ်သပ်၍ အသာဖွဖွပွတ်သပ်ပီးပြောလိုက်သည်။
"ဟုတ်လို့လား..."
သူမ၏တောင်းဆိုချက်ကြောင့် မူရွှမ်သာတစ်ခုခု အဆင်မပြေဖြစ်သွားပြီဆိုပါက သူမအပြစ်ကြီးတစ်ခုလို ခံစားရပေလိမ့်မည်။
"တကယ်ဟုတ်လို့လား...မလိမ်ပါနဲ့...ရှင့်ရဲ့ဒီလိုမျိုးပုံစံကိုတခါမှမမြင်ဖူးဘူး..."
မူရွှမ်က မျက်ဝန်းများဖွင့်ကြည့်လိုက်သည်။ သူ့၏မျက်ဝန်းထဲတွင် ကြည်နူးသည့်အရိပ်အယောင်များကို မြင်လိုက်ရ၏။
"တကယ်အဆင်ပြေပါတယ်...စိတ်မပူပါနဲ့...သွေးစုပ်ဖုတ်ကောင်တွေအတွက်သွေးဆုံးရှုံးခြင်းက မကောင်းဘူးဆိုပေမဲ့လည်း ဒါအရေးကြီးတာတော့မဟုတ်ပါဘူး...အခု မင်းကိုလိုက်ရှာလိုက်ရတဲ့အတွက် ငါပင်ပန်းနေပြီမို့ ခဏအနားယူလိုက်ဦးမယ်..."
"တကယ်ပဲဟုတ်လို့လား..."
သူမစိတ်ချလက်ချမဖစ်နိုင်ဘဲ မူရွှမ်ကိုစစ်ဆေးကြည့်လိုက်၏၊ သူ့၏သွေးလည်ပတ်မှုများကပုံမှန်အတိုင်းရှိနေသည်ကိုတွေ့လိုက်ရသည်။
"ကျွန်... ကျွန်မ တခုခုကိုကူညီလို့ရမလား...အဲ့လိုမှမဟုတ်ဘူးဆိုရင်လုံးဝစိတ်သက်သာရာရတော့မှာမဟုတ်ဘူး..."
မူရွှမ်ကခဏမျှစဉ်းစားပြီး ခေါင်းငြိမ့်ပြလိုက်၏။
"တစ်ခုတော့ရှိတယ်..."
"ဘာများလဲ..."
သူယောင်စစ်လက်ကိုဆွဲ၍ သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ထို့နောက်သူမ၏အနားနားကပ်ကာ နွေးထွေးနူးညံ့စွာပြောလိုက်၏။
" ဒါဆိုရင်ကောင်းကောင်းလေး ငါ့ကိုအဖော်ပြုပေးနေ နက်ဖြန်ကျရင်အဆင်ပြေသွားမှာပါ..."
ယောင်စစ်အေးခဲသွားသည်။ သူ့မျက်နှာကအပူဟပ်ခံလိုက်ရသလို ပူနွေးလာလေ၏။
သို့သော်လဲ ပင်ပန်းနွမ်းနယ်နေသောမူရွှမ်ကိုကြည့်လိုက်ပြီးနောက် သူသက်တောင့်သက်သာဖစ်စေရန်အတွက် သူမ မလှုပ်မရှားငြိမ်ငြိမ်လေးနေဖို့သာဆုံးဖြတ်လိုက်၏။
သူမ ငယ်စဉ်ကတည်းက ယောက်ျားသားများနှင့် အနီးအကပ်မနေခဲ့ဖူးပေ။ ထို့ကြောင့်သူမအိပ်ပျော်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း သူမ၏ပင်ပန်းနွမ်းနွယ်နေမှုကြောင့် သို့မဟုတ် မူရွှမ့်အနားမှာနေရသည်က သက်တောင့်သက်သာဖြစ်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သို့မဟုတ်သူမ၏နားရွက် နားမှစည်းချက်ကျနေသော နှလုံးခုန်သံတိုးတိုးကြောင့်လည်း ဖြစ်နိုင်ပေသည်။ နှစ်မိနစ်အတွင်းမှာပင် သူမလျှင်မြန်စွာ အိပ်မောကျသွား၏။သူမနိုးလာသောအခါတွင်တစုံတယောက်အား ရေဘဝဲကဲ့သို့ဖက်တွယ်ထားသည်ကိုတွေ့လိုက်ရသည်။
ငါဘယ်တော့မှအိပ်ရေးမဆိုးဖူးပါဘူး...ဒါကပထမဆုံးပဲ...
"မူ...မူရွှမ်..."
"အင်း..."
သူက သူမကို စူးစူးစိုက်စိုက်ကြည့်ပြီးတည်ငြိမ်စွာဖြေလာလေသည်။
မူရွှမ်၏ပုံစံအရ အချိန်အတော်ကြာကတည်းက နိုးနေပြီး သူမကိုဘေးသို့ တွန်းဖယ်ထားခြင်းမရှိကြောင်းသေချာပေသည်။
ယောင်စစ် သူမ၏ခြေလက်များ ကပ်တွယ်နေသည့်နေရာကိုကြည့်လိုက်သည်။
ဒါငါလုပ်တာမဟုတ်ဘူးနော်... ငါလေးကအပြစ်ကင်းတယ်...
"နိုးလာပီလား..."
"အင်း..."
သူမ မသိချင်ယောင်ဆောင်၍ ခြေလက်များကိုပြန်လည်ရုပ်သိမ်းလိုက်သည်။
ငါမနေ့က သစ်တုံးတစ်တုံးလို အိပ်ပျော်နေတာပါ...
မူရွှမ်၏ မျက်နှာကတည်ငြိမ်နေပြီး သူမကိုအပြစ်တင်မည့်အရိပ်အယောင်မရှိပေ။ သူက လက်ကိုမြှောက်၍ သူ့၏ကော်လံအနားကိုထိလိုက်သည်။ ထိုနေရာ၌ ခပ်ဖျော့ဖျော့မြင်နေရသော အနီမှတ်နှစ်မှတ်ရှိနေလေသည်။
သောက်ကျိုးနည်း...အဲ့တာဘာလဲ...ငါသူ့ကိုကိုက်လိုက်တာလား...ဒီလိုအထိမခံနိုင်တဲ့နေရာမျိုးကိုလေ...
ယောင်စစ် ပါးပြင်များပူနွေးလာလေသည်။
သူမက.... ကမ္ဘာမြေဖြစ်တည်လာတဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက 'FA'(Forever Alone) ဖြစ်တည်လာတာလေ.... အဲ့တာကိုဒီလိုအကျင့်ပျက်မှုမျိုးတကယ်ပဲလုပ်လိုက်တာလား...
ဒါကသူ့အဖေပဲ သူတို့ကသွေးသားအရင်းမဟုတ်ပေမဲ့လည်း သူ့အဖေလို့သတ်မှတ်လို့ရတုန်းပဲလေ...ပြီးတော့ သူကနေမကောင်းတဲ့အခြေအနေမျိုးမှာလေ... ဘာလဲ သူမကသားရဲကောင်ကြီးလား...
မဟုတ်သေးဘူး...မဟုတ်သေးဘူး...ငါရဲ့ပေါက်တတ်ကရအတွေးတွေကို ရပ်ပစ်မှရတော့မယ်...ဘယ်လိုပဲဖြစ်ဖြစ်သူမတို့ကြားထဲမှာ ဖအေနဲ့သမီးဖြူစင်တဲ့ဆက်ဆံရေးမျိုးပဲရှိတာလေ...ဟုတ်တယ်ဒါအမှန်ပဲ...
သူမအသက်ပြင်းပြင်းတချက်ရှိုက်လိုက်ပြီးစိတ်အတွင်းထဲမှနေ၍စိတ်တည်ငြိမ်အောင်နံပါတ်စဉ်များရေတွက်နေလိုက်သည်။
မူရွှမ်က ပုံမှန်အတိုင်း သူမခေါင်းကိုခပ်ဖွဖွပွတ်သပ်လာလေသည်။
သူ့ လက်ချောင်းများမှနေ၍ဖြတ်စီးလာသောနွေးထွေးမှုက သူမ၏ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားသလိုပင်။ငြိမ်သက်နေပီဖစ်သောရေကန်ထဲကို ခဲလုံးတလုံးပစ်ချလိုက်သလိုမျိုးစိတ်ထဲ၌ အမည်မသိခံစားချက်တခုပေါက်ဖွားလာလေသည်။သူမထိတ်လန့်တကြားဖြင့်နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ပေသည်။
"ဘာဖြစ်လို့လဲ..."
မူရွှမ်မျက်နှာပျက်သွားပီး မျက်မှောင်ကြုတ်လိုက်သည်။
အိုး...ဟုတ်သားပဲ ငါဘာဖစ်နေတာလဲ...ဒါကသာမာန်အပြုအမူလေးပဲမဟုတ်ဘူးလား...သူဒီလိုလုပ်တာပထမဆုံးအကြိမ်လဲမဟုတ်ပဲနဲ့ငါကဘာလို့ရင်ခုန်နေတာလဲ...ငါ့ရဲ့ခေါင်းထဲမှာဘလိုမဟုတ်တရုတ်အတွေးတွေရှိနေတာလဲ...
ယောင်စစ် သူ့ကိုယ်သူပင်နားလည်နိုင်တော့ပေ...သူအသက်ပြင်းပြင်းတချက်ရှိုက်လိုက်ပြီးခေါင်းထဲမှအမှိုက်များကိုရှင်းထုတ်လိုက်သည်။
"ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်ပါဘူး...ဖေဖေ အဆင်ပြေရဲ့လား..."
"အင်း..."
ထို့နောက်သူကထပ်ခါအမှားပြင်ပေးလိုက်သည်
"မူရွှမ်..."
"မူရွှမ် ကျွန်မတကယ်ဗိုက်ဆာနေပီ...ဒီနေ့ဘာစားစရာရှိလဲ..."
မူရွှမ်မတ်တပ်ထရပ်လိုက်ပီး မီးဖိုချောင်ဘက်သို့လျှောက်သွားလိုက်သည်
"ခဏစောင့်ဦး... ခဏနေရင် အဆင်သင့်ဖြစ်ပြီ..."
ယောင်စစ်မနက်စာ စားရင်းဖြင့်မူရွှမ်အဆင်ပြေကြောင်းသေချာအောင် ထပ်ခါထပ်ခါစစ်ဆေးအကဲခတ်ကြည့်လိုက်သည်။
မနေ့သူ့၏မောပန်းနွမ်းနယ်မှုများကွယ်ပျောက်သွားကြောင်း သေချာမှသာလျှင် ဗိုင်းရပ်စ်အကြောင်းကိုမေးမြန်းလိုက်၏။
"ဒါကိုကပ်ဆိုးဗိုင်းရပ်စ်လို့ခေါ်တယ် ..."
မူရွှမ်ကစိတ်အလိုမကျဖြစ်စေသောအတွေးတခုပေါ်လာပုံမျိုးဖြင့်မျက်မှောင်ကြုတ်လိုက်သည်။
"ဒီဗိုင်းရပ်ကလွန်ခဲ့တဲ့နှစ်ပေါင်း ၁ဘီလီယံလောက်ကအပြာရောင်ဂြိုလ်မှာစပြီးပေါ်လာခဲ့တာ..."
"ကမ္ဘာ...ကမ္ဘာမြေ..."
ယောင်စစ်မျက်လုံးများပြူးကျယ်သွားသည် သူ့စကားအဓိပ္ပါယ်ကိုသူမတွေးမိသွား၏။
"ဒါဆို ရှင်ဆိုလိုတာကဒီကပ်ဆိုးဗိုင်းရပ်စ်ဆိုတာက...ကမ္ဘာမြေပေါ်ကလူတွေအကုန်လုံးကိုသတ်ပစ်လိုက်တဲ့ ဗိုင်းရပ်စ်ကိုဆိုလိုတာလား..."
" အင်း..."
သူခေါင်းညိမ့်လိုက်၏။
"ဒါမဖြစ်နိုင်ပါဘူး..."
ယောင်စစ်ဆက်ပြောလိုက်သည်
"သွေးစုပ်ဖုတ်ကောင်တွေက ဒီဗိုင်းရပ်စ်ကိုမခုခံနိုင်ဘူးလား..."
ဒါကလုံးဝမဖြစ်နိုင်ပေ...တကယ်လို့သူတို့သာလုံးဝမခုခံနိုင်ခဲ့ပါကလွန်ခဲ့သည့်နှစ်ပေါင်းသန်းပေါင်းများစွာထဲက ကမ္ဘာမြေကြီးနှင့်အတူပျောက်ကွယ်သွားပြီးသားဖြစ်ပေလိမ့်မည်။
ထိုသို့သာဖြစ်လျှင် သွေးစုပ်ဖုတ်ကောင်များကကျန်ခဲ့ပြီး ကမ္ဘာမြေကြီးပျက်စီးသွားပီးနောက်အာကာသထဲဝင်ရောက်ကာ မျိုးနွယ်တခုဆက်လက်ပြန့်ပွားနိုင်မည့်အဖြစ်အပျက်မျိုးရှိလာတော့မည်မဟုတ်ပေ။
မူရွှမ်ခေါင်းညိမ့်ပီးဆက်ပြောလိုက်သည်
"သွေးစုပ်ဖုတ်ကောင်တွေကတကယ်ပဲ ကပ်ဆိုးဗိုင်းရပ်စ်ကိုခုခံကာကွယ်နိုင်ခဲ့တယ်...ဒါပေမဲ့လဲ ကပ်ဆိုးဗိုင်းရပ်စ်မျိုးပွားကိုတော့ မတွန်းလှန်နိုင်ခဲ့ဘူး..."
"ကပ်ဆိုးဗိုင်းရပ်စ်မျိုးပွားဟုတ်လား..."
ယောင်စစ်ငြိမ်သက်သွားသည်။
မူရွှမ်သက်ပြင်းတချက်ချက်ချလိုက်ပီပြောလိုက်၏။
"စစ်စစ်...သွေးစုပ်ဖုတ်ကောင်တွေရဲ့ပထမမျိုးဆက်သုံးဆယ် အထူးသဖြင့်ပထမမျိုးဆက်ဆယ်ဆက်က ဘယ်လိုမျိုးပျောက်ဆုံးသွားတယ်ဆိုတာကိုသိလား..."
"သူတို့အချင်းချင်းကြားကတိုက်ပွဲ ပြည်တွင်းစစ်ကြောင့်မဟုတ်ဘူးလား..."
ယောင်စစ်သူမနှစ်ထောင်ပေါင်းချီ အိပ်မပျော်သွားခင်က အဖြစ်အပျက်ကိုပြန်လည်တွေးလိုက်မိသည်။
"ပြည်တွင်းစစ်ဟုတ်လား..."
မူရွှမ်ထိုအဖြစ်အပျက်ကို ပြန်တွေးလိုက်သည်။
"တကယ်တမ်း ပထမမျိုးဆက်တွေ တိုက်ပွဲကအဲ့လောက်မပြင်းထန်ခဲ့ပါဘူး...ကမ္ဘာမြေကြီးရဲ့ကပ်ဆိုးမတိုင်ခင်တုန်းကသွေးစုပ်ဖုတ်ကောင်တွေကြားထဲမှာ တိုက်ပွဲတွေရှိခဲ့ပေမဲ့လဲ...ပြင်းထန်တဲ့ရလဒ်တွေမရှိဘူး...အဲ့တုန်းကငါတောင်တိုက်ပွဲဝင်ဖို့အရည်အချင်းမှီခဲ့တာမဟုတ်ဘူး..."
"ဒါဆိုအတိအကျဘာဖြစ်ခဲ့တာလဲ..."
ယောင်စစ် သွေးစုပ်ဖုတ်ကောင်ဖြစ်ကြောင်းအတည်ပြုပီးသွားချိန်၌ စစ်ပွဲအတွင်းတွင် စတုတ္ထမျိုးဆက်အောက် သွေးစုပ်ဖုတ်ကောင်များကိုမပါဝင်ရန် တားဆီးခဲ့မှုအားသတိရမိသွားသည်။
"ဒါကမျိုးပွားကပ်ဆိုးဗိုင်းရပ်စ်ကြောင့်ပဲ..."
မူရွှမ်၏မျက်နှာကမဲမှောင်နေသည်။
"အစပိုင်းကတော့ သွေးစုပ်ဖုတ်ကောင်တွေ ကပ်ဆိုးဗိုင်းရပ်စ်ကိုခုခံနိုင်ခဲ့တာကြောင့် မျိုးသုန်းမဲ့ အန္တာရာယ်ကို ဘယ်သူမှမမျှော်လင့်ထားခဲ့ဘူး...ဒါပေမဲ့အဲ့တာက တစ်ဆင့်ပြောင်းလဲလာတဲ့ မျိုးပွားဗိုင်းရပ်စ်မပေါ်လာခင်အထိပဲ..."