အပိုင်း ၁၀၇
Viewers 16k

Chapter 107

ဦးဆောင်သူ


"အဲ့ဒီတုန်းက ကမ္ဘာမြေပေါ်မှာ ဗိုင်းရပ်စ်ကအရမ်းပျံနှံ့နေခဲ့ပြီ..လူသားမျိုးနွယ်တွေလည်း မျိုးတုန်းခါနီးနေပြီ ဖြေဆေးရှာနေကြတဲ့ သုတေသနပညာရှင်တွေရှိပေမဲ့ စစ်မှန်တဲ့ကာကွယ်ဆေးကိုတော့ ရှာမတွေ့ခဲ့ကြဘူး...အစပိုင်းမှာတုန်းက ကာကွယ်ဆေးတစ်မျိုးက ဗိုင်းရပ်စ်ကိုတစ်ကယ်ပဲ နှိမ်နင်းနိုင်ခဲ့တယ်...ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဗိုင်းရပ်စ်က ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ဆင့်ကဲပြောင်းလဲမှု့တွေ ဖြစ်ပေါ်လာပြီးတော့ ပိုပြီးလျှင်လျှင်မြန်မြန် သေစေတဲ့ ပြင်းထန်တဲ့ဗိုင်းရပ်စ်အဆင့်ကိုရောက်သွားခဲ့တယ်..."


"ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သူတွေက တစ်ကိုယ်လုံးပြာနှမ်းသွားပြီးတော့ သူတို့ရဲ့ ဦးနှောက်အသိဥာဏ်ကို ထိန်းချုပ်နိုင်းစွမ်းမရှိဖြစ်လာလိမ့်မယ် ခံစားချက်တွေကိုလည်းမသိတော့ဘဲနဲ့ မကောင်းဆိုးဝါး တစ်ကောင်လိုမျိုး ပြောင်းလဲလာလိမ့်မယ်..."


"ဇွန်ဘီ တွေလိုမျိုးပြောတာလား..." 


ယောင်စစ် ဝင်ပြောလိုက်သည်။


"ဟုတ်တယ်...အဲ့ဒီလိုမျိုး ပြောလို့ရတယ် ဒါပေမယ့် ပိုဆိုးတာကတော့ အဲ့ဒီ့သတင်းပျံ့လာတဲ့အချိန်မှာ ပိုးကူးစက်ခံထားရပြီးကြပြီ...ပြီးတော့လည်း ပိုးကူးစက်ခံထားရသူကိုက်တာကိုခံရရင် သွေးစုတ်ဖုတ်ကောင် တစ်ကောင်တောင်မှသေသွားနိုင်တယ်..."


"ဒါဆိုရင်နောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်ကြသေးလဲ..."


"အဲ့ဒီအခြေအနေကိုမြန်မြန်ဆန်ဆန်ထိန်းချုပ်ဖို့အတွက် သွေးစုတ်ဖုတ်ကောင် တွေအကုန်လုံးလည်း ပါဝင်လာခဲ့ကြတယ်...ဒါပေမဲ့လည်း ကာကွယ်ဆေးအထိုးခံထားရတဲ့လူတွေက အရမ်းကိုများလွန်းတယ်..

ပြီးတော့လည်း သူတို့က မခံစားနိုင်တော့တဲ့အတွက် နာကျင်မှုကိုမသိကြတော့ဘူးသူတို့မှာ ရှေ့ဆက်တိုးဖို့ပဲရှိတယ်...အဲ့အချိန်တုန်းက ငါတို့လူတွေလည်း တော်တော်များများသေဆုံးခဲ့ကြတယ်..."


မူရွှမ် သက်ပြင်းတစ်ချက်ချလိုက်သည်။


"မျိုးဆက်တစ်ဆက် သေဆုံးသွားတာနဲ့ နောက်ထပ်မျိုးဆက်တစ်ခုကိုထပ်ပြီးတော့စေလွှတ်... ပြီးတော့ နောက်ထပ်မျိုးဆက်တစ်ခုကိုထပ်ပြီးတော့စေလွှတ်..."


ယောင်စစ် ၏နှလုံးသားတင်းကျပ်သွားလေသည်။


နောက်တော့ ငါတို့ရဲ့သေပျောက်နှုန်းအရ လူသားတွေထက် မြန်မြန်ဆန်ဆန်ပဲမျိုးတုန်းသွားလိမ့်မယ်လို့သိလာကြတယ်။ ဒါကြောင့်မို့ ကျန်ရှိနေတဲ့လူသားအားလုံးကို သွေးစုတ်ဖုတ်ကောင် အဖြစ်ပြောင်းလဲလိုက်ကြတယ်...ပြီးတော့ အဲ့ဒီအချိန်တုန်းကမတော်တဆဖြစ်ရပ်တစ်ခုကြောင့် ဆောင်းခိုတဲ့အခြေအနေကိုရောက်သွားခဲ့တယ်...ငါပြန်လည်နိုးထလာတဲ့အချိန်မှာ ပထမမျိုးဆက်သုံးဆယ် ကမရှိတော့ဘူး...

ကျန်တဲ့သွေးစုတ်ဖုတ်ကောင်တွေကလည်း အနည်းစုလောက်ပဲရှိတော့တယ်...ပထမဆုံး တိုက်ခိုက်ဖို့စေလွှတ်လိုက်တဲ့အသုတ်မှာ ငါပါဝင်နေခဲ့တယ်..."


"ရှင်အဆင်ပြေရဲ့လား...ပြန်လာနိုင်ခဲ့ရဲ့လား..."


"အင်း..."


မူရွှမ်ခဏမျှရပ်တန့်သွားပြီးမှ ယောင်စစ်ကို ခေါင်းငြိမ့်ပြလိုက်သည်။


ယောင်စစ် လည်းသူမမေးလိုက်တဲ့မေးခွန်းကို ပြန်သတိရလိုက်မိပြီး ရှက်ရွှံ့သွားမိ၏။

ငါက...ငတုံးလား သူ မပြန်လာနိုင်မှတော့ ငါ့ရှေ့မှာဘယ်လိုလုပ်ရှိနေတော့မလဲ....


"ငါက နောက်ဆုံးအသုတ်နောက်ဆုံးတိုက်ခိုက်မှု့မှာပါဝင်ခဲ့ပြီး သုံးလလုံးလုံး ကမ္ဘာ မြေပေါ်မှာရှင်းလင်းမှု့တွေလုပ်နေခဲ့တယ်...အဆုံးမှာတော့ငါ့ ရောဂါပိုးရှိနေသူရဲ့ အကိုက်ကိုခံခဲ့ရတယ် ဒါပေမဲ့ အရေးကြီးတဲ့အခိုက်အတန့်မှာပဲ ဘိုးဘေးသွေးမျိုးဆက် နိုးထလာပြီး အဲ့ဒီ အခြေအနေဘေးဆိုးကနေလွတ်မြှောက်နိုင်ခဲ့တယ်..."


မူရွှမ် ကအေးဆေးတည်ငြိမ်စွာဖြင့်အတိုချုံးရှင်းပြနေသောလည်း ယောင်စစ်၏နှလုံးသားကမူ တင်းကျပ်သထက်တင်းကျပ်နေလေသည်။


"ငါပြန်လည်ကောင်းမွန်လာပြီးတဲ့အချိန်မှာတော့ငါ့ရဲ့ဘိုးဘေးသွေးမျိုးဆက်က အဲ့ဒီဗိုင်းရပ်စ်ကိုနှိမ်နင်းနိုင်တယ်ဆိုတာကိုသိလိုက်ရတယ်..."


ဒါဆိုရင် သူရဲ့ဘိုးဘေးသွေးကသာလော့ယင်းကို ကုသပေးနိုင်တဲ့တစ်ခုတည်းသောဆေးပေါ့။


"ငါ့ရဲ့လူသားတွေကို သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲနိုင်တဲ့စွမ်းရည်ဆုံးရှုံ့းသွားတာကနှမျောစရာပဲ ဒါပေမဲ့ ငါ့မှာကျေးဇူး တင်စရာကောင်းစွာနဲ့မင်း ရှိနေခဲ့တယ်..."


မူရွှမ် သူမအနားသို့ တိုးကပ်လာလေသည်။သူ့၏ အမြင်အာရုံတစ်ခုလုံးတွင် သူမ၏ပုံရိပ်သာ စိုးမိုးနေသလိုမျိုးထင်ရသည်။သူမသာ ကမ္ဘာပေါ်တွင်တစ်ဦးတည်းသော ကျန်ခဲ့သည့် သူလိုမျိုး...သူမ မထိန်းချုပ်နိုင်ဘဲ နှလုံးသား တစ်ချက်ခုန်သွားလေသည်။


"ဒါပင်မယ့် အဲ့အခြေနေကလွတ်မြောက်သွားခဲ့ပြီလေ...ဗိုင်းရပ်စ်က ကမ္ဘာမြေပေါ်ရောက်လာတယ်ဆိုပေမဲ့ ကမ္ဘာမြေနဲ့အတူပျောက်သွားသင့်ပြီ မဟုတ်လား "


 သူမ အိပ်ပျော်နေရာကနေ နိုးထလာတဲ့အချိန်မှာ ကမ္ဘာမြေကြီးတောင် ပျောက်သွားခဲ့ပြီလေ။တစ်စုံတစ်ယောက်က ကြီးကြီးမားမားကြံစည်နေပြီဟူသော အတွေးမျိုးကိုတွေးမိရုံဖြင့် "သူမ" မထိန်းနိုင်လောက်အောင်ကို တုန်လှုပ်မိလေသည်။သို့သော်လည်း ယွမ်ဟန် ၏စကားများကိုအခြေခံ၍ မည်သည့် သဲလွန်စမှကိုလည်းစဉ်းစား၍မရပေ။ထိုအပြင် ထိုကောင်က အစရှာမရအောင် ပျောက်သွားခဲ့ပြန်သည်။


အကြီးအကဲကောင်စီ ကဗိုင်းရပ်စ်ကြောင့် ရူးသွပ်တော့မလိုမျိုးဖြစ်နေပြီး မူရွှမ်ပင် ထိုကိစ္စကိုဝင်ရောက်စုံစမ်းခဲ့သော်လည်းတိုးတက်မှုမရှိခဲ့ပေ။


ရန်သူတွေက အမှောင်ထဲတွင်ပုန်းနေချိန်၌ သူမတို့က အလင်းထဲတွင် ထင်းထင်းရှင်းရှင်းဖြစ်နေသေးသည်။ထိုကဲ့သို့သော် အခြေအနေက တစ်ကယ့်ကို စိတ်မသက်သာစရာကောင်းလှသည်။


"သခင်မလေး..."


 လော့ယင်း က ယောင်စစ် ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။သူမ ပါးစပ်ဖွင့်ဟလိုက်သော်လည်း စကားမဆိုနိုင်ဘဲ ပါးလေးများရဲရဲနီသွားသည်။ထို့နောက် သူမဆီမှ မေးခွန်းတစ်ခုထွက်လာလေသည်။


"ကျွန်မမေးစရာရှိလို့...နောက်အပတ်ပိတ်ရက်များ အားလား"


ယောင်စစ် ကသူမ၏မေးခွန်းကို များများစားစားတွေးတော့မနေတော့ပေ လော့ယင်းက ဒဲ့တိုးလုပ်တတ်သည့် စရိုက်ရှိပြီး သူ့ကိုယ်သူထိန်းချုပ်နေမည့်သူမဟုတ်ပေ။


"အင်း...ပိတ်ရက်ဖြစ်နေတဲ့အတွက် ငါမှာဘာအစီအစဉ်မှ မရှိပါဘူး..."


ယောင်စစ် သာမန်ခေါင်းငြိမ့်ပြလိုက်သည်။သို့သော် လော့ယင်း ၏ မျက်ဝန်းများတောက်ပလာသည်ကိုမြင်ပြီးနောက် သူမ ထပ်မံဖြည့်စွက်၍ပြောလိုက်သည်။


"ဒါပေမဲ့ ဗိုင်းရပ်စ်ကိစ္စကြောင့် မူရွှမ်က ငါ့ကို အပြင်ထွက်ခွင့်မပေးဘူး ဟူး..."


လော့ယင်း ၏ပုံက စိတ်ဓာတ်ကျသွားပုံရလေသည်။


"ဘာကိစ္စရှိလို့လဲ..."


 ယောင်စစ် မနေနိုင်ဘဲမေးလိုက်သည်။

သူမ ဗိုင်းရပ်စ်ကြောင့် အသည်းအသန် ဖြစ်ခဲ့သော အခြေအနေကိုသတိရသွားပြန်ပြီး သူမ၏ နှလုံးသား တင်းကျပ်သွားပြန်သည်။


"နင်အခု အပြည့်အဝ သက်သာလာပြီလား... တစ်ခြားဘေးထွက်ဆိုးကျိုးတွေရောရှိသေးလား..."


လော့ယင်းက ကျေးဇူး တင်သည့်ပုံစံမျိုးဖြင့်ကြည့်လိုက်သည်။


"ကျွန်မအခုသက်သာနေပါပြီ တစ်ခြားဘေးထွက်ဆိုးကျိုးတွေလည်းမရှိပါဘူး ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်ပါပဲ..."


ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ကမန်းကတန်းမေးလိုက်သည်။


"ဟုတ်သားပဲ ဒီအပတ်ပိတ်ရက် အရှင်မင်းကြီးရော အားလား...တစ်ကယ်လို့သူသာ သခင်မလေး နဲ့အတူတူအဖော်လိုက်ခဲ့မယ်ဆိုရင် တစ်ယောက်ထည်း ဖြစ်နေတော့မှာမဟုတ်ဘူးလေ..."


"အင်း...အဲ့လိုတော့ထင်ရတာပဲ..."


သို့သော်လည်း ဒီရက်ပိုင်း အတွင်း တွင်မူရွှမ်က အလုပ်ရှုပ်နေပုံရပြီး ညနက်မှ ပြန်လာလေ့ရှိသည်ကို ယောင်စစ် သတိထား မိသည်။


"အရေးကြီးတဲ့ကိစ္စရှိလို့လား..." 


ယောင်စစ် လေးလေးနက်နက် စိုက်ကြည့်၍မေးလိုက်သည်။


လော့ယင်း၏မျက်နှာက နီရဲနေပြီး တစ်စုံတစ်ခုကို ပြောဖို့ ချီတုန်ချတုန်ဖြစ်နေသလိုမျိုးနှုတ်ခမ်းဖျားလေးကိုဖိကိုက်လိုက်သည်။ထို့နောက် သူမက ယခုစကြာဝဠာကမ္ဘာကြီးတွင်သုံးနေသည့်ပစ္စည်းမျိုးမဟုတ်သော ရှေးကျသော ကမ္ဘာမြေခေတ်တွင် သုံးခဲ့သည့် စက္ကူ ဖြင့်ပြုလုပ်ထားသောကဒ်ပြားလေးတစ်ခုကို ကမ်းပေးလာသည်။


"ဒါကဘာလဲ..."


ယောင်စစ် စကားမဆုံးခင်မှာပင် ထို နီရဲစိုအိနေသည့်ကတ်ပြားလေးပေါ်မှ ရွှေရောင်စကားလုံးကို မြင်လိုက်ရပြီး မျက်လုံးများပြူးကျယ်သွားလေသည်။


"မင်္ဂလာဆောင်ဖိတ်စာ...နင်က ကျောင်းသားပဲရှိသေးတယ်လေ...မဟုတ်ဘူး...နေဦး... "


ဒီကမ္ဘာပေါ်ရှိသွေးစုပ်ဖုတ်ကောင်များ၏အသက်ကိုသူတို့၏ ပုံပန်းသဏ္ဍန်ဖြင့် ဆုံးဖြတ်၍မရပေ။ထို့အပြင် စကြာဝဠာရှိ ကျောင်းသားများသည် ကမ္ဘာမြေပေါ်မှ  မျိုးဆက်သစ်များသာကျောင်းတက်ခွင့်ရှိသည့် ကျောင်းများနှင့်မတူပေ။၎င်းတို့ကအသက်အရွယ်ရောက်ပြီးသူများလည်း သင်ယူရန်အတွက်ကျောင်းအပ်ကြလေသည်။


အင်း...


လော့ယင်း ၏မျက်နှာက သိသိသာသာကိုရှက်ရွှံ့မှု့ဖြင့် နီရဲနေသည်။


"အစတုန်းကတော့ကျွန်မ ကျောင်းပြီးတဲ့အထိစောင့်ဦးမလို့ပါ ဒါပေမဲ့ အခုတစ်ခေါက်ကိစ္စမှာ သူတော်တော်လန့်သွားပုံရတယ်...ကျွန်မတို့ကသွေးစုတ်ဖုတ်ကောင်တွေဖြစ်နေပင်မယ့် ကြိုမမြင်နိုင်တဲ့ အနာဂတ် ရှိသေးတယ်မဟုတ်လား...အဲ့ဒါနဲ့ပဲ ဒီလို  ဆုံးဖြတ်လိုက်ကြတာ..."


"အော်...ငါနားလည်ပြီ ..."


ယောင်စစ် လန့်နေဆဲဖြစ်သည်။


တည်ငြိမ်အေးစက်လှသော လော့ယင်း ကထိုကဲ့သို့ပြင်းထန်သည့်ဗုန်းတစ်လုံးလာခွဲလိမ့်မည်ဟု့ မထင်ထားမိပေ။


"စိတ်မပူပါနဲ့...စိတ်မပူပါနဲ့ ဒါကကြီးကျယ်ခမ်းနားတဲ့အချိန်ပဲလေ ငါသေချာပေါက်လာရမှာပေါ့..."


ယောင်စစ် စိတ်တည်ငြိမ်စေရန်အတွက် ရေနွေးတစ်ခွက်သောက်လိုက်သည်။လော့ယင်းက အိမ်ထောင်ပြုတော့မည်ကိုသူမကြိမ်းသေပေါက်ရှိနေပေးရမည်။


ဒါပင်မယ့် သူမ ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ တစ်နှစ်ပတ်လုံးအတူတူရှိနေတာ သူတစ်ခြားအမျိုးသားတစ်ယောက်နဲ့တွဲတာလည်းမတွေ့ဘူးပါဖူး။


"ဒါနဲ့ သတို့သားက ဘယ်သူလဲ...ငါရော သူ့ကိုသိလား..."


ယောင်စစ် ပေါ့ပေါ့ပါးပါးမေးလိုက်၏။


လော့ယင်းက သူမကို ပို၍ပင်ရှက်ရွှံ့နီရဲသည့်မျက်နှာဖြင့်ကြည့်လိုက်ပြီး 


"သခင်မလေးငါ့ကိုမနောက်ပါနဲ့..."


 ငါမနောက်ပါဘူး...ယောင်စစ် ဖိတ်စာကဒ်ကိုလှန်ကြည့်လိုက်ပြီးအမည်နှစ်ခုကိုစိုက်ကြည့်လိုက်လေ၏။


ကု့ရှုချန်း ကလွဲပြီး ဘယ်သူဖြစ်ဦးမှာလဲ


(⊙_⊙)


"ဖူး..."


ယောင်စစ် လက်ဖက်ရည်များ မှုတ်ထုတ်လိုက်ပြီးအချိန်အနည်းငယ်ခန့်ချောင်းဆိုးလိုက်သည်။


သူက တူလေးကု့ရဲ့ဇနီးဖြစ်လာမှာလား...


"ကုရှုချန်း ဟုတ်လား ..."


"အင်း.."


.လော့ယင်း ဇဝေဇဝါ ဖြင့်ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်မိသည်။


"နည်းနည်းတော့ အလျှင်စလိုဖြစ်သွားတယ်ဆိုပင်မယ့်လေ...ဒါက ကျွန်မနဲ့ကုရှုချန်းအတွက်တော့ကြီးကြီးမားမားပြောင်းလဲမှု့ကြီးမဟုတ်ပါဘူး..."


"ခဏလေးနေပါဦး...ခဏလေးနေပါဦး... သူက နင့်ရဲ့အဖေမဟုတ်ဘူးလား"


ယောင်စစ် စိတ်ရှုပ်ထွေးနေပြီး စကားများက မရည်ရွယ်ဘဲထွက်သွားလေသည်။


"ဟုတ်တယ်လေ..."


 လော့ယင်း၏မျက်နှာလေးက 

ဂုဏ်ယူဝင့်ကြွားမှု့အပြည့်ဖြင့် အလေးအနက်ခေါင်းငြိမ့်ပြလာလေသည်။ထို့နောက် သူမ၏ မျက်နှာက တစ်ဖန် နီမြန်းလာပြန်သည်။


"ဒီတော့..."


ဒီတော့ဘာဖြစ်လဲ မြန်မြန်လေးရှင်းပြစမ်းပါ။

ယောင်စစ်မေးခွန်းထပ်မမေးခင်မှာ ပင်လော့ယင်း၏ကွန်ပြူတာလက်ပတ်ဆီမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။


"တောင်းပန်ပါတယ် သခင်မလေး မင်္ဂလာဆောင်အတွက်မှာထားတဲ့ပစ္စည်းတွေ ရောက်ပြီမို့လို့ ကျွန်မပြန်သွားကြည့်ရဦးမယ်...နောက်တစ်ပတ်မှာ သခင်မလေးရှိနေဖို့ မျှော်လင့်ပါတယ်..."


သူမက ရွှင်လန်းတက်ကြွသောအပြုံးဖြင့်ထွက်ခွာသွားလေသည်။


ယောင်စစ် ထိုသတင်းကြောင့် တုန်လှုပ်အံ့အားသင့်နေဆဲဖြစ်သည်။ယောင်စစ် တစ်စုံတစ်ခုကို သတိမပြုမိခင်အထိ အချိန်ငါးမိနစ်မျှမှင်သက်ကြောင်အနေခဲ့သည်။သူမ ကိစ္စရပ်များကိုနားလည်မှုလွဲမှားနေပုံရလေသည်။


သူတစ်ခုခုအတင်းပြောရန်အတွက် ပိုင်ရိ ဆီသို့ချက်ချင်းဖုန်းခေါ်လိုက်သည်။သူမ အရေးတစ်ကြီးအ ဖြေတစ်ခုလိုနေပြီ


 တစ်စက္ကန့်မပြည့်ခင်မှာပင် ဖန်သားပြင်ပေါ်၌ပိုင်ရိ၏မျက်နှာပေါ်လာလေသည်။


" သခင်..."


ပိုင်ရိ ၏စကားမဆုံးခင်မှာပင် ယောင်စစ်ဖြတ်ပြောလိုက်သည်။


"နင်...နောက်တစ်ပတ်ကြရင် ကုရှုချန်း နဲ့ လော့ယင်း တို့ရဲ့ မင်္ဂလာပွဲရှိတယ်ဆိုတာသိလား..."


ပိုင်ရိ တောက်ပစွာပြုံးလိုက်သည်။


"သခင်မလေးလည်း မင်္ဂလာဆောင်ဖိတ်စာ ရပြီးသွားပြီလား...ဟုတ်တယ် သူတို့နှစ်အတော်ကြာအချိန်ဆွဲထားဦးမယ်လို့ ထင်နေတာလေ... ပထမတုန်းကတော့ လော့ယင်း ကျောင်းပြီးမှ လက်ထပ်ကြမလို့...ဒီလိုမြန်မြန်ဆန်ဆန် ဆောင်ရွက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...အစကတည်းက သိခဲ့မယ်ဆိုရင်..."


"ခဏလေးနေပါဦး ငါ...တစ်ခုခုကိုနားမလည်နိုင်ဖြစ်နေတယ်..."


ယောင်စစ် အသက်ပြင်းပြင်းရှူလိုက်ပြီး လေးလေးနက်နက် မေးလိုက်သည်။


"တူလေးကုက လော့ယင်း ရဲ့အဖေမဟုတ်ဘူးလား" 


ပိုင်ရိ မဆိုင်းမတွပင်ပြန်ဖြေလိုက်သည်။


"ဟုတ်တယ်လေ ဒီတော့..."


(╯□╰) 


လာပြန်ပြီလားဒီစကားလုံး...


"သူတို့က အဖေနဲ့သမီး မဟုတ်ဘူးလား"


အဖေနဲ့သမီးဖြစ်နေပါကသွေးသားတော်စပ်သောကြောင့် မယူသင့်ပေ။ 

သွေးစုပ်ဖုတ်ကောင်ဖြစ်နေတယ်ဆိုရင်တောင်မှပဲအကျင့်သိက္ခာတော့စောင့်ထိန်းရမယ်လေ...


ပိုင်ရိ ငြိမ်သက်သွားပြီး သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုအပြည့်ဖြစ်သွားလေသည်။


"အဖေနဲ့သမီး ဟုတ်လား...ဘာကိုအဖေနဲ့သမီးလည်း... သွေးစုပ်ဖုတ်ကောင် တွေကမျိုးဆက်မပွားနိုင်ဘူးလေ...အခုသွေးစုတ်ဖုတ်ကောင်အားလုံးက မူလထဲက ကမ္ဘာမြေကလူသားတွေပဲလေ..."


ဟုတ်သားပဲ သူမက မျိုးရိုး ဗီဇတွေကိုသွားတွေးမိနေတာပဲ အမှန်တစ်ကယ်ဆိုရင် လော့ယင်း နဲ့ကု့ရှုချန်းကိုကြည့်ရုံနဲ့တင်သူတို့က သားအဖထက်စုံတွဲတစ်တွဲနဲ့ပိုတူနေတယ်ဆိုတာသိသာတာပဲ။


ပိုင်ရိ ကသူမ၏တုန်လှုပ်မှု့များကိုမသိဘဲဆက်၍ပြောလာလေသည်။


"သူတို့ကဘယ်လောက်ထိ အချိန်ဆွဲနေမှန်းသခင်မလေးမသိပါဘူး...ကျွန်တော်တို့မှာသူတို့ကိုကြည့်ပြီးတော့ သွေးစုပ်ဖုတ်ကောင် တွေအတွက် အဆုံးသတ်ထိတူတူမရှိနိုင်တဲ့ ပထမဆုံး  လမ်းညွှန်စုံတွဲဖြစ်လာမှာကိုတောင်စိုးရိမ်မိလာကြတယ်..."


"လက်ဆင့်ကမ်းသူနဲ့မျိုးဆက်ဆက်ခံသူတို့က စုံတွဲလား..."


"အမှန်ပဲ လေ"


 ပိုင်ရိ ခေါင်းငြိမ့်လိုက်သည်။


"သွေးစုပ်ဖုတ်ကောင်တွေကအမြဲတမ်းတစ်တွဲတွဲပဲနေကြတာလေ...ဒုတိယအကြီးအကဲဆိုရင် ဟင်းချက်စရာတွေသွားဝယ်တာတောင်မှ သူ့ရဲ့ဆက်ခံသူကို ဆွဲခေါ်သွားသေးတယ်ဆိုပြီးကြားလိုက်မိသေးတယ် အားရိုး...ငါ့လိုလူပျိုလူလွတ်တွေမှာတော့ ဆက်ခံသူမရှိပါလား..."


ယောင်စစ် တစ်ကယ့်ကိုထိတ်လန့်တုန်လှုပ်နေမိသည်။သွေးစုပ်ဖုတ်ကောင်တွေကတစ်ကယ်တမ်းတော့ သူတို့ရဲ့တစ်ခြားအခြမ်းကို ပြုစုပျိုးထောင်တဲ့မျိုးနွယ်တွေပေါ့လေ...

အမှန်တရားကသူမကိုအိမ်ရောက်အောင် ကန်ထုတ်လိုက်သကဲ့သို့ပင်


" ချွင်းချက်မရှိဘူးလား.."


".ငါသိသလောက်ကတော့ရှားတယ်..."


"ရှားတယ်ဆိုတော့ ချွင်းချက်ရှိသေးတယ်ပေါ့..."


"သွေးစုတ်ဖုတ်ကောင်တွေကအများကြီးမရှိဘူး အသက်ရှည်ရှည်လည်းနေကြတယ်ဆိုတော့လေ ကွဲလွဲချက် တစ်ချို့တစ်လေတော့အမြဲတမ်းရှိနေတာပဲ.. ကျွန်တော်ကြားဖူးတာတော့ သူရဲ့တစ်ခြားအခြမ်းနဲ့ရန်ဖြစ်တဲ့သူရှိတယ်တဲ့  သူတို့ကတစ်ခြားတစ်ယောက်ရဲ့ဆက်ခံသူနဲ့လက်တွဲကြတာလေ...ဒါပေမဲ့ ကြာကြာမခံပါဘူး...ဘာလို့လဲဆိုတော့ မျိုးဆက်သစ်နဲ့လက်ဆင့်ကမ်းသူကြားထဲမှာထူးဆန်းတဲ့နှောင်ဖွဲ့မှု့တစ်ခုရှိနေတာပဲလေ ဒါကြောင့်မို့ ဘယ်သူကမှ သူတို့ရဲ့တစ်ခြားတစ်ခြမ်းနဲ့ကြာကြာခွဲရတာမျိုးကိုသည်းမခံနိုင်ကြဘူး..အားယိုး...ကျွန်တော့လိုမျိုး လူလွတ် ကတော့ဒါတွေကိုနားမလည်ပါဘူး..."


ယောင်စစ် မနေ့က မူရွှမ် ၏အကြည့်များကိုပြန်လည်သတိရမိသွားပြီး စိတ်နှလုံး တုန်ခါသွားလေသည်။


သူမတို့နေ့စဉ်ဘဝ၏ အသေးစိတ်အချက်အလက်များက သူမစိတ်ထဲသို့စတင်တိုးဝင်လာလေသည်။