အပိုင်း ၁၀၈
Viewers 16k

Chapter 108

လူသားမျိုးနွယ်မှပြောင်းလဲလာသောဆက်ခံသူ


ယောင်စစ် အနီရောင်ဂြိုလ်သို့‌ရောက်လာပြီး မူရွှမ်နှင့်တွေ့ဆုံသောအခါမှသာ မူရွှမ်ကနှစ်သောင်းချီ တစ်ကိုယ်တော်ခွေးဘဝမှလွတ်မြောက်သွားခြင်းဖြစ်ကြောင်း သူများပြောသည်ကိုကြားခဲ့ဖူးသည်။သို့သော်လည်း ထိုနာမည်က ကလေးမရှိသည့်သူကိုခေါ်ခြင်းဖြစ်သည်ဟုသူမထင်ခဲ့မိသည်။


ဒီတော့တစ်ကိုယ်တော်ခွေးဆိုတာ ကမ္ဘာမြေပေါ်ကလိုပဲ FA တွေကိုခေါ်တာပေါ့လေ......သူမနဲ့မူရွှမ်က... ..

သူမနှလုံးခုန်နှုန်းများ မြန်ဆန်လာလေသည်။


မဟုတ်သေးဘူး...မဟုတ်သေးဘူး...တခုခုလွဲနေတာပဲဖြစ်ရမယ်...သူမက သူ့ကိုအဖေတယောက်လိုမျိုးလေးလေးစားစားဆက်ဆံခဲ့တာလေ...သူ့ကိုသူမရဲ့အဖေအရင်းတယောက်လိုမျိုးပြောလို့ရတယ်...ဟုတ်တယ်မလား...


ယောင်စစ်အသက်ပြင်းပြင်းရှူလိုက်ပြီး ပြင်းပြင်းထန်ထန်ခေါင်းခါရမ်းလိုက်သည်။သူမစိတ်အခြေအနေကိုတည်ငြိမ်အောင်ထိန်းလိုက်ပြီးသေချာပြန်လည်စဉ်းစားသုံးသပ်လိုက်သည်နှင့် သူမသံသယဖြစ်ဖွယ်အချက်တချက်ကိုတွေ့လိုက်ရသည်။


"မဟုတ်သေးဘူး...မဟုတ်သေးဘူး...နင်ပြောတာမမှန်ဘူး နင်တို့သွေးစုပ်ဖုတ်ကောင်တွေကမျိုးဆက်ပေါင်းထောင်ချီရှိတယ်မဟုတ်လား...နင်ပြောသလိုမျိုးလက်ဆင့်ကမ်းသူနဲ့ဆက်ခံသူသာအချင်းချင်းလက်တွဲကြတယ်ဆိုရင်...နောက်ထပ်ကလေးလေးတွေဘယ်ကရောက်လာတာလဲ...ပထမမျိုးဆက်နဲ့ဒုတိယမျိုးဆက်နဲ့တင်အဆုံးသတ်သွားပြီဆိုရင်တတိယမျိုးဆက်ကဘယ်လိုလုပ်ဖြစ်ပေါ်လာတာလဲ..."


"ဟမ်...သခင်မလေး ဒါကိုမသိဘူးလား..."


ပိုင်ရိသူမကိုခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်လိုက်သည်။


"အဲ့တာက သားပေါက်လေးတွေကိုမူလပိုင်ရှင်နဲ့အမွေဆက်ခံသူဆိုပြီးခွဲခြားထားလို့ပဲ..."


"ဘာအဓိပ္ပါယ်လဲ..."


ပိုင်ရိကထိုအချက်လက်များကိုမူကြိုတွင်သင်သည့်အကြောင်းမပြောတော့ပဲ ချောင်းနှစ်ချက်ခန့်ဆိုးလိုက်သည်။


သွေးစုပ်ဖုတ်ကောင်များတွင်လက်ဆင့်ကမ်းသူနှင့်ဆက်ခံသူကြားထဲ၌ ထူးခြားသည့်နှောင်ဖွဲ့မှုမျိုးရှိသည်။ထို့ကြောင့် စုံတွဲများကြားထဲတွင်သစ္စာ‌စောင့်သိမှုကအလွန်ပင်မြင့်မားလှပေသည်။


ထိုအဓိပ္ပါယ်ကသွေးစုပ်ဖုတ်ကောင်များသည်  သူတို့ပြောင်းလဲလိုက်သောသူ တစ်ဦးတည်းကိုသာ ခံစားချက်များဖြစ်ပေါ်မည်ဖြစ်ပြီး တခြားတစုံတယောက်ကိုပတ်သတ်ခြင်းကသစ္စာဖောက်သည်ဟုခံယူကြသည်။မည်သည့်လူသားကိုမှသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲလိမ့်မည်မဟုတ်ပေ။

ချွင်းချက်အနေဖြင့်သူတို့၏လက်တွဲဖော်တစုံတရာသောအ‌ကြောင်းကြောင့်သေသွားသည့်အချိန်မျိုးသာရှိလေသည်။ ၎င်းကကမ္ဘာမြေကြီးပေါ်တွင် နေထိုင်စဉ်ကသွေးစုပ်ဖုတ်ကောင်များသည်သူတို့၏အချက်အလက်များကို ထုတ်ဖော်မပြချင်ခြင်း၏အကြောင်းပြချက်လဲဖြစ်ပေသည်။


အခြေအနေပြောင်းလဲမှုက ကမ္ဘာမြေကြီးကပ်စိုက်သောကာလတွင်သာဖြစ်ပွားခဲ့သည်။သို့သော် စကြာဝဠာခေတ်ကိုဝင်ရောက်လာပြီးသည့်နောက် ဗိုင်းရပ်စ်ခြိမ်းခြောက်မှုလဲမရှိတော့လေရာ သွေးစုပ်ဖုတ်ကောင်များကနောက်ထပ်လက်ဆင့်ကမ်းရန်ရှောင်ရှားခဲ့ကြသည်။


ထို့နောက်သွေးစုပ်ဖုတ်ကောင်အ‌ရေအတွက်ကတဖြေးဖြေးချင်းအနှုတ်လက္ခဏာသို့ရောက်ရှိလာလေသည်။၎င်းကအမွေဆက်ခံမှုပြောင်းလဲသည့်နည်းလမ်းမပေါ်လာခင်အထိပင်ဖြစ်သည်။သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲရာတွင် မျိုးဆက်ဆက်ခံသူကချည်နှောင်ရန်အလိုမရှိပါကသူတို့အမွေအနှစ်ဆက်ခံသည့်နည်းလမ်းကိုပြောင်းလဲနိုင်သည်။


သွေးစုတ်ဖုတ်ကောင်သည် လူသားခန္ဓာကိုယ်ထဲသို့သူတို့၏သွေးတဝက်သာထည့်သွင်းပေးရမည်။ ထို့နောက်အသွင်ပြောင်းလာသော သားပေါက်ကလေးသည်သူတို့ကိုအားကိုးမည်မဟုတ်သလိုကပ်တွယ်နေမည်လဲမဟုတ်‌ပေ။ဤနည်းလမ်းဖြင့်သူတို့၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကိုလည်း သိမ်းဆည်းထားစေနိုင်သည်။


ထိုနည်းလမ်းအားဖြင့်သူတို့ကငယ်ရွယ်စဉ်ဘဝကိုမခံစားရတော့ဘဲ မှတ်ဉာဏ်များပါရှိသောအရွယ်‌‌ရောက်ပြီးသူအဖြစ်ပြောင်းလဲပေါက်ဖွားလာကြသည်။သို့သော် ထိုအရွယ်‌ရောက်ပြီးသူကလည်း သွေးစုပ်ဖုတ်ကောင်စွမ်းရည်များရရှိရန်အတွက်လေ့ကျင့်ရန်လိုအပ်သည်။ ဆက်ခံသူနှင့်လက်ဆင့်ကမ်းသူတို့ကြားထဲတွင်လဲ

နှောင်ဖွဲ့သည့်ဆက်ဆံမှုမျိုးများများစားစားရှိမည်မဟုတ်ပဲ သူငယ်ချင်းအဖြစ်သာရှိကြမည်ဖြစ်သည်။ရှင်းရှင်းလင်းလင်းပြောရမည်ဆိုလျှင်ထိုကဲ့သို့အသွင်ပြောင်းလာသောသွေးစုပ်ဖုတ်ကောင်၌ လမ်းညွှန်ပြသသူရှိမည်မဟုတ်ပေ။


ထိုအသွင်ပြောင်းလာသူ အဖွဲ့အစည်းထဲလိုက်လျောညီထွေဖြစ်လာအောင်အတိုချုပ်နည်းလမ်းဖြင့်သာညွှန်ပြပေးမည်သာဖြစ်သည်။


ဒါကပင်ပိုင်ရိတယောက်ထဲဖြစ်နေချိန်၌ ကုရှုချန်းနှင့်လော့ယင်းတို့တတွဲတွဲဖြစ်နေခြင်းအကြောင်းအရင်းပဲဖြစ်၏။ကုရှုချန်းနှင့်ပိုင်ရိတို့ကမျိုးဆက်တဆက်ထဲမှဖြစ်ပြီး ကမ္ဘာမြေသားအဖြစ်မှသွေးစုပ်ဖုတ်ကောင်အဖြစ်သို့ပြောင်းလဲလာကြသူများဖြစ်သည်။‌လော့ယင်းကသူတို့၏ နောက်မျိုးဆက်ဖြစ်ပြီးကုရှုချန်းမှပြောင်းလဲပေးခဲ့သောသား‌ပေါက်ကလေးဖြစ်သည်။


အခြေခံအားဖြင့်ယောင်စစ်နိုးလာကတည်းက... 


နေဦး...မဟုတ်သေးဘူး...ငါနိုးလာထဲကအားလုံးမှားနေခဲ့တာလေ ပထမဦးဆုံး 'Single Dog/တစ်ကိုယ်တော်ခွေး' ဆိုတဲ့အသုံးအနှုန်းကိုလွဲမှားခဲ့တယ်...အဲ့ဒီစကားလုံးကတကယ့်ကိုပဲအဖော်မဲ့နေတဲ့ 'FA' တွေကိုဆိုလိုတာ..."

ဒုတိယတချက်ကတော့ ဖခင်...ဖေဖေအသုံးအနှုန်းပဲ...အဲ့တာကလဲလက်ဆင့်ကမ်းသူကိုဆိုလိုတာ...ဘာလို့များဒီလိုအသုံးအနှုန်းတွေပေါ်လာရတာလဲ...ဒါကမသိနားမလည်ဘူးရှုပ်ထွေးသွားစေနိုင်တယ်လေ...


သူမနားလည်ထားသောကမ္ဘာကြီးက အစိတ်စိတ်အမွှာမွှာပြိုကွဲသွားသလိုပင်ခံစားလိုက်ရသည်...


အဖေနဲ့သမီးကြားက ဖြူစင်တဲ့ဆက်ဆံမှုမျိုးဆိုတာဘယ်မှာလဲ...


မူရွှမ်ကအံ့သြဖွယ်ရာ အဆင့်အတန်းမျိုးကိုပိုင်ဆိုင်ထားသည်။ သူကချမ်းသာသည့်အပြင် အဆင့်အတန်းမြင့်မားပြီးလူမှုဆက်ဆံ‌ရေးလဲကျယ်ပြန့်သည်။ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အားကောင်းစွမ်းရည်ကြီးလှသောကြောင့် စကြဝဠာ၏နတ်ဘုရားအဖြစ်လဲသတ်မှတ်ခြင်းခံထားရသည်။


သူမပင်အလိုရှိပါက ကြယ်များကိုပင်ခူးဆွတ်ပေးတော့မလိုမျိုးလဲနွေးထွေးစွာဆက်ဆံခဲ့သည်။


အင်း...ဒါကအဆင်တော့ပြေမှာပါ ဘယ်လိုပဲဖြစ်ဖြစ်သူမရဲ့အနာဂတ်ကကောင်းချီးပေးခံရမယ်လို့ခံစားရတယ်...


နေဦး...နေဦး ရပ်ရပ်...ဘယ်လိုပေါက်ကရတွေလျှောက်တွေးနေပြန်တာလဲ... သူ့ဘာသူဘယ်လိုပဲဖြစ်ဖြစ်လေ ငါကသူ့ကိုအဖေတစ်ယောက်အနေနဲ့လေးစားထားတာလေ...ငါက နှစ်သန်းချီ 'FA' တယောက်အနေနဲ့စင်ကြယ်ဖြူစင်တယ်...ဒီလိုပေါက်ကရတွေမတွေးသင့်ဘူး...


‌သောက်ကျိုးနည်း...ငါဘာလို့မျက်နှာပူနေရပြန်တာလဲ...ဘာလို့ရင်ခုန်နေရပြန်တာလဲ...ငါ့ရဲ့အေးချမ်းတဲ့ 'FA' ဘဝလေးကိုပြန်ပေးကြပါ...


○| ̄|_ ...


"ဘာလို့ဒီမှာထိုင်နေတာလဲ..."


လက်တဖက်၏အလေးချိန်က သူမခေါင်းပေါ်သို့ကျလာလေသည် ယောင်စစ်လန့်ဖြန့်သွားသောကြောင့်သတိမထားမိဘဲ ခုံနှင့်ပင်ဆောင့်မိသွားသည်။


"မူ မူ...မူ...မူရွှမ်..."


သောက်ကျိုးနည်း သူဘယ်ချိန်တုန်းက‌ပြန်ရောက်နေတာလဲ...ငါဘာလို့သတိမထားလိုက်မိတာလဲ...


"ဘာဖြစ်နေလို့လဲ..."


သူမ၏တုံ့ပြန်မှုကြောင့် မူရွှမ်မျက်နှာပျက်သွားပြီးစိုးရိမ်ပူပန်သောအမူအယာဖြင့်သူမကိုဆွဲကိုင်လာသည်။


"ဘာဖြစ်တာလဲ..."


"ဘာမှမဖြစ်ပါဘူး...ကိစ္စရှိလို့လား..."


ယောင်စစ်သူ့ကိုပြန်၍မေးခွန်းထုတ်လိုက်၏။


"ဒီကိုလာ..."


သူ့၏အမူအယာကပို၍စိုးရိမ်ပူပန်လာပြီး သူမကိုသေချာစွာဖမ်းဆုပ်လိုက်သည်။


"နေ နေပါဦး..."


သူမမရုန်းကန်ရသေးပင်မှာပင် မူရွှမ်ကလက်နှစ်ဖက်ကိုဆွဲလိုက်ပြီး သူ့၏ရင်ခွင်ထဲသို့ကျရောက်သွားစေလိုက်သည်။ သူ့၏လက်နှစ်ဖက်က သူမ၏ခါးအထက်တွင် တင်းကြပ်စွာယှက်သွယ်ထားသည်။ သူမအလိုအလျှောက်ပဲ နောက်ပြန်ဆုတ်ရန်ကြိုးစားလိုက်သော်လည်း  မတော်တဆဖြင့် ဆိုဖာနှင့်မူရွှမ်၏ကြားထဲတွင်ပိတ်မိသွားလေသည်။


"မလှုပ်နဲ့တော့ ..."


မူရွှမ်အမိန့်ပေးပြောလိုက်သည် ရင်းနှီးနေသော ထိုမျက်နှာချောချောကနီးကပ်လာသည်နှင့်အမျှ ယောင်စစ်စိတ်လှုပ်ရှားပူပန်လာလေသည်။ယောင်စစ်၏စိတ်ထဲတွင်တုန်လှုပ်‌ခြောက်ခြားမှုများဖြင့်ပြည့်နှက်နေသည် မူရွှမ်၏လက်တဖက်ကသူမ၏နဖူးပေါ်သို့ကျရောက်လာပြီးသူတို့၏မျက်နှာကလဲအလွန်တရာနီးကပ်နေပေသည်။ယောင်စစ်၏နှလုံးခုန်သံများကပိုမိုဆူညံလာ၏


"နေကောင်းရဲ့လား..."


မူရွှမ် သူမဆီကအပူငွေ့ကိုခံစားလိုက်ရပြီးသင်္ကာမကင်းဟန်ဖြင့်ကြည့်လိုက်သည်။


"နေမ‌ ‌ကောင်းဘူးလား..."


"ဟမ်..."


ယောင်စစ် သူ့ကိုယ်သူစိတ်ငြိမ်အောင်ပြန်လည်ထိန်းလိုက်သည်ခဏအကြာ၌သူမ၏ တုန်လှုပ်‌ခြောက်ခြားမှုများလျော့သွားပြီးနှလုံးခုန်သံများငြိမ်သက်သွားသည်။


 မူရွှမ်ကတော့သူမ၏ကျန်းမာရေးအ‌‌ခြေအနေကိုစစ်ဆေးနေဆဲပင်ဖြစ်သည်။အရင်ကလည်း မူရွှမ်က သူမ၏ကျန်းမာရေးကိုမကြာခဏစစ်ဆေးလေ့ရှိသည်၊ ဒါကပြောရမည်ဆိုလျှင်ကမ္ဘာမြေပေါ်က ဆရာဝန်များသာမိုမီတာနှင့်အပူချိန်တိုင်းသည်နှင့်ဆင်တူလေသည်။


အင်း...တော်တော်လေးနီးစပ်တာပဲ...


"ဒီနေ့ တယောက်‌ယောက်လာသွားတာလား..."


မူရွှမ်ကသူမ၏အူ‌ကြောင်ကြောင်ပုံစံကိုကြည့်၍ထပ်မေးလိုက်သည်။


ဒီနေ့ သူ့ကလေးကအရမ်းထူးဆန်းနေတယ်...


"ဟုတ်...ဟုတ်တယ်"


ယောင်စစ် ခပ်မတ်မတ်ထိုင်လိုက်ပြီး သူ့ရှေ့မှလူကိုတွန်းထုတ်လိုက်ကာအနီရောင်ဖိတ်စာကိုကမ်းပေးလိုက်သည်။


"လော့ လော့ယင်းလာသွားတယ်...သူဒါကိုပေးခဲ့တယ်..." 


ထိန်းထားစမ်း ကိုယ့်ကိုကိုယ်ထိန်းထားနင်လုပ်နိုင်ပါတယ်...


ရုတ်တရက်တွန်းထုတ်ခံလိုက်ရမှုကြောင့် မူရွှမ် မကျေမနပ်ဖြင့်မျက်မှောင်ကြုတ်လိုက်မိသည်။သို့သော်လဲ သူစကားမဆိုပဲ မင်္ဂလာဆောင်ဖိတ်စာကိုသာကြည့်လိုက်သည်။


"နောက်တစ်ပတ်ဟုတ်လား...ကောင်းပြီလေ ငါမင်းနဲ့တူတူလိုက်ခဲ့မယ်..."


ဒီအ‌ခြေအနေကိုသူမျှော်လင့်ထားပြီးသကဲ့သို့ပင်....


"ရှင် လုံးဝမအံ့ဩဘူးလား..."


သူမ မထိန်းနိုင်ပဲထုတ်မေးလိုက်မိသည်။


သူကအံ့ဩသလိုသူမကိုလှမ်းကြည့်လာလေသည်။


"အင်း ဒီနှစ်‌ယောက်အတွက်ကတော့မင်္ဂလာဆောင်ဆိုတာဖြစ်သင့်နေပြီလေ..."


သူကရိုးရိုးသားသားပင်ပြန်ဖြေလာလေသည်။


ယောင်စစ်ကျောင်းတော်ကြီးသို့မဝင်ခင်ထဲကသွေးစုပ်ဖုတ်ကောင်များအားလုံး၏အချက်အလက်ကိုသူစစ်ဆေးခဲ့ပြီးသားဖြစ်သည်။အခြားသူများနှင့်နှိုင်းယှဉ်ပါကသူတို့သည်အလွန်နှေးကွေးသည်ဟုဆို၍ရပေသည်။


"အခု မကြာသေးခင်ကဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်များလား...သူ သူ့ရဲ့သားပေါက်လေးကိုဆုံးရှုံးရမှာအရမ်းကြောက်လန့်သွားတာပဲဖြစ်မယ်..."


မူရွှမ် မင်္ဂလာဆောင်ဖိတ်စာကိုယူလိုက်ပြီးနောက် သူ့၏မျက်လုံးထဲတွင်ရှားရှားပါးပါးရွှင်မြူးတောက်ပမှုလေးပေါ်လာလေသည်။


"မင်္ဂလာဆောင်ဖိတ်စာကို ကမ္ဘာမြေပေါ်ကပုံစံအတိုင်းစက္ကူနဲ့ပြုလုပ်ထားတယ်...

အင်း...ထူးခြားကောင်းမွန်တဲ့အချိန်အခါလေးဖြစ်လာမှာပါ..."


သူတို့ကလူဦးရေနည်းပါးသောကြောင့်စုံတွဲတိုင်း၏ပေါင်းစပ်မှုကို တမျိုးနွယ်လုံးကချီးကျူးဂုဏ်ပြုပေးလေ့ရှိလေသည်။အရင်ကသူသည် 'Single Dog' လေးဖြစ်သောကြောင့်ထိုသို့ပွဲများကိုတက်ရတာမုန်းသော်လဲ ယခုတော့ 'FA'ကောင်ဆိုသောခေါင်းစဉ်ကိုချန်ထားခဲ့လိုက်နိုင်ပေပြီ။


မိန်းမောတွေဝေနေသော သူ့ကလေးလေး ငေးကြည့်လိုက်ချိန်၌ ရင်းနှီးတွယ်တာသောစိတ်ခံစားချက်ကသူ့တကိုယ်လုံးကိုလွှမ်းခြုံသွားလေသည်။ဒါကလွန်ခဲ့တဲ့နှစ်နှစ်လောက်ထဲကသူစတင်ခံစားခဲ့ရသောစိတ်ခံစားချက်တခုသာဖြစ်လေသည်။ သူငုံ့ကိုင်း၍ယောင်စစ်၏နဖူးလေးကိုနမ်းလိုက်သည်။


" စိတ်မပူပါနဲ့ဒီထက်ကြီးကျယ်ခမ်းနားတဲ့အခမ်းအနားမျိုး မင်းအတွက်ပေးမှာပါ..."


မူရွှမ်၏နူးညံ့ချိုသာပျော့ပျောင်းသော စကားလုံးများကယောင်စစ်၏နှလုံးသားကိုနောက်တကြိမ်ခုန်ပေါက်သွားစေသည်။သူမ၏စိတ်ထဲတွင်မီးရှူးမီးပန်းများပေါက်ကွဲသွားသလိုခံစားလိုက်ရသည် ဆန်းသစ်သောစကားလုံးများမဟုတ်သော်လဲသူမ၏စိတ်ဝိဉာဉ်ကခန္ဓာကိုယ်မှလွင့်ထွက်သွားသကဲ့သို့ပင်၊


အကယ်၍ယခင်ကသာမူရွှမ်ထိုကဲ့သို့ပြောလာပါက ဖခင်တဦးကသူ့၏သမီးလေးအတွက်ကောင်းချီးမင်္ဂလာပေးသည်ဟုသာ သူမခံစားရမည်ဖြစ်သည်။သို့သော်လဲယခုတွင် ပိုင်ရိ၏ အမြန်ပို့ချသောသင်ခန်းစာများအပြီး၌ အလေးအနက်ထားခြင်း၏အဓိပ္ပါယ်ကိုသူမသဘောပေါက်သွားခဲ့ပေပြီ။


"သူကတကယ်ကို အတည်ပြောနေတာပဲ...'

ထူးထူးခြားခြားသူမ၏နှလုံးသားကငြိမ်သက်သွားလေသည် ။


"မူရွှမ်..."


"အင်း..."


"ကျွန်မကတကယ်ပဲ ရှင်ပြောင်းလဲပေးလိုက်တဲ့ မျိုးဆက်လား..."


"သေချာတာပေါ့..."


"လူမှားတာ မဟုတ်ဘူးလား..."


သူမကူကယ်ရာမဲ့စွာဖြင့်မေးလိုက်လေသည်။သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲလာရန်အတွက် သွေးလဲလှယ်ရန်လိုအပ်သော်လည်း ဒီမတိုင်ခင် ဒီကမ္ဘာမြေပေါ်၌မူရွှမ်ကိုသူမတခါမှမမြင်ဖူးကြောင်းသေချာပေသည်။


"ရှင်...  ရှင် ကျွန်မကိုဘယ်လိုပုံစံမျိုးနဲ့ပြောင်းလဲခဲ့တယ်ဆိုတာမေ့သွားပြီလို့ ပြောခဲ့တယ်မဟုတ်လား...ကျွန်မကလည်းမမှတ်မိဘူး...အဲ့တော့လူမှားတာများမဖြစ်နိုင်ဘူးလား..."


"ဘယ်လို...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


မူရွှမ် ပြတ်ပြတ်သားသားငြင်းလိုက်သည်။


"ငါတို့ရဲ့သွေးသားတွေကနှောင်ဖွဲ့နေတယ်လေ...မင်းကငါ့ရဲ့တဦးတည်းသောအမွေဆက်ခံသူပဲ..."