အပိုင်း ၁၀၉
Viewers 16k

Chapter 109

ယွမ်ဟန်၏ သဲလွန်စ


"ဒါဆိုရင် ရှင် ကျွန်မနဲ့တွေ့တုန်းကဘယ်လိုမျိုးခံစားရတာလဲ..."


မူရွှမ်ငြိမ်သက်သွားသည်။သူ့ရင်ထဲမီးတောက်လောင်လာသလိုမျိုး အပူရှိန်များမြင့်တက်လာသလိုမျိုးခံစားလိုက်ရသည်။


"ဘာလို့မေးတာလဲ..."


"ကျွန်မသိချင်လို့ပါ..."


သူမ ထိုသွေးနှောင်ကြိုးဆိုသည်က ဘာကိုဆိုလိုမှန်းနားမလည်နိုင်ပေ။သူမအရင်ကလည်းမခံစားခဲ့ဘူးပေ။


"ကျွန်မသိချင်လို့ပါ...ပြောပြပေးနိုင်မလားဟင်..."


သူမက သူ့လက်ကိုဖမ်းဆွဲလိုက်ပြီး တည်တည် ငြိမ်ငြိမ် ဖြင့်မေးလိုက်သည်။


"ဒါက..."


မူရွှမ်၏လည်ပင်းများရဲရဲနီလာသည်။


ကလေးလေးကသူဘာမေးနေတယ်ဆိုတာကို သိရဲ့လား.... ဒါကသွေးစုပ်ဖုတ်ကောင်တွေမှာဆိုရင် ဘယ်လောက်ချစ် လဲလို့မေးနေတာနဲ့တူတယ်လေ.....

နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေထိုင်ခဲ့ပြီးချိန်းတွေ့သည့် အတွေ့အကြုံမရှိသော "FA"လေးတစ်ယောက်အနေဖြင့် မူရွှမ် အနည်းငယ် ရှုပ်ထွေးမိသွားသည်။


ဒီလိုရင်းနှီးကျွမ်းဝင်မှု့ကိုမေးမြန်းသည့်မေးခွန်းကို သူဘယ်လိုလုပ်ပြန်ဖြေရမလဲ။ဒါကြောင့်သူထွက်ပြေးရန်ကြိုးစားလိုက်သည်။


"အဟမ်း...အဲ့ဒါကမင်း ငယ်ရွယ်တဲ့အချိန်မဟုတ်တော့တဲ့အခါကြရင်သိလာမှာပါ..."


သူ့၏မျက်နှာနှင့်လည်ပင်းများနီမြန်းနေမှုကိုလျှစ်လျူရှူလိုက်ပြီးအေးစက်သောအမူအရာဖြင့်ပြောလိုက်သည်။


"ငါအခုတော့... နည်းနည်းပင်ပန်းနေပြီဆိုတော့ သွားအနားယူလိုက်ဦးမယ်..."


"မူရွှမ်..."


"ဒီကိစ္စတွေကိုမနက်ဖြန်မှဆက်ပြောလည်းရတယ်..."


မူရွှမ်က ပင်ကို အေးစက်သောအမူအရာဖြင့်တည်ငြိမ်စွာလှည့်ထွက်သွားလိုက်သည်။သို့သော် သူ့၏ဦးတည်ရာကမှားနေလေသည်။


"အဲ့ဒါကအိမ်သာဖက်..."


သူအနားယူမယ်လို့ပြောတာမဟုတ်ဘူးလား။


မူရွှမ် ချက်ချင်းရပ်တန့်လိုက်ပြီး နောက်ထပ်ဦးတည်ရာပြောင်းလိုက်သည်။


"အဲ့ဒါကကျွန်မအခန်းလေ..."


သူနောက်တစ်ကြိမ်ဦးတည်ချက်ပြောင်းလိုက်ပြန်သည်။


"အဲ့ဒါကဧည့်ခန်း..."


သူနောက်တစ်ကြိမ်လှည့်လိုက်ပြန်သည်။


"ရှင်တံခါးပေါက်ကိုသွားပြီးဘာလုပ်ဖို့လဲ..."


သူနောက်တစ်ကြိမ်ထပ်လှည့်လိုက်ပြန်သည်။အတော်ကြာကြိုးစားပြီးသည့်နောက် မှန်ကန်သည်နေရာသို့ရောက်သွားလေသည်။


"ခဏနေဦး...မူရွှမ် ရှင်မရှိဘူးဆိုရင်... "


မူရွှမ် သူမစကားကို နားမထောင်ဘဲ တံခါးကိုအမြန်ပိတ်လိုက်သည်။


ငါနေ့လည်စာမစားရသေးဘူးလေ.....


(⊙_⊙)


သူမ ဒီနေ့ ဗိုက်ဟောင်းလောင်းနဲ့နေရတော့မှာလား......ငါ့ကို သမီးလေးတစ်ယောက်လို ပြန်ပြီးဂရုစိုက်ပေးပါလားဟယ်....


ယောင်စစ်လည်းစိတ်ရှုပ်ထွေးနေ၏။ မူရွှမ် ကိုဘယ်လိုမျိုးမျက်နှာချင်းဆိုင်ရမလဲသေချာမသိတော့ဘဲ...ခံစားချက်များရှုပ်ထွေးနေလေသည်။ဒါက ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတယ်လို့မခံစားရသော်လည်း သမီးတစ်ယောက် အဖြစ်မှနေလွယ်လွယ်လေး ရုန်းထွက်ဖို့လည်း မဖြစ်နိုင်ပေ။ဒီအခြေအနေကို သူမဘယ်လိုကိုင်ကွယ်ရမလဲမသိတော့ပေ။


ထို့အပြင် လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ယခုတစ်ကြိမ်က ပထမဦးဆုံး ဗိုက်ဆာခြင်းဖြစ်သည်။ဦးနှောက်ပျက်စီးသွားပြီး တွေးခေါ်ဆင်ခြင်နိုင်စွမ်းများပျောက်ဆုံးသွားသလိုပင်ထင်ရပြီးနောက်ဆုံးကျန်ခဲ့ရသည်ကဗိုက်ဆာခြင်းပင်


ကလေးဘဝကိုပြန်ရောက်ဖို့တောင်ဆုတောင်းချင်မိသွားသည်။


အဲ့ဒီအချိန်တုန်းကဆိုရင် ငါ့မှာဘဲသွေးခဲတွေရှိတယ်...


သူမကိုယ်သူမ ရက်အနည်းငယ် ခန့်အချိန်ယူပြီးနောက် တစ်စုံတစ်ယောက်နှင့်စကားပြောဖို့အတွက်ပြင်ဆင်နိုင်ခဲ့လေသည်။


သို့သော်လည်း သူမ အစားစားချိန်ပြီးသည့်အထိအောင် စောင့်နေရသည်။ ရုတ်တရက် ထိုအခိုက်အတန့်တွင် မူရွှမ် သည်တစ်စုံတစ်ရာလွဲမှားနေသည်ဟု့သတိပြုမိလိုက်သည်။သူမ မနိုးခင်အစောကြီး ထသွားပြီး မိုးစုန်းစုန်းချုပ်မှ ပြန်လာလေသည်။သူက အလွန်တရာအလုပ်များနေပုံမျိုးဖြင့် အပြင်မထွက်မီ စကားတစ်ခွန်း နှစ်ခွန်းမျှသာချန်ထားနိုင်လေသည်။


သူ့ကိုအတင်းအကြပ်ဖမ်းဆုပ်ထားလျှင်တောင်မှ အကြောင်းပြချက် မရရအောင်ရှာ၍ထွက်သွားလေသည်။


လော့ယင်း၏ မင်္ဂလာဆောင်သည့်နေ့တွင်လဲ တစ်ချိန်လုံး ခံစားချက်ကင်းမဲ့စွာ အေးစက်နေခဲ့လေသည်။အရင်က သူမ ကိုမျက်စိအောက်ကပင်အပျောက်မခံနိုင်ကြည့်နေသော်လည်း... 


ယခုမူ သူမကလွဲ၍တစ်ခြားနေရာအားလုံးကိုကြည့်နေလေသည်။


သူမကိုတော့အစာကျွေးဖို့ဘယ်တော့မှ မမေ့ဘဲ သူ၏ အမူအရာလေသံလေးများလည်းပြောင်းလဲမှု့မရှိခဲ့ပေ။သို့သော် သူ့လည်ပင်းကမကြာခဏ နီရဲတွတ်လာတတ်လေသည်။


ဘာတွေဖြစ်နေတာလဲ...


အစက သူ အစာတစ်ခုခုမှားသည်ဟု့ထင်ခဲ့မိလေသော်လည်း သူမနှင့်စကားပြောချိန်မှသာထိုကဲ့သို့အမြဲယားယံချင်းဖြစ်ပေါ်လာသည်ကို သတိပြုမိလိုက်၏။


 ဆိုလိုတာက ငါနဲ့ဓာတ်မတည့်ဘူးလို့လား....


သူမလွန်ခဲ့သည့်ရက်အနည်းငယ်က သူမတို့၏အစားအစာအနည်းငယ်မျှအကြောင်းကိုစဉ်းစားလိုက်မိသည်။ 

ဘာမှမှားနေတာလည်းမရှိပါဘူး.....


"မူ..."


သူမတစ်ခုခုမပြောခင်မှာပင် မူရွှမ် ကသူ့လည်ပင်းကိုလှမ်းကိုင်လုနီးပါး ဖြစ်နေသော သူမလက်ကို တွန်းဖယ်လိုက်သည်။ ထို့နောက် တံခါးဝဆီသို့ အလျှင်အမြန်လျှောက်သွားပြီး ပြောလိုက်သည်။


"ငါ...တစ်ခုခုလုပ်စရာရှိသေးတယ်..."


သူ တံခါးနားမရောက်ခင်မှာပင် 

တစ်ယောက် ယောက်ပြေးဝင်လာလေသည်။


"သခင်မလေး... သခင်မလေး...နောက်ဆုံးတော့ရှာတွေ့ပြီ..."


ပိုင်ရိက ဆက်လက်၍ပြေးသွားရန်ကြံရွယ်လိုက်သော်လည်း ခေါင်းမော့ကြည့်လိုက်ချိန်၌ တည်ငြိမ်စွာ ရပ်နေသောတစ်စုံတစ်ယောက်ကို တွေ့လိုက်ရပြီးလန့်ဖြန့်ကာ လဲကျလုမတတ်ဖြစ်သွားသည်


"အရှင်...အရှင်မင်းကြီး..."


 ယောင်စစ် ပြောစရာစကားပျောက်ရှနေမိသည်။တူလေးကုတို့က ကြင်စဦးဇနီးမောင်နှံဖြစ်သောကြောင့်  ယွမ်ဟန် ၏ ကိစ္စများစုံစမ်းရန်ကို ပိုင်ရိအားလက်လွှဲထားခဲ့သည်။စုံစမ်းစစ်ဆေးမှု့၏ အကြောင်းအရာများကို သတင်းပေးပို့ရန် သူမဆီသို့ မကြာခဏလာလေ့ရှိသည်။သို့သော်လည်း အခါများစွာက မူရွှမ် အစောကြီးထွက်သွားသဖြင့် သူတို့ တစ်ယောက် နှင့်တစ်ယောက်ဆုံတွေ့မှု့မရှိခဲ့ပေ။


"အင်း..."


မူရွှမ် ခေါင်းညိမ့်လိုက်၏။သူ၏မျက်နှာက မကျေမနပ်အမူအရာမျိုးပေါ်လာကာ မျက်မှောင် ကြုတ်လိုက်သည်။ထို့နောက် အလျှင်စလိုထွက်သွားခြင်းမရှိတော့ဘဲ တံခါးကိုပြန်ပိတ်ကာ မေးလိုက်သည်။


"မင်းကဒီကိုဘာလို့ရောက်လာတာလဲ..."


သူအလေးစားရဆုံး အရှင်မင်းကြီးက သူ့ကို ကိုယ်တိုင် မေးမြန်းနေသည်ကို တွေ့လိုက်ရချိန်၌ ပိုင်ရိ သေသေချာချာ မတွေးတောနိုင်တော့ဘဲ စိတ်လွတ်သွားလေသည်။


"ပိုင်ရိ တိုးတက်မှုတစ်စုံတစ်ရာရှိလို့လား..."


ယောင်စစ်ကလည်းသူမတို့စုံစမ်းနေသော ကိစ္စကိုသတိရသွားပြီး တံခါးနားသို့လျှောက်သွားလိုက်သည်။


"အာ..."


အေးခဲနေသောပိုင်ရိတစ်ယောက် ယခုမှ ပြန်၍အသိဝင်လာလေသည်။


"ဟုတ်တယ်... ဟုတ်တယ် သခင်မလေး ကျွန်တော် တစ်ခုခုကိုတွေ့လိုက်ရလို့ပါ..."


သူ့ ပုံစံက တစ်စုံတစ်ရာ ကိုရှင်းပြရန်ခက်ခဲနေသလိုထိတ်လန့်တုန်လှုပ်နေလေသည်။


"ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေး လိုက်လာကြည့်လိုက်တာနဲ့နားလည်သွားမှာပါ..."


ယောင်စစ်၏နှလုံးသားကတင်းကြပ်သွားလေသည်။


"ကောင်းပြီလေ ဒါဆို ငါတို့ သွားကြည့်ရအောင်..."


သူမသွားခါနီး၌ မူရွှမ် ကသူမ၏လက်ကိုဆုပ်ကိုင်လိုက်သည်။


"ငါတို့တူတူသွားကြမယ်..."


"ရှင်...အပြင်သွားတော့မလို့မဟုတ်ဘူးလား..."


ငါ့ကိုဆက်ပုန်းနေဖို့မဟုတ်ဘူးလား...ငါ့ကိုဆက်မပုန်းတော့ဘူးလား....


"မင်းကိစ္စကပိုအရေးကြီးတယ်လေ..."


ဟာသပဲ... သူရဲ့ကလေးလေးကို တစ်ခြားယောက်ျားတစ်ယောက်နဲ့အပြင်ကိုအတူတူလွှတ်လိုက်ရမယ်တဲ့လား။ဒါမျိုးလုံးဝမဖြစ်နိုင်ဘူး။ပြီးတော့လည်း သူ့ကလေးလေးမှာ အဆိုးတွေဖြစ်ပေါ်လာတိုင်းကလည်း အဲ့ဒီလူငယ်လေးတွေရဲ့မကောင်းတဲ့လုပ်ရပ်ကြောင့်ပဲလေ။


သူပိုင်ရိဘက်သို့လှည့်ပြီးပြောလိုက်သည်။


"သွားကြရအောင်..."


 "ဟုတ်ကဲ့...ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."


ပိုင်ရိ ကစစ်သားတစ်ယောက်လိုမျိုး တောင့်တောင့်တင်းတင်းဖြင့် ရှေ့ဆုံးမှ ဦးဆောင်ထွက်သွားလေသည်။


မူရွှမ် သူ့နောက်မှလိုက်ပါလာခဲ့သည်။ သူခြေလှမ်းများစွာလှမ်းပြီးနောက် သူ့ကိုယ်သူ အတင်းရုန်းကန်လိုက်ပြီးယောင်စစ်၏လက်ကလေးကို ဆွဲကိုင်လိုက်သည်။


ဘယ်လိုပဲဖြစ်ဖြစ်လေ ငါ့ကလေးလေးကို တူတူကိုင်ထားရမှာပေါ့ ဟုတ်တယ်မဟုတ်လား....


ယောင်စစ် သူမ၏လက်ကို ဆုပ်ကိုင်ထားပြီးအလင်းအရှိန်ဖြင့် လမ်းလျှောက် နေသော ဘေးမှလူကိုကြည့်လိုက်သည်။


သူရဲ့လည်ပင်းမှာအနီကွက်တွေဖြစ်လာပြန်ပြီ...တစ်ကယ်ပါပဲ သူဘာဓာတ်မတည့်တာစားထားလို့လဲ....


ပိုင်ရိက အနီရောင် ဂြိုဟ်ပေါ်မှာတွင်နေထိုင်သူဖြစ်သောကြောင့် သူတို့မိနစ်နှစ်ဆယ်မကြာလိုက်ဘဲသူ့၏နေရာသို့ရောက်လာလေသည်။


သူကစိတ်မရှည်တော့သလိုမျိုး ယဉ်ကျေး သည့်ဧည့်ဝတ်ပြုမှု့မျိုးပင် မလုပ်နေတော့ဘဲ သူတို့ နှစ်ယောက်စလုံးကို မြေအောက်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာသို့ဝင်လိုက်သည့်ခဏမှာပင် မတူကွဲပြားသော လျှပ်စစ်ပစ္စည်းများကိုတွေ့လိုက်ရပြီး ယောင်စစ် ထခုန်မိမလိုပင်ဖြစ်သွားသည်။


အခန်းတစ်ခန်းလုံးတွင် မြောက်မြားလှစွာသော screen များ၏အလင်းဖြင့်တောက်ပနေသည်။မြေပြင်တောင်မှ တောက်ပလင်းလက်နေပြီးအမှောင်ရိပ်တစ်စမှ ရှာမတွေ့နိုင်ပေ။ ထိုနေရာလေးက နဂါးငွေ့တန်းဂလက်စီအသေးစားလေးတစ်ခုနှင့်တူညီနေပြီး ယောင်စစ်ကိုယ်တိုင်ပင် ထိုနဂါးငွေ့တန်းထဲဝင်ရောက်သွားရသလိုမျိုးယုံကြည်သွားမိသည်။


"နင်က ဒီလောက်ထိ နည်းပညာဆိုင်ရာကျွမ်းကျင်တဲ့လူဆိုတာကို ငါလုံးဝ မသိခဲ့ရပါလား..."


 ယောင်စစ်အခန်းထဲ မှပစ္စည်းများကိုကြည့်၍တအံ့တဩပြောလိုက်သည်။


"ကျွန်တော်လည်းမကြာသေးခင်ကမှ ဒီနေရာကို ရောက်ခဲ့တာပါ...."


ပိုင်ရိ ရှက်ရွံ့စွာပြောလိုက်သည်။


"သခင်မလေး...ကျွန်တော့်ရဲ့ အစွမ်းကို သခင်မလေးပါတယ် စွမ်းရည်အများကြီးကိုမပိုင်ဆိုင်ထားဘူးလေ.... ဒါကြောင့်ဒီ စကြဝဠာကွန်ယက်ထဲက အချက်အလက်များများရနိုင်ဖို့အတွက် အချိန်အများကြီးအသုံးပြုခဲ့ရတာ..."


ဒါကို ဟက်ကာတစ်ယောက်လို့တောင်  ပြောလို့ရနေပြီ။သူ့တွင် စကားများခြင်းမှလွဲ၍တစ်ခြားအရည်အချင်းများရှိမည်ဟု မထင်ထားခဲ့မိပေ။ 


"အိုး...ဟုတ်သားပဲ သခင်မလေး..... "


ပိုင်ရိ ကတစ်စုံတစ်ခုကိုသတိရသွားသလိုမျိုးဖြင့်သူအလုပ်လုပ်သည့် နေရာအလယ်သို့ဝင်ရောက် သွားလိုက်သည်။ သူ့၏လက်များက ကခုန်နေသလိုမျိုးရွေ့လျားသွားပြီးနောက် စက္ကန့် အနည်းငယ် အကြာတွင် အချက်အလက်များထွက်ပေါ်လာလေသည်။၄င်း တို့က ကျယ်ပြန့် လှသောဖန်သားမျက်နှာပြင်ပေါ်တွင် အနီရောင်အစက်အပြောက်လေးများ ရှိသည့် ပုံရိပ်အဖြစ်ဖြစ်ပေါ်နေသည်။


"ဒါတွေက လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကအာကာသဒေတာတွေကို ရှာဖွေစူးစမ်းလေ့လာရင်းနဲ့ ကွဲလွဲမှု့တစ်ချို့ကိုရှာဖွေတွေ့ရှိခဲ့တယ်..."


"အာကာသဒေတာ ဟုတ်လား..."


ယောင်စစ် ငြိမ်သက်သွားသည်။


"တစ်ကယ်ပဲ အာကာသနေရာလွတ်ကိုဒေတာအဖြစ်ပြုလုပ်နိုင်တာလား..."

သူမ စူးစမ်းလိုစိတ်ဖြင့်မျက်နှာပြင်ကိုတစ်ချက်ကြည့်လိုက်သည်။


ဝိုး...ဘာမှမသိဘူးပဲ....


╮(╯﹏╰)╭


"ဟုတ်တယ်... ကျွန်တော်သူ့ကိုရှာတွေ့ခဲ့တယ်...သူကမြန်မြန်မထိန်းချုပ်နိုင်ခင်မှာရုတ်တရက်ဖောင်းပွလာတဲ့ ဒေတာတစ်ခုပဲ..."


ပိုင်ရိ၏အမူအရာကပုံမှန်မဟုတ်ဘဲလုံးဝ လေးနက်တည်ကြည်နေလေသည်။


"ကျွန်တော်ခန့်မှန်းမိတာတော့ တစ်စုံတစ်ယောက်က အနီးအနားမှာပဲ အာကာသရဲ့လုပ်နိုင်တဲ့စွမ်းရည်တွေကိုအသုံးပြုနေတယ်...ဒီပြောင်းလဲမှု့သေးသေးလေးတွေကပရိယာယ်တစ်ခုပဲလို့ ကျွန်တော်သတိပြုမိလိုက်တယ် တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ ဒါက တွန့်ခေါက် အာကာသနယ်မြေတွေ ပေါ်ထွက်လာမှု့ကြောင့်ပဲ..."


ယောင်စစ် ခေါင်းငြိမ့်လိုက်သည်။


အဲ့တော့...နင်ဘာပြောချင်တာလဲ....

ပြောရမယ်ဆိုလျှင် သူမ ထိုကဲ့သို့နည်းပညာပိုင်းနှင့်ပတ်သက်ပြီးတစ်ခုမှ နားမလည်ပေ။


"ကျွန်တော်ပြောချင်တာ ကတော့..."


ပိုင်ရိ ၏ အမူအရာက ပို၍ပင်အလေးအနက် ဖြစ်ပြီးစိတ်အားထက်သန်လာလေသည်။


"ပုံမှန်အာကာသ နေရာလွတ်တစ်ခုက တွန့်ခေါက်မှုတွေမဖြစ်နိုင်ဘူး...ဒီလိုဖြစ်ပေါ်လာတယ်ဆိုတာက... အာကာသ ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်လို့ပဲ..."


မူရွှမ် ဝင်ပြောလိုက်သည်။


"ဒါပေမဲ့ ဒါအကုန်မဟုတ်သေးဘူး..."


ပိုင်ရိ၏အမူအရာက ပို၍တောက်ပလာပြီးထပ်ပြောလိုက်သည်။


"ကျွန်တော်ဒီအချက်အလက်တွေကို အနီးအနားကနေ ရှာတွေ့ခဲ့တာမဟုတ်ဘဲနဲ့ဂြိုလ်T33ကနေရှာတွေ့ခဲ့တာ..."


T33 ဟုတ်လား...

ယောင်စစ် ကမသိနားမလည်ဘဲထပ်မံရှုပ်ထွေးသွားလေသည်။


"ဒါက ငါတို့ စကြာဝဠာ ကျောင်းတော်ကြီးနဲ့နီးတဲ့နေရာပဲ..."


"အိုး...ဟုတ်လား ဆက်ပြောပါ..."


"ဂြိုဟ် T33ကစကြာဝဠာကြီးထဲမှာ အဆင်မြင့်ဂြိုလ်တစ်ခုလည်းဖြစ်နေတာကြောင့်သူ့မှာပေါ်တယ်တွေရှိနေတယ် ဆိုလိုတာကတော့ ရွေ့ပြောင်းအစီအရင်တစ်ခုကိုသုံးစရာမလိုဘူး..."


ပိုင်ရိ၏မျက်နှာကပို၍ပင် လေးနက်လာပြီးစိတ်အားထက်သန်မှုတစ်စွန်းတစ်စလည်းရှိနေသည်။


"ဒီအချက်အလက်တွေကနေပြီးတော့ ခြေရာခံကြည့်လိုက်တဲ့အချိန်မှာ သူ့ရဲ့တည်နေရာက  ကျွန်တော်တို့ကျောင်းတော်ကြီး အနီးအနားမှာပဲရှိနေတာကို သိလိုက်ရတယ်...ကျွန်တော်တို့ကျောင်းတော်ကြီးနားမှာ ရွေ့ပြောင်းအစီအရင်ကိုအသုံးပြုခဲ့တဲ့သူတစ်ယောက် အမှန်တကယ်ကိုရှိနေတယ်..."


ယောင်စစ်ငြိမ်သက်သွားပြီးနောက် အဖြေထွက်လာသလိုမျိုး မျက်လုံးများပြူးသွားကာ ပြောလိုက်သည်။


"ယွမ်ဟန် "


ပိုင်ရိ ကပုံမှန်တိုင်းပဲဆိုလျှင်...မထူးချွန်သလိုနဲ့အလုပ်နည်းနည်းအားစိုက်လုပ်လိုက်ရုံနဲ့ဒီလိုကြီးမားတဲ့အချက်လက်ကိုရှာတွေ့ခဲ့တာပဲ။


"သူ့ကို နင်တွေ့ခဲ့တာလား..."


"အင်း...အဲ့လိုပြောလို့ရတယ်..."


"ဘယ်မှာလဲ...ဘယ်မှာလဲ...သူဘယ်ဂြိုလ်ပေါ်မှာရှိနေတာလဲ ဒီနေရာနဲ့ဝေးလား..."


ပိုင်ရိ ငြိမ်သက်သွားသည်။


မူရွှမ်လည်းအေးခဲသွားကာ သက်ပြင်းတစ်ချက်ချလိုက်သည်။


ဘာဖြစ်တာလဲ...သူမက ငတုံးလိုမေးခွန်းမျိုးမေးလိုက်မိတာလား။


"စစ်စစ်... "


မူရွှမ် သူမလက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။


"သူကT33ရဲ့ဒေတာကနေတစ်ဆင့်မူလအရင်းမြစ်ကိုရှာတွေ့ခဲ့တယ်ဆိုမှတော့ အဆုံးအမှတ်က..."


ယောင်စစ် သူပြောတာကိုစဉ်းစားပြီးနောက် ခဏမျှ မှင်သက်သွားလေသည်။


"ဒါဆိုရင်...ရှင်ဆိုလိုတာက သူက အနီရောင်ဂြိုဟ် ပေါ်မှာရှိနေတာလား..."


သောက်ကျိုးနည်း... ဒါက ဘယ်လိုဖြစ်ရတာလဲ...သူက သားရဲတွင်းထဲကို သူဆန္ဒနဲ့သူလျှောက်ဝင်လာတယ်...ဒါအရမ်းကိုပဲ ရဲရင့်လွန်းတယ်မဟုတ်ဘူးလား။အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးနေရာတစ်ကယ်ပဲဖြစ်နေတာလား။


"ဒါပေမဲ့ ဒီရက်အနည်းငယ်အတွင်းမှာ သွေးစုပ်ဖုတ်ကောင်အကြီးအကဲတွေအကုန်လုံး သူ့ကိုရှာနေကြတာပဲ...သူတို့ရှာမတွေ့ခဲ့ကြပါဘူး...နေရာအတိအကျကိုသိလား..."


အနီရောင်ဂြိုလ်ပေါ်တွင် ထိုကဲ့သို့ လူဆိုးကောင်ရှိနေခြင်းက တစ်ကယ့်ကို စိုးရိမ်စရာပင်ဖြစ်သည်။ ထိုအပြင် ထိုကောင်က သာမန်မဟုတ်ဘဲ ကပ်ဆိုးဗိုင်းရပ်စ်ကိုသယ်ဆောင်ထားသည်ဟုလည်းထင်ရလေသည်။


ပိုင်ရိ အနည်းငယ် ငြိမ်သက်သွားပြီးနောက် သူ့မျက်နှာပေါ်တွင် အဆင်မပြေသည့် အမူအရာမျိုးပေါ်လာလေသည်။


"အဲ့ဒါ...အဲ့ဒါက. ကျွန်တော် အချက်အလက်တွေကို ခြေရာခံမိလိုက်တဲ့အချိန်မှာပဲ သခင်မလေးဆီကိုလာခဲ့တာ... ဒါကြောင့်မို့ သူ့ရဲ့တည်နေရာကိုခြေရာခံဖို့အချိန်မရှိလိုက်ဘူး...ကျွန်တော်အခုပဲဒါကိုလုပ်လိုက်မယ်..."


သူက ထိုစခရင်များဖက်သို့ပြန်လှည့်လိုက်သည်။


အခန်းတစ်ခုလုံးက ဒေတာ အလင်းရောင်များဖြင့်တောက်ပလာလေသည်။