အပိုင်း ၁၁၀
Viewers 18k

Chapter 110

ကောင်းကင်ဘုံမှပေးအပ်ထားသောခြံ


"ဒီဒေတာတွေကနည်းနည်းကြာနေပြီ...ဒါကြောင့်ခြေရာခံဖို့နည်းနည်းခက်လိမ့်မယ်...သခင်မလေးကျွန်တော့်ကိုအချိန်နည်းနည်းပေးပါဦး..."


ပိုင်ရိ၏လက်ချောင်းများလေတိုက်ခတ်သလိုမျိုး လျင်မြန်စွာလှုပ်ရှားနေလေသည်။သို့သော်လည်း အချိန်အတော်ကြာသည်အထိသူလှုပ်ရှားနေဆဲပဲဖြစ်သည်၊


"တော်တော်လေးခက်တာပဲဖြစ်ရမယ်..."


ယောင်စစ်က ပိုင်ရိကိုအနှောင့်အယှက် မဖြစ်စေရန်အတွက် နောက်မှပြန်လာရကောင်းမလား မကောင်းမလားတွေးတောရင်းတွန့်ဆုတ်နေသည့်အချိန်မှာပင် သူမကိုတချိန်လုံးဆုပ်ကိုင်ထားသည့်မူရွှမ်ကရုတ်တရက်လက်လွှတ်လိုက်သည်။ ဒေတာများစတင်လည်ပတ်နေသည့်အလယ်သို့လျှောက်သွားလိုက်သည်။


ရုတ်တရက်အနီစက်လေးတခုထပ်မံပေါ်လာပေသည်


"အာ...ဒီဟာကခြေရာခံတဲ့နည်းလမ်းအသစ်ပဲ..."


ပိုင်ရိရွှင်မြူးစွာဖြင့်ထအော်လိုက်သည်...


"အရှင်မင်းကြီးက အရှင်မင်းကြီးဖြစ်ဖို့တကယ်ကိုထိုက်တန်ပါတယ်...ဒါပေမဲ့ ဒီပုံရိပ်တွေက..."


ထို့ကြောင့်သူတို့နှစ်ယောက်သားပြန်လည်၍ အလုပ်ရှုပ်နေကြလေသည် မကြာခဏဆိုသလိုအခန်းထဲ၌ပုံရိပ်များစွာထွက်ပေါ်လာလေသည်။


"အရှင်မင်းကြီး ဒီလိုလုပ်နိုင်တာကိုမသိခဲ့မိဘူး...အာကာသဒေတာတွေကိုတကယ်ကိုပဲခွဲခြမ်းစိတ်ဖြာနိုင်တယ်ပေါ့လေ.."


"သောက်ကျိုးနည်း ငါယုံတောင်မယုံနိုင်ဘူး..."


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဒီလိုနည်းလမ်းပဲ...အရှင်မင်းကြီး ကျွန်တော်ထင်တာတော့..."


ထိုနေရာရှိပရိတ်သတ်လေးယောင်စစ်က သူမ ဂြိုလ်သားစကားနားထောင်နေရသလို ဘာတခုမှနားမလည်‌ပေ။ သူမက အမြဲတမ်းကလေးပေါက်စလေးဖြစ်နေသလိုမျိုးခံစားလိုက်ရလေသည်။


ဒါကအရမ်းပင်ပန်းတာပဲ...


နာရီဝက်ခန့်ကြာပြီးနောက်...

"တွေ့ပြီ..."


ပိုင်ရိ စိတ်လှုပ်ရှားစွာဖြင့်ထခုန်လိုက်သည်။


"တွေ့ပြီ...သူ့ရဲ့နေရာကိုတွေ့ပြီ...ကြည့်ကြည့်...ဒီနေရာကိုကြည့် ကြည့်...သူဒီမှာရှိတာသေချာတယ်..."


သူ ဖန်သားပြင်ပေါ်မှ အနီစက်လေးတစ်စက်ကိုထောက်ပြလိုက်သည်။ ယောင်စစ်အနားတိုးကပ်၍ကြည့်လိုက်သော်လည်း နေရာကိုမသိပေ။


"ဒါဘယ်နေရာလဲ..."


ပိုင်ရိလဲထိုနေရာလေးကို သေချာစွာပြူးပြဲကြည့်နေသည်


"အင်း ထူးဆန်းလိုက်တာ အဲ့တာကအနီရောင်ဂြိုလ်ရဲ့ နောက်ဖက်မဟုတ်ဘူးလား..."


"အဲ နေဦးဒါကသစ်တောမဟုတ်ဘူးလား...ဘာလို့ဒီနေရာကိုမသိရတာလဲ"


"ဒါက ကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံပဲ..."


မျက်မှောင်ကြုတ်နေသော မူရွှမ်၏မျက်နှာကယောင်စစ်နှလုံးသားကိုတင်းကြပ်သွားစေသည်


"...ဒါ အထူးနေရာတခုလား...ကောင်းကင်ဘုံကအပ်နှင်းထားတဲ့ခြံဟုတ်လား ဒါဘယ်လိုနေရာလဲ... " 


ပိုင်ရိလဲသူမနှင့်ထပ်တူထပ်မျှစိတ်ရှုပ်ထွေးသွားလေသည်။


"ဒါမျိုးရိုးဗီဇ သုတေသနဌာန အသစ်မွေးဖွားလာတဲ့ကလေးငယ်တွေရဲ့မျိုးပွားစင်တာ..."


ပိုင်ရိနှင့်ယောင်စစ်၏မျက်ဝန်းများထိန်လန့်တုန်လှုပ်စွာဖြင့်ပြူးကျယ်သွားလေသည်။


"သောက်ကျိုးနည်း...ဒီကောင်ကဒီလိုအရေးကြီးတဲ့နေရာမှာရောက်နေတာလား...ဒါကိုအကြီးအကဲကောင်စီကိုမြန်မြန်အကြောင်းကြားရမယ်..."


ယောင်စစ်လဲသူပြောလိုက်သည့်စင်တာ၏နောက်ကွယ်မှ အရေးကြီးသည့်အဓိပ္ပါယ်ကိုနားလည်လိုက်ပြီးတကိုယ်လုံးတုန်လှုပ်အေးစက်သွားလေသည်။


ပိုင်ရိကထွက်သွားဖို့ပြင်နေပေပြီ။


"အဲ့ဒီမှာရပ်နေလိုက်..."


သူမ၏သွေးမျိုးဆက်ကိုအသုံးပြု၍ဖိနှိပ်လိုက်သည်။


"သခင်မလေး..."


ပိုင်ရိနေရာမှာတင်ငြိမ်သက်သွား၏။


"အဲ့ဒီ အကြမ်းဖက်..."


"ယွမ်ဟန်မှာ သွေးစုပ်ဖုတ်ကောင်တွေတောင်မခုခံနိင်တဲ့ဗိုင်းရပ်စ်ရှိနေတယ်...ပြီးတော့ အဲ့နေရာကအရမ်းအရေးကြီးတဲ့နေရာလေ...အဲ့ဒီမှာနုနယ်တဲ့ကလေးငယ်တွေရှိနေတယ် ငါ့ရဲ့မျိုးဆက်သားပေါက်လေးကိုတောင်မှမဆောင်ကျဉ်းရသေးဘူး...

ဒါကြောင့် အဲ့ဒီမှာဘာတခုမှအမှားအယွင်းမဖြစ်သွားရအောင်လို့...အကြီးအကဲကောင်စီကိုအမြန်ဆုံးအကြောင်းကြားသင့်တယ်လေ...တယောက်‌ယောက်ကသာ အရင်ရောက်သွားမယ်ဆိုရင်..."


ယောင်စစ် သူ့စကားစကိုဖြတ်လိုက်ပြီးနောက်သက်ပြင်းတချက်ချလိုက်ကာ သေချာရှင်းပြလိုက်သည်။


"နင်တောင်ဒီနေရာရဲ့အရေးကြီးပုံကိုသိတယ်ဆိုရင် အကြီးအကဲကောင်စီကရောမသိပဲနေမလား..."


ပိုင်ရိမျက်လုံးများပြူးသွားသည်


"သခင်မလေး ဘာအဓိပ္ပါယ်လဲ..."


"ကောင်းကင်ဘုံမှပေးအပ်ထားသောခြံဆိုတာက သွေးစုပ်ဖုတ်ကောင်တွေမျိုးပွားရာနေရာ...တနည်းအားဖြင့်လုံခြုံရေးအတင်းကြပ်ဆုံးနေရာ..."


သူမစကားလုံးများကိုဂရုတစိုက်ရှင်းပြနေရင်းဖြင့်နောက်ကျောတပြင်လုံးအေးစက်လာသလိုပင်ခံစားနေရသည်။


"နင်တောင်သူ့ရဲ့တည်နေရာကိုရှာတွေ့တယ်ဆိုမှတော့ ကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံကရှာမတွေ့ဘူးလို့ထင်နေတာလား..."


ပိုင်ရိအေးစက်သောရေကန်ထဲပြုတ်ကျသွားသလိုမျိုး ထိတ်လန့်တုန်လှုပ်မျက်လုံးများပြူးကျယ်နေလေသည်။


" ဒါ...ဒါ ဆိုရင် သခင်မလေးပြောတဲ့အဓိပ္ပါယ်ကအကြီးကဲကောင်စီထဲမှာ..."


"ဟုတ်တယ်...သစ္စာဖောက်...သစ္စာဖောက်ရှိတယ်..."


"သူတို့အနီးကပ်စစ်ဆေးမှုတွေစတင်ကတည်းက ပြဿနာတွေပေါ်ထွက်လာတာပဲ... ပြောရမယ်ဆိုရင်သွေးစုပ်ဖုတ်ကောင်တွေက မဟာမိတ်ပေါင်းစုတပ်ထက်တောင် အင်အားကောင်းတာကို ဘယ်လိုဖြစ်ပြီးယွမ်ဟန်ရဲ့တည်နေရာလေးတောင်မသိရတာလဲ..."


Euphoriaဟုခေါ်သောအဖွဲ့အစည်း၏ သုတေသနအခြေစိုက်စခန်းကိုရှင်းရှင်းလင်းလင်းဖျက်ဆီးခဲ့လိုက်‌သော်လည်း  အကြီးအကဲကောင်စီက တစ်နှစ်ပတ်လုံးအတွင်း မည်သည့်သတင်းအချက်လက်မှ ရှာဖွေမရနိုင်ခဲ့ပေ။ ယွမ်ဟန်၏လက်ထဲမှဗိုင်းရပ်စ်ကိုကြည့်ခြင်းအားဖြင့် သူက ထိုအဖွဲ့အစည်းနှင့် ကျိန်းသေပေါက်အဆက်အသွယ်ရှိနေမှန်း သေချာပေသည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့သည့်ဗိုင်းရပ်စ်ကို ပြန်လည်ထွက်ပေါ်လာနိုင်စေခြင်းကို ကြည့်ခြင်းအားဖြင့်...

ထိုအဖွဲ့အစည်းသည် အတိုင်းအတာတခုအထိအင်အားကြီးပေလိမ့်မည်။ ထိုမျှကြီးမားလှသောအဖွဲ့အစည်းကြီးတခုက သူတို့မည်မျှပင်ဂရုစိုက်နေစေကာမူ သဲလွန်စမကျန်ဖို့မဖြစ်နိုင်ပေ။ တစ်ခုတည်းသောဖြစ်နိုင်ချေကထိုသဲလွန်စများကိုဖျောက်ဖျက်ပြစ်နိုင်သော နောက်ကွယ်မှလူရှိနေခြင်းပင်။


ယောင်စစ်ထိုအချက်ကို ညွှန်မပြလိုသော်လဲ   အကြီးအကဲကောင်စီမှ ကြင်နာတတ်သောသူတယောက်သည် ထိုသူကိုဖွက်ထားပေးသူဖြစ်နေမှာအသေချာပဲ။


အေးစက်မှုတစ်ခုက သူမ၏နှလုံးသားကိုဖြတ်တိုက်သွားလေသည်ထိုအဖွဲ့အစည်းကသွေးစုပ်ဖုတ်ကောင်များကိုလုံးဝမုန်းတီးနေသောကြောင့် သူမတို့မျိုးနွယ်ထဲတွင်ထိုအဖွဲ့အစည်းမှလူရှိနေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။


"အကြီးအကဲကောင်စီကိုအကြောင်းကြားစရာမလိုဘူး...ငါကိုယ်တိုင်သွားမယ်..."


မူရွှမ်လေးနက်စွာပြောလိုက်သည် ယောင်စစ်၏စိတ်ထဲ၌တုန်လှုပ်သွားသည်။


"ကျွန်မလည်းလိုက်မယ်..."


"မလိုက်ရဘူး...အန္တာရာယ်များတယ်..."


မူရွှမ်ကဆွေးနွေးခွင့်ပင်မပေးပေ။


"အဲ့ဒါကြောင့် ကျွန်မကို တစ်ယောက်တည်း ထားခဲ့လို့မရဘူးလေ...ကျွန်မလည်း ရှင့်ကိုမလွှတ်နိုင်ဘူး...စိတ်ပူနေရလိမ့်မယ်..."


ယောင်စစ်လေးလေးနက်နက်ထပ်ပြောလိုက်သည်။ မူရွှမ်ငြိမ်သက်သွားပြီးသူ့၏မျက်နှာကနီမြန်းလာလေသည်။ သူတဖက်သို့မျက်နှာလွှဲကာချောင်းဟန့်လိုက်ပြီးနောက် သူမဘက်သို့ပြန်လှည့်ကြည့်လာသည်။


"ကောင်းပြီ ဒါဆိုလဲငါ့နောက်ကိုလိုက်ခဲ့...ငါ့လက်ကိုမလွှတ်နဲ့..."


"အင်း... ကတိပေးတယ်..."


ယောင်စစ်ကတရုတ်လူမျိုးများကတိပြုသည့်ပုံစံမျိုးဖြင့် သူ့၏လက်ကိုထောင်၍ပြောလိုက်သည်။ မူရွှမ်ခေါင်းညိမ့်ပြလိုက်ပြီးသူ့၏လက်တစ်ဖက်ကိုဝှေ့ယမ်းကာ အာကာသလေဟာနယ်ထွက်‌ပေါက်တစ်ခုကို ဖွင့်လိုက်သည်။ ထို့နောက် သူမလက်ကိုဆွဲကာ ထိုထဲသို့ဝင်လိုက်သည်။


ပိုင်ရိ သူတို့နှစ်ယောက်နောက်ကျောကိုအူကြောင်ကြောင်စိုက်ကြည့်၍ကျန်ခဲ့လေသည်။


"နေပါဦး..ငါကရောဘယ်လိုလုပ်ရမှာလဲ သူတို့နှစ်ယောက်ကိုလိုက်သင့်လား..."


သူလေဟာနယ်ဝင်ပေါက် လုံးဝမပိတ်သွားခင်မှာပင် အံတင်းတင်းကြိတ်၍ခုန်ဝင်လိုက်လေသည်။


ယောင်စစ်ကထိုကောင်းကင်ဘုံမှပေးအပ်ထားသောခြံသည် အကြီးအကဲဌာနသို့မဟုတ်သုတေသနဌာနတို့၏ ပုံရိပ်နှင့်ဆင်တူသည်ဟုထင်နေ‌ပေခဲ့သည်။ သို့သော်လည်းကောင်းကင်ဘုံမှပေးအပ်ထား‌သောခြံကိုမြင်လိုက်သည့်ခဏ၌ သူမဘယ်လောက်ထိတုံးအကြောင်းသိရှိသွားလေသည်။


၎င်းကမြေနေရာအမြောက်အမြားကျယ်ဝန်းပြီး. ခြံဝန်းတခုအစား မြို့ငယ်လေးတမြို့နှင့်ဆင်တူ‌နေသည်။ သူမအနီရောင်ဂြိုလ်ပေါ်တွင်  ထိုကဲ့သို့သော‌နေရာမျိုးကို ပထမဦးဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။


သူတို့က ခွေးသားယွမ်ဟန်ကိုရှာဖို့ရောက်လာတာဆိုမှတော့... သူတို့ရဲ့လမ်းကြောင်းကိုပိုမိုသတိထားပြီးတော့... အဓိကဝင်ပေါက်အစားတခြားနေရာကိုရွေးသင့်တယ်မထင်ဘူးလား...မူရွှမ်ကဘယ်လိုဖြစ်လို့ဝင်ပေါက်တံခါးမကြီးဆီကိုဆွဲခေါ်သွားတာလဲ...


မူရွှမ်၏အကြည့်များက ယိမ်းယိုင်မှုမရှိပဲသူ့ကိုယ်သူယုံကြည်မှုအပြည့်ဖြင့် ဝင်ပေါက်မှဖြတ်ဝင်လိုက်သည်။


ယောင်စစ်၏နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများမြင့်တက်လာပြီး သူမတို့၏ရည်ရွယ်ချက်ကိုသတိပေးတော့မည့်အချိန်မှာပင်ဘေးနားရှိအစောင့်များကို သတိပြုမိလိုက်သည်။ထိုအစောင့်များကသူတို့ကိုဂရုမစိုက်ပဲနေမြဲအတိုင်းရပ်နေကြလေသည်။ သူတိုကဘာကိုမှမမြင်ရမတွေ့ရသကဲ့သို့ရှိနေသည်။ယောင်စစ်၏ စိုးရိမ်ပူပန်နေသောနှလုံးသားလေးက ပြန်လည်တည်ငြိမ်သွားသည်။


ဟုတ်သားပဲ...သူမ သူမအဖေရဲ့စွမ်းအားကိုမေ့တော့မလို့ပဲ...


သူမစိုးရိမ်ပူပန်နေတာတွေကအကျိုးမရှိဖြစ်သွားရပြီ။


သူတို့ဝင်ရောက်လိုက်သည်နှင့် ကြီးမားလှသောနေရာတခုကို တွေ့လိုက်ရသည်။ ၎င်းကမြို့တသ်မြို့၏အဆုံးသတ်ကို မတွေ့ရသကဲ့သို့ ကျယ်ပြန့်လှသည်။ ဤနေရာသည် သွေးစုပ်ဖုတ်ကောင်များမျိုးပွားရာနေရာဖြစ်သောကြောင့် လုံခြုံရေးကိုအဆမတန်တင်းကြပ်ထားပြီး လမ်းများပေါ်တွင်အစောင့်များက အဆက်မပြတ်ကင်းလှည့်နေကြသည်။


မူရွှမ်၏စိတ်စွမ်းရည်ကြောင့်သာမဟုတ်လျှင်  သူတို့ဒီနေရာကို မည်သူမျှသတိမထားပဲ ဝင်ရောက်ဖို့မဖြစ်နိုင်ပေ။ ယောင်စစ်တို့အရှေ့သို့ဆက်သွားရန်ပြင်လိုက်စဉ်မှာပင် သူတို့၏နောက်မှအသံတသံထွက်ပေါ်လာပေသည်။


"သခင်မလေး ငါနေရာကိုအတည်ပြုပြီးပြီ အဲ့တာကညာဘက်မီတာ၂၀၀အကွာလောက်မှာဖြစ်မယ်..."


"ပိုင်ရိ..."


ယောင်စစ်လန့်၍ခုန်လိုက်မိပြီးအနောက်သို့လှည့်ကြည့်လိုက်သည်။


"နင်ဘယ်လိုဖြစ်လို့ ဒီနေရာမှာရှိနေတာလဲ..."  


"...."


ငါအမြဲပဲနောက်ကနေပါလာတာမဟုတ်ဘူးလား...ဘယ်လိုဖြစ်ပြီးတော့ ငါ့လို 'Single Dog လေးကိုလျစ်လျူရှုနိုင်ကြတာလဲ...ငါလည်းဆက်ခံသူလေးတစ်ယောက်လောက် မွေးလိုက်ရင်ကောင်းမလား...


"သွားကြရအောင်..."


မူရွှမ်ကယောင်စစ်ကိုဆွဲခေါ်လိုက်ပြီးပိုင်ရိပြောသောနေရာဆီသို့ဦးတည်လိုက်သည်။


ဘဲဥပုံစံရှိသည့်ဧရာမအဆောက်အဦးကြီးတစ်ခုတွင် အစောင့်အကြပ်များမရှိသော်လည်း တံခါးများကို တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ ညာဖက်တွင်ရှုပ်ထွေးနေသော နံပါတ်များ တဖျတ်ဖျတ်ပြေးလွှားနေသော  'screen' တခုရှိနေသည်။ တချက်ကြည့်လိုက်ရုံဖြင့် ၎င်းကိုဖြတ်ကျော်ချင်ပါက မည်မျှခက်ခဲမည်ဖြစ်ကြောင်းပြောနိုင်ပေသည်။


"ဒါကစကြာဝဠာရဲ့အဆင့်မြင့်ဆုံးလုံခြုံရေးစနစ်ပဲ..."


ပိုင်ရိမျက်နှာပျက်သွားပြီးပြောလိုက်သည်။


"ဒီမှာလုံးဝရှုပ်ထွေးနေတဲ့ကုဒ်တွေပဲရေးသားထားမှာပဲ...တော်တော်တော့ခက်လိမ့်မယ်...ကျွန်တော်နည်းနည်းလောက် ကြိုးစားကြည့်လိုက်ပါဦးမယ်..."


"ကိစ္စမရှိဘူး..."


မူရွှမ်ပြောလိုက်ပြီးအရှေ့သို့‌ခြေနှစ်လှမ်းတိုးလိုက်သည်။ထို့နောက်မျက်နှာပြင်ပေါ်တွင်သူလက်ချောင်းကလေးများဖြင့်အနည်းငယ်ထိတွေ့လိုက်သည်။ မျက်နှာပြင်မည်းသွားပြီးနောက်တံခါးပွင့်သွား‌လေသည်။


"မူရွှမ် ရှင်ကဟက်ကာတယောက်လား..."


သူကပိုင်ရိထက် တော်တော်မြင့်သည့်အဆင့်တွင်ရှိနေမှန်း သေချာပေသည်။မူရွှမ်က ယောင်စစ်ကိုလှည့်ကြည့်လိုက်ပြီး 

သူ့၏အကျင့်အတိုင်းခေါင်းကို အသာဖွဖွအုပ်ကိုင်လိုက်သည်။


"မင်းလဘ်းအချိန်အကြာကြီးအသက်ရှင်လာပြီးရင် ဒါတွေကိုသင်ယူတတ်မြောက်လာမှာပါ..."


ငါအချိန်အကြာကြီး အသက်ရှင်ပြီးသွားပြီလေ ဘာလို့မသိရ‌သေးတာလဲ...


ယောင်စစ် နာကျင်မှုကိုခံစားလိုက်ရသည်။ သူမနောက်မှ တိတ်တဆိတ်လိုက်လာခဲ့လိုက်သည်။ ခရီးစဉ်တလျှောက်လုံးတွင်ခက်ခဲမှုကိုမခံစားရပေ။ မည်သည့်နယ်ပယ်မှာဖြစ်ဖြစ် မူရွှမ်က တစ်မိနစ်အတွင်းမှာ ဖြေရှင်းလိုက်နိုင်သည်။အရာရာကလွယ်ကူနေသောကြောင့် သူမကျူးကျော်ဝင်လာသည့်အကြောင်းကိုပင် မေ့လျော့မိသွားသည်။


○| ̄|_


ဆယ်မိနစ်ခန့်ကြာပြီးနောက် သူတို့တည်နေရာ၏ ဗဟိုသို့ရောက်လာ‌လေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုနေရာ၌ အမြင့်နှစ်မီတာသုံးမီတာခန့်မြင့်သော စကြဝဠာပို့ဆောင်ရေးကဲ့သို့ တည်နေရာရွေ့ပြောင်းသည့် တံခါးတချပ်ရှိနေလေသည်။


ဤနေရာသည် အခြားနေရာများနှင့်အလွန်ကွာခြားနေသည်။ အလွန်အရေးကြီးသည့် အရာတခုကိုစောင့်ကြပ်ကြည့်နေရသလိုမျိုးအစောင့်များ၏အမူအယာက တင်းမာခက်ထန်နေသည်။


"ဒါ ဒါကအမှန်တကယ်ပဲလား..."


ပိုင်ရိမှုန်ကုတ်ကုတ်ဖြင့် မယုံကြည်နိုင်စွာထိုနေရာကိုစိုက်ကြည့်နေမိသည်။


ယောင်စစ်၏နှလုံးသားကလည်း နစ်မြုပ်သွားပြီး ဒေါသ၊စိတ်ပျက်မှုနှင့်စိတ်ထိခိုက်မှုတို့ကိုတပြိုင်နက်ထဲခံစားလိုက်ရသည်။


ကောင်းကင်ဘုံမှအပ်နှံထားသောခြံသည်  သွေးစုပ်ဖုတ်ကောင်များအတွက် အ‌‌ရေးကြီးသောနေရာတစ်ခုဟု ယူဆ၍ရသောကြောင့် ပို့ဆောင်ရေးတံခါးတချပ်ကိုထားရှိထားစရာအကြောင်းမရှိပေ။ ဒီနေရာကိုမည်သူမှမဖြတ်သန်းရနေရာတခုအဖြစ်ပြုလုပ်ထားသောကြောင့်ထိုကဲ့သို့စွန့်စားမှုမျိုးပြုလုပ်ရန်မဖြစ်နိုင်ပေ။ ထို့အပြင်ဒီနေရာသည် သွေးစုပ်ဖုတ်ကောင်များမွေးဖွားရာနှင့် လူသားမျိုးနွယ်ကိုယ်ပွားများ ထုတ်လုပ်ရာနေရာဖြစ်သည်။


ငတုံးတယောက်ပင်လျှင် ဒီနေရာ၌ထိုကဲ့သို့ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာမျိုး မထားရန်သိပေသည်။ ပို့ဆောင်ရေး ပေါ်တယ် တစ်ခုရှိနေသည်ကိုကြည့်ခြင်းအားဖြင့် ကောင်းကင်ဘုံမှပေးအပ်ထားသောခြံသည် လုံးဝအန္တာရာယ်ရှိနေသည်ဟူသည့်သက်သေဖြစ်နေပေသည်။


တစ်စုံတစ်ယောက်က ကောင်းကင်ဘုံမှပေးအပ်ထားသောခြံကို ချုပ်ကိုင်ထားခြင်းသို့မဟုတ် ခြံတခုလုံးသစ္စာဖောက်များအဖြစ်ပြောင်းလဲသွားခြင်း ထိုသတင်းနှစ်ရပ်လုံးကတစ်မှကောင်းသည့် သတင်းမဟုတ်ပေ။


"ပို့ဆောင်ရေး...ပို့ဆောင်ရေးတံခါးပွင့်သွားပြီ..."


ပိုင်ရိပြောလိုက်သည်နှင့် ယောင်စစ်ခေါင်းမော့ကြည့်လိုက်၏။ တံခါးကအချိန်ခဏမျှတုန်ခါသွားပြီးနောက် နောက်တစ်ခဏတွင်မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသော  လူလေးယောက်ထွက်လာလေသည်။ သူတို့လေးယောက်က တခြားအစောင့်များနှင့်အနည်းငယ်ကွာခြားနေပြီး မတူညီသောလက်နက်အသီးသီးကို ကိုင်ဆောင်ထားကြသည်။


ယောင်စစ်စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုများနှင့် သံသယစိတ်များဖြစ်ပေါ်လာသော်လည်း အရင်းအမြစ်ကို သူမဖော်ထုတ်နိုင်စွမ်းမရှိသလိုခံစားရလေသည်။


ပိုင်ရိကစိတ်ရှုပ်ထွေးစွာဖြင့်ပြောလိုက်သည် 


"ဒါကထူးဆန်းနေတယ်...သူတို့ကသွေးစုပ်ဖုတ်ကောင်တွေဟုတ်ပုံမရဘူး..."


"နင် နင်ဘာပြောလိုက်တယ်..."


ယောင်စစ်သူတို့လေးယောက်ကိုသေသေချာချာအကဲခတ်ကြည့်လိုက်တယ်


"နင်သေချာရဲ့လား...သူတို့ကတူတူပဲလို့ထင်ရပါတယ်...သွေးစုပ်ဖုတ်ကောင်မဟုတ်ရင်ဘာလဲ...သူတို့မှာတူညီတဲ့အော်ရာရှိတယ်လို့ခံစားရပါတယ်..."


"လူသားတွေ...မပြောင်းလဲရသေးတဲ့လူသားတွေ..."


မူရွှမ်လေးနက်တည်ငြိမ်စွာဖြင့်ပြောလိုက်သည်...


"သူတို့ကလူသားတွေလား..."


ယောင်စစ်ထိုလေးယောက်ကိုပေါက်ထွက်မတတ်စိုက်ကြည့်လိုက်လေသည်။


 ဒါကြောင့်မို့သူမ ရင်းနှီးသလိုခံစားရတာလား...


ထိုအသစ်ရောက်လာသူများက အနက်ရောင်မျက်ဝန်းများနှင့်အဝါရောင်အသားအရည်ရှိလေသည်။


"လူသားတွေကမျိုးတုန်းသွားပြီမဟုတ်ဘူးလား..."


"သူတို့ကကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံဝန်းထဲက လူသားမျိုးပွားတွေ..."


"ကိုယ်ပွားဟုတ်လား..."


ပိုင်ရိထိတ်လန့်ခြောက်ခြားစွာဖြင့်အော်လိုက်ပြီး ထိုလူများကိုစူးစိုက်ကြည့်လိုက်သည်။


 "သူတို့က..."


မူရွမ်ခေါင်းညိမ့်လိုက်သည် 


"ဟုတ်တယ်...သားပေါက်လေးတွေ"


"ခဏနပေါဦး..."


ယောင်စစ်အဓိကတချက်ကိုဖမ်းဆုပ်မိသွားပြန်သည်။


"သူတို့ကလူသားကိုယ်ပွားတွေဆိုရင် ဘာကြောင့်တခြားနေရာကနေယူဆောင်လာရတာလဲ..."


ပိုင်ရိအနည်းငယ်ငြိမ်သက်သွားသည်။


မူရွှမ်ပင်လျှင်မျက်မှောင်ကြုတ်လိုက်သည်။


မှန်ပေသည်... သွေးစုပ်ဖုတ်ကောင်များကသူတို့၏ပြောင်းလဲထားသောမျိုးဆက်ကလေးလေးများနှင့်လူသားကိုယ်ပွားများကိုအလွန်ပင်အလေးထားသည်။ ထို့ကြောင့်တစ်ယောက်ထဲလွှတ်ထားရန်မဖြစ်နိုင်ပေ။


"သူတို့‌နောက်ကိုလိုက်ကြရအောင်..."


မူရွှမ်က ထိုလူသားကိုယ်ပွားလေးယောက်ထွက်ခွာရန်ပြင်ဆင်နေချိန်၌ ယောင်စစ်ကိုဆွဲခေါ်လိုက်သည်။