အပိုင်း ၁၁၁
Viewers 19k

Chapter 111

ခေါင်းမကောင်းရင်လည်းကုသရမယ်


အစောင့်နှစ်ယောက်ကလူသားလေးယောက်ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုအစောင့်များကတစ်ချိန်လုံး အကြည့်လေးတချက်ပင်ဖလှယ်ခြင်းမရှိပဲ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။


ထိုတိတ်ဆိတ်မှုက ထူးဆန်းလှသောကြောင့်  ယောင်စစ်စိတ်ထဲ သံသယများပင်တိုးပွားလာလေ၏။


အစောင့်များက ထိုလူသားများကို သူတို့ယခင်ကအခန်းထက် အနည်းငယ်ကြီးမားသောအခန်းတခုထဲသို့ ခေါ်ဆောင်သွား၏။ထိုအခန်းထဲ၌ မြောက်များလှစွာသော ပစ္စည်းကိရိယာရှိနေပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့်လူတချို့လဲရှိနေသည်။


ယောင်စစ်နှလုံးသားနစ်မြုပ်သွားလေသည်။

သူမ သုတေသနအခြေစိုက်စခန်းထဲသို့ပြန်ရောက်သွားသလိုမျိုးခံစားလိုက်ရသည်။


"မင်းတို့နောက်ဆုံးတော့ ပြန်လာပြီပဲ..."


ထိုလူသားလေးယောက်အခန်းထဲဝင်လိုက်စဉ်တွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီးခေါင်းဆောင်ဟုထင်ရသောလူတယောက်ကရောက်လာပြီး နှုတ်ဆက်လိုက်လေသည်။


"ဘာမှားသွားလို့လဲ.."


ထိုလူက လူသားလေးယောက်ကိုအနီးကပ်ကြည့်ပြီးနောက် သူတို့ကိုစကားပြောရမည့်အစားအစောင့်များဘက်သို့လှည့်၍ပြောလိုက်သည်။ အစောင့်များခေါင်းခါရမ်း၍ပြောလိုက်သည်


"နောက်ထပ်ကျဆုံးမှုတစ်ခု..."


ထိုလူ၏မျက်နှာကမဲမှောင်သွားပြီးသူ့နှုတ်ခမ်းများကတင်းတင်းစေ့သွားသည်။


"ငါမင်းကိုမပြောခဲ့ဘူးလား...မင်းဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့..."


ထိုသူ၏နောက်မှ အသံတသံထွက်လာပြီး အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်ရင်းနှီးနေသောပုံရိပ်တခုထွက်ပေါ်လာလေသည်။


........


"ယွမ်ဟန် ဒီခွေးမသား...သောက်ကျိုးနည်းကို ဒီမှာရှိနေတာပဲ...အဲ့ဒီတော့ သူကတချိန်လုံးဒီမှာရှိနေတာပေါ့..."


ပိုင်ရိကပြောလိုက်ပြီးနောက် အ‌‌ရှေ့သို့တဟုန်ထိုးပြေးထွက်ရန်ပြင်လိုက်သည်။


သို့သော်လဲ ယောင်စစ်၏လက်တဖက်ကသူ့ကိုတားဆီးလိုက်၏။


အဖြူရောင်ဝတ်စုံလူနှင့် ယွမ်ဟန်တို့ကစကြာဝဠာတခုလုံးမှာအလိုရှိနေသော အပူတပြင်းရှာဖွေနေသည့် အပြစ်သားများဖြစ်သည်။


"သူတို့ကိုလွတ်လွတ်လပ်လပ်နေလို့ရအောင်  ဘယ်သူကများကာကွယ်ပေးထားတာလဲ... အဲ့ဒီလူကဘယ်သူဖြစ်နေမလဲ..."


......


"မဖြစ်နိုင်ဘူး..."


ထိုအဖြူဝတ်နဲ့လူက ယွမ်ဟန်ကိုငြင်းလိုက်ပြီးနောက်သူ့၏ကွန်ပြူတာလက်ပတ်ကိုဖွင့်ကာ တစုံတခုကိုစစ်ဆေးလိုက်သည်။


"ငါမင်းရဲ့ 'DNA'ကိုအတိအကျမျိုးပွားထားတာပဲ...အဲ့တာကဘယ်လိုလုပ်ပြီးတော့တုံ့ပြန်မှုမရှိရမှာလဲ "


"မင်းကငါ့ကိုနှိမ့်ချပြီး ဒီအရုပ်တွေနဲ့ခိုင်းနှိုင်းလိုက်တာလား..."


ယွမ်ဟန်အေးစက်စွာစိုက်ကြည့်၍ပြောလိုက်သည်။


"ငါကကမ္ဘာမြေကြီးရဲ့နောက်ဆုံးမျိုးဆက်ပဲလို့မင်းကိုပြောခဲ့ပြီးပြီလေ...မင်းဘယ်လောက်ပဲကြိုးစားကြိုးစားဒီလိုရုပ်သေးရုပ်လိုကိုယ်ပွားတွေကတုံ့ပြန်မှာမဟုတ်ဘူး..."


.......


လူသား...


ယောင်စစ်မျက်ဝန်းများပြူးကျယ်သွားသည်။


"ယွမ်ဟန်ကလူသားတယောက်ဖြစ်နေတာလား..."


သူမဘေးနားကလူနှစ်ယောက်ကို လှည့်ကြည့်လိုက်လေရာသူတို့လဲအံ့ဩတုန်လှုပ်သွားသည်ကိုတွေ့လိုက်ရသည်။


"ယွမ်ဟန်ကဘယ်လိုလုပ် လူသားဖြစ်နေတာလဲ...လူသားတွေက ကမ္ဘာမြေကြီးနဲ့အတူမျိုးသုန်းသွားပြီမဟုတ်ဘူးလား...ပြီးတော့စက်ဝဠာမှာ မှတ်ပုံတင်ထားတဲ့ သူ့ရဲ့အချက်အလက်တွေကိုစစ်ကြည့်လိုက်တော့လည်း တခြားမျိုးနွယ်တခုလို့ဖော်ပြနေတယ်လေ...."


"အချက်အလက်တွေက ပြောင်းလိုက်လို့ရတယ်..."


မူရွှမ်ဝင်ပြောလိုက်သည်။


"သူ့ရဲ့ပုံစံအရ ကမ္ဘာကြီးပျက်သုန်းသွားပြီးတော့ လူသားအဖြစ်စာရင်းသွင်းထားပြီးတော့မှ... အချက်အလက်ပြောင်းလိုက်တာမျိုးလဲဖြစ်နိုင်တယ်..."


ယောင်စစ် ယွမ်ဟန်တို့နှစ်ယောက်၏ငြင်းခုန်မှုကိုမကြားခင်အချိန်ထိ မှင်သက်နေမိလေသည်။


....


"ဒါ ဒါလုံးဝဖြစ်နိုင်ချေမရှိဘူး...အချက်အလက်တွေအားလုံးကအတူတူပဲဖြစ်ပြီးတော့မျိုးရိုးဗီဇကလဲအတူတူပဲ အဲ့တာကိုသူတို့ဘာကြောင့်နိုးထမလာတာလဲ..."


အဖြူရောင်ဝတ်ထားသောလူကအချက်အလက်များကိုအရူးအမူးလှန်လှောကြည့်ပြီး ယွမ်ဟန်ကိုမျက်နှာချင်းဆိုင်လိုက်သည်။


"ငါထပ်ပြီး ကြိုးစားကြည့်ချင်တယ်..."


ယွမ်ဟန်ပို၍ဒေါသထွက်သွားလေသည်


"ဒီမှာ ကျုပ်ခင်ဗျားကိုရှင်းရှင်းလင်းလင်းပဲပြောမယ်...ကျုပ်ကကိုယ်ပွားတွေဖန်တီးဖို့အချက်အလက်တွေကိုထောက်ပံ့ပေးတဲ့အချိန်မှာ...ခင်ဗျားကျုပ်ကိုလုံခြုံတဲ့အကာအကွယ်ပေးရမယ်လို့သဘောတူထားပြီးသား အခုကိုယ်ပွားတွေကဒီကိုရောက်နေပြီလေ...ကျုပ်ကဘာလို့ထပ်ပြီးတော့ပေးရဦးမှာလဲ..."


"ငါတစ်ခုခုလွဲချော်သွားတာဖြစ်ပါလိမ့်မယ် ဒီတစ်ကြိမ်တော့ ကျိန်းသေပေါက်အောင်မြင်ရမယ်..."


အဖြူဝတ်လူက စိုးရိမ်တကြီးဖြင့်ထပ်ပြောလိုက်သည်


"မျိုးပွားတဲ့နည်းပညာကတခုခုမှားနေပြီဆိုတာ ခင်ဗျားသိသင့်တယ်..."


ယွမ်ဟန်လှောင်ပြောင်ဟန်ဖြင့် ဆက်ပြောလိုက်သည်


" မွေးကင်းစကလေးတွေအကုန်လုံးက သူတို့စိတ်ဝိဉာဉ်မပါပဲနဲ့ အခွံသက်သက်ကြီးပဲ...သူတို့ပြောင်းလဲလိုက်ပြီးမှသာသူတို့စိတ်ဝိဉာဉ်ကနိုးထလာကြတယ်...ခင်ဗျားဘယ်နှကြိမ်ပဲကြိုးစားပါစေ...ရလဒ်ကအကုန်လုံးအတူတူပဲ..."


"မဖြစ်နိုင်...မဖြစ်နိုင်ပါဘူး...သူတို့နိုးထလာမှာပါ... မင်းငါ့ကိုနောက်တကြိမ်လောက်ထပ်ကြိုးစားခွင့်ပေးသင့်တယ်...မင်းလည်းနိုးထလာတာပဲလေမဟုတ်ဘူးလား..."


"ငါကမင်းဖန်တီးထားတဲ့ ကိုယ်ပွားမဟုတ်ဘူး..."


ယွမ်ဟန်၏မျက်ဝန်းထဲ၌ နှိမ့်ချစော်ကားမှုများပြည့်နှက်နေလေသည်။


"ငါ့ကိုသူတို့နဲ့လာမနှိုင်းနဲ့ ငါ့ရဲ့မျိုးရိုးဗီဇကိုထပ်ပြီးထောက်ပံ့ပေးမှာမဟုတ်တော့ဘူး...လက်လျှော့လိုက်တော့..."


........


"ဒီတော့...ဒါကသူဘာကြောင့်ဒီမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်ပေါ့..."


မွေးကင်းစလူသားများသည် သာမာန်အသိနှင့် ဗလာသက်သက်အခွံခန္ဓာကိုယ်သာရှိကြောင်း ယောင်စစ်လဲသိထားခဲ့သည်။ သူတို့က သွေးစုပ်ဖုတ်ကောင်အဖြစ်အသွင်ပြောင်းလဲပြီးမှသာ  အသိဉာဏ်နိုးထလာခြင်းဖြစ်၏။


"ဒီတော့ အဖြူဝတ်လူကအဲ့ဒီလူသားတွေကိုအသိဉာဏ်ထည့်ပေးဖို့ လုပ်ဆောင်နေတာလား..."


"ဒါပေမဲ့ သူတို့ဘာကိုဖုံးကွယ်ဖို့လုပ်နေတာလည်း...မွေးကင်းစကလေးတွေမှာအသိဉာဏ်ဝင်သွားရင်..."


"ယွမ်ဟန်ကရောဗိုင်းရပ်စ်ကိုဘယ်ကရလာတာလဲ..."


........


"...မင်း..."


အဖြူရောင်ဝတ်ထားသောလူကဒေါသတကြီးဖြင့်ပြောရန်ပြင်လိုက်သော်လဲ အံတင်းတင်းကြိတ်ကာ မထိတရိပြောလိုက်သည်။


"မင်းမှာ...ပုန်းခိုစရာနေရာမရှိဘူးဆိုတာမမေ့လိုက်နဲ့ဦး..."


"မင်းကငါ့ကိုလာပြီးတော့ ခြိမ်း‌ခြောက်နေတာလား..."


ယွမ်ဟန်ဒေါသများတရိပ်ရိပ်တိုးလာလေသည်


"အဖွဲ့အစည်းက မင်းကိုကယ်တင်ခဲ့ရတဲ့အကြောင်းကို မင်းနားလည်သင့်တယ်...တကယ်လို့မင်းသာပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင်..."


...........


"အဖွဲ့အစည်း..."


ယောင်စစ်၏ကျောရိုးတ‌လျှောက် အေးစိမ့်သွားသလိုခံစားလိုက်ရသည်။


"တကယ်ပဲEuphoriaအဖွဲ့အစည်းက ဒီနေရာကို ထိန်းချုပ်ထားတာလား..."


အဖြူရောင်ဝတ်လူ၏စကားများကမပြည့်စုံသော်လည်း အဓိပ္ပါယ်မှာ ရှင်းလင်းနေ‌ပေသည်။


.......


ယွမ်ဟန်၏ဒေါသများပေါက်ကွဲသွားကာ ထိုသူ၏လည်ပင်းကိုဆုပ်ကိုင်လိုက်သည်။


"ငါဒီနေရာကထွက်သွားချင်တယ်ဆိုရင် မင်းကငါ့ကိုတားနိုင်လိမ့်မယ်လို့ထင်နေတာလား..."


သူလက်တချက်ဝှေ့ယမ်းလိုက်သည်နှင့် ရင်းနှီးနေသောပုံရိပ်တခု သူ့၏နောက်တွင်ထွက်ပေါ်လာလေသည်။၎င်းက လက်ပြုတ်သွားသောစက်ရုပ်ဖြစ်ပြီး ယခုပို၍ကောင်းမွန်လာပုံပေါ်လေသည်။ ထို့အပြင်အရင်ကနဲ့မတူတော့ပဲအနက်ဆွေးဆွေးခန္ဓာကိုယ်ပေါ်တွင်အနီရောင်တောက်တောက်အရောင်များလဲရှိနေလေသည်။


..ဒီစက်ရုပ်ကိုထပ်ပြီးပြင်ဆင်ပြီးပြီလား..ဘယ်လောက်မှတောင်မကြာလိုက်ဘူးလေ....


"မင်း...မင်း...မင်းရဲ့စက်ရုပ်"


အဖြူရောင်ဝတ်လူကကြောက်ရွံ့ထိတ်လန့်စွာဖြင့်အနောက်သို့ခုန်ဆုတ်လိုက်သည်။ သူစက်ရုပ်ကိုမျက်လုံးပြူးကျယ်စွာကြည့်လိုက်သည်။


"မင်းရဲ့စက်ရုပ်ကကြီးထွားလာတာလား...ဒါမဖြစ်နိုင်ဘူးလေ..."


ယွမ်ဟန်နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။


"ဘာကမဖြစ်နိုင်တာလဲ.... ငါ့ရဲ့မဟူရာလျှပ်စီးက ကြီးထွားနိုင်တဲ့စက်ရုပ်ပဲ...တိုက်ပွဲတိုက်ပြီးတိုင်းလဲ သူ့ရဲ့အားအင်ကပိုပြီးတိုးပွားလာနိုင်တယ်..."


"မင်းရဲ့စက်ရုပ်ကမင်းကို တကယ်ပဲကယ်ထုတ်နိုင်မယ်လို့ထင်နေတာလား...ငါတို့ကသွေးစုပ်ဖုတ်ကောင်တွေကွ..."


"မင်း...စမ်းကြည့်လိုက်လို့ရတယ်လေ..."


ယွမ်ဟန်ပြောလိုက်သည်နှင့်သူ့နောက်မှ စက်ရုပ်က လက်ကိုဝှေ့ယမ်းလိုက်ရာ အနီရောင်‌တောက်ပ‌ နေသောဓားကောက်ပေါ်လာလေသည်။ သူကထိုဓားဖြင့်အရှေ့မှလူကိုချိန်ရွယ်ထားလိုက်သည်။ အဖြူရောင်ဝတ်ထားသောလူ၏မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားလေသည်။သူယွမ်ဟန်နှင့်စက်ရုပ်ကြားကိုခေါက်တုံ့ခေါက်ပြန် ကြည့်လိုက်သည်။


"မင်း...ဘာမှလဲမလှုပ်ရှားပဲနဲ့...ဒါဘယ်လိုလုပ်လိုက်တာလဲ..."


"ဟား...မင်းခန့်မှန်းတဲ့အတိုင်းမှန်တယ်...ငါ့ရဲ့စက်ရုပ်မှာစိတ်ဝိဉာဉ်ရှိနေတယ်...ငါနဲ့ငါ့ရဲ့စက်ရုပ်က သီးခြားစိတ်ဝိဉာဉ်တွရှိနေတဲ့အချိန်မှာ...မင်းရဲ့ကိုယ်ပွားတွေကတော့ရုပ်သေးသာသာပဲလေ..."


"စိတ်...စိတ်ဝိဉာဉ်ရှိနေတဲ့စက်ရုပ်"


အဖြူရောင်ဝတ်လူမျက်လုံးများမှိတ်လိုက်သည်။


"ကောင်းလိုက်တာ...စိတ်ဝိဉာဉ်ရှိနေတဲ့စက်ရုပ်...ကောင်းလိုက်တာ...မင်းလည်းဒီမှာနေရမယ် မင်းရဲ့စက်ရုပ်လဲဒီမှာနေရမယ်..."


"အဲ့တာကတော့ မင်းရဲ့အရည်အချင်းပေါ်မူတည်တယ်..."


စက်ရုပ်ဆီမှအလင်းတန်းတခုကယွမ်ဟန်ပေါ်သို့ဖြာကျပြီးနောက် သူ့ကိုထိန်းချုပ်ခန်းထဲသို့ပို့ပေးလိုက်လေသည်။


အဖြူရောင်ဝတ်စုံဝတ်ထားသောလူကချက်ချင်းပင် အချက်ပေးခလုတ်ကိုနှိပ်လိုက်ပြီးသွေးစုပ်ဖုတ်ကောင်အစောင့်များစွာဝင်လာစေလိုက်သည်။


ယွမ်ဟန် သူ့ဓားကိုမိုးပေါ်မြှောက်လိုက်သည်နှင့်  ကျယ်လောင်မြည်ဟီးလှသော မိုးချုန်းသံတခုနှင့်အတူဧရာမအပေါက်ကြီးတခုဖြစ်ပေါ်သွားလေသည်။ သူကောင်းကင်ပေါ်သို့ပျံတက်လိုက်သည်။


"သူ့ကို...သူ့ကိုတားထား..."


အဖြူရောင်ဝတ်လူအော်ဟစ်လိုက်သည်၊ အစောင့်ဆယ်ယောက်လောက်က သူတို့၏စွမ်းရည်များကိုထုတ်ဖော်ရင်းတဟုန်ထိုးပြေးဝင်လာကြ လေသည်။ လေထဲ၌အမျိုးမျိုးသောစွမ်းရည်များပြန့်ကြဲကာ အခြေအနေကရုတ်ချည်းပြောင်းလဲသွားလေသည်။ယောင်စစ်သူမဘေးမှလူကိုလှည့်ကြည့်လိုက်သည်


.......


"ယွမ်ဟန်သာလွတ်သွားရင်ဘယ်လိုဖြစ်သွားမလဲ...သူ့ရဲ့စိတ်ပညာအသိအဉာဏ်အရသူလွတ်မြောက်နိုင်ချေ ရှိနေလား..."


"ငါတို့နည်းနည်းလောက်ထပ် စောင့်ကြည့်ရအောင်..."


မူရွှမ်၏အသံကမုန်တိုင်းမတိုက်ခင် တိုက်ခတ်လာသောလေပြေလေးကဲ့သို့ညင်သာနက်ရှိုင်းနေသည်။


..........


"ဘာဖြစ်နေတာလဲ ဘယ်လိုဖြစ်လို့အချက်ပေးသံကိုကြားလိုက်ရတာလဲ..."


သူတို့ရင်းနီးနေသောအသံတသံကိုကြားလိုက်ရပြီးနောက်အခန်းထဲသို့ လူတယောက်ဝင်လာလေသည်။


"စတုတ္ထအကြီးအကဲ..."


ပိုင်ရိအော်လိုက်မိသည်။ မှန်ပေသည် ထိုအသံပိုင်ရှင်ကတကယ့်ကိုစတုတ္ထအကြီးအကဲဖြစ်နေပေသည်။


"သူဘာလို့ ဒီမှာရှိနေတာလဲ..."


အချက်အလက်များကိုချိတ်ဆက်လိုက်မိပြီးနောက် ယောင်စစ်တကိုယ်လုံးတုန်ယင်သွားပေသည်။ ကောင်းကင်ဘုံကပေးအပ်သောခြံက စတုတ္ထအကြီးအကဲ၏ကွပ်ကဲမှုအောက်တွင်ရှိနေသည်။မူလက ယွမ်ဟန်ပုန်းအောင်းနေခြင်းကို သူမသိဟုထင်ခဲ့မိသော်လည်း ယခုမူသူကဒီကိစ္စရပ်၏အစိတ်အပိုင်းဖြစ်နေကြောင်းထင်ရှားနေပေပြီ။


"ကျိယန်...ငါတို့ဒီမှာဘယ်လိုကိစ္စကိုမှဖော်ထုတ်လိုက်လို့မရဘူးလေ...ဘယ်လိုဖြစ်လို့အချက်ပေးသံကိုကြားလိုက်ရတာလဲ..."


စတုတ္ထ အကြီးအကဲကအဖြူရောင်ဝတ်လူဆီလျှောက်သွားရင်း မေးလိုက်သည်။


.......


ဒါက အကြီးအကဲကောင်စီက ဘယ်လိုအချက်အလက်ကိုမှရှာမတွေ့ခဲ့ဘူးဆိုတဲ့နောက်ကွယ်ကအကြောင်းအရင်းလား...ဒါပေမဲ့ ဘာလို့သူဖြစ်နေတာလဲ သူကအကြီးအကဲတယောက်မဟုတ်ဘူးလား...


ယောင်စစ်၏စိတ်ထဲတွင်အတွေးများဖြင့်ရှုပ်ထွေးနေသောကြောင့် သူတို့ပြောဆိုနေသည့်စကားများကိုနားမထောင်မိပေ။


သိပ်မကြာခင်၌ သူတို့အားလုံးမူရွှမ်၏နောက်သို့ လိုက်သွားကြသည်။ကောင်းကင်ယံတွင်စွမ်းရည်တိုက်ခိုက်မှုများဖြင့်ပြည့်နှက်နေသော်လဲ အခြေအနေကထိန်းချုပ်မှုအောက်တွင်ပင်ရှိနေသေးသည်။


ယွမ်ဟန်၏စက်ရုပ်ကလဲအထင်ကြီးစရာကောင်းလှပေသည် များပြားလှသောသွေးစုပ်ဖုတ်ကောင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေရသည့်တိုင်အောင် သူကရှုံးနိမ့်မည့်အရိပ်အယောင်မရှိသေးပေ။


"ဒါတွေကိုအဆုံးသတ်ဖို့အချိန်ရောက်ပြီ..."


မူရွှမ်သက်ပြင်းတချက်ချလိုက်ပြီး ရှေ့သို့ခြေတလှမ်းတိုးလိုက်သည်။ထို့နောက် သူ့ထံမှရင်းနီးကျွမ်းဝင်နေသောစွမ်းအားတခုပေါက်ကွဲထွက်လာပြီး ကောင်းကင်ဘုံမှပေးအပ်ထားသောခြံတခုလုံးကိုပျံ့နှံ့သွားလေသည်။


ယောင်စစ်၏နှလုံးသားတခုလုံးတုန်လှုပ်သွားပြီး သူမ၏‌ခြေထောက်များပျော့ခွေသွားလေသည်။


၎င်းကသွေးစုပ်ဖုတ်ကောင်တယောက်၏ သွေးမျိုးဆက်ဖိနှိပ်မှုတရပ်ပင်ဖြစ်သည်။နောက်တခဏအတွင်းမှာပင် ကောင်းကင်ပေါ်၌ပြန့်ကြဲနေသောစွမ်းရည်များအားလုံးရပ်တန့်ခံလိုက်ရပြီး...ယောင်စစ်နှင့်ပိုင်ရိအပါအဝင်ထိုနေရာ၌ရှိ‌နေသောသူများအားလုံးကအတင်းအကြပ် မြေပြင်ပေါ်သို့ဖိချခံလိုက်ရလေသည်။


မူရွှမ်က သူ့၏ဖုံးကွယ်ထားသောစွမ်းရည်များကိုဖယ်ရှားလိုက်သည်။


"အရှင်...အရှင်မင်းကြီး..."


စတုတ္ထအကြီးအကဲမြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီးအံ့ဩတုန်လှုပ်‌ကြောက်ရွံ့နေသောမျက်ဝန်းများဖြင့်သူတို့သုံးယောက်ကိုကြည့်လာ‌လေသည်။ ထို့နောက်သူတစုံတရာကိုတွေးမိနေပုံဖြင့်ငြိမ်သက်သွားပြီး နှုတ်ခမ်းတဖက်တွန့်ယုံပြုံးလိုက်သည်


"နောက်ဆုံးတော့လည်း မင်းတို့အားလုံးသိသွားကြပြီပဲ..."


"မင်းတို့ပဲ..."


သွေးမျိုးဆက်၏ဖိနှိပ်မခံရသော တယောက်ထဲသောသူမှာယွမ်ဟန်ပင်ဖြစ်သည်။သူ့၏အမူအယာကိုမမြင်ရသော်လဲ သူ့၏ဒေါသထွက်နေသောလေသံအရ ယောင်စစ်တို့ကိုမှတ်မိသွားကြောင်းသိသွားပေသည်။


"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ...မင်းတို့ကိုလိုက်ရှာရမဲ့ဒုက္ခကနေကင်းလွတ်သွားပြီ..."


သူ့၏အနီရောင်တောက်တောက်ဓားကိုဝှေ့ယမ်းရင်းပြောလိုက်၏


"ဟမ့်...ဒီနေ့မင်းတို့ဘုရင်ဒီကိုရောက်နေတယ်ဆိုရင်တောင်မှ...ငါ့ရဲ့ရှုံးနိမ့်မှုအတွက် မင်းတို့အားလုံးကိုလက်စားချေသတ်ဖြတ်ပြစ်မယ်...မင်းတို့ထဲကတယောက်မှလွတ်မြောက်မှာမဟုတ်ဘူး..."


ယောင်စစ်ထိတ်လန့်သွားသည်။


" ဒီကောင်ကဦးနှောက်ရောကောင်းသေးရဲ့လား..."


သူကမူရွှမ့်ရှေ့တွင်ပြောဝံ့သော ပထမဦးဆုံးလူဖြစ်သည်။


နင်ဦးနှောက်မကောင်းဘူးဆိုရင်လဲ...ကိုယ့်ကိုကိုယ် အရင်ဆုံးကုသရမယ်လေ...