အပိုင်း ၁၁၂
Viewers 18k

Chapter 112

အမြင့်ဆုံးအမိန့်


ယွမ်ဟန်၏ဝင့်ကြွားနေသောပုံစံက အားလုံးကိုအံ့အားသင့်စေသွားပြီး မူရွှမ့်ကိုပင်တိတ်ဆိတ်ငြိမ်သက်သွားစေသည်။


သူအရမ်းကို သတ္တိကောင်းလွန်းတယ်လို့ပြောရမယ်... ဒီစကြဝဠာတစ်ခုကြီးကိုလှန်လှောရှာရင်တောင်မှပဲ...မူရွှမ့်ကိုမျက်နှာချင်းဆိုင် စိန်ခေါ်ဝံ့တဲ့လူနောက်တယောက်ရှိမှာမဟုတ်တော့ဘူး...


ယောင်စစ်တွေးတောနေမိသည်၊ ထို့အပြင်ယွမ်ဟန်ကတကယ့်ကိုအလေးအနက်ပြောနေပုံရလေသည်။


ရုတ်တရက် သူ၏စက်ရုပ်ဆီမှအနီရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုအလင်းတန်းက စူးရှလာပြီး ပို၍နီဆွေးသော အနီရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ခရမ်းရောင်အဖြစ်သို့ ဆက်တိုက်ထပ်ပြောင်းသွားသည်။


"ဒီစက်ရုပ်က ပုတ်သင်ညိုလားဟ...ဘယ်လိုဖြစ်ပြီးအရောင်ဆက်တိုက်ပြောင်းနေတာလဲ..." 


"နောက်ထပ်အဆင့်မြှင့်တင်မှုလား..."


ပိုင်ရိ ထိတ်လန့်တကြားအော်လိုက်သည်။


"ဒီစက်ရုပ်ကအခုပဲ 'SSS' အဆင့်ထိမြှင့်ထားပြီးပြီမဟုတ်ဘူးလား...ဘာလို့ထပ်မြှင့်နေတာလဲ...အခုဘယ်အဆင့်ဖြစ်သွားပြီလဲ..."


"Super 'S' "


မူရွှမ်ပေါ့ပေါ့ပါးပါးပင်ပြန်‌ဖြေလိုက်သည်။ထို့နောက်သူစက်ရုပ်ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်၏။


"ဒီစက်ရုပ်ကို ရင်းနှီးနေသလိုပဲ..."


"Super 'S' ဟုတ်လား..."


ယောင်စစ်ငြိမ်သက်သွားသည် မူရွှမ်ကပထမဦးဆုံးအကြိမ်တွေ့ဆုံစဉ်၌ပင် Super 'S' ဟုပြောကြားခဲ့သည်။မူလကစက်ရုပ်၏အချက်အလက်များကိုစစ်ဆေးရာတွင် 'S' အဆင့်ဟုသာပြောခဲ့၏။


ဒီတော့ သူပြောတဲ့ 'S'ဆိုတာကရိုးရိုး'S'မဟုတ်ပဲနဲ့  ပိုပြီးအဆင့်မြင့်တဲ့'S'ကိုရည်ညွှန်းနေတာလား...


"ဒီစက်ရုပ်က တကယ့်ကိုအံ့မခမ်းပဲ..."


" မင်းတို့သွေးစုပ်ဖုတ်ကောင်တွေက ဒီစကြဝဠာကြီးရဲ့ အမှိုက်သရိုက်တွေပဲ..."


ယွမ်ဟန်က သူတို့အားလုံးကိုမထီမဲ့မြင်ဟန်ဖြင့်ငုံ့ကြည့်လိုက်သည်။ အစောပိုင်းကသူ့ကိုစော်ကားထားမှုများက သူ့စက်ကိုအဆင့်မြှင့်ပြီးသည်နှင့်အားလုံးပြောင်းလဲသွားပေလိမ့်မည်။


"ဒီ‌နေ့ကစပြီးတော့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ခေတ်ကုန်သွားပြီ..."


သူက သူ့၏စကားကိုပြင်းပြင်းထန်ထန်ကြွေးကြော်လိုက်ပြီး လက်ထဲမှဓားကိုဝှေ့ယမ်းလိုက်သည်။


အနီ‌ရောင်မီးလုံးတစ်ခုက ကောင်းကင်ပေါ်သို့ တက်သွားသည်။ ထိုမီးအလင်းတန်းကပြင်းထန်လှပြီး စက်ရုပ်ကိုဝန်းရံသွားလေသည်။ ပြီးသည်နှင့် စက်ရုပ်၏နောက်ကျောဘက်တွင် အတောင်ပံတစ်စုံထွက်ပေါ်လာလေ၏။


၎င်းက ကောင်းကင်ဘုံမှ ဆင်းသက်လာသော တမန်တော်တစ်ပါး အလားထင်မှတ်မှားစေသည်။ စက်ရုပ်က ကြီးကျယ်ခမ်းနားပြီးအံ့အားသင့်ဖွယ်ကောင်းလှသော အ‌ရောင်အဝါကိုထုတ်လွှင့်ထားလေသည်။


အကယ်၍နောက်ခံတီးလုံးသာရှိပါက ၎င်းကိုပြီးပြည့်စုံသောရုပ်ရှင်ဇာတ်ကား၏ဇာတ်ဝင်ခန်းအဖြစ်မှတ်ယူနိုင်ပေလိမ့်မည်။


စက်ရုပ်မှ ထုတ်လွှင့်လိုက်သော မီးတောက်ကလည်း ကောင်းကင်ဘုံမှပေးအပ်ထားသောခြံတခုလုံးကို အပူချိန်အနည်းငယ်တိုးမြင့်လာစေသည်။ထိုမြင်ကွင်းတခုလုံးကယောင်စစ်ကိုထိတ်လန့်မသွားစေသည့်အပြင် ကျယ်လောင်စွာရီမောမိစေလေသည်။


တောင်ပံတွေကတကယ်ပဲ ကြီးမြတ်ပါတယ်...ဒါပေမဲ့ သူ့ရဲ့အသွင်အပြင်တခုလုံးကိုပိုပြီးတော့ ဂရုမစိုက်သင့်ဘူးလား...အနီရောင်‌တောက်ပြီးတော့ရက်စက်ကြမ်းကြုတ်တဲ့ပုံပေါက်နေပြီလေ...အဲ့မှာတင်မိုက်နေပြီ...အဲ့တာကိုအတောင်ပံနှစ်ခုထပ်ထဲ့လိုက်တယ်ဆိုတော့...ဟိဟိ...ကြက်ကင်နဲ့တူသွားတယ်...


ဒါပေမဲ့ ဒါဘယ်လို သောက်ကျိုးနည်းစက်မျိုးလဲ... သူ့ကိုယ်သူ စပယ်ရှယ်အဖက်တွေထည့်နိုင်တဲ့အပြင်ကို Automatic လဲအဆင့်မြင့်နိုင်သေးတယ်...ဒါမျိုးကိုသူမကျောင်းသင်ခန်းစာတွေထဲမှာတောင်မသင်ဖူးပါဘူး...


"မင်းကြိုက်လား..."


မူရွမ်ကယောင်စစ်ကို စူးစူးရှရှကြည့်၍မေးလိုက်၏။


"အာ..."


ယောင်စစ်မည်သို့တုံ့ပြန်ရမှန်းမသိဖြစ်သွားသည်။ 

ဘာအဓိပ်ပါယျလဲဟ...


သူစကားမဆိုနိုင်ခင်မှာပင် ယွမ်ဟန်ကသူ့၏ဓားကောက်ကို သူတို့ရှိရာဆီသို့ချိန်ရွယ်လာလေသည်။ ကောင်းကင်တခွင်လုံးတွင် တောက်ပနေသောမီးတောက်များက ကောင်းကင်ကိုအနီရောင်ဆီဆိုးသကဲ့သို့ ပြောင်းလဲသွားစေလေပြီ။ ရဲရဲတောက်နေသောအနီရောင်ဓားကောက်က ကြယ်ကြွေကျလာသလိုအရှိန်မျိုးဖြင့် မူရွှမ်ဆီသို့တိုးဝင်လာသည်။


"မူရွှမ်..."


ယောင်စစ်အော်လိုက်မိပြီး မူရွှမ်၏လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ သူ့စွမ်းရည်များကိုကောင်းကောင်းသိထားသော်လည်း  စိုးရိမ်ပူပန်မိခြင်းကိုမူမဟန့်တားနိုင်ပေ။


နေဦး...ပေါက်ကရတွေးရမဲ့အချိန်မဟုတ်ဘူး...တိုက်ခိုက်ရေးစွမ်းရည်တွေကို အာရုံစိုက်ရမယ်...အာရုံစိုက်..


ထိုဓားကောက် သူ့ကိုထိတော့မည် ဖြစ်သော်လဲမူရွှမ်က ရှောင်တိမ်းမည့်အရိပ်အယောင်မရှိပေ...သူလက်ဖဝါးကိုအသာမြှောက်လိုက်ချိန်၌ ဝီကနဲအသံဖျော့ဖျော့လေးထွက်ပေါ်လာပြီး အရှိန်အဟုန်ဖြင့်လာနေသောဓားက သူ့လက်ဖဝါးနှင့်ထိတော့မည့်အချိန်တွင် ရပ်တန့်သွားသည်။ တကယ်တမ်းတွင်ထိုလက်နက်ကအလွန်တရာကြီးမားနေပြီး 

လူတယောက်၏ အရပ်အမြင့်လောက်ရှိနေသော်လည်း မူရွှမ်ကမူ ပိုက်လေးတချောင်းကိုကိုင်ထားသလိုမျိုး အားစိုက်ထုတ်မှုမရှိပဲ ကိုင်ထားလေသည်။ ထိုမျှမကသေးပဲ ယွမ်ဟန်၏စက်ရုပ်ကလဲ ပင့်ကူအိမ်တွင်ကပ်ငြိပိတ်မိနေသကဲ့သို့ ရပ်တန့်နေလေသည်။


"မင်း... မင်း... ဘာလုပ်လိုက်တာလဲ..."


ယွမ်ဟန်အနည်းငယ် စတင်၍စိုးရိမ်ပူပန်လာသည်။ သူအားစိုက်ထုတ်၍ ဓားကောက်ဆီကိုမူရွှမ် ၏ဆုပ်ကိုင်ထားမှုတွင်းမှလွတ်မြောက်အောင်ဆွဲလိုက်သည်။


သို့သော်လဲ ၎င်းကတုတ်တုတ်မလှုပ်သည့်အပြင် သူ့၏စက်ရုပ်ကလည်းရွေ့လျားမှုမရှိပေ။


"ငါ့ကိုလွှတ်.... ငါ့ကိုလွှတ်စမ်း..."


ယွမ်ဟန် လှုပ်ရှား၍မရသည့်အပြင်သူ့၏စက်ရုပ်လက်များကလည်း ဓားကောက်ဆီတွင် ကော်ဖြင့်ကပ်ထားဟန် ကပ်ငြိနေသည်။မူရွမ်က သူ့ဆီအကြည့်တချက်မျှပင်မစွန့်ကြဲပဲ သူ့ဘေးနားမှ ကလေးလေးကိုလှည့်မေးလိုက်သည်


"စစ်စစ် ဒီစက်ရုပ်ကိုကြိုက်လား..."


"အာ..."


ယောင်စစ် စက်ရုပ်၏လှုပ်ရှားမှုများကိုပြန်လည်သတိရသွားသည်။ သူများများစဉ်းစားမနေတော့ပဲချက်ချင်းပင်ဖြေလိုက်သည်။


"ကြိုက်တယ်..."


"ကောင်းတယ်...ဒါဆိုရင်အဲ့ဒီ့ကိုသွားလိုက်..."


မူရွမ်ခေါင်းညိမ့်ပြီးပြန်ဖြေလိုက်သည်။


"ဟမ် ..."


ဘယ်ကိုသွားရမှာလဲ...ငါ့ကိုဘာလုပ်စေချင်တာလဲ...ကလေးလေးကိုအနိုင်မကျင့်နဲ့နော်...


"သူ့ရဲ့နောက်‌ကျောမှာအပိုင်း(၁၃)ပိုင်းရှိတယ်...အဲ့ဒီမှာစွမ်းအင်နဲ့ချိတ်ဆက်ထားတဲ့အစိမ်းရောင်ခလုတ်လေးရှိတယ်...အဲ့ဒီကိုသွားပြီးတော့ အဲ့ခလုတ်ကိုပိတ်လိုက်..."


မူရွှမ်က သူမ၏မျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလိုက်သည်။ ယောင်စစ်သူဆိုလိုသည်ကို နားမလည်သော်လည်း သူလုပ်ခိုင်းသည့်အတိုင်းလုပ်ရန်ပြင်လိုက်သည်။ သူစက်ရုပ်၏နောက်ကျောဘက်သို့ လျှောက်သွားလိုက်ပြီး အစိတ်အပိုင်းများကိုသေချာ‌ရေလိုက်သည်။


"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."


ယွမ်ဟန် စိုးရိမ်ပူပန်စွာဖြင့်အော်လိုက်သည်။

 

"မင်းတို့ညစ်ပတ်တဲ့သွေးစုပ်ဖုတ်ကောင်တွေ...ငါ့ရဲ့စက်ကိုမထိနဲ့..."


"၁၁... ၁၂.... ၁၃..." 


ယောင်စစ်နောက်ဆုံး၌ မူရွှမ်ပြောလိုက်‌သောအစိတ်အပိုင်းကိုရှာတွေ့သွားပြီဖြစ်သည်။ သူခလုတ်ကိုဆွဲဖြဲရန်ပြင်လိုက်သည်။ သို့သော်လည်း ၎င်းကတုတ်တုတ်မလှုပ်သည့်အပြင် သူ့၏စက်ရုပ်ကလည်း ရွေ့လျားမှုမရှိပေ။


သူမ လျှောက်ကလိလိုက်ရာ 

ကျယ်လောင်သောအသံတခုနှင့်အတူစက်ရုပ်၏အစိတ်အပိုင်းတခုထွက်ပေါ်လာသည်။ ၎င်းနေရာတွင်အစိမ်းအနီ‌ရောနှောနေသောဝါယာကြိုးများတောက်ပနေလေသည်။


"မင်းဘာလို့ လျှပ်စီးကြိုးတွေကိုကြုံသလိုဆုတ်ဖြဲပြစ်ရတာလဲ...အဲ့တာစက်ရုပ်ရဲ့အ‌ရေးကြီးဆုံးခုခံကာကွယ်ရေးစနစ်ကွ...မင်းတို့...ခွေးမသားတွေ ငါ့စက်ရုပ်ကိုဘာလုပ်လိုက်တာလဲ..."


နင်သာခွေးမသား...နင်တို့တမိသားစုလုံးသာခွေးမသား...နင့်စက်ရုပ်ရဲ့ကာကွယ်ရေးစက်ရုပ်အကြောင်းကိုငါဘယ်လိုလုပ်သိမှာလဲ...အဲ့တာပျက်စီးသွားတာငါ့အမှားလား...


"ရွံစရာကောင်းတဲ့ကောင်တွေ..."


ယွမ်ဟန် မကြာခင်ကျရောက်လာတော့မည့်အန္တာရာယ်ကိုသတိပြုမိလိုက်ပြီး ဒေါသကြီးစွာအော်ဟစ်လိုက်သည်။


"မင်းတို့ကဒုတိယမြောက်ထိန်းချုပ်မှုကိုလုပ်ပြီး ငါ့စက်ရုပ်ကိုအပိုင်သိမ်းချင်နေတာလား...

Super 'S'အဆင့်ရှိတဲ့စက်ရုပ်က သာမန်စက်ရုပ်တွေလိုမဟုတ်ဘူး...မင်းတို့အလွယ်တကူထိန်းချုပ်နိုင်မယ်လို့ထင်နေတာလား... ငါ့ကိုလွှတ် ငါ့ကိုလွှတ်စမ်း..."


ယွမ်ဟန် လှုပ်ရှား၍မရသည့်အပြင်  သူ့၏စက်ရုပ်လက်များကလဲဓားကောက်ရှည်တွင်ကော်ဖြင့် ကပ်ထားသလိုမျိုးကပ်ငြိနေသည်။


.....


ဒါပေမဲ့ မူရွှမ်ကခလုတ်တခုထဲလို့ပြောလိုက်တာမဟုတ်ဘူးလား...ဘာလို့ဒီမှာကအတန်းလိုက်ကြီးရှိနေတာလဲ...


"မူရွှမ်...ဘယ်ခလုတ်ကအစိမ်းရောင်လဲ ဒီမှာကအစိမ်းရင့်ရင့် မြက်ခင်းစိမ်း...အစိမ်းဖျော့ဖျော့ ဒီလိုမျိုးအစိမ်းတွေထပ်နေတာမျိုးကို ငါမခွဲနိုင်တော့ဘူး..."


"ဒုတိယတန်းက တတိယခလုတ်..."


မူရွှမ်က အေးဆေးသက်သာစွာပဲပြန်ပြောလိုက်သည်


"အိုး...ငါသိပြီ...ဒါပန်းသီးစိမ်းပဲ..."


နှစ်စက္ကန့်အတွင်းမှာပင် Super 'S'အဆင့်စက်ရုပ်ကသတ္ထုအစိတ်အပိုင်းပုံအဖြစ်သို့ပြောင်းလဲသွားလေသည်။


တချို့အစိတ်ပိုင်းများက ဘေးဘက်သို့လွင့်စင်သွားပြီးအလယ်ခေါင်တွင် မယုံကြည်နိုင်စွာဖြင့်ထီးထီးကြီးရပ်နေသော ယွမ်ဟန်ကိုချန်ထားခဲ့လေသည်။


မူရွှမ်ကသူ့လက်ထဲတွင်ဓားကောက်ရှည်ကို ကိုင်ဆုပ်ထားဆဲဖြစ်သည်။


ယောင်စစ်မျက်ခုံးကြုတ်လိုက်မိသည်။


"ငါ ဘာခလုတ်ကိုနှိပ်လိုက်မိတာလဲ..."


"ဒါ ဒါမဖြစ်နိုင်ဘူး...ဒါလုံးဝမဖြစ်နိုင်ဘူး..."


ယွမ်ဟန်သူ့ရှေ့မှ သတ္ထုအပိုင်းအစပုံကြီးကိုပြူးကြောင်ကြောင်မျက်ဝန်းများဖြင့်ကြည့်နေမိသည်။ မူလကဝင့်ကြွားထောင်လွှားနေသော သူ့၏မျက်နှာပေါ်တွင်ကြောက်ရွံ့တုန်လှုပ်မှုများ အစားထိုးဝင်ရောက်လာလေပြီ။


"မဖြစ်နိုင်ဘူး...ဒီစက်ကမကျော်လွှားနိုင်တဲ့ အဆင့်တခုကိုရောက်နေပြီ... ဒါအရင်စကြဝဠာရဲ့အသိဉာဏ်အရှိဆုံးစက်ပဲ...တခြားဘယ်သူမှသူ့ကိုကျော်လွန်နိုင်မှာမဟုတ်ဘူး...ဒါကိုငါရနိုင်ဖို့အတွက်ဘယ်‌လောက်နာကျင်မှုတွေဖြတ်ကျော်ခဲ့ရလဲဆိုတာကို မင်းတို့‌ တွေးတောင်တွေးနိုင်မှာမဟုတ်ဘူး..."


"ဒါကို ဒီတိုင်းပဲဖျက်ဆီးလိုက်ဖို့လုံးဝဖြစ်နိုင်ဘူး..."


"အရင်စက်ကြဝဠာ...ဟုတ်လား..."


ယောင်စစ်မျက်တောင်ခတ်လိုက်မိသည်။


"ဒါဆိုရင် ဒါသူလုပ်ထားတဲ့စက်မဟုတ်ဘူးပေါ့...အဲ့တာဆို အဲ့လောက်မောက်မာဖို့အကြောင်းပြချက်တွေဘယ်ကများရလာတာလဲ..."


"အဲ့တာမင်းပဲ...မင်းပဲ...ငါ့စက်ရုပ်ကိုဖျက်ဆီးလိုက်တာ..."


ဒေါသတောက်လောင်နေသောမျက်ဝန်းများဖြင့် ယောင်စစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။သူ့လက်ထဲမှ သတ္ထုပိုင်းတစ်ခုနှင့် ယောင်စစ်ဘက်သို့လှည့်၍တိုက်ခိုက်လိုက်သည် 


"သောက်ကျိုးနည်း...သူကအားအနည်းဆုံးသူကို‌ရွေးတိုက်နေတာလား...ငါ့ဖေဖေကိုတော့ ရင်မဆိုင်နိုင်ဘူးပေါ့လေ..."


ယောင်စစ်အနောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။ သို့သော်ထိုခဏလေးအတွင်းမှာပင်  ပြင်းထန်လာသော စိတ်စွမ်းအားတစ်ရပ်က ယွမ်ဟန်ပေါ်သို့သက်ရောက်လာသောကြောင့် သူယောင်စစ်၏ အင်္ကျီထောင့်စွန်းလေးကိုပင် မထိလိုက်နိုင်လိုက်ပေ။


မူရွှမ် ယွမ်ဟန့်ကို သတ္ထုပုံကြားထဲပစ်ထည့်လိုက်သည်။


"ငါ့ကလေးလေးကိုထိဖို့ မင်းကိုဘယ်သူကများခွင့်ပြုလိုက်တာလဲ..."


သတ္ထုအစိတ်ပိုင်းများကတုန်ခါကာ လွင့်စင်သွားပြီးနောက်...ခရမ်းရောင်အလင်းများ တောက်ပနေသော ဘောလုံးလိုအရာတစ်ခု ပေါ်လာလေသည်။ ၎င်းက ထူးခြားပုံပေါ်လေသည်။ တခြားအစိတ်ပိုင်းများအားလုံးမှေးမှိန်သွားသော်လည်း ၎င်းကတောက်ပနေဆဲဖြစ်၏။


ယောင်စစ် စူးစမ်းလိုစိတ်ဖြင့်ထိုအရာကိုထိရန်ကြည့်ရန်ကြံစည်လိုက်သော်လည်း ယွမ်ဟန်ကအလျင်အမြန်မတ်တပ်ရပ်၍ပြေးလာလေသည်။ သူထိုသတ္ထုအလုံးလေးကိုဆုပ်ကိုင်လိုက်ပြီးအော်လိုက်သည် ။


"ငါ့ကိုပေးစမ်း..."


ယောင်စစ် နောက်ပြန်လဲကျလုမတတ်ပင်ဖြစ်သွား၏။ ယွမ်ဟန်က ‌ရွှေ‌ရောင်ဘောလုံးလေးကိုဆုပ်ကိုင်လိုက်ပြီးနောက် ၎င်းတို့ကြားရှိအကွာအဝေးကိုခြားနားစေရန်ပြုလုပ်လိုက်သည်။


"လျှပ်စီး...သွားကြစို့..."


သူ့အသံဆုံးသည်နှင့်ရွှေရောင်ဘောလုံးဆီမှခရမ်းရောင်အလင်းများထွက်ပေါ်လာပြီး.သူ့တကိုယ်လုံးကိုလွှမ်းခြုံသွားလေသည်။


"လျှပ်စီး ဟုတ်လား...ဒါဆိုဒီအလုံးလေးကစက်ရုပ်နှလုံးသားပေါ့ ဒီလောက်တစစီဖျက်ဆီးခံရပြီးတဲ့‌နောက်မှာတောင်မှရှင်ကျန်နေနိုင်သေးတယ်လား..."


အချိန်ခဏအတွင်းမှာပင်အလင်းများကပို၍တောက်ပလာပြီးနောက်ယွမ်ဟန်၏နောက်တွင်ရင်းနှီးနေသော Portal တခုပေါ်လာလေသည်။ထို့နောက်သူ့၏ပုံရိပ်ကထိုအထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်။


"သောက်ကျိုးနည်း...နောက်ထပ်အာကာသ Portal တခုပေါ်လာပြီးနောက်တခါ ထပ်လွတ်သွားပြန်ပြီလား..."


"မူရွှမ်..."


ယောင်စစ်စိုးရိမ်ပူပန်စွာဖြင့်ခေါ်လိုက်သည်။ အကယ်၍သူ့ကိုသာလွတ်သွားခဲ့ပါက သူမတို့၏ခရီးစဉ်တခုလုံးကအကျိုးမရှိဖြစ်သွားပေလိမ့်မည်။


"တကယ်တော့..."


မူရွှမ်ကသူ့၏အတွေးများကိုရှင်းမပြတော့ဘဲ စကားတစ်ခွန်းသာ ထုတ်ဆိုလိုက်သည်။


"နံပါတ်၂၇...ပြန်လာခဲ့..."


"ဟမျ...ဘာလဲဟ..."


သူ့၏အမိန့်သံဆုံးသွားသည်နှင့် ပိတ်သွားသော Portalကပြန်လည်ပွင့်ဟလာကာခရမ်းရောင်အလင်းပြန်လည်ထွက်ပေါ်လာလေသည်။ပျောက်ကွယ်သွားသောယွမ်ဟန်သည်လည်း ထိုနေရာမှနောက်တကြိမ်ဆွဲထုတ်ခံလိုက်ရလေသည်။ ထိုသတ္ထု‌ဘောလုံးလေးက ယွမ်ဟန်ကိုသယ်ဆောင်၍ သူတို့ဆီသို့ပျံသန်းလာလေသည်။


"ဒင်...အမြင့်ဆုံးအမိန့်ကိုလက်ခံရရှိပါပြီ...နံပါတ်၂၇ကသင့်အတွက်ဝန်ဆောင်မှုပေးနေပါပြီ..."


ထိုသတ္ထုဘောလုံးလေးဆီမှ ကွဲပြားသောအသံတခုထွက်ပေါ်လာသည်။ ၎င်းကကလေးတယောက်၏အသံကဲ့သို့ညင်သာပြီးချစ်စဖွယ်ကောင်းလှသော်လည်း အလိုအလျောက်တုံ့ပြန်မှုပင်ဖြစ်သည်။


မူရွှမ်ကသက်တောင့်သက်သာဖြင့်ပြောလိုက်သည်...


"နံပါတ်၂၇ နောက်ဆုံးပိတ်သိမ်းခဲ့တဲ့အချိန်ကိုတင်ပြပါ..."


"ကျွန်တော် ပိတ်ထားခဲ့တာက ၃၅၆၁နှစ်၄လ၁၂နာရီ၄၅မိနစ်နဲ့၁၂စက္ကန့်ကြာခဲ့ပါပြီ...အပြာရောင်ဂြိုလ်ကိုပြန်လည်တွေ့ရှိလိုက်တာနဲ့စမတ်စစ်စတမ်ကလဲအလိုအလျောက်နိုးထလာပါလိမ့်မယ်..."


"ဒါဘယ်လိုအခြေအနေလဲဟ..."


အားလုံးစိတ်ရှုပ်ထွေးကြောင်အနေကြသည်။


."ငါ မင်းကိုအမိန့်ပေးတယ်...နိုးထတော့ ..."


"ဒင်...နိုးထမှုလုပ်ဆောင်နေပါပြီ...70%,80%,100% ...နိုးထမှုပြီးပြည့်စုံသွားပါပြီ..."


မူရွှမ်လက်ဆန့်တန်းလိုက်သည်နှင့် ထိုဘောလုံးလေးကတုန်ခါလာသည်။ ယွမ်ဟန်၏ဆုပ်ကိုင်ထားမှုထဲမှ ခုန်ထွက်ကာ မူရွှမ်၏လက်ပေါ်သို့သက်ဆင်းလိုက်သည်။


နောက်တစက္ကန့်အတွင်းမှာပင်၎င်းကချစ်စဖွယ်အသံ‌လေးထွက်ပေါ်လာလေသည်။


"ချစ်ဖေဖေ...မတွေ့ရတာတောင်တော်တော်ကြာနေပြီ ဘောလုံးလေးကအရမ်းလွမ်းနေမိတာ..."


"အင်း..."


မူရွှမ်တုံ့ပြန်လိုက်ပြီးသည်နှင့် တခြားသူများဘက်သို့လှည့်ကြည့်၍ပြောလိုက်သည်။


"ငါပြောဖို့မေ့သွားတယ်...အရင်တုန်းကငါအရမ်းပျင်းနေတဲ့အချိန်မှာ ဒီစမတ်စစ်စတမ်ကိုလုပ်ခဲ့တာ..."


ပိုင်ရိ "...."


စတုတ္ထအကြီးအကဲ ".... "


ယောင်စစ် "....."  

အင်းပါ အဲ့တာကနင့်ပုံစံပါပဲ...


ယောင်စစ် ယွမ်ဟန်အတွက်စိတ်ထဲမှအမွှေးတိုင်ထွန်းပေးလိုက်လေသည်။