Chapter 113
ယွမ်ဟန်၏ လက်ဖက်ရည်အိုး...
"ချစ်ဖေဖေရေဘောလုံးလေးကတော့ပျင်းနေပါပြီ...ဘောလုံးလေးစကြာဝဠာကွန်ရက်ထဲကိုဝင်ရောက်လို့ရမလား..."
"ချစ်ဖေဖေဘောလုံးလေးဒီကွန်ရက်ကိုမသုံးနိုင်တော့ဘူး...သူတို့ရဲ့အကာအကွယ်ကိုချိုးဖောက်ဖို့အတွက်ငါးစက္ကန့်ပဲကြာတယ်...အရင်တုန်းကတောင်မှပဲဆယ်စက္ကန့်လောက်ကြာတယ်..."
"ချစ်ဖေဖေရေ အိမ်ရဲ့အကာအကွယ်စစ်စတမ်ကအရမ်းအားနည်းနေတယ်...ဟက်ခ်လိုက်ရမလား..."
"ချစ်ဖေဖေ ဘောလုံးလေးအတွက် အပြင်အခွံအသစ်ဝယ်ချင်တယ်...အဲ့တာစကြာဠာငွေကြေးကိုအသုံးပြုလိုက်လို့ ရမလား...ဘောလုံးလေးအဝတ်အစားအသစ်တွေလိုချင်နေပြီ..."
"ချစ်ဖေဖေရေ..."
ထိုဘောလုံးလေးဟုခေါ်သောစမတ်စစ်စတမ်က သူ့၏ရွှင်မြူးနေခြင်းကမရပ်တန့်နိုင်သကဲ့သို့ပင်။ အိမ်ကိုပြန်ရောက်ကတည်းက တစ်ချိန်လုံး မူရွှမ်ကိုခေါ်နေပြီး အကြောင်းအရာမျိုးစုံကို မရပ်မနားပြောဆိုကာဆူညံနေစေသည်။
"ချစ်ဖေဖေ...ဟွန့်..."
ယောင်စစ်ထိုအသံကြားနေရခြင်းအားမကျေမနပ်ဖြစ်နေမိသည်။ မူရွှမ်က ထိုအရာလေးအားဖန်တီးထားသူဖြစ်သောကြောင့် ထိုသို့ခေါ်ဆိုသည်ကိုနားလည်သော်လည်း တကယ်တမ်းတွင်သူမအရင်ကအသုံးပြုခဲ့သည့် ဖေဖေဟူသော အသုံးအနှုန်းအား အခြားတစ်ယောက်ကသုံးနေခြင်းကို မကြည်ဖြူနိုင်ဖြစ်နေသည်။
"အခုတော့အိမ်မှာ ကလေးကတစ်ယောက်ထက်မကပိုရှိနေပြီ..."
ဘောလုံးလေးကတအိမ်လုံးကိုလှည့်ပတ်လျှောက်သွားပြီးနောက် ယောင်စစ်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်လေသည်။
"ဟင်...ချစ်ဖေဖေ...ဒီလူကဘယ်သူလဲ...ဘာလို့ငါတို့နောက်ကိုလိုက်လာတာလဲ..."
"အောင်မယ် ရာရာစစ နင်သာငါတို့နောက်ကိုလိုက်လာတာ..."
"နံပါတ်၂၇..."
မူရွှမ်က လှည့်ပတ်သွားနေသောဘောလုံးလေးကိုလှမ်းဆွဲပြီးတားဆီးလိုက်သည်။ ထို့နောက်ယောင်စစ်၏လက်ထဲသို့ ထည့်ပေးလိုက်၏။
"စစ်စစ်ကငါ့ရဲ့ကလေးလေးပဲ သူ့ရဲ့အချက်အလက်တွေကိုမင်းရဲ့စစ်စတမ်မှာစာရင်းသွင်းထားလိုက်...သူမကမင်းရဲ့သခင်ဖြစ်လာလိမ့်မယ်..."
မူရွှမ်ကယောင်စစ်၏ခေါင်းလေးကိုခပ်ဖွဖွပုတ်ကာချစ်မြတ်နိုးသောအကြည့်များဖြင့်ကြည့်၍ပြောလိုက်သည်။
"ဒီမှာ မင်းလိုချင်တဲ့ဘောလုံးလေး...သဘောကျလား..."
ယောင်စစ်ငြိမ်သက်သွားပေသည်...သူမကထိုစက်ကိုလိုချင်သည်ဟု ပြောခဲ့ဖူးသော်လည်း စွမ်းအင်များပြည့်ဝနေသည့်ဘောလုံးလေးကိုမဆိုလိုခဲ့ပေ။
ဘာပဲဖြစ်ဖြစ်လေစက်တခုရတာကောင်းတာပဲဟာ....
"ကလေးလေး..."
ဘောလုံးလေးက မလှုပ်မယှက်အချိန်အကြာကြီးငြိမ်သက်သွားလေသည်။ ထို့နောက်ယောင်စစ်ကို စစ်ဆေးကြည့်ရှုနေသလိုမျိုး အကြိမ်ပေါင်းများစွာလှည့်ပတ်နေသည်။ ခဏအကြာ၌ သူ့ဆီမှစိတ်လှုပ်ရှားနေသော ကလေးအသံလေးထွက်ပေါ်လာလေသည်။
"ဒင်...စစ်ဆေးခြင်းပြီးဆုံးသွားပါပြီ..."
"ဝါး...တကယ်ပဲ...အဲ့ဒါတကယ်ပဲ...ဖေဖေရဲ့အချက်အလက်တွေကချစ်ဖေဖေနဲ့ အနီးစပ်ဆုံးတူညီနေတယ်...ချစ်ဖေဖေမှာတကယ်ပဲကလေးလေးရှိနေတာပေါ့..."
ဘောလုံးလေးကခုန်လိုက်ပြီး သူမရှိရာဆီသို့ အရှိန်ဖြင့်လှိမ့်လာလေသည်။ ထို့နောက်သူတစ်စုံတစ်ခုကိုတွေးမိသွားပုံဖြင့် သူမ၏လက်ဖဝါးထဲတွင် နာခံသည့်ပုံစံလေးဖြင့် လှုပ်ခါလိုက်ပြီး ချစ်ခင်စွာခေါ်လိုက်လေသည်။
"ချစ်မေမေ..."
(╯‵□′)╯︵┻━┻
ချစ်မေမေ...ဟုတ်လား...သူကမူရွှမ့်ကိုချစ်ဖေဖေလို့ခေါ်နေတာလေ...ဘာလို့သူမကိုမျိုးဆက်တစ်ဆက်မြှင့်ပြီး ခေါ်နေရတာလဲ...မဟုတ်မှလွဲရော ဘောလုံးလေးကသူမတောင် သတိမပြုမိခဲ့တဲ့သွေးစုပ်ဖုတ်ကောင်တွေရဲ့ထုံးစံအကြောင်းကိုသိနေတာလား...
ယောင်စစ်တစ်ယောက် ချက်ချင်းပဲ စကြာဠာတခုလုံးတွင်သူမ၏ဉာဏ်ရည်ကသာအနိမ့်ဆုံးဟုခံစားမိသွားသည်။
"ချစ်မေမေ ဘောလုံးလေးကလေ အခုချိန်ကနေစပြီး...သေတဲ့အချိန်ထိမေမေ့ရဲ့ပိုင်ဆိုင်မှုဖြစ်သွားပါပြီ..."
"ချစ်မေမေ..... ဘောလုံးလေးက ချစ်မေမေအတွက်တခုခုကိုဝင်ရောက်ဟက်ခ်ပေးရမလား...စကြာဝဠာထဲကမဟာမိတ်ပေါင်းစုအဖွဲ့ရဲ့ဒေတာတွေကိုလိုချင်လား...ဘယ်နေရာပဲဖြစ်ဖြစ်နော်ဘောလုံးလေးကအလွယ်တကူကျော်ဖြတ်နိုင်တယ်..."
"ချစ်မေမေဘောလုံးလေးသာရှိနေလို့ကတော့လေ ဒီစကြာဝဠာတခုလုံးကမေ့မေ့လက်ထဲမှာပဲ..."
ယောင်စစ်၏မျက်နှာထားကတင်းမာသွားသည်။
"နင်... နင်အဲ့တာယွမ်ဟန်ပြောနေကြစကားကိုပြောလိုက်တာမလား...ဒီတော့ ယွမ်ဟန်မောက်မာနေတာက ဒီစစ်စတမ်ကြောင့်များလား..."
"အဲ... "
ဘောလုံးလေးကအေးခဲသွားပြီးနောက်သူ့၏ပိုင်ရှင်ဟောင်းကို ရုတ်တရက်သတိရသွားကာ အလင်းရောင်များမှိန်ဖျော့သွားသည်။ သူကဝမ်းနည်းအားငယ်စွာကြည့်ပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်လေသည်။
"ဘောလုံးလေးက အဲ့ဒီ့အချိန်တုန်းက အပြည့်အဝမနိုးထသေးပါဘူး...သန့်စင်တဲ့လူသားDNA ရှိတဲ့လူတိုင်းကိုကာကွယ်ရမယ့် လုပ်ဆောင်ချက်အတိုင်းပဲ လုပ်ဆောင်ခဲ့မိတာပါ...ချစ်ဖေဖေခေါ်လိုက်တဲ့အချိန်မှသာ ဘောလုံးလေးက အပြည့်အဝနိုးဝလာတာပါ...ချစ်မေမေကိုရန်စဖို့မရည်ရွယ်ပါဘူး..."
"လူသား DNA ဟုတ်လား..."
ယောင်စစ်မူရွှမ့်ကိုစိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်မိသည်။
"ဟုတ်တယ် အဲ့တာကဒီစနစ်ရဲ့ပထမဆုံးစည်းမျည်းပဲလေ...ငါသူ့ကိုဒီဇိုင်းဆွဲခဲ့တဲ့အချိန်တုန်းက တခြားမတော်တဆဖြစ်ရပ်တွေ ဖြစ်လာမှာမျိုးကိုစိုးရိမ်ခဲ့တယ်...ဒါကြောင့်သခင်မရှိချိန်မှာလဲတချို့လိုက်နာရမဲ့စည်းကမ်းတွေကိုထပ်ဖြည့်ခဲ့တယ်..."
"အဲ့တာက သူသွေးစုပ်ဖုတ်ကောင်တွေကို လုံးဝနာကျင်အောင်မလုပ်ရဘူးဆိုတာနဲ့ လူသားDNAရှိတဲ့လူတိုင်းကိုတတ်နိုင်သမျှကာကွယ်ပေးရမယ်ဆိုတာပဲ..."
ဒါပေမဲ့ နောက်တစ်ချက်ကိုပိုပြီးတော့ဦးစားပေးလုပ်ထားခဲ့တယ်...ဆိုလိုတာက ဘောလုံးလေးက လူသားနဲ့ သွေးစုပ်ဖုတ်ကောင်တို့ ယှဉ်လာရင် လူသားကိုပို၍အကာကွယ်ပေးမည်ဟုဆိုလိုတာပဲ..
လူသားများနှင့်သွေးစုပ်ဖုတ်ကောင်တို့ယှဉ်လာလျှင် လူသားများကသာ ပို၍ထိခိုက်အားနည်းသောကြောင့်...ထိုအချက်ကိုနားလည်နိုင်ပေသည်။ ဒါကဘောလုံးလေးသည် ယွမ်ဟန်ကိုဘာကြောင့်ကာကွယ်နေသည်ဆိုသည်ကို ရှင်းပြပြီးသားဖြစ်သွားသည်။
သို့သော်လည်း သူမူရွှမ်၏အမြင့်ဆုံးအမိန့်ကိုကြားလိုက်ရချိန်၌နိုးထလာခဲ့သည်။
ရုတ်တရက်ယောင်စစ် ယွမ်ဟန်ကိုသနားသွားမိသည်။ နံပါတ်၂၇ကအပြည့်အဝမနိုးခဲ့သော်လည်း ယွမ်ဟန်ကိုပိုင်ရှင်ဟောင်းဟု ယူဆနိုင်သေးသည်ဟုထင်မိသည်။ သို့သော်လည်း တကယ်တမ်းတွင်နံပါတ်၂၇ကသူ့ကိုကာကွယ်ရမည့်မျိုးစိတ်အဖြစ်
သတ်မှတ်ထားခြင်းသာဖြစ်ပြီး ပိုင်ရှင်အဖြစ်မသတ်ခဲ့ပေ။
တကယ်ကိုပဲ သူ့အတွက်ဖယောင်းတိုင်ထွန်းပေးဖို့အချိန်တန်ပြီ...
"ဒါနဲ့နေပါဦး...ဘာလို့နံပါတ်၂၇ဖြစ်နေတာလဲအရှေ့မှာ၂၆ယောက်ရှိသေးတာလား..."
"အဲ့လိုမျိုးမဟုတ်ပါဘူး...ဘောလုံးလေးကထူးခြားပါတယ်...ချစ်ဖေဖေကအရမ်းပဲအထီးကျန်ပျင်းရိနေတာကြောင့် နံပါတ်၂၇လို့ပေးခဲ့တာပါ...ဒါကတယောက်ယောက်ကိုစကားပြောနေရတဲ့အသံမျိုးနဲ့တူတယ်လေ..."
"ဒင်..."
ဘောလုံးလေး၏စကားမဆုံးခင်မှာပင် မူရွမ်ကတစုံတခုကိုပိတ်လိုက်သလိုမျိုး အလင်းရောင်များမှိန်ကျလာပြီးဘောလုံးလေးကပြုတ်ကျသွားသည်။
"ဘာလို့ပိတ်ပစ်လိုက်တာလဲ..."
"နောက်ကျနေပြီလေ...ငါတို့ညစာစားကြရအောင်..."
"အိုး..."
သူမ အချိန်ကိုကြည့်လိုက်သည်။
"ဒါပေမဲ့အခုမှ ၂နာရီပဲရှိသေးတာလေ...ကျွန်မတို့ခုနလေးတင်မှ နေ့လည်စာစားထားတာမဟုတ်ဘူးလား..."
မူရွှမ်အေးခဲတောင့်တင်းသွားသည် သူပို၍လေးနက်မှန်ကန်သောအသံဖြင့်ပြောလိုက်သည်
"ဒါပေမဲ့ ညစာပြင်ဖို့ကအချိန်လိုတယ်လေ...ဒါကြောင့်ငါအခုပဲသွားပြင်လိုက်တော့မယ်..."
သူဘောလုံးလေးကိုယူလိုက်ပြီး ကမန်းကတမ်းပင်လှည့်ထွက်သွားလိုက်သည်။
နေပါဦးဟယ်...ဘဲသွေးခဲပြင်ဖို့တကယ်ကိုပဲအချိန်လေးနာရီလောက် လိုအပ်လို့လား...
ယောင်စစ်စိတ်ရှုပ်ထွေးစွာဖြင့် မူရွှမ့်ကိုလှမ်းကြည့်လိုက်ချိန် သူ့၏လည်ပင်းများက နောက်တဖန်နီရဲနေပြီကိုတွေ့လိုက်ရသည်.။
"သူဓာတ်မတည့်တာထပ်ဖြစ်ပြန်ပြီလား..."
ယောင်စစ် ဓာတ်မတည့်ခြင်းအတွက်ဆေးဝါးတချို့ရှာဖွေရန်ကြံစည်လိုက်ချိန်တွင် တံခါးမှ အချက်ပေးသံတချို့မည်လာလေသည်။ သူကြည့်လိုက်လေရာ၎င်းက ယောင်ချမ့်ဖြစ်နေပေ၏။
"မူရွှမ်ကိုလာရှာတာလား..."
ယောင်စစ်တံခါးသွားဖွင့်ပေးလိုက်ပြီးနောက် မူရွှမ်ကိုခေါ်ရန်ပြင်လိုက်သည်။
"မဟုတ်ဘူး...မဟုတ်ဘူး...ကျွန်တော်သခင်မလေးကိုလာရှာတာပါ..."
"ငါ့ကိုလား..."
"ဟုတ်ပါတယ်..."
ယောင်ချမ့်ခဏမျှတုံ့ဆိုင်းသွားပြီးနောက်ဆက်ပြောလိုက်သည်။
"စတုတ္ထအကြီးအကဲကသခင်မလေးကိုတွေ့ချင်တယ်ဆိုလို့ပါ...."
ယောင်စစ်အံ့ဩသွားမိသည် ကောင်းကင်ဘုံမှပေးအပ်ထားသောခြံမှပြန်လာပြီးနောက် စတုတ္ထအကြီးအကဲနှင့်ယွမ်ဟန်ကို အကြီးအကဲကောင်စီလက်ထဲသို့လွှဲပေးခဲ့သည်။သွေးစုပ်ဖုတ်ကောင်အကြီးအကဲတစ်ယောက်၏သစ္စာဖောက်မှုက အကြီးကောင်စီတစ်ခုလုံးကို တုန်လှုပ်အံ့ဩသွားေးခဲ့သည်။
၎င်းတို့မျိုးနွယ်က နှစ်ကာလကြာရှည်အောင် ထာဝရရှင်သန်နိုင်ခြင်းအပြင် စည်းလုံးညီညွတ်မှုကြောင့် တခြားမျိုးနွယ်များကို အကြောက်တရားဖြစ်စေခြင်းဖြစ်သည်။ ထို့အပြင် သူတို့မျိုးနွယ်၏ သွေးမျိုးဆက်ဖိနှိပ်မှုကြောင့်မျိုးဆက်သစ်များက အကြီးအကဲများကိုဖီဆန်နိုင်ခြင်းလည်းမရှိပေ။
သူတို့၏မျိုးနွယ်တွင် သစ္စာဖောက်မှုဆိုသောဖြစ်ရပ်မျိုးက ယခင်ကတခါမှမရှိခဲ့ဖူးသောကြောင့်စတုတ္ထအကြီးအကဲ၏ နောက်ကွယ်မှလုပ်ရပ်များကို အကြီးအကဲကောင်စီမှလူများ သတိမပြုမိခဲ့ခြင်းဖြစ်သည်။
"ဒါပေမဲ့ သူကငါ့ကိုဘာလို့တွေ့ချင်တာလဲ..."
သူနဲ့ငါနဲ့လည်းမရင်းနှီးဘူးလေ...လော့ယင်းနေမကောင်းတုန်းကပဲ ခဏလေးတွေ့ဖူးတာမဟုတ်ဘူးလား...ပြီးတော့ ငါကပဉ္စမမျိုးဆက်ဆိုပေမဲ့ အာဏာရှိသူနဲ့တွေ့ချင်တာဆိုရင် မူရွှမ်ပဲဖြစ်သင့်တာလေ...
"သူဘာပြောလိုက်သေးလဲ..."
"ဟင့်အင်း...ကောင်းကင်ပေါ်ကပေးအပ်ထားတဲ့ခြံထဲကပြန်လာပြီးကတည်းက စကားပြောဆိုမှုကိုငြင်းဆိုနေပြီးတော့...သခင်မလေးနဲ့တွေ့ဖို့ပဲတောင်းဆိုနေတာ..."
ယောင်စစ်ခဏမျှစဉ်းစားပြီးနောက်ပြောလိုက်သည်
"ကောင်းပြီလေ...ငါသွားတွေ့လိုက်မယ်...ငါနဲ့တူတူလိုက်ခဲ့ဖို့ပိုင်ရိကိုပြောပေးပါ..."
"ပိုင်ရိ..."
ယောင်ချမ့်က ထိုသူဘယ်သူမှန်းမမှတ်မိပဲ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်သည်။ ထို့နောက်သူခေါင်းညိမ့်သဘောတူလိုက်ပြီး စိုးရိမ်တကြီးအမူအယာဖြင့်ပြန်ထွက်သွားလေသည်။
ယောင်စစ် သူမ မသွားခင်မူရွှမ်ကိုအကြောင်းကြားလိုက်သည်။ သို့သော်အံ့အားသင့်စရာကောင်းစွာပင် မူရွှမ်က သူညစာပြင်ဆင်နေချိန်ဖြစ်သောကြောင့် ဘေးကင်းအောင်ဂရုစိုက်ဖို့သာမှာကြားလိုက်လေသည်။
သူမထွက်သွားသောအခါ၌မူရွှမ် နံပါတ်၂၇ကိုကြည့်လိုက်သည်။ ယခုတော့ နံပါတ်၂၇ရဲ့မှတ်ဉာဏ်တွေကိုရှင်းလင်းဖို့အချိန်တန်ပြီဖြသ်သည်။
ယောင်စစ်စတုတ္ထအကြီးအကဲနှင့် တွေ့ဆုံသောအခါ၌မမှတ်မိလောက်အောင်ပြောင်းလဲသွားလေသည်။ လွန်ခဲ့သည့်နာရီပိုင်းက သူမတို့တွေ့ဆုံခဲ့သော်လည်း ယခုမူသူက ပို၍အသက်အရွယ်ကြီးရင့်ပြီး ပို၍အိုစာသွားပုံပေါက်နေသည်။
သူ့၏ဝိဉာဉ်က စုပ်ယူခြင်းခံလိုက်ရသလိုမျိုး အခွံဗလာသက်သက်သာ ကျန်ရစ်တော့သလိုမျိုးထင်ရသည်။
သူကရုပ်ထုတစ်ခုလိုမျိုး ထိုင်ခုံပေါ်တွင်မလှုပ်မယှက် အသက်မဲ့စွာထိုင်နေလေသည်။ ယောင်စစ်ဝင်လာသောအခါမှသာ ခါးသီးသောအကြည့်များဖြင့်ခေါင်းမော့ကြည့်လာပြီး ခြောက်သွေ့သော နှုတ်ခမ်းပါးတွင်အက်ကွဲသောအပြုံးတခုပေါ်လာသည်။
" သခင်မလေးရောက်လာပြီပဲ..."
"အင်း..."
ယောင်စစ် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"ရှင်ကျွန်မကိုတွေ့ချင်တယ်ဆို ဘာပြောစရာရှိလို့လဲ..."
ယောင်စစ် သူ့ရှေ့မှလူကိုမယုံကြည်နိုင်စွာဖြင့်ကြည့်၍မေးလိုက်သည်။
စတုတ္ထအကြီးအကဲက ခဏမျှငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် သတိပြန်ဝင်လာပုံမျိုးဖြင့်သူမကိုကြည့်လာလေသည်။ သူ့၏လေးနက်လှသော အကြည့်များကြောင့်ယောင်စစ်နှလုံးတစ်ခုလုံး နစ်မြုပ်သွားသလိုပင်ခံစားလိုက်ရသည်။
"သခင်မလေး...ကျွန်တော်အကြောင်းစုံပြောပြလို့ရပါတယ်...သခင်မလေးဘာအကြောင်းအရာကိုသိချင်လဲ ကျွန်တော်ပြောပြပါ့မယ်..."
ယောင်စစ်အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး အလေးအနက်မေးလိုက်သည်။
"ဘာလို့ ယွမ်ဟန်ကိုဖုံးကွယ်ထားပေးတာလဲ..."
"ဘာလို့လဲဆိုတော့ သူကစူးစမ်းလေ့လာဖို့ထိုက်တန်တယ်... သူ့မှာပြီးပြည့်စုံတဲ့လူသား DNA ရှိနေတယ်...ဒါကကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံမှာ လိုအပ်နေတဲ့အရာပဲ...တကယ်လို့သူ့ကိုသာပြီးပြည့်စုံစွာလေ့လာနိုင်ခဲ့မယ်ဆိုရင် လူသားကလေးလေးတွေကိုမွေးဖွားထုတ်လုပ်ပေးနိုင်မှာပဲ..."
"နင်... နင်ဆိုလိုတာကသူကတကယ့်ကိုပဲ ကမ္ဘာမြေပေါ်ကလူသားလို့ဆိုနေတာလား..."
ယောင်စစ်အံ့ဩတကြီးမေးလိုက်သည်။
"မဟုတ်ဘူး..."
သို့သော်လဲအံ့အားသင့်စရာကောင်းစွာပင် အကြီးအကဲကပြန်လည်ငြင်းဆိုလိုက်လေသည်။
"တကယ်တော့သူက ကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံဝန်းထဲက ကိုယ်ပွားတယောက်ပဲ..."
"ကိုယ်ပွားဟုတ်လား..."
ယောင်စစ်ထိုအဖြစ်အပျက်မျိုးမမျှော်လင့်ထားမိပေ။ တကယ်တမ်းတွင် ယွမ်ဟန်ကသူမနှင့်တူနေပြီး အကြောင်းအရာတစ်ခုကြောင့် ယခုမှ ပြန်လည်နိုးထလာခြင်းဖြစ်နိုင်မည်ဟု ထင်နေမိခြင်းဖြစ်သည်။
"ဒါဆိုရင်သူက သူ့ကိုယ်သူကမ္ဘာမြေသားလို့ ပြောနေရတာလဲ..."
"ဒါကိုတော့ကျွန်တော်လည်း တိတိကျကျရှင်းရှင်းလင်းလင်းမသိသေးဘူး..."
"ဒါပေမဲ့ သူက တခြားကိုယ်ပွားတွေနဲ့ မတူပဲ ပြောင်းလဲမှု မပြုလုပ်ခင်မှာ မှတ်ဉာဏ်တွေရနိုင်ခဲ့တယ်...ပြီးတော့သူ့မှာ DNA ရဲ့မှတ်ဉာဏ်အပြည့်အစုံလဲရှိနေတယ်...ဒါကြောင့်သူနိုးလာတဲ့နေ့ထဲကနေကောင်းကင်ဘုံကပေးအပ်ထားတဲ့ခြံထဲက လွတ်မြောက်သွားပြီးတော့ ၅နှစ်ကြာအောင်ပုန်းအောင်းနေခဲ့တယ်..."
"DNA မှတ်ဉာဏ်အပြည့်အစုံဟုတ်လား..."
"ဟုတ်ပါတယ်...ကျွန်တော်တို့သူ့ကိုမျိုးပွားတဲ့အခါတုန်းက သွေးစုပ်ဖုတ်ကောင်တွေရဲ့ပိုင်းခြားထားတဲ့ကမ္ဘာမြေသား DNA ကိုအသုံးပြုခဲ့ပေမဲ့... အကြောင်းအရင်းတစုံတရာကြောင့်သူကသွေးစုပ်ဖုတ်ကောင်တွေမှတ်ဉာဏ်တွေကိုဆက်ခံမရရှိပဲ လူသားမှတ်ဉာဏ်တစ်ခုထည်းကိုပဲ ဆက်ခံရရှိခဲ့တယ်... ပြီးတော့သူက ဒါကိုသူ့ရဲ့ကိုယ်ပိုင်မှတ်ဉာဏ်အဖြစ်ထင်နေပြီးတော့ သူ့ကိုယ်သူလည်း အဲ့ဒီ DNA မှတ်ဉာဏ်ထဲကလူလို့ထင်နေခဲ့တယ်...ပြီးတော့ သူ့ကိုသူစကြာဝဠာကြီးထဲမှာနောက်ဆုံးကျန်နေခဲ့တဲ့လူသားတစ်ယောက်အဖြစ်နဲ့ယူဆထားခဲ့တယ်..."
"အော် ...အဲ့ဒီတော့ မှတ်ဉာဏ်ကသူ့ရဲ့မှတ်ဉာဏ်မဟုတ်ပေမဲ့ သူကအမွေဆက်ခံထားခဲ့တာဆိုတော့... အထင်အမြင်လွဲသွားတယ်ပြီးတော့.... သူ့ကိုသူအချိန်ခရီးသွားလာတဲ့ အဓိကဇာတ်လိုက်တစ်ယော
က်လိုမျိုးထင်မှတ်သွားတာပေါ့လေ..."
ဟမ်....ဒါဆိုရင်လဲသူကဘာလို့ ကံဆိုးမိုးမှောင်ကျမှုတွေကိုခံစားခဲ့ရသလိုမျိုး ထင်နေရတာလဲ...