အပိုင်း ၁၁၄
Viewers 15k

Chapter 114

စတုတ္ထအကြီးအကဲ ထာဝရအိပ်စက်ခြင်း


"နောက်ကွယ်ကပုံမှန်မဟုတ်တဲ့အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးဖို့အတွက် သူထွက်ပေါ်လာကတည်းက သူ့ကိုသုတေသနဓာတ်ခွဲခန်းထဲမှာ ဖုံးကွယ်ထားခဲ့တယ်..."


စတုတ္ထအကြီးအကဲက လေးနက်တည်ကြည်စွာဖြင့်ပြောလိုက်သည်။


"ဒီတော့ ဒါကသူ့ရဲ့ရည်ရွယ်ချက်အစစ်ပေါ့ ...ဒါပေမဲ့အဲ့တာအားလုံးကသူ့ရဲ့ DNA အတွက်ပဲလား...တခြားအကြောင်းပြချက်ကောရှိသေးလား..."


ယောင်စစ်အသက်ပြင်းပြင်းတချက်ရှိုက်ရင်းမေးခွန်းထပ်ထုတ်လိုက်သည်။ စတုတ္ထအကြီးအကဲတောင့်တင်းသွားသည် ကြောက်စရာကောင်းသည့်အတွေးတစ်ခုကို တွေးလိုက်မိပုံမျိုးဖြင့် သူ့၏မျက်နှာက ဖြူဖျော့သွားသည်...


"စတုတ္ထအကြီးအကဲ...မင်းပြောခဲ့တဲ့အဖွဲ့အစည်း...အဲ့တာဘာအဖွဲ့အစည်းလဲ..."


"အဲ့တာက...အဲ့တာက..."


သူ့၏အကြည့်များက တုန်လှုပ်နေပြီး ယောင်စစ်ကို မျက်ဝန်းချင်းဆိုင်မကြည့်ရဲပေ။


"အဲ့တာ က Euphoriaအဖွဲ့အစည်း...ဟုတ်တယ်မလား...နင်ကအဲ့အဖွဲ့အစည်းရဲ့ ဘယ်အခန်း ကဏ္ဍမှာပါဝင်နေလဲ...ပြီးတော့ကောင်းကင်ဘုံကပေးအပ်တဲ့ခြံမှာ ကပ်ဆိုးဗိုင်းရပ်စ်ကိုဖန်တီး‌နေတာဟုတ်လား..."


"မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး...ဘယ်လိုလုပ်ပြီးများကျွန်တော်က အဲ့လိုမကောင်းဆိုးဝါးဗိုင်းရပ်ကိုဖန်တီးရမှာလဲ..."


"ဒါဆိုရင် ဘာကြောင့်လဲ..."


"အဲ့တာဘာကြောင့်လဲဆိုတော့...ဘာကြောင့်လဲဆိုတော့..."


စတုတ္ထအကြီးအကဲက စကားလုံးရှာပုံမရပုံမျိုးဖြင့်...ရုန်းကန်နေပြီးသူ့၏ပါးစပ်ကအကြိမ်အနည်းငယ်ဖွင့်ဟလာသော်လည်း စကားလုံးတစ်လုံးမျှထွက်မလာပေ။


"ငါ...ငါ...ငါ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကိုသစ္စာမဖောက်ချင်ပါဘူး...ငါလုံးဝမလုပ်ချင်ဘူး..."


"စတုတ္ထအကြီးအကဲ..."


ယောင်စစ်၏နှလုံးသား နစ်မြုပ်သွားလေသည်။


တစ်ခုခုကတော့မမှန်တော့ဘူး...ဘာတွေမှားနေတာလဲ...


သို့သော် အကြီးအကဲက သူမစကားကိုမကြားသလိုမျိုး ကယောင်ခြောက်ခြားဖြစ်နေပြီး အနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ ထို့နောက်မတ်တပ်ရပ်နေပြီး နောက်ထပ်ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်ပြန်သည်။


"ငါမလုပ်ချင်ပါဘူး...ငါမလုပ်ချင်ဘူး...ဒါပေမဲ့သူတို့က...လိုချင်တယ်...ဖူး..."


သူ့စကားမဆုံးခင်မှာပင်သွေးတစ်လုပ်အန်ထုတ်လိုက်လေသည်။


"စတုတ္ထအကြီးအကဲ..."


ယောင်စစ် အရေးပေါ်အချက်ပေးခလုတ်ကို နှိပ်ပြီး အကျယ်ကြီးအော်လိုက်လေသည်။ သူမကြိုတင်ခေါ်ထားသည့် အကြီးအကဲများနှင့်ပိုင်ရိ အပြေးအလွှား‌ရောက်လာကြလေသည်။အခြေအနေကိုမြင်လိုက်သည်နှင့် သူတို့လဲအံ့အားသင့်သွားကြ၏။


"စတုတ္ထအကြီးအကဲ..."


"မြန်မြန်လေးတံခါးဖွင့်..."


ယောင်စစ်ပိတ်ဆို့ထားသောတံခါးများကိုညွှန်ပြလိုက်သည်။


အကြီးအကဲများကခပ်မြန်မြန်လှုပ်ရှားလိုက်သော်လဲ အထဲတွင်ရှိနေသော စတုတ္ထကြီးအကဲမှာ သွေးများရွဲနစ်နေပေပြီ။


"စတုတ္ထအကြီးအကဲ အဆင်ပြေရဲ့လား..."


ယောင်ချမ့် အရှေ့သို့အလျင်စလိုတိုးသွားပြီးအခြေအနေကို စူးစမ်းလိုက်သည်။


"ဒီမှာဘာဖြစ်သွားတာလဲ..."


 "မြန်မြန်လေး သူ့ကိုကုသခန်းထဲ မြန်မြန်လေးပို့လိုက်တော့..."


ယောင်စစ်အော်ပြောလိုက်၏။


ယောင်ချမ့် စတုတ္ထအကြီးအကဲဆီရောက်ခါနီးမှာပင် သူကယောင်ချမ့်ကိုတွန်းထုတ်လိုက်လေသည်။


"မလိုတော့ဘူး ...အသုံးမဝင်ဘူး...အသုံးမဝင်ဘူး..."


စတုတ္ထအကြီးအကဲက ယောင်စစ်၏လက်ကိုလှမ်းဆွဲလိုက်လေသည်။


"သခင်မလေး...သခင်မလေး...မင်းသတိထားမှရမယ်..."


သူဆက်၍စကားမပြောနိုင်တော့ပေ။


"စတုတ္ထအကြီးအကဲစကားထပ်မပြောနဲ့တော့..."


ယောင်စစ်ပိုင်ရိဘက်သို့လှည့်ကြည့်၍ထပ်ပြောလိုက်သည် 


"ပိုင်ရိအခုချက်ချင်းနင့်ရဲ့အစွမ်းကိုသုံးလိုက်..."


"ဟုတ်...ဟုတ်...ဟုတ်ကဲ့"


ပိုင်ရိကြောင်အသွားပြီး သူ၏စွမ်းရည်ကိုချက်ချင်းမြှင့်တင်လိုက်သည်။


ယောင်စစ်၏ နတ်ဘုရားစွမ်းရည်လိုမျိုး စာတန်းထိုးစွမ်းရည်ချက်ချင်းပေါ်လာခဲ့၏။သို့သော်လဲ ယခင်အချိန်များနဲ့မတူဘဲစာကြောင်းတကြောင်းထဲသာဖြစ်သည်။


"သခင်မ‌လေး သူတို့ကိုသတိထားပါ..."


စာကြောင်း၏နောက်ကွယ်ကအဓိပ္ပါယ်ကိုသူမစဉ်းစားမရပေ။


 စတုတ္ထအကြီးအကဲကယောင်စစ်၏လက်ကိုတင်းတင်းဆုပ်ကိုင်ထားသော်လည်း သူအလွန်အမင်းအားနည်းနေပြီးမြေပြင်ပေါ်သို့ခွေကျသွားလေသည်။ .၎င်းကသူ့၏နောက်ဆုံးလှုပ်ရှားမှုဖြစ်ပြီး ယောင်စစ်၏လက်တွင် သွေးစီးကြောင်းများကျန်ခဲ့လေသည်။ စတုတ္ထအကြီးအကဲက လုံးဝမထင်ထားခဲ့သော ထာဝရအိပ်စက်ခြင်းအခြေအနေသို့ ကျရောက်သွားလေပြီ။ သူကယောင်စစ်ကိုသတိပေးလိုသည်ဟုထင်သော်လည်း ၎င်း၏နောက်ကွယ်မှအဓိပ္ပါယ်ကိုစဉ်းစား၍မရပေ။


နောက်ဆုံးအနေနဲ့ သူမကိုသတိထားဖို့တောင်းဆိုတာကဘာကိုဆိုလိုချင်တာလဲ Euphoriaအဖွဲ့အစည်းရဲ့နောက်ထပ်ပစ်မှတ်ကသူမလား...


ထို့အပြင်စတုတ္ထအကြီးအကဲ၏ထာဝရအိပ်စက်ခြင်းအခြေအနေကလဲ နားမလည်နိုင်ဖြစ်ရလေသည်။စက္ကန့်ပိုင်းအတွင်းမှာပင်သူကကောင်းမွန်သည့်အခြေအနေရှိနေပြီး...နောက်ခဏအတွင်း၌ထာဝရအိပ်စက်ခြင်းအခြေအနေသို့ရောက်ရှိသွားသည်။ထိုအဖြစ်အပျက်ကိုမူရွှမ်ပင်အဖြေထုတ်မရနိုင်ပေ။


ယောင်စစ်၏ကျောရိုးတလျောက်အေးစက်မှုကိုခံစားရလေသည်။ ယူဖိုရီယာ၏ပြဿနာကပို၍ပင်ကြီးမားရှုပ်ထွေးလာလေသည်။ ၎င်းတို့ကအရိပ်တခုကဲ့သို့ အနား၌ရှိနေမှန်းသိသော်လည်း ဖမ်းဆုပ်၍မရနိုင်ပေ။


စတုတ္ထအကြီးအကဲ၏ သစ္စာဖောက်မှုကိုဖုံးကွယ်ထားလိုက်ပြီး ကြီးမားကြီးကျယ်ခမ်းနားသော စျာပနအခမ်းအနားတစ်ခုကိုပြုလုပ်ပေးခဲ့ကြသည်။


ထိုအကြောင်းကို ယောင်စစ်နားလည်နိုင်ပေသည်။ ထိုသို့ပြုလုပ်လိုက်ခြင်းအားဖြင့် ရန်သူ၏သတိထားမှုအခြေအနေ လျော့ကျသွားနိုင်သည်။ ထို့အပြင်စတုတ္ထအကြီးအကဲသည်လည်းအိပ်စက်သွားပြီဖြစ်သောကြောင့် သူ့၏ဂုဏ်သတင်းကိုထိခိုက်စရာလိုတော့ပေ။


"စတုတ္ထအကြီးအကဲမှာ ဆက်ခံသူရှိလား..."


ယောင်စစ်မေးလိုက်သည်


"မရှိဘူး..."


ယောင်ချမ့်ညင်သာစွာ ခေါင်းခါလိုက်၏။

 

"တစ်ချိန်တုန်းကတော့သူ့မှာကြီးကြပ်သူတယောက်ရှိခဲ့ပေမဲ့...အဲ့တာတော်တော်လေးကြာပါပြီ...သူတခါပြောခဲ့ဖူးတာတော့ သူ့ရဲ့အုပ်ထိန်းသူက ကမ္ဘာမြေသားတဲ့လေ..."


"ကမ္ဘာမြေသားတဲ့လား..."


၎င်းက သူသုတေသနလုပ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းတစ်ချက်ဖြစ်နိုင်ပေသည်။ သူက ကမ္ဘာမြေသားများကိုအသိဉာဏ်ရှိလာစေချင်ခဲ့သည်။ နောက်ထပ်တဖန် ဂလက်ဆီထဲ၌ မျိုးနွယ်တစ်ခုအဖြစ် ဖြစ်ပေါ်လာစေခြင်းဖြစ်ပေလိမ့်မည်။ သဲလွန်စများအားလုံးက ဒီနေရာတွင်ပဲအဆုံးသတ်သွားလေပြီ။ နောက်ဆုံးသောအရင်းအမြစ်အနေဖြင့် ယွမ်ဟန်တစ်ယောက်တည်းသာ ကျန်တော့သည်။


သို့သော်လည်း ယောင်စစ်ကယွမ်ဟန့်အပေါ်တွင်သိပ်မျှော်လင့်ချက်မထားထားပေ။ ထို့အပြင်ယောင်ချမ့်ဆီမှရရှိထားသောအချက်အလက်များအရ ယွမ်ဟန်သည်လဲများများစားစားမသိပေ။ သူရရှိထားသောကပ်ဆိုးဗိုင်းရပ်စစ်ပင်လျှင် စကြာဝဠာကွန်ရက်မှတစ်ဆင့် သူစိမ်းတစ်ယောက်ဆီမှ ရရှိထားခြင်းဖြစ်သည်။


ထိုသူက သူ့၏လက်စားချေရာတွင်ကူညီပေးမည်ဟုဆိုလာသောကြောင့် Euphoriaအဖွဲ့အစည်းနှင့် ပူးပေါင်းခဲ့ပြီး နောက်ထပ်ဘာမှမသိတော့ပေ။


တခြားတစ်ဖက်တွင် ယွမ်ဟန်၏သွေးစုပ်ဖုတ်ကောင်များကိုမုန်းတီးရခြင်းအကြောင်းအရင်းကလည်း ရယ်စရာကောင်းနေပေသည်။


"မင်းတို့သွေးစုပ်ဖုတ်ကောင်တွေရဲ့ရွံစရာကောင်းတဲ့စိတ်ကူးတွေကို ငါမသိဘူးမထင်နဲ့...မင်းတို့ကငါ့ကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲပြစ်ချင်နေတာလေ..."


ယွမ်ဟန်က ယောင်စစ်အား သူ့၏ဘိုးဘွားစဉ်ဆက်ကိုသတ်ဖြတ်ထားသောသူတယောက်ကဲ့သို့ မုန်းတီးရွံရှာစွာဖြင့် ကြည့်နေလေသည်။


"ငါက ကမ္ဘာမြေသား...နောက်ဆုံးကျန်ခဲ့တဲ့လူသားပဲ...မင်းတို့လိုမျိုးရွံရှာစရာကောင်းတဲ့သွေးစုပ်ဖုတ်‌ကောင်အဖြစ် ပြောင်းလဲသွားမဲ့အစား သေလိုက်တာကမှကောင်းတယ်..."


ယောင်စစ်အမူအရာမဲ့စွာဖြင့်တုန့်ပြန်လိုက်သည်။ သူကရယ်စရာကောင်းလှသည်ဟု သူမခံစားမိလေသည်။


ဒီလိုပေါက်ကရဗဟုသုတတွေ သူဘယ်ကများရလာတာပါလိမ့်... 


ယောင်စစ်က သူ့ကိုဆက်လက်လှောင်ရီနေပြီးကောင်းကင်ပေါ်မှပေးအပ်ထားသောခြံဆီမှ ရရှိလာသောအချက်အလက်များကို သူ့ဆီသို့ချပြလိုက်သည်။ ရွံရှာမှုအပြည့်ဖြင့်ဖြစ်နေသော သူ့၏အကြည့်များက မယုံသင်္ကာဟန်ဖြစ်သွားသည်။ ထို့နောက်သူ့၏မျက်ဝန်းများက မယုံကြည်နိုင်မှုအပြည့်ဖြင့် ပြူးကျယ်နေလေသည်။


"မဖြစ်နိုင်ဘူး...ဒါကလုံးဝအမှန်မဟုတ်ဘူး...ငါကဘယ်လိုလုပ်ပြီးကိုယ်ပွားဖြစ်မှာလဲ...မင်းတို့လိမ်နေတာ...မင်းတို့သေချာပေါက်လိမ်နေတာပဲ..."


သူစိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် လက်များကိုခါယမ်းရင်းသူ့‌‌ရှေ့မှအချက်အလက်များပြသနေသော screen ကိုအဝေးသို့တွန်းပို့ရန်ကြိုးစားနေလိုက်သည်။ ရုတ်တရက်သူတစ်စုံတစ်ခုကိုတွေးမိသွားပုံဖြင့် နှုတ်ခမ်းဖိကိုက်လိုက်ပြီး သူ့ကိုသူညွှန်ပြ၍ပြောလိုက်သည်။


"ငါကအချိန်ခရီးသွားပြီးတော့ဒီနေရာကိုရောက်ရှိလာတဲ့ လူသားစစ်စစ်ပဲ...မင်းတို့ကငါ့ကိုလှည့်စားပြီးတော့ပြောရဲတယ်လား...ဒီအတွက်တရားမျှတမှုကိုပြန်ပေးဆပ်ရမယ်..."


တရားမျှတမှု...အဲ့တရားမျှတမှုဆိုတဲ့စကားလုံးကြီးကိုဆွဲဆွဲသုံးနေတာကိုရပ်လိုက်ပါတော့...ကလေးကလားနဲ့...


"နင်ယုံကြည်နေစရာမလိုပါဘူး..."


ယောင်စစ်ထိုလူနှင့်စကားဆက်ပြောဖို့ပျင်းရိစွာဖြင့်လျစ်လျူရှုလိုက်သည်။ သူမညစာစားရန်အချိန်ရောက်နေပေပြီ။


"အိုး...ဟုတ်သားပဲ ပြောပြရဦးမယ်...ငါတို့ကလူသွေးမသောက်ဘူး...ငါတို့ကဘဲသွေးပဲစားတယ်..."


နောက်ဆုံး၌ယွမ်ဟန် သွေးစုပ်ဖုတ်ကောင်များကိုမုန်းနေရသည့်အကြောင်းပြချက်ကိုသူမ သဘောပေါက်နားလည်သွားပေပြီ။ သူကောင်းကင်ဘုံမှပေးအပ်ထားသောခြံဝန်းထဲတွင်နိုးထလာသည့်အချိန်၌သူရရှိခဲ့သောမှတ်ဉာဏ်များမှာ သွေးစုပ်ဖုတ်ကောင်များကိုမုန်းတီးသည့်လူသားတယောက်၏ မှတ်ဉာဏ်များဖြစ်နေပေသည်။


ထို့အပြင် ထိုမှတ်ဉာဏ်များကလည်း လူသားများကြည့်လေ့ရှိသော Vampire များကလူသွေးစုပ်သည့်ရုပ်ရှင်ကားထဲမှလှည့်ကွက်များပင်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သူက သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲရမည်ကိုမနှစ်သက်နိုင်ပဲ ထွက်ပြေးလွတ်မြောက်ရန်အားထုတ်ခြင်းဖြစ်လေသည်။


ရုပ်ရှင်အလွန်အကျွံ ကြည့်ခြင်းသည်အတွေးအခေါ်များကိုမှားယွင်းစေနိုင်သည်။


ဘာကပိုပြီးရီဖို့ကောင်းလဲဆိုတော့... သူဒီလောက်စကြာဝဠာထဲမှာ၅နှစ်ကြာအောင်ပုန်းအောင်းနေခဲ့တာတောင်မှ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်အကြောင်းကိုမလေ့လာဘူးလား...ဒါမှမဟုတ်ရင်သူကအဲ့ဒီရထားတဲ့မှတ်ဉာဏ်တွေအပေါ်မှာပဲမူတည်ပြီးနေထိုင်နေတာလား...


"မဖြစ်နိုင်ဘူး...မင်းလိမ်နေတာ...မင်းတို့ကသွေးစုပ်တဲ့မကောင်းဆိုးဝါးတွေ...ဘယ်လိုလုပ်ပြီး လူသွေးမစုပ်ဘဲနေနိုင်မှာလဲ..."


ယွမ်ဟန်က ယောင်စစ်၏ပြောစကားများထက် သူယုံကြည်ရာကိုသာ ဆက်လက်ယုံကြည်နေပုံပေါ်လေသည်။


"ငါလုံးဝမမှားဘူး...ငါကငါ့ကိုငါကာကွယ်နေတာ...ငါကသွေးစုပ်တဲ့မကောင်းဆိုးဝါးအဖြစ်ကိုမပြောင်းချင်ဘူး..."


"နင်စိုးရိမ်နေစရာမလိုဘူး...စိတ်ချလက်ချသာနေ..."


ယောင်စစ်သွားနေရာမှရပ်၍ပြန်လှည့်ကြည့်လိုက်သည်။


"အရင်ကရော အခုရော နောင်အနာဂတ်မှာရောနင့်ကို သွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲဖို့ဘယ်သူမှ စိတ်မဝင်စားဘူး..."


စတုတ္ထအကြီးအကဲသည်လည်း သူ့၏အသိဉာဏ်ကြောင့်သာ လေ့လာရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ မူလကတည်းက သူ့ကိုသွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲရန်မည်သူမှမရည်ရွယ်ခဲ့ပေ။ အရာရာတိုင်းက သူ့၏တဖက်သတ်ယူဆချက်သာဖြစ်သည်။


ယောင်စစ်အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ထပ်ပြောလိုက်သည်။


"ငါကပဉ္စမမြောက်သွေးစုပ်ဖုတ်ကောင်အနေနဲ့နင့်ကိုကတိပေးတယ်...နင့်ကိုဘယ်သူမှသွေးစုပ်ဖုတ်ကောင်အဖြစ်မပြောင်းဘူး...နင့်ကိုသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းတာကသွေးစုပ်ဖုတ်ကောင်တွေရဲ့ဉာဏ်ရည်ကိုနှိမ့်ချလိုက်သလိုပဲဖြစ်သွားလိမ့်မယ်..."


"စကြာဝဠာထဲမှာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲချင်တဲ့လူတွေအများအပြားရှိတာတောင်မှ ငါတို့ဂရုစိုက်တယ်လို့နင်ထင်လို့လား...ပြီးတော့သွေးစုပ်ဖုတ်ကောင်ဆိုတာလဲလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာထဲကလူသားအဖြစ်ကနေဆင်းသက်လာကြတဲ့လူတွေပဲ...ငါတို့ကဘာလို့လူသွေးကိုစုပ်ရမှာလဲ..."


"နင်... နင်..."


 ယွမ်ဟန်၏မျက်နှာက မယုံကြည်နိုင်မှုများဖြင့်ဖြူဖျော့နေသည်။


"မင်းရဲ့ဘဝလေးကိုပဲ တအားတွေဝင့်ကြွားထောင်လွှားမနေနဲ့..."


ယောင်စစ်တအံ့တဩဖြစ်နေသော ထိုလူကိုလျစ်လျူရှုလိုက်ပြီး သူ့အိမ်သို့သာပြန်လာခဲ့လိုက်သည်။ သူ့၏အပြစ်ဒဏ်နဲ့ပတ်သက်၍တော့ ယောင်ချမ့်ကိုသာလွှဲထားလိုက်လေသည်။


သူ့အစား ကပ်ဆိုးဗိုင်းရပ်စ်ပေးခဲ့သောစကြာဝဠာကွန်ရက် ရှိအကောင့်ကိုသာသူမပို၍စိတ်ဝင်စားမိလေသည်။


အရာအားလုံးအဆင်ပြေသွားသည့်အခါ၌ ယောင်စစ်ပိုင်ရိကိုခေါ်လိုက်ပြီး ထိုအကောင့်အကြောင်းကိုစုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်သဲလွန်စမှထွက်ပေါ်မလာပဲ ပျောက်ကွယ်သွားပြန်သည်။


ယူဖိုရီယာကပျောက်ကွယ်သွားပြန်လေပြီ။  ပြင်းထန်လှသောခြိမ်းခြောက်မှုတခုက ယောင်စစ်၏အာရုံများကိုအမြဲတမ်းလွှမ်းမိုးနေခဲ့သည်။


ဒီတခါ သွေးစုပ်ဖုတ်ကောင်များအတွက်သာမဟုတ်ပဲ သူမ၏လုံခြုံရေးနှင့်ပါ သက်ဆိုင်နေသည်။ မျက်စိတမှိတ်အတွင်းမှာပင် ကျောင်းများပြန်တက်ရလေပြီ။


"ဘာ...နင်တို့ဘွဲ့ယူတော့မယ်..."


ယောင်စစ် ကျောင်းဂိတ်ဝ၌ သူမကိုစောင့်နေသော လူနှစ်ယောက်ကိုကြည့်၍ အံ့အားသင့်သင့်ရေရွတ်မိလိုက်သည်။ သူတို့တစ်ယောက်လက်ကိုတစ်ယောက် တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။


"သခင်မလေး... ကျွန်တော်တို့ဒီစာသင်နှစ်ပြီးတာနဲ့ ဘွဲ့ယူပြီးတော့ အားလပ်ရက်ခရီးသွားဖို့ဆုံးဖြတ်လိုက်ကြပြီ..."


"နင်တို့ကဘယ်လောက်ကြာကြာသွားကြမှာလဲ..."


ဟန်းနီးမွန်းလား...ဒါပေါ့...နားလည်ပါတယ်...


"ဒါ‌တော့ မသေချာသေးဘူးရယ် "


တူ‌လေးကုကခေါင်းအသာခါယမ်း၍ပြောလိုက်သည်...


"စီစဉ်နေတုန်းပဲရှိတယ်...နောင်အနာဂတ်မှာလဲ သခင်မလေး ကျွန်တော်တို့ကို လိုအပ်တယ်ဆိုရင် ဖုန်းခေါ်လိုက်လို့ရတယ်...ပြီး‌တော့ကျောင်းသားကော်မတီနဲ့ပတ်သတ်တဲ့ကိစ္စတွေကိုလဲ စီစဉ်ပြီးသွားပြီ... သခင်မလေးစိုးရိမ်နေစရာမလိုတော့ဘူး..."


"အသေးအဖွဲကိစ္စတွေကိုဌာနဆိုင်ရာခေါင်းဆောင်တွေက ကိုင်တွယ်လိမ့်မယ်... တခြားကိစ္စရပ်တွေဆိုလဲကော်မတီထဲမှာရှိတဲ့သွေးစုပ်ဖုတ်ကောင်တွေကဖြေရှင်းပေးလိမ့်မယ်..."


"ပိုင်ရိကလည်း စကြာဝဠာကွန်ရက်နဲ့သတင်းအချက်အလက်တွေနဲ့ပတ်သက်တဲ့နေရာမှာအရမ်းကျွမ်းကျင်တယ် ... ဒါကြောင့်မို့စက်ရုပ်ပြိုင်ပွဲတွေ... တခြားကျောင်းနဲ့ပတ်သတ်တဲ့ကိစ္စတွေကိုလဲ သူဆောင်ရွက်ပေးနိုင်တယ်...နောက်ပြီးတော့..."


တူလေးကုက သူ့၏ကွန်ပြူတာလက်ပတ်မှသတင်းအချက်အလက်များကိုတခုချင်းစီပေးပို့ရင်းတဖြေးဖြေးချင်းဆက်လက်ပြောဆိုနေလေသည်။ အခြေခံအားဖြင့်ပြောရလျှင် သူမကထိုင်ခုံမှာ အေးဆေးထိုင်ပြီးဘာမှလုပ်စရာမလိုပေ။


အင်း...မဆိုးဘူး...သူကသူမရဲ့ ကိုယ်ရည်ကိုယ်သွေးကိုတော်တော်လေးနားလည်တယ်...သူ့ကိုလစာတိုးပေးသင့်တယ်...