အပိုင်း ၁၁၃ (Extra)
Viewers 21k

Chapter 113

Extra 1.8.2



ဆရာဝန်က ဟာသသဘောဖြင့် ပြောလိုက်ခြင်းသာ ဖြစ်သော်ငြား နဝမအဆင့် တိုက်ခိုက်သူအုပ်စုမှာမူ တုန်လှုပ်သွားကြတော့သည်။ 


ဒါက သာမန်အရူးမှ မဟုတ်တာ နဝမအဆင့် တိုက်ခိုက်သူ အုပ်စုလိုက်ကြီးကိုတောင် တစ်ယောက်တည်းနဲ့ အပြတ်ရှင်းနိုင်တဲ့ အရူးလေ ...


မြို့အရှင်၏ အခြေအနေကို စစ်ဆေးလိုသည့် သူတို့၏ ဆန္ဒများမှာ ပို၍ပင် တိုးများလာတော့သည်။ 


သူတို့က ရှချင်ထံ အရင်သွားကာ စောင့်ကြည့်ကင်မရာကို ကြည့်လိုသည်ဟု ပြောခဲ့သော်ငြား သူမက သဘောမတူခဲ့။ 


“ငါတို့က အရင်တုန်းကလည်း မြို့အရှင်ကို လုံးဝ မထောက်လှမ်းခဲ့ဖူးဘူး .. ဒါပေမယ့် အခုကနေစပြီး မင်းတို့တွေ ဒါမျိုး လုံးဝ လုပ်ခွင့်မရှိတော့ဘူး ...”


“ဒါပေမယ့် မြို့အရှင်က အဲဒီ့ သွမ့်ချန်ချင်းနဲ့ အတူရှိနေ ..”


“သူတို့ အတူရှိနေတော့ မကောင်းဘူးလား ...”


သူမက ပြန်ပြောလိုက်သည်။ 


မြို့အရှင်က သို့သို့ကို ချစ်တယ်လေ ပြီးတော့ သူမကလည်း မြို့အရှင်ကို ပျော်ရွှင်စေချင်တယ် ...


“ဆရာဝန်က ပြောတော့ အဲဒီ့တစ်ယောက်က မြို့အရှင်ကို ပိတ်လှောင်ထားမှာတဲ့ ...”


ရှချင် “...”


သူ ဆရာဝန်ကို တောင်းဆိုသည့်အခါ မြို့အရှင်က ဆရာဝန်ကို ခေါ်ပေးခဲ့ပြီး သူတို့အတွက် နေ့လည်စာကိုလည်း ဝန်ထမ်းတစ်ဦးထံမှ မှာယူခဲ့သည်။ သူမ အမှန်တကယ် ပြောလိုသည်မှာ သွမ့်ချန်ချင်းက သူမ လုပ်လိုသည်ကို လုပ်ခဲ့ခြင်းဟု ပြောလိုသော်ငြား ပြောရန် ကျရှုံးခဲ့သည်။ 


မြို့အရှင်ကို သော့ခတ်ပြီး အနားယူခိုင်းလိုက်လို့ ပြောခဲ့တာ ...


သွမ့်ချန်ချင်းက မြို့အရှင်ကို နာကျင်အောင် လုပ်တယ် ဆိုတာကတော့ .. လုံးဝကို မဖြစ်နိုင်ဘူး ...


သူမက ဒီကလေး ကြီးပြင်းလာတာကို မြင်နေခဲ့ရတာလေ အဲဒီ့ကလေးက မြို့အရှင်ကို ငယ်ငယ်လေးကတည်းက အရမ်း သဘောကျတာ သူ့ရဲ့ ဒုတိယစရိုက်လည်း အရှင့်ကို သေချာပေါက် သဘောကျမှာပဲ ...


ကင်မရာမှတစ်ဆင့် မကြည့်ရန် တားမြစ်ခံလိုက်ရသည့်အတွက် ထိုအုပ်စုသည် အဖော်သားရဲကို ဆင့်ခေါ်ကာ ချောင်းကြည့်ရန်သာ ရှိတော့သည်။ 


စစချင်းမှာပင် မြို့အရှင်က သွမ့်ချန်ချင်းအား ဖိချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။ 

ရှချင်က သူတို့ကို ကင်မရာကနေ မကြည့်ခိုင်းတာ မထူးဆန်းတော့ပါဘူး လက်စသတ်တော့ သူမက ဒါမျိုး ကြုံခဲ့ပြီးသားကိုး .. မြို့အရှင်က မိုက်လိုက်တာ ဒီလို သန်မာတဲ့လူကိုတောင် ဖိချထားနိုင်တယ် ...


သူတို့က အဖော်သားရဲကို ပြန်ခေါ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ပြန်သွားကြတော့သည်။


ရှဲ့ယွင်နန်သည် လတ်တလောတွင် ကင်မရာများ၏ စောင့်ကြည့်ခြင်းကို ခံနေရ၏။ သူ့အခန်းထဲရှိ ကင်မရာများကို ပိတ်ထားသည့်တိုင် ကျန် ဆေးရုံပတ်ပတ်လည်ရှိ ကင်မရာအားလုံးကို အမြဲ ဖွင့်ထားသည့်အတွက် ရှချင်သည် မျက်နှာများ နီမြန်းလျက် ပြန်ထွက်လာသည့် တိုက်ခိုက်သူအုပ်စုကို တွေ့လိုက်ရသည်။အစော စာပို့ရန်:

သူမ၏ နှလုံးသားမှာ တစ်ခုခု၏ ကုတ်ခြစ်ခြင်းကို ခံနေရသည့်ဟန်။ အထူးသဖြင့် အရူးလေးနှင့် မြို့အရှင် ဘာဆက်လုပ်မည်ကို သိနေရာ ...


စိတ်ထိန်းစမ်း .. စိတ်ကို ထိန်းထားမှ ဖြစ်မယ် ...


ရှဲ့ယွင်နန်နှင့် သွမ့်ချန်ချင်းက နမ်းရုံပဲ နမ်းတာ ဘာမှ မလုပ်ဘူး ပြီးရင် အိပ်ယာဝင်ကြမှာ 


အားပြန်ဖြည့်ဖို့က ကျန်တာတွေထက် ပိုအရေးကြီးတယ်လေ !!! 


နမ်းရှိုက်ပြီးနောက် အရူးလေးမှာ ရီဝေယစ်မူးသွားတော့၏။ သူက ရှဲ့ယွင်နန်၏ အဝတ်များကို ဆွဲချွတ်ရင်း ပြောလိုက်သည်။ 


“အာ ခင်ဗျားက အပြင်ကို ထွက်ပြီး လမ်းလျှောက်တာ လေညှင်းခံတာမျိုးလည်း လုပ်ရဦးမယ် ...”


ဆရာဝန်က အချိန်ဇယားထဲတွင် ထိုအကြောင်းကိုပါ ထည့်ရေးထားခဲ့သည်။ 


ရှဲ့ယွင်နန် “...” 


ငါ့အဝတ်တွေကို ဆွဲမနေနဲ့တော့လို့ ...


အရူးလေး “ပြောင်းလိုက်ရအောင် .. လေ့ကျင့်ခန်း လုပ်တာက ခင်ဗျားအတွက် ပိုကောင်းတယ် ...”


ရှဲ့ယွင်နန် “...”


အရူးလေးက ထပ်ပြုံးလိုက်ပြန်သည်။


“ဟီးဟီး ခင်ဗျားက မကောင်းဘူး အဲဒါကြောင့် ရိုက်ကိုရိုက်ရလိမ့်မယ် ...”


ရှဲ့ယွင်နန် “...”


ရှဲ့ယွင်နန်က သူ့အောက်ခြေစည်းမျဉ်းမှာ နောက်တစ်ကြိမ် တိုက်စားခံလိုက်ရပြန်ပြီဟု ခံစားမိလိုက်သည်။ ၎င်းက တစ်ဖြည်းဖြည်း ပွန်းပဲ့လာသည့်တိုင် အရူးလေးနှင့် ထိတွေ့လေလေ ပိုပြီး နူးညံ့လာလေ ဖြစ်သည်။ 


အတူတကွ ထုတ်လွှတ်ခြင်းမှာ သူတို့အတွက် အသစ်အဆန်း ဖြစ်နေပေသည်။ အထူးသဖြင့် သူက ထိုဖြစ်စဉ်တွင် အလွန် သာယာနေကာ ...


ရှေ့တွင် ရှိနေသူကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးတို့ကို မှိတ်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ 


သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ကြည့်ကာ နမ်းလိုက်ပြန်၏။ 


ဤခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိန်းချုပ်နိုင်လာပြန်သည်။ 


ထို့အပြင် သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ ပိုပိုပြီး သန်မာလာသည်ဟုလည်း ခံစားမိလာ၏။ 


များမကြာမီ အပြည့်အဝ ထိန်းချုပ်နိုင်တော့မည့်ဟန်ပင်။ 


“ယွင်နန် ...”


သူက ရှဲ့ယွင်နန်၏ နာမည်ကို ခေါ်ကာ နမ်းရှိုက်လိုက်သည်။ 


ရှဲ့ယွင်နန်က အပြောင်းအလဲကို သတိမပြုမိ။ ထို့ကြောင့် သွမ့်ချန်ချင်းက ခပ်တိုးတိုး ရယ်မောကာ ရှေ့ဆက်လိုက်တော့သည်။ 



အားလုံး ပြီးဆုံးသွားသည့်အခါ သူက ဘေးတွင် ရှိနေသူကို ငေးကြည့်လိုက်သည်။ 


သူက တအားကို ချော့ဖို့ လွယ်လွန်းနေသလို ဖြစ်မနေဘူးလား ...


ရှဲ့ယွင်နန်က နမ်းလိုက်ရုံပဲ ရှိသေးတယ် လျောင်မုယဲ့အကြောင်း မေးရမှာကို မေ့သွားပြီ ...


တကယ်တမ်းတော့ .. သူကလည်း ဒီကိစ္စကို သိပ်ပြီး အာရုံထဲ မထားပါဘူး ...


“အဲဒီံလျောင်မုယဲ့ အခု ဘယ်ရောက်သွားပြီလဲ ...”


သူက မေးလိုက်သည်။ 


ရှဲ့ယွင်နန်က တစ်ခဏမျှ ကြောင်အသွားပြီးနောက် သွမ့်ချန်ချင်း၏ ကြည်လင်လှသော မျက်ဝန်းတစ်စုံကို စိုက်ကြည့်လိုက်သည်။ 


ဒါက သွမ့်ချန်ချင်းပဲ ...


သူက သွမ့်ချန်ချင်း အချိန်မရွေး ထွက်ပေါ်လာသည့်အပေါ် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်သည့်တိုင် သွမ့်ချန်ချင်းနှင့် မျက်နှာချင်းဆိုင်ရလေတိုင်း နေရခက်မိနေဆဲပင်။ 


သို့သော် ရွံရှာသည့် ခံစားချက်မျိုးတော့ မရှိပေ။ 


သူက ရှေ့တွင် ရှိနေသူထံမှ ရင်းနှီးသည့် အငွေ့အသက်ကို ခံစားမိနေသည်။ 


သူက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ 


“မင်းက လျောင်မုယဲ့ကို ဘယ်လို သိတာလဲ ..."


သူတောင် လျောင်မုယဲ့အကြောင်း မေ့နေပြီကို ဒီတစ်ယောက်က သူ့ထက်တောင် ကောင်းကောင်းကြီး မှတ်မိနေသေးတယ် ...


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


“မြင်လိုက်တာ ...”


ရှဲ့ယွင်နန်က အံ့အားသင့်သွားသည်။ 


သွမ့်ချန်ချင်းက သက်ပြင်းချကာ ပြောလိုက်သည်။ 


“ကျွန်တော်က ဒီကမ္ဘာက မဟုတ်ဘူး ...”


ထို့နောက် သူက သူ၏ လက်ရှိအခြေအနေအပါအဝင် အားလုံးကို ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။ 


သူက အရူးလေးလည်း ဖြစ်ကြောင်း ဝန်ခံရမည်ကို ရှက်မိသည့်တိုင် ရှဲ့ယွင်နန်က သူ့ကို လူနှစ်ဦးအဖြစ် ဆက်ဆံမည်ထက်စာလျှင် တော်ပါသေးသည်။ ထို့အပြင် ရှဲ့ယွင်နန်က ယခင်လိုမဟုတ်တော့။ အလွန်ထက်မြက်ကာ သံသယလည်း များပြားရာ လျှို့ဝှက်ချက်အများအပြား ရှိနေခြင်းက သူတို့၏ ဆက်ဆံရေးတွင် အဖုအထစ်များသာ ဖြစ်ပေါ်လာစေလိမ့်မည်။ 


ရှဲ့ယွင်နန်ကို ပွေ့ဖက်ထားရင်း သွမ့်ချန်ချင်းသည် သူ နေထိုင်ခဲ့သည့် ကမ္ဘာအကြောင်းနှင့် ဤကမ္ဘာသို့ မည်ကဲ့သို့ ဝင်ရောက်ခဲ့ကြောင်းကို ပြောပြလိုက်သည်။ 


ဒုတိယစရိုက်မှာလည်း သူ၏ တစ်ပိုင်းတစ်စပင်ဖြစ်ကာ အစမှ အဆုံးအထိ သူ တစ်ဦးသာ ရှိခဲ့ကြောင်းကိုလည်း အထူးတလည် ရှင်းပြလိုက်၏။ 


ကိစ္စများစွာကို ကြုံတွေ့ဖူးသည့်တိုင် ရှဲ့ယွင်နန်သည် သွမ့်ချန်ချင်း ပြောပြသည့် ဖြစ်ရပ်မျိုးကို ဆင်တူရိုးမှားပင် မကြားခဲ့ဖူးချေ။ 


သို့သော် သွမ့်ချန်ချင်းက သူ့ကို လိမ်နေသည်ဟုလည်း မထင်မိ။ 


သွမ့်ချန်ချင်းအဖို့ သူ့ကို လိမ်ရန်လည်း အကြောင်းမရှိပေ။ 


ဒါပေမယ့် သွမ့်ချန်ချင်းက နှစ်တွေ ရာပေါင်းများစွာ နေခဲ့တာတဲ့လား အဲဒီ့လိုလူနဲ့လည်း မတူပါဘူး ...


အရူးလေးနှင့် အတူ နေခဲ့မိသည့်အတွက် အပြစ်မကင်းစိတ်များ လွင့်စင်ပပျောက်သွားတော့သည်။ 


အခု သူက နွားအိုကြီး မဟုတ်တော့ဘူး နွားအိုကြီး စားတာကို ခံရတဲ့ မြက်ကလေး ဖြစ်သွားပြီ ...


“ခင်ဗျားကို ချစ်တယ် ကျွန်တော်က ဟိုး အစောကြီးကတည်းက ချစ်နေခဲ့တာ ...”


သွမ့်ချန်ချင်းက သူ့မျက်လုံးများကို ငုံ့နမ်းလိုက်သည်။


ရှဲ့ယွင်နန်က တုန်လှုပ်သွားကာ နှလုံးခုန်သံမှာလည်း ချုပ်တည်း၍ မရနိုင်လောက်အောင်ကို မြန်ဆန်လာတော့သည်။ 


“ဒါဆို လျောင်မုယဲ့ကရော ...”


သွမ့်ချန်ချင်းက ပြဿနာကို အစဖော်လာပြန်၏။ 


သူ့ကိုယ်သူ ပြန်ပြီး သဝန်တိုလို့ မရမှတော့ တစ်ခြားသူနဲ့ပဲ သဝန်တိုရမှာပေါ့ ...


ရှဲ့ယွင်နန် “လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက ငါ သူ့ကို သတ်ခိုင်းခဲ့တယ် .. မင်းရော ငါက ရက်စက်တဲ့လူလို့ ထင်လား ...”


သူက လျောင်မုယဲ့နှင့် ပြတ်စဲသွားသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သည့်တိုင် သူတို့သည် အချိန်တစ်ခုခန့် အတူတူ ရှိခဲ့ဖူးကြသူများ ဖြစ်ပေသည်။ 


“ဟင့်အင်း ကျွန်တော်လည်း လူတွေ အများကြီး သတ်ခဲ့ဖူးတာပဲ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ခပ်ဖွဖွ ပြုံးလိုက်၏။ 


သွမ့်ချန်ချင်းက သူ့ကို ပွေ့ဖက်ကာ နှင်တံဖြင့် ကုသပေးရင်း စကားဆက်ပြောနေလိုက်သည်။ 


သူက ရှဲ့ယွင်နန်ကို နှစ်ပေါင်းများစွာ အာရုံတစိုက် စောင့်ကြည့်ခဲ့သည့်အတွက် သူ့အကြောင်းများကို ကောင်းကောင်း သိထားပေသည်။ 


သူက သူ့ပြစ်ချက်ကို ဖုံးကွယ်ရန် မကြိုးစား၊ အမျိုးမျိုးသော အရာများအပေါ် သူ၏ အမြင်ကိုလည်း ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။ ရှဲ့ယွင်နန်ကလည်း သူကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ခံစားမိခဲ့၏။ 


ထိုစကားဝိုင်းက သူတို့ကို ယခင်ထက် ပိုမိုကာ နီးစပ်လာစေခဲ့သည်။ 


သို့သော် များမကြာမီ သွမ့်ချန်ချင်းက တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလာ၏။ 


ဘာလို့ ရှဲ့ယွင်နန်က စကားအကြောင်းအရာကို သူ့ထက်ပိုပြီး အာရုံစိုက်နေတယ်လို့ ခံစားမိပါလိမ့် ...


သူတို့က စကားပြောနေရင်း .. နောက်ထပ် လုပ်ရမည့် အကောင်းဆုံးအရာများအကြောင်းသို့ ရောက်သွားသည့်အခါ .. ရှဲ့ယွင်နန်က ချက်ခြင်း သူ့ရင်ခွင်ထဲမှ ထွက်သွားကာ စာအုပ်တစ်အုပ်ကို အမှန်တကယ် ထုတ်လာပြီး ချရေးလိုက်တော့သည်။ 


နှစ်ယောက်လုံးက အိပ်ယာပေါ်မှာ မသင့်လျော်တဲ့ အနေအထားနဲ့ လှဲနေတာကိုတောင် ရှဲ့ယွင်နန်က တကယ်ကြီး မှတ်စုတွေ ချရေးနေလိုက်သေးတယ်ပေါ့...


သူက ဆွဲဆောင်မှု မရှိလို့လား ...


သူ့ထံမှ စကားသံ ရုတ်တရက် ရပ်တန့်သွားသည့်အတွက် ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“ပြီးတော့ရော ...”


ပြီးတော့ ဘာပြီးတော့လဲ ဘာမှ မရှိတော့ဘူး ...


သွမ့်ချန်ချင်းက အေးစက်စွာ နှာမှုတ်လိုက်ရင်း ကျင့်ကြံခြင်းလုပ်ငန်းစဉ်ကို ချက်ခြင်း ပြန်သွားလိုက်တော့သည်။ 


ထို့နောက် အရူးလေးက ရုတ်တရက် လိုင်းပြန်တက်လာသည်။ 


“မကောင်းတဲ့လူ ...”


ရှဲ့ယွင်နန် “...” 



1.8.2