အပိုင်း ၇၆
Viewers 11k

Chapter 76




စာမေးပွဲမဖြေခင်ထိ ပြိုင်ပွဲ၀င်များအားလုံးကို တန်းတူရည်တူ ဆက်ဆံသည်။


သို့သော် စာမေးပွဲခန်းစောင့် နံပါတ် ၁  ဦးဆောင်သောအဖွဲ့မှ ဆရာမအချို့က ဗီဒီယိုထဲရှိ  စမ်းသပ်ပြုလုပ်ချက်သည် ကောင်းမွန်ပြီး အပိုအမှတ်များ ပေးသင့်သည်ဟု သဘောတူညီခဲ့ကြသည်။ သူမက ဒီလိုအမှတ်သုံးဆယ်ကြီးတောင် အများကြီးဆုံးရှုံးသွားရလို့ သနားစရာလေးပင်။


ထို့ကြောင့် ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် အပေးအယူအဖြေတစ်ခုရရှိခဲ့သည်။


"ပြိုင်ပွဲအဖွဲ့ကို အခြားမေးခွန်းတစ်ခု ရွေးချယ်ခွင့်ပြုပြီး စာမေးပွဲထပ်ပြုလုပ်ဖို့ သဘောတူခဲ့ကြတယ်... ဒါက မင်းအတွက် ခြွင်းချက်ပေးထားတာဖြစ်ပြီး စာမေးပွဲပြန်လည်ဖြေဆိုရတာနဲ့ ညီမျှတယ်လေ"


စကားပြောပြီးနောက်တွင် သူသည် သိပ်သဘောမတူချင်သေးဘဲ မျက်လုံးကိုပင် အနည်းငယ်စောင်းကာ အနောက်တံခါးကနေ ၀င်လာချင်တဲ့ တစ်စုံတစ်ယောက်ကို ကြည့်နေသည့်အကြည့်ဖြင့် ကျုံးယို့ယို့အား ကြည့်နေလေသည်။


သူတို့ ဒီလိုနည်းလမ်းနဲ့ကိုင်တွယ်တာကို ကျုံးယို့ယို့ စိတ်ဆိုးတာကိုမပြောနဲ့။ သင်ကြားရေးဌာနမှူးကပင် ဒေါသတကြီးဖြင့်ရယ်မောလိုက်ပြီး ထိုလူက အဖွဲ့ခေါင်းဆောင်ဆိုတာကိုပါ လျစ်လျူရှုကာ သူ့အသံက ပိုကျယ်လာတော့သည်။


 "ဒါက ကျုပ်တို့ကျောင်းကကျောင်းသားတွေကို တမင်တကာ ဖိနှိပ်နေတာမဟုတ်ဘူးလား တခြားကျောင်းက ကျောင်းသားတွေက အဆင်ပြေပြီး ကျုပ်တို့ရဲ့ ကျောင်းသူကျုံးယို့ယို့ကရော!! သူမက အခွင့်အရေးဆုံးရှုံးသွားရလို့ အခု စာမေးပွဲပြန်ဖြေရမှာပေါ့လေ!! ”


"စာမေးပွဲမဖြေရင် အဲ့ဒီအမှတ်သုံးဆယ်ကို သေချာပေါက် ထပ်ထည့်ပေးမှာမဟုတ်ဘူး" ရွှေရောင်ဘောင်ကွတ်ထားသည့်မျက်မှန်နှင့် ထိူလူက ပေါ့ပေါ့ပါးပါးပြောလာသည်။"မနက်ဖြန်မှာ ရလဒ်တွေကို မြို့နယ်ကို တင်သွင်းရမှာဖြစ်ပြီး မနက်ဖြန်မတိုင်ခင်ထိ ပြိုင်ပွဲ၀င်တွေရဲ့ရလဒ်တွေကို ပြင်ဆင်ဖို့ အခွင့်အရေးရှိလိမ့်မယ်"


သူမသာ တခြားသူတစ်ယောက်ဆိုလျှင် စာမေးပွဲပြန်ဖြေဖို့ရာအတွက် အလွန်စိတ်ဖိစီးနေနိုင်သည်။ မူလကတည်းက ဤကဲ့သို့သောစမ်းသပ်ပြုလုပ်ချက်သည် အလွန်ခက်ခဲသည်။ မေးခွန်းများရရှိရန်က ကံအပေါ် မူတည်လေသည်။ စမ်းသပ်ပြုလုပ်ချက်ပြီးသွားပြီးနောက်မှာ အခုက မေးခွန်းတွေထပ်ကြည့်ပြီး စာမေးပွဲထပ်ဖြေရမှာလား။ အသစ်ထုတ်တဲ့မေးခွန်းက အရင်ကရလဒ်မရရင်ရော ဘာဖြစ်သွားမလဲ။


သို့သော် ကျုံးယို့ယို့အတွက်၊ စာမေးပွဲပြန်လည်ဖြေဆိုရခြင်းသည် အလွန်တရာကို သာမာန်ဖြစ်လွန်းသည်။


သူမ မကျေမနပ်ဖြစ်ရသည့်အရာမှာ ပြိုင်ပွဲဆိုင်ရာပညာရေးဂရု၏ ကိုင်တွယ်မှုဖြစ်သည်။ မတော်တဆမှုဖြစ်ပြီးနောက် ချက်ချင်းလိုလိုပင် သူတို့သည် သူမကို စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုသင့်သည်။အခုကျတော့ သုံးလေးရက်ရှိနေပြီ။ သူတို့က ရလဒ်‌တွေကို အရင်ကြေညာပြီးမှ စာနာထောက်ထားသည့်လေသံဖြင့် ပြောလာကြသည်။ "အိုကေ၊ မင်းက တစ်စုံတစ်ယောက်ကြောင့် နှောက်ယှက်ခံလိုက်ရတာ မို့လို့အပြစ်မရှိဘူး၊ ဒါကြောင့် မင်းကို စာမေးပွဲပြန်ဖြေခိုင်းရတာပဲ " ဆိုပြီးတော့လေ။


ရွှေရောင်‌ဘောင်ကွပ်ထားသည့် မျက်မှန်တပ်ထားသော အဖွဲ့ခေါင်းဆောင်၏သဘောထားသည် သူမကို အလွန်စိတ်မသက်မသာဖြစ်စေသည်။


"ဒါဆို စာမေးပွဲပြန်ဖြေမယ်!" သူမ ခေါင်းကို မော့ကာ ထိုလူကိုစိုက်ကြည့်၍ အေးစက်စွာပြောလိုက်သည်။ "ရှင်တို့ရဲ့ရှေ့မှာ ထပ်လုပ်မယ် ကျန်တဲ့မေးခွန်း ခုနစ်ခုထဲက တစ်ခုကို ယူလာပေးပါ ကျွန်မ စမ်းသပ်ပြုလုပ်ချက်ခုနစ်ခုစလုံးကို လုပ်မယ် နောက်တစ်ကြိမ်ထပ်လုပ်ရလည်း အဆင်ပြေတယ်"


ကျုံးယို့ယို့၏ မာနကြီးပြီး သီးသန့်ဆန်သော သဘောထားက ရုံးခန်းကို တိတ်ဆိတ်သွားစေခဲ့သည်။


အထူးသဖြင့် ထိုရွှေကြိုးတပ်မျက်မှန်အဖွဲ့ခေါင်းဆောင်ပင်။သူသည် အစောကတည်းက ကျုံးယို့ယို့ကို ဘေးဘက်မှ ကြည့်နေခဲ့ပြီး သူမပြောသည်ကို ကြားသောအခါ ခဏလောက်အံ့အားသင့်သွားရပြီး သူ့မျက်နှာတွင်တော့ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။


"ခင်ဗျားရဲ့ကျောင်းသားက ယုံကြည်မှုလွန်ကဲနေတယ်လို့ပြောရမလား ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲ‌နေမှန်း မသိတာများလား ပြုလုပ်ချက်ခုနစ်ခုလုံးကို လုပ်မယ်တဲ့လား၊ မင်း ကိုယ့်ကိုကိုယ် တကယ်ယုံကြည်မှုရှိတာ သေချာရဲ့လား" သူ သရောတော်တော်ဖြင့် ပြောလိုက်မိ၏။


ဒီလိုပြိုင်ပွဲမျိုးတွေကို သူတို့စစ်ဆေးဖူးကြသည်ပင်။ မေးခွန်းရှစ်ခုထဲက သုံးခု သို့မဟုတ် လေးခုသည် ခက်ခဲမှုမြင့်မားသည်။ ဤတစ်ကြိမ်၌ သူတို့သည် မြို့နယ်၏ ထိပ်တန်းဆယ်ဦးစာရင်းတွင် ဝင်ခဲ့လျှင်သော်မှ သူတို့အားလုံးသည် စမ်းသပ်ပြုလုပ်ချက်စစ်ဆေးမှုတွင် အမှတ်ပြည့်မရခဲ့ကြပေ။တစ်မြို့လုံးတွင် သောင်းနှင့်ချီသော ကျောင်းသားများရှိနေသည်ကို မပြောနှင့်ဦး၊ ထောင်ပေါင်းများစွာသော ကျောင်းအသီးသီးမှ ထိပ်တန်းကျောင်းသားများသည် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး လူ 30 သို့မဟုတ် 40 လောက်သာ ပြုလုပ်ချက်တွင် အမှတ်ပြည့်ရကြသည်။


ကျုံးယို့ယို့ဆိုသောနာမည်နှင့် ဤကျောင်းသူက ပြုလုပ်ချက် ခုနစ်ခုစလုံးကို တစ်ပြိုင်နက်တညလုပ်မယ်လို့ သူတို့ရှေ့မှာ ပြောခဲ့သည်။ ဒါကမှ အရည်အချင်းမပြည့်၀သေးတဲ့ အပျံသင်စငှက်လေးမဟုတ်ရင် ဘာလဲ။


သူ ပြုံးလိုက်သည်။ 'ဒီကလေးက အသိပညာမရှိမိုက်မဲနေတယ်'။ "ကောင်းပြီလေ မင်း စာမေးပွဲဖြေလို့ရပြီ အမှတ်ပြည့်ရရင် အမှတ် 30 ကို မင်းဆီ ပုံမှန်အတိုင်း ပြန်ပေးလိမ့်မယ်၊ ဒါပေမယ့် မင်းအမှားလုပ်မိရင် ဒီအမှတ်ကို မင်းမရဘူးလို့ ဆိုလိုတာပဲ" 


ကျုံးယို့ယို့က သူ့ကို လျစ်လျူရှုပြီး ရုံးခန်းထဲက အရင်ထွက်လာလိုက်သည်။ ဓာတ်ခွဲခန်းသည် ဘေးအဆောက်အအုံတွင်ရှိပြီး ဆရာနှစ်ဦးက လက်တွေ့စမ်းသပ်ချက်မေးခွန်းများကို ယူဆောင်လာရမည်ဖြစ်ကာ ထို့‌နောက် သူတို့က သူမတို့ကျောင်း၏ ဓာတ်ခွဲခန်းတွင် ပြုလုပ်ပုံများကို တိုက်ရိုက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။


ဓာတ်ခွဲခန်းထဲတွင် လူငါးဦးရှိသည်။ ကျုံးယို့ယို့၊ သင်ကြားရေးဌာနမှူးနှင့် ထိုပညာရေးဂရုနှစ်ခု၏ ဆရာများအပြင် ဓာတ်ခွဲခန်းတွင် လက်တွေ့စမ်းသပ်ချက်များ လုပ်ဆောင်ရသည့် ပြိုင်ပွဲ‌ဆိုင်ရာအတန်းမှ ဓာတုဗေဒဆရာတစ်ဦးလည်း ရှိနေသည်။


သင်ကြားရေးဌာနမှူး၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဓာတုဗေဒဆရာသည် ဓာတ်ခွဲခန်းမှ ချက်ချင်းထွက်လာကာ ဘေးတွင်ရပ်၍ ကျုံးယို့ယို့၏ပြုလုပ်ပုံကို ကြည့်ရှုခဲ့သည်။


ကျုံးယို့ယို့သည် ရွှေရောင်ဘောင်ကွပ်ထားသည့်မျက်မှန်နှင့်လူဆီမှ မေးခွန်းကိုယူလိုက်ပြီး consoleဆီသို့ လျှောက်သွားသည်။ သူမရဲ့ကံက တကယ်ကို ဆိုးရွားလှ၏။ ဤမေးခွန်းရဲ့အခက်အခဲက ပြီးခဲ့တဲ့ အကြိမ်ကနှင့် အတူတူပင်။ ထိုမေးခွန်းရှစ်ခုထဲမှာ အခက်ဆုံးမေးခွန်းလည်းဖြစ်ပြီး ပို၍လည်းခက်ခဲသည်!! သို့သော်လည်း သူမသည် နံရံပေါ်က တိုင်ကပ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ဆယ်မိနစ်ဆိုလျှင် လုံလောက်ပြီ။


ဆယ်စက္ကန့်ကြာပြီးနောက် သူမ စတင်မလှုပ်ရှားသေးသည်ကိုတွေ့တော့ ရွှေရောင်ဘောင်ကွပ်ထားသော မျက်မှန်တပ်ထားသည့်ခေါင်းဆောင်က သူ့ပါးစပ်ထောင့်ကို တွန့်ကွေးလိုက်သည်။ ဤကျောင်းသူသည် မိုးကြိုးပစ်ပြီး မိုးသည်းထန်စွာရွာနေသောကြောင့် အမှန်တကယ်မလှုပ်ရှားနိုင်တော့ဟု သူတွေးနေလေသည်။


တစ်ဖက်တွင်တော့ သင်ကြားရေးဌာနမှူးသည် အလွန်အမင်းရင်ဖိုစိတ်လှုပ်ရှားနေပြီး လက်သီးများကို တင်းတင်းဆုပ်ထားသည်။အရင်တခေါက်တုန်းက ကျုံးယို့ယို့စာခိုးချခဲ့သည်လားဟု မေးခွန်းထုတ်ခံခဲ့ရသည့် ကျုံးယို့ယို့၏ အတန်းပိုင်ဆရာ လီသုန်းဖျင်၏ခံစားချက်ကို သူနားလည်သွားပြီဖြစ်သည်။ အခု သူလည်း သူ(လီသုန်းဖျင်)နှင့်အတူတူပင်။ ရွှေမျက်မှန်၊ပြိုင်ပွဲဆိုင်ရာပညာရေးဂရုရဲ့ ခေါင်းဆောင်ကို ခုန်တက်ပြီး အနိုင်ယူဖို့ မစောင့်နိုင်တော့ဘူး။ သူတို့ကျောင်းက ကျောင်းသားတွေကိုပဲ ဘာကြောင့် မေးခွန်းပြန်ထုတ်တာလဲ။


ဒါက မျက်နှာကို ဖြတ်ရိုက်တာမဟုတ်ဘူးလား။


လူအနည်းငယ်က ကျုံးယို့ယို့ကို လှမ်းကြည့်နေကြသည်။ ပုံမှန်အားဖြင့် စာမေးပွဲခန်းတွင် ကျောင်းသားတစ်ဦးနှင့် စာမေးပွဲခန်းစောင့်နှစ်ဦးသာရှိသော်လည်း ယခုအခါ စာမေးပွဲခန်းစောင့်လေးဦးနှင့် ကျောင်းသားတစ်ဦးသာ ရှိသည်။


သာမန်လူဆိုပါက ချွေးတွေထွက်ပြီး လက်တွေ အတော်ကြာကတည်းက တုန်နေလောက်ပြီ။ သို့သော် ကျုံးယို့ယို့၏ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်။စက္ကန့် ဆယ်ချီကြာအောင် တွေးပြီးနောက် သူမ လှုပ်ရှားလာသည်။


ထို့နောက်တွင် အသုံးပြုရန် လိုအပ်သော ဓာတ်စမ်းပစ္စည်းများကို လျင်မြန်တိကျစွာ ကောက်ယူခဲ့သည်။ သူမ၏လက်များသည် အလွန်ပင်တည်ငြိမ်သည်။ စမ်းသပ်ပြွန်ထဲသို့ ဓာတ်စမ်းပစ္စည်းများကို လောင်းချသောအခါ၊ သူမသည် ကျဆင်းသွားသည့်အမှတ်ကို လုံးဝကြည့်ရန် မလိုအပ်ဘဲ ၎င်းတို့ကို တိုက်ရိုက်လောင်းချလိုက်တာဖြစ်သည်။ နောက်ဆုံး ပြုလုပ်ပုံအနေဖြင့် ထိုကဲ့သို့သော အသိပညာနှင့် ထိရောက်မှုရရှိရန်အတွက် ဓာတ်ခွဲခန်းရှိ နှစ်နဲ့ချီကျွမ်းကျင်မှု မည်မျှလိုအပ်မည်ကို သူတို့မသိကြပေ။


စာမေးပွဲခန်းစောင့် နံပါတ် ၁ သည် သူမ၏ အရင်တခေါက်က လုပ်ငန်းဆောင်ရွက်ပုံကျွမ်းကျင်မှုကြောင့် အံ့အားသင့်ထားပြီးသားဖြစ်သည်။ ဤတစ်ကြိမ် သူထပ်မြင်လိုက်ရတော့ အနည်းငယ်တည်ငြိမ်နေသော်လည်း ရွှေမျက်မှန်တပ်ထားသည့်အဖွဲ့ခေါင်းဆောင်နှင့် သင်ကြားရေးဌာနမှူးက ၎င်းကို မမြင်ဖူးကြပေ။ထိုသည်က သူတို့ ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။ ထို့ကြောင့် ကျုံးယို့ယို့အား အံ့အားသင့်စွာ စိုက်ကြည့်ရင်း သူ့အမူအရာ မပြောင်းသွားပဲ မနေနိုင်ခဲ့ပေ။


သို့သော် သူမ လျင်မြန်စွာ လှုပ်ရှားနေသော်လည်း နည်းစနစ်ကျသည်။ လုံးဝတွေးတောခြင်းပင်မရှိ!! အဆင့်တိုင်းသည် တိကျပြီး အပိုဓာတ်စမ်းပစ္စည်းများပင် မကောက်ယူရသေးချေ။ 


ရွှေမျက်မှန်တပ်ခေါင်းဆောင်သည် ဤနယ်ပယ်တွင် အတော်အတန် ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဟု ယူဆလို့ရသည်။ ကျုံးယို့ယို့သည် တက္ကသိုလ်ဓာတ်ခွဲခန်းထဲတွင် နေ့ရောညပါ နစ်မြုပ်နေတတ်သည့်သူများလားဟု သူသံသယ၀င်မိသည်။ သို့မဟုတ်ဘဲ အထက်တန်းကျောင်းသားတစ်ယောက်သာဆိုပါက ထိုသို့သောတိကျမှုမျိုးနှင့် ဘယ်လိုလုပ်ဆောင်နိုင်မည်လဲ။ ဒါက အနည်းဆုံးတော့ ထူးကဲပြောင်မြောက်သည့် အဖြေစာရွက်အဆင့်ပဲ မဟုတ်လား။


အကြောင်းပြချက်မရှိ၊ သူ့လည်ချောင်းတွေ တင်းကျပ်နေသည်။ သူ့ဘေးနားက တခြားလူနှစ်ယောက်ကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်ရှိ ပူလောင်တဲ့ခံစားချက်ကိုပင် ခံစားလိုက်ရသည်။ သူ စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ကျုံးယို့ယို့ကို ဆက်ကြည့်ရင်း မြင်လိုက်ရသည်က...


ခဏအကြာတွင် flaskထဲရှိ ဓာတ်ငွေ့များ ပေါက်ကွဲသွားပြီး ကြည်လင်နေသည့်ဓာတ်ငွေ့များက ပျစ်ခဲသွားသည်။ ထိုအခိုက်အတန့်တွင် သူ၏သူငယ်အိမ်သည် စူးစူးရှရှဖြင့် မှေးကျဉ်းသွားတော့သည်။ အမှန်ပဲ၊ဒီစမ်းသပ်ချက်မေးခွန်းအတွက် ဓာတ်ငွေ့တွေက နောက်ဆုံးမှာ အခဲတွေအဖြစ် ပေါင်းစပ်သွားဖို့ပဲ လိုအပ်ပြီး ထိုသို့ဖြစ်လျှင် အောင်မြင်သွားပြီဟု ယူဆလို့ရကာ သတ်မှတ်ထားတဲ့ အချိန်အတွင်း လုပ်ဆောင်ချက်မှန်ကန်သရွေ့ အမှတ်ပြည့်ရသည်ဟု ယူဆရမည်ဖြစ်သည်။


ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက စမ်းသပ်လုပ်ဆောင်ချက်ကို အမှန်တကယ် ပြီးမြောက်ခဲ့သည်လား။ 


ပြီးသွားပြီလား??


"....."



ဓာတ်ခွဲခန်းသည် အလွန်တိတ်ဆိတ်နေသည်။


သူ့ဘေးပတ်လည်ရှိ အခြားလူသုံးယောက်သည်လည်း ရှော့ခ်ရသွားကြပြီး သူတို့မြင်ရတာများ မှားနေတာလားဟု တွေးမိသွားကြသည်။ ကျုံးယို့ယို့ရဲ့စမ်းသပ်လုပ်ဆောင်ချက်က တခြားသူတွေရဲ့စမ်းသပ်လုပ်ဆောင်ချက်ထက် ဘာလို့အဆင့်နည်းနည်းပဲ ရှိရတာလဲ။ ခြောက်မိနစ်အတွင်း ပြီးသွားတာလား။ ဆယ်မိနစ်အတွင်း အခြားသူတွေ မပြီးနိုင်သော စမ်းသပ်လုပ်ဆောင်ချက်ကို သူမသည် ခြောက်မိနစ်အတွင်း အမှန်တကယ် ပြီးသွားခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း အမှားအယွင်းမရှိခဲ့ချေ။


"ပြီးပြီလား?" သင်ကြားရေးဌာနမှူးက မယုံကြည်နိုင်ဖြစ်သွားရသည်။


ကျုံးယို့ယို့သည် လူအနည်းငယ်ကို ပြန်ကြည့်ပြီးနောက် ပြန်လှည့်သွားကာ သူမ၏လက်ထဲရှိ ဓာတ်ကူပစ္စည်းအယ်လ်ကိုဟောflaskကို မူလနေရာသို့ ပြန်ထားကာ တိုးတိုးလေးပြောလိုက်သည်။ " လက်တွေ့စမ်းသပ်မှုရဲ့ ဖွဲ့စည်းပုံစနစ်ကို မြှင့်တင်လို့ရတယ်"


စကားပြောပြီးနောက် သူမသည် ဓာတ်ကူပစ္စည်းနှင့် ပေါင်းခံပုလင်းများစွာ၏နေရာများကို ချိန်ညှိခဲ့သည်။ ဤနည်းဖြင့် ကောက်ယူရလွယ်ကူရုံသာမကမတော်တဆဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါသည်။


စကားပြောပြီးနောက် သူမသည် ဓာတ်ကူပစ္စည်းနှင့် ပေါင်းခံflaskများစွာ၏ နေရာများကို ချိန်ညှိခဲ့သည်။ ဤနည်းဖြင့် ယူရလွယ်ကူရုံသာမက မတော်တဆဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။


သူမ၏နောက်ဆုံးဘဝတွင် သူမသည် တက္ကသိုလ်တက်ခဲ့သည့်သူဖြစ်သည်။ ဂျာနယ်တစ်စောင်တွင် ဆရာမတစ်ဦးက ထိုသုံးသပ်ချက်ကို ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး သူမက ထိုအကြောင်းကို အခု အသုံးပြုခဲ့သည်။


ဒါပေါ့၊ သူမက သာမန်ကာလျှံကာပြောလိုက်သော်လည်း ၎င်းအကြောင်းအရာသည် ထိုလူတွေအား ရှော့ခ်ရသွားစေခဲ့သည်ပင်။ အမှန်တကယ်တော့ ကျုံးယို့ယို့ပြောတာ မှန်ကန်၏။ ဓာတ်ခွဲခန်းထဲ စာမေးပွဲ မစစ်ဆေးရသေးခင်တွင် တရားမျှတမှုရှိစေရန်အတွက် ထိုဓာတ်ကူပစ္စည်းvesselများ နေရာချထားမှုကို ပုံသေသတ်မှတ်ထားသည်။ သို့သော် ဤသို့ပြုလုပ်ခြင်းသည် စာမေးပွဲဖြေဆိုသူအတွက် မတော်တဆမှုဖြစ်နိုင်ချေကို အမှန်ပင်တိုးသွားစေမည်ဖြစ်ပြီး ကျုံးယို့ယို့၏ ပြင်ဆင်ချက်သည်တော့ ပို၍တိုးတက်ကောင်းမွန်လာခဲ့သည်။


ရုတ်တရက်ပင် လူတော်တော်များများ ရှော့ခ်ရသွားပြီး ဘာပြန်ပြောရမှန်းမသိကြတော့ချေ။


အထူးသဖြင့် ကျုံးယို့ယို့အား အချိန်အကြာကြီး စောင့်ကြည့်နေခဲ့သည့် ရွှေမျက်မှန်က အချိန်အတော်ကြာသည့်ထိ ပြန်လည်မ‌ကောင်းမွန်လာခဲ့ပေ။ သူ့ဘေးရှိ စာမေးပွဲခန်းစောင့် အမှတ် ၁ က သူနှင့် အကျိုးအကြောင်းမှန်မှန် ငြင်းခုံနေပြီး ကျောင်းသူကျုံးယို့ယို့အတွက် အမှတ်တွေကို ထည့်သွင်းရေတွက်ရမည်ဟု ပြောလာသည်။ မဟုတ်ပါက အရှက်ရလိမ့်မည်ပင်။ မြို့နယ်ပထမနေရာအား သိသိသာသာကြီးကို ရနိုင်ခဲ့သည့်သူမှာ အခြားသူများ၏ မလိုမုန်းထားသော ကြား၀င်နှောင့်ယှက်မှုကြောင့် မြို့နယ်အဆင့်ဆယ့်တစ်နေရာသို့ ရောက်ရှိသွားခဲ့ရသည်။