အပိုင်း ၇၇
Viewers 11k

Chapter 77



"ကျွန်မရဲ့ လက်တွေ့စမ်းသပ်ချက်က ပြီးပါပြီ" ကျုံးယို့ယို့လှည့်ပြီး ပြောလိုက်၏။


သင်ကြားရေးဌာနမှူးက ဓာတုဗေဒဆရာမဟုတ်သော်လည်း ဆက်တိုက်ဆိုသလိုလုပ်သွားသည့် နည်းစနစ်များကြောင့် ရှော့ခ်ရနေသည်။ သူက သူ့ဘေးရှိ ရွှေမျက်မှန်၏မျက်နှာကို ကြည့်လိုက်ပြီး အနည်းငယ်ဂုဏ်ယူမိသွားသည်။ သူက ဂုဏ်အယူဆုံးသောသူဖြစ်ပြီး ဦးစွာ လက်ခုပ်မတီးဘဲမနေနိုင်တော့ချေ။


 "ကျောင်းသူကျုံးယို့ယို့ မင်းက ငါတို့ကျောင်းရဲ့ ဂုဏ်ဆောင်ပါပဲ"


စာမေးပွဲခန်းစောင့် နံပတ် ၁ ကလည်း သဘောကျစွာ ပြုံးနေသည်။သူ လူကြည့်မမှားခဲ့ဘူး။ ပြီးတော့ ဓာတ်ခွဲခန်းထဲရှိနေသည့် ဓာတုဗေဒဆရာသည်တော့... 'ဘာဖြစ်သွားတာလဲ၊ သူ မှတ်မိတာမှန်ရင် ဒီကျောင်းသူက ညံ့ဖျင်းတဲ့အတန်းထဲက မဟုတ်ဘူးလား။'လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ဓာတ်ခွဲခန်းထဲတွင် သူရှိနေခဲ့တာဖြစ်သည်။အပြင်မှာ တစ်ခုခုဆိုးရွားတာ ဖြစ်သွားတာလား။


ထိုရွှေမျက်မှန်တပ်ထားသည့် ဆရာ၏မျက်နှာသည် ပြာနှမ်းသွားပြီး ဖြတ်ရိုက်သံကြောင့် ရှုပ်ထွေးနေသည့်ခံစားချက်များသည် လေဆင်နှာမောင်းကဲ့သို့ ရောက်လာတာမြန်ဆန်လွန်းသဖြင့် သူ့မျက်နှာကိုပင် ထုံသွားစေခဲ့သည်။


"ဆရာ ကျွန်မကို တခြားစမ်းသပ်လုပ်ဆောင်ချက်ပြဿနာအားလုံး လုပ်စေချင်လား" ကျုံးယို့ယို့က သူ့ကိုကြည့်ကာ ပါးစပ်ထောင့်တွေ ကွေးတက်သွားရသည် ။


"မလိုဘူး၊ မင်းရဲ့စမ်းသပ်လုပ်ဆောင်ချက်က ပြီးပြည့်စုံတယ် အမှတ်သုံးဆယ်နဲ့ ထိုက်တန်တယ် ငါအရင်က ဘက်လိုက်ခဲ့မိတယ်" ရွှေမျက်မှန်က ထုံထိုင်းစွာဖြင့် ပြောလာသည်။


'သေစမ်း အခု မင်းပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ မင်းကို ဘယ်လိုခေါ်ကြတော့မှာလဲ မင်းပြန်သွားရင် ပြိုင်ပွဲဆိုင်ရာဂရုထဲက လုပ်ဖော်ကိုင်ဖက်တွေက မင်းကို ဘယ်လိုထင်ကြမလဲ။သူက ပြိုင်ပွဲ၀င်တွေအပေါ် တရားမျှတမှုမရှိဘူးလို့ ကောလဟာလတွေ ထွက်ကောင်းထွက်လာနိုင်တယ်။ ကျုံးယို့ယို့ဆိုတဲ့နာမည်နဲ့ ဒီကျောင်းသူက တကယ်ကို ဆိုးသွမ်းတာပဲ။ အရင်က ပြိုင်ပွဲတွေမှာ သူမရဲ့နာမည်ကို သူတစ်ခါမှ မကြားဖူးဘူး။ ဒီတစ်ကြိမ်မှာ သူမက တကယ်ပဲ မြို့နယ်ပထမအဆင့် ရခဲ့တာလား။ '


မြို့နယ်ပထမအဆင့်။


ဒီစကားလုံးလေးလုံးကို အတန်း (၁၉)မှ ကျောင်းသားတွေက ဘယ်တုန်းကမှ မတွေးမိခဲ့ကြသလို သူတို့ရဲ့ အဘိဓာန်ထဲမှာတောင် မရှိဘူး... သူတို့သာမက တစ်ကျောင်းလုံးက ကျောင်းသား/သူတွေတောင် တစ်နေ့မှာ ဒီစကားလုံးလေးလုံးက ကျုံးယို့ယို့နှင့် အမှန်တကယ် ဆက်စပ်နေလိမ့်မည်ဟု ဘယ်သူကမှ မထင်မိခဲ့ကြပေ။


ဤသည်က ဗုံးတစ်လုံးလိုမျိုး မှော်ဆန်လွန်းသည်... ထိုသတင်းကြောင့် ကျောင်း၀င်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ပေါက်ကွဲသွားတော့သည် ။


ကော်ရစ်တာများ၊ စာသင်ခန်းများ၊ ကစားကွင်းများနှင့် ဖိုရမ်များတွင် သွေးလွှမ်း‌စေသည့် မုန်တိုင်းတစ်ခုတိုက်ခတ်နေပြီး အကြောင်းအရာအားလုံးက ထိုသတင်းသာ။


ကျုံးယို့ယို့က အများကြီးတိုးတက်လာသည်ဆိုတာ သူတို့သိသည်။ အရင်တစ်ခေါက်က သူမသည်  အတန်းထဲတွင် ပထမနေရာကိုပင် ရခဲ့သော်လည်း အဘယ်ကြောင့် ရုတ်တရက်ကြီး မြို့နယ်ပထမ ဖြစ်လာရသနည်း။ ဒီတိုးတက်လာမှုရဲ့ အတိုင်းအတာက အရမ်းကိုကြီးမားနေတယ်မဟုတ်ဘူးလား?


သူမက "အလွန့်အလွန်" ဆေးတွေ သောက်ခဲ့တာလား။ ဒီတစ်ခုပြီးနောက်တစ်ခု၊ သင်္ချာစာမေးပွဲ၊ အတန်းနံပါတ်တစ်၊ ကျုံးမိသားစုရဲ့သမီးဆိုသည့် အဆင့်အတန်း... ဒါက အဆုံးစွန်လို့ တစ်ကျောင်းလုံးထင်နေချိန်မှာပဲ သူမက သေလောက်အောင် ရှော့ခ်ရစရာကောင်းသည့် အချက်အလက်တွေကို တခြားသူတွေကို အမြဲလိုလို ပြသလာခဲ့သည်... ယခုတော့ သူမသည် ရွှယ်ပါ့ဝင်စားလာသည့်သူဖြစ်ကြောင်း ရုတ်တရက် ထုတ်ဖော်ပြသလာလျှင်ပင် အံ့သြစရာ ကောင်းတော့မည်မဟုတ်ဆိုသည့် ခံစားချက်က လူတိုင်းမှာ ရှိနေပြီပင်။


ဓာတ်ခွဲခန်းထဲတွင်‌ ရွှေမျက်မှန်က ကျုံးယို့ယို့ကို မေးခွန်းပြန်ထုတ်ကာ စာမေးပွဲဖြေဆို‌စေခဲ့သည့် ကိစ္စကိုတော့ ကျောင်းသားတွေက သေချာပေါက် မသိစေခဲ့ချေ။ ပထမဖြေဆိုခဲ့သည့် စာမေးပွဲရမှတ်က တွက်ချက်မှုမှားယွင်းသည်ဟု သူတို့ထင်ခဲ့ကြသောကြောင့် ထိုကိစ္စက ပြိုင်ပွဲဆိုင်ရာပညာရေးဂရုနှစ်ခုမှ လူများကို ထိတ်လန့်စေခဲ့သည်။ သူတို့သည် အဝေးကြီးကို ခရီးနှင်လာခဲ့ရပြီး ကျုံးယို့ယို့အတွက် ရမှတ်ကို ပြောင်းလဲပေးရန် ကိုယ်တိုင်ကိုယ်ကျ လာခဲ့သည်။


အိုးမိုင်ဂေါ့ဒ် ကျုံးယို့ယို့က အရမ်းကိုမိုက်လွန်းတယ်။


ပြိုင်ပွဲဆိုင်ရာစာမေးပွဲရဲ့နေရာကို သူတို့ တစ်ခါမှ မကိုင်ဖူးသလို ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းလည်း မရှိကြချေ။ သူမက သူမရဲ့ရမှတ်ကို ပြောင်းလဲပေးဖို့ ပြိုင်ပွဲဆိုင်ရာစာမေးပွဲစစ်ဆေးသူတွေကို နှိုးဆော်နိုင်သည့် တစ်ဦး‌တည်း‌သောသူပင်...


ထိုအဖြစ်နဲ့ သူတို့ကိုယ်သူတို့ယှဉ်လိုက်ရင် လူတွေကို ငိုကြွေးစေလေသည်။


အခုတော့ ထိုအကြောင်းကို ကြားတဲ့ ကျောင်းကလူတွေအကုန်လုံး ရူးသွပ်ကုန်ကြပြီ။


အထူးသဖြင့် ကျုံးယို့ယို့နှင့် ပိုရင်းနှီးသော အတန်း(၁၉)မှလူများဖြစ်ပြီး"ပြိုင်ဘက်ကင်းဆရာသခင်က သူတို့အနားမှာ ရှိနေသည်" ဟူသော အလွန်တရာအံ့သြရသည့် ခံစားချက်မျိုး ၀င်သွားကြသည်။


"ငါ တန်ပြန်တိုက်ခိုက်မှုတချို့ကြောင့် လိပ်ပြာလွင့်သွားပြီထင်တယ်... မြို့နယ်ပထမအဆင့်တဲ့ အဲ့ဒီစကားလုံးလေးလုံးကို ငါ မှတ်တောင်မမှတ်မိတော့ဘူး ကျုံးယို့ယို့က ဘာလို့ မြို့နယ်ပထမနေရာကို ရတာလဲ၊ သူမ စာမေးပွဲမှာ ဘာသုံးခဲ့တာလဲ ငါပြောနေတာကြားကြလား ..” နောက်တန်းမှ ကောင်လေးက ညည်းညူလိုက်သည်။


နံနက်ခင်း၌ ကျုံးယို့ယို့ နှုံးခွေနေတာကိုမြင်ပြီး သူမ စာမေးပွဲမှာ ကောင်းကောင်းမဖြေဆိုနိုင်ခဲ့ဟု ထင်ခဲ့ကြသည်။ ရလဒ်အနေဖြင့် သူမသည် မြို့နယ် အဆင့်ဆယ့်တစ် နေရာရခဲ့ပြီး၊ ထို့နောက် ပညာရေးဂရုမှလူများသည် သူမ၏အဆင့်များကို ပြင်ဆင်ရန် ကိုယ်တိုင်ကိုယ်ကျလာခဲ့ကြသည်။


သူမကိုလည်း မြို့နယ်ပထမအဆင့်ဖြစ်ကြောင်း ကြေညာခဲ့သည်။၎င်းက သူတို့အား တကယ်ကို ရှော့ခ်ရစေခဲ့သည်ပင်...


ရွှီရှောင်ယွဲ့သည် ကုလားထိုင်ပေါ် လဲကျသွားပြီး သူမရဲ့နားက ပြဿနာရှိနေသည်ဟု သံသယရှိခဲ့သော်လည်း ယခု သူမသည် ပြိုင်ပွဲဆိုင်ရာစာမေးပွဲ ရလဒ်ကို စစ်ဆေးလို့ရခဲ့ပြီး သူမ၏ မိုဘိုင်းဖုန်းမျက်နှာပြင်က ကျုံးယို့ယို့သည် မြို့နယ်ပထမအဆင့်ဖြစ်ကြောင်း ပြသနေ၏။


ရွှီရှောင်ယွဲ့သည် အလွန်တရာရှည်လျားလှသည့် စာမေးပွဲရလဒ်စာရင်းကို ကြည့်လိုက်သည်။ စာရင်းထဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အထက်တန်းကျောင်းထောင်ပေါင်းများစွာထဲမှ ရွေးချယ်ထားသော ထိပ်တန်းကျောင်းသားများ ပါ၀င်ပြီး လူတိုင်းသည် သူတို့၏ကျောင်းတွင်လည်း နိုင်လိုစိတ်အပြင်းပြဆုံးသော ကျောင်းသားများဖြစ်သည်ဟု ဆိုနိုင်သည်။


ယခု ကျုံးယို့ယို့ဟူသောအမည်သည် ထိပ်တန်းကျောင်းသား/သူများအားလုံး၏ အထက်မှ နတ်ဘုရားမတစ်ပါးလိုပင်။


ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းလို့ သူမကို အိပ်မက်မက်နေတာလားလို့ ထင်အောင်လုပ်နေသော်လည်း အိပ်မက်တစ်ခုသာဆိုလျှင် ဘာကြောင့် ဒီအိပ်မက်ရဲ့ ဇာတ်ဆောင်က သူမကိုယ်တိုင်မဟုတ်ရတာလဲ...


ရန်ကျီအန်းသည်လည်း စာရင်းကို အစအဆုံးကြည့်နေပြီး နောက်ဆုံးတွင်တော့ သူ့နာမည်ကို မြို့နယ်အဆင့် ၁၉ နေရာတွင် တွေ့လိုက်ရသည်။


သူ ရုတ်တရက် စိတ်သက်သာရာရသွားသည်။


ကျုံးယို့ယို့ရဲ့ခြေရာကို အမီလိုက်ချင်သည်ဟု ယခင်ကပြောခဲ့ပေမယ့် ယခုလက်ရှိ ကျုံးယို့ယို့သည် တစ်နေ့အတွင်း အဆင့်မြှင့်တင်လိုက်သလိုမျိုးပင်။ သူ တစ်နှစ်တာတိုးတက်လာခဲ့သည်ထက် ပို၍လည်း မြန်ဆန်သေးသည်။ သူ ထုံထိုင်းတဲ့ထိ ရှောခ်ရသွားရပြီး နောက်တစ်ခေါက်တွင် ကျုံးယို့ယို့သည် ပြည်နယ်နံပါတ်တစ် ဖြစ်လာလောက်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထိုသို့တကယ်ဖြစ်လာလျှင် ထပ်ပြီးတော့ ရှော့ခ်ရမည်တော့ မဟုတ်လောက်တော့ချေ။ သို့သော်လည်း ပြည်နယ်တစ်ခုလုံးသည် တစ်မြို့နယ်လုံးထက် ပြိုင်ဆိုင်မှုပြင်းထန်သည်။ ကျုံးယို့ယို့ မရနိုင်လောက်ဘူး...


ယခုတစ်ကြိမ်တွင် ကျုံးယို့ယို့၏ရလဒ်များသည် တိုက်ဆိုင်မှုတစ်ခုဟု မည်သူမျှမထင်ကြတော့ပေ။ ပထမဆုံးအနေဖြင့် ဤပြိုင်ပွဲသည် အလွန်တင်းကျပ်ပြီး လိမ်ညာလှည့်စားရန်မဖြစ်နိုင်ပေ။ ဒုတိယအနေဖြင့် စာမေးပွဲသည် ခက်ခဲပြီး ပုံမှန်မဟုတ်သည့် ပြိုင်ပွဲဆိုင်ရာစာမေးပွဲဖြစ်သည်။ စာမေးပွဲပြီးသွားသည့်အခါ စာမေးပွဲဖြေရသည့်အခန်းထဲမှ ကျောင်းသားအများအပြားသည် ငိုယိုကာ ပြန်လာခဲ့ကြသည်။ ခက်ခဲလွန်းသောကြောင့်ပင်။


သို့သော်လည်း ကျုံးယို့ယို့က မြို့နယ်ပထမနေရာကို ရခဲ့၏။


ဤသည်က ခွန်အားကြောင့်သာ ဖြစ်နိုင်သည်။သူများတွေပြောကြသည့် ဒုတိယအချက်က သူမအတွက် အရေးမပါသလို လိုလည်းမလိုအပ်ပေ။


တစ်ကျောင်းလုံးက ဆူပွက်နေသည့် ရေနွေးအိုးလိုမျိုး ပွက်ပွက်ဆူနေကြပြီဖြစ်သည်။ ဤအခိုက်အတန့်တွင်၊ မြို့နယ်ပထမအဆင့်ဖြစ်သော ကျုံးယို့ယို့၏ စာမေးပွဲရလဒ်ကြောင့် မည်မျှပင် ရှော့ခ်ရနေပါစေ ကိစ္စမရှိချေ။ ရေနွေးအိုးသည် ခြောက်ကပ်သွားသည့်ထိ ပွက်ပွက်ဆူနေခဲ့ပြီး ထိုထက်ပို၍ ထပ်မဆူပွက်နိုင်တော့ပေ။


ကျုံးယို့ယို့နှင့်ပတ်သက်၍ ရှော့ခ်ရစရာတွေ အများကြီးရှိ၏။ သူမသည် အတန်းထဲရှိ စာညံ့သောမိန်းကလေးမှ ၎င်းတို့၏ ကျောင်းဒဏ္ဍာရီလာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။


မဟုတ်ချေ၊ သူတို့ကျောင်းတင်မကဘဲ ကျုံးယို့ယို့က ဤတကြိမ်တွင် မြို့နယ်ပထမနေရာရခဲ့ပြီး သူမရဲ့ နာမည်က ဟိုးလေးတကျော်ကျော်ပင်။ ဤအဖြစ်အပျက်ပြီးနောက် မြို့ထဲက ကောလိပ်နှင့် တက္ကသိုလ်တစ်ဒါဇင်ကျော်မှ လူတွေက သူမကို သိသွားကြလိမ့်မည်ဖြစ်သည်။


ထို့အပြင်၊ သုံးနှစ်အတွင်း၌ ပထမဆုံးအကြိမ်အဖြစ် ရှစ်ကျစ်ထန်၏အမည်ထက်တွင် အခြားအမည်တစ်ခု ပေါ်လာခဲ့သည်။


.....


ထိုအကြောင်းကို တစ်ကျောင်းလုံးက ပြောနေကြသည်။


 မုန့်ရှစ်ရွှမ်သည် နားထောင်ပြီး တိတ်တဆိတ်ဖြင့် ရေသွားယူလိုက်သည်။ သူမရဲ့ လက်ရှိ စိတ်အခြေအနေက အလွန်ကိုရှုပ်ထွေးနေ၏။အစတွင် သူမသည် ကျုံးယို့ယို့ကို နင်းခြေနိုင်ခဲ့သည်။ ကျုံးယို့ယို့ရဲ့ ဇာတ်ကောင်စရိုက်ကို မည်သည့်နေရာကလူမှ မနှစ်သက်နိုင်ကြသည့်အပြင် သူမသည် ဆူးများ၀န်းရံထားခြင်း၊ ပုန်ကန်ထကြွခြင်း၊ လူဆိုးဂိုဏ်းတွေနှင့်သာပေါင်းသင်းခြင်း စသည်တို့ဖြင့် ပြည့်နှက်နေသောကြောင့် မုန့်ရှစ်ရွှမ်သည် ကျုံးယို့ယို့ကို အမြဲလိုလို အထင်သေးစက်ဆုပ်နေခဲ့သည်ပင်။ သူမ(ကျုံးယို့ယို့)သည် သူမ၏ဘဝအတွက် အစီအစဉ်ရေးဆွဲထားခြင်းမရှိသည့်အပြင် ညံ့ဖျင်းသော ပညာရေးစွမ်းဆောင်ရည်နှင့် ဦးနှောက်မဲ့သောသွင်ပြင်လည်း ရှိနေသေးသည်။


သို့သော်လည်း ယခုမူ ကျုံးယို့ယို့က တောက်ပလာသည့်အချိန်တွင် သူမသည်တော့ နောက်မှာ ကျန်ရစ်ခဲ့ပြီဖြစ်သည်။ 


သူမက မြို့နယ်ပထမနေရာကို ရဖူးလား... 


မရခဲ့ချေ၊ သူမသည် စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုခဲ့ပြီး မြို့နယ်ဒုတိယနေရာသာ ရခဲ့သည်။


မုန့်ရှစ်ရွှမ်သည် သူမ၏အောက်နှုတ်ခမ်းကို သွေးထွက်သည်ထိ မသိစိတ်ဖြင့် ကိုက်လိုက်မိသည်။ သူမ(ကျုံးယို့ယို့)ရဲ့အထောက်အထားအစစ်အမှန်ကို ရုတ်တရက် ထမကြေငြာခဲ့လျှင်ပင် သူမသည် ကျုံးမိသားစု၏ အကြီးဆုံးမမလေးဖြစ်နေဆဲဖြစ်ပြီး သူမ(မုန့်ရှစ်ရွှမ်)ထက် ပို၍ဆွဲဆောင်မှုရှိပြီး လူကြိုက်များလိမ့်မည်ဖြစ်သည်။


သူမ(မုန့်ရှစ်ရွှမ်)၏ကြယ်အလင်းရောင်သည် ကျုံးမိသားစုဆီမှလာပြီး ကျုံးယို့ယို့သည်တော့ သူမရဲ့ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်နိုင်သူဖြစ်ကာ ကျုံးမိသားစုသည် သူမ၏နောက်တွင် မရှိလျှင်လည်းဖြစ်‌သော အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။


သူမ ဘယ်လိုလုပ်လိုက်တာလဲ?


.....


တစ်ကျောင်းလုံးက မြို့နယ်ပထမအဆင့်အကြောင်း ပြောနေကြသည့်အချိန်တွင် ကျုံးယို့ယို့သည် စာသင်ခန်းထဲ ပြန်ရောက်ရောက်လာချင်း အတန်းဖော်တွေ ဝိုင်းရံတာကို ခံလိုက်ရသည်။


"ကျုံးယို့ယို့ နင် ဘယ်လို စာမေးပွဲအောင်ခဲ့တာလဲ၊ နင်က တကယ်ကြီး သုံးနှစ်အတွင်း ပထမရဖူးတဲ့ ငါတို့အတန်းထဲကကျောင်းသားပဲ  နင် စာမေးပွဲနီးမှ တွန်းသင်ပေးတဲ့ကျောင်းဖွင့်ဖို့ အချိန်ရရင် နင့်ရဲ့ ကျုံးမိသားစုထက်တောင် ဝင်ငွေပိုရနိုင်တယ်!"


ကျုံးယို့ယို့ အနည်းငယ်အသိစိတ်ပြန်၀င်လာပြီး ပြုံးလိုက်သည်။ အတန်း(၁၉)ရှိ အတန်းဖော် တစ်စုသည် ချစ်စရာကောင်းနေဆဲပင်။ မနာလိုခြင်းနှင့် မုန်းတီးခြင်းများရှိသော်ငြားလည်း မည်သူမျှ သရော်ခြင်းမရှိသလို ချဉ်ခြင်းလည်း မရှိကြပေ။ အားလုံးကပြုံးပြီး သူမကိုဂုဏ်ပြုကြသည်။ ဤပုံစံအရ သူမသာ ယောက်ျားလေးဖြစ်ခဲ့လျှင် သူမကို ဂုဏ်ပြုဖို့အတွက် ဒီအတန်းဖော်တွေက လေထဲ မြှောက်လိုက်ကြလိမ့်မည်ကို သူမ စိုးရိမ်မိသည်။


"အိုး ဟုတ်သားပဲ အခုလေးတင် တံခွန်ပို့လာပြီလို့ ပြောတဲ့သူရှိပုံရတယ်..." တစ်စုံတစ်ယောက်က ပြောလာ၏။


လီသုန်းဖျင်သည် သူ့လက်ထဲတွင် တံခွန်တစ်ခုကို ကိုင်ထားရင်း ပီတိတဖွားဖွားဖြင့် သူမတို့ဆီ လျှောက်လာပြီး"ဒီနေ့ ငါတို့အတန်းက ပျော်ရွှင်မှု နှစ်ဆရတယ်ဟေ့!"


.....


ကျုံးရှီယို့သည် ကျုံးယို့ယို့၏ ရမှတ်မှားသည့်အ‌ကြောင်းကိုလည်း သဘာဝကျကျပင် သိသည်။ ပညာရေးဂရုမှလူများ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ ရမှတ်ပြောင်းကာ သူမသည် မြို့နယ်ပထမနေရာရကြောင်း ကြေညာခဲ့သည်။ သူသည် ဖိုရမ်ကို ရှော့ခ်ရစွာဖြင့် ပွတ်ဆွဲကြည့်လိုက်ပြီး ဘာပြောရမှန်းမသိတော့ချေ။ ရာနှင့်ချီသော "ငါ တကယ်ယုံတယ်" နှင့် "ငါ တကယ်ကို ရှော့ခ်ရသွားတာ သူမ အရင်က သူမရဲ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာလား“ ဟူသော မှတ်ချက်မျိုးများပြည့်နှက်နေသည့်ဖိုရမ်က explodedဖြစ်(ပေါက်ကွဲ)နေသည်ကို ကြည့်နေဖို့သာတတ်နိုင်သည်....


ထို့အပြင် အပြည့်အ၀ဆွေးနွေးနေကြသည့် ကိစ္စတစ်ခုလည်း ရှိသေးသည်။


၎င်းအကြောင်းအရာသည် အမှတ်(၁၃) အလယ်တန်းကျောင်းမှ ပေးပို့လာသောတံခွန်များနှင့် ကျုံးယို့ယို့ကူညီပေးခဲ့သည့် ကျောင်းသူလေး၏မိဘများမှ လှူဒါန်းသော စာသင်ခန်းသုံးခန်းဖြစ်သည်။


ဒီမှာ ဘာတွေဖြစ်သွားတာလဲ။ ကျုံးရှီယို့ အံ့အားသင့်သွားရသည်။ အတန်းပြီးနောက် သူ သန့်စင်ခန်းပင် မသွားဖြစ်ခဲ့ချေ။ သူက ဖိုရမ်ကို ဆက်တိုက်ပွတ်ဆွဲကြည့်ရင်း ဘာတွေဖြစ်နေလဲဆိုတာအား နားလည်ရန် ကြိုးစားလိုက်သည်။


စာသင်ခန်းများနှင့် စာအုပ်များကို ကျောင်းအား လှူဒါန်းတာဖြစ်သည်။ မည်သည့်လှူဒါန်းမှုမဆို ကျောင်း၏တရားဝင်ဝဘ်ဆိုဒ်တွင် ပေါ်လာလိမ့်မည်။ ထို့ကြောင့် ထန်ထျန်း၊ ကျုံးယို့ယို့နှင့် သင်ကြားရေးဌာနမှူးတို့ ရိုက်ကူးထားသည့် ဓာတ်ပုံများကို နေ့လည်ပိုင်း၌ ကျောင်း၏တရားဝင်ဝက်ဘ်ဆိုက်ပေါ်တွင် နောက်ဆုံးရသတင်းအဖြစ် တင်ထားသည်။


ကျုံးပါပါးဘက်တွင်တော့ သူသည် လက်ထောက်အား ကျုံးယို့ယို့ဘက်မှ သတင်းများကို ပိုမိုအာရုံစိုက်ရန် စေခိုင်းထားသောကြောင့် အစည်းအဝေးအပြီးတွင် လက်ထောက်သည် ကျောင်း၏တရားဝင်ဝဘ်ဆိုဒ်ကို ဖွင့်၍ ဖုန်းကို ကမ်းပေးလာခဲ့ပြီး အဖြစ်အပျက်များကို ချက်ချင်း သိစေလိုက်သည်။


ကျုံးပါပါးသည် "မြို့နယ်ပထမအဆင့်" ဟူသော အဓိပ္ပါယ်ကို တွေးတောရန် အချိန်မရခင်တွင် ခေါင်းစီးရှိဓာတ်ပုံကိုမြင်ရုံဖြင့် အဝေးသို့ အကြည့်မလွှဲနိုင်တော့ပေ။ 'ကျုံးယို့ယို့နာမည်နဲ့ လှူရင် သူမနဲ့အတူ သူဓာတ်ပုံရိုက်လို့ရမှာလား'။ ဓာတ်ပုံထဲတွင် ကျုံးယို့ယို့ပြုံးနေသည်ကိုမြင်တော့ သူသည် သံပုရာသီးချဥ်ချဥ်တစ်လုံး စားမိသလိုသာ ခံစားရတော့သည်။


ပြီးတော့ ယို့ယို့က ဒီလူရဲ့သမီးကို အများကြီးကူညီခဲ့တာကို ဒီလူက စာသင်ခန်းသုံးခန်းပဲ လှူခဲ့တာလား။


သုံးခန်းပဲတဲ့လား? 


ကပ်စေးနှဲလွန်းတယ်!