Chapter 36
ရှန်ဖန်းယွိထိုစကားကိုကြားလိုက်ရပြီးနောက် သူ၏လှုပ်ရှားမှုတွေရပ်တန့်သွားရသည်။ ခဏအကြာမှာပဲ သူကခေါင်းညိတ်ကာ ကျန်းရွှိကိုပြောလာ၏။
"ဒီကိစ္စကို ငါဆုံးဖြတ်ပြီးပြီ ။ အဲ့ဒါက ငါ့မှာလစာမရှိတော့တာမဟုတ်ဘူးလေ။ ငါငွေတွေကုန်သွားရင်တောင် ငါပြန်ရနိုင်ပါတယ်"သူကစကားလွှဲလိုက်ပြီး "မင်းဗိုက်ဆာနေပြီလား။ မင်းစားဖို့ငါတစ်ခုခုသွားစီစဉ်ပေးရမလား"
"ငါဗိုက်မဆာဘူး ရှန့်...."
ကျန်းရွှိက အိမ်အကြောင်းကိုထပ်ပြီး ပြောလာတော့မည့် အရိပ်ယောင်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ရှန့်ဖန်းယွိမှာ ခပ်မြန်မြန်ပင် မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်ရတော့သည်။သူမီးဖိုချောင်ထဲဝင်လိုက်သည့်အခါ စူပါမားကတ်က စင်ကြီးများပေါ်ရှိခေါက်ဆွဲထုပ်တို့ နှင့်ယှဉ်ရလောက်သည်အထိများပြားလှသောအမဲသားနှပ်ခေါက်ဆွဲထုပ်တို့ကိုနံရံတစ်လျှောက်တင်ထားသည်အားတွေ့လိုက်ရသည်။
ကျန်းရွှိရဲ့အသံကပျံ့နှံ့လာပြီး "ရှန်ဖန်းယွိ ငါပြောတာနားထောင်--"
"ကျန်းရွှိ" ရှန်ဖန်းယွိက ကြားဖြတ်ပြောလိုက်သည်။
"မင်းဘာတွေဖြစ်နေတာလဲ ။ဒီ အသင့်စားခေါက်ဆွဲတွေအကုန်လုံးက အရသာတမျိုးတည်းတွေလေ။ မင်းဒီအရသာတွေချည်းစားရတာမငြီးငွေ့ဘူးလား"
"ရှန့်ဖန်းယွိ--"
ကျန်းရွှိ၏စကားမဆုံးခင်မှာပဲ ရှန်ဖန်းယွိကသူ့အနားကိုလျှောက်လာကာ လက်များကိုပုခုံးပေါ်တင်လိုက်ပြီး"မင်းအခုသွားပြီးတော့အိပ်သင့်ပြီ သေချာပိုပြီးအနားယူမှ နေမြန်မြန်ပြန်ကောင်းမှာလေ။ Vagusအာရုံကြောတွေကညဘက်မှာပိုပြီး လှုံ့ဆော်တတ်တယ်။ မင်းဂရုမစိုက်ဘဲနေမယ်ဆိုရင် မင်း ညဘက်တွေ အိပ်မပျော်ဘဲနေလိမ့်မယ်။ပြီးတော့ မင်းကစောစောမအိပ်ချင်ရင်တောင်မှ ငါတို့သမီးလေးကစောစောအိပ်သင့်တယ်လေ ။ကျန်းမာရေးအတွက် စောစောအိပ်ရာဝင်ပြီး စောစောထ ဟုတ်ပြီလား။ မနက်ဖြန်ကျရင် မင်းမနက်စာဘာစားချင်လဲ"
ရှန့်ဖန်းယွိက ကျန်းရွှိကို ချော့မော့ကာ အိပ်ခန်းထဲပြန်ပို့ပြီး အိပ်ရာဆီသို့ ခေါ်သွားလိုက်သည်။ ကျန်းရွှိကိုယ်ပေါ်ကိုစောင်ခြုံပေးပြီးနောက်ကျန်းရွှိ ဘာမှပြောဖို့အခွင့်ရေးမရခင်မှာပဲ လစ်ခနဲ အိပ်ခန်းထဲကနေထွက်လာလိုက်၏။သူက ကျန်းရွှိအတွက် တံခါးကို ညင်ညင်သာသာလေးပိတ်ပေးခဲ့သည်။ တံခါးပျက်နေတာကိုသတိရသွားတာမို့ သူအပြင်ကိုရောက်တာနဲ့သတိရှိရှိပင် တံခါးလက်ကိုင်ကို တင်းတင်းကြပ်ကြပ်ဆွဲပိတ်ပေးလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ခန့်မှန်းချက်ကလွဲမှားနေခဲ့ပြီး ယနေ့ ကျန်းရွှိက သူ့ကို ခေါင်းအုံး ဖြင့်မရိုက်ခဲ့ပါပေ။
ရှန့်ဖန်းယွိက တံခါးလက်ကိုင်ကို ခဏမျှစိုက်ကြည့်ပြီးနောက် လမ်းလျှောက်ကာ ထွက်လာလိုက်၏။သူ့ဗိုက်က နှစ်ခါလောက် တဂွီဂွီမြည်လာတဲ့အချိန်ထိ သူပျော်ရွှင်မှုကိုခံစားနေရဆဲပင်ဖြစ်သည်။သူက ရုတ်တရက်ပင် သူ၏အာရုံကိုပြောင်းလိုက်ပြီးမီးဖိုချောင်ဘက်သို့ဦးတည်လိုက်၏။
ကျန်းရွှိ၏ မီးဖိုချောင်အပြင်အဆင်မှာ အရမ်းကိုရိုးရှင်းလှပြီး ထောင့်စွန်းတို့ကိုတချက်လောက်ကြည့်ရုံနှင့်ပင် သိသာလှသည်။ သူနှင့် ကျန်းရွှိ၏ တောင်လိုပုံနေသည့် ခေါက်ဆွဲထုပ်တို့မှာ အချင်းချင်း အကြည့်ချင်းဆုံသွားကြရပြီး နောက်ဆုံးမှာ သူကျန်းရွှိ၏ရေခဲသေတ္တာကိုဖွင့်ရန်ရွေးချယ်လိုက်တော့သည်။
ထို့နောက် ညသန်းခေါင်တွင် အစာရှာဖွေနေသော ရှန့်ဖန်းယွိတစ်ယောက် စပါးကျီအလွတ်ဆိုတာ ဘာလဲဆိုသောအဓိပ္ပါယ်ကိုပါမြင်လိုက်ရတော့၏။
ကျန်းရွှိ၏ ရေခဲသေတ္တာကလုံးဝကို အလွတ်ဖြစ်နေသည်။ထိုအထဲတွင် အစားအသောက်အနံ့လေးတောင်မရပါချေ။ထိုရေခဲသေတ္တာကိုဝယ်လာပြီးသည့် အချိန်ကတည်းက ကျန်းရွှိ သုံးရောသုံးရဲ့လားဟု ရှန့်ဖန်းယွိအံ့သြသွားရသည်။ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ နမူနာပစ္စည်းများပင် ဒီလောက်ကြီး ဘာမှမရှိတာမျိုး ဖြစ်မှာမဟုတ်ပေ။
"ကျန်းရွှိက မသေမျိုးများလား"
ရှန့်ဖန်းယွိသည် ရေခဲသေတ္တာရှေ့တွင် ရှောခ့်ရနေသော အမူအရာဖြင့်ပင် အတန်ကြာအောင်မတ်တပ်ရပ်နေခဲ့သည်။ အိမ်မှာ တောင်လိုပုံနေသော ခေါက်ဆွဲကလွဲပြီး ဘာစားစရာမှမရှိသည်ကို ထပ်တလဲလဲအတည်ပြုပြီးနောက်ဆုံးမှာတော့ အသင့်စားခေါက်ဆွဲတို့ကိုသေသေသပ်သပ်နှင့်အစီအရီစီထားသည့် နံရံဘက်သို့ ပြန်လှည့်ကြည့်လိုက်ရတော့၏။
အကြည့်ချင်းဆုံသွားရတဲ့အခါမှာတော့ အမဲနှပ်ခေါက်ဆွဲတို့ကိုကြည့်ရင်းဖြင့်ပင် ရှန့်ဖန်းယွိကကိုယ့်ကိုယ်ကို ဘဝင်ခိုက်ဖွယ် အပြုံးမျိုးကိုပြုံးလိုက်သည်။
ကောင်းပြီလေ။
ကျန်းရွှိကဗိုက်မဆာသည့်တိုင် ရှန့်ဖန်းယွိကတော့ ဗိုက်အတော်ဆာနေသည်။သူ၏ နေ့စဉ်ဘဝကိုအသင့်စားခေါက်ဆွဲစားပြီး နေထိုင်ရန် စီစဉ်ရတော့မည်။
ရှန့်ဖန်းယွိက အထုပ်နှစ်ထုပ်ကိုယူလိုက်ပြီး မဖောက်သေးဘဲ ရေနွေးကို အရင်လောင်းထည့်လိုက်၏။
အစောကဖြစ်ခဲ့သည့်ဖြစ်ရပ်ကြောင့် သူ၏အလုပ်မှာ အဆက်ပြတ်ခဲ့သည်။ mailboxကကျောင်းသားများ၏ PPT ဖောင်ကိုမြင်သည့်အခါအသင့်စားခေါက်ဆွဲကျက်လာမည့်အချိန်ကိုစောင့်ရင်းဖြင့်ပင် ရှန့်ဖန်းယွိကသူတို့စမ်းသပ်ချက်တိုးတက်လာမှုကို ကြည့်လိုက်သည်။"ဒီချာတူးလံနေတဲ့စာတမ်းကို မလုပ်ခဲ့ရင်တော့ အဆင်ပြေလောက်တယ်။မင်းPPTကိုဘယ်လိုတောင်လုပ်ထားတာလဲ"
ရှန့်ဖန်းယွိက tablet ကို စိတ်ညစ်ညစ်နှင့်ပင် အောက်ချလိုက်ပြီး ကျန်းရွှိရဲ့အိပ်ခန်းထဲသို့ အနံ့တွေမွှေးကြိုင်နေသည့်အသင့်စားခေါက်ဆွဲပြုတ်ပန်းကန်နှစ်လုံးကိုယူသွားလိုက်၏။
သည်တစ်ကြိမ် သူ တံခါးခေါက်ရန်သတိရသွားသည်။ ကံဆိုးချင်တော့သူ့ရဲ့လက်နှစ်ဖက်လုံးကမအားလေရာ သူ့ဒူးကိုသာအသုံးပြုဖို့တတ်နိုင်၏။ သော့ကပျက်နေသေးသည်ကိုသူမေ့နေခဲ့ပြီးခါးကအားအနည်းငယ်သုံးရုံဖြင့်ပင် သူ့ဘာသာပွင့်သွားခဲ့သည်။
ကျန်းရွှိသည် အိပ်ရာထဲမှာလှဲနေခဲ့ပြီး သူ့ကိုဖြတ်ခနဲမြင်လိုက်ရလျှင်ရခြင်းမှာပဲ သူ့က ပါးစပ်ကိုဖွင့်လိုက်ပြီး "ရှန့်ဖန်းယွိငါသဘောမတူ--"
"အိမ်ရောင်းတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမပြောနဲ့" ရှန့်ဖန်းယွိက စကားဖြတ်ပြောလိုက်သည်။ "အဲ့လိုမှမဟုတ်ရင် ငါမနက်ဖြန်ဆရာမချွေ့ဆီသွားပြီး မင်းလက်ကို မင်းကိုယ်တိုင်ထိခိုက်အောင်လုပ်ခဲ့တဲ့အကြောင်း ငါသူ့ကိုပြောလိုက်မယ်"
ကျန်းရွှိကခဏမျှ ငြိမ်သက်သွားပြီး "တံခါးခေါက်တဲ့ကိစ္စရောဘယ်လိုလဲ"
"ဒီတစ်ခါတော့ ငါတံခါးခေါက်ဖို့တကယ်ကြီးကိုမှတ်မိပါတယ်နော်"
ရှန့်ဖန်းယွိက အသင့်စားခေါက်ဆွဲပြုတ်နှစ်ပွဲကိုသူ့ရှေ့မှာ ယမ်းပြလိုက်ပြီး " ဒါပေမဲ့ ငါ့လက်တွေမအားဘူးလေ"သူက အခန်းထဲကိုလျှောက်လာချိန် အိပ်နေသည့် ကျန်းရွှိက ဖြေးဖြေးချင်းထလာပြီး "ပြန်ယူသွားလိုက်"
ရှန့်ဖန်းယွိ: " ဟမ်"
ကျန်းရွှိကပြတင်းပေါက်အပြင်ဘက်ကိုညွှန်ပြလိုက်ပြီး "ငါ့အိပ်ခန်းထဲမှာခေါက်ဆွဲပြုတ်ကိုစားရဲရင် မင်းအပြင်ထွက်ပြီးလမ်းပေါ်မှာအိပ်ရမယ်"
"ဟေး ငါအစောကြီးကတည်းက ဒါကိုပြောပြီးသားလေ။ မင်းလည်းတအားညစ်ပတ်တာပဲကို ဘာလို့ အရမ်းကိုအသန့်ကြိုက်တဲ့လူလိုသရုပ်ဆောင်နေရတာလဲ" ရှန်ဖန်းယွိကပြောလာ၏။ "မင်းရဲ့အိပ်ခန်းလည်းညစ်ပတ်ရှုပ်ပွနေတာမြင်နေတာပဲလေ။ ငါ့အထင် ငါတို့ကအကုန်အတူတူပဲ"
သူ ထိုအကြောင်းပြောပြီးတဲ့နောက်တွင် အိပ်ခန်းထဲကို ဖျတ်ခနဲကြည့်လိုက်ပြီး သူ့အား အိပ်မက်ဆိုးမက်စေသည့် အမွှေးပွအရုပ်များအကြောင်းမကျေမနပ်ပြောရန် ပြင်ဆင်နေတုန်းမှာပဲကျန်းရွှိနောက်ကနားရွက်ရှည်ရှည်ယုန်ရုပ်လေးကလွဲ၍ အခန်းထဲမှာရှိတဲ့အမွှေးပွရုပ်တွေအကုန်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
F**k တကယ်ကြီးသရဲခြောက်နေသလိုပဲ။
"ကျန်းရွှိ " သူ့အသံက တုန်တုန်ရီရီလေသံဖြင့် "မင်းဒီအခန်းထဲကအရုပ်တွေကိုမြင်ရလား"
"ငါ သူတို့ကို သိမ်းထားလိုက်ပြီ" ကျန်းရွှိကသူ့ကိုလျစ်လျူရှူထားသည့်အကြည့်နဲ့ကြည့်လာသည်။
ရှန့်ဖန်းယွိ: "..."
"မင်းမနေ့ညကအိပ်မက်ဆိုးမက်တယ်"ကျန်းရွှိကဆက်ပြောလာ၏။ "မင်း အိပ်ရင်းနဲ့ ယောင်ပြီးစကားပြောတာ အရမ်းဆူတာပဲ"
ရှန့်ဖန်းယွိက စိတ်ရှုပ်ထွေးစွာဖြင့် " မင်းရော မင်းအိပ်မက်ထဲမှာ စကားမပြောဘူးထင်လို့လား"
"ငါဘာပြောခဲ့လို့လဲ" ကျန်းရွှိက သူ့မျက်လုံးတွေကို ပင့်လိုက်သည်။
".........."
ရှန့်ဖန်းယွိက မှတ်ဉာဏ်ထဲက အိပ်နေရင်းယောင်ပြီးပြောမိသော စကား၅လုံးကို ကျန်းရွှိရှေ့မှာ ပြန်ပြောမိလိုက်ပါက သူ့ကိုယ်သူ သိမ်ငယ်စေသည်နှင့်မထူးမခြားနားသည်ဖြစ်ရာ ရှက်ရွံ့စွာ ခေါင်းငုံ့လျက်။ "ငါမင်းနဲ့စကားမပြောချင်တော့ဘူး"
ကျန်းရွှိအမူအယာက သူအားလုံးသိနေတယ်ဆိုသည့်ပုံစံဖြင့်ပင်။ " မင်း အခုအသက်ကြီးလာပေမဲ့တစ်ဆေသရဲတွေကိုကြောက်နေတုန်းပဲ"
ဒီစကားကိုကြားကြားချင်း ရှန့်ဖန်းယွိနှလုံးသားထဲအထိဒေါသမီးတို့ပြည့်သွားရသည်။သူပြတ်ပြတ်သားသားနဲ့ ကျန်းရွှိ၏ ပန်းကန်ပါမချန်ခေါက်ဆွဲပြုတ်ပန်းကန်နှစ်လုံးကို ထမင်းစားပွဲဆီ ပြန်ယူလာခဲ့သည်။
ညလယ်မှာ မုန့်စားပြီးနောက် ရေချိုးခန်းမှန်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် ကျောင်းသားများနှင့် တွေ့ဆုံချိန်ကို စစ်ဆေးပြီးနောက် အိပ်ခန်းထဲသို့ တိတ်တဆိတ် ပြန်သွားလိုက်၏။ကျန်းရွှိက အခန်းမီးတွေကိုတောင်ပိတ်နှင့်ပြီးနေပြီ ဖြစ်သည်။
သူက ကျန်းရွှိ အိပ်ပျော်နေသည်ထင်ပြီး ဖိနပ်ချွတ်ကာ ကြမ်းပြင်ပေါ်အိပ်တော့မည့်အချိန် ကုတင်ပေါ်ကနေ လန့်ဖျန့်သွားစေတဲ့အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။"ရှန်ဖန်းယွိ"
"မင်း သရဲတစ်ဆေဖြစ်ချင်နေတာလား"
နှလုံးရပ်မလို ဖြစ်သွားသည့် ရှန်ဖန်းယွိ သည် သူ့နှလုံးကို လက်ဖြင့်ဖိလိုက်သည်။ အမှောင်ထဲက ကျန်းရွှိရဲ့ ရဲ့ ပုံသဏ္ဍာန်ကို ကြည့်လိုက်ပြီးအိပ်ချင်မူးတူးနဲ့ ပြောလိုက်သည်။ "အရမ်းနောက်ကျနေပြီကို ဘာလို့ မအိပ်သေးတာလဲ။မင်းမနက်ဖြန် ဆေးခန်းသွားရမယ်လေ။"
ကျန်းရွှိ သည် ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ရှန့်ဖန်းယွိ၏ မျက်လုံးများ အမှောင်ထု ကိုတဖြည်းဖြည်း ကျင့်သားတကျဖြစ်သွားသည်ကို ကျန်းရွှိမြင်လိုက်ရသည်။
"ငါ့မှာမင်းကိုပြောစရာရှိတယ်"လို့ကျန်းရွှိကပြောလာသည်။
"အိမ်အကြောင်းလား" ရှန်ဖန်းယွိ သည် သူ့နားရွက်များကိုထဆွဲရန် အမူအရာလုပ်သည်။
"အိမ်အကြောင်းပြောမှာမဟုတ်ဘူး"
ရှန့်ဖန်းယွိ သက်ပြင်းချလိုက်သည်။
"ငါထန်ခယ့်ကိုမေးခဲ့တုန်းက သူ့သူငယ်ချင်းပြောတဲ့ အဲ့ ဂျာနယ်ရီဗျူးကတစ်ခုခုမှားနေခဲ့တယ်။ဒေါက်တာခန်းကအဲ့ဒါကိုထုတ်ဝေတဲ့အချိန်ကျမှဆိုရင် ပြောဖို့ခက်ခဲလိမ့်မယ် သူငါ့ကိုအဆိုးဆုံးစိတ်ကိုပြင်ဆင်ထားဖို့ပြောတယ်ပြီးတော့လေ....ငါမင်းကိုမပြောဖူးတာတစ်ခုရှိတယ်" ကျန်းရွှိခေတ္တမျှရပ်လိုက်ပြီး "ငါ့ရဲ့နိုင်ငံခြားသွားဖို့ ဗီဇာက အခုထက်ထိ မလုပ်ဆောင်နိုင်သေးဘူး"
"ဒါကြောင့်မို့ ဒီနေ့က မင်းရဲ့ အကြံပြုချက်အတိုင်းကိုယ်ဝန်စစ်ဆေးတာနဲ့ပတ်သက်ပြီး၊" ရှန်ဖန်းယွိကိုကြည့်ကာ "ငါ့အထင် ဒီအခြေအနေမှာ ကလေးကိုမွေးတာက အကောင်းဆုံးရွေးချယ်မှုလို့ ထင်မိတယ်။”ရှန့်ဖန်းယွိသည် အံ့အားသင့်သွားသည်၊။ကျန်းရွှိ ၏စကားများက ဒီလိုအလှည့်အပြောင်းဖြစ်လာမည်ကို သူ မမျှော်လင့်ထားပေ။
ဘယ်လိုရည်ရွယ်ချက်မျိုးပဲရှိနေပါစေ၊ ဒီကလေးကို ဖြတ်ချပစ်ရန်အင်မတန်စိတ်ပိုင်းဖြတ်ထားသည့် ကျန်းရွှိ က ကလေးကို မွေးမည်ဟုပြောသည်မှာပထမဆုံးအကြိမ်ပင်။
"မင်းပြောတာကို ငါမကြားဘူးဆိုပြီး ဟန်ဆောင်နေလို့မရဘူး" ကျန်းရွှိကဆိုသည် "အိမ်မရောင်းနဲ့၊ မင်းငါ့အတွက်နဲ့တော့ မွဲပြာကျသွားလို့မဖြစ်ဘူး။"
"ငါအိမ်ကိုမရောင်းချင်ပါဘူး... ကျန်းရွှိ" ရှန်ဖန်းယွိ က ခေါင်းခါပြီး ကျန်းရွှိ ကို "ငွေက ပြဿနာမဟုတ်ပါဘူး။ ဒါက ငါ မင်းကို ပေးဆပ်ဖို့ငါလုပ်သင့်တာပဲ"
ကျန်းရွှိနားထောင်နေရင်းနဲ့ရုတ်တရက်ကြီးဒေါသဖြစ်လာရသည်။
"ဒါကဘယ်လို ဟီရိုးဖြစ်ဖို့မင်းကြိုးစားနေရတာလဲ။ဘယ်သူကမင်းရဲ့အိမ်တွေကားတွေရောင်းတာကိုလိုချင်လို့လဲ။မင်းက အဖေ့ကိုကယ်ဖို့ကိုယ့်ခန္ဓာကိုယ်ကိုရောင်းတဲ့ ယန်ရှီအာဆိုတဲ့ဇာတ်ကောင်မိန်းကလေးလား ငါက မင်းကို အမြတ်ထုတ်ပြီး အနိုင်ကျင့်တဲ့ အိမ်ခန်းတွေပိုင်ရှင်ဟွမ်ရှီရန်လား ဟမ်။ မင်းက ကလေးရဲ့အဖေဆိုရင် ငါက ရော ဒီကလေးရဲ့ အဖေမဟုတ်ဘူးလား။လျော်ကြေးအကြောင်း တနေကုန် ပြောမနေနဲ့ ။ပြီးတော့ ငါက နစ်နာသူ မင်းကတရားခံလိုမျိုးလည်းပြောမနေနဲ့။မင်းကို ငါ့အိမ်ကို လာခွင့်ပေးထားတယ် ။ Huskyတစ်ကောင်လို ငါ့တံခါးကိုဖျက်ဆီးနေတာကိုလည်း ခွင့်ပြုထားတယ်။ ဒါပေမယ့်လျော်ကြေးပေးဖို့ မင်းကို မတောင်းဆိုခဲ့ဘူး။ ရှန်ဖန်းယွိ မင်းရဲ့ စိတ်ဓာတ်ကို ပြင်လိုက်"
စိတ်ကူးရင်းဝတ္ထုကာရိုက်တာ"The white-haired girl"(ဆံပင်ဖြူ ကောင်မလေး) ဇာတ်ကောင်တွေဖြစ်တဲ့ ယန်ရှီအာ(အမျိုးသမီးလူစွမ်းကောင်း) နဲ့ ဟွမ်ရှီရန် (ဗီလိန်)။
သူက အရာအားလုံးကို မရပ်မနားပြောနေ၍ ရှန်ဖန်ယွိကသူ့စကားကို ဖြတ်ပြီး ပြောရန် အခွင့်အရေးမရပေ။
နောက်ဆုံး သူယခင်က မပြောဖူးသည့် စကားများကိုပါ ပြောနေရသည်။
ရှန့်ဖန်းယွိ သည် ကျန်းရွှိကို ငေးကြောင်ကြောင် အကြာကြီး ကြည့်ကာ ဘာ တုံ့ပြန်ခြင်းမှ မပြုနိုင်ပေ။
အတိတ်က ကျန်းရွှိဟာ သူ၏မျက်လုံးကို လှိမ့်ပြကာ ဘာမှမထူးခြားသောအမူအရာနှင့် ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ပြီး သူ့ကိုဘယ်တော့မှ စကားပြန်မပြောခဲ့ပေ။
ပထမဆုံးအနေနှင့် ကျန်းရွှိ ယခုလိုစက်သေနတ်ပစ်သည့်အတိုင်း တရစပ်စကားလုံးတစ်လုံးပြီးတစ်လုံး ပြောသည်ကို ကြားရသည့်အခါ သူ ခဏတာ အံ့ဩသွားခဲ့၏။
ကျန်းရွှိသည်လည်း တစ်ညလုံး စကားကိုတောက်လျှောက် ပြောပြီးသွားသည်ဖြစ်၍သူလည်း ငြိမ်သွားသည်။
နှစ်ယောက်သား အတန်ကြာအောင် တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ကျန်းရွှိ သည် ရှန့်ဖန်းယွိ ကိုကြည့်ကာ "ငါတို့ ဂျူနီယာနှစ် ကျောင်းကိုယ်စား စကားရည်လုပွဲ သွားတုန်းက မင်းမှတ်မိလား" ဟု မေးလာသည်။
ကျန်းရွှိ ကလေးယူမည့်ဆုံးဖြတ်ချက်နှင့် စတိတ်ကျောင်းတုန်းမှ ရှည်လျားသည့်ကိစ္စနှစ်ခုကြောင့် ရှန်ဖန်းယွိ သည် စိတ်ရှုပ်ထွေးသွားကာ ထိုစကားကို ကြားသောအခါတွင် သူ မသိစိတ်မှ ခေါင်းညိတ်လိုက်သည်။
"အဲ့တုန်းက မင်းဘာပြောခဲ့လဲ။" ကျန်းရွှိ က သူ့ကို မေးလိုက်သည်။
ရှန်ဖန်းယွိ ခဏလောက်စဉ်းစားပြီး "ငါမမှတ်မိဘူး"
ကျန်းရွှိ: "..."
ထိုအချိန်က နောက်ဆုံး စကားရည်လုပွဲခေါင်းစဉ်သည် "ပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင်မှု" ဖြစ်သည်။ တခြားကျောင်းများကပြိုင်ပွဲမှာဆွေးနွေးငြင်းခုံခြင်းကိုထောက်ခံကြပြီး ဆေးကျောင်းကမူ ပူးပေါင်းဆောင်ရွက်မှုက ပိုအရေးကြီးသည်ဟု ဆိုခဲ့သည်။
ဆန့်ကျင်ဘက်တစ်ဖက်ကျောင်းများ၏ ဆွေးနွေးငြင်းခုံသူများသည် မျိုးအောင်ခြင်းလုပ်ငန်းစဉ်ကို ဥပမာအဖြစ် အသုံးပြုကြပြီး သုတ်ပိုးပေါင်း သန်းဆယ်ဂဏန်း သို့မဟုတ် သန်းရာနှင့်ချီဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီးအဆုံးတွင်၊ အလျင်မြန်ဆုံးနှင့် အကောင်းဆုံးစွမ်းဆောင်နိုင်သူများသည် မျိုးအောင်ထားသောမျိုးဥထဲသို့ ဝင်ရောက်ပြီး သန္ဓသေားအဖြစ်သို့ ကြီးထွားလာနိုင်သည်။
ထိုအချိန်တွင် ရှန်ဖန်းယွိသည် ထိုစကားကို နားထောင်ပြီးနောက် ပြုံး၍ ကျန်းရွှိ အနားတွင် ရပ်ကာ တစ်ဖက်အားအနည်းငယ်မျှ စိတ်ကြီးဝင်စွာပြောလိုက်သည်။
"စစ်မှန်သော မျိုးအောင်ခြင်းလုပ်ငန်းစဉ်က အမှန်တကယ် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး မရေမတွက်နိုင်သော သုတ်ပိုးများက မျိုးဥဆဲလ်အတွင်းသို့ ရောက်ရှိပြီး Corona Radiata ဥ၏အပြင်ဘက်အလွှာတွင် zona pellucida ကို ပျော်ဝင်ရန်အတွက် သူတို့ရဲ့ဘဝများကို အသုံးပြုကြပြီးကာလကြာရှည်စွာ ကံကောင်းသူသည် မမျိုးဥဆဲလ်ကို ချောမွေ့စွာ ဆက်သွယ်ပြီး မျိုးအောင်နိုင်စေသည်"
"မမျိုးဥထဲကို တကယ်ဝင်နိုင်တဲ့ သုတ်ပိုးက အကောင်းဆုံးတော့ မဟုတ်ပေမယ့် ကံအကောင်းဆုံးပဲ ဘာလို့လဲဆိုတော့ သူ့ရဲ့ အောင်မြင်မှုကို ဖန်တီးပေးတဲ့ မရေတွက်နိုင်တဲ့ လက်တွဲဖော်တွေ ရှိနေတာကြောင့် ကံအကောင်းဆုံးပါပဲ။"
ရှန်ဖန်းယွိက “ပူးပေါင်းဆောင်ရွက်မှုမရှိရင် ပြိုင်ဘက်က ဘယ်လောက်ပဲ အားကောင်းနေပါစေ အောင်မြင်ဖို့ ခက်တယ်” လို့ပြောခဲ့၏။
ပြိုင်ပွဲ၏ စာသင်ခန်း ပြတင်းပေါက် အပြင်ဘက်မှ နေရောင်သည် ရှန့်ဖန်းယွိ၏ မျက်နှာပေါ်သို့ သွယ်ဝိုက်စွာကျရောက်နေပြီး သူ့၏မျက်လုံးများသည် အလွန်တောက်ပနေသည်။
အကြောင်းရာတချို့ကြောင့် ကျန်းရွှိ သည် ထိုမြင်ကွင်းကို နှစ်ပေါင်းများစွာကြာသည့်တိုင်မှတ်မိနေခဲ့သည်။ထိုနေ့က ရှန်ဖန်းယွိ ဝတ်ဆင်ထားသည့်အဝတ်အရောင်ကိုတောင်မှတ်မိနေသည်။ ထိုနေ့က သူသည် သင့်မြတ်အောင် စကားပြောလေ့မရှိခဲ့သည်ကိုသတိရသည် ။ သူ့မျက်နှာပေါ်တွင် ရွဲ့စောင်းသော အပြုံးလေးများ ရှိနေသည်ကိုလည်းသတိရမိသည်။
......ရှန်ဖန်းယွိသည် အခြားငြင်းခုံသူများအား စကားများပြောပြီးနောက် သတိရသွားကာ ခေါင်းကိုလှည့်၍ ရှက်ရွံ့စွာဖြင့်သူ့အားကြည့်လာခဲ့သည်။
မထင်မှတ်ပဲ အဆိုပါစကားများကိုပြောခဲ့သူကတော့ မေ့နေခဲ့ပြီ။
"ရှန်ဖန်းယွိ" ကျန်းရွှိ က သူ့ကိုကြည့်ရင်း "ကိုယ်ဝန်ဆိုတာက ပူးပေါင်းဆောင်ရွက်မှုတစ်ခုပါပဲ" သူက မျက်လုံး တွေကိုမှိတ်ပြီး "မင်းကို ငါ့အိမ်ကိုလာခိုင်းတာက..မင်းလည်း ဒီကလေးရဲ့အဖေပဲမလို့"
"မင်း..." အခန်းက ခဏတာတိတ်ဆိတ်သွားပြီး ရှန်ဖန်းယွိက နားလည်ရခက်သည့် အရာတွေကို ရှာတွေ့သွားပြီး အလျင်စလိုဖြင့်ပြောလာ၏။"ဘာကိုဆိုလိုတာလဲ"
ကျန်းရွှိ သည် သူ့ရှေ့ရှိလူ၏ နားလည်နိုင်စွမ်းကို စိတ်ပျက်လက်ပျက်ဖြစ်သွားကာ စောင်ကို ဆွဲထုတ်လျက် လှဲချသွားပြီး ရှန်ဖန်းယွိကိုကျောပေးလိုက်သည်။
"ဆိုလိုတာချင်တာက မင်း အိမ်ကိုရောင်းမယ် လို့ ထပ်ပြောရင် ဒီအိမ်ကနေ ထွက်သွားရမယ်"