အပိုင်း ၃၇
Viewers 11k

Chapter 37



နံနက်စောစောတွင် နားကိုပင်နှစ်ခြမ်းကွဲသွားစေနိုင်လောက်အောင် မြည်နေသော တံခါးဘဲလ်သည် ကျန်းရွှိအား အိပ်ရေးပျက်သွားစေသည်။ သူသည် ပျင်းရိစွာ သန်းလိုက်သည်။ အလုပ်မှရှားရှားပါးပါးရထားသော နားရက်မနက်ပိုင်း ဖြစ်သော်လည်းယခုမမျှော်လင့်သောဧည့်သည်ကြောင့် ၈နာရီမတိုင်မီထခဲ့ရသည်။

ဘယ်သူက သူ့ဆီမနက်အစောကြီးလာနေရတာလဲ…။

ကျန်းရွှိ သည် လေးလံနေသော မျက်တောင်များပင့်ကာ တံခါးကို စိတ်မပါစွာဖွင့်ပေးလိုက်သည်။ တံခါးအပြင်ဘက်ရှိလူငယ်တစ်ဦး သည်အနက်ရောင်ဘောင်းဘီရှည်ဖြင့်မတ်တပ်ရပ်နေကာ အိတ်ကြီးတစ်လုံး ကိုကိုင်ထား၍ စာအုပ်ငယ်တစ်ခုလည်းကိုင်ထားသည်။

"ပါမောက္ခ ရှန့် ကဒီမှာနေတာလား ခင်ဗျ"

ကျန်းရွှိသည်သူ၏ခေါင်းကိုစောင်းကာ အိမ်ထဲသို့အော်လိုက်သည်။

"ရှန့်ဖန်းယွိ"

မည်သူမျှပြန်မဖြေပေ။

ကျန်းရွှိသည် သူ၏မျက်လုံးများကိုနောက်သို့ လန်ပစ်ချင်စိတ်အား အောင့်ထားရသည်။

ရှန့်ဖန်းယွိ၏ အိပ်စက်နိုင်သောအရည်အသွေးသည် ခေါင်းရှုပ်စရာကောင်းလှသည်။သူသည် အလွန် အအိပ်ပုတ်သောသူဖြစ်သည်ဟု ပြောရန်လည်း ကျန်းရွှိညဘက် ကြွက်တက်သည့်အခါ ပန်းရောင်ယုန်ရုပ်ပစ်လိုက်သည်နှင့် ရှန့်ဖန်းယွိချက်ချင်း နိုးလာကာ သူ၏ခြေထောက်ကိုနှိပ်ပေးလေ့ရှိသည်။ သို့သော် သူသည်အိပ်စက်သူဖြစ်သည်ဟုပြောရန်လည်း သူသည်ယခုကဲ့သို့ နိုးမလာသေးပါ…။

"ကျွန်တော် သူ့အစား လက်မှတ်ထိုးပေးပါ့မယ်"
"ဒါနဲ့…ဘာတွေလဲ"
သူကလူငယ်ကိုမေးလိုက်သည်။

"ဓာတ်ခွဲခန်းသုံးကိရိယာတချို့ရယ် ဖန်ပြွန်တွေရယ် ဆလင်ဒါခွက်တွေရယ် သိပ္ပံခွက်တွေရယ် တခြားပစ္စည်းတွေရယ်ပါ"

ကျန်းရွှိသည် ထိုလူသယ်ထားသော အိတ်မှ တံဆိပ် အား ရင်းနှီးနေသည်။ သူနှင့် ရှန့်ဖန်းယွိ ၏ ဓာတ်ခွဲခန်းများသည်ဘေးချင်းကပ်လျက်ရှိနေပြီး ကျန်းရွှိသည် တခါတရံရှန့်ဖန်းယွိအဖွဲ့မှ ကျောင်းသားများ သူတို့အမှာပစ္စည်းများ ထွက်ယူသည့်အခါ တွေ့ရလေ့ရှိသည်။

ကျန်းရွှိသည် ဖောင်တွင် လက်မှတ်ထိုးပြီး ပစ္စည်းများကိုယူကာ ဧည့်ခန်းထဲတွင် ထားလိုက်သည်။ ထို့နောက်သူသည်အိပ်ခန်းသို့သွားပြီး ရှန့်ဖန်းယွိအား နှစ်ကြိမ်ကန်ခဲ့သည်။

"မင်း ဓာတ်ခွဲခန်းက မှာထားတဲ့ ပစ္စည်းတွေကို ဘာကိစ္စငါ့အိမ်ကိုပို့ခိုင်းရတာလဲ"

ရှန့်ဖန်းယွိ သည် မျက်လုံးကိုခပ်မှေးမှေးသာ ဖွင့်လိုက်သည်။

"အဲ့ဒါတွေကို ဓာတ်ခွဲခန်းအတွက် မှာထားတာမဟုတ်ဘူး…ငါ့အကောင့်နဲ့ မင်းအတွက်ဝယ်ပေးလိုက်တာ"

"ငါ ဒါတွေကို ဘာလို့ လိုမှာလဲ….မင်းငါ့အိမ်မှာ ဓာတ်ခွဲခန်းဖွင့်ဖို့လား"

"ဘာဖြစ်လို့လဲဆိုတော့ ငါမင်းအတွက် ညဘက် အဆာပြေတွေ လုပ်ပေးချက်ပေမယ့် မင်းမှာအသင့်စား ခေါက်ဆွဲတွေပဲရှိတယ်လေ"

" မင်းအိမ်မှာ အဆာပြေလုပ်စားဖို့ကို ဆလင်ဒါခွက်တွေ သိပ္ပံခွက်တွေ ဖန်ပြွန်တွေနဲ့ တိုင်းထည့်တာလား"

" တိကျတဲ့ အတိုင်းအတာ ရဖို့ဆို အတွက်အီလက်ထရောနစ်ညီမျှဖို့ လိုတယ် "

ရှန့်ဖန်းယွိသည်သူ၏မျက်လုံးများကိုပိတ်ထားသည်။သူ၏နဖူးပေါ်ရှိဆံပင်များမှာ ပြန့်ကျဲနေပြီး သူ့ပုံစံသည် ပျင်းရိ၍သက်သောင့်သက်သာနေသေးသည်။

"ငါ့ရဲ့ မာစတာကျောင်းသားက ငါ့ကို သင်ပေးသွားတယ်..သူပြောတာက သိပ္ပံစမ်းသပ်ချက်လုပ်တာနဲ့ ချက်ပြုတ်တာနဲ့က အတူတူပဲတဲ့…မင်းငါ့ကိုမယုံဘူးဆို ဘယ်လိုလုပ်လဲဆိုတာပြမယ် ညကျရင်"

ကျန်းရွှိချက်ချင်းသဘောပေါက်သွားသည်။

"အဲ့တော့ ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ မင်းမသိဘူးပေါ့"

" ငါ့ကိုနည်းနည်းလောက်ယုံလိုက်စမ်းပါ…"

ရှန့်ဖန်းယွိ ကသူ့မျက်လုံးများကို ပွတ်သပ်ပြီး သူ့လက်ကိုင်ဖုန်းကိုကြည့်လိုက်သည်။ ထို့နောက်သူက "သေလိုက်ပါတော့…ကျန်းရွှိ ငါ့ ကျောင်းသားတွေရဲ့စာတမ်းက ပယ်ချခံရပြန်ပြီ"

ကျန်းရွှိ သည်သူ့ခွေးလေး၏ ဦးခေါင်းကို ခပ်ဖြည်းဖြည်းပုတ်လိုက်သည်။

"စာစစ်တဲ့သူတွေကအဲ့ လောက်တောင် နှလုံးသားမရှိကြဘူးလား"

ရှန့်ဖန်းယွိသည် မညည်းညူပဲ မနေနိုင်တော့ပေ။

"ငါဒီဆောင်းပါးကိုသုံးလကြာ ကိုယ်တိုင်ပြင်ဆင်ခဲ့ရတာကို…မဂ္ဂဇင်းတွေဆိုလည်း အများကြီးပြောင်းထားတာ…ငါ့ကျောင်းသားဆို သူ့ခေါင်းစဉ်တောင်သူ မမှတ်မိတော့ဘူး…အဲ့ဒါကို ဘာလို့ မအောင်ပေးရတာလဲလို့…."

နံနက်စောစောတွင် ဒေါက်တာ ရှန့်ဖန်းယွိတယောက် လောကဓံ အတွေ့အကြုံများ ခံစားလိုက်ရသည်။သူသည် စာစစ်နေသောပုံစံ အီမိုဂျီများထဲမှာ ထိပ်ပြောင်နေသောကျူတာဆရာ ပုံစံ အီမိုဂျီအား ပြန်ပို့လိုက်ကာ သူ၏ကျန်းမာသန်စွမ်းသော အနက်ရောင်ဆံပင်များအား ကိုင်ကာ ကြေကွဲပြနေတော့သည်။

"ကျောင်းသားတွေကို စာသင်ပေးရတာက ကိုယ်တိုင်စာလုပ်ရတာထက် ပိုခက်တယ်"

" အကယ်၍ မင်းသူ့အတွက် အကုန်ရေးပေးမယ်ဆိုရင် အောင်လောက်တယ်"
ကျန်းရွှိသည် အတွေ့အကြုံအရ ပြောပြသည်။

ရှန့်ဖန်းယွိသည် သူ၏ဖုန်းကိုဘေးဘက်သို့ပစ်ချကာ လက်ဆန့်ထုတ်လိုက်သည်။

"ငါဘာလို့ လက်တွေ့ဆေးပညာပဲ သင်ဖို့ကိုမတွေ့မိရတာလဲ….ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ကို သိပ္ပံသုတေသနတွေရော နည်းပညာတွေရောလက်တွေ့ဆေးပညာတွေရော သင်နေရတာ….ထုတ်ဝေရေးအဖွဲ့က မြည်းတွေတောင် ငါ့လောက်အလုပ်မများဘူး"

"မင်း စီမံခန့်ခွဲရေး ကျန်ခဲ့တယ်"
ဟု ကျန်းရွှိက ဆက်ပြောသည်။

"ဟုတ်သားပဲ…သိပ္ပံသုတေသန စာသင်ကြားရေး လက်တွေ့ဆေးပညာသင်ကြားရေး နဲ့ စီမံခန့်ခွဲရေး လေ့ကျင့်မှုတွေ…"

ရှန့်ဖန်းယွိသည် ခေါင်းကို ခေါင်းအုံးနှင့် ရိုက်လိုက်သည်။

"ငါမနေ့က နောက်ကျတဲ့ထိစာဖတ်နေခဲ့တာ မနက်၃နာရီကျော်တဲ့အထိ….ငါဇာတိပြန်ပြီး ငါ့ဒုတိယဦးလေးရဲ့ မြေဩဇာကောင်းတဲ့မြေ၂ဧကမှာပဲ အမွေဆက်ခံလိုက်တော့မယ်… မင်း ငါတို့အတန်းက လုထုံကို မှတ်မိသေးလား…အခြေခံသက်မွေးပညာရပ်ကို ပြောင်းသွားတဲ့တစ်ယောက်လေ…စိုက်ပျိုးရေး တက္ကသိုလ်တက်ပြီးတော့အခု ပါမောက္ခအကြိုတက်နေတဲ့ ဘွဲ့လွန်ကျောင်သားတောင်ဖြစ်နေပြီ…အခုသူက ထောင်ယွမ်မင်း လိုမျိုး လယ်ကွင်းထဲမှာ ဝိုင်ချက်နေတဲ့ သူ့ပုံတွေ ငါ့ကို ပို့ပေးနေသေးတာ.."

*ထောင်ယွမ်မင်း သည်တရုတ်ကဗျာဆရာတစ်ဦး ဖြစ်ပြီးသူ၏ကဗျာများအား အပန်းဖြေခြင်း၊ကျေးလက်နှင့်သက်ဆိုင်သောဘဝများ နှင့်ပတ်သက်၍လူသိများသည်။

" သူတို့က စိုက်ပျိုးရေးအိမ်ထောင်စုက လူတွေ မဟုတ်ရင် လယ်မြေတွေ မပေးတော့ဘူး…မင်းအမွေဆက်ခံလို့မရဘူး"

" အိုး နောက်ထပ်အိပ်မက်တစ်ခုတော့ ရိုက်ချခံလိုက်ရပြန်ပြီ"
ရှန့်ဖန်းယွိက သက်ပြင်းချလိုက်သည်။
" လာမယ့်အပတ်မှာကြေညာမယ့် ထောက်ပံ့ကြေးကိုငါအားကိုးနေပြီ…ငါမရရင် ထွက်တော့မယ်…ဒါနဲ့ ဘယ်နေ့ကြေညာမှာလဲ"
သူချဲ့ကားပြောဆိုလိုက်သည်။

"အင်္ဂါနေ့ "

"ဟုတ်ပြီ…"
ရှန့်ဖန်းယွိက ခေါင်းညိတ်လိုက်သည်။

"ဒီတနင်္ဂနွကျေရင် ဘုရားကျောင်းမှာ အရိုအသေပေးဖို့အမေ့ကို ခေါ်လိုက်အုံးမယ်… မင်းအတွက်ပါ အရိုသေပေးခဲ့ရမလား"

သင်သည် ဝင်ခွင့်စာမေးပွဲတွင် မည်သို့ပင် ထိပ်တန်းကျောင်းသားဖြစ်စေ..ဌာနအတွင်းမှ ထိပ်တန်းဆရာဝန် ဖြစ်စေ စာသင်နှစ် တဝက်ကျိုးခဲ့လျှင် အမျိုးမျိုးသောစီမံရေးကိစ္စများအတွက် သုတေသနထောက်ပံ့ကြေးငွေ လျှောက်ထားနိုင်သည့် အခွင့်ရေးသည် ပြေးမလွတ်ပေ။

လိုအပ်သည့် ငွေကြေးပမာဏပိုများလေ၊ ထောက်ပံ့ကြေးရရန် ပို၍ ခက်ခဲလေဖြစ်သည်။ သူနှင့် ရှန့်ဖန်းယွိ လျှောက်ထားခဲ့သည့်ထောက်ပံ့ကြေးများသည် ရရှိနိုင်ခြေ အလွန်နည်းသည့်ထောက်ပံ့ကြေး လျှောက်လွာများထဲမှတစ်ခုဖြစ်သည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ ပြောသမျှကို နံနက်တိုင်းနားထောင်သည်။ သူသည် ပြောင်းရွှေ့မည့် အကြောင်းကိုသာ ပြောနေကာ ရှန့်ဖန်းယွိသည် ပိုပြီးစိတ်အားထက်သန်လာပုံရသည်။ သူသည်ထို အကျိုးမရှိဘဲ အချိန်ကုန်သောစကားပြောဆိုမှုကိုရပ်တန့်ရန်ကြိုးစားခဲ့သေးသည်။သို့သော်လည်း သူသည် ရပ်တန့်ရန် တွေးလိုက်တိုင်း ရုတ်တရက်နားမလည်နိုင်ပဲ တစ်ခုခုခံစားရကာ မရပ်တန့်နိုင်တော့ပေ။

သက်သောင့်သက်သာရှိသောနံနက်ခင်း… အလုပ်မှခဏတာအနားရခြင်း… စကားဝိုင်းငယ်တစ်ခု.... လေထုတစ်ခုလုံးကလည်း ကျန်းရွှိအားရှားပါးသောငြိမ်အေးသည့် ခံစားချက်ကိုပေးသည်။

တက္ကသိုလ်အတွက် သူ၏ဇာတိမြို့မှထွက်လာသည့်အချိန်ကစ၍ ကျန်းရွှိ၏ ဘဝသည် စာ၊အလုပ်၊ လူနာများနှင့်ဆေးရုံဟူ၍သာ ပြည့်နှက်နေပြီး သူ၏အိမ်သည်လည်း အများအားဖြင့် သူ့အတွက် ခဏတာအိပ်စက်မည့် ဟိုတယ်တစ်ခုနှင့်သာ တူသည်။ သူသည် City A ရှိအိမ်တွင်ပထမဆုံးအကြိမ် ထိုကဲ့သို့ခံစားခဲ့ရသည်။

ရှန့်ဖန်းယွိ ကသူ၏ရုတ်တရက်တိတ်ဆိတ်မှုသည်ယဉ်ကျေးမှု၏လက္ခဏာဖြစ်သည်ဟုထင်ခဲ့ကာ ပြုံးပြသည်။

"ကသိကအောက်မဖြစ်ပါနဲ့…ဒါတွေက အရေးမကြီးပါဘူး"

ကျန်းရွှိ သည် သူ၏စိတ်ထဲတွင်တွေးနေခဲ့သော သိမ်မွေ့သည့် ပေါင်းသင်းဆက်ဆံရေးကြောင့် သူ့မျက်နှာသည်ပုံမှန်မဟုတ်တော့ပဲ ရှန့်ဖန်းယွိ ကို သူ၏ခေါင်းအုံးနှင့်ပစ်ပေါက်လိုက်ကာ

"ဒါတွေက ကံကြွေးဘာညာ အယူသီးနေကြတာပါ…မနက်သာ စောစောထ"

ရှန့်ဖန်းယွိ ကခေါင်းအုံးကိုပွေ့ဖက်ကာ ပြုံးလိုက်သည်။
"မင်းငါ့ကို ကလေးကို ထိခွင့်ပေးရင် စောစောထမယ်"

ကျန်းရွှိ ကသူ့အား ဗလာကြည့်ကြည့်လိုက်သည်။သူတို့မနေ့ညက စကားပြောပြီးနောက် ရှန့်ဖန်းယွိသည် လျော်ကြေးငွေကိစ္စနှင့်အိမ်ရောင်းသည့် ကိစ္စအား ထပ်မပြောတော့ပေ။ သို့သော်လည်း သူသည် ကျန်းရွှိ၏စကားလုံးများမှ မည်သည်ကို မှတ်သားခဲ့သည်မသိပေ။ သူသည် ရုတ်တရက်ကြီး နှောင့်ယှက်လာပြန်သည်။

ဥပမာအားဖြင့် သူသည်ကျန်းရွှိနှင့်အတူတစ်ရက်နားရက်ယူရန်ပြောလာသည်။ကျန်းရွှိ၏ ဗိုက်အား ထိခွင့်ပေးရန် အတင်းပြောနေသည်။

ကျန်းရွှိကနှလုံးသားမဲ့စွာပြောလိုက်သည်။

" ဒါဖြင့် မင်းဘဝ တစ်လျှောက်လုံး လှဲနေလိုက်တာ ပိုကောင်းတယ်"

သူသည် ရှန့်ဖန်းယွိအား တစ်ချက်မျှပင်မကြည့်ပဲ အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။

မှန်သည်။ ရှန့်ဖန်းယွိသည် သူ၏တစ်သက်တာလုံးလှဲ၍မနိုင်ပေ။ သူသည်ကြမ်းပြင်ပေါ်ရှိ သူ၏ မွေ့ရာနှင့် ခေါင်းအုံးအား လိမ့်လိုက်ကာဖြည်းဖြည်းချင်း လှိမ့်လိုက်သည်။ အလွန်ရခဲ သည့် အလုပ်နားရက် ဖြစ်သောကြောင့် သူထသည်နှင့်နောက်ထပ် ခေါက်ဆွဲပြုတ်ရန်စီစဉ်နေသော ကျန်းရွှိအား မြင်သောအခါ မနေနိုင်တော့ပဲပြောလိုက်သည်။

"အဲ့တာကို ချထားလိုက်ပါတော့"

ရှန့်ဖန်းယွိ သည်အီလက်ထရောနစ်ချိန်ခွင်၊သိပ္ပံခွက်နှင့် အရွယ်အစားအမျိုးမျိုးရှိသောဆလင်ဒါများ၊ဖန်ပြွန်များကို တစ်ခုချင်းစီ သယ်ထုတ်လာကာ သူ၏မီးဖိုချောင်တစ်လျှောက်လုံးခင်းကျင်းထားလိုက်သည်။ကျန်းရွှိ ကသူ့အား နားမလည်နိုင်စွာရပ်ကြည့်နေသည်။

" ရေခဲသေတ္တာထဲမှာ ဘာမှ ချက်စရာပစ္စည်းမရှိဘူးနော်…"
ကျန်းရွှိက သတိပေးကာပြောသည်။

"မင်းတကယ် ပြောရဲတဲ့ သတ္တိရှိသားပဲ"

ရှန့်ဖန်းယွိ သည်ရေခဲသေတ္တာကိုဖွင့်လိုက်သည်။ ကျန်းရွှိကအမြဲတမ်း ဗလာဖြစ်နေသောရေခဲသေတ္တာသည် ပစ္စည်းများအမျိုးမျိုးနှင့်ပြည့်နှက်နေကြောင်းတွေ့ရှိခဲ့သည်။

"မနေ့ညက ငါ အလုပ်ပြီးတော့ စူပါမားကတ်ကိုသွားခဲ့တာ…မင်းက ညဆိုင်းဆင်းနေတာလေ…"

ကျန်းရွှိ ရေချိုးခန်းထဲမှမှန်အားခွဲလိုက်သည့် ရက်မှစကာ ရှန့်ဖန်းယွိသည် သူနှင့်အလုပ်မှ အတူတူပြန်သည်။ သူတို့သည်ကိုယ့်လမ်းကိုယ်သွားကာ သူတို့၏ကိုယ်ပိုင်ကားများကိုယ်စီ မောင်းနှင်ခဲ့ကြသော်လည်း ကားရပ်နားရာနေရာမှအိမ်တံခါးဝသို့လျှောက်ရသည့်လမ်းသည် နှစ်ယောက်ထဲမှတယောက် ညဆိုင်းဆင်းခဲ့ရသည့်အချိန်များမှလွဲ၍ သူတို့နှစ်ဦးကြား တစ်နေ့တာ၏အနီးဆုံးလမ်းဆုံဖြစ်သည်။

ကျန်းရွှိ သည် များသောအားဖြင့် အိမ်ပြန်ရောက်ပြီးနောက် ခဏကြာအလုပ်လုပ်လေ့ရှိပြီး ရှန့်ဖန်းယွိသည်ကိုယ်လက် ဆေးကြောသည်။ ပြီးနောက် သူအလုပ်ပြန်လုပ်လျှင် ကျန်းရွှိ၏ ကိုယ်လက်ဆေးကြောချိန်ဖြစ်သည်။ သူတို့နှစ် ဦး သည်တစ်ခါတစ်ရံအလုပ်အကြောင်းပြောကောင်းပြောလိမ့်မည်။ တစ်ခါတစ်ရံသူတို့သည်ဘဝ၏ အသေးအဖွဲကိစ္စရပ်များကိုကျော်လွှားသည့်အကြောင်းပြောကြသည်။ သို့သော် သူတို့သည် များသောအားဖြင့် အလုပ်များကာ ပင်ပန်းနေကြသည်။

ဤအချိန်သည် ထိုနေရာသို့ ရှန့်ဖန်းယွိပြောင်းလာနေပြီးနောက် ပထမဆုံးအကြိမ်ကြုံရသည့် ၎င်းတို့၏ အားလပ်ချိန်နှင့်သက်သောင့်သက်သာရှိသောနံနက်ခင်းဖြစ်သည်။

"မင်း တကယ်ကြီး ဒီဟာတွေနဲ့ မနက်စာ လုပ်မလို့လား"
ကျန်းရွှိ သည် မီးဖိုချောင်ရှိ ပစ္စည်းကိရိယာများကို ထပ်ကြည့်လိုက်ကာ ထိုပစ္စည်းများနှင့် ပြုလုပ်ထားသည့်အစားအစာများသည် အလွန်အဆိပ်ရှိလောက်သည်ဟု တွေးနေလိုက်သည်။

သို့သော် ရှန့်ဖန်းယွိ သည်သူ၏စိတ်မချရသောကျောင်းသားက သင်ကြားပေးသောချက်ပြုတ်နည်းများကိုယုံကြည်သည်။ သူသည် ကျန်းရွှိ၏ သံသယဖြစ်ဖွယ်အကြည့် အောက်တွင် မီးနှင့်အတူ ရုတ်တရက်လွင့်စင် ပြာကျသွားခါနီးလောက်ပင် ဓာတ်ငွေ့မီးဖိုကိုယုံကြည်ချက်ရှိရှိဖွင့်လိုက်သည်။

ရှန့်ဖန်းယွိသည် အလွန်ကြောက်လန့်သောကြောင့် အနောက်သို့ခြေပြန်လှမ်းလိုက်သည်။ မီးတောက်များရုတ်တရက် ဘန်းကနဲ ထပ်ထွက်လာပြီးနောက် မီးဖိုချောင်သည် တိတ်ဆိတ်သွားတော့သည်။

"ဒီမှာဘာတွေဖြစ်ကုန်တာလဲ "

ကျန်းရွှိကဖြည်းဖြည်းချင်းပြောသည်။

"ငါမီးဖိုကိုနောက်ဆုံး မီးဖွင့်ခဲ့တာ လွန်ခဲ့တဲ့ ခြောက်လလောက်က"

သူ့မိဘများလာလည်ပတ်ပြီး ချက်ပြုတ်သည့်အခါသာ မီးဖိုကို အသုံးပြုရန်ထားသည်။ သို့သော် သူသည် အမြဲတမ်းအလုပ်များနေပြီး မိဘများသည်လည်း အငြိမ်းစားယူထားခြင်းမဟုတ်သောကြောင့် သူတို့လည်း လာရန်အတော်လေးအခက်အခဲဖြစ်ခဲ့သည်။ ဤနည်းအားဖြင့်သဘာဝဂတ်စ်မီးဖိုသည်တစ်နှစ်ပတ်လုံးအသုံးမပြုဘဲ ထိုအတိုင်းဆက်ရှိနေသောကြောင့် ပျက်စီးလွယ်ပြီဖြစ်သည်။

ရှန့်ဖန်းယွိ ကထိတ်လန့်တုန်လှုပ်စွာဖြင့်

“ မင်းကတကယ်တော့ နွေဦး ရေထဲမှာလက်ချောင်းတွေကို မနှစ်မြှုပ်ထားတဲ့အမျိုးသမီးတစ်ယောက်လိုပါပဲ.."

*(ငယ်ရွယ်သောသခင်များနှင့်အမျိုးသမီးများအကြောင်းဖော်ပြသောဝါကျဖြစ်သည်။)

သူသည်အချက်အပြုတ် တော်သူမဟုတ်သော်လည်း ကျန်းရွှိ သည် သူထက် ပို၍ ကို့ယိုးကားယားနိုင်လွန်းသည်။ သူသည် အိမ်ရှိ မီးဖိုကိုပင် လုံးဝ လှည့်မဖွင့်ချေ။

သူကနောက်တခါ မီးဖိုဖွင့်ရန်ကြိုးစားသောအခါ လုပ်၍မရပေ။ အနည်းငယ်ထပ်၍ ကြိုးစားပြီးနောက် ဓာတ်ငွေ့နံ့စူးစူး လေထဲတွင်ပျံ့လာကာသူအသက်ရှုကျပ်၍ ချောင်းဆိုးသွားသည်။

"အဲ့ဒါ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်နိုင်လား"

ကျန်းရွှိကအေးဆေးတည်ငြိမ်စွာပြန်ပြောသည်။"တကယ်မဟုတ်ဘူးမလား"
"…."

သူသည် သူ့ခါးစည်းအား ချွတ်ကာ ဝင်ပေါက်ခန်းမထဲတွင် သူထားခဲ့သည့် သော့များကို ကောက်ကိုင်လိုက်ပြီး

"ငါ မနက်စာသွားဝယ်ပြီး လမ်းမှာဂတ်စ်မီးဖိုပြင်တဲ့လူပါ ရှာလာခဲ့မယ်"

ကျန်းရွှိကသူ့ကိုကြည့်ကာသတိပေးခဲ့သည်။

" လမ်းကို ဘယ်ဘက်ကနေသွားဖို့သတိရအုံး…နောက်နေ့ကျ တံခါးလော့ခ်လာပြင်မယ့်ဆရာကို မင်းနဲ့ မတွေ့စေနဲ့အုံး"

သူက သူ၏အိမ်တွင်အကြမ်းဖက်လှုပ်ရှားမှုအချို့ရှိသည်ဟု လူများနားလည်မှုလွဲမှားသွားမည်ကိုစိုးရိမ်ခဲ့သည်။တံခါးပျက်ခြင်းနှင့် မီးဖိုပျက်ခြင်းသည် တစ်ရက်ပြီးတစ်ရက်ဆက်တိုက်ဖြစ်နေသည်။

ဂတ်စ်မီးဖိုကိုတပ်ဆင်သောဆရာသည် အလွန်တော်ကာ သူတို့နှစ်ယောက်မနက်စာစားပြီးသည်နှင့် သူလည်း မီးဖိုပြင်၍ပြီးသွားသည်။ သူသည်လိပ်စာကဒ်များကို ရှန့်ဖန်းယွိထံသို့ ပေးခဲ့ပြီး

" မစ္စတာ ရှန့် ကျွန်တော် ခင်ဗျားကို သတိရပြီ… ငါတို့ ရဲ့ရှောင်လဲ့ကို တံခါးနှစ်ပေါက်ပြင်ခိုင်းသေးတယ်လေ"

ရှန့်ဖန်းယွိသည် ကျန်းရွှိအား လက်ထဲတွင် လိပ်စာကဒ်များကိုင်ကာ လှမ်းကြည့်ပြီး သူမေးခွန်းမမေးခင် အရင်ရှင်းပြခဲ့သည်။

" ငါတကယ် ဘယ်ဘက်လမ်းကနေ သွားခဲ့တာ"

"အို့..ဟားဟားဟား… ဘယ်ဘက်နဲ့ညာဘက်လမ်းကလူတွေလည်း ကျနော်တို့နဲ့ အတူတူပါပဲ…ပြုပြင်ရေးအဖွဲ့ကို မကြာခဏ ခေါ်လေ့ရှိတဲ့ယွီဖန်း ရပ်ကွက်ကလူအားလုံးကိုကျွန်ုပ်တို့မှတ်ထားပါတယ်.. အဲ့လိုနဲ့ အကုန်လုံးကို ကျွန်တော်တို့ လုပ်ပေးတာပါ.."

သူသည် ရှန့်ဖန်းယွိထံသို့ သူပေးထားသောလိပ်စာကဒ်များကိုထောက်ပြပြီး

"ကျွန်တော်တို့က အိမ်သာတွေ မီးလုံးတွေ အိမ်သုံးပစ္စည်းတွေအကုန် ပြင်ပါတယ်.. ခင်ဗျားတို့ ထပ်ပြီး ပြုပြင်လိုပါက VIP အဖြစ် အဆင့်တင်လို့ရပါတယ်…နောက်တစ်ခါပြင်စရာတွေရှိပြီး လိုအပ်ရင်ကျွန်တော်တို့ဆီ ပြန်လာခဲ့ပါ… ကြိုဆိုပါတယ်"

သူသည် သူ့ဖုန်းတွင်စာရိုက်နှိပ်ရင်း ပြုံးပြကာ ကျန်းရွှိ၏ အိမ်တံခါးမှ ထွက်သွားသည်။

ထိုအချိန်တွင် ကျန်းရွှိ က ထိုသူသည် အချို့သောအလုပ်အဖွဲ့ များတွင် "ယွီဖန်း ရပ်ကွက်က ၃-၄-၁၂၀၂ မှာ ကျက်သရေတုံးနှစ်ယောက် ရှိပြီး သူတို့ VIPs ဖြစ်လာဖို့ တစ်ပတ်အတွင်းတံခါးနှစ်ပေါက်နှင့်မီးဖိုတွေ ဖျက်ဆီးနေကြတာလေ" ဟူ၍ အော်ပြောနေသည်လား သိချင်သွားသည်။

"ရိုးရိုးသားသားပြောရရင်ငါ VIP ဖြစ်ချင်ပါတယ်" ကျန်းရွှိကပြောသည်။

ရှန့်ဖန်းယွိသည်ခေါင်းညိတ်ကာ
" ငါရောပဲ…"

သူသည်ပြုပြင်သူများ၏လိပ်စာကဒ်များကိုကြည့်ကာ

"ငါအရင်ကလူတွေကို ဆေးရုံကားပါကင်ကဒ်တွေပေးနေတာကို ရုတ်တရက်သတိရသွားတယ် ငါအတော်လေးအကြွေးတင်သွားတာလေ"

" ငါလည်းသူတို့ကိုပေးလိုက်တယ်"
ကျန်းရွှိကပြောသည်။

အမျိုးသားနှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ယောက်မျက်လုံး တယောက် နက်ရှိုင်းစွာထိုးဖောက်မြင်နေကြသည်။

"နောက်တခါကျ အဲ့ဒါနဲ့မတူတာတွေ ထပ်ပေးရင်ရော"

"ငါ့လက်နဲ့ လုပ်ထားတဲ့ ပန်းကန်တွေ ဒါမှမဟုတ်…."
ဟုဆိုကာ ရှန်ဖန်းယွိက ပြန်ပြင်ထားသော မီးဖိုအား လက်ညှိုးထိုးပြသည်။

ကျန်းရွှိ ကသူ့အား ကြည့်ကာ မှတ်ချက်ပေးသည်။
"ကားပါကင်ကဒ်ထုတ်ပေးတာကပဲ ပိုကောင်းမယ်ထင်တာပဲ…"